← Chapters

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆

Vol. 35 Ch. 4.41

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆

Vol. 35 Ch. 4.41

တချို့ ကျင့်ကြံသူများသည် တချို့သော ကျင့်ကြံချိန်များတွင် အလွန်နာခံလေ့ရှိသော ဝိညာဉ်စွမ်းအင်နှင့် ခန္ဓာကိုယ်ထဲသို့ အလွယ်တကူ စုပ်ယူနိုင်သော ဝိညာဉ်ချီများသည် ယခုအချိန်တွင် နာခံမှု မရှိတော့ကြောင်း ရှင်းရှင်းလင်းလင်း ခံစားလာနိုင်သည်။

ဝိညာဥ်ချီများသည် အသစ်အဆန်း အရုပ်များကို မြင်ဖူးသည့် ကလေးများလို စိတ်ဝင်စားစရာ အရုပ်များစွာရှိသည့် နေရာကို အပြေးအလွှား သွားနေကြလေသည်။

“ဘာတွေဖြစ်နေတာလဲ!”

ကျင့်​ကြံသူများသည် လေ့ကျင့်နေရင်း တန်းလန်းမှ မျက်လုံးများကို ဖွင့်လျက် မတ်တပ်ရပ်ကာ တံခါးအပြင်သို့ ပြေးထွက်လာကြသည်။

ဝိညာဉ်စွမ်းအင် စီးကြောင်းများက ဝိညာဉ် အခိုးအငွေ့များ အဖြစ် ဖြစ်ပေါ်လာကာ တစ်နေရာဆီသို့ အပြေးအလွှား စုဝေးသွားကြသည်။

မကြာမီတွင် မျှော်စင်ကိုးထပ်နှင့် မနီးမဝေးတွင် ခရမ်းရောင် အလင်းတန်းများဖြင့် ဖွဲ့စည်းထားသော ထောင်ချောက် တစ်ခုထဲရှိ လူငယ်တစ်ဦးဆီကို ထိုဝိညာဉ် အခိုးအငွေ့များ အဆက်မပြတ် ထိုးဖောက် ဝင်ရောက်သွားတာကို တွေ့လိုက်ရ​လေသည်။

"အဲဒီကောင်လေးက ဘယ်သူလဲ?"

"ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ ကျင့်​​ကြံမှု စွမ်းရည်လဲ!"

အချိန်အတော်ကြာ ကျင့်ကြံနေခဲ့ပြီး မကြာသေးမီက ဖြစ်ပျက်ခဲ့သည်ကို မသိသော အဂ္ဂိရတ်ပညာရှင် တချို့သည် အချင်းချင်း ဆက်သွယ် ပြောဆိုလာကြသည်။

သို့သော် ခဏအကြာတွင် လုရွှမ် ရပ်တန့်သွား၏။

မိနစ်အနည်းငယ် အကြာတွင် အဂ္ဂိရတ်ပညာရှင်အဖွဲ့မှ ဝိညာဥ်ချီများကို သူစုပ်ယူသွားပြီးလို့ အာရုံစူးစိုက်မှုသည်လည်း ပုံမှန် ပြန်ဖြစ်လာခဲ့သည်။

သူ၏လက်ရှိ ကျင့်​ကြံမှု အခြေခံဟာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅ ပြီးပြည့်စုံသောကာလကို ရောက်ရှိနေပြီ။ အဆင့်၆နဲ့ ခြေတစ်လှမ်းသာ ကွာတော့သော်ငြား ဝိညာဉ်စွမ်းအင် ထောက်ပံ့မှုက မလုံလောက်ချေ။

သာမန် အာရုံစူးစိုက်မှုကို မှီခိုအားထားရင်း နယ်ပယ်ကို ဖြတ်ကျော်ရပါက တစ်လခန့် အချိန်ယူရမည် ဖြစ်ပြီး သူကတော့ ထိုကာလကို လုံးဝ သည်းမခံနိုင်ပေ။

"အဲဒီကောင်လေးက လုရွှမ်... သူက အဂ္ဂိရတ်ပညာရှင် အဖွဲ့ကို ပြဿနာရှာဖို့ လာတာ..."

လူအုပ်ထဲက တစ်ယောက်ယောက်က လုရွှမ်ကို မှတ်မိသွားပြီး ကျယ်လောင်စွာ ထအော်လိုက်၏။

"လုရွှမ်?"

"သူ့ကိုသတ်!"

ကြွေးကြော်သံများနှင့်အတူ အဂ္ဂိရတ်ပညာရှင် အဖွဲ့များထဲက သန်မာသူများသည် အခင်းအကျင်းတွင် ပိတ်မိနေသော လုရွှမ်ကို တိုက်ခိုက်လာကြသည်။

ခရမ်းရောင် အလင်းကွင်းဆက်မှ တဆင့် လုရွှမ်ဆီသို့ စွမ်းအင် အစက်အပြောက်များ ရောက်ရှိလာ၏။ ဤအခင်းအကျင်း ဖွဲ့စည်းပုံမျိုးသည်အတွင်းမှ အပြင်ကို မတိုက်ခိုက်နိုင်ပေမယ့် အပြင်ကနေတော့ အတားအဆီးမရှိဘဲ အတွင်းက လူများကို တိုက်ခိုက်နိုင်သည်။

တိုက်ခိုက်လာတာတွေကို မြင်တော့ လုရွှမ် ခေါင်းအသာ ခါလိုက်သည်။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ကျင့်ကြံသူတွေတောင် နဂါးနှလုံး သန့်စင်ထားတဲ့ သူ့အပေါ်ကို သက်ရောက်မှု မရှိတာ ဒီလူတွေလောက်ကတော့ ပြောစရာပင် မလိုတော့ပေ။

လုရွှမ်ရဲ့ ခန္ဓာကိုယ်ကို တိုက်ခိုက်မှု စွမ်းအင်များ တစ်ခုပြီးတစ်ခု ထိခတ်သွားသော်ငြား တုန်လှုပ်သွားခြင်း လုံးဝ မရှိပေ။

တိုက်ခိုက်နေသော လူအုပ်ကို အာရုံစိုက်ရန် ပျင်းလွန်းသဖြင့် လုရွှမ်သည် သူ့ရဲ့ စိတ်ဝိညာဉ်ကို ရွေ့လျား၍ ကျောက်စိမ်းပြားရဲ့ နေရာလွတ်ထဲ ဝိညာဉ်ကျောက်တုံးများကို ကွဲအက်သွား​စေလိုက်သည်။

ဤဝိညာဥ် ကျောက်တုံးများတွင် ပါရှိသော ဝိညာဉ်စွမ်းအင်ကို သူ အရူးအမူး ထုတ်ယူပြီး သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားစေ၏။

အပြင်မှ ဝိညာဉ်စွမ်းအင် စုပ်ယူမှု နှေးကွေးသောကြောင့် ဝိညာဉ်ကျောက်တုံးများကို အသုံးပြုရမည်။ ဘာပဲဖြစ်ဖြစ် သူတို့မှာက ဝိညာဥ်ချီတွေ အများကြီး ရှိသည်လေ။

ဘိ!

ဝိညာဉ်ကျောက်တုံးထဲက ဝိညာဉ်ချီတွေ သူ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားတဲ့အခါ လုရွှမ်လည်း သူ့ခန္ဓာကိုယ်က တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ကို အောင်မြင်စွာ ဖြတ်ကျော်ပြီး လူတစ်စုရဲ့ တိုက်ခိုက်မှု အောက်မှာပဲ သူ့ရဲ့ ကျင့်ကြံမှုကို အဆင့်၆အထိ တိုးမြှင့်နိုင်ခဲ့သည်။

"သတ်!"

"ဒီကောင်လေးကို ချန်ထားလို့ မဖြစ်ဘူး!"

မူလက စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေသော အဂ္ဂိရတ်အဖွဲ့မှ သခင်များစွာသည် လုရွှမ်က မသေတဲ့အပြင် အဆင့်ပါ မြင့်သွားတာကို တွေ့လိုက်ရသဖြင့် ချက်ချင်းဆိုသလို အရှက်ကွဲသွားကာ ပြင်းထန်သော အကျပ်အတည်း တစ်ခုနဲ့ တွေ့သွားတော့သည်။

ဒီလို အဆင့်တက်မြန်တဲ့ ရန်သူကို ချန်ထားလိုက်ရင် အဂ္ဂိရတ်ပညာရှင် အဖွဲ့အတွက် ကပ်ဆိုးကြီးတစ်ခု ဖြစ်လာလိမ့်မည်။

ချက်ခင်းပင် အခြားသော သခင်အုပ်စုကလည်း လုရွှမ်ကို တိုက်ခိုက်နေတဲ့ အဖွဲ့ဆီသို့ ရောက်ရှိလာ​ကြသည်။

တိုက်ခိုက်မှုများက တစ်ခုပြီးတစ်ခု ရောက်ရှိလာနေဆဲပင်။ ထိုလူများ၏ တိုက်ခိုက်မှုများသည် အရောင်မျိုးစုံသော စွမ်းအင်များဖြင့် ပြည့်နှက်နေကာ ဘောလုံးတစ်လုံးလို အခင်းအကျင်းထဲ ပိတ်မိနေသော လုရွှမ်ကို ထိခတ်နေ၏။

သို့သော်လည်း အဂ္ဂိရတ်ပညာအား လေ့ကျင့်သူများသည် စစ်တပ်ထဲရှိ စစ်သည်များနှင့် မတူချေ။ စစ်သည်တို့သည် စနစ်တကျ လေ့ကျင့်မှု များကို ခံယူပြီး စစ်ရေးဗျူဟာကဲ့သို့ ပေါင်းစပ် တိုက်ခိုက်မှုများတွင် ကျွမ်းကျင်ကြသည်။

လုရွှမ်ကို တိုက်ခိုက်လာသည့် လေ့ကျင့်သူ အများအပြား ရှိသော်လည်း ၎င်းတို့၏ ခွန်အားကို တစ်စုတစ်စည်းတည်း ပေါင်း၍ မရကြပေ။

ထို့ကြောင့် ဤထိုးနှက်ချက်များသည် လုရွှမ်အပေါ် သက်ရောက်မှု မရှိပေ။ ထိခတ်မှု အနည်းငယ်ကို ခံစားရသော်လည်း မျက်လုံးက မှိတ်ထားဆဲပင်။

အဆင့်၆ကို မြှင့်တင်နိုင်သော်လည်း နန်းတော်ပင်လယ်ကြီး သုံးစင်းသည် တစ်ဝက်သာ ပြည့်သေးတဲ့အတွက် ဆိုလိုတာက သူနယ်ပယ်ကို ဆက်မြှင့်တင်နိုင်သေးသည်။

ကျောက်စိမ်းပြား အတွင်းရှိ သောင်းဂဏန်းရှိသော ဝိညာဉ်ကျောက်တုံးများသည် တောင်တန်းကြီးလို စုပုံလာကာ လျင်မြန်စွာ ကွဲအက်သွားကြသည်။ လုရွှမ် အတွင်းမှ ဝိညာဉ်စွမ်းအင်များကို ထုတ်ယူကာ ခန္ဓာကိုယ်အတွင်းသို့ လျင်မြန်စွာ ပြန်လည် ဖြည့်တင်းလိုက်သည်။

ဒါဇင်နဲ့ချီတဲ့ ဝိညာဉ်ကျောက်တုံးတွေဟာ အဆက်မပြတ် ကွဲကြေနေရပြီး သန့်စင်တဲ့ စွမ်းအင်ပမာဏလည်း အများအပြား ထိုးတက်လာ၏။

အစပိုင်းမှာတော့ ဝိညာဉ်ကျောက်တုံးလေးဟာ သူ့နယ်ပယ်ကို တိုးတက်အောင် စွမ်းဆောင်နိုင်ပေမယ့် ဒီအချိန်မှာ သောင်းနဲ့ချီတဲ့ ဝိညာဉ်ကျောက်တုံးတွေကို သုံးစွဲတာက ကြောက်စရာကောင်းတယ် ဆိုတဲ့ စကားလုံးရဲ့ ကွာဟချက်ကို ပြသနေလေသည်။

ပြင်ပရှိ အဂ္ဂိရတ်ဆရာများ အဖွဲ့တွင်တော့ ပြင်းထန်သော တိုက်ခိုက်မှုများကို တစ်ခုပြီး တစ်ခု ​လုပ်ဆောင်ပြီးနောက် အားလုံး ရပ်တန့်သွားကြသည်။ ၎င်းတို့၏ အတွေ့အကြုံအရ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ကျင့်ကြံသူပင် ယခုလို တိုက်ခိုက်မှုကို မခံနိုင်ပေ။

တိုက်ခိုက်မှုတွေ ရပ်တန့်သွားတော့ အခင်းအကျင်းထဲက အရောင်စုံ စွမ်းအင်များလည်း ပျောက်ကွယ်သွားခဲ့သည်။ သူတို့ကို အံ့အားသင့်သွား​စေသော အရာမှာ လုရွှမ်ဟာ သူ့နေရာကနေတောင် လုံးဝ မရွေ့ဘဲ အလယ်မှာ ဂုဏ်ယူစွာ ရပ်နေခြင်းပင်။

သူက ကျောက်စိမ်းပြားထဲက ဝိညာဥ်ချီတွေကို စားသုံးနေဆဲ ဖြစ်သည်။ လုရွှမ် ဝိညာဉ်ကျောက်တုံးများထဲက ဝိညာဥ်ချီ ဆုံးရှုံးသွားသည့် အရှိန်ကို ကောင်းစွာ သဘောပေါက်ထားသည်။

သေမျိုးအသွင်​ပြောင်းခြင်း နယ်ပယ် အဆင့်၆မှ စတင်ကာ သန်းပေါင်းများစွာသော ဝိညာဉ်ကျောက်တုံးများကို စားသုံးခဲ့ရာ ပထမအဆင့် နန်းတော်ပင်လယ် သုံးစင်သည် နောက်ဆုံးတွင် ပြည့်တော့မည် ဖြစ်သည်။

ဝိညာဥ်ကျောက်တုံး အလုံး ရှစ်ရာ၊ ကိုးရာ၊ ဆယ်သန်း!

ဆယ့်တစ်သန်း၊ တစ်ဆယ့်နှစ်သန်း!

ပထမအဆင့် နန်း​တော်ပင်လယ် သုံးခုလုံး ဝိညာဥ်ချီများဖြင့် ပြည့်သွားလေပြီ။

အဂ္ဂိရတ်ပညာရှင် အဖွဲ့၏ ဝိုင်းရံထားမှု အောက်တွင် လုရွှမ်သည် သူ၏ကျင့်​ကြံမှု အဆင့်ကို ပြောင်ပြောင်တင်းတင်း မြှင့်တင်လိုက်ရာ နန်းတော်ပင်လယ်ကြီး သုံးခုစလုံး ပြည့်သွားကာ အဆင့်၇ကိုပါ တက်လှမ်းနိုင်ခဲ့သည်။

ဝိညာဉ်စွမ်းအင်ရဲ့ စွမ်းအားလည်း ဆယ်ဆ တိုးလာပြန်သည်။ သူအစောက ပိတ်မိနေချိန်နဲ့ နှိုင်းယှဉ်ပါက ဝိညာဉ်စွမ်းအင်သည် အဆ တစ်ရာအထိ တိုးလာပြီ ဖြစ်၏။

အဂ္ဂိရတ်ပညာရှင် အဖွဲ့ တစ်ခုလုံးရှိ လေ့ကျင့်သူများ အားလုံး အံသြသွားကြသည်။

ထောင်ချောက်ထဲမှာ ပိတ်နေတဲ့ လူက မကောင်းဆိုးဝါး များလား? တိုက်ခိုက်မှုကိာ အပြင်းအထန် ခံရလေ အဆင့်တက်တာ ပိုမြန်လေပဲ!

ဘယ်လိုဖြစ်တာလဲ?

လူတော်တော်များများက ကိုယ့်လက်ကို ငုံ့ကြည့်ရင်း ဆက်လက် တိုက်ခိုက်ဖို့ တွန့်ဆုတ်သွားကြသည်။ ဒီလူဟာ လေ့ကျင့်မှုမှာ အထူးကျွမ်းကျင်တယ်ဆိုရင် သူ့နယ်ပယ်ကို တိုးမြင့်လာဖို့အတွက် တခြားသူတွေရဲ့ တိုက်ခိုက်မှုတွေကို စုပ်ယူနိုင်တယ်။

သူတို့သာ ဆက်တိုက်ခိုက်နေမယ် ဆိုရင် ဒီကောင်က မသေတဲ့အပြင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈အထိ ရောက်သွားနိုင်မလား မသိဘူး??

"ဟာဟားဟား!"

လုရွှမ် ကျေနပ်စွာ ရယ်မောလိုက်သည်။ သူ့နယ်ပယ်ကို တိုးတက်အောင် လုပ်ဆောင်နိုင်သေးတာပဲ။ ဖီးနစ်အမွေးကို စုပ်ယူလိုက်တဲ့ အခါတုန်းက ဂိုဏ်းဆရာနယ်ပယ်ကနေ အဓိပတိနယ်ပယ်အထိ တိုက်ရိုက် ဝင်ရောက်ခဲ့သည်။

နဂါးနှလုံးကို သန့်စင်နိုင်လိုက်တာလည်း ထိုနည်းတူပင်။

"အချိန်တန်ပြီ!"

ဤအခိုက်အတန့်တွင် လုရွှမ်သည် နယ်ပယ်နှစ်ခုကို ဖြတ်ကျော်ခြင်း၏ အကူအညီဖြင့် သူ၏ဝိညာဉ်စွမ်းအင်ကို အထွတ်အထိပ်သို့တွန်းပို့ခဲ့သည်။

သူ့ထက် အဆင့်မြင့်မားတဲ့ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ လှောင်အိမ်အပြင်မှာ ရှိနေဆဲပင်။ ရန်သူတွေက ဝိုင်းရံထားပေမယ့် သူနဲ့ ဘာမှ မသက်ဆိုင်သလို အဆင့်မြှင့်ဖို့ အချိန်ကိုတောင် ရှာခဲ့သေးသည်။

ဒီခံစားချက်က ဖော်မပြနိုင်လောက်အောင် ရွှင်မြူးလာစေ၏။ သူ့ရှေ့ရှိ အဂ္ဂိရတ်ပညာရှင် အဖွဲ့မှ ပညာရှင်များကို ကြည့်လိုက်သောအခါ လုရွှမ်အတွက် သူတို့ဟာ ကြက်ကလေး ခွေးကလေးတွေလောက်သာ ရှိကာ တစ်ချက် ထိုးလိုက်တာနဲ့ လဲကျသွားလိမ့်မယ်လို့ ခံစားမိလာသည်။

အသက်ပြင်းပြင်းရှူရင်း သူ့ခွန်အားကို အထွတ်အထိပ်သို့ စုစည်း၍ လက်တစ်ချက် ဝေ့ယမ်းလိုက်သည်။

All Chapters