နှစ်လ
Vol. 35 Ch. 4.38
ရေပေါ်တက်လာလေ ခံစားချက် ပိုအားကောင်းလေပင်။ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအင်များ အဆက်မပြတ် တိုးဝင်နေ၏။ ရေအောက် မီတာ သုံးသန်းလောက်တွင် ဝိညာဉ်စွမ်းအင်သည် အလွန်ရှားပါးသော်ငြား ရေပေါ်မြင့်လာတဲ့အခါ ဝိညာဉ်ချီ၏ စဉ်ဆက်မပြတ် တိုးလာမှုကို ခံစားရလေ ဖြစ်သည်။
တတိယ နန်းတော်ပင်လယ်၏ ဖွဲ့စည်းမှုသည် သူ့ခန္ဓာကိုယ်အတွက် ခွန်အားများစွာကို သုံးစွဲနိုင်ပြီး ကြီးမားလှသော ပထမအဆင့် နန်းတော်ပင်လယ်ကြီး သုံးစင်း၏ ရှင်သန်မှုအတွက် ရေအောက်ထဲက ဝိညာဥ်ချီဟာ ဆယ်ပုံတစ်ပုံကျော်သာ ရှိသည်။
နန်းတော်ပင်လယ် တစ်ခုထဲက ဝိညာဥ်ချီတောင် အများကြီး ဆိုလျှင် ပထမအဆင့် နန်းတော်ပင်လယ် သုံးစင်းတွင် စုဆောင်းရရှိသည့် ယွမ်ချီသည် အဆင့်တူညီသော သာမန် ကျင့်ကြံသူများထက် များစွာ သာလွန်နေသေးသည်။
ဝုန်း!
လုရွှမ်သည် ရေကန်ထဲမှ တိုက်ရိုက် ခုန်ထွက်လာပြီး ချက်ချင်း ဆိုသလိုပင် ကောင်းကင်ယံ၌ ဝိညာဉ်စွမ်းအင်များ ဆက်တိုက် ထွက်ပေါ်လာကာ သူ့ဆီသို့ မုန်တိုင်းတစ်ခုလို အပြေးအလွှား တိုးဝင်လာလေ၏။
နန်းတော်ပင်လယ်ကြီး သုံးစင်းသည် ဝိညာဉ်စွမ်းအင်များကို စုပ်ယူရန် အတူတကွ လည်ပတ်နေသည်။ ဝေလငါး တစ်ကောင်ကဲ့သို့ ချက်ချင်းစုပ်ယူကာ ဝိညာဉ်စွမ်းအင်များစွာကို လျင်မြန်စွာ သွပ်သွင်းလျက် ရှိသည်။
ဝိညာဥ်ချီများ လျင်မြန်စွာ ပြည့်လျှံလာတဲ့ ခံစားချက်က လုရွှမ်ကို အလွန် ပျော်ရွှင်သွားစေသည်။
မဆိုင်းမတွ ချက်ချင်းတင်ပျဉ်ခွေ ထိုင်ကာ ယွမ်စံအိမ် ဥယျာဉ် အနောက်ရှိ ဝိညာဥ်ချီများကို စုပ်ယူ၍ နန်းတော်ပင်လယ်ကို လုံးလုံးလျားလျား ပြည့်စေတော့သည်။
သူ မထိုင်နိုင်ခင်မှာပဲ ယန်လိထန်း သူ့ဆီကို အပြေးလာနေတာကို တွေ့လိုက်ရသည်။
"အစ်ကိုလု... ခင်ဗျား အသက်ရှင်နေသေးတာပဲ!"
"ဘာတွေဖြစ်နေတာလဲ?"
လုရွှမ်လည်း ရုတ်တရက် ဆိုးရွားတဲ့ ခံစားချက်ကို ရလိုက်သည်။ ယန်လိထန်းရဲ့ စကားတွေက ရိုးရိုးရှင်းရှင်းလေးပဲ။ သူ့အသံကအစ မိမိအား သေပြီဟု ထင်နေပုံရသည်။
"အစ်ကိုလု ရေကန်အောက်ခြေမှာ ရှိနေတာ နှစ်လလောက် ရှိသွားပြီ... လူတော်တော်များများက မင်းသေပြီလို့ပဲ ထင်နေကြတာ... လျိုမိသားစုက အရိပ်လူသတ်ခန်းမကို တိုက်ခိုက်ဖို့ အဂ္ဂိရတ်ပညာရှင် အဖွဲ့နဲ့ ပူးပေါင်းထားတယ်.... အစ်ကို့ရဲ့ လက်အောက်ခံ မော့ကောင်းရွှမ်းကြောင့်သာ မဟုတ်ရင် အစ်ကိုနဲ့ ပါလာတဲ့လူတွေ အကုန်သေလောက်ပြီ"
ယန်လိထန်းမှ ရှင်းပြလေသည်။
သူ့အတွက် နဂါးနှလုံးကို သန့်စင်ခြင်းက ခဏတာသာ ဖြစ်ပြီး အချိန်များ အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသော်လည်း အမှန်မှာ နှစ်လပြည့်သွားလေပြီ။
အခြေအနေများစွာကို ပြောင်းလဲတဲ့ နှစ်လအတောအတွင်းမှာ လျိုမိသားစုနဲ့ အဂ္ဂိရတ်ပညာရှင် အဖွဲ့က သူအဆိပ်မိပြီး သေမှာ သေချာတယ်လို့ ထင်တဲ့အတွက် ကြီးမားတဲ့ တိုက်ခိုက်မှုကို စတင်လိုက်ကြတာ ဖြစ်နိုင်သည်။
ဒါကိုကြားတော့ လုရွှမ် လုံးဝ မထိုင်နိုင်ဘဲ ဖီးနစ်ရဲ့ အတောင်ပံတွေကို တိုက်ရိုက်ဖြန့်ကာ အရိပ်လူသတ်ခန်းမ ရှိရာဆီကို ပျံသန်းထွက်လာခဲ့သည်။
အဝေးမှ ကြည့်လိုက်တဲ့အခါ အရိပ်လူသတ်ခန်းမ တစ်ခုလုံး ရှုပ်ပွနေပြီး အတွင်းရှိ အဆောက်အဦများ လုံးဝပျက်စီးသွားကာ အခြေခံအားဖြင့် လူမရှိတော့သလိုတောင် ထင်ရသည်။
လုရွှမ် အရိပ်လူသတ်ခန်းမ၏ မြေပြင်ပေါ်သို့ ဆင်းလာသည်နှင့် ခပ်စူးစူး အသံတစ်သံကို ကြားလိုက်ရသည်။
"ဘယ်သူလဲ!"
"မျက်စိကန်းနေတာလား? အရိပ်လူသတ်ခန်းမကို ကျူးကျော်ရဲတယ်ပေါ့!"
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ကျင့်ကြံသူ သုံးယောက်သည် အဆောက်အဦး တစ်ခုထဲမှ ပြေးထွက်လာပြီး လုရွှမ်အား အော်ပြောလိုက်သည်။
လုရွှမ် ပျံသန်းလာခဲ့တာကို မတွေ့ခဲ့ရတာကြောင့် သူ့နောက်မှာ ဖြန့်ထားတဲ့ ဖီးနစ်တောင်ပံတွေကိုလည်း မတွေ့လိုက်ရချေ။
"မင်းတို့က ဘယ်သူလဲ??"
လုရွှမ် မျက်ခုံးတွေကို တွန့်ချိုးထားလျက်။
ဤလူများသည် လျိုမိသားစုမှ သို့မဟုတ် အဂ္ဂိရတ်ပညာရှင် အဖွဲ့မှ ဖြစ်နိုင်ကြောင်း သူသိသော်လည်း ရှင်းရှင်းလင်းလင်း သိအောင် အရင် မေးလိုက်သည်။
"ဟားဟား.... ကောင်လေး မင်းအပြင်ကနေ အခုမှ အရိပ်လူသတ်ခန်းမကို ပြန်ရောက်လာတာ ထင်တယ်... ဒီနေရာကို ငါတို့ လျိုမိသားစုက သိမ်းပိုက်ထားမှန်းတောင် မင်းမသိဘူးလား"
ကျင့်ကြံသူ တစ်ယောက်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့မျက်လုံးတွေက မထီမဲ့မြင်ပြုခြင်း အပြည့်ဖြင့်။
အရိပ်လူသတ်ခန်းမကို သူတို့ သိမ်းပိုက်လိုက်ပြီးပြီ။ ဒီလူသတ်သမားတွေက အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်တဲ့ လူတွေသာဖြစ်လို့ စိုးရိမ်စရာ မရှိချေ။
"လျိုမိသားစုက သေလမ်းကို ရှာနေတာ ဆိုရင်တော့ ပြင်ဆင်ထားတာ အကောင်းဆုံးပဲ!"
လုရွှမ် မျက်ခုံးပင့်ကာ သူ့ရှေ့က လူအနည်းငယ်ဆီ ပြေးထွက်သွားလေသည်။
"သေချင်နေပြီပဲ!"
သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ကျင့်ကြံသူ တစ်ယောက်မှာ ဒီလူသတ်သမားက သူတို့ကို တိုက်ခိုက်ရဲမယ်လို့ မမျှော်လင့်ထားဘဲ အော်ဟစ်ပြီး ပြေးထွက်လာခဲ့၏။
သူ့မျက်လုံးထဲမှာ အဆင့်၅ ကျင့်ကြံသူလေးက သူ့ကိုတိုက်ခိုက် လာတာဟာ သေလမ်းရှာနေသလိုပဲ ဖြစ်ပေသည်။
အဆင့်၈ ကျင့်ကြံသူသည် သူ့ရှေ့မှ လူငယ်လေးဟာ မကြာခင် ရင်ဘတ်တစ်ခုလုံး ပွင့်ထွက်သွားတော့မှာကို တွေးမိပြီး ဝမ်းသာသွားသည်။ ပုံရိပ်နှစ်ခု ထိပ်တိုက် ဆုံလေပြီ။
"ဟမ့်!"
အေးစက်သော နှာမှုတ်သံနှင့်အတူ သူသည် လုရွှမ်၏ ရင်ဘတ်ကို တိုက်ရိုက် ထိုးချလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် သူ့ရင်ဘတ်က နာကျင်မှုကိုလည်း ခံစားလိုက်ရပြီး အခြားတစ်ဖက်ကလည်း သူ့ရင်ဘတ်ကို ထိုးချလိုက်လေသည်။ ခဏကြာတော့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ကျင့်ကြံသူမှာ တစ်ခုခု မှားနေပြီဟု သိလိုက်သော်လည်း နောက်ကျသွားပြီ။
နှစ်ယောက်သား တစ်ပြိုင်တည်း နောက်ပြန် ခွဲခွာသွားကြသည်။
ထို့နောက် တခြားလူများသည် လူငယ်လေး ဂုဏ်ယူစွာ မတ်တတ် ရပ်နေတာကို တွေ့လိုက်ကြပြီး ၎င်းတို့၏ အဖော်ဖြစ်သော အဆင့်၈ ကျင့်ကြံသူကတော့ မြေပြင်ပေါ်သို့ ခေါက်ကနဲ လဲကျသွား၏။ မကြာမီတွင် သူ့တစ်ကိုယ်လုံး အကြောသေသွားကဲ့သို့ ရပ်တန့်သွားတော့သည်။
လုရွှမ်သည် သူ့စွမ်းအင်ကို ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲကို ထိုးဖောက်ပြီး သူ့အရိုးနဲ့ အသွေးအသား တစ်ခုလုံးကို ကွဲကြေသွားစေခဲ့သည်။ အပြင်ဘက်မှ ကြည့်လျှင် အကောင်းအတိုင်း မြင်ရသော်ငြား အတွင်းပိုင်းတွင်တော့ လုံးဝ ပျက်စီးသွားပြီ။
ပြီးတော့ ပြိုင်ဘက်ရဲ့ လက်သီးချက်က သူ့ရဲ့ လက်ရှိ အားကောင်းမောင်းသန် ကိုယ်ခန္ဓာအတွက်ကတော့ သာမန် လူကြီးတစ်ယောက်ရဲ့ ရင်ဘတ်ကို လာထိုးတဲ့ နှစ်နှစ် သုံးနှစ်အရွယ် ကလေးတစ်ယောက်ရဲ့ အားနဲ့ ဘာမှမကွာတော့ချေ။
"ဘာ?"
"မင်း……"
အခြားသော အဆင့်၈ ကျင့်ကြံသူတို့သည် ကြည့်ကောင်းတဲ့ ပြဇာတ်လေးကို ကြည့်ရှုဖို့ စောင့်ဆိုင်းနေကြသော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသော အခါတွင်တော့ အားလုံး အံသြသွားကြသည်။
အရိပ်လူသတ်ခန်းမမှာ အဆင့်၈ ကျင့်ကြံသူ စုစုပေါင်း ၃ယောက်ရှိရင် မြို့ထောင်ချီမဟာမိတ်မှာ ထိပ်တန်း တည်ရှိမှုမျိုး ဖြစ်နေပြီ။ သူတို့အမြင်မှာတော့ လုရွှမ်ကို မတွေ့တာ ၂လလောက် ရှိနေပြီမလို့ သေပြီဟုသာ ထင်နေကြ၏။
သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ မော့ကောင်းရွှမ်းကို ထွက်ခွာစေခဲ့ပြီး အရိပ်လူသတ်ခန်းမသို့ ပြန်သွားသော လက်ကျန် လူသတ်သမားများကို သူတို့ အဆင့်၈ သုံးဦးတည်းနဲ့ ရင်ဆိုင်ရန် လုံလောက်လေသည်။
သို့သော် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ ကျင့်ကြံသူလေးက ၎င်းတို့သုံးဦးအနက်မှ တစ်ဦးကို လက်သီး တစ်ချက်တည်းဖြင့် ထိုးသတ်နိုင်လိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။
"မင်းက ဘယ်သူလဲ!"
ဒီနှစ်ယောက်ဟာ ဘယ်လောက်ပဲ တုံးအ နေပါစေ တစ်ခုခုတော့ မှားနေပြီဆိုတာ သိလိုက်ပြီမို့ သတိအပြည့်နဲ့ ကြည့်နေလိုက်သည်။
"လုရွှမ်!"
လုရွှမ် သိပ်ဂရုမစိုက်ချင်တဲ့ ပုံစံနဲ့ သူ့နာမည်ကို မိတ်ဆက်ပေးလိုက်သည်။
"လုရွှမ်?"
"အဲဒီလူသတ် နတ်ဘုရားက မသေဘူးလား!"
“ထွက်ပြေးတော့!”
လူနှစ်ယောက်၏ အတွေးများသည် အထပ်ထပ် တောက်လောင်နေပြီး ခဏအတွင်း လွတ်မြောက်ရန် ရွေးချယ်လိုက်ကြသည်။
လွန်ခဲ့တဲ့ နှစ်လက လုရွှမ်ဟာ တော်ဝင်အင်ပါယာ ထိပ်သီးစာရင်းထဲက နံပါတ်၃ ရှီးမန်ဝေ့ကို သတ်နိုင်ခဲ့ပြီး သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့် (၈) ကျင့်ကြံသူတွေကိုလည်း ခေါင်းဖြတ်သတ်ခဲ့သူပင်။
သူတို့အဖော် အခုလေးတင် အထိုးခံရပြီး အသတ်ခံခဲ့ရတာ လုံးဝ အံ့ဩစရာ မရှိတော့ပေ။ ဒီလူက မြို့ထောင်ချီမဟာမိတ်ရဲ့ လူသတ်နတ်ဘုရား ဖြစ်နေတာပဲ။
နှစ်ယောက်သား လမ်းခွဲလိုက်ကြပြီး အသက်လု ထွက်ပြေးကြတော့သည်။ ၎င်းတို့အနက်မှ တစ်ဦးကို လိုက်လျှင် ကျန်တစ်ဦးမှာ လွတ်မြောက်ရန် အခွင့်အလမ်း ရှိလိမ့်မည်ကို ကောင်းစွာ သိထားကြသည်။
ပုံသဏ္ဌာန်၂ခု တဖျပ်ဖျပ် ခတ်နေချိန်၌ သူတို့နှစ်ဦးသည် လှိုင်းလုံးကြီးများ ဝန်းရံနေသော ပင်လယ်နက် အတွင်း၌ ရှိနေသကဲ့သို့ ရုတ်တရက် နှလုံးခုန်သံများ ရပ်တန့်သွားသလို ခံစားလိုက်ရပြီး ခြေလှမ်းတိုင်းကို ကြီးမားသော စွမ်းအင်တစ်ခုက ဖိနှိပ်ထားသလိုပင်။
သူတို့ ထွက်ပြေးဖို့ ပြင်ဆင်နေတာကို မြင်တော့ လုရွှမ်က သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ချက်ချင်း ထုတ်လွှတ်ချလိုက်ပြီး သူတို့ရဲ့အရှိန်ကို ချက်ချင်းကြီး ထိခိုက်သွားစေသည်။
ဖီးနစ် အတောင်များကို ဖြန့်ချရင်း လုရွှမ်သည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ကျင့်ကြံသူ နောက်သို့ လျင်မြန်စွာ လိုက်ချသွား၏။
ဖုန်း!
တစ်ယောက်ကို လက်တစ်ချက်တည်းနဲ့ လေထဲသို့ ခေါက်တင်လိုက်သည်။
လက်သီးရဲ့ ပြင်းထန်တဲ့ တွန်းအားအောက်မှာ ထိုအဆင့်၈ ကျင့်ကြံသူဟာ ဘောလုံး တစ်လုံးလို လေပေါ်ကန်ထုတ် ခံလိုက်ရပြီး အနက်ရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွား၏။
ထိုကျင့်ကြံသူ ဘယ်နေရာမှာ ပြန်ပြုတ်ကျ လာမလဲဆိုတာ အရေးမကြီးတော့ချေ။ အကြောင်းမှာ ထိုလူကို လက်သီးတစ်ချက်နဲ့ တိုက်ခိုက်လိုက်တဲ့ အချိန်ကတည်းက သူသေနေပြီ ဆိုတာကို လုရွှမ် ရှင်းရှင်းလင်းလင်း သိထားလို့ပဲ ဖြစ်သည်။
ဝူး!
လူတစ်ဦးကို အပြတ်ရှင်းပြီးနောက် လုရွှမ် ထောင့်တစ်နေရာကို ဖျတ်ကနဲ ပြေးထွက်သွားကာ နောက်ထပ် အဆင့်၈ ကျင့်ကြံသူ တစ်ယောက်နောက် ပြေးသွားခဲ့သည်။