← Chapters

နဂါးသွေးသံ

Vol. 34 Ch. 4.29

နဂါးသွေးသံ

Vol. 34 Ch. 4.29

လုရွှမ်မှာ မီတာတစ်ထောင်ကျော် ဆင်းသွားသော်လည်း အောက်ခြေကို မမြင်ရသေးပေ။ ထို့အပြင် ဤနဂါးရုပ်တုသည် အလွန်ထူးဆန်းလှသည်။ နဂါးကိုယ်ထည်က များစွာ မပြောင်းလဲဘဲ ဖြောင့်တန်း ရှည်လျားနေတာပင်။

အဝေးက ကြည့်ရင်တော့ ဦးခေါင်းက အနည်းငယ် ပိုကြီးတဲ့ မျဉ်းကြောင်းပါးပါးနဲ့ တွေ့ရပြီး ထူးဆန်းတာက ဦးခေါင်းဟာ နဂါးပုံသဏ္ဌာန် ရှိနေတာပင်။

လုရွှမ်လည်း ပိုမိုနက်ရှိုင်းစွာ ဆက်ငုပ်သွားရန် စိတ်မဝင်စားတော့ဘဲ နဂါး၏ ခန္ဓာကိုယ်ကို လက်နှစ်ဘက်ဖြင့် ပွေ့ဖက်ထားလိုက်သည်။ ရေ စီးဆင်းမှု အရှိန်၏ လွှမ်းမိုးမှုအောက်တွင် သူသည် ဤရေထဲတွင် ခွန်အားကို ချေးယူနိုင်ဆဲပင်။

ခက်ခက်ခဲခဲ ဆွဲထုတ်လိုက်တဲ့အခါ နဂါးရဲ့ ခန္ဓာကိုယ်က လုံးဝ မလှုပ်ရှားလာတာကို တွေ့ရတော့ ထပ်မံ အံ့သြသွားရသည်။ မျက်နှာနီရဲပြီး မျက်လုံးတွေ နီသွားတဲ့အထိ အကြိမ်ပေါင်းများစွာ ဆက်တိုက် ဆွဲထုတ်ခဲ့ပေမယ့် လှုပ်ရှားမှု လုံးဝမရှိသေးချေ။

သူရဲ့ လက်ရှိခွန်အားနဲ့ဆို သူ့ခွန်အားကို အသုံးပြုဖို့ နေရာရှာနိုင်သရွေ့ တောင်တစ်ခုကိုတောင် ဆွဲယူနိုင်သည်။ ဒီလို မထူမပါးသာရှိတဲ့ နဂါးခန္ဓာကိုယ်ကို ဆွဲယူလို့ မရနိုင်တာက လုရွှမ်ကို အနည်းငယ် တုန်လှုပ်သွား​စေသည်။

ဒါမှမဟုတ် အောက်ဖက်မှာ ကြီးကျယ်ခမ်းနားတဲ့ စွမ်းအင်တစ်ခုခုများ ရှိနေတာလား။ အဲဒါက သူ့ကို မရွှေ့လို့မရအောင် လုပ်ထားတာများလား။

နဂါးရုပ်တုကို ဆက်လက် ဆွဲထုတ်မယ့် စိတ်ကူးကို လက်လျှော့လိုက်ပြီး လုရွှမ် အရင်ဆုံး ရေထဲမှ အလျင်အမြန် ခုန်တက်လာခဲ့သည်။

လူကလေထဲမှာ ရှိနေဆဲ အချိန်မှာပဲ သူ့တစ်ကိုယ်လုံးရှိ အငွေ့အသက်သည် မီးအသွင်သို့ ပြောင်းလဲသွားကာ ခန္ဓာကိုယ်မှ ရေခိုးရေငွေ့များ ထွက်ပေါ်လာပြီး ကိုယ်ပေါ်က အဝတ်များ အားလုံး ခြောက်သွေ့သွားခဲ့သည်။

"အစ်ကိုလု.. ကျွန်တော် ပြောသားပဲ... အောက်ကရေက အရမ်းနက်တယ်လို့!"

လုရွှမ် ထွက်လာတာကို မြင်တော့ ယန်လိထန်းက ပြုံးပြီး ဆိုလိုက်သည်။

"ဘယ်လိုဖြစ်တာလဲ? မင်းရေကန်ရဲ့ မူလအစက ဘာလဲ"

ယန်လိထန်းဘေးကို လမ်းလျှောက်လာပြီးနောက် လုရွှမ် ထိုင်ချလိုက်သည်။

"ဒဏ္ဍာရီကို ကြားဖူးပေမယ့် ဘယ်နှစ်နှစ် ရှိပြီလဲတော့ မသိပါဘူး... ဥက္ကာခဲတစ်ခု ပြုတ်ကျလာပြှး မြေပြင်ကို ထိုးဖောက်သွားတာ အောက်ခြေမရှိတဲ့ ရေကန်တစ်ခု ဖြစ်သွားတာပဲ.... အဲဒီဥက္ကာခဲရဲ့ ထူးခြားချက်က ဘာမှန်းမသိဘူး ဒီတွင်းက နားမလည်နိုင်အောင် နက်တယ်... ဘာပဲဖြစ်ဖြစ် ဘယ်သူမှ အောက်ခြေကို မဝင်ဖူးဘူး"

"အရမ်းအံ့သြဖို့ ကောင်းတာပဲ!"

လုရွှမ်သည် အောက်ခြေသို့ မည်သူမျှ မရောက်ရှိကြောင်းကို ကြားသောအခါ အနည်းငယ် ပြောစရာ မဲ့သွားသည်။

"ဘာပဲဖြစ်ဖြစ် အခုထိတော့ ဘယ်သူမှ ရောက်နိုင်တာကို မကြားရသေးဘူး"

ယန်လိထန်းလည်း ခေါင်းညိတ်​လေသည်။

"ဒါဆို ငါထပ်စမ်းကြည့်မယ်!"

လုရွှမ် ဝိညာဥ်ချီ ပြည့်ဝနေတဲ့ နောက်တစ်ခွက်ကို သောက်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲကို အပူလှိုင်းတွေ စီးဆင်းလာနေတာကို ခံစားလိုက်ရသည်။ ဒီအပူဒဏ်ကို ကောင်းကောင်း အသုံးချပြီး ရေကန်ထဲကို ထပ်ခုန်ချလိုက်ပြန်၏။

ဒီတစ်ခါတော့ ရေထဲဆင်းပြီးတာနဲ့ မီတာတစ်ထောင်၊ မီတာနှစ်ထောင်၊ မီတာတစ်သောင်း၊ မီတာနှစ်သောင်း၊ မီတာတစ်သိန်း၊ မီတာနှစ်သိန်း၊ မျက်လုံးတစ်မှိတ် အတွင်းမှာပဲ ရောက်ရှိသွားသည်။

မီတာ ၅သိန်းရောက်တဲ့အထိ အောက်ခြေကို မမြင်ရသေးချေ။

လုရွှမ်ရဲ့ သန်မာတဲ့ ခန္ဓာကိုယ်နဲ့တောင် ဒီအတိမ်အနက်မျိုးက အနည်းငယ် သည်းမခံနိုင်စရာ ကောင်းနေသည်။

ရေထဲရှိ ဖိအားသည် မရေမတွက်နိုင်သော ပြင်းထန်သည့် အင်အားဖြင့် သူ့ခန္ဓာကိုယ်ကို နေရာပေါင်းစုံမှ ဖိညှစ်နေ သကဲ့သို့ပင်။ ဤအနက်မှ မီတာအနည်းငယ်သို့ ဆင်းရန် စွမ်းအင်များစွာ လိုအပ်ပြီး သူ့တစ်ကိုယ်လုံးကို ညှစ်ထုတ်လိုက်သည့်တိုင် အနည်းငယ် ပင်ပန်းသလို ခံစားရဆဲပင်။

ရွှေအရှိန်ဖြင့် စတင်လိုက်သည်။

ရွှေအရှိန်ကို ဖွင့်လိုက်သောအခါတွင် သူ့ခန္ဓာကိုယ် အတွင်းရှိ ဖိအားအားလုံးသည် ချက်ချင်း ပျောက်ကွယ်သွား၏။ ရွှေအရှိန်ရဲ့ သွင်ပြင်လက္ခဏာများနဲ့အတူ လုရွှမ်သည် ဖိအားအနည်းငယ်မျှ မရှိဘဲ ရေထဲက စွမ်းအင်နဲ့ လုံးလုံး ပေါင်းစပ်သွားလေသည်။

ဤအနက်ကို ရောက်တဲ့အခါ ဒီနေရာကို ဘယ်သူမှ မရောက်ဖူးသေးကြောင်း လုရွှမ် ယုံကြည်သွားသည်။

အဆင့်အမြင့်ဆုံး ဝိညာဉ်နယ်ပယ်က လက်နက်နဲ့ ယှဉ်နိုင်တဲ့ သူ့ခန္ဓာကိုယ်ကိုတောင် အနည်းငယ် ခံနိုင်ရည် မရှိသလို ခံစားရစေသည်။ အခြားသူတွေဖြစ်တဲ့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ပြီးပြည့်စုံသော ကာလက ကျင့်ကြံသူတွေတောင် ဒီအနက်ကို ရောက်တဲ့အခါ အရှုံးပေးရမှာပဲ။

ဤနေရာတွင် ရေသည် သာမန်ရေ မဟုတ်တော့ဘဲ ပြင်းထန်သော ဖိအားအောက်က အရည်အသွေး ပြောင်းလဲမှုကို ကြုံတွေ့လာရသည်။

ရွှေအရှိန်၏ အကျိုးသက်ရောက်မှု အောက်တွင် လုရွှမ် ဆင်းသက်လာခဲ့သော အရှိန်သည် အရှိန်မြှင့်လာရုံ သာမက အဆင်မပြေမှု လုံးဝမရှိဘဲ ရေထဲတွင် လုံးဝ ပျော်ဝင်သွားသလို ဆင်းသက်ရသည့် အရှိန်အင် ပိုမိုမြှင့်လာသည်။

မီတာတစ်သန်း၊ မီတာနှစ်သန်း။

လုရွှမ် အနည်းငယ်မျှ ခန့်မှန်းကြည့်ရလျှင် ထိုကဲ့သို့သော အနက်ရှိုင်းဆုံးတွင် သူတော်စင်တစ်ပိုင်း နယ်ပယ်များပင် ကြာ​ကြာခံနိုင်မည် မဟုတ်ပေ။ ရေဖိအားသည် ကီလိုမီတာ ၂၀၀၀ နှင့် ညီမျှနေပြီ။

သူ့မှာ ရွှေအရှိန်လို ရှားပါးတဲ့ အရာတစ်ခု ရှိလို့သာ ကံကောင်းနေတာ။ မဟုတ်ရင်တော့ သူ လုံးဝ ဆင်းနိုင်မှာ မဟုတ်ဘူး။

မီတာသုံးသန်း အနက်မှာ သာမာန် သူတော်စင် တစ်ပိုင်းတောင်မှ မခံနိုင်တဲ့ အနက်ကို ရောက်တဲ့အခါ လုရွှမ် အောက်ခြေကို လှမ်းမြင်လိုက်ရသည်။

အောက်ခြေတွင် သတ္တုရောင် ကျောက်တုံးကြီး တစ်ခုရှိသည်။ ရွှေနဂါး ရုပ်တုကိုယ်ထည်သည် ကျောက်ဆောင်အလယ်မှ ရုတ်တရက် ထလာသလို ရေအထက်သို့ တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။

"​သေနာကျီးကန်း!! နဂါးနှလုံးက ဘယ်မှာလဲ!!"

အောက်ခြေသို့ ရောက်ပြီးနောက် လုရွှမ်သည် ကျောက်စိမ်းတွင်းရှိ ကျီးကန်းနှင့် တိုက်ရိုက်ဆက်သွယ်ပြီး မေး​မြန်းလိုက်သည်။

"​ဒီအနီးနားမှာပဲ ရှိတယ်!"

ကျီးကန်းက ကျောက်စိမ်းပြား အတွင်းမှ သူ့အသိစိတ်ထဲသို့ အသံတစ်ချက် ထုတ်လွှင့်ပေးလာသည်။

ပထမတစ်ချက်မှာ အနီးနားတွင် အဆုံးမဲ့ရေမှလွဲ၍ အနက်ရောင် ကျောက်တုံးကြီးများသာ ရှိနေသည်။ ကံကောင်းစွာပင် လုရွှမ် နတ်မျက်စိအမှတ်ကို ပွင့်ထာပြီ ဖြစ်ရာ ထိုမျှနက်နဲသော အရာဝတ္ထုများကို မြင်နိုင်လေပြီ။

"အောက်ဖက် ဆယ်မီတာ... စစ်မှန်တဲ့ နဂါးနှလုံးက အောက်ခြေမှာ ရှိနေတယ်လို့ ငါ ခံစားရတယ်" ဟု ကျီးကန်းက ကျယ်လောင်စွာ အော်သည်။

ဆယ်မီတာသည် နဂါးရုပ်တု၏ ခန္ဓာကိုယ်ကို ကျောက်ဆောင်ထဲမှ ဆွဲထုတ်ရာ နေရာဖြစ်သည်။

လုရွှမ် တစ်ချက် ကြည့်လိုက်တယ်။ တကယ်လို့ နဂါးနှလုံးက အနီးနားမှာ ရှိနေတယ် ဆိုရင် ဖြစ်နိုင်ခြေ အရှိဆုံးနေရာက နဂါးရဲ့ခန္ဓာကိုယ် အောက်မှာပဲလေ။

"ခုနက မင်းရေထဲရောက်တော့ နဂါးခေါင်းက တကယ့်နဂါးနှလုံးရဲ့ အငွေ့အသက် နည်းနည်းကို ယူသွားတာကို ငါသတိထားမိတယ် နဂါးရဲ့ခန္ဓာကိုယ်မှာလည်း ထွက်သက်ဝင်သက် ရှိနေတာကို သတိထားမိတယ်..."

ကျောက်စိမ်းပြားထဲမှ ကျီးကန်းက အော်လိုက်ပြီး

"ငါ့ရဲ့ ခန့်မှန်းချက် မှန်ရင် နဂါးနှလုံးက အဲဒီနဂါးရုပ်တု ခန္ဓာကိုယ်ရဲ့ အစမှတ်ပဲ ဖြစ်မယ်... အောက်ကိုဆက်ဆင်းရင် နဂါးနှလုံးကို သေချာပေါက် ရှာတွေ့နိုင်တယ်"

"ကောင်းပြီ!"

ကျီးကန်းရဲ့ စကားကို ကြားပြီးနောက် လုရွှမ် ခေါင်းညိတ်၍ သူ့လက်ထဲတွင် ဝိညာဉ်အဆင့် ပြီးပြည့်စုံသော ကာလက ဓားရှည်တစ်ချောင်း ပေါ်လာသည်။ ဤရေဖိအားမျိုးသည် အဆင့်နိမ့်သော အဆင့်တွင်ရှိ လက်နက်များ မခံနိုင်ချေ။

ဓားရှည်ကြီးကို လွှဲရင်း လုရွှမ်သည် နဂါးခန္ဓာကိုယ်အောက်ရှိ ကျောက်ဆောင်ဆီသို့ ထိုးဖောက်သွားသည်။

ဝုန်း!

တစ်ချက်နှိပ်ရုံဖြင့် ဓားသည် ကျောက်ဆောင်ကို မထိုးဖောက်ဘဲ ထိုအစား ဓားသည် သူ၏ အင်အားအောက်တွင် တိုက်ရိုက် ကျိုးကြေသွားခဲ့သည်။

ဝိညာဉ်နယ်ပယ် ပြီးပြည့်စုံသော ကာလရှိ လက်နက်သည် မြေပြင်ပေါ်ရှိ ကျောက်ကို မဖောက်နိုင်လောက်အောင် ကျောက်က အလွန်မာကျောလှသည်။

ထို့နောက် လုရွှမ် ချက်ချင်းပင် သူတော်စင်ပုံစံ ပါရှိသော ဓားရှည်တစ်ချောင်းကို ထုတ်ကာ ဓားကို ရုပ်တု အောက်ခြေသို့ ပွတ်ဆွဲလိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင် ဓားရှည်သည် မြေပြင်ကို ထိသွားသောအခါ မထိုးဖောက်နိုင်ဘဲ ကွေးသွားတော့သည်။

လုရွှမ် အမြန် လွှတ်ချလိုက်သည်။ သူတော်စင် ပုံစံပါသော ဓားကို သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများ အသုံးပြုနိုင်သည်။ ဤလက်နက်မျိုးသည် မြို့ထောင်ချီမဟာမိတ်ထဲတွင် အဖိုးမဖြတ်နိုင်ရာ ကျိုးသွားတာက နှမြောစရာ ကောင်းလှသည်။

လုရွှမ် ထိုင်ချလိုက်ပြီး သူ့ရှေ့က ကျောက်တုံးကို ဂရုတစိုက် ကြည့်လိုက်တော့ သာမန်ကျောက်တုံး မဟုတ်ဘဲ သတ္တုတစ်မျိုး ဖြစ်တဲ့ နဂါးသွေးသံနဲ့ တိုက်ရိုက် ပြုလုပ်ထားတာ တွေ့ရတော့ အံ့သြသွားလေ၏။

နဂါးသွေးသံသည် အလွန်အဖိုးတန်သော သတ္တုတစ်မျိုး ဖြစ်လေသည်။ အခုလို တွေ့ရတာက တော်တော်လေး ကံကောင်းနေတယ်လို့ ဆိုရမည်။

နဂါး၏သွေးသံသည် သာမာန်သတ္တုနှင့် ရောစပ်ထားသော သေးငယ်သော ဝိညာဉ်နယ်ပယ် ပစ္စည်းတစ်ခု ဖြစ်သည်။

နဂါးသွေးတွင် စိမ်ထားပြီးမှ အသွင်ပြောင်းလဲထားသော ဤအထူး သတ္တုရိုင်းမျိုးသည် စိမ်ထားသော နဂါးသွေး၏ အရည်အသွေး ကွာခြားသည့်အပြင် အဆင့်လည်း ကွဲပြားသောကြောင့် တော်ရုံ မထိုးဖောက်နိုင်ခြင်း ဖြစ်သည်။

ဤနဂါးသွေးသံသည် နဂါးသွေးထဲတွင် စိမ်ထားရာမှ ထွက်လာသော နဂါးသွေးသံ ဖြစ်တာကို သဘာဝကျကျကို ပြောနိုင်သည်။ မြင့်မားသော ဖိအားအောက်တွင် မီတာ သန်းပေါင်းများစွာ အောက်ခြေတွင်ရှိ နဂါးသွေးသံကို အခြေခံ၍ ပြုလုပ်ထားခြင်းက ကွဲလွဲမှုတချို့ ရှိ​နေသေးသည်။

All Chapters