← Chapters

လူသတ်သမားကို ဆွဲဆောင်ခြင်း

Vol. 35 Ch. 4.31

လူသတ်သမားကို ဆွဲဆောင်ခြင်း

Vol. 35 Ch. 4.31

လုရွှမ်အတွက်ကတော့ ခန့်မှန်းစရာတောင် မလိုပေ။ ထိုလူများသည် အရိပ်လူသတ်ခန်းမ အတွက် လာကြတာ မဟုတ်ဘဲ သူ့အတွက် လာကြတာပဲ ဖြစ်သည်။

အရိပ်လူသတ်ခန်းမသည် လူများစွာကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ထိုလုပ်​ကြံခံခဲ့ရသူရဲ့ ဆွေမျိုးများနဲ့ မိတ်ဆွေများက ကလဲ့စားချေဖို့ သတ္တိရှိရင်တောင် ရှီးမန်ဝေ့ ရှိနေချိန်မှာ လှုပ်ရှားလိမ့်မည်။ ထိုသူထက် အားကောင်းတဲ့ ခန်းမသခင် အသစ်ကို စောင့်ဆိုင်းနေဖို့ မဖြစ်နိုင်ပေ။

ဒါကြောင်် ဒီလူတွေက သူ့အတွက် လာကြတာ သိသာလေသည်။

အခန်းထဲ ပြန်ရောက်တော့ လုရွှမ် သူ့အသွင်အပြင်ကို နည်းနည်း ပြောင်းလဲလိုက်သည်။ သူ့အရင်ဘဝတုန်းက ပေါ့ပေါ့ပါးပါး ရုပ်ဖျက်နည်းကို သုံးထားရင်တောင် သူနဲ့ အရင်းနှီးဆုံးသူ မဟုတ်ရင် သူဆိုတာ ခွဲခြားနိုင်မှာ မဟုတ်ဘူး။

အရိပ်လူသတ်ခန်းမက အဖွဲ့ဝင်များ မကြာခဏ ဝတ်လေ့ရှိသော အနက်ရောင် အဝတ်အစားကို ၀တ်ဆင်ကာ တံခါးဆီကို တည့်တည့် ထွက်သွား​လေသည်။

တစ်ဖက်လူဟာ အရိပ်လူသတ်ခန်းမက အဖွဲ့ဝင်များကို အထူး တိုက်ခိုက်နေပြီး လုရွှမ်ဆိုတဲ့ သူ့ကို ပြဿနာရှာချင်နေသည်။ အရိပ်လူသတ်ခန်းမရဲ့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ အဖွဲ့ဝင် တစ်ဦးကို ပစ်မှတ်ထားမှာ သေချာပေ၏။

ဒါပေါ့ လုရွှမ် နည်းနည်းလောက် လှည့်ပတ်ပြီးတဲ့အခါ သူ့နောက်ကနေ လူအများ​ကြီး နောက်ယောင်ခံ လိုက်လာနေတာကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

သို့သော်လည်း သူတို့ရဲ့ လက်ရှိတည်နေရာက အရိပ်လူသတ်ခန်းမနဲ့ အလွန်နီးကပ် နေသေးသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုလူများသည် မလှုပ်မယှက်သာ နောက်ကလိုက်နေပေသည်။

တစ်စုံတစ်ယောက် သူ့နောက်ကို လိုက်နေကြောင်း ခံစားလိုက်ရသဖြင့် လုရွှမ်သည် အလှည့်အပြောင်း များစွာဖြင့် မြို့ထောင်ချီမဟာမိတ်မှ ရည်ရွယ်ချက်ရှိရှိ ထွက်ခွာလာခဲ့သည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က လူတွေရဲ့ အရှိန်ဟာ အပြေးမြန်တဲ့ မြင်းတစ်ကောင်လို မြန်တယ်လို့ ပြောရလောက်အောင်ကို ဝေးကွာလွန်းလှပါ၏။ ဒါ့အပြင် ကျင့်​ကြံသူ အများအပြားရှိတဲ့ မြို့ထောင်ချီမဟာမိတ်လို မြို့တစ်မြို့ဟာ အလွန်ကျယ်ပြန့်တဲ့ လမ်းကြောင်းတွေလည်း များလွန်းလို့ သာမန်လူတွေကတော့ လျှောက်လှမ်းနိုင်မှာ မဟုတ်ပါဘူး။

မကြာခင်မှာပဲ လုရွှမ်ဟာ လူအရောက်နည်းတဲ့ လမ်းကြားတစ်ခုထဲ ရောက်လာခဲ့သည်။

သူ့စိတ်ထဲတွင် အေးစက်သော အပြုံးဖြင့် လွတ်နေသော တောအုပ်တစ်ခုကို ရည်ရွယ်ချက်ရှိရှိ ရှာတွေ့ပြီး ထိုထဲသို့ ဝင်သွားခဲ့သည်။

သေချာတာကတော့ တောထဲဝင်ပြီး သိပ်မကြာခင်မှာပဲ သူ့နောက်က အသံတွေ ကြားလိုက်ရပြီး ရုပ်ပုံပေါင်းများစွာ ပြေးချလာကြသည်။

သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆ရှိ ကျင့်ကြံသူ လေးဦးသည် အရှေ့၊ နောက်၊ ဘယ်၊ ညာ လမ်းကြောင်းလေးခုဖြင့် လုံး၀ ဝိုင်းရံထား​ကြသည်။

"မင်းတို့က ဘယ်သူလဲ?"

လုရွှမ် အသံနက်ကြီးနဲ့ မေးလိုက်သည်။

"ကောင်လေး... ငါတို့က ဘယ်သူလဲဆိုတာ ဂရုမစိုက်ပါနဲ့ မင်းအတွက် ဘာမှ အဓိပ္ပာယ် မရှိဘူး... အပြစ်တင်ချင်ရင် မင်း အရိပ်လူသတ်ခန်းမက လူဖြစ်နေတာကိုပဲ အပြစ်တင်လိုက်"

တစ်ဖက်လူက သူ့အတွက် အသုံးဝင်တဲ့ အချက်အလက်တွေကို မပေးဘူးဆိုတာ သိသာပါသည်။

သူတို့ရဲ့ မျက်လုံးထဲတွင် သူတို့လေးယောက်သည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅က ကျင့်ကြံသူဘေးကို သတ်ပစ်ဖို့ လွယ်ကူတာကြောင့် မလိုအပ်တဲ့ စကားတွေ ပြောဆိုနေစရာ မလိုတော့ပေ။

"သတ်ကြ!"

ခပ်ကျယ်ကျယ် အော်သံနှင့်အတူ ထိုလေးယောက်က လုရွှမ်ကို ချက်ချင်း တိုက်ခိုက်လာသည်။

ရှေ့၊ နောက်၊ ဘယ်၊ ညာ၊ လက်ဝါးစွမ်းအင် လေးချက်သည် လုရွှမ်ကို တုံ့ပြန်ဖို့ အခွင့်အရေး လုံးဝမပေးဘဲ တိုက်ရိုက် တိုက်ခိုက်လာကြသည်။ သာမန် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ ကျင့်ကြံသူသာ ဆိုရင် ဒီလှုပ်ရှားမှုကို ခံနိုင်ရည် ရှိမှာမဟုတ်ဘဲ ပွဲချင်းပြီး သေဆုံးသွားနိုင်သည်။

ဒါပေမဲ့ လုရွှမ်ကတော့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅လေး မဟုတ်ပေ။

ထိုအခိုက် ကြီးကျယ်ခမ်းနားသော စိတ်ဝိညာဉ် စွမ်းအားများ ဖြာထွက်လာသည်။ ယခုတစ်ကြိမ်တွင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆ လေးဦးသည် မုန်တိုင်းထန်သော ပင်လယ်ထဲက လှေများ မဟုတ်တော့ဘဲ မုန်တိုင်းထဲက သစ်ရွက်ကလေးတွေ ဖြစ်သွားကြသည်။

လုရွှမ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉နဲ့ ညီမျှနေပြီ ဖြစ်လို့ အဆင့်၆ ကျင့်ကြံသူ လေးဦးသည် လုံး၀ မလှုပ်ရှားနိုင်ဘဲ အကျဉ်းချ ခံထားရ​လေသည်။

"ငါ့ကို သတ်ဖို့ ဘယ်သူက ခိုင်းတာလဲ ပြော!!"

ပထမဦးဆုံး ကျင့်​ကြံသူရှေ့ကို လျှောက်လာရင်း လုရွှမ် သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို အနည်းငယ် ထိန်းကာ စကားပြောခွင့် ပြုလိုက်သည်။

"မဖြစ်နိုင်ဘူး... မင်းဘာမှော်လက်နက်ကို သုံးလိုက်တာလဲ!"

ထိုကျင့်ကြံသူသည် နဂါးတစ်ကောင်ကို မြင်ရသကဲ့သို့ ထိတ်လန့်သွားပြီး ကျယ်လောင်စွာ အော်လေ၏။ သူ့ရဲ့ပထမဆုံး တုံ့ပြန်မှုသည် လုံးလုံး ထိန်းချုပ်ခံထားရတာ မဟုတ်ဘဲ လုရွှမ်က အထူး မှော်လက်နက် တစ်မျိုးကို အသုံးပြုခဲ့လို့ပင်။

ဗုန်း!

အဓိပ္ပာယ် မရှိတဲ့ စကားတွေကို နားမထောင်ချင်တဲ့ လုရွှမ်ဟာ ထိုကျင့်ကြံသူရဲ့ ခေါင်းကို တိုက်ရိုက် ဖောက်ခွဲပစ်လိုက်လေသည်။

"ငါက တခြားသူတွေဆီက မလိုအပ်တဲ့ စကားတွေ နားထောင်ရတာ မကြိုက်ဘူး!"

ပထမ တစ်ယောက်ကို ခေါင်းဖြတ်ပြီးနောက် လုရွှမ်က ပြောလိုက်သည်။

"မင်းကိုဘယ်သူက စေခိုင်းလိုက်တာလဲပဲ ပြော!!"

ဒုတိယ ကျင့်ကြံသူသည် စိတ်ဝိညာဉ်စွမ်းအားနဲ့ ထိန်းချုပ်ခံထားရရာမှ လွတ်မြောက်ခဲ့ပြီး ချက်ချင်းပင် အော်ဟစ်လာ၏။

"လျိုမိသားစု...ပြီးတော့ အဂ္ဂိရတ်ပညာရှင်အဖွဲ့!"

သူ​ပြောတာ နည်းနည်း နှေးသွားတာနဲ့ ခေါင်းကို ဖောက်ခွဲခံရမှာကို ကြောက်လို့ ကမန်းကတန်း ပြော​​ပြလိုက်သည်။

"အဂ္ဂိရတ်ပညာရှင်အဖွဲ့?" လုရွှမ် မျက်မှောင် ကြုတ်လိုက်သည်။

အဂ္ဂိရတ်ပညာရှင် အဖွဲ့ကို ဘယ်လိုများ စော်ကားခဲ့မိလို့လဲ? အဂ္ဂိရတ်ပညာရှင်အဖွဲ့က ယင်းယန်ကျောင်းတော်လို မဟုတ်ပေ။ သူကိုယ်တိုင်က ယင်းယန်ကျောင်းတော်ရဲ့ အဖွဲ့ဝင်ဖြစ်ပြီး ကျောင်းအုပ်ကြီးကို သတ်လိုက်ရင်တောင် အတွင်းမှာ ဖြေရှင်းလိုက်လို့ ရသည်။

ပေရွှီး တော်ဝင်အင်ပါယာကိုလည်း စဥ်းစားနေဖို့ မလိုချေ။ ပတ်​ဝန်းကျင်​က နိုင်​ငံ​တော်​​တော်​များများက ဒီအခြေအနေကို စိုက်​ကြည့်​​နေကြပြီး တော်​ဝင်​မိသားစု​တွေ ပျက်​စီးသွားရင်တောင် သူ့ကို နောက်ထပ် လာနှောင့်ယှက်ရဲတဲ့သူ မရှိနိုင်လောက်ပေ။

အဂ္ဂိရတ်ပညာရှင် အဖွဲ့ကတော့ တိမ်ပင်လယ် နယ်မြေ တစ်ခုလုံးမှာ အင်အားစုကြီး တစ်ခုဖြစ်သည်။

ထို့အပြင် မြို့ထောင်ချီမဟာမိတ် ကဲ့သို့သော အထူးနေရာ တစ်ခုတွင် မြို့ထောင်ချီမဟာမိတ်၏ အဂ္ဂိရတ်ပညာရှင် အဖွဲ့သည် သာမန် တော်ဝင်အင်ပါယာများရှိ အဂ္ဂိရတ်ပညာရှင် အဖွဲ့များနှင့် နှိုင်းယှဉ်လို့ မရသည်မှာ ထင်ရှား​လေသည်။

တော်ဝင်အင်ပါယာ သုံးထောင်ရှိသော်လည်း မြို့ထောင်ချီမဟာမိတ်တွင် အဂ္ဂိရတ်ပညာရှင် အဖွဲ့က တစ်ခုသာ ရှိသည်။ ထို့အပြင် မြို့ထောင်ချီမဟာမိတ်၏ အဂ္ဂိရတ်ပညာရှင် အဖွဲ့သည် စိတ်ဝိညာဉ်ဆေးများကို ထုတ်လုပ်နိုင်ပြီး အများစုကို အထက်ရုံးချုပ်သို့ လွှဲပြောင်းပေးရသည်။ ထို့ကြောင့် ဤနေရာတွင်ရှိ အဂ္ဂိရတ်ပညာရှင် အဖွဲ့သည် ဒီနေရာ တစ်ခုလုံးတွင် တိကျသော အခြေအနေ တစ်ခုလည်း ရှိသည်။

တကယ်လို့များ မြို့ထောင်ချီမဟာမိတ်ရဲ့ အဂ္ဂိရတ်ပညာရှင် အဖွဲ့နဲ့ ညှိနှိုင်းလို့ မရတဲ့ ပဋိပက္ခဖြစ်လာခဲ့ရင် လုရွှမ်တစ်ယောက် အဖွဲ့အစည်း တစ်ခုလုံးရဲ့ ဖိအားကို ခံရမလားတော့ တွေးမိသည်။

သို့သော် ဒါကို သူ ဂရုမစိုက်ပေ။

ကြီးကျယ်ခမ်းနားတဲ့ အရူးဧကရာဇ်ဟာ သူ့ယခင်ဘဝတွင် ဘာကိုမှ အကြောက်အလန့် မရှိခဲ့ဘူး။ ဒီဘဝမှာလည်း သူ့ဒေါသနဲ့ စိတ်သဘောထားကို ဘယ်လိုလုပ် ပြောင်းလဲနိုင်မှာလဲ။

ဧကရာဇ်ကျိုးရန်ကိုတောင် ဂရုမစိုက်တာ အဂ္ဂိရတ်ပညာရှင် အဖွဲ့ဆိုတော့ရော ဘာဖြစ်သေးလဲ? ဘာပဲဖြစ်ဖြစ် နောက်ပိုင်းကျရင် သူ ဖျက်စီးပစ်လိုက်လို့ ရတာပဲလေ။

လက်နှစ်ချောင်းကို တိုက်ရိုက် ထိုးညွှန်၍ ဒုတိယလူနဲ့ တတိယလူကို ဖောက်ခွဲပစ်လိုက်သည်။ ထိုနှစ်ယောက်ကို ဆက်မေးဖို့ ပျင်းလွန်းတာကြောင့် တစ်ယောက်ပြီး တစ်ယောက် တစ်ခါတည်း ရှင်းထုတ်ပစ်လေ၏။

ဗုန်း!

လက်​ချောင်းရဲ့ စွမ်းအားက တစ်ဖက်လူရဲ့ ခန္ဓာကိုယ်ထဲကို တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားပြီး ထိုကျင့်​ကြံသူရဲ့ နန်းတော်ပင်လယ်ထဲ စီးဝင်သွားတော့သည်။

ထိုကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ထဲက ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအင် စီးကြောင်းများ လွင့်ထွက်သွားပြီး နန်းတော်ပင်လယ်ထဲက ယ ဝိညာဉ်စွမ်းအင်များ တိုက်ရိုက် ပေါက်ထွက်လာသည်။

မရေမတွက်နိုင်သော အပေါက်များ ပေါက်နေသော ဘောလုံးကဲ့သို့ ထိုကျင့်ကြံသူ၏ ဝိညာဉ်စွမ်းအင်များသည် သူ့ခန္ဓာကိုယ်မှ ထိုးထွက်လ၏။ ခဏကြာပြီးနောက် ဝိညာဉ်စွမ်းအင်များ ပျောက်ကွယ်သွားကာ ထိုလူမှာ ရုတ်တရက် အသက်ဆယ်စုနှစ်လောက် အိုစာသွားသလို အရေပြားများ လျော့ရဲလာကာ လူတစ်​​ယောက်နှင့်ပင် မတူတော့ချေ။

"မင်းအသက်ကို ကယ်ချင်ရင် ငါမေးတာဖြေ! လျိုမိသားစုက မြို့ထောင်ချီမဟာမိတ်ရဲ့ ဘယ်နေရာမှာ ရှိတာလဲ?"

လျိုမိသားစု ဘိုးဘေးများ အားလုံး ဒီနေရာမှာ ရှိနေကြပြီ ဆိုရင် ဒီမှာ အကိုင်းအခက် တစ်ခုတော့ ရှိရမည်။ အထက်တန်းစားများ အားလုံး ဒီနေရာမှာ စုရုံးလာ​ကြပြီး ကလဲ့စားချေရန် စီစဉ်နေကြပုံပင်။

သူ့အသက်ကို နှမြောရင် ပြောလာမယ်လို့ တွေးထားပေမယ့် ကောင်လေးရဲ့ နယ်ပယ်က ပျက်စီးသွားပြီး သူ့တစ်ကိုယ်လုံး ထောက်ပံ့မှု လုံးဝ ဆုံးရှုံးသွားမယ်မှန်း လုရွှမ် မထင်ထားခဲ့။ သူကစကား လုံးဝ ပြန်မပြောဘဲ ဓားမြှောင်တစ်ချောင်းကို ထုတ်၍ သူ့လည်ပင်းကို ဖြတ်ကာ အဆုံးစီရင်သွားခဲ့သည်။

သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ်မှ လူများနှင့် သာမန်လူများအကြား ပြတ်သားသော ခြားနားမှုသည် အလွန်ကြီးမား၏။ သူသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆က လူဖြစ်ပြီး အဆင့်၅ဆီမှာ ရှုံးသွားတယ် ဆိုတာကို လက်ခံရမှာထက် သေသွားတာက ပိုကောင်းပေသည်။

လုရွှမ်လည်း ဒီလူက တကယ်ကြီး သူ့ကိုယ်သူ သတ်သေရန် ရွေးချယ်သွားမယ်လို့ မမျှော်လင့်ထားတာကြောင့် ခေါင်းယမ်းလိုက်သည်။

သို့သော် လျိုမိသားစုနဲ့ အဂ္ဂိရတ်ပညာရှင် အဖွဲ့က သူ့ကို တိုက်ခိုက်ရန် ရွေးချယ်လိုက်သောကြောင့် အဆင့်၆ ကျင့်ကြံသူတွေ အသတ်ခံရရုံမျှဖြင့် အဆုံးမသတ်မှာ သေချာပါသည်။

အရိပ်လူသတ်ခန်းမ ရှိနေသရွေ့တော့ လုရွှမ်သည် မြို့ထောင်ချီမဟာမိတ်ရှိ လျိုမိသားစု၏ ​​နေရာကို ရှာဖွေနိုင်မှာ မလွဲပင်။

All Chapters