← Chapters

နေ့ထူးနေ့မြတ်

Vol. 008 Ch. 727

နေ့ထူးနေ့မြတ်

Vol. 008 Ch. 727

ဗာမီလီယန် မီးငှက်တစ်ကောင် ပျံသန်းလာသည်။ နတ်ငှက် အနွယ်ဝင် သယ်ဆောင်လာသော ရထားလုံးကား အလွန်အမင်း တောက်ပြောင် ဝင်းလက်ကာ လှပလွန်းပေသည်။

“မီးတောက် အင်ပါယာနန်းတော်က ဂုဏ်ပြုစကား ပြောကြားပါတယ်...” သူတို့အုပ်စုကား မီးတောက် အင်ပါယာနန်းတော်မှ ဖြစ်သည်။ သူတို့က လီဖူတု၏မိသားစု ဖြစ်သည်ကို မြေရိုင်းပြည်နယ်မှ လူမျာအားလုံးက သိကြပေသည်။ ယူစီကား မြေရိုင်းပြည်နယ် အနောက်ဘက် ဒေသ၏ အမြင့်ဆုံးသော အဆင့်အတန်းကို ပိုင်ဆိုင်သူဖြစ်သည်။ ရီဖူရှင်းနှင့် ယူစီတို့အကြား နီးကပ်သော ပတ်သက်မှုကြောင့် အနောက်ဘက်ဒေသ ကလန်တစ်ခုဖြစ်သော မီးတောက် အင်ပါယာ နန်းတော်ကလည်း လက်ထက်ပွဲကို တက်ရောက်ရန် လိုအပ်ပေတော့သည်။

“ခစ်ခစ်…” မခို့တရို့ပြုံးရယ်သံ တစ်ခုကို ကြားကြရကာ ကောင်းကင်ထက်မှ နတ်မိမယ်များ ဆင်းသက် လာကြသည်။ ဦးဆောင်လာသူကား အလွန်အမင်း ချောမောလှပသော မိန်းမတစ်ယောက် ဖြစ်သည်။

“နတ်သမီး နန်းတော်က ဆရာရီကို လာရောက် ဂုဏ်ပြုပါတယ်…” ချူကျိက ပြုံးလျက် ပြောသည်။

“ချူကျိ…” ယူစီက တင်းမာစွာ ခေါ်သည်။

“ကျွန်မ သိပါတယ်…” ချူကျိက ယူစီကို ဒေါသတကြီး ကြည့်သည်။ သည်အဘိုးအိုကား နေရာတကာ ချုပ်ချယ် လွန်းလှသည်။ သူမက ဆွဲဆောင်ညှို့ငင်ခြင်း ဓာတ်ကို ရုပ်သိမ်းလိုက်သည်တွင် မှင်တက်ငေးမော နေကြသူများအားလုံး သတိဝင် လာကြတော့သည်။ သူတို့အားလုံး ကျောချမ်း သွားကြသည်။ သည်မိန်းမကား အလွန်ကြောက်စရာ ကောင်း၏။

ဘုန်း... ဘုန်း... ဘုန်း… စာအုပ်တောင် တစ်ခုလုံး စတင် တုန်ခါလာတော့သည်။ လေထဲတွင် ရွှေလူဝံများ တစ်ကောင်ပြီး တစ်ကောင် ပေါ်လာသည်တွင် လူအများအပြားက ကြောက်ရွံ့ တုန်လှုပ်သွားကြသည်။

“ဘာလဲဟ…” လူအုပ်ကား လုံးဝ အေးစက်နေပြီ ဖြစ်သည်။ သည်သားရဲများက ပြဿနာ လာရှာကြသည် များလား။

“ထိုက်ဟန်တောင်က လက်ထပ်ပွဲကို တက်ရောက် ဂုဏ်ပြုပါတယ်…” ယန်ဟောင်၏အသံက ကောင်းကင်ယံ တစ်ခုလုံးကို လှုပ်ခတ် သွားစေသည်။

“ကျူးကော့မိသားစုက လာရောက် ဂုဏ်ပြုပါတယ်…” နောက်တစ်အုပ်စု ဆင်းသက် လာကြသည်။ သူတို့ကား ကျူးကော့ချန်းဖန်တို့ အုပ်စု ဖြစ်ကြသည်။

“ဟောင်မိသားစုက…”

“လူသားကမ္ဘာက...”

“ထိုက်ချွန်တောင်က…”

စာအုပ်တောင် တစ်ခုလုံး ထူးခြားသော အရောင်အဝါများဖြင့် ပြည့်နှက်နေသည်။ ကြီးမား များပြားသော စွမ်းအားမြင့် တန်ခိုးရှင်များ လာရောက်သည်တွင် အားလုံး၏စိတ်က ထိတ်လန့် တုန်လှုပ်ရသည်။ ယနေ့ ဘာဖြစ်နေသနည်း။ သည်နေ့က အမှန်တကယ်ကော ရီဖူရှင်းရဲ့ လက်ထပ်ပွဲနေ့လား။

“လူသားကမ္ဘာနဲ့ ထိုက်ချွန်တောင်က အရင်တုန်းက စာအုပ်တောင်ကို လာပြီး အနိုင်ကျင့်တဲ့ နှစ်ဖွဲ့မလား… အခု ဘာလို့ လက်ထပ်ပွဲကို တက်ကြတာလဲ..”

“ပြီးတော့ ကော့တေးက ဒုတိယတပည့်ရဲ့ မိသားစုဖြစ်တဲ့ ကျူးကော့မိသားစုလည်း ပါတယ်မလား...  သူတို့က မြေရိုင်းပြည်နယ်ရဲ့ ထိပ်သီးအင်အားစုလို့ ပြောကြတယ်… ကျူးကော့မင်းယွီကြောင့် လက်ထပ်ပွဲကို လာတာတော့ မဟုတ်လောက်ပါဘူး… ဟုတ်တယ်မလား...”

ကြယ်မင်းကျောင်း၊ နဂါးကလန်၊ ကျိုက်ရှင်း အိမ်တော်တို့လည်း ရောက်လာကြသည်။ ရီဖူရှင်းနှင့် ရင်းနှီး ခင်မင်သူများ အားလုံး ရောက်လာကြ၏။ သူနှင့် သိကျွမ်းခြင်း မရှိသော အင်အားစု များစွာကလည်း လာရောက်ကြသည်။

အရှေ့မြေရိုင်းဒသမှ လူများက ဤသို့သော မြင်ကွင်းမျိုးအား တစ်ခါမှ မမြင်ဖူးကြပေ။ ဧကရာဇ်ရီ၊ နန်ဒူဝမ်ရှမ်း၊ ဟွာဖန်းလူ၊ ယိချန်နှင့် တခြားလူများပင် မသက်မသာ ခံစားနေကြရသည်။ ရီဖူရှင်း မြေရိုင်းပြည်နယ်တွင် ဘာတွေ လုပ်ခဲ့သနည်း။

ကြည့်ရသည်မှာ မြေရိုင်းပြည်နယ်၏ တစ်ဝက်ထက်ကျော်သော အင်အားစုများ ရောက်ရှိ လာကြဟန်တူသည်။

ရီလင်းဇီ၊ ရီဒန်ချန်းနှင့် လင်းယွီယိုတို့ အားလုံးက လူအုပ်ထဲတွင် ရှိနေကြကာ စိတ်နှလုံးများ ပြင်းထန်စွာ တုန်ခါနေကြသည်။ ရီဖူရှင်းက မြေရိုင်းပြည်နယ်တွင် နာမည်ကျော်ကြား လာမည်ကို သိကြသော်လည်း ဤသို့သော ကြီးကျယ်ခမ်းနားမှုကို မမျှော်လင့်မိကြပေ။

ထိုအခိုက်တွင် တစ်ယောက်ပြီး တစ်ယောက် အခမ်းအနားထဲကို ဝင်လာကြသည်။ သူတို့ကား ဟောင်ကျူဂီ၊ စုချွဲ၊ ယိရှောင်ရှီ၊ ယန်ကျန်းနှင့် ကျောင်းလီတို့လည်း ပါသည်။ ယွန်စွေ့ရှင်း၊ ဖီးနစ်၊ ကုယွန်ချီနှင့် မူကျိချူတို့လည်း ဝင်လာကြသည်။ ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါဖြင့် လူငယ်မျာကို ကြည့်ခြင်းကပင် အကောင်းဆုံးများ ဖြစ်သည်ကို သိနိုင်ပေသည်။

မိန်းကလေးများက အလွန်တရာ ချောမောလှပကာ နတ်သမီးလေးများအလား ထင်မှတ်ရသည်။ သူတို့အားလုံးက လှေကားထစ်၏ ဘေးတစ်ဖက်တစ်ချက်တွင် ရပ်ကာ သတို့သားများနှင့် သတို့သမီးများကို ကြိုဆိုကြမည် ဖြစ်သည်။

ရီဖူရှင်းနှင့် ဟွာဂျီယူ၊​ ယူရှမ်းနှင့်ယိချိန်ချန်၊ ရီဝူချင်းနှင့် လျိုချန်းယွီတို့က လှေကားထစ်မှ တစ်ဆင့် အခမ်းအနား ကျင်းပရာနေရာသို့ တက်လာကြသည်။ မရေမတွက်နိုင်သောလူများက သူတို့အား တိတ်ဆိတ်စွာ ကြည့်နေကြသည်။

ရီဖူရှင်းတို့က ဟွာဖန်းလူနှင့် တခြား အကြီးအကဲများ၏ ရှေ့ကို ရောက်လာကြသည်။ ဟောင်ကျူဂီ၊ စုချွဲနှင့် တခြားလူများက သေရက်ခွက်များအား ပြင်ဆင်ကာ ရီဖူရှင်းတို့အား ပေးသည်။

ရီဖူရှင်းက ဒူးထောက်သည်တွင် အားလုံးကလည်း လိုက်လံ၍ ဒူးထောက်ကြသည်။ ယောက်ျားတစ်ယောက် ဒူးထောက်ခြင်းကား နတ်ဘုရားများ အရှေ့တွင်သာ ဖြစ်ရမည်ဟု သမုကြရာ ယောက်ျားများက အလွယ်တကူ ဒူးမထောက်သင့်ပေ။ သို့သော်လည်း သူ ဒူးထောက်ရသော သူများမှာ ဟွာဖန်းလူနှင့် နန်ဒူဝမ်ယန်တို့ ဖြစ်ကြသည်။

ထောင်ကျန်း၊ ယိချန်၊​ သူ၏အစ်ကိုကြီးနှင့် တခြား စီနီယာများမှာလည်း လက်ထပ်သည့် စုံတွဲအတွက် အသက်စွန့်ရန် ဝန်မလေးခဲ့သူများ ဖြစ်ကြ၏။ ယိချိန်ချန်၏ အဖေလည်း ဖြစ်သလို ယူချင်း၏ဆရာလည်း ဖြစ်သော ယိချန်၊ အင်ပါယာရီနှင့် ရီဝူချင်း၏ မိဘများမှာလည်း မိဘများနေရာတွင် ရှိနေကြသည်။ ထို့ကြောင့် သူတို့ရှေ့တွင် ဒူးထောက်ခြင်းက မှန်ကန် သင့်တော်ပေသည်။

“ကျွန်တော့်ရဲ့မိဘတွေ ဘယ်မှာလဲဆိုတာ ကျွန်တော် မသိဘူး… ဆရာတွေနဲ့ စီနီယာတွေက ကျွန်တော့်ကိုယ်ပိုင် မိဘတွေလိုပါပဲ… ကျွန်တော်က လူကြီး မိဘများအာလုံးကို တစ်ခွက် ဂါရဝပြုပါတယ်…” ရီဖူရှင်းက သေရည်တစ်ခွက်အား သောက်လိုက်သည်။

“အဖေ… အမေ… ဆရာ…” ဟွာဂျီယူကလည်း နာမည်ခေါ်ကာ သေရည်ခွက်အား သောက်လိုက်သည်။

ယူချင်းနှင့် ရီဝူချင်းတို့ကလည်း ထိုနည်းအတိုင်း လိုက်လုပ်ကြသည်။

အားလုံး၏ မျက်လုံးများထဲတွင် အပြုံးများကို မြင်ကြရသည်။ အချို့သော လူများ၏ မျက်လုံးများထဲတွင် မျက်ရည်စများ ခိုတွဲနေကာ ထိုမျက်ရည်စများက ပျော်ရွှင်ခြင်း၏ သင်္ကေတများလည်း ဖြစ်ကြသည်။

“ထကြပါ…” နန်ဒူဝမ်ယန်၏ အသံက အနည်းငယ် တုန်ယင်နေကာ ရီဖူရှင်းနှင့် ဟွာဂျီယူတို့အား တွဲထူသည်။

“တပည့်တစ်ယောက် မွေးမိတာ သမီးကိုပါ အဆစ်ပေးလိုက် ရတယ်… ငါဘယ်လောက်တောင် ဆုံးရှုံးသွားလဲ…” ဟွာဖန်းလူက ပြုံးလျက် ပြောသည်။

အားလုံးကလည်း ပြုံးရယ်မိကြသည်။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့ကလည်း ပြုံးလိုက်ကြ၏။

“ဒုတိယခွက်အတွက် အချိန်ကျပြီ…” လောင်လင်းအာကလည်း ပြုံးလျက် ပြောသည်။ လူတစ်စု ရောက်လာကာ သူတို့၏သေရည်ခွက်အား ထပ်ဖြည့် ပေးကြသည်။

ရီဖူရှင်းနှင့် ဟွာဂျီယူတို့ကလည်း အချင်းချင်း ကြည့်လိုက်ကြကာ ရီဖူရှင်းက တီးတိုးပြောသည်… “ဒုတိယခွက်… ငါ့အချစ်ဆုံး မိန်းကလေးအတွက်…”

သူတို့က ခွက်ချင်း ဖလှယ်၍​ သောက်လိုက်ကြသည်။

“တတိယခွက်… မိုးနဲ့မြေအတွက် မဟုတ်ဘူး… ဒါပေမဲ့ ကော့တေးနဲ့ အစ်ကို အစ်မတွေအတွက်…” ရီဖူရှင်းက ခွက်ကို ကိုင်ကာ သူ၏အစ်ကိုကြီးနှင့် ကော့တေး တပည့်များဘက်ကို လှည့်ကာ ပြောသည်။ တခြားလူများကလည်း ရိုးရာ အစဉ်အလာအတိုင်း လူကြီး မိဘမိတ်ဆွေများအား တိုင်တည်ကာ သေရည်ကို သောက်ကြသည်။

“စုချွဲ… ထပ်ထည့်ပါဦး…” ရီဖူရှင်းက ခွက်ကို ကမ်းပေးသည်တွင် စုချွဲက သူ၏ခွက်ထဲကို ထပ်ထည့်ပေးသည်။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့က တောင်စွန်းထံသို့ လျှောက်သွားကြကာ မြေရိုင်းပြည်နယ်မှ တက်ရောက် လာကြသော စီနီယာများ အားလုံးကို ခွက်မြှောက်လျက် ပြောသည်… “ခရီးရှည်နှင်ပြီး ဒီအထိ တကူးတက ရောက်လာကြတဲ့ စီနီယာတွေ အကုန်လုံးအတွက် ရီဖူရှင်းက တစ်ခွက်သောက်ပါ့မယ်…”

သူနှင့် ဟွာဂျီယူတို့က သေရည်များအား သောက်လိုက်ကြသည်။

“သေရည်…” ရီဖူရှင်းက ဆက်သည်။ ထို့နောက် သူက နှစ်ခွက်ဆက်တိုက် သောက်လိုက်သည်။ ဟွာဂျီယူတို့ကလည်း နောက်မှ လိုက်သောက်ကြ၏။

“ပဉ္စမခွက်နဲ့ ဆဋ္ဌမခွက်က အတိတ်နဲ့ အနာဂတ်အတွက်…” ရီဖူရှင်းက ပြောသည်။ ထို့နောက် သတ္တမခွက်ကို မြှောက်ကာ အားလုံးကို ကြည့်လျက်ပြောသည်… “သတ္တမခွက်… မြေရိုင်းပြည်နယ် အတွက်…”

“မြေရိုင်းပြည်နယ် အတွက် တစ်ခွက်…” ယူစီကလည်း ခွက်ကို မြှောက်ကာ ပြောသည်တွင် အားလုံးက ခွက်ကို မြှောက်လျက် သောက်လိုက်ကြသည်။

“မြေရိုင်းပြည်နယ်သို့…”

“ရီဖူရှင်း… ဒီနေ့က မင်းအတွက် နေ့ထူးနေ့မြတ်ပဲ… ဆုံးဖြတ်ဖို့ အချိန်တန်ပြီ…” ကျူးကော့ချန်းဖန်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်။

ရီဖူရှင်းက ​ခေါင်းညိတ်ကာ ဂုဏ်ယူစွာ ပြောသည်… “ကျွန်တော်က တော်ဝင်ကျဲနန်းတော်ကို ဦးဆောင်ဖို့ သဘောတူပါတယ်...”

သူက ထိုသို့ ပြောလိုက်သည်နှင့် လူအများအပြားက ထရပ်ကြသည်။ ထောင်ကျန်း၊ ဓားမိစ္ဆာနှင့် ထို့ကျန်းတို့ကလည်း ရှေ့ကို တက်လာကြသည်။ တော်ဝင်ကျဲနန်းတော်မှ တပည့်များ အားလုံးကလည်း ရီဖူရှင်းကို လေးနက်စွာ ကြည့်ကြသည်။ ရီဖူရှင်းက ထိုစကားကို ပြောလိုက်သည်နှင့်ပင် သူကား မြေရိုင်းပြည်နယ်၏ တော်ဝင်မြေဖြစ်သော တော်ဝင်ကျဲနန်းတော်၏ ခေါင်းဆောင် ဖြစ်သွားပြီဖြစ်သည်။

“တော်ဝင်ကျဲနန်းတော် တိုက်ခိုက်ရေး ရှီနန်းဆောင်က နန်းတော်သခင်ကို ဂါရဝပြုပါတယ်…”

“တော်ဝင်ကျဲနန်းတော် ဓားနန်းဆောင်က နန်းတော်သခင်ကို ဂါရဝပြုပါတယ်…”

“တော်ဝင်ကျဲနန်းတော် ထို့ကျန်းနန်းဆောင်က နန်းတော်သခင်ကို ဂါရဝပြုပါတယ်…”

“နန်းတော်သခင်ကို ဂါရဝပြုပါတယ်…” နန်းဆောင်သခင် သုံးဦးက ရီဖူရှင်းကို ဂါရဝပြုကြသည်တွင် တော်ဝင်ကျဲနန်းတော်၏ တခြားတပည့်များ အားလုံးကလည်း ဂါရဝပြု ကြပေသည်။

“အာခီမီမြို့စားယူစီ…”

“ကျူးကော့မိသားစုမှ ကျူးကော့ချန်းဖန်…”

“ထင်းဆွေအိမ်တော်ရဲ့ စုရှမ်း…”

“ကျုပ်တို့အားလုံးက တော်ဝင်ကျဲ နန်းတော်သခင်ကို အရိုအသေ ပေးပါတယ်…”

ပုဂ္ဂိုလ်ကြီးများ အားလုံးက တူညီစွာပင် နှုတ်ဆက် ဂါရဝပြုကြသည်။ သူတို့အားလုံးက စီနီယာများ ဖြစ်ကြသည့်တိုင် ထိုသို့ပြုလုပ်ခြင်းက ရီဖူရှင်းအား အသိအမှတ်ပြုခြင်း တစ်မျိုးလည်း ဖြစ်သည်။ တော်ဝင်ကျဲ နန်းတော်ကား မြေရိုင်းပြည်နယ်၏ တော်ဝင်မြေဖြစ်ကာ တော်ဝင်ကျဲနန်းတော်၏ ခေါင်းဆောင်ကလည်း မြေရိုင်းပြည်နယ်၏ ခေါင်းဆောင်ဟု ပြော၍ ရပေသည်။

စာအုပ်တောင်တွင် အားလုံး၏အသံများက ကောင်းကင်သို့အထိ တက်သွားသည်။ လူအများအပြားက ထိုမြင်ကွင်းကို ကြည့်ကာ တည်ငြိမ်နိုင်ခြင်း မရှိကြတော့ပေ။

သည်နေ့ကား အရှေ့မြေရိုင်းဒေသ၏ အမှတ်တရနေ့တစ်နေ့ ဖြစ်နေပေတော့မည်။  ဤမျှ ကြီကျယ် ခမ်းနားသော အဖြစ်အပျက်မျိုး သမိုင်း တစ်လျှောက်တွင် မရှိခဲ့ဖူးပေ။

ကော့တေး၏ တပည့်တစ်ယောက်က အသက်သုံးဆယ်ပင် မပြည့်သေးသော အချိန်တွင် မြေရိုင်းပြည်နယ်၏ ခေါင်းဆောင် ဖြစ်လာမည်ဟု မည်သူကမှ မထင်ထားခဲ့ကြပေ။ စာအုပ်တောင်မှ​တပည့်များအားလုံးက ရီဖူရှင်းအတွက် ဂုဏ်ယူကြရသည်။

ရီဖူရှင်း၏အမြင်တွင်မူ သည်နေ့သည်ရက်ကား သူ့အတွက် အလွန်အမင်း အရေးပါသော နေ့တစ်နေ့လည်း ဖြစ်သည်။ သည်နေ့က သူကိုယ်တိုင် တော်ဝင်ကျဲနန်းတော် သခင်ဖြစ်လာခြင်းထက် ပိုကာ သူ့အပေါ် ယုံကြည်သူများအားလုံး၏ မျှော်လင့်ချက်များကို ထမ်းပိုးရသော နေ့လည်းဖြစ်သည်။ ထိုလူများအားလုံးက သူ့တွက် ကြီးစွာသော စွန့်လွှတ်မှုများကို လုပ်ဆောင်ခဲ့ကြကာ ယခု သူ့အား ဤမျှ ကြီးမားသော နေရာကို ပေးခဲ့ကြသည်။ ထို့ကြောင့် သူ့အနေဖြင့် ထိုလူများ၏ မျှော်လင့်ချက်များအား ပြည့်မီအောင် အားထုတ်ရန် လိုအပ်ပေသည်။

အခမ်းအနားပြီးဆုံး သွားသည့်နောက်တွင် မြေရိုင်းပြည်နယ်မှ ပုဂ္ဂိုလ်ကြီးများ တစ်ယောက်ပြီး တစ်ယောက် ပြန်သွားခဲ့ကြသည်။ သို့သော်လည်း အရှေ့မြေရိုင်းပြည်နယ်မှ မရေမတွက်နိုင်သော လူများ၏ စိတ်နှလုံးတွင်ကား ယခုအချိန်အထိ ငြိမ်သက် အေးဆေးနိုင်ခြင်း မရှိကြသေးပေ။

ကောင်းကင်က နက်မှောင်လာကာ စာအုပ်တောင်က စည်ကားနေဆဲ ဖြစ်သော်လည်း နေ့ဘက်အချိန်အခါ အခမ်းအနား စည်ကားပုံနှင့်ကား မည်သို့မှ မနှိုင်းယှဉ်သာတော့ပေ။ ရီဖူရှင်း၏အခန်းထဲတွင် မင်္ဂလာအရောင်ဖြစ်သော အနီရောင်ပိုးဖဲများ အဆင်တန်ဆာများ ခင်းကျင်းထားသည်။ သူ၏လှပသော မိန်းကလေးကား အိပ်ရာပေါ်တွင် လဲလျောင်းနေ၏။ အရာအားလုံးက တိတ်ဆိတ် ငြိမ်သက်ကာ လှပနေသည်။

ရီဖူရှင်းကလည်း အိပ်ရာပေါ်ကို တက်ကာ မေးကို လက်ဖြင့်​ ထောက်လျက် သူ့ရှေ့မှ မိန်းကလေးကို ကြည့်သည်။ ဟွာဂျီယူက မျက်လုံး ပြူးကျယ်သွားကာ မျက်နှာက နီရဲလာသည်။ နောက်ထပ် ရောက်လာတော့မည့် အရာကို သူမသိနေသည်။

“အဟမ်း… မြေခွေးသခင်မလေး… ကြည့်ရတာ အခုတော့ မလွတ်တော့ဘူး ထင်တယ်…” ရီဖူရှင်းက တီးတိုးပြောသည်။

“ခေါင်းက ငြီးစီစီဖြစ်နေတယ်… အိပ်ရအောင်… ” ဟွာဂျီယူက တစ်ဖက်ကို လှည့်သွားသည်။

“ငါ့မိန်းမက အမှန်ဆုံး စကားကို ပြောလိုက်တာပဲ…ညဆိုတာ ထောင်တန်တယ်တဲ့… ဒါကြောင့် တစ်ခုလုပ်ကြရအောင်…” ရီဖူရှင်းက စောင်ခြုံလိုက်ကာ သူ၏ဇနီးအား သိုင်းဖက်လိုက်သည်။

ညကား သူ့ရိုးရာအတိုင်း လှပနေပါတော့သည်။

***

ရီဖူရှင်းနှင့် ဟွာဂျီယူတို့က နံနက်စောစော ထကာ ဟွာဖုန်းလူနှင့် နန်ဒူဝမ်ယန်တို့အား စားစရာများ ပြင်ဆင်ပေးကြသည်။ ဟွာဖန်းလူနှင့် နန်ဒူဝမ်ယန်တို့က ဇနီးမောင်နှံအသစ်ကို ကြည့်ကာ ပြုံးရယ်နေကြသည်။ နန်ဒူဝမ်ယန်က ပြောသည်… “ဖူရှင်း.. မကြာခင် ငါက မြေးချီချင်တယ်နော်…”

“သေချာတာပေါ့…” ရီဖူရှင်းကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်သည်။ ဟွာဂျီယူ၏ မျက်နှာက နီရဲသွားကာ သူမ၏အမေကို ခေါင်းငုံ့လျက် ပြောသည်… “အမေ… ဘာတွေ ပြောနေတာလဲ…”

ဟွာဖန်းလူနှင့် နန်ဒူဝမ်ယန်တို့ကလည်း လူငယ်နှစ်ယောက်အား ကြည့်ကာ ပြုံးလိုက်ကြသည်။

“ဖူရှင်း… မင်းဆရာနဲ့ တခြားလူတွေက မကြာခင် ပြန်ကြတော့မယ် ပြောတယ်… သူတို့ကို သွားကြည့်လိုက်ဦး…” ဟွာဖန်းလူက ပြောသည်။

“ဟုတ်ကဲ့… ဂျီယူ… ဆရာနဲ့ ဆရာကတော်ကို ဒီမှာပဲ အဖော်လုပ်ပြီး ကျန်ခဲ့လိုက်လေ…” ရီဖူရှင်းက ပြောသည်။ သူက ဟွာဖန်းလူနှင့် နန်ဒူဝမ်ယန် အပေါ်တွင် အခေါ်အဝေါ်များ ပြောင်းလဲခြင်း မရှိပေ။ အကြောင်းမှာ သူ့အတွက် ယခင်ကလည်းက ဟွာဖန်းလူတို့ကား မိဘများနှင့် မခြားသလို ဆရာနှင့် ဆရာကတော် အသုံးအနှုန်းကလည်း အလွန်အမင်း အသားကျနေပြီး ဖြစ်သည်။

ရီဖူရှင်းက တော်ဝင်ကျဲနန်းတော်မှ နန်းဆောင်သခင်များ ရှိရာနေရာကို ရောက်လာသည်။

“ဆရာ… ဦးလေး…” ရီဖူရှင်းက ခေါ်သည်။ သူက ဓားမိစ္ဆာနှင့် ထို့ကျန်းတို့အား ဦးလေးဟု ပြောင်းလဲ ခေါ်ဝေါ်နေပြီဖြစ်သည်။

“ငါတို့က မင်းပြန်လာဖို့အတွက် တော်ဝင်ကျဲနန်းတော်မှာ အစီအစဉ်တွေ ချရဦးမယ်… မင်းက ဘယ်တော့ ပြန်လာမလဲ…” ဓားမိစ္ဆာက ပြောသည်။

“ဒါကြောင့် ကျွန်တော် ရောက်လာတာပါ စီနီယာ… ကျွန်​တော်က ကိစ္စတစ်ခုကို ဆွေးနွေးစရာ ရှိပါတယ်… ထျန်ရှင်းနန်းဆောင်က အခု ကွပ်ကဲအုပ်ချုပ်ဖို့ ခေါင်းဆောင်တစ်ယောက် လိုနေတယ်… ဒါကြောင့် ကျွန်တော့်အစ်ကိုကြီးကို အဲဒီနေရာမှာ တာဝန်ပေးရင် ဘယ်လိုနေမလဲ…” ရီဖူရှင်းက ပြောသည်။ သူက နန်းတော်သခင် ဖြစ်လာသည့်တိုင် အရာအားလုံးက သူ့ဆန္ဒအလျောက် လုပ်ဆောင်၍ မရပေ။ အရေးပါသော ပုဂ္ဂိုလ်များနှင့် ဆွေးနွေးတိုင်ပင်ကာ လုပ်ဆောင်ပါမျှ မျှတသော ဆုံးဖြတ်ချက်များ ပေါ်လာကာ အားလုံးက စည်းလုံးကြပေမည်။

“သင့်တော်တဲ့ နေရာချမှုပါပဲ…” ဓားမိစ္ဆာက ခေါင်းညိတ်သည်။ ထိုနေ့က ဓားသခင်ကား ခွန်ယိုနှင့် တိုက်ခိုက်ခဲ့သည်။ ထိုမျှ စွမ်းအားမြင့်သော လူတစ်ယောက်က တော်ဝင်ကျဲနန်းတော်တွင် တာဝန်တစ်ခုယူခြင်းကား အလွန်ကောင်းမွန်သော ကိစ္စဖြစ်သည်။ လက်ရှိ နန်းတော်က အနည်းငယ် ယိုယွင်းနေရာ အကယ်၍ ရီဖူရှင်းကသာ ဓားသခင်အား ခေါ်ယူနိုင်ပါက သူတို့အားလုံးက ငြင်းပယ်နိုင်စရာ မရှိပေ။

“ကောင်းပြီ… ဒါဆိုလည်း ကျွန်တော်က အစ်ကိုကြီးနဲ့ သွားဆွေးနွေးလိုက်ဦးမယ်… တကယ်လို့ တခြားကိစ္စ မရှိတော့ရင် ကျွန်တော်တို့က နန်းတော်ကို အတူတူပြန်လို့ရတယ်…” ရီဖူရှင်းက ပြောသည်။ သူ၏စကားကို ကြားသည်တွင် အကြီးအကဲများ အားလုံးက လွန်စွာ စိတ်ကျေနပ်ကြသည်။ ရီဖူရှင်းကား အမှန်ပင် အဆင်သင့် ဖြစ်နေလေပြီ။

***

All Chapters