← Chapters

ချိုင့်ဝှမ်းအတွင်းသို့

Vol. 35 Ch. 4.44

ချိုင့်ဝှမ်းအတွင်းသို့

Vol. 35 Ch. 4.44

လုရွှမ် နှစ်နာရီလောက် အရှိန်ပြင်းပြင်းဖြင့် ပျံသန်းလာပြီးနောက် ကျယ်ပြန့်သော တောင်တန်းတစ်ခု သူ့မျက်စိရှေ့တွင် ပေါ်လာသည်။ ယခုဆို မြို့ထောင်ချီမဟာမိတ်နဲ့ မိုင်ထောင်ချီ ဝေးကွာနေပြီ ဖြစ်သည်။

မော့ကောင်းရွှမ်း နှင့် အခြားသူတို့သည် သုံးရက်အတွင်း မိုင်ထောင်ပေါင်းများစွာ အမဲလိုက်ခြင်း ခံ​နေရသောကြောင့် ၎င်းတို့ အခြေအနေက ဆိုးရွားနေ​လောက်သည်။

ချိလော့တောင်သည် ကျယ်ပြောပြီး အကန့်အသတ် မရှိပေ။ တစ်ချက် ကြည့်လိုက်ရုံဖြင့် အဆုံးမသတ်နိုင်သော တောင်ထိပ်များစွာသည် မီတာသောင်းနှင့်ချီ မြင့်ကာ အံ့သြစရာကောင်းလောက်အောင် ဆင်တူလှသည်။

လုရွှမ် နတ်မျက်စိအမှတ်ကို ဖွင့်ထားပြီး ဖြစ်ကာ ကီလိုမီတာ ဒါဇင်များစွာ အကွာက တောင်ထွတ်တစ်ခုပေါ်က လူများစွာကို တွေ့မြင်နိုင်၏။ ၎င်းသည် လျိုမိသားစု၏ ကျွန်စစ်တပ်သာ ဖြစ်ရမည်။

ဖီးနစ် အတောင်ပံများကို အထပ်ထပ် ခါခတ်ကာ ထိုတောင်ထွတ်ဆီသို့ လျင်မြန်စွာ ပျံသန်းလာခဲ့သည်။ တောင်ထွတ်နှင့် နီးကပ်လာသောအခါ လုရွှမ် ဖီးနစ်အတောင်များကို ဖျောက်ထားလိုက်သည်။ ဖီးနစ်အတောင်တွေက ထင်ရှားလွန်းလို့ တခြားလူတွေ သူ့ရောက်လာမှန်း သိသွားနိုင်သည်။

တောင်ထိပ်ပေါ်ရှိ စိမ်းလန်းစိုပြေသော သစ်ပင်များ၏ အကူအညီဖြင့် လုရွှမ်သည် လျိုမိသားစု၏ စစ်တပ်ရှိရာ အရပ်သို့ လျင်မြန်စွာရောက်ရှိလာ၏။ မရောက်ခင် အဝေးမှလိုက်ကာ သူ့ရုပ်ကိုလည်း ဖျက်ထားလိုက်သည်။

ဖြည်းညှင်းစွာ လိုက်လာပြီး သိပ်မကြာခင်မှာ လုရွှမ်သည် လေပြင်း တိုက်ခတ်သွားသလို တခဏချင်း ပြေးထွက်သွား၏။

သူ့နောက်ကွယ်မှ လှုပ်ရှားမှုကို အာရုံခံမိလိုက်တဲ့ အဓိပတိနယ်ပယ်ရှိ ဤကျွန်စစ်သားသည် အလျင်အမြန် လှည့်ကြည့်လိုက်သော်လည်း ဘာကိုမှ မမြင်လိုက်ရဘဲ ရေခဲဂူထဲသို့ ကျသွားသလိုမျိုး ပြင်းထန်သော အင်အားဖြင့် ဖိနှိပ်ခံလိုက်ရကာ ပါးစပ်အပါအဝင် သူ့တစ်ကိုယ်လုံး မလှုပ်ရှားနိုင်ဘဲ ချက်ချင်းပင် အေးခဲသွားသည်။

စိတ်ဝိညာဉ်စွမ်းအားပင်!

လုရွှမ် သူ့လက်ကို ဆန့်တန်းကာ ကျွန်စစ်သား၏ ခေါင်းနောက်ကို ပွတ်သပ်ရင်း ဝိညာဉ်စွမ်းအားကို မြှင့်တင်လိုက်သည်။ ထိုကျွန်စစ်သားသည် အိပ်ပျော်နေပုံ ရသော်လည်း အမှန်တကယ်တော့ သူသည် လုံးဝသေဆုံးသွားပြီ ဖြစ်သည်။

လုရွှမ် ထိုလူရဲ့ အင်္ကျီတွေကို ပြောင်းလဲ ဝတ်ဆင်ထားလိုက်သည်။

"အစ်ကို.... အဲဒီလူတွေက ဘယ်မှာလဲ? ကျွန်တော်တို့ ရှာနေတာ ရက်အတော်ကြာပြီ... ဒီအတိုင်းဆက်သွားရင် လူတွေ မောပန်း​ပြီး သေကုန်လိမ့်မယ်"

လုရွှမ်က ကျွန်စစ်သား တစ်ယောက်ဆီ သွား၍ ညည်းညူလိုက်သည်။

“အဆင်ပြေပါတယ်”

ကျွန်စစ်သားက သူ့မျက်နှာပေါ်က အံ့သြတကြီး အကြည့်နဲ့ ပြန်ကြည့်လာ၏။ ကျင့်ကြံသူ တစ်ယောက်အနေနဲ့ အနည်းဆုံး အဓိပတိနယ်ပယ် ရောက်တဲ့အခါ ရက်အနည်းငယ် လျှောက်ပြီးနောက် ပင်ပန်း နွမ်းနယ်နေတာက သိပ်တော့ မဟုတ်သေးချေ။

ထိုကျွန်စစ်သားက ဆက်ပြောလာ၏။

"အရိပ်လူသတ်ခန်းမက လူတွေက ကျွယ်ဂူချိုင့်ဝှမ်း တစ်ခုထဲမှာ ပိတ်မိနေကြတာတဲ့... ငါတို့က သူတို့ကို လေးဖက်လေးရံကနေ ပိတ်ဆို့ထားပြီး အပြင်ဘက်ကနေ စောင့်ကြည့်နေရမှာ...သူတို့ ထွက်လာတာနဲ့ ထွက်ပြေးမယ့် လမ်းကြောင်းကို ပိတ်ထားလိုက်ရုံပဲ"

ကျွန်တပ်သားများသည် အခြေခံအားဖြင့် တစ်ဦးနှင့်တစ်ဦး မတွေ့ဖူးကြသလို သိခဲလှသည်။

"ဒီအချိန်မှာ သူတို့ မလွတ်မြောက်နိုင်ဖို့ မျှော်လင့်တယ်... အဲဒါဆို ကျွန်တော်တို့ ဒီတောထဲမှာ နေစရာ မလို​တော့ဘူး"

လုရွှမ်က ခပ်မြန်မြန်ပဲ ထောက်ခံလိုက်သည်။

"မဟုတ်ဘူးလေ ညီလေး"

လုရွှမ်ကို ကြည့်ရင်း ကျွန်စစ်သားက ပိုလို့တောင် အံ့သြသွား၏။

"ကျွန်စခန်းထဲ ပြန်သွားရမှာပေါ့... အပြင်ထွက်ရတာ ပိုကောင်းတယ်လေ ပြန်သွားတာ ဘာအကျိုးရှိမှာလဲ"

လုရွှမ်သည် ဤလူအုပ်စု အားလုံးက ကျွန်များ ဖြစ်ကြောင်းကို မေ့သွားကာ ခဏတာ စကားမှားသွား၍ အံ့အားသင့်သွားသည်။

"အဲဒီလူတွေ ဘယ်မှာ ပိတ်မိနေတာလဲ"

လုရွှမ် မေးလိုက်သည်။

"အဲဒီဖက်ကို တစ်လျှောက်လုံး တည့်တည့် လျှောက်သွားလိုက်... လမ်းအဆုံးက ချိုင့်ဝှမ်းမှာ တွေ့လိမ့်မယ်"

ကျွန်စစ်သားက သိပ်သတိမထားမိဘဲ ဆိုလိုက်သည်။ အရိပ်လူသတ်ခန်းမထဲက လူတွေအကုန်လုံး အသတ်ခံခဲ့ရတယ်လို့ ပြောတဲ့အတွက် အဝိုင်းခံထားရတဲ့ သူတွေကလည်း ပိုက်ကွန်ထဲက ငါးတွေလို ဖြစ်နေပြီ။

"ကျွန်တော် သွားကြည့်လိုက်မယ်!"

လုရွှမ် ရယ်ပြီး ထို​ဘက်ကို လျှောက်သွားလေ၏။

သူ့ရဲ့ ပြေးထွက်လာတဲ့ ပုံစံကို မြင်တော့ စစ်သားက ခေါင်းခါလေတော့သည်။

"ဒီကောင်သေဖို့ အလျင်လိုနေတာလား? အဲဒီလူတွေကို ဝိုင်းထားပေမယ့် တိုက်ပွဲက အရမ်းပြင်းထန်တယ်လို့ ကြားတယ်... ဒီလိုမြင်ကွင်းမျိုးက ငါတို့လို အဓိပတိနယ်ပယ်တွေ လုံးဝ ဝင်ရောလို့ မရဘူး"

လမ်းတစ်လျှောက် တွေ့မြင်သမျှ ကျွန်တပ်သားများသည် လျိုမိသားစု ကျွန်ဈေးကွက်ထဲက လူများဖြစ်လေသည်။ ကျွန်များကို အထူးနည်းလမ်းဖြင့် ထိန်းချုပ်ထားကာ သူတို့၏ အသက်နှင့် သေခြင်းကိုလည်း လျိုမိသားစုက လုံးလုံးလျားလျား ထိန်းချုပ်ထားသည်။

ဤလူများသည် လျိုမိသားစု၏ အမိန့်ကို မနာခံဘဲ မနေရဲသလို အာခံရဲတဲ့ သတ္တိမရှိကြပေ။ မရေမတွက်နိုင်သော လူများဟာ လုရွှမ် ဖြတ်လာတာကို တွေ့လိုက်ကြပေမယ့် မေးခွန်းတွေ မမေးသလို တားလည်း မတားကြပေ။

မကြာမီတွင် လုရွှမ်၏ မျက်စိရှေ့တွင် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ နယ်ပယ်က လူတွေ ချိုင့်ဝှမ်းတစ်ခု၏ အဝင်ဝ တစ်ဝိုက်တွင် စုရုံးကြ​နေပြီး တိုးတိုးတိတ်တိတ် ဆွေးနွေးနေသံများကို နက်ရှိုင်းစွာ ကြားလိုက်ရသည်။

လူအုပ်ကြီးဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာကာ နောက်ကျောဘက်သို့ ရောက်သွားသည်။ မကြာမီတွင် ချိုင့်ဝှမ်း အဝင်ဝတွင် ရပ်နေသော ကျင့်ကြံသူတစ်ယောက် ထွက်လာ၏။

"မင်းတို့တွေ... ဝင်သွား!"

စကားပြော သူသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ကျင့်ကြံသူဖြစ်ကာ ကျွန်စစ်သား ရှစ်ဦးကို ရွေးချယ်လိုက်သည်။ လုရွှမ်ကို တွေ့တော့ ထိုလူက သိသိသာသာ အံ့သြသွားခဲ့သည်။

ဤနေရာ၌ ရပ်တည်နိုင်သူများသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈တွင် ရှိကြသည်။ အဆင့်၇က ဘယ်အချိန်က ရုတ်တရက် ပေါ်လာပါလိမ့်။ ဒါပေမဲ့ သူ့မျက်လုံးထဲမှာတော့ ဒီကျေးကျွန်တွေဟာ အမြောက်စာတွေပဲလို့ သိပ်ဂရုမစိုက်ခဲ့ဘူး။

"ဟုတ်ကဲ့!"

လုရွှမ် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် ကျွန်စစ်သား တချို့နောက်မှ လိုက်ကာ ချိုင့်ဝှမ်းဆီသို့ လျှောက်သွားလိုက်သည်။

"မင်းတို့တွေ ဒီကိုလာခဲ့!"

သူတို့ဝင်သွားတာကို မြင်တော့ အစောကလူကြီးက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ လူတစ်ခုကို ထပ်ခေါ်လိုက်သည်။ အဆင့်၈ ဆိုတာက တော်ဝင်အင်ပါယာမှာ ထိပ်တန်း ဆိုသော်လည်း ဧကရာဇ်အင်ပါယာမှာတော့ ဘာမှမဟုတ်ချေ။

လျို​မိသားစုသည် အထက် ဧကရာဇ်အင်ပါယာ၏ တပ်ဖွဲ့များနှင့် အဆက်အသွယ်ရှိပြီး အဆင့်၈ ကျင့်ကြံသူဖြစ်တဲ့ ကျွန်များလည်း ပြတ်တောက်မှု မရှိပေ။ နောက်ဆုံးတွင် ဧကရာဇ်အင်ပါယာများကြားက စစ်ပွဲများတွင် အဆင့်၈ သုံ့ပန်းများက အရေအတွက် များတယ်လေ။

အဆင့်၈ ကျွန်စစ်သား အနည်းငယ် နောက်ကိုလိုက်ကင်း လမ်းတစ်လျှောက်တွင် အလောင်းများစွာ လဲလျောင်းနေတာကို မြင်တွေ့ရပြီး တိုက်ပွဲက အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းခဲ့ပုံပင်။

ချိုင့်ဝှမ်း၏ နှစ်ဘက်စလုံးတွင် မြင့်မားသော ကျောက်နံရံများ ရှိပြီး အလယ်တွင် ဆယ်မီတာကျော် ကျယ်သော လမ်းတစ်ခု ရှိသည်။ တစ်ချက်ကြည့်လိုက်ရင်ကို ကျင့်ကြံသူများက နေရာတိုင်းတွင် ရှိနေသည်။

အရှေ့ဖက်က တိုက်ပွဲသံများက ပိုမိုရှင်းလင်းလာသည်။

ထိုအချိန်တွင် အရှေ့မှ ကျွန်စစ်သားများသည် ရုတ်တရက် ရပ်တန့်သွားကာ ပထမလူက လုရွှမ်ကို လှည့်ကြည့်လိုက်ရင်း သူ့မျက်လုံးများ တောက်ပသွား၏။

လုရွှမ် မျက်မှောင်ကြုတ်သွား၏။ သူဝင်လာတာကို ဒီလူတွေ ရှာတွေ့သွားတာ ဖြစ်နိုင်ပါ့မလား။

"မင်း!" ခေါင်းဆောင်က လုရွှမ်ကို ရုတ်တရက် လက်ညှိုးထိုးပြပြီး

"ရှေ့ထွက်လာခဲ့!"

တိုက်ခိုက်လိုသော စိတ်ကို ခဏလောက် ပြန်ထိန်းလိုက်သည်။ မော့ကောင်းရွှမ်း နှင့် အခြားသူများကို မတွေ့ရ​သေးဘဲ သူမည်သူမည်ဝါ ဖြစ်ကြောင်း ထုတ်ဖော်ရန် အဆင်မပြေပေ။

"ဘာ​ဖြစ်လို့လဲ"

လုရွှမ် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ တစ်ဖက်လူက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈လေးသာ ဖြစ်ပြီး သူ့ရဲ့ကြောက်ရွံ့မှုနှင့် မထိုက်တန်ပေ။

"ကောင်လေး... မင်းရှေ့ကိုလာခဲ့"

ထိုလူက လုရွှမ်ကို ပြင်းထန်စွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။ တိုက်ပွဲ၏ နယ်ပယ်ထဲသို့ ဝင်တော့မည် ဖြစ်၍ ဤလူက လုရွှမ်ကို ဒိုင်းကာအဖြစ်သုံးရန် သူ့ရှေ့တွင် မတ်တပ်ရပ်စေလိုသည်မှာ ထင်ရှားပါသည်။

"ငါရှေ့မှာရပ်နိုင်တယ် ဒါပေမဲ့ မင်းငါ့ နောက်ကျောကို ဓားနဲ့ မထိုးရဘူး"

လုရွှမ်က အနည်းငယ် စိတ်လှုပ်ရှားဟန် ဆောင်၍ ဆိုလေသည်။

"ဟားဟား!" ထိုအဆင့်၈ ကျွန်တပ်သားက ရယ်မောလိုက်ကာ။

"စိတ်မပူပါနဲ့... မင်းကို ဓားနဲ့ထိုးချင်ရင် ငါတို့ မင်းကို ဒီမှာပဲ အဆုံးသတ်လိုက်ပြီပေါ့!"

စကားအများကြီး မပြောချင်တော့တဲ့ လုရွှမ်ကလည်း ခေါင်းညိတ်လိုက်သည်။ သူအရမ်း နာခံနေတာကို မြင်လိုက်ရတော့ ကျွန်တပ်သားက အရမ်းကို ဂုဏ်ယူနေတော့သည်။

လုရွှမ် သူ့ရဲ့ အထောက်အထားတွေကို ထုတ်ဖော်ပြီး မလိုအပ်တဲ့ ပြဿနာတွေကို မပြသရွေ့တော့ သူတို့ရဲ့ လုပ်ရပ်တွေကို ဂရုမစိုက်ချင်ပေ။ မော့ကောင်းရွှမ်း နဲ့ တခြားသူတွေကို တွေ့တဲ့အခါမှ သူတို့နောက်ကွယ်က ဒီလူတွေကို ညှဉ်းပန်းနှိပ်စက်ပြီး သတ်ပစ်နိုင်တယ်လေ။

All Chapters