← Chapters

နတ်မိစ္ဆာဖယ်ရှားခြင်းအလင်းနှင့် မြင့်မြတ်သောမိုးပြာမီးတောက်

Vol. 36 Ch. 492

နတ်မိစ္ဆာဖယ်ရှားခြင်းအလင်းနှင့် မြင့်မြတ်သောမိုးပြာမီးတောက်

Vol. 36 Ch. 492

“ချုပ်နှောင်ခြင်း…” ဟန်လိသည် မန္တာန်ချိပ်ဟန်တစ်ခုကို ဖန်တီးပြီး ရှေးဟောင်းရတနာတစ်ခုကို စေလွှတ်သည်။

ကြေးမျှင်ငါးခုသည် ရုတ်တရက် တင်းကြပ်သွားပြီး အရိုးသခင်၏ ခြေလက်များကို ခိုင်မာစွာ တုတ်နှောင်သည်။ ထိုတိုက်ခိုက်မှုကြောင့် အရိုးသခင်သည် နာကျင်ဟန် ဖြစ်ပေါ်သည်။ သို့သော် မကြာခင်တွင် သူ့မျက်နှာထက်၌ လှောင်ပြောင်သည့် အရိပ်အယောင် ဖြစ်ပေါ်သည်။

“ဟားဟား…ဒြပ်စင်ငါးခုကြိုးမျှင်တွေ။ ဒါက အတော်လေး နာမည်ကျော်တဲ့ ရှေးဟောင်းမှော်ရတနာ ဖြစ်ပေမယ့် ဒီဟာက ဆင့်ကဲစိတ်ဝိညာဉ်ရှင်းမြစ် ပိုင်ဆိုင်တဲ့သူတွေ၊ အသုံးပြုသူထက် ကျင့်ကြံမှုအဆင့် အများကြီး ပိုမြင့်တဲ့သူ ဒါမှမဟုတ် ငါ့လို သေဆုံးပြီးသား ကျင့်ကြံသူတွေအပေါ်တော့ လုံးလုံး သက်ရောက်မှု မရှိဘူး…”

ထို့နောက်တွင် သူသည် နည်းနည်းလေးမျှ အဟန့်အတား မရှိလေဘဲ သူ့လက်ကို ပင့်မြှောက်ပြီး သူ့ရှေ့ရှိ အလင်းစက်ဝန်းထံ ရိုက်ချသည်။ ထိုအလင်းစက်ဝန်းသည် အပြာရောင်မီးတောက်အဖြစ် အက်ကွဲသွားသည်။

အပြာရောင်မီးတောက် ဖဲကြိုးရှည်သည် ထိုအလင်းစက်ဝန်းထံမှ ထိုးထွက်၍ အရိုးသခင်၏ ခြေတံလက်တံများနှင့် လည်တိုင်တို့ကို ဖြတ်သန်းပြီး ကြေးကြိုးမျှင်ပေါ်၌ ထူထဲသော ရေခဲလွှာတစ်ခုသည် သိပ်သည်းလာသည်။

ယင်းနောက်မှာ အရိုးသခင်၏ ခန္ဓာကိုယ်သည် တွန့်လိမ်ကောက်ပြီး ရေခဲသွားသော ကြေးကြိုးမျှင်များသည် အောက်သို့ ပြန်ပြုတ်ကျသွားသည်။

ဟန်လိစိတ်ထဲ တုန်လှုပ်သွားသည်။ သူက နောက်ထပ် တွေးမနေတော့ဘဲ ပါးစပ်ဟပြီး မိုးပြာဓားကိုးလက်ကို ထွေးထုတ်၏။ ထိုဓားများသည် လေထဲ၌ ဓားကြီးတစ်လက်အဖြစ်သို့ ပေါင်းစည်းပြီး အရိုးသခင်ကို ကြမ်းတမ်းစွာ ဝင်ခုတ်ပိုင်းလာသည်။

ထိုသည်ကို မြင်သည့်အခါ အရိုးသခင်၏ မျက်နှာသည် မာန်ထန်သွားသည်။ သူက သူ့လက်ထဲရှိ အလင်းစက်လုံးကို ပင့်မြှောက်ကာ ၎င်း၏ ပွင့်ဟမှုကို ပိုကြီးလာစေသည်။ ထိုအခါ ၎င်းထံမှ ရေခဲအပြာရောင်မီးတောက် ပန်းထွက်လာသည်။

မီးတောက်များသည် ထွင်းဖောက်မြင်ရသော လက်သည်းငါးခုပါ ရေခဲနဂါးတစ်ကောင် အဖြစ်သို့ အသွင်ပြောင်းသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အေးစက်သော အပြာရောင်အလင်းဖြင့် တောက်ပလျက် ရှိသည်။ ၎င်းက ၎င်း၏ ရှေ့ဘက် လက်သည်းနှစ်ခုကို အသုံးပြုပြီး မိုးပြာဓားကို ပိတ်ဆို့လျက် ထိုဓားပေါ်သို့ အပြာရောင်မီးတောက်တစ်ခုအား ကြမ်းတမ်းစွာ ထုတ်လွှတ်သည်။

ခဏကြာပြီးနောက်မှာ ဓားကြီး၏ တောက်ပမှုသည် သိသိသာသာ မှိန်ဖျော့သွားသည်။ ဓားမျက်နှာပြင်ပေါ်တွင် နှင်းခဲအလွှာခပ်ပါးပါးတစ်ခုသည် စတင် ဖွဲ့စည်းလျက် ဓား၏ လှုပ်ရှားမှုများကို အဟန့်အတား ဖြစ်စေသည်။

မိုးကြိုးသံ မြည်ဟိန်းသံနှင့်အတူ ထိုဓားထံမှ ရွှေရောင်လျှပ်စီးစက်ဝန်းပိုင်းများသည် ထိုးထွက်လျက် ရေခဲနဂါး၏ ခန္ဓာကိုယ်ကို ကြမ်းတမ်းစွာ ထိုးနှက်သည်။ နဂါးမှာ နောက်သို့ ပြန်ကန်ထွက်သွားပြီး ဓားကြီးသည် ထိန်းချုပ်မှုကနေ လွတ်ကင်းသွားသည်။

“မင်းက ပြေးချင်တာလား။ မင်းရဲ့ ရွှေရောင်လျှပ်စီးဝါးတိမ်အုပ်ဓားတွေမှာ မိစ္ဆာဖယ်ရှားခြင်း နတ်စွမ်းရည် များများစားစား မကျန်တော့ဘူး။ မင်း ဒီလိုပုံစံမျိုး ဘယ်နှစ်ကြိမ်များ ဆက်ထိန်းထားနိုင်မလဲ ကြည့်ကြရအောင်…”

အရိုးသခင်သည် မကောင်းဆိုးဝါးဆန်စွာ ပြုံး၍ ရေခဲနဂါးထံ လက်ညွှန်ပြီး ဟန်လိ၏ ဓားများထံ ၎င်းအား ထပ်မံ တိုးဝင်လာစေသည်။

ဟန်လိ၏ စိတ်နှလုံးသည် လှုပ်ခတ်သွားသည်။ အရိုးသခင်သည် စိတ်မပူပန်ဟန် ပေါ်နေသော်လည်း ဟန်လိသည် ထိုသူမှာ မိစ္ဆာဖယ်ရှားခြင်းလျှပ်စီး နတ်စွမ်းရည်ကိုတော့ ရှိန်နေမှန်း သိလိုက်သည်။

ထိုသို့ တွေးမိပြိး ဟန်လိသည် ဓားကြီးထံ မှော်ချိပ်ဟန်တစ်ခုကို ထုတ်ဖော်သည်။ ထို့နောက်တွင် သူက ဓားထံ လက်ညွှန်ပြီး ၎င်းကို ဖြတ်ခနဲ ဝေဝါးစေပြီး ပုံစံတူနောက်တစ်ချောင်း ဖြစ်စေရန် အမိန့်ပေးသည်။ ဤသည်မှာ မိုးပြာအနှစ်သာရဓားပညာရပ်၏ အရိပ်ဓားတစ္ဆေပညာရပ်ပင်။ ဓားနှစ်လက်လုံးသည် ရွှေရောင်လျှပ်စီးအလင်း ခပ်ဖျော့ဖျော့ကို ထုတ်လွှတ်နေသည်။ တစ်လက်သည် ရေခဲနဂါးထံ ပစ်မှတ်ထားပြီး ကျန်တစ်လက်ကမူ အရိုးသခင်ထံသို့ ပစ်မှတ်ထားသည်။

“အန်…” အရိုးသခင်သည် အံ့အားသင့်သွားသည်။

အရိုးသခင်သည် အံ့ဩထိတ်လန့်သွား၏။ ဟန်လိသည် မိစ္ဆာဖယ်ရှားခြင်း လျှပ်စီတန်းများကို အသုံးပြုနိုင်သည့် ခွန်အား ရှိရုံသာမက အလားတူ နောက်ထပ်ဓားကြီးတစ်လက်ကိုလည်း ဖန်တီးနိုင်စွမ်း ရှိသည်။

သို့ရာတွင် ထိုအံ့ဩထိတ်လန့်မှုမျာ ခဏသာ ကြာပြီး ပြန်ပျောက်ကွယ်သွားသည်။ ထို့နောက်တွင် အရိုးသခင်သည် တည်ငြိမ်စွာဖြင့် အလင်းစက်ဝန်းကို ရိုက်ချပြီး နောက်ထပ် အပြာရောင်မီးတောက်ကို ပန်းထွက်စေသည်။

ရေခဲမီးတောက်များသည် သုံးလေးကြိမ်လောက် ဝေ့ခါရမ်းပြီး တြိဂံပုံ ရေခဲဒိုင်းအဖြစ်သို့ အသွင်ပြောင်းသည်။ ဓားဒိုင်း၏ မျက်နှာပြင်ထံမှ အပြာရောင်မြူထုတစ်ခု ထုတ်လွှတ်လျက် တိုးဝင်လာသော မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးတန်းကို တားဆီးသည်။ အချိန်ခဏထိ ဘက်နှစ်ဖက်သည် သူတင်ကိုယ်တင် ဖြစ်သွားသည်။ ထိတ်လန့်သွားသည်ထက် ဟန်လိသည် ထိုမြင်ကွင်းကြောင့် ကျေနပ်ပျော်ရွှင်သွားသည်။

နတ်ဖယ်ရှားခြင်းလျှပ်စီးသည် ကောင်းကင်ရေခဲမီးတောက်၏ ရေခဲချီကို ထိန်းချုပ်နိုင်ခြင်း မရှိသော်လည်း ထိုမီးတောက်များနှင့် ယှဉ်ပြိုင်နိုင်နေသည်။ ထိုယှဉ်ပိုင်မှု၏ အနိုင်မှာ စွမ်းအားအများဆုံး ပါဝင်နေသော ဘက်မှ ဖြစ်ပေလိမ့်မည်။

ထိုအတွေးဖြင့် ဟန်လိသည် သူ့ခါးရှိ သိုလှောင်အိတ်ကို ပုတ်၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင် သွေးနီရောင် ဝတ်ရုံရှည်တစ်ခု ပေါ်လာသည်။ သူသည် ခုထိ ဆိုးဆိုးဝါးဝါး အခြေအနေသို့ မရောက်သေးသော်ငြား ကြိုတင်ပြင်ဆင်ထားခြင်းမှာ အကောင်းဆုံး ဖြစ်လိမ့်မည်ဟု တွေးသည်။ ယင်းနောက် ဟန်လိသည် သူ့လက်နှစ်ဖက်ကို အလျင်အမြန် ပူးကပ်၏။ သူ၏ အမူအရာမှာ လေးနက်တည်ကြည်လာသည်။

မိုးကြိုးများ တလိမ့်လိမ့် ဖြစ်ခြင်းနှင့်အတူ သူ့လက်နှစ်ဖက်ရှိ အလယ်တွင် ရွှေရောင်လျှပ်စီးစက်ဝန်းတစ်ခု ပေါ်လာသည်။ ထိုလျှပ်စီးစက်ဝန်းသည် ၎င်း၏ မျက်နှာပြင်၌ အဆက်မပြတ် လင်းလက် တောက်ပလျက် ရှိသည်။

ထိုလျှပ်စီးစက်ဝန်းသည် သုံးလေးမလောက်သာ အထူရှိ၏။ သို့သော် ဟန်လိသည် သည်မျှနှင့် မရပ်စေပေ။ လျှပ်စီးတေးသံကို ထုတ်လွှတ်လျက် စက်ဝန်းသည် တဖြည်းဖြည်း ချဲ့ကားလာပြီး မျက်စိတစ်မှိတ်အတွင်း လက်မများစွာ ပိုကြီးမားလာသည်။

အရိုးသခင်သည် ကောင်းကင်ရေခဲမီးတောက်ကို ထိန်းချုပ်ပြီး မိုးပြာဓားကြီးနှစ်လက်ကို တိုက်ခိုက်ရန် ကြံစည်သည်။ သို့သော် ဟန်လိကို မြင်သည့်အခါတွင်မူ သူ့မျက်နှာထက်၌ မယုံကြည်နိုင်ဖြစ်ကာ ဖြူရော်သွားလေ၏။

သူ တွေ့မြင်ရသည့် အရာမှာ မြင်ရဖို့ ခက်ခဲလွန်းလှသည်။ ဟန်လိသည် လျှပ်စီးစက်ဝန်းကဲ့သို့ အရာမျိုးကိုပါ ထုတ်ဖော်နိုင်နေစွမ်း ရှိသည်။ သူ့၌ ရွှေရောင်လျှပ်စီးဝါးတိမ်အုပ် ဓားအရေအတွက် မည်မျှ ရှိနေသနည်း။

ဟန်လိအပေါ် သူသည် အထင်တကြီး ဖြစ်လာမိသည်။ သူသည် ရန်လိုနေခြင်းမှာ သူ အသစ်ရရှိလာသော ကောင်းကင်ရေခဲမီးတောက်၏ နက်ရှိုင်းသော ခွန်အားဖြင့် ဟန်လိကို များစွာ အားစိုက်မထုတ်ရဘဲ သတ်နိုင်စွမ်း ရှိလိမ့်မည်ဟု ယုံကြည်ခဲ့သောကြောင့်ပင်။

သူသည် ထိုရေခဲမီးတောက်များကို မြင့်မြတ်သောမိုးပြာမီးတောက်များအဖြစ်သို့ သန့်စင်ရခြင်း မရှိသေးသော်လည်း သူ၏ မိစ္ဆာဖယ်ရှားခြင်းလျှပ်စီး နတ်စွမ်းရည်နှင့်အတူ လေးနက်စိတ်ဝိညာဉ်ယင်မီးတောက်များကို အသုံးပြု၍ ၎င်းကို ထိန်းချုပ်နိုင်ရုံ ရှိသည်။

အရိုးသခင်သည် မိစ္ဆာဖယ်ရှားခြင်း လျှပ်စီးသည် ကောင်းကင်ရေခဲမီးတောက်ထံမှ ရေခဲချီကို တားဆီးနိုင်စွမ်း ရှိပြီး ဟန်လိ၌လည်း ၎င်းမိစ္ဆာဖယ်ရှားခြင်းလျှပ်စီးကို အသုံးပြုနိုင်သည့် စွမ်းရည်ရှိမှန်း သိထားပြီး ဖြစ်သည်။ သို့သော် သူသည် သည်အချိန်အတွင်း သူ့အနေဖြင့် ဟန်လိကို သတ်ပစ်နိုင်စွမ်း မရှိလိမ့်မည်ဟု မမျှော်လင့်ထားပေ။

အရိုးသခင်သည် ဟန်လိမှာ ရွက်လွှာကိုးခုဂျင်ဆင်းကို ဖမ်းဆီးခဲ့ချိန်က သူ၏ နတ်မိစ္ဆာဖယ်ရှားခြင်းလျှပ်စီး နတ်စွမ်းရည်၏ ရာခိုင်နှုန်းအများစုကို အသုံးပြုခဲ့ပြီးပြီဟု ခန့်မှန်ထားသည်။ ထို့ကြောင့် ဟန်လိသည် ကောင်းကင်ရေခဲမီးတောက်များကို တားဆီးနိုင်စွမ်း မရှိသင့်တော့ပေ။ တကယ်တော့ သည်လောကရှိ ရွှေရောင်လျှပ်စီးဝါးများမှာ ၎င်းကို အသုံးပြု၍ ရတနာများစွာ ဖန်တီးဖို့အတွက် လုံလောက်မှု မရှိနေချေ။

သို့သော် ဟန်လိ ပိုင်ဆိုင်ထားသော ရွှေရောင်လျှပ်စီးဝါး၏ အရေအတွက်မှာ မယုံကြည်နိုင်စရာ ကောင်းနေသည်ဟု အရိုးသခင် ခံစားနေရသည်။

မိစ္ဆာဖယ်ရှားခြင်းလျှပ်စီး နတ်စွမ်းရည်သည် အသုံးပြုပြီးလျှင် ပြန်အင်အားပြည့်ရန် အချိန်တစ်ခု ယူရသည်။ ဟန်လိတွင် မိစ္ဆာဖယ်ရှားခြင်းလျှပ်စီး မြောက်များစွာသာ မရှိနေခဲ့လျှင် အရိုးသခင်သည် သူ့ကို ရှင်းပစ်နိုင်မည့် အခွင့်အရေး ရသွားပေလိမ့်မည်။

သူသည် သူ၏ သစ္စာဖောက်တပည့် ကျိနစ်ယင်အပေါ် စက်ဆုပ်လွန်းစာ ခံစားနေရသော်လည်း သူ့အနေဖြင့် ကောင်းကင်ရေခဲမီးတောက်ကို ရပြီးမှသာ သူ့ရည်မှန်းချက်များမှာ ပိုမြင့်သွားသည်။ မြင့်မြတ်သောမိုးပြာမီးတောက်ကိုသာ သူ သန့်စင်နိုင်သည်နှင့် သူ့အဖို့ ပြန့်ကြဲကြယ်ပင်လယ်များ၌ ဟာဂျီမွန်( ကြီးစိုးသူ)တစ်ယောက်ပါ ဖြစ်လာနိုင်ခြေ ရှိသွားပေလိမ့်မည် မဟုတ်လား။

မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးသည် သူကဲ့သို့ တစ္ဆေတာအိုကျင့်ကြံသူများကို ဖယ်ရှားပစ်နိုင်စွမ်း ရှိ၍ ရွှေရောင်လျှပ်စီးဝါးဓားများကို ပိုင်ဆိုင်ထားသူ ဟန်လိသည် သူ အရင်ဆုံး ရှင်းပစ်ရမည့် ပစ်မှတ် ဖြစ်လာခဲ့ပေသည်။ သည့်နောက်မှာ မန်ဟုဇီ၏ အကူအညီဖြင့် အရိုးသခင်သည် ကျိနစ်ယင်ကို အလွယ်တကူ ရှင်းပစ်နိုင်စွမ်း ရှိမည် ဖြစ်သည်။

ဟန်လိသည် ဓားနှစ်လက်ထံမှ အားကောင်းလှသော လျှပ်စီးစွမ်းအားတန်းများကို ထုတ်ဖော်နိုင်ခဲ့ခြင်းက အရိုးသခင်အား အံ့အားတသင့် ဖြစ်စေရန် လုံလောက်နေပြီ။ သူ့လက်ထဲရှိ ရွှေရောင်လျှပ်စီးစက်ဝန်း ထွက်ပေါ်လာသည့်အခါတွင်မူ အရိုးသခင်အား ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့တော့သည်။ ဤသည်မှာ သူ ခန့်မှန်းထားသည်ထက် ကျော်လွန်နေသည်။

အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်က သူ၏ခန္ဓာကိုယ်ထဲ၌ မြောက်များလှစွာသော ရွှေရောင်လျှပ်စီးဝါးများကို အမှန်တကယ် ပိုင်ဆိုင်နေသည်။ အရိုးသခင်သည် နောင်တရမိနေပြီ။ သို့သော် တုန်လှုပ်မှုနှင့် မယုံကြည်နိုင် ဖြစ်မှုတို့က ပိုအားကောင်းလှ၏။

ရွှေရောင်လျှပ်စီးဝါးဖြင့် ပြုလုပ်ထားသော ရတနာများစွာကို ဟန်လိသည် မည်သို့မည်ပုံ ပိုင်ဆိုင်ထားသနည်း။ ရှင်းပြ၍ မရနိုင်သော သံသယများက အရိုးသခင်၏ စိတ်နှလုံးကို လေးလံဖိစီးစေသည်။

အရိုးသခင်သည် အံ့အားသင့် ထိတ်လန့်နေစဉ် ဟန်လိ၏လက်ထဲရှိ လျှပ်စီးစက်ဝန်းသည် တစ်မီတာအရွယ်မျှထိ ကြီးထွားလာခဲ့သည်။ အခုအခါ ၎င်းက ဟန်လိ၏ ဦးခေါင်းထက်တွင် လွင့်မြောလျက် ရှိသည်။ ခုလက်ရှိတွင် ၎င်းထံမှ လျှပ်စီးတေးသံကိုလည်း ကြားရနိုင်သည်။

အရိုးသခင်သည် တည်ငြိမ်မှု ပြန်ရလာခဲ့၏။ သို့သော် သူ့မျက်နှာကမူ ဖြူရော်နေဆဲပင်။

အရိုးသခင်က ဒေါသတကြီးဖြင့် အံကြိတ်၍ ပြောလာသည်။

“ကောင်းတယ်…သိပ်ကောင်းတယ်။ မင်းမှာ ရွှေရောင်လျှပ်စီးဝါး ရတနာ ဘာလို့ ခုလောက်ထိ အများအပြား ပိုင်ဆိုင်ထားမှန်း ကျုပ် မသိပေမယ့် တနေ့မှာတော့ မင်းရဲ့ ပိုင်ဆိုင်မှုကြောင့် တစ္ဆေတာအိုကျင့်ကြံသူတွေရဲ့ ဘုံရန်သူ ဖြစ်လာမှာတော့ သေချာတယ်။ ဒီကနေ့ ကျုပ်က မင်းကို တစ္ဆေတာအိုရဲ့ မြင့်မြတ်တဲ့ မိုးပြာမီးတောက်ရဲ့ ခွန်အားကို မျက်မြင် ကြုံခိုင်းမယ်…”

သူ့အဖို့ ခုမှ နောက်ပြန်ဆုတ်ရန်မှာ အလွန်နောက်ကျသွားခဲ့လေပြီ။ ထို့ကြောင့် သူသည် ဒဏ္ဌာရီလာ မြင့်မြတ်သောမိုးပြာမီးတောက်များကို ဖန်တီးရန် စွမ်းအားသုံးမျိုးကို ပေါင်းစည်းဖို့ ပြင်ဆင်သည်။ သူသည် ထိုမီးတောက်က ဟန်လိ၏ မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးနတ်စွမ်းရည်ကို တချက်တည်းဖြင့် ချိုးဖျက်နိုင်စွမ်း ရှိဖို့ မျှော်လင့်ရတော့သည်။

တကယ်တော့ အချိန်တိုအတွင်း ထိုမြင့်မြတ်သောမီးတောက်ကို အတင်းအကြပ် ဖန်တီးခြင်းသည် အလွန်တရာ အန္တရာယ်များလှသည်။ အချိန်မရွေး တန်ပြန်ဒဏ် သင့်သွားနိုင်သည်။ သို့သော် ခုလက်ရှိ၌ အရိုးသခင်တွင် ရွေးချယ်စရာ မရှိတော့ပေ။

သူသည် ဟန်လိ၏ နတ်စွမ်းရည်များကို အခြားနည်းလမ်းများနှင့် ရင်ဆိုင်ပြီး ၎င်းကို ရှောင်ရှားဖို့ သူ၏ ပညာရပ်များနှင့် စွမ်းရည်များကို အသုံးပြုနိုင်စွမ်း ရှိသော်လည်း သူ့မှာ ၎င်းတို့ကို အသုံးပြုရန် အချိန် မရှိပေ။ ထိုသို့ ပညာရပ်များစွာကို အသုံးပြု၍ အချိန်ပိုကြာစေခြင်းသည် ဟန်လိကို လွတ်မြောက်သွားစေနိုင်ခြင်း သို့မဟုတ် အခြားသူများ ပြန်ရောက်လာခြင်းတို့ထိ ဖြစ်သွားစေနိုင်သည်။

သို့ဖြစ်၍ ဟန်လိသည် အံတင်းတင်းကြိတ်ကာ သူ့လက်နှစ်ဖက်ကို အလင်းစက်ဝန်း ပတ်ပတ်လည်၌ လည်ပတ်စေသည်။ မှော်ချိပ်ဟန်များစွာသည် ၎င်းထံ အဆက်မပြတ် ပျံသန်းတိုးဝင်သည်။ ခဏအကြာတွင် အလင်းစက်ဝန်းသည် အသက်ဝင်လာပုံ ပေါ်သည်။

၎င်း၏ ဗဟိုချက်ရှိ အပြာရောင်မီးတောက်သည် အလျင်အမြန် စတင် လှည့်ပတ်လျက် လေးနက်စိတ်ဝိညာဉ်ယင်မီးတောက်များသည် အပြင်ဘက်ခြမ်း၊ အနက်ရောင်မိစ္ဆာဖယ်ရှားခြင်း လျှပ်စီးက ဆန့်ကျင်ဘက်ခြမ်းတွင် လည်ပတ်သည်။

ခဏအကြာတွင် အလင်းစက်ဝန်းတစ်ခုလုံးသည် မျက်စိစူးလောက်သည့် အလင်း ဖြာထွက်၏။ သည့်နောက်မှာ တုန်လှုပ်ဖွယ်ကောင်းလောက်အောင် အေးစက်သည့် မီးခိုးရောင် မီးတောက်မီးကျီးခဲများသည် ဟန်လိထံသို့ အလွန်မြန်ဆန်လှသော အမြန်နှုန်းဖြင့် တဟုန်ထိုး တိုးဝင်လာသည်။

ခဏ အံ့အားသင့်သွားပြီးနောက်မှာ ဟန်လိ၏ မျက်နှာသည် ခက်ထန်သွား၏။ သူသည် ထိုမြင့်မြတ်သောမိုးပြာမီးတောက်ကို အရင်က လုံးဝ မကြားဖူးခဲ့သော်လည်း ၎င်းမှာ ကောင်းကင်ဘုံရေခဲမီးတောက်ထက်တော့ အားနည်းလိမ့်မည် မဟုတ်မှန်း သိသည်။

အလေးအနက်အသွင်ဖြင့် ဟန်လိသည် သူ၏ အလင်းစက်ဝန်းထဲသို့ ပိုများပြားသော လျှပ်စီးများ သွန်းလောင်းထည့်ပြီး သူ့လက်ချောင်းများကို အသုံးပြု၍ မန္တာန်ချိတ်ဟန်များစွာကို ဖြစ်ပေါ်စေပြီး မန္တာန်တစ်ခုကို စတင် ရေရွတ်သည်။

ရွှေရောင်လျှပ်စီးလုံးသည် စတင် ဆန့်ထွက်လာပြီး သူ့ပတ်ပတ်လည်၌ လျှပ်စီးပိုက်ကွန်တစ်ခုအဖြစ် အသွင်ပြောင်းသည်။

ခဏအကြာတွင် မီးခိုးရောင်မီးတောက် မီးကျိခဲများသည် ရွှေရောင်လျှပ်စီးကို ကြမ်းတမ်းစွာ ထိုးနှက်လာသည်။ ချက်ခြင်းပင် ရွှေရောင်အလင်းနှင့် မီးခိုးရောင်မီးတောက်များ ရောထွေးယှက်လျက် မိုးကြိုးနှင့် ခြစ်ခြစ်တောက်ပူပြင်းသော လေတိုးသံများကို ထုတ်လွှတ်လေတော့၏။

All Chapters