တတိယနန်းတော်ပင်လယ်
Vol. 35 Ch. 4.37
လုရွှမ်သည် နဂါးနှလုံးအတွက် မျှော်လင့်ချက် အပြည့် ရှိနေပြီ ဖြစ်သည်။
ဤအရာမှရရှိသော နဂါးဝိညာဉ်ကို ကျီးကန်းမှ စုပ်ယူသွားပြီ။ အစက ဒီနဂါးဝိညာဥ် ရှိနေပါက ရေအောက် မီတာသုံးသန်း အနက်တွင် ရပ်နေဖို့ ကြောက်မက်ဖွယ် ကောင်းသော်လည်း အခုတော့ လုံခြုံစွာ နေနိုင်ပြီ ဖြစ်သည်။
ဒါပေမဲ့ သူ့ရှေ့မှာ ယှဉ်လို့မရနိုင်တဲ့ ကြီးမားလှတဲ့ နဂါးနှလုံးကို ကြည့်လိုက်တော့ လုရွှမ်မှာ သူ့ရဲ့ ဦးရေပြားတွေတောင် ထုံကျင်သွားသလို ခံစားလိုက်ရသည်။ ဒီလိုအကောင်ကြီးကြီး နှလုံးက သူ့ခန္ဓာကိုယ်ထဲကို ဘယ်လို ဝင်ရောက်နိုင်မှာလဲ။
ပဟေဠိ မျက်လုံးများဖြင့် သူ့ခေါင်းထက်တွင် ပျံဝဲနေသော ကျီးကန်းကို မော့ကြည့်လိုက်၏။
ကျီးကန်းသည် သူ့မေးချင်တာကို သိတာကြောင့် ဝူးကနဲ အသံပေးကာ ကျောက်စိမ်းပြားထဲ ပြန်ဝင်သွားသည်။ အပြင်ဘက်မှာက ရေတွေနဲ့မို့ စကားပြောဖို့က အဆင်မပြေချေ။
"အေးလိုက်တာ! အရမ်း အေးတာပဲ! နှစ်တွေတောင် တော်တော် ကြာခဲ့ပြီ.... နောက်ဆုံးတော့ ငါ ပျော်ပျော်ကြီး ရေပြန်ကူးနိုင်ပြီကွ!"
ကျောက်စိမ်းပြားထဲ ပြန်ရောက်တော့ ကျီးကန်းကြီးက ကျယ်လောင်စွာ အော်လိုက်လေသည်။
"မင်းရေကူးချင်ရင် အခွင့်အရေးတွေ အများကြီး ရှိတယ်.... အခုပြဿနာက ဒီနဂါးနှလုံးကို ဘယ်လို ပေါင်းစပ်ရမလဲ ဆိုတာပဲ!"
လုရွှမ်မှ မေးလိုက်သည်။
"ရိုးရှင်းတယ်... အရမ်းကို ရိုးရှင်းတယ်... မင်းလက်ညှိုးကို ဖြတ်လိုက် နဂါးနှလုံးပေါ်မှာ သွေးထွက်နေတဲ့ ဒဏ်ရာကို ဖိလိုက် .... နဂါးနှလုံးက မင်းရဲ့ခန္ဓာကိုယ်ထဲကို အလိုအလျောက် ဝင်ရောက်လာလိမ့်မယ်... ဖီးနစ်အမွေးနဲ့ ပေါင်းစပ်ဖို့ ငါသင်ပေးခဲ့တဲ့ နည်းလမ်းအတိုင်းသာ လုပ်.... မင်းလုပ်နိုင်လိမ့်မယ် ပြီးတော့ နဂါးနှလုံးနဲ့ ပေါင်းစပ်ပြီးရင် မင်းရဲ့တတိယ နန်းတော်ပင်လယ်လည်း ပွင့်လာမယ် တတိယနန်းတော်ပင်လယ် ပွင့်လာရင် ယွမ်ယန်ကျင့်စဥ် တတိယအဆင့်ကိုလည်း လေ့ကျင့်နိုင်ပြီ!"
ကျီးကန်းက ကျယ်လောင်စွာ အော်ပြောပြလေသည်။
"ကောင်းပြီ!"
ဒီလောက်တောင် ရိုးရှင်းကြောင်း ကြားပြီးနောက် လုရွှမ် သူ့ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး မိုးနတ်ဘုရား ဓားအပိုင်းအစနဲ့ လက်ညှိုးပေါ်ကို အနည်းငယ် ဆွဲယူလိုက်သည်။ အနီရောင်သွေးများ စိမ့်ထွက်နေပြီး လက်ချောင်းတစ်ဝိုက်ရှိ ရေများ နီရဲသွားသည်။
ကံကောင်း ထောက်မစွာနဲ့ မိုးနတ်ဘုရားရဲ့ ဓား အပိုင်းအစများ ရှိနေခဲ့သည်။ သို့မဟုတ်ပါက လုရွှမ်ရဲ့ လက်ရှိခန္ဓာကိုယ်က ဝိညာဉ်နယ်ပယ် ပြီးပြည့်စုံသော ကာလက လက်နက်တောင် ထိုးဖောက်ဖို့ ခက်ခဲလိမ့်မည်။
ကျီးကန်းပြောတဲ့ အတိုင်း နဂါးနှလုံးပေါ် လက်ညှိုးဖြင့် ဖိလိုက်သည်။ စွမ်းအင်လှိုင်း တစ်ခုက ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ပေါင်းစပ်သွားပြီး မကြာမီတွင် ကြီးမားလှသော စွမ်းအင်လှိုင်းလုံးများသည် လုရွှမ် ခန္ဓာကိုယ်အတွင်း ထွက်ပေါ်လာခဲ့သည်။
ခန္ဓာကိုယ်ထဲမှာ တူရိယာတစ်ခု ရှိနေသလိုမျိုး ပြင်းပြင်းထန်ထန် ဟိန်းထွက်လာ၏။ စွမ်းအင်လှိုင်း ထွက်လာတိုင်း လုရွှမ်ဟာ သူ့ခန္ဓာကိုယ်ထဲက တစ်စုံတစ်ယောက် ရှိနေပြီး အတွင်းအပြင်ကို ပြင်းပြင်းထန်ထန် ထိုးနှက်နေသလို ခံစားနေရသည်။
လူတစ်ကိုယ်လုံး အတွင်းပိုင်းကနေ ပေါက်ကွဲထွက်တော့မတတ် နာကျင်မှုက ဆိုးရွားလှသည်။
ခန္ဓာကိုယ် အတွင်းပိုင်းမှ အပြင်သို့ တစ်စစီ ကွဲအက်သွား သလိုပင်။ အကယ်၍ တခြားသူသာ ဆိုရင်တော့ ကျိန်းသေပင် မူးမေ့သွားလိမ့်မည်။ ခန္ဓာကိုယ်က နဂါးနှလုံးရဲ့ ကြီးမားတဲ့ စွမ်းအင်ကို မခံနိုင်တော့ဘဲ ပေါက်ကွဲကာ သေဆုံးသွားနိုင်သည်။
သို့သော် လုရွှမ်သည် ကွင်း ကိုးကွင်းနယ်ပယ်၊ တန်လိစွမ်းအင် ၁၀ခုနှင့် ဖီးနစ်အမွေး၏ ပေါင်းစပ်မှုမှ ရလာသော နာကျင်မှုကို ခံစားရပြီးနောက် လက်ရှိ နာကျင်မှုကို အံသွားများ ကြိတ်လျက်ဖြင့်ပင် ခံနိုင်ရည်ရှိနေပြီ ဖြစ်သည်။
"သိုင်းစွမ်းရည်..... သန့်စင်စေ!"
အံကြိတ်ကာ အော်လိုက်သည်နှင့် ချက်ချင်းပင် စွမ်းအင်များသည် အရူးအမူး ပြေးဝင်လာကာ သူ့တစ်ကိုယ်လုံးလည်း အနည်းငယ် တုန်ရီလာခဲ့သည်။
စွမ်းအင်များသည် အလွန်လျင်မြန်စွာ ပြေးနေသည်မှာ အထွတ်အထိပ်သို့ ရောက်လုဆဲဆဲပင်။
ခန္ဓာကိုယ်က ပေါက်ကွဲတော့မည့်ပုံ ပေါက်သော်လည်း ၎င်းတို့သည် အလွှာလိုက် အလွှာလိုက် လည်ပတ်နေ၏။ ပြေးလွှားလိုက်တဲ့ နေရာတိုင်းမှာ ခန္ဓာကိုယ် တစ်ခုလုံးကို ချည်မျှင်ပါးပါးနဲ့ ဆွဲယူလိုက်သလိုပင်။
ထိုစွမ်းအင် ချည်မျှင်များသည် နဂါးနှလုံးကို ပြင်းပြင်းထန်ထန် တင်းကျပ်စွာ ရစ်ပတ်ရင်း နဂါးနှလုံးဆီက စွမ်းအင်တွေကို တဖြည်းဖြည်းချင်း စုပ်ယူနေသည်။
နောက်ဆုံးတွင် နဂါးနှလုံးသည် လုံးလုံးလျားလျား ချည်နှောင်ခံလိုက်ရပေသည်။ ထိုချည်မျှင်များသည် စွမ်းအင်လှိုင်းများ အဖြစ်သို့ ပြောင်းလဲသွားကာ လုရွှမ်ရဲ့ ကိုယ်ခန္ဓာ အတွင်းထဲကို ပေါင်းစပ်သွားခဲ့သည်။
အချိန်အတော် ကြာပြီးနောက် ခန္ဓာကိုယ် အတွင်း၌ ပထမအဆင့် နန်းတော်ပင်လယ်တစ်ခု ထပ်မံ ပေါ်ထွက်လာခဲ့သည်။ ဤနန်းတော်ပင်လယ်၏ ပုံသဏ္ဌာန်သည် နဂါးနှလုံးနှင့် တစ်ထပ်တည်း တူညီပြီး အနှိုင်းမဲ့ ကျယ်ပြောလှသည်။
မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်တဲ့အခါ သူ့ခန္ဓာကိုယ်ထဲက အနက်ရောင် မြူအလွှာတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က မိခဲ့တဲ့ အဆိပ်အတောက်များဟာ အနက်ရောင် အမှုန်အမွှားများ အဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်မှ လုံးဝ ဖယ်ရှားခံလိုက်ရကြောင်း လုရွှမ် သိလိုက်သည်။
အညစ်အကြေး သို့မဟုတ် အပြစ် အနာအဆာ မရှိသော ခန္ဓာကိုယ်သည် အနက်ရောင် အညစ်အကြေးများ ရုတ်တရက် ထွက်လာပြီးနောက် ပို၍ပင် သန့်စင်သွား၏။
သူ့နှလုံးက ပိုကြီးလာတဲ့အတိုင်း သိသာထင်ရှားစွာ ခံစားနေရကာ ရင်ခုန်သံကလည်း တည်ငြိမ်ပြီး အစွမ်းထက်လှသည်။ တစ်ချက် ခုန်လိုက်တိုင်း ထူးခြားတဲ့ စွမ်းအင်တွေက သူ့ခန္ဓာကိုယ်ထဲ အရည်ပျော်သွားသလိုပင်။
ထို့နောက်တွင် ထူးဆန်းသော စွမ်းအင်များ ထိုးထွက်လာပြီး သူ၏အရိုးများ တင်းမာလာသည်။ အတွင်းအင်္ဂါ ငါးပါး၏ လုပ်ဆောင်ချက်များ အားကောင်းလာကာ အရေပြားနှင့် ကြွက်သားများ ပိုမိုသန်မာလာပြီး တောင့်တင်းမှုအားလည်း ပိုကောင်းလာသည်။
သွေးထဲတွင်ပင် ရွှေရောင်အလင်း အနည်းငယ် ပြေးလွှားလျက် အတွင်းအင်္ဂါများ အတွင်းသို့ တိုးဝင်လာကာ အလိုအလျောက် အစီအရီဖွဲ့စည်း၍ အတွင်းအင်္ဂါများကို ဖုံးအုပ်သွားသည်။
သန်မာလာအောင် လေ့ကျင့်ဖို့ ခက်ခဲသော ကိုယ်တွင်းအင်္ဂါများ ကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားသည်။ ယခုအချိန်တွင် အဆိပ်တွေ ခန္ဓာကိုယ်ထဲ ပျံ့နှံ့သွားရင်တောင် သူ့ကို လုံးဝ မထိခိုက်စေနိုင်တော့ပေ။
နဂါးသွေးအစစ်မှာ မျှော်လင့်ထားတဲ့ အတိုင်း ၎င်းသည် အတွင်းအင်္ဂါများကိုပါ တိုက်ရိုက် အားကောင်းလာစေနိုင်သည်။
လုရွှမ် မျက်လုံး ဖွင့်လိုက်သောအခါတွင် သူ့တစ်ကိုယ်လုံး စွမ်းအင်များနဲ့ ပြည့်နေကြောင်း ခံစားလိုက်ရပြီး ဆင်သံချပ် ရွှေကိုယ်ထည်လည်း အနည်းငယ် တိုးတက်လာ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဆင်သံချပ် ရွှေကိုယ်ထည်သည် အဆင့်၅ အကြီးစား အောင်မြင်မှုအဆင့်အထိ ဖြတ်ကျော် ဝင်ရောက်သွားခဲ့သည်။
စစ်မှန်တဲ့ နဂါးနှလုံးကို အောင်အောင်မြင်မြင်နဲ့ သန့်စင်လိုက်နိုင်တဲ့ အတွက် သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေ များစွာ တိုးတက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲက နှလုံးဟာ တကယ့် နဂါးနှလုံးနဲ့ တူတဲ့ ခွန်အားကိုပါ ရလာခဲ့လေပြီ။
ဆင်သံချပ် ရွှေရကိုယ်ထည် ကိုယ်နှိုက်က အတွင်းအင်္ဂါများကို လေ့ကျင့်ပေးခြင်း၏ အစဖြစ်ပြီး ၎င်းသည် နဂါးနှလုံး၏ အခန်းကဏ္ဍနှင့် တိုက်ဆိုင်နေသောကြောင့် နဂါးနှလုံးကို ပေါင်းစပ်ပြီးနောက် ဆင်သံချပ် ရွှေကိုယ်ထည်သည် အဆင့်၅ အကြီးစား အောင်မြင်မှု အဆင့်အထိ ဖြတ်ကျော်သွားခဲ့တာ ဖြစ်သည်။
ဆင်သံချပ်ရွှေကိုယ်ထည် အဆင့်၅နဲ့ဆို သူတောင်စင်တစ်ပိုင်း နယ်ပယ်ကို စတင်ဝင်ရောက်လာတဲ့ ကျင့်ကြံသူများက သူ့ကိုသတ်ချင်တယ် ဆိုရင်တော့ ခက်ခဲလိမ့်မည်။
သူဟာ အားနည်းတဲ့ သူတော်စင် တစ်ပိုင်းများကြားတွင် အားကောင်းသူများ၏ ထိုးနှက်ချက်ကို လုံး၀ ခံနိုင်ရည် ရှိသွားပြီ။
ထို့အပြင် အတွင်းအင်္ဂါများ၏ ခုခံစွမ်းအားက အားကောင်းလာလို့ အတွင်းအင်္ဂါများကို ထိခိုက်လာပါကလည်း တစ်ရှိန်ထိုး သေဆုံးသွားတော့မည် မဟုတ်ပေ။
ဆိုလိုသည်မှာ လုရွှမ်သည် သူတော်စင်တစ်ပိုင်းဖြစ်လာသည့် သာမန်ကျင့်ကြံသူ တစ်ဦးနှင့် တွေ့လျှင်ပင် သူသည် ထိုးနှက်ချက်ကို လုံးဝခုခံနိုင်ပြီး လွတ်မြောက်ရန် နည်းလမ်းကို ရှာဖွေနိုင်သည်။
ဒါပေါ့ သူတကယ် လွတ်မြောက်နိုင်မလား ဆိုတာကတော့ အခြေအနေပေါ် မူတည်သေးတယ်လေ။
တစ်ဆက်တည်း သူ့ခန္ဓာကိုယ် ခွန်အားလည်း ၁၀ဆအထိ တိုးလာခဲ့သည်။ ယခုအချိန်မှာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ကျင့်ကြံသူ တစ်ယောက်နဲ့ တွေ့ရင်တောင် ရှုံးတော့မည် မဟုတ်ချေ။
ဆိုလိုတာက လုံးဝ မရှုံးနိုင်တာတော့ မဟုတ်ပေ။ နောက်ဆုံးမှာ သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ပြီးပြည့်စုံတဲ့ကာလရဲ့ ဝိညာဉ်စွမ်းအင်က ယူဆောင်လာတဲ့ စွမ်းအားက ပိုလို့တောင် ကြီးမားနေတယ်လေ။
လုရွှမ်သည် သူ့ စိတ်ဝိညာဉ် စွမ်းအား အတိုင်းအတာက မြင့်တက်လာခြင်း မရှိကြောင်း ခဏတာ ခံစားခဲ့ရသည်။ နဂါးနှလုံးမှ ရရှိသော အကျိုးကျေးဇူးများမှာ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် ခုခံနိုင်အား တိုးလာခြင်းသာ ဖြစ်သည်။
စစ်မှန်သော နဂါးနှလုံးသား၏ အကျိုးသက်ရောက်မှုသည် ရေရှည်ဖြစ်ကြောင်း သူကိုယ်တိုင်လည်း အလွန်ရှင်းလင်းစွာ သိပါသည်။
နဂါးနှလုံး တစ်ချက် ခုန်လိုက်တိုင်း စုပ်ယူလိုက်တဲ့ အထူးစွမ်းအင်က လုရွှမ်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို တဖြည်းဖြည်းနဲ့ ရေရှည်အထိ ပြောင်းလဲသွားစေနိုင်ပါသည်။
နောက်ဆုံးတွင် လုရွှမ်သည် လူသားအသွင်ဖြင့် တကယ့်နဂါး ဖြစ်လာရန်မှာ မဖြစ်နိုင်တာတော့ မဟုတ်တော့ပေ။ နဂါးအစစ် ဆိုတာ တကယ့် အထွတ်အထိပ်မှာ ရပ်တည်နေတဲ့ သက်ရှိအမျိုးမျိုးရဲ့ ထိပ်တန်း တည်ရှိမှုကြီး ဖြစ်သည်။
"ဘယ်လောက်တောင် ကြာသွားပြီလဲ မသိဘူး... အခု အပြင်ထွက်ချိန် ရောက်ပြီ"
လုရွှမ် တစ်ယောက်တည်း ရေရွတ်ပြီး ရေပေါ်ကို ကူးခတ်လာခဲ့သည်။
ဤတစ်ကြိမ်တွင်တော့ လုရွှမ် ရွှေအရှိန်ကို မလိုအပ်တော့ပေ။ စစ်မှန်တဲ့ နဂါးနှလုံးသားက သူ့ရဲ့ ခန္ဓာကိုယ်ကို ခွန်အား ကောင်းစေလို့ သူတော်စင်တစ်ပိုင်းတွေ ဆင်းမလာနိုင်တဲ့ ဒီရေအောက်မှာ သူ့အတွက် လုံးဝ ပြဿနာ မရှိတော့ချေ။