← Chapters

ဆန်းပြာသည့်စာလိပ်ပန်းချီ

Vol. 36 Ch. 495

ဆန်းပြာသည့်စာလိပ်ပန်းချီ

Vol. 36 Ch. 495

ဟန်လိသည် ထိုမြား ထွက်ပြေးရန် ကြိုးစားမည့်အပေါ် ကြိုပြင်ဆင်ထားပြီး ဖြစ်သည်။ မြားက ထွက်ပြေးတာ မီတာအချို့သို့ ရောက်သည့်အခါတွင် ဟန်လိသည် မိုးပြာဓားအလင်းတန်းကို ၎င်းထံသို့ ပစ်လွှတ်လိုက်သည်။ မြားမှာ တုန်ခါထွက်သွားသည်။

ထိုအခိုက်တွင် ငိုကြွေးဝိညာဉ်သားရဲသည် မြားငယ်ကို အဝါရောင်အလင်းဖြင့် ထွေးခြုံပစ်ပြီး ထိုမှော်ရတနာမှာ အဆက်မပြတ် တဖြတ်ဖြတ် တောက်ပသွားသည်။ မြားသည် နောက်သို့ ပြန်ဆုတ်၍ လွတ်မြောက်ရန် ကြိုးစားသည်။ သို့သော် ၎င်းထက် ပို၍ အားကောင်းသော အဝါရောင်အလင်းက ပေါ်ထွက်လာ၏။ မြားက မည်မျှပင် ရုန်းကန်ပါစေ လွတ်မြောက်နိုင်စွမ်း မရှိတော့ပေ။ ထိုသားရဲကား တစ္ဆေအားလုံးကို ဖယ်ရှားနိုင်ဟု သိထားကြသည့်အတိုင်း မျှော်လင့်ထားသကဲ့သို့ ဖြစ်လာသည်။

ထိုမြားငယ်၏ ခုခံမှုသည် အားနည်းလာပြီး အလင်းလှောင်အိမ်ထဲမှ အဝါရောင်အမျှင်တန်းများ ထိုးထွက်ကာ ၎င်းကို ချက်ခြင်း တင်းကြပ်စွာ ရစ်ပတ်ချည်နှောင်သည်။ ထို့နောက်တွင် အဝါရောင်အမျှင်တန်းများသည် တင်းကြပ်လျက် မြားအတွင်းမှ အစိမ်းရောင်အလင်းလုံးတစ်ခုကို ဆွဲထုတ်ယူ၏။

အဝါရောင်အမျှင်တန်းများစွာဖြင့် ချည်တုန်ခံရသည့်အခါ ထိုအစိမ်းရောင်အလင်းသည် တိရစ္ဆာန်နှင့် အင်းဆက်မျိုးစုံ၏ အသွင်သို့ ပြောင်းပြီး ချိုးဖျက်နိုင်ရန် ထပ်ကြိုးစားသည်။ ၎င်းသည် အမျိုးမျိုးအဖုံဖုံ အားစိုက်ထုတ်သော်ငြားလည်း အဝါရောင်အမျှင်တန်းများထံမှ လွတ်မြောက်နိုင်စွမ်း မရှိဘဲ ငိုကြွေးဝိညာဉ်သားရဲ၏ နှာခေါင်းနားသို့ နီးသထပ် ပိုနီးကပ်လာသည်။

ထိုအချိန်တွင် အစိမ်းရောင်အလင်းသည် အလွန်အမင်း ကြောက်လန့်မှု ပိုတိုးပွားလာပြီး အဘိုးအိုတစ်ယောက်၏ မျက်နှာအဖြစ်သို့ အသွင်ပြောင်းသည်။ ထိုအလင်းသည် ဟန်လိထံသို့ တောင်းပန်တိုးလျှိုးလာ၏။

“မိတ်ဆွေလေးဟန်…ကျုပ်ကို လွှတ်ပေးဖို့ မင်းကို တောင်းပန်ပါတယ်။ မင်းသာ ကျုပ်ရဲ့ အသက်ကို ချမ်းသာပေးမယ်ဆို ကျုပ် တဘဝလုံး မင်းဆီမှာ ကျွန်ခံပေးချင်ပါတယ်။ ထူးခြားလျှို့ဝှက်တဲ့ ပညာရပ်မျိုးစုံကိုလည်း ကျုပ်အနေနဲ့ သိထားပါတယ်။ ကျုပ်က ဒီအရာတွေအားလုံး မင်းကို ပေးချင်ပါတယ်။ ဒါ့အပြင် မိတ်ဆွေလေးဟန်က လေးနက်ယင်ပညာရပ်တစ်ခုလုံးကို သင်ယူချင်တဲ့ ဆန္ဒရှိတယ် မဟုတ်လား။ ကျုပ် သစ္စာဖောက်တပည့် ကျိနစ်ယင်ကိုတောင် ဒီပညာရပ်ရဲ့ နောက်ဆုံးအဆင့်တွေကို မသင်ပေးခဲ့ဘူး။ ရောင်းရင်းဟန်အနေနဲ့ လေးနက်စိတ်ဝိညာဉ်နတ်ဆိုးအစားထိုးခြင်းနဲ့ ပတ်သတ်တဲ့ အံ့ချီးဖွယ်တွေကိုလည်း သိချင်စိတ် မရှိဘူးလား။ ကျုပ်ရဲ့ ကိုယ်ပိုင်နေရာကို ကျိနစ်ယင်က ပိုက်စိပ်တိုက် ရှာဖွေခဲ့ပြီးပြီ ဆိုပေမယ့် ကျုပ်ရဲ့ လျှို့ဝှက်ရတနာတွေ ထည့်သိမ်းထားတဲ့ လှိုဏ်ဂူများစွာကို ကျုပ် ပိုင်ဆိုင်တုန်းပဲ။ ဒီအစေခံအိုကြီးက ဒါတွေအားလုံး မင်းကို ပေးချင်ပါတယ်…”

ထိုတစ္ဆေမျက်နှာသည် စကားပို ပြောရင်း သူ၏ စကားများက ပိုမြန်ပိုသွက်လာပြီး ပို၍လည်း ကြောက်လန့်လာနေပုံ ပေါ်သည်။ သူသည် ခုအခိုက်အတန့်တွင် သူ့ကိုယ်သူ ကျွန်တစ်ယောက် လုပ်ပေးပါမည်ဟုပင် ပြောလာခဲ့ပေသည်။ ထိုစဉ်တွင် သူသည် ငိုကြွေးဝိညာဉ်သားရဲ၏ နှာခေါင်းနား တစ်ပေခန့် အကွာသို့ ရောက်နေလေပြီ။

သူသာ ထိုသားရဲ၏ စုပ်ယူခြင်းကို အမှန်တကယ် ခံလိုက်ရလျှင် သူ၏စိတ်ဝိညာဉ်သည် ကြံ့ခိုင်သည် ဆိုလျှင်ပင် သူသည် လုံးဝ လွတ်မြောက်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

အခြားသူများအပေါ် ထည့်တွေးလေ မရှိတတ်သော ဟန်လိသည်ပင် အရိုးသခင်၏ တောင်းပန်လျှိုးသံကို ကြားရသည့်အခါတွင် သူ့စိတ်နှလုံးသည် တုန်ခါသွားရသည်။ သူ့မျက်နှာထက်တွင် ချီတုံချတံ ဖြစ်ဟန် ပေါ်သည်။

ဟန်လိ၏ တုံ့ဆိုင်းနေပုံကို မြင်သည့်အခါ တစ္ဆေသည် သူ၏ အကြီးမားဆုံး ဝှက်ဖဲကို ထုတ်သုံးကာ လေသံတိုးတိုးဖြင့် ပြောလာသည်။

“ရောင်းရင်ဟန် အနေနဲ့ အဲ့အရာတွေ မလိုချင်ဘူးဆိုရင်တောင် ကျိနစ်ယင်ရဲ့ ကျင့်ကြံခြင်းပညာရပ်တွေ အားနည်းချက်ကိုကော မသိချင်ဘူးလား။ ပြီးတော့ မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ သူ ထားခဲ့တဲ့ ခြေရာခံအမှတ်အသားကို ဖယ်ရှားပစ်ဖို့ အတွက်ဆိုရင်ကော…”

ဟန်လိ၏ အမူအရာသည် အဆက်မပြတ် ပြောင်းလဲနေသည်။ သူက သက်ပြင်းချ၏။ သူ့ခေါင်းကို ခါရမ်းသည်။ ထိုအခါ အရိုးသခင်ကို ငိုကြွေးစိတ်ဝိညာဉ်သားရဲထံ တိုးဝင်နေခြင်း အဖြစ်အား ရပ်တန့်သွားစေသည်။

ချည်နှောင်ခံထားရသော တစ္ဆေ (ဝါ) အရိုးသခင်သည် ပျော်သွားပြီး စိတ်သက်သာရာရကာ သက်ပြင်းချ၍ ပြောလာသည်။

“မိတ်ဆွေလေးဟန်…မင်းက တကယ်ပဲ ဉာဏ်ကောင်းတဲ့သူပါပဲ။ ဒီအဘိုးအိုကို ချမ်းသားပေးတာဟာ…”

တစ္ဆေမျက်နှာသည် အားတင်းပြုံး၍ ဟန်လိနှင့် ညှိနှိုင်းရန် စိတ်ကူးသည်။

သို့သော် အရိုးသခင်သည် ဆက်ပြောသည့်အခါတွင် ငိုကြွေးဝိညာဉ်သားရဲသည် နှာခေါင်းရှုံ့ကာ အရိုးသခင်ကို စုပ်ယူပစ်သည်။ သတိလက်လွတ်အချိန် ဖြစ်နေ၍ သူသည် နည်းနည်းလေးမျှ ခုခံနိုင်ခြင်း မရှိဘဲ စုပ်ယူခြင်း ခံလိုက်ရတော့သည်။ ထိုအခိုက်တွင် ဟန်လိသည်လည်း အေးစက်စက် လှောင်ပြောင်သည့်ဟန် ဖြစ်ပေါ်နေသည်။

ငိုကြွေးဝိညာဉ်သားရဲသည် ၎င်း၏ အစာအတွက် ကျေနပ်သွားသည့်အလား လေချဉ်တက်၍ ၎င်း၏ အစာအိမ်ကို ပုတ်သည်။ ပြုံးယောင်သမ်း၍ ဟန်လိသည် သူ့လက်ထဲရှိ ငိုကြွေးစိတ်ဝိညာဉ်ပုလဲကို လှုပ်ရမ်းပြီး ထိုသားရဲကို သူ့သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သိမ်းသည်။

သည့်နောက်မှာတော့ ဟန်လိသည် သူ့လက်ကြားထဲရှိ အစိမ်းရောင်မြားငယ်နှင့်အတူ ရှေ့သို ဆက်လျှောက်လာသည်။ သူသည် ၎င်းမြားကို ကြည့်နေရင်းကနေ ခပ်တိုးတိုး ရေရွတ်သည်။

“ခင်ဗျားက ကျုပ်ရဲ့ အစေခံ ဖြစ်ချင်တယ်တဲ့လား။ ကျုပ်က ဘယ်လိုလုပ် လက်ခံပါ့မလဲ။ ခင်ဗျားဟာ နှစ်ပေါင်းတစ်ထောင်လောက် နေထိုင်ခဲ့တဲ့သူ။ ဒါ့ကြောင့် ကျုပ်က ခင်ဗျားထက် အကြံအစည်အရာမှာ သာဖို့ဟာ ဖြစ်နိုင်ပါ့မလား။ အခုချိန် ခင်ဗျားကို သတ်လိုက်တာဟာ ကျုပ်အတွက် ဒုက္ခတော်တော်များများ အေးသွားစေတယ်။ ခင်ဗျားက ကျုပ်ကို သစ္စာဖောက်လာမယ့်အချိန်ကို ဘယ်သူက သိနိုင်ပါ့မလဲ…”

အခုချိန်ထိ ဟန်လိသည် ထိုတစ္ဆေမှာ အရိုးသခင်၏ အစစ်အမှန်စိတ်ဝိညာဉ်လား သို့မဟုတ် အစောပိုင်းတုန်းက ထွေးထုတ်ခဲ့သော စိတ်ဝိညာဉ်အပိုင်းအစလားကိုတော့ နားလည်နိုင်ခြင်း မရှိချေ။ ဟန်လိသည် တစ္ဆေတာအိုပညာရှင်များသည် ဤကဲ့သို့ စိတ်ဝိညာဉ်ခွဲထုတ်ခြင်း ပညာရပ်များကို ပိုင်ဆိုင်ထားခဲ့လျှင်ပင် အံ့အားသင့်နေမည် မဟုတ်ပေ။

ဟန်လိသည် အနီးအနားတွင် ကျနေသော ဒြပ်စင်ငါးခုကြိုးမျှင်ကို ကောက်ယူပြီးနောက်မှာ သူ ခဏ အချိန်ဆွဲနေသေးသည်။ စောစောက တစ္ဆေမျက်နှာသည် ကျိနစ်ယင် သူ့အပေါ်၌ ထားခဲ့သော အမှတ်အသားအကြောင်းကို သတိပေးသလို ဖြစ်ခဲ့ပေသည်။ သူက ၎င်းကို မည်သို့ ဖယ်ရှားရမည်လဲဟု နည်းလမ်း မရှားနိုင်ခဲ့လျှင် သည်ကောင်းကင်လေဟာနယ်ခန်းမ၏ အရံအတားထဲကနေ ထွက်သွားသည်နှင့် ထောက်လှမ်းခံရနိုင်ခြေ ရှိသည်။

ဟန်လိသည် စိတ်ဝိညာဉ်အာရုံဖြင့် သူ့ကိုယ်သူ လေးငါးကြိမ်လောက် စစ်ဆေးကြည့်ခဲ့ပြီး ဖြစ်သည်။ သို့သော် သူသည် သဲလွန်စနည်းနည်းလေးကိုမျှ ရှာနိုင်စွမ်း မရှိခဲ့ပေ။ သို့ရာတွင် ဟန်လိ၌ မည်သည့်အမှတ်အသားကိုမဆို ရှာနိုင်သည့် နောက်ထပ် နည်းလမ်းတစ်ခု ရှိနေတုန်းပင်။ မဟုတ်ပါက သူသည် ခုလောက်ထိ တစ္ဆေကို မြန်ဆန်စွာ ရှင်းထုတ်ပစ်ခဲ့လိမ့်မည် မဟုတ်ပေ။ သူသည် သူ၏ ရွှေဝါးမြိုခြင်းပိုးတောင်မာ တစ်ထောင်ကျော်ကို လေထဲသို့ စေလွှတ်ပြီး ၎င်းတို့ကို သူ၏ခန္ဓာကိုယ်ပေါ် ကုတ်တွယ်တက်စေသည်။

ခဏကြာပြီးနောက် သူ၏ ခြေထောက်အောက်ပိုင်းရှိ ရွှေဝါးမြိုခြင်းပိုးတောင်မာ အချို့သည် တမူထူးစွာ စီခနဲ အော်သံတစ်သံကို ထုတ်လွှတ်သည်။

ဟန်လိသည် ပျော်မြူးသွားပြီး အမိန့်ပေးသည်။ သူ့ခြေထောက်ပေါ်ရှိ ရွှေဝါးမြိုခြင်း ပိုးတောင်မာများသည် ထိုအခိုက်တွင် ဂနာမငြိမ် ဖြစ်လာသည်။ ထို့နောက်မှာ ၎င်းတို့အားလုံးသည် သူ၏ စိတ်ဝိညာဉ်သားရဲ သိုလှောင်အိတ်ထံသို့ ပြန်ရောက်သည်။ ယင်းနောက်တွင်မူ ဟန်လိသည် ကျောက်လှေကားများထံ ဆက်လက် နှေးဖင့်နေခြင်း မရှိတော့ဘဲ တန်းမတ်စွာ ပျံသန်းသွားသည်။

သူသည် မျက်စိတစ်မှိတ်အတွင်း လှေကားထစ်အောက်ဘက် မီတာတစ်ရာလောက်ထိ ခရီးနှင်လာခဲ့ပေပြီ။ ထို့နောက်တွင် ဟန်လိသည် ပါးစပ်ဟပြီး အပြာရောင်အလင်းတန်းတစ်ခုကို ထွေးထုတ်၍ သူ၏ ဝါးတိမ်အုပ်ဓားနှင့်အတူ အလင်းအရံအတားပေါ်၌ သုံးမီတာမျှ အကျယ်ရှိ အပေါက်တစ်ပေါက်ကို ဖြစ်စေသည်။ ထို့နောက်တွင်မူ သူသည် အလင်းတန်းအဖြစ်သို့ ပြောင်း၍ ၎င်းအပေါက်ထဲသို့ တိုးဝင်သွားသည်။

သူ၏ တွက်ချက်မှုအရ သူသည် ထိုအပေါက်ထဲကနေ ပထမထပ် သို့မဟုတ် ဒုတိယထပ်သို့ လူမသိသူမသိ ပြန်ရောက်ပြီး ၎င်းအထပ်များထဲမှ အခန်းတစ်ခုထဲသို့ ဝင်ရောက်မည်။ ယင်းနောက် သူသည် လျှို့ဝှက်ခတ်းထဲရှိ အတားအဆီးများကို ချိုးဖျက်ကာ ကောင်းကင်လေဟာနယ်ခန်းမထံ ပြန်ရောက်ပေလိမ့်မည်။ အခြားအထပ်များရှိ အခန်းများကမူ သူ့အတွက် အန္တရာယ်များလွန်းနေသည်။

ဟန်လိသည် လမ်းတစ်လျှောက်လုံး တိတ်တဆိတ်သာ ရှိနေသည်။ အပြန်လမ်းတွင် အတားအဆီးများနှင့် ရုပ်သေးများသည် ရှင်းထုတ်ခံပြီး ဖြစ်တာ ကြာနေလေပြီ။ မိစ္ဆာအိုကြီးများနှင့် ပတ်သက်ပြီး ဂရုတစိုက် ရှောင်သွားခြင်းအပြင် သူ့၌ အခြား စိတ်ပူပန်စရာ ရှိမနေပေ။ သူသည် ရဲတင်းစွာ ပျံသန်းသွားလာနိုင်သည်။

အကြောင်းမှာ ဟန်လိသည် ရှေ့တည့်တည့်လမ်းကြောင်းကို သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် တွေ့မြင်ပြီး ဖြစ်သောကြောင့်ပင်။ သူသည် နံရံပေါက်ထဲမှ ရခဲ့သော စာလိပ်ကို ထုတ်၍ ၎င်းကို ဖတ်ရှုရန် အချိန်တစ်ခု အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

“အန်…”

၎င်းစာလိပ်ကို အလျင်အမြန် ကြည့်ပြီးနောက်မှာ သူသည် တုန်လှုပ်စွာ ထမအော်မိဘဲ သူ့အရှိန်ကို မနှေးမိဘဲ မနေနိုင် ဖြစ်သွားရသည်။ ထိုစာလိပ်မှာ ထူးခြားလွန်းမနေပေ။ ၎င်း၌ စိတ်ဝိညာဉ်စွမ်းအားလည်း နည်းနည်းလေးမျှ မပါချေ။ ထို့အပြင် သည်စာလိပ်မှာ အကြမ်းထည်ဆန်ပြီး ရိုးရိုးရှင်းရှင်း မြေပုံတစ်ခုသာ ပါသည်။

ဟန်လိသည် ၎င်းကို သုံးလေးငါးကြိမ်လောက် လေ့လာကြည့်ပြီးနောက်မှာ ထိုမြေပုံသည် အတွင်းပိုင်းခန်းမများ၏ ငါးထပ်မြောက် မြေပုံမှန်း ချက်ခြင်း သိလိုက်တော့သည်။

လက်ကိုင်နှစ်ခု၊ ခြေထောက်တိုင်သုံးခုနှင့် ဒယ်စောက်အပါအဝင် ကျောက်ဖျာတစ်ချပ်၏ ပုံကြမ်းမှာ သည်မြေပုံတွင် ပါနေတာ ပြောနေစရာ မလိုတော့ပေ။ ၎င်းမှာ ကောင်းကင်လေဟာနယ်ဒယ်စောက်၏ ပုံဖြစ်တာ အသိသာကြီးပင်။ ၎င်း၏ ရှေ့တွင် လျှို့ဝှက်ခန်းတစ်ခုကို ညွှန်ပြထားသော ကြက်ခြေခတ်အမှတ်အသားတစ်ခုလည်း ရှိ၏။

သို့သော် ဟန်လိကို အတုန်လှုပ်စေဆုံးမှာ လမ်းကြောင်းများသည် အနီရင့်ရောင် မင်ရောင်များ ရှိနေခြင်းပင်။ ကျန်သည့်နေရာများကိုမူ မြေပုံပေါ်၌ မင်နက်ရောင် ပြထားသည်။ ထိုလမ်းကြောင်း၏ နောက်၌ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုနှင့်အတူ နံရံမြင့်မြင့်ပုံရိပ်တစ်ခုရှိ ဦးတည်သော လမ်းတစ်ခု ရှိသည်။

ဟန်လိ၏ မူလအစီအစဉ်အရဆို သူသည် ပထမထပ် သို့မဟုတ် ဒုတိယထပ်သို့ ပြန်သွားမည် ဖြစ်ပြီး လမ်းတစ်လျှောက်တွင် စဦးစိတ်ဝိညာဉ်အဆင့် မိစ္ဆာအိုကြီးများနှင့် မတွေ့ရန် ဆုတောင်းနေရလိမ့်မည်။ အခု သည်မြေပုံကသာ တိကျမည် ဆိုလျှင် သူသည် သည်နေရာကနေ ထွက်ရန် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုနိုင်တော့မည် မဟုတ်လား။ ၎င်းက သူ့ကို ကောင်းကင်လေဟာနယ်ခန်းမအပြင်ဘက်သို့ မခေါ်ထုတ်ပေးနိုင်ခဲ့လျှင်ပင် ငါးထပ်မြောက်နေ နှစ်ထပ်မြောက် သို့မဟုတ် တစ်ထပ်မြောက်သို့ ပြန်ဆင်းမည့် သူ၏ ရူးမိုက်သည့် အကြံထက်တော့ ပိုဘေးကင်းလိမ့်မည်သာ။

ဟန်လိသည် မြေပုံတွင် ဖော်ပြားထားသော လမ်းကြောင်း၌ သူနှင့် အနီးဆုံးလမ်းကို ပို၍ ရွေးချင်သည်။ အခု သူသည် အနီရောင်အမှတ်အသားလမ်းကြောင်းထဲ ဝင်ရောက်ရန် လမ်းဆုံတစ်ခုတွင်သာ ရှိသေးသ်ည။ သို့သော် သူ၏ တစ်ခုတည်းသော စိတ်ပူပန်မှုမှာ သူသည် လမ်းတစ်လျှောက်တွင် အတားအဆီးများ သို့မဟုတ် ရုပ်သေးများနှင့် ကြုံရ၊ မရကိုပင်။

သူသည် မြေပုံ၏ ခိုင်မာမှုနှင့် ပတ်သက်၍တော့ ပူပန်မှု မရှိပေ။ ၎င်းမှာ မည်သို့ အတုအပ ဖြစ်နိုင်ပါ့မည်နည်း။ ၎င်းသည် နံရံနောက်၌ လျှို့ဝှက် တည်ရှိခဲ့ရုံသာမက ကောင်းကင်လေဟာနယ်ခန်းကဲ့သို့ သက်တမ်းလည်း ရှိနေခဲ့လေပြီ။ သို့ဖြစ်၍ ဟာသ လုပ်ရပ် သပ်သပ်တော့ သည်လို မြေပုံကို မည်သူကများ အားစိုက်ထုတ်၍ နံရံနောက်မှာ ထားထားပါ့မည်နည်း။

ဆုံးဖြတ်ပြီးသည့်နောက်မှာ ဟန်လိသည် လမ်းဆုံးတစ်ခုသို့ ရောက်လာသည်။ သူသည် ဘေးပတ်ပတ်လည်သို့ အဆက်မပြတ် ကြည့်နေလျက် ရှိပြီး သူ မည်သည့်လမ်းကြောင်းကို ရွေးချယ်ရမလဲ မရေမရာ ဖြစ်နေဆဲပင်။

“ဘာပဲ ဖြစ်ဖြစ်ကွာ။ အဆိုးဆုံးအနေနဲ့ ငါ အန္တရာယ် ကြုံတော့လည်း ပြီးခဲ့တဲ့လမ်းကြောင်းအတိုင်း လှည့်ပြန်ရုံပေါ့။ မြေပုံအရဆို ဒီလမ်းကြောင်းဟာ သိပ်တော့ ရှည်လျားမနေဘူး။ ပြီးတော့ ဒါက အရင်အထပ်တွေကို ပြန်တာထက်တော့ အများကြီး ပိုဘေးကင်းနေတာပဲ…”

ထို့အပြင် သူသည် လွတ်မြောက်ရာ လမ်းကြောင်းကို ပြသသော ထိုမြေပုံ၌ အန္တရာယ် အများအပြား ရှိနေလိမ့်မည်ဟုလည်း မယုံကြည်ပေ။

ထိုအတွေးဖြင့် ဟန်လိသည် သူ့လက်နှစ်ဖက်ကို ဖြန့်ကား၏။ သူ့ပတ်လည်၌ အလင်းများစွာ လင်းလက်ပြီး လူဝံရုပ်သေးများစွာ ပေါ်လာသည်။ သူ့အမိန့်အောက်မှာ ၎င်းတို့သည် လမ်းကြောင်းထံ ရှေ့ကနေ ပြေးဝင်သွားကြသည်။ ဟန်လိသည် ၎င်းတို့နောက်မှာ လေးနက်သည့်ဟန်ပန်ဖြင့် နီးနီးကပ်ကပ် လိုက်ပါလာသည်။

All Chapters