← Chapters

သွေးကြောများ တိုးမြှင့်လာပြီ

Vol. 35 Ch. 4.36

သွေးကြောများ တိုးမြှင့်လာပြီ

Vol. 35 Ch. 4.36

လုရွှမ်ဟာ တကယ့် နဂါးနှလုံး သူ့ရှေ့မှာ ရှိနေပြီဆိုတာ စိတ်ထဲက အလိုလို သိနေပြီ။

သူ့လက်ထဲက မိုးနတ်ဘုရားဓား အပိုင်းအစကို ကိုင်ထားကာ နဂါးသွေးသံကို ထပ်မံထိုးဖောက် ထုတ်ယူလိုက်ပြန်သည်။ လမ်းတစ်ဝက် ရောက်တော့ သူ့လက်ထဲ ချော်ထွက်သွားသလို ခံစားလိုက်ရသည်။ နှစ်စင်တီမီတာခန့် ဖောက်ပြီးနောက် အတွင်းဘက်၌ အတားအဆီး မရှိတဲ့ ဗလာကြီး ဖြစ်သွားသည်။

လုရွှမ် နဂါးသွေးသံကို ဆက်မတူးတော့ဘဲ သူ့ခြေဖဝါးအောက်မှာ စက်ဝိုင်းတစ်ခုကို တိုက်ရိုက် တူးထုတ်လိုက်သည်။

စက်ဝိုင်းပုံစံ တူးထုတ်ပြီးသွားသည်နှင့် လုရွှမ်သည် သူခြေထောက် အောက်သို့ နဂါးသွေးသံ အပိုင်းအစ နှင့်အတူ နစ်မြုပ်သွားလေသည်။ အောက်ဖက်မှာလည်း ရေတွေချည်းသာ ဖြစ်၏။

ရေထဲရှိ ရွှေရောင် နှလုံးသားကြီးသည် ဖြည်းညှင်းစွာနှင့် အကြိမ်ကြိမ် ခုန်ပေါက်နေတာကို တွေ့လိုက်ရသည်။

နှလုံးရဲ့ အထက်မှာတော့ ရွှေနဂါး ဝိညာဥ်က ရုတ်တရက် ပေါ်ထွက်လာသည်။ နဂါးခန္ဓာကိုယ်ရဲ့ တည့်တည့် ထိုးတက်သွားပုံမှာ အဆုံးသတ်ကိုပင် မမြင်ရချေ။

"နဂါးနှလုံးပဲ! လုရွှမ် မြန်မြန်ယူ!"

ကျီးကန်းက ကျောက်စိမ်းပြားထဲမှ အော်ဟစ်လေသည်။

"ဒါကို ဘယ်လိုယူရမှာလဲ?"

လုရွှမ် သူ့ရှေ့ရှိ ရေကန်ကဲ့သို့ ကြီးမားသော နဂါး၏ နှလုံးကို ကြည့်လိုက်ရာ အနည်းငယ် အကူအညီမဲ့ သွားသလို ခံစားလိုက်ရသည်။ ဤမျှကြီးမားသော နဂါးကြီး၏ နှလုံးသားကို သူ့ခန္ဓာကိုယ်ထဲသို့ မည်သို့ သန့်စင်ပြီး ယူနိုင်မည်နည်း။

ဘာပဲဖြစ်ဖြစ် ကျောက်စိမ်းပြားထဲမှာ အရင် ထည့်ထားလိုက်တာပေါ့။

လုရွှမ် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့လက်ကို ဆန့်တန်း၍ သူ့လက်နဲ့ နဂါးနှလုံးကို ထိလိုက်သည်နှင့် သူ့နှလုံးသားထဲတွင် ရုတ်ချည်းဆိုသလို နိုးကြားမှုတစ်ခုကို ခံစားလိုက်ရကာ ဘုန်းအာနုဘော်ကြီးသော နဂါးအော်သံ တစ်ချက် ရုတ်တရက် ထွက်ပေါ်လာပြီးနောက် ထူးဆန်းသည့် အရာတစ်ခု ဖြစ်ပျက်သွားခဲ့သည်။

နဂါးအစစ်၏ နှလုံးသားထက်တွင်ရှိ ရှည်လျားသော နဂါးကိုယ်ထည်သည် ရုတ်တရက် ကျုံ့သွားပြီး အဆက်မပြတ် တိုသွားကာ မကြာမီတွင် ဆယ်ပေခန့်ရှည်သော ရွှေနဂါးကြီး ပေါ်ထွက်လာခဲ့သည်။

ရွှေနဂါးကြီးသည် ဆယ်ပေခန့် ရှည်လျားပြီး မြွေကြီးတစ်ကောင်၏ အရွယ်အစားသာ ရှိသော်လည်း ၎င်း၏ စွမ်းအင်ကတော့ အလွန်သန်မာလှသည်။

"နဂါးဝိညာဥ်!! လုရွှမ် ဒါက နဂါးဝိညာဉ်ပဲ... တကယ့်နဂါး နှလုံးသားက ဆင်းသက်လာတဲ့ နဂါးဝိညာဉ် မြန်မြန်ဖမ်း... ငါစားချင်တယ်!"

ရွှေနဂါးငယ်လေး ပေါ်လာတာနဲ့ ကျီးကန်းသည် စိတ်မရှည်စွာ အော်ဟစ်လာလေ၏။

နဂါးဝိညာဥ်? လုရွှမ် သူ့အတွေးထဲ၌ တုန်လှုပ်သွား၏။ နဂါးဝိညာဉ်ကို သားရဲများကသာ စုပ်ယူနိုင်သည်။ သူသာ ဒီနဂါးဝိညာဉ်ကို စုပ်ယူနိုင်ရင် စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာဟာ ပမာဏများစွာ အလွယ်တကူ တိုးလာနိုင်သည်။

နဂါးနှလုံးသာ ဒီနေရာမှာ နှစ်ပေါင်း ဘယ်လောက်တောင် တည်ရှိနေခဲ့လဲ မသိပါ။ သူသည် ကျောက်တုံးများကို နဂါးသွေးသံအဖြစ် ပြောင်းလဲစေရုံ သာမက နဂါးဝိညာဉ်ကိုလည်း မွေးဖွားပေးခဲ့သည်။

တကယ်လို့ ဘယ်သူမှ မတွေ့ခဲ့ပါက နဂါးနှလုံးက နဂါးဝိညာဥ်နဲ့ စိတ်ဝိညာဥ်တွေကို ထုတ်ပေးကာ နဂါးတစ်ကောင်ရဲ့ ခန္ဓာကိုယ်ကို ပြန်လည်ပုံဖော်ပြီး လုံးဝ ပြန်လည် ထမြောက်စေနိုင်သည်။

"ကောင်းပြီ!" လုရွှမ် ခေါင်းညိတ်လိုက်သည်။

ကျီးကန်း၏ ဇာစ်မြစ်ကို သူမသိသော်လည်း စိတ်ချ ယုံကြည်ရ​လေသည်။ သူသာမရှိလျှင် လုရွှမ်ဟာ ဖီးနစ်အမွေးနှင့် နဂါးနှလုံးကို မသိနိုင်သလို ယွမ်ယန်ကျင့်စဥ်ကိုလည်း ကျင့်ကြံနိုင်လိမ့်မည် မဟုတ်ချေ။

သူ့ရဲ့ ညာလက်ကို ဆန့်ထုတ်လိုက်သော် စီးဆင်းနေတဲ့ ရွှေအရှိန်ရဲ့ သက်ရောက်မှု အောက်မှာတွင် သူ့တစ်ကိုယ်လုံး အလွန်သွက်လက်စွာဖြင့် နဂါးဝိညာဉ်ကို တိုက်ရိုက် ဖမ်းဆုပ်ထားလိုက်သည်။

ဝူး!

နဂါးဝိညာဥ်က ရှည်လျားသော ဟောက်သံကို ထုတ်လိုက်ပြီး လန့်ဖျပ်သွား၏။ ၎င်းက သက်တံကဲ့သို့ ကူးခတ်လာကာ လုရွှမ်ရဲ့လက်ကို ကိုက်ဖို့ ပါးစပ်ကို ဖွင့်ဟလိုက်သည်။

သူ့လက်ဖဝါးကို အကိုက်ခံလိုက်ရတော့ လုရွှမ်လည်း လန့်သွားပြီး နဂါးဝိညာဉ်ကို သူ့လက်ဖဝါးနဲ့ နောက်ပြန် ရိုက်ထုတ်လိုက်တဲ့အခါ မထင်မှတ်ဘဲ သူ့ခန္ဓာကိုယ်ထဲကို မြုပ်ဝင်သွားလေသည်။

နဂါးဝိညာဉ်။ ဒီစိတ်ဝိညာဉ်ဟာ ကိုယ်ခန္ဓာ အစစ် လုံးဝမဟုတ်ပေ။

တစ်ပေကျော်ကျော် ရှည်သော ရွှေနဂါးလေး တစ်ကောင်သည် သူ့လက်မောင်း တစ်လျှောက် ရွေ့လျားနေပြီး သူ့ခန္ဓာကိုယ် အလယ်ဗဟိုကို လျင်မြန်စွာ တိုက်ခိုက်နေတယ် ဆိုတာကိုပင် လုရွှမ် ခံစားရနိုင်သည်။

တစ်ဆက်တည်း စိတ်ဝိညာဉ် စွမ်းအားများလည်း တိုးလာသည်။ ခဏအတွင်း တစ်ကိုယ်လုံးရှိ ဝိညာဉ်စွမ်းအားများ နိုးကြားလာပြီး စိတ်စွမ်းအား အတိုင်းအတာ ၁၈ဟာ ရွှေနဂါးလေးဆီသို့ လွင့်စင်သွားကာ ကြမ်းတမ်းသော မြစ်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

စွမ်းအင်၂ခု ဆုံသွားသောအခါ လုရွှမ် တစ်ကိုယ်လုံး တုန်ခါသွား၏။ ရွှေနဂါးလေးသည် ချောင်းထဲကို တိုက်ရိုက် ထိုးကျသွားသလို အနည်းငယ် နှေးကွေးသွားသော်လည်း သူ့ခန္ဓာကိုယ် အတွင်းပိုင်းအထိ တိုက်ခိုက်​နေဆဲ ဖြစ်သည်။

ဝိညာဉ်စွမ်းအားအရ နဂါးဝိညာဥ်ဟာ လုရွှမ်ကို လုံးဝ အနိုင်ယူခဲ့သည်။

နဂါးဝိညာဉ် ကျူးကျော်နေတဲ့ ဦးတည်ရာဟာ သူ၏အသိစိတ်ပင်လယ် ဖြစ်ကြောင်း ကောင်းစွာသိသည်။ သူ့ကို ဖြတ်ကျော်ပြီး သူသတိလစ်သွားရင် လုံးဝ သေဆုံးသွားကာ နဂါးဝိညာဉ်၏ ရုပ်သေးရုပ် ဖြစ်လာနိုင်သည်။

ဒီလိုတွေးလိုက်တဲ့ အခိုက် နဂါးဝိညာဉ်ဟာ လုရွှမ်ရဲ့ အသိစိတ်ပင်လယ် သဘာဝ အတားအဆီးကို ဖြတ်ကျော်ပြီး သူ့​အသိစိတ် ပင်လယ်ထဲမှာ ပေါ်လာခဲ့ပါပြီ။

နဂါးဝိညာဉ်သည် ချက်ချင်းပင် မီတာသန်းပေါင်းများစွာ အရှည်ရှိသော ဧရာမနဂါးကြီး အဖြစ်သို့ ပြောင်းလဲသွားသည်။

အသိစိတ်ပင်လယ်ထဲတွင် ပြင်းထန်သော မုန်တိုင်းကြီး ဝင်လာသလို လုရွှမ် သူ့တစ်ကိုယ်လုံးတွင် ကြီးမားသော တုန်လှုပ် ခြောက်ခြားမှု​ကြီးကို ခံစားလိုက်ရပြီး သတိပင်လယ်ကြီး ရုတ်တရက် ပြိုကျခါနီး အထိ ဖြစ်လာခဲ့၏။

ဗုန်း!

ထိုအခိုက်တွင် အနက်ရောင် ကျောက်စိမ်းပြား တစ်ချပ်သည် ကောင်းကင်မှ ရုတ်တရက် ထိုးကျလာ၏။ ထိုအရာက အနှိုင်းမဲ့ ကြီးမားသော ကျောက်စိမ်းပြား အဖြစ်သို့ ပြောင်းလဲသွားပုံမှာ ဧရာမနဂါးကြီးကို နှိမ်နင်းဖို့ တိုက်ရိုက် ရောက်လာသလိုပင်။

လုရွှမ် စိတ်ထဲက အနက်ရောင် ကျောက်စိမ်းပြားပင်။

ဗုန်း!

လုရွှမ်၏ အသိစိတ် ပင်လယ်ထဲတွင် ကျောက်စိမ်းပြားသည် ကမ္ဘာကြီးကိုပင် ထောက်ပံနိုင်သော ဓားတိုင်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဧရာမနဂါးကြီး၏ ဦးခေါင်းပေါ်သို့ လဲကျသွားသည်။

ထိုအခါမှ လုရွှမ်ရဲ့ သတိပင်လယ်ဟာ သက်သာရာရပြီး ပုံမှန် ပြန်ဖြစ်လာ၏။

ကျီးကန်းသည် ကျောက်စိမ်း အတွင်းမှ ပျံထွက်လာပြီး ၎င်း၏ တစ်ကိုယ်လုံးမှာလည်း အလွန်ကြီးမားလာသည်။ သူက နဂါးဝိညာဥ်ကို နှုတ်သီးဖြင့် ကိုက်ထားလိုက်သည်။

နဂါးဝိညာဥ်ရဲ့ ခန္ဓာကိုယ်က သိသိသာသာ ကျုံ့သွားပြီး ခဏအကြာမှာတော့ ကျီးကန်းသည်လည်း ပုံမှန် အရွယ်အစားသို့ ပြန်လည် ရောက်ရှိသွား၏။ နဂါးဝိညာဥ်မှာ ၎င်း၏ပါးစပ်ထဲတွင် သေးငယ်သော သန်ကောင်နှင့်ပင် တူ​နေ​တော့သည်။

ဦးခေါင်းကို နောက်ပြန်လှည့်ကာ နဂါးဝိညာဉ်ကို တိုက်ရိုက် မျိုချလိုက်​လေသည်။ သိပ်မကြာလိုက် ကျီးကန်း၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

၎င်းသည် လုရွှမ်၏ အသိစိတ် ပင်လယ်ထဲတွင် အတောက်ပဆုံးသော တည်ရှိမှု ဖြစ်လာ၏။ ရွှေရောင် အလင်းတန်းများသည် အသိစိတ်ပင်လယ် တစ်ခုလုံးပေါ် ထွန်းလင်း တောက်ပနေသော ရွှေရောင်နေလုံး​ကြီးကဲ့သို့ ထွက်ပေါ်လာခဲ့သည်။

ကမ္ဘာကြီးကို လောင်ကျွမ်း စေနိုင်သော ရှုရှိုက်မှုနှင့်အတူ ကြီးကျယ် ခမ်းနားသော တောက်ပနေမှုကြီးပင်။

ရွှေရောင် အလင်းတန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားတဲ့ အခါကျမှ ကျီးကန်းလည်း လုံးဝပုံမှန် အတိုင်း ပြန်ဖြစ်သွားသည်။ လုရွှမ် ကြည့်လိုက်သောအခါ ကျီးကန်း၏ အမွေးများသည် မူလက မည်းမှောင်နေသော်လည်း ယခုအချိန်တွင် ရွှေချည်မျှင်များ ဖျတ်ခနဲ တောက်ပနေတာ တွေ့ရ၏။

ကျီးကန်းမှာ နဂါးဝိညာဉ်ကို စုပ်ယူလိုက်တဲ့ အတွက် အလွန်အမင်း တိုးတက်လာခဲ့တာ သိသာလှသည်။

ဒါက ကျီးကန်းရဲ့ ကျင့်ကြံမှု တိုးတက်လာတာ မဟုတ်ဘဲ သွေးကြောတစ်ခုလုံး တိုးတက်လာတာပင်။ သူ့ကိုယ်ပေါ်က ရွှေချည်မျှင်များ ရှိနေသဖြင့် ၎င်းသည် ရွှေကျီးကန်း တစ်ကောင်နှင့်ပင် အနည်းငယ် တူလာသည်။

"လုရွှမ်.... လာ နဂါးနှလုံးနဲ့ ပေါင်းစည်းလိုက်တော့!"

ကျီးကန်း လုရွှမ်ရဲ့ အသိစိတ် ပင်လယ်ထဲမှာ ကျယ်လောင်စွာ အော်လိုက်ပြီးနောက် ပျောက်ကွယ်သွားသည်။ လုရွှမ်လည်း ကျီးကန်း အပြင်ဘက် ကမ္ဘာကို ပြန်သွားကြောင်း ကောင်းကောင်း သိ​လေ၏။

အသိစိတ် ပင်လယ်ထဲက လွတ်ထွက်သွားတော့ ကျီးကန်းတစ်ကောင်ဟာ ရေထဲမှာ အတောင်တွေ ခတ်နေတာကို တွေ့လိုက်ရသည်။ ငှက်တစ်ကိုယ်လုံးဟာ လေထဲမှာလိုပဲ ပျော့ပြောင်းနေလေရဲ့။

ကျီးကန်းရဲ့ ကိုယ်ပေါ်က ရွှေချည်မျှင်များပင်လျှင် ရွှေရောင် အလင်းတန်းများ ထွန်းလင်းတောက်ပနေပြီး မူလအနက်ရောင် နေရာများအား လင်းထိန်​နေ​စေသည်။ လုရွှမ် နတ်မျက်စိအမှတ်ကို မဖွင့်ဘဲနဲ့တောင် အ​ခြေအနေကို ခန့်မှန်းကြည့်နိုင်သည်။

နဂါးအစစ်၏ နှလုံးသားကတော့ ဖြည်းညှင်းစွာနှင့် ပြင်းထန်စွာ တုန်ခါနေဆဲပင်။ တုန်ခါလိုက်တိုင်း သွေးရောင်ခြည်များ ထွက်ပေါ်လာပြီး သွေးအလင်းရောင်သည် မျက်စိတစ်မှိတ် အတွင်း သွေးရေအဖြစ်သို့ ပြောင်းလဲသွားတတ်သည်။

အနီးနားရှိ ကျောက်တုံးများကို ထိပ်တန်းအဆင့် နဂါးသွေးသံ အဖြစ်သို့ ဖြည်းညှင်းစွာ ပြောင်းလဲစေခဲ့သော အရာက ဤသွေးဖြစ်စဥ် ဖြစ်ကြောင်း လုရွှမ် ကောင်းကောင်း သိလိုက်သည်။

နဂါးနှလုံး တုန်ခါတိုင်း ထူးဆန်းသော စွမ်းအင်များကို နဂါးနှလုံးက စုပ်ယူသွားတာကိုလည်း ရှင်းရှင်းလင်းလင်း ခံစားရ​​သေးသည်။ ၎င်းသည် နဂါးနှလုံးကို သက်ရှိအရာ တစ်ခုအဖြစ် ဆက်လက် ရှင်သန်နေစေမည့် မရေတွက်နိုင်သော ထူးဆန်းသော စွမ်းအင်တစ်ခု ဖြစ်ပေမည်။

ထူးဆန်းတဲ့ ရတနာတစ်ခု ဆိုတဲ့အတိုင်း တကယ့်ကို ကြောက်စရာ ကောင်းလှပေ၏။

All Chapters