← Chapters

ချိုင့်ထဲကတိုက်ပွဲ

Vol. 35 Ch. 4.45

ချိုင့်ထဲကတိုက်ပွဲ

Vol. 35 Ch. 4.45

ရှေ့တစ်လမ်းလုံး ငါးမိနစ်ထက် မနည်း လမ်းလျှောက်ပြီးနောက် မော့ကောင်းရွှမ်း အနီးတစ်ဝိုက်တွင် တိုက်ခိုက်နေသော လူတစ်စုကို ရှင်းရှင်းလင်းလင်း တွေ့လာရသည်။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ကျွန်စစ်သား ဒါဇင်ပေါင်း များစွာသည် တင်းကျပ်စွာ ဖွဲ့စည်းထားပြီး တိုက်ခိုက်ရေး အင်အားကို အာရုံစိုက်ကာ မော့ကောင်းရွှမ်းနဲ့ အညီအမျှ တိုက်ခိုက်နေကြသည်။

မြေပြင်ပေါ်တွင် ဒါဇင်ပေါင်းများစွာသော ကျွန်စစ်သားများ ရှုပ်ပွနေကာ အားလုံးနီးပါး ဒဏ်ရာပြင်းထန်စွာ ရထားကြသည်။

နောက်ထပ် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က ကျွန်စစ်သားတစ်စု ရောက်ရှိလာသည်ကို မြင်လိုက်ရသဖြင့် မော့ကောင်းရွှမ်း၏ မျက်လုံးများသည် ရက်စက် ကြမ်းကြုတ်သော အကြည့်များဖြင့် ရုတ်တရက် ကြီးကျယ်ခမ်းနားသော အင်အားကြီး တစ်ခုကို ထုတ်လွှတ်၍ အင်အားစုအဖြစ် ဖွဲ့စည်းထားသော ကျွန်စစ်သားတစ်စုကို တိုက်ခိုက် သတ်ဖြတ်​တော့သည်။

ဗုန်း!

ကျယ်လောင်သော အသံတစ်ခုထွက် ပေါ်လာပြီး လုရွှမ် မျက်လုံးရှေ့က ကျွန်စစ်သား နှစ်ယောက်သည် ယိမ်းနွဲ့ လဲကျသွားကာ ပါးစပ်မှ သွေးများကို အန်ထုတ်လိုက်ကြသည်။

ချက်ချင်းပင် တစ်စုံတစ်ယောက်သည် သူတို့ဘက်သို့ လှမ်းအော်လေ၏။

"ဟိုမှာ လူနည်းနေပြီ မြန်မြန် သွားကူလိုက်!"

ထိုစကားကို ကြားတော့ လုရွှမ်၏နောက်မှ ကျွန်စစ်သားများသည် အရှိန်အဟုန်ဖြင့် အရှိန်မြှင့်လိုက်ကြသည်။ လုရွှမ်သည်လည်း ၎င်းတို့နောက်မှ လိုက်သွားကာ ကျွန်စစ်သားများ မော့ကောင်းရွှမ်းအား တိုက်ခိုက်နေသော ကျွန်စစ်သား အုပ်စုဆီသို့ လျင်မြန်စွာ လျှောက်သွားလေသည်။

လမ်းလျှောက်ရင်း လုရွှမ်မှာ တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။ မော့ကောင်းရွှမ်း၏ မျက်နှာသည် အစောက ရိုက်ချက်ကို ထိုးနှက်ပြီးနောက် အနည်းငယ် ဖျော့တော့သွားကာ မတ်တပ်ရပ်ရင်းပင် အသက်ပြင်းပြင်း ရှူလိုက်​နေရသည်။

သူ့ နောက်ကျောဘက်ကို ကြည့်ရင်း လုရွှမ်ရဲ့ နှလုံးလည်း ရုတ်တရက် တင်းကျပ်သွားသည်။

သူ့အနောက်တွင် အကာအကွယ် ပုံစံတစ်ခုက ထိုးဖောက်ခံနေရပြီး ဖက်တီးသည် အဆက်မပြတ် တိုက်ခိုက်ရင်း အကာအကွယ် ပုံစံကိုလည်း ကြည့်ကာ အော်ဟစ်ဆဲဆိုနေသည်။

အကာအကွယ် ပုံစံအတွင်းတွင် ဟန်ရွှယ်၊ မင်းသမီးလော့ရုံနှင့် မော့ချုံတို့ အနည်းငယ်သာ ရှိကာ ချန်စစ်ယန် ၊ မုယန်ဖုန်းနဲ့ ဖက်တီးရဲ့ အစောင့်ကိုတော့ မတွေ့ရချေ။

"ကောင်လေး... မင်းက အနေအထား မှားပြီး ရပ်နေတာကွ!"

လုရွှမ် တပ်ဖွဲ့စည်းပုံထဲသို့ ပြေးဝင်သွားတာနဲ့ ချက်ချင်းပင် လူတစ်ယောက်ယောက် သူ့ကို ခက်ခက်ခဲခဲ ကြည့်ကာ အော်လိုက်သည်။ တပ်သားများဖြင့် ဖွဲ့စည်းထားခြင်းသည် ရန်သူ့အင်အားကို အာရုံစိုက်ထားရ၏။

ထို့အပြင် ကျွန်စစ်သားတိုင်းသည် မတူညီသော နည်းလမ်းဖြင့် စစ်တပ်ဖွဲ့စည်းခြင်းကို တည်ထောင်ခဲ့ကြပြီး လုရွှမ်သည် သူမည်သည့်နေရာတွင် ရပ်တည်ရမည်ကို မသိဘဲ ပြေးဝင်သွားလေသည်။

"မြန်မြန်လုပ်စမ်း!"

ကောင်းကောင်း မရပ်နေရင် မော့ကောင်းရွှမ်းသာ ပြန်ကောင်းလာပါက သူတို့အားလုံးအတွက် အန္တရာယ်ရှိလိမ့်မယ်။

ဤကျွန်စစ်သား အုပ်စု သတိမထားမိချိန် လုရွှမ်၏ မျက်လုံးများထဲတွင် စူးရှသောအလင်းတန်းတစ်ခု လင်းလက်လာပြီး သူ့တစ်ကိုယ်လုံးရှိ ဝိညာဉ်စွမ်းအားများ ရုတ်ရုတ်သဲသဲဖြင့် ထွက်ပေါ်လာကာ သူ့အနားတွင် တပ်ဖွဲ့စည်းထားသော ကျွန်စစ်သားတစ်စုကို ချက်ချင်းပင် ဖုံးအုပ်လိုက်သည်။

ကျွန်စစ်သား အုပ်စုကို စိတ်ဝိညာဉ် စွမ်းအားဖြင့် ဖိနှိပ်ထားချိန်တွင် လုရွှမ် လက်ထဲတွင် ဓားရှည်တစ်ချောင်း ပေါ်လာခဲ့သည်။

လူနှင့်ဓား ပေါင်းစည်းမှု!

ဓားရှည်သည် မုန်တိုင်းလို အရှိန်အဟုန်ဖြင့် အရူးအမူး လှုပ်ရှားနေသည်။ သူ့ပတ်ဝန်းကျင်ရှိ စစ်သည်တစ်စုကို လုံးလုံးလျားလျား နှိမ်နှင်းပစ်လိုက်သည်။ သူတို့သည် လုံးဝ မခုခံနိုင်ဘဲ ဓားရှည်အောက်မှာ အဆုံးသတ်သွားရလေသည်။

နဂါးနှလုံးနဲ့ ပေါင်းစည်းခဲ့ရာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇အထိ မြှင့်တင်ခဲ့ကာ လူသားနှင့် ဓား ပေါင်းစပ်ခြင်း၏ ထူးခြားသော စွမ်းရည်ကို အသုံးပြု၍ လုရွှမ်၏ အရှိန်သည် တွေးကြည့်လို့ မရအောင်ကို မြန်ဆန်လွန်းလှသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဖွဲ့စည်းထားသော စစ်သည်များ၏ မျက်ခုံးကြားတွင် သွေးတစ်စက် ပေါ်လာပြီး ၎င်းတို့၏ မျက်လုံးများ ဗလာကျင်းသွားကာ နဖူးပေါ်မှ သွေးများ စီးကျလာခဲ့သည်။

လုရွှမ် အနီးဝန်းကျင်ရှိ စစ်သားများသည် တစ်ချိန်တည်းတွင် မြေပြင်ပေါ်သို့ လဲကျသွား၏။ ရပ်​နေသူ အားလုံးလည်း အံ့အားသင့်သွားကြသည်။ လျိုမိသားစုရဲ့ ကျွန်စစ်တပ် သာမက မော့ကောင်းရွှမ်းလည်း နားမလည် နိုင်လောက်အောင် ကြောင်အနေမိသည်။

ပြိုင်ဘက်က ဘာကြောင့် မျက်စိတစ်မှိတ်အတွင်းမှာ စတင် တိုက်ခိုက်ခဲ့တာလဲ? တခဏအတွင်းမှာပဲ သူတစ်ယောက်တည်းပဲ ကျန်တော့တယ်လေ။ ဒါက ဘာဖြစ်နေတာလဲ?

"မင်းက ဘယ်သူလဲ!"

တိုက်ခိုက်မှုကို ညွှန်ကြားရသည့် လျိုမိသားစု၏ အကြီးအကဲမှာ သွေးအန်လုမတတ် ဒေါသထွက်လာကာ ပြတ်ပြတ်သားသား မေးလိုက်သည်။

"လုရွှမ်!"

အဓိပ္ပာယ်မဲ့ စကားတွေပြောဖို့ ပျင်းလွန်းတဲ့ လုရွှမ်က ဆို​လိုက်သည်။ သူ့ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်တဲ့အခါ သူ့ကိုယ်ပေါ်က ချပ်ဝတ်တန်ဆာက တိုက်ရိုက် လွင့်ထွက်သွားပြီး အသွင်စစ်က ပေါ်လာခဲ့သည်။

"သခင်လေး!"

မော့ကောင်းရွှမ်း သူ့ရှေ့က စစ်တပ်တွင် ကျန်ခဲ့သော နောက်ဆုံးလူမှာ လုရွှမ် ဖြစ်​နေတာကို မြင်လိုက်ရတော့ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"သူဌေး! ဟားဟား... သူဌေး သေမှာ မဟုတ်ဘူးဆိုတာ သိသားပဲ!"

အကာအကွယ် အခင်းအကျင်းထဲက ဖက်တီးလည်း စိတ်လှုပ်ရှားစွာဖြင့် ဝမ်းသာအားရ ထအော်လိုက်သည်။ ဟန်ရွှယ်နဲ့ အကာအကွယ်ထဲက လူတွေလည်း ဝမ်းသာသွားကြသည်။

"လုရွှမ်ပဲ... သူ့ကို သတ်လိုက်!"

လျိုမိသားစုမှ တာဝန်ခံက အော်လိုက်သည်။

ဒီစကားတွေ ပြောပြီးတာနဲ့ လုရွှမ်က လှည့်ပြီး သူ့ကို ဓားကိုတစ်ချက် ဝေ့ယမ်းလိုက်၏။ လျိုမိသားစု၏ တာဝန်ခံသည် သူ့မျက်လုံးများထဲ အေးစက်သွားပြီး လည်ချောင်းက နာကျင်လာတာကိုသာ ခံစားခဲ့ရသည်။ အဲဒီနောက် ချက်ချင်းပဲ အသက်ရှုသံတွေ ရပ်တန့်လာသလိုပင် ဖြစ်လာသည်။

သူ့လည်ချောင်းကို လက်ဖြင့် အုပ်ထားတဲ့ တာဝန်ခံဟာ လုရွှမ်ကို ခက်ခက်ခဲခဲ လက်ညှိုးထိုးရင်း သူ့မျက်နှာပေါ်တွင် မကျေမနပ်ဖြစ်နေသော အကြည့်ဖြင့်သာ တုံ့ပြန်နိုင်ခဲ့ပြီး မြေပြင်ပေါ် လဲကျသွားပြီး အသက်ရှုရပ်သွားတော့သည်။

လုရွှမ်ကို သတ်ချင်တယ်လို့ ပြောပြီးကတည်းက အသက်ရှုတောင် မဝလိုက်ပေ။

ကာကွယ်ရေး အခင်းအကျင်းကို တိုက်ခိုက်ဆဲ ဖြစ်သော လျိုမိသားစု၏ ကျွန်စစ်သားများသည် ဒီအဖြစ်အပျက်ကို မြင်တော့ ၎င်းတို့၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။ စကားနှစ်ခွန်းတောင် မပြောဘဲ ချိုင့်ဝှမ်းထဲမှ ရိုင်းစိုင်းစွာ ပြေးထွက်သွားကြ​တော့သည်။

လူတချို့က မြေပြင်ကို တိုက်ရိုက်ကန်ပြီး ကောင်းကင်ပေါ်ကို ခုန်တက်ကြလေသည်။ သနားစရာ ကောင်းတာက သူတို့ ခုန်ထွက်ခါနီးမှာပဲ အပေါ်ကနေ တစ်ယောက်ပြီး တစ်ယောက် ထိုးနှက် တိုက်ခိုက်ခံလိုက်ရပြီး ပြန်လဲကျလာကြတော့သည်။

လျိုမိသားစု အစောင့်တွေက ကျွန်စစ်သားတွေ လွတ်မြောက်ချင်နေတာကို မြင်လိုက်ရတော့ သူတို့ကို ဓားစာခံအဖြစ် ချန်ထားခဲ့လိုကြသည်။ ထို့ကြောင့် ကျွန်စစ်သားတွေကို ချန်ထားခဲ့ပြီးနောက် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ကျင့်ကြံသူများ ထွက်ပြေးသွားကြလေသည်။

မကြာခင်မှာပဲ မော့ကောင်းရွှမ်းနဲ့ အတူ ဖက်တီးတို့အဖွဲ့လည်း အကာအကွယ် အခင်းအကျင်းထဲက ထွက်လာကြသည်။ လုရွှမ် မော့ကောင်းရွှမ်းဆီ လျှောက်လာရင်း။

"မုယန်ဖုန်းနဲ့ မော့ချုံတို့ရော?"

သူ့အနားရောက်လာတာကို မြင်တော့ ဖက်တီးက အကာအကွယ် ပုံစံကို ချက်ချင်း ရုတ်သိမ်းလိုက်ပြီး လုရွှမ်ဆီကို ပြေးလာခဲ့သည်။

"သူဌေး... စိတ်မပူပါနဲ့ သူတို့စစ်ကူတွေကို သွားခေါ်ကြတာ!"

လုရွှမ်ရဲ့ ကျင့်ကြံမှုအခြေခံက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ ဖြစ်ပြီး အဆင့်သိပ်မမြင့်သော်လည်း လုရွှမ် ရှိနေရင် သူ့ကိုယ်သူ စိတ်အေးလက်အေး ဖြစ်သွားသလို ခံစားရသည်။

ကောင်းကင်ကြီး ပြိုလဲသွားရင်တောင် ဒီလူငယ်လေးရှေ့မှာ ဘာမှမဖြစ်သလိုပင်။

"စစ်ကူခေါ်တယ်??"

လုရွှမ် အနည်းငယ် အံ့သြသင့်သွားသည်။ မြို့ထောင်ချီမဟာမိတ်မှာ သူတို့ရဲ့ စစ်ကူတွေ ရှိနေသေးတာလား။

"မု​ယန်ဖုန်းနဲ့ ချန်စစ်ယန်တို့က ဆေးဥယျာဉ်ကို သွားတယ်... လောင်ချောင်က မော့ချုံကို သားရဲခန်းမဆီ ခေါ်သွားတယ်"

ဖက်တီးက ပြုံးလျက်ပြောသည်။

"လောင်ချောင်?"

"ကျွန်တော့်ရဲ့ ကိုယ်ရံတော်ပါ... ချောင်ဝူကျင်းလို့ ခေါ်တယ်"

ဖက်တီးက မြန်မြန်ပဲ ရှင်းပြလိုက်သည်။

လုရွှမ်လည်း ခေါင်းညိတ်လိုက်သည်။

သူတို့ အဆင်ပြေနေသရွေ့ ကောင်းပါ၏။ လက်ရှိ အခြေအနေက လျိုမိသားစုရဲ့ ကျွန်စစ်တပ် လက်ကနေ ဘယ်လို ရုန်းထွက်ရမလဲ ဆိုတာပဲ။

ဦးခေါင်းထက်ရှိ ကျောက်နံရံပေါ်ရှိ ရုပ်ပုံများသည် ရွေ့လျားနေပြီး တစ်ဖက် တစ်ချက်စီတွင်ရှိ ကျောက်နံရံပေါ်တွင်လည်း တွက်ကပ်လာသူ ကျင့်ကြံသူများ ပိုမိုများပြားလာတာကို တွေ့လိုက်ရသည်။

လုရွှမ် သူနဲ့ မော့ကောင်းရွှမ်းက အပေါ်ကနေ ဖြတ်သွားနိုင်တယ် ဆိုတာ ကောင်းကောင်း သိပေမယ့် ဖက်တီးနဲ့ ဟန်ရွှယ်ကတော့ ဒုက္ခရောက်မှာပဲ။

"ငါက ရှေ့ကတိုက်မယ်... ဖက်တီးက အလယ်မှာနေ မော့ကောင်းရွှမ်းက အနောက်မှာကနေလိုက် အတူတူ တိုက်ခိုက်ရအောင်!"

လျိုမိသားစုရဲ့ စစ်တပ်က အပြင်မှာ စည်းရုံးနေရဆဲဆိုတဲ့ အချက်ကို အခွင့်ကောင်းယူပြီး လုရွှမ်က အမြန် ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီ!" ဖက်တီး ချက်ချင်းပင် သဘောတူသည်။

"ဟုတ်​ကဲ့ပါ သခင်​လေး!"

မော့ကောင်းရွှမ်းလည်း တည်​တည်​ငြိမ်ငြိမ်နဲ့ ကြည့်​လျက် ဆိုလိုက်သည်​။

ချိုင့်ဝှမ်းသို့ သွားရာလမ်းတွင် စောင့်ကြပ်နေသော လျိုမိသားစု အားလုံး ပျောက်ကွယ်သွားကြသည်။ အကြောင်းမှာ လုရွှမ်သည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ကျင့်ကြံသူများကို ဓားတစ်ချောင်းတည်းဖြင့် သတ်ဖြတ်ပစ်လိုက်ခြင်းကြောင့်ပင်။

ကျွန်များသည်လည်း လူသားများ ဖြစ်​လေသည်။ သူတို့သေရမှာကို သိနေမှတော့ ဒီနေရာမှာ ဘာလို့များ ရပ်နေနိုင်တော့မှာလဲ။

All Chapters