အရှိန်တင်မယ်
Vol. 34 Ch. 4.30
ဒီနဂါးသွေးသံရဲ့ သိပ်သည်းဆက ပိုမိုအားကောင်းပုံ ရသည်။ အခု သတ္တုမျိုးသည် သူတော်စင်နယ်ပယ်များ အသုံးပြုသော လက်နက်၏ အဓိက ကိုယ်ထည်ပင် ဖြစ်လာနိုင်သည်။
လုရွှမ် ဘေးဖက်လေးရံကို ခဏလောက် လှည့်ကြည့်လိုက်တော့ နဂါးရဲ့ကိုယ်ထည်ဟာ မီတာ ၁၀၀ အချင်းဝက်ရှိပြီး အားလုံးက နဂါးသွေးသံလို ဖြစ်နေတာကို တွေ့လိုက်ရ၏။ ဒီလိုကြီးမားတဲ့ ကျောက်စိမ်းပြားကြီးရဲ့ နေရာထဲမှာ သိမ်းထားဖို့ လုံးဝအံဝင်ခွင်ကျ မဖြစ်နိုင်ဘူး။
နဂါးသွေးသံကို တူးဖော်ပြီးမှသာ နဂါးနှလုံးကို ရနိုင်မည် ဖြစ်သည်။ လုရွှမ် အနည်းငယ် စိတ်ပူသွားသည်။ သူတော်စင်ပုံစံ လက်နက်ဖြင့်ပင် သူ့ရှေ့တွင်ရှိ အမြင့်ဆုံးသော နဂါးသွေးသံကို မထိုးဖောက်နိုင်ပေ။ သူ့ခန္ဓာကိုယ်ကပင် အကောင်းဆုံး လက်နက်ဖြစ်နေပြီ ဖြစ်သည်။
သူရှေ့မှာရှိတဲ့ နဂါးသွေးသံကို ဖယ်ရှားဖို့ တခြားနည်းလမ်း ရှိနိုင်ပါဦးမလား။
လုရွှမ် စိတ်ထဲတွင် စေ့ဆော်မှု အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်တွင် ကျိုးသွားခဲ့ဖူးသော ဓားအစိတ်တစ်ပိုင်း တစ်ခုသည် လုရွှမ် လက်ထဲတွင် ပေါ်လာခဲ့သည်။
သူ သူတော်စင်နယ်ပယ်ကို ဝင်ရောက်ခဲ့သော အခါက သန့်စင်ထားသော မိုးနတ်ဘုရား ဓား၏ အပိုင်းအစပဲ ဖြစ်သည်။
မိုးနတ်ဘုရား ဓားအပိုင်းအစကို ကိုင်ထားပြီး လုရွှမ်သည် နဂါးသွေးသံ၏ ကြားထဲသို့ သေချာစွာပင် ထိုးချလိုက်လေသည်။ ကျိုးသွားသော ဓားအပိုင်းအစကို ကိုင်ပြီး ဖောက်ထုတ်လိုက်သောအခါတွင် ကြက်ဥ အရွယ်အစားရှိ နဂါးသွေး သံဘောလုံး အရွယ်လောက်ကို ဖြတ်ထုတ်ပစ်လိုက်သည်။
လုရွှမ်သည် အတွေးတစ်ခုဖြင့် ဤနဂါးသွေးသံကို ကျောက်စိမ်းပြားထဲသို့ ထည့်လိုက်သည်။ ၎င်းသည် အဆင့်မြင့် အထူးသတ္တုရိုင်း တစ်မျိုးဖြစ်သည်။ အနာဂတ်မှာ ဧကရာဇ်အင်ပါယာကို ရောက်သွားရင်တောင် နဂါးသွေးသံက အလွန်တန်ဖိုး ရှိနေဆဲ ဖြစ်သည်။
လုရွှမ် မျက်လုံးထဲတွင် ဤနဂါးသွေး သံတုံးကြီးသည် ပြဿနာ မဟုတ်တော့ဘဲ အရင်းအမြစ် မျိုးစုံရှိသည်။ ဒီလောက်ကြီးသော အဆင့်အမြင့်ဆုံး နဂါးသွေးသံ၏ တန်ဖိုးသည် လုံး၀ခန့်မှန်းလို့ပင် မရနိုင်ပေ။
ဓားနဲ့ထိုးချလိုက်ပြီး ပြင်းပြင်းထန်ထန် လိမ်ပြီး ဖောက်ထုတ်လိုက်တဲ့အခါ နဂါးသွေးသံဘောလုံးဟာ လုရွှမ်ရဲ့ ကျောက်စိမ်းပြားထဲ ဝင်ရောက်သွားလေသည်။
အချိန်တွေ တရွေ့ရွေ့ ကုန်လာပြီး မကြာခင်မှာ တစ်နေကုန် ကုန်သွားတော့သည်။ လုရွှမ် မပင်ပန်းပေမယ့် အသက်အောင့်ထားရတဲ့ အခြေအနေက ကန့်သတ်ချက်ကို ရောက်နေပြီ။ တစ်နေကုန် သူ့ရှေ့က ဒီနဂါးသွေး သံကြီးကို ဖောက်ထုတ်ပြီး ဆယ်မီတာထက် ပိုမြင့်တဲ့ လူတစ်ယောက် ဝင်နိုင်တဲ့ အပေါက်တစ်ခုကို လုပ်ထားလိုက်သည်။
ဤနဂါးသွေးသံ အပိုင်း၏ အကွာအဝေးသည် မီတာတစ်ရာခန့် ရှိပြီး ခန့်မှန်းခြေ အတိမ်အနက်သည် မီတာရာပေါင်းများစွာ ရှိသည်ဟု အကြမ်းဖျင်း ခန့်မှန်းမိလေသည်။ နဂါးနှလုံးသည် ဤနဂါးသွေးသံ အပိုင်းအစ၏ အလယ်တွင် ရှိနေလိမ့်မည်။ ဆိုလိုသည်မှာ နဂါးနှလုံးကို တွေ့ရန် မီတာလေးဆယ် နက်သော တွင်းကြီး တူးရမည် ဖြစ်သည်။
နဂါးနှလုံးကို တူးဖော်ရန် အနည်းဆုံး လေးရက်ခန့် အချိန်ယူရလိမ့်မည်။
ဒါကိုတွေးပြီးနောက် လုရွှမ် ထ၍ အပေါ်ကို ပြန်ကူးခတ်လာခဲ့သည်။ ရေအောက်မှာ နေတာ တစ်နေကုန် ကျော်နေပြီမို့ အပြင်ထွက်ကြည့်ဖို့ အချိန်တန်ပြီ။
မီတာသုံးသန်း အနက်မှာ ရွှေအရှိန်နဲ့တောင် ရေထဲက ပျံသန်းဖို့ အချိန်အတော် ကြာခဲ့သည်။ လုရွှမ် ရေအထက်ကို ပျံတက်လာပြီး မြေပြင်ပေါ်မှာ ခြေချလိုက်တာနဲ့ သူ့နားထဲမှာ အသံနှစ်ခုကို ချက်ချင်း ကြားလိုက်ရ၏။
"သခင်လေး!"
"သခင်!"
မော့ကောင်းရွှမ်းနဲ့ မုယန်ဖုန်း လျင်မြန်စွာ ပြေးလာတာကို မြင်လိုက်ရပြီး သူတို့မှာ လုရွှမ် ဘေးကင်းတာကို တွေ့လိုက်မှသာ နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားသည်။
"ကြည့်.... ငါမင်းတို့ကို လိမ်နေတာ မဟုတ်ဘူးလို့ မပြောဘူးလား? မင်းတို့ရဲ့ သခင်လေးက ရေကန်ထဲကို သူ့ဘာသာ ဆင်းသွားတာ"
လုရွှမ် ပြန်တက်လာတာကို မြင်တော့ ယန်လိထန်းလည်း စိတ်သက်သာရာ ရသွားလေ၏။
မော့ကောင်းရွှမ်းကို ရင်ဆိုင်ရတဲ့ အခါတုန်းက သူ့မှာ ဖိအားအပြည့်ကို ခံစားလိုက်ရသည်။ တစ်ဖက်လူက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ပြီးပြည့်စုံသော ကာလဖြစ်ပြီး ယွမ်စံအိမ်မှာ တိုက်ခိုက်လာပါက ကာကွယ်ရေး အစီအရင်ကို ထိန်းချုပ်ထားမှ လုံလောက်ပေလိမ့်မည်။
ထို့အပြင် လုရွှမ်နှင့် အခြားသူများ၏ နောက်ခံကြောင့် ယန်လိထန်းသူဟာ နှစ်ဘက်ကြားတွင် ပဋိပက္ခ လုံးဝကို မလိုချင်ချေ။
"ဘာဖြစ်နေတာလဲ"
လုရွှမ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"သခင်လေးကို ဘယ်သူ့မှ မတွေ့တာ တစ်ရက်ရှိသွားပြီ.... သခင်လေး ယွမ်စံအိမ်ကို ရောက်နေတယ်လို့ သိတာနဲ့ ကျွန်တော်တို့ လာကြည့်တာပါ"
မော့ကောင်းရွှမ်းက ရှင်းပြသည်။
"အစ်ကိုလု ခင်ဗျားမှာ ဒီလို သစ္စာရှိတဲ့ လက်အောက် ငယ်သားတွေ ရှိနေတာ တကယ်ကို အားကျစရာ ကောင်းတယ်နော်"
ယန်လိထန်းက တစ်ချိန်တည်းမှာပဲ ဝင်ပြောလာသည်။
"မင်း ရေကန်ထဲကို ဝင်သွားတာလို့ ငါပြောခဲ့ပါတယ်.... ဒါပေမဲ့ သူတို့က မယုံကြဘူး ဒါကြောင့် သူတို့ကိုယ်တိုင် ရေကန်ထဲကို ခုန်ဆင်းပြီး အကြိမ်ပေါင်းများစွာ ရှာခဲ့ကြသေးတယ်!"
"ဘယ်လိုလဲ? မင်းဘယ်လောက် နက်နက်ရောက်ခဲ့လဲ"
မော့ကောင်းရွှမ်းက အဆင့်၉ ကျင့်ကြံသူဖြစ်လို့ မီတာ ဘယ်လောက်အထိ ဆင်းနိုင်မလဲ ဆိုတာ လုရွှမ် အနည်းငယ် စိတ်ဝင်စားမိသည်။
"အဲဒါက မီတာ ၆သိန်းနဲ့ တူတယ်... အဲ့ထက်ပိုပြီး ကျုပ် မဆင်းနိုင်တော့ဘူး"
မော့ကောင်းရွှမ်းက ရိုးရိုးသားသားပဲ ပြောလာသည်။
လုရွှမ် အစပိုင်းက ရောက်ခဲ့တဲ့ အကွာအဝေး မီတာ ၅သိန်းနဲ့ မော့ကောင်းရွှမ်းရဲ့ အကွာအဝေး ၆သိန်း မီတာသို့ ရောက်နိုင်မှုမှာလည်း ပုံမှန်အကွာအဝေး အတွင်းတွင် ရှိလေသည်။
"မဆိုးပါဘူး"
လုရွှမ် ခေါင်းညိတ်ပြလိုက်သည်။
"ငါ မီတာတစ်သန်းနီးပါး ကျသွားတာ... ဖိအားနဲ့ အားစိုက်လို့ရတယ်။ နောက်ရက် အနည်းငယ် ကြာရင် ငါ့ရဲ့ လက်ရှိကျင့်ကြံမှုကို အရှိန်တင်ဖို့ ဒီနေရာကို သုံးနိုင်မယ် ထင်တယ်... နောက်ပိုင်း ငါ ပြန်မလာခဲ့ရင် မင်းတို့အားလုံး စိတ်ပူစရာ မလိုဘူး"
"အစ်ကိုလု... အစ်ကို မီတာ တစ်သန်းလောက်အထိ ဆင်းသွားတယ် ဟုတ်လား?"
ယန်လိထန်းမှာ လုရွှမ်ရဲ့ စကားကို ကြားသောအခါ အလွန် ထိတ်လန့်သွားရှာသည်။
သူအရင်က စမ်းကြည့်ဖူးတာကိုတော့ သိထားရမည်။ နောက်ဆုံးမှာ နည်းနည်း စူးစမ်းချင်တဲ့လူကပဲ ဒီအောက်ခြေမရှိတဲ့ ရေကန်ထဲကို ခုန်ဆင်းဖို့ ကြိုးစားလိမ့်မယ်။
သူက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ပြီးပြည့်စုံသော ကာလဖြစ်သော်လည်း မီတာ ၃၀၀,၀၀၀ ကျော် အထိသာ ဆင်းသက်နိုင်ခဲ့သည်။ မမျှော်လင့်ဘဲ လုရွှမ်က သူ မီတာတစ်သန်းအထိ ဆင်းနိုင်တယ်လို့ ဆိုလာတယ် ဆိုတော့ လုရွှမ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက ပိုမြင့်နေတာပေါ့။
လုရွှမ်ကတော့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅မှာသာ ရှိသေးသည်။
သို့သော် လုရွှမ် ပိုမိုနက်ရှိုင်းတဲ့ နေရာအထိ ဆင်းခဲ့တာကို မယုံကြည်နိုင်ဘဲ မော့ကောင်းရွှမ်း မီတာ ၆သိန်းအထိ ဆင်းသက်ခဲ့ကြောင်းကိုသာ ယန်လိထန်းခမျာ ယုံကြည်နေခဲ့သည်။
"ငါ့မှာ အထူးနည်းလမ်း တစ်ခု ရှိနေရုံပါပဲ"
လုရွှမ် သိပ်ရှင်းပြမနေဘဲ ဒီအတိုင်းပဲ ပြောလိုက်သည်။
မီတာ တစ်သန်းလောက် ဆင်းနိုင်ခဲ့တယ် ဆိုတာ ထိတ်လန့်စရာ ကောင်းလှ၏။ ယန်လိထန်းသာ သူတကယ် မီတာသုံးသန်းအထိ ဆင်းသက်ခဲ့တယ် ဆိုတာ သိသွားခဲ့ရင် သူ့မေးရိုးတွေ ပြုတ်ကျသွားမှာတောင် ကြောက်ရသည်။
"စကားမစပ် အစ်ကိုယန်.... နောက်ရက် အနည်းငယ်မှာ မင်းရဲ့ရေကန်ကို ငါသုံးပြီး လေ့ကျင့်ချင်တယ် နောက်ရက် အနည်းငယ် အတွင်းမှာ မင်းကို နှောင့်ယှက်မိလိမ့်မယ် ထင်တယ်"
လုရွှမ်က ပြုံးပြီး ပြောလိုက်သည်။
"အစ်ကိုလုက အားနာနေပါပြီ... မင်းလာချင်ရင် အချိန်မရွေး လာလို့ရတယ်... အစောင့်တွေကို ပြောထားလိုက်မယ်။ အစ်ကိုလု လာချင်တဲ့အချိန် ဝင်လာနိုင်တယ်"
ယန်လိထန်းက ပြောလေသည်။ စိတ်ဝိညာဉ် အားဖြည့်ဆေးကို အလွယ်လေး ထုတ်ယူနိုင်တဲ့ ဒီလိုသခင်မျိုးနဲ့ ခင်မင်ရင်းနှီးမှု ပိုမိုနက်ရှိုင်းထားလေ ကောင်းလေပဲ ဖြစ်သည်။
"ကောင်းပြီ... ဒါဆို ကျုပ်ကိုအရင် သွားပါရစေ.... မနက်ဖြန်မှ အစ်ကိုယန်ကို ထပ်နှောင့်ယှက်ပါရစေ!"
လုရွှမ် နှုတ်ဆက်လိုက်ပြီး မော့ကောင်းရွှမ်း နဲ့ မုယန်ဖုန်းတို့ကို အရိပ်လူသတ်ခန်းမဆီ ပြန်ခေါ်လာခဲ့လေသည်။
တစ်ရက်ကျော် ကြာပြီးနောက် မုယန်ဖုန်း အလွန် သက်သာလာပြီး ကိုယ်အလေးချိန်လည်း များစွာ ကျသွားခဲ့သည်။ ဖက်တီး ထျန်ကျွင့်နမ်ကတော့ နည်းနည်း ဝိတ်တက်သွားသလိုပင် ဖြစ်သွား၏။
မုယန်ဖုန်းတစ်ယောက် မကြာမီတွင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ကို ချိုးဖောက်တော့မှာ ဖြစ်ပြီး ခြေတစ်လှမ်းပဲ ကွာတော့တယ်လို့ လုရွှမ် ခံစားမိလေသည်။
အရိပ်လူသတ်ခန်းမ၏ တံခါးဝသို့ လှမ်းကြည့်လိုက်ရာ မူလအဖွဲ့ဝင်များသည် လုရွှမ်ကို မြင်ကြသော် အားလုံးက အဝေးမှ ရှောင်ထွက်သွားကြသည်။ အမှန်တကယ် မရှောင်နိုင်သူများက ပြုံးပြကြလေ၏။
ခန်းမ၏ ခေါင်းဆောင် အသစ်သည် အလွန်ပြင်းထန်သော နာမည်ရှိပြီး သူတို့သာ သဘောမတူပါက လူကို သတ်ပစ်လိမ့်မည်။ အရိပ်လူသတ်ခန်းမရှိ လူဟောင်းများ၏ အမြင်တွင် လုရွှမ်သည် မျက်တောင်မခတ်သော လူသတ်နတ်ဘုရား ဖြစ်သည်။
အင်မတန် ကြောက်စရာ ကောင်းလှ၏။
လုရွှမ် ထိုအသေးအဖွဲ့ ကိစ္စများကို လုံးဝ လျစ်လျူရှု ထားသော်လည်း အတွင်းခန်းထဲသို့ ဝင်သွားပြီးနောက် မော့ကောင်းရွှမ်းက အကြောင်းအရာ တစ်ခုကို တင်ပြလာခဲ့သည်။
"သခင်လေး... အရိပ်လူသတ်ခန်းမက အဖွဲ့ဝင်တွေ မြို့ထောင်ချီမဟာမိတ် အထဲမှာ တိုက်ခိုက်သတ်ဖြတ် ခံနေရတယ်လို့ သတင်းရထားပါတယ်"
"အိုး... သူတို့က ငါ့ဆီ လာချင်နေပုံပဲ"
လုရွှမ်ရဲ့ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားပြီး ပြောလိုက်သည်။
လုရွှမ်ကတော့ အဲဒီလူတွေ သူ့ဆီလာမလာကို ဂရုမစိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ် မြို့ထောင်ချီမဟာမိတ်မှာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ မကလို့ အဆင့်၉ပဲ ဖြစ်နေပါစေ သူက ဂရုစိုက်နေမှာ မဟုတ်ချေ။
"ဒါကြောင့် သခင်လေး နောက်ပိုင်း အပြင်ထွက်တဲ့အခါ သတိထားရလိမ့်မယ်"
မော့ကောင်းရွှမ်းက အကြံပြုလာသည်။
"အဆင်ပြေပါတယ်" လုရွှမ်က ပြော၏။
"အဓိကက တခြားလူတွေကို ကောင်းကောင်း ကာကွယ်ထားဖို့ပဲ.... သူတို့ရဲ့ ကျင့်ကြံမှု အခြေခံက နည်းနေပြီး မတော်တဆမှုတွေ ဖြစ်နိုင်လို့ အပြင်ထွက်ဖို့ မကြိုးစားစေနဲ့.. တကယ်ထွက်ချင်ရင်တောင် သူတို့ကို အနီးကပ် ကာကွယ်ထားရမယ်"
လုရွှမ် သတိပေးလိုက်သည်။