← Chapters

မိန်းမလှနှင့် စိတ်ဝိညာဉ်စိမ့်တွင်း

Vol. 36 Ch. 496

မိန်းမလှနှင့် စိတ်ဝိညာဉ်စိမ့်တွင်း

Vol. 36 Ch. 496

ဟန်လိသည် များစွာ အံ့အားသင့်လျက် ရှိနေသည်။ သူ ရှာတွေ့ခဲ့သည့် နံရံကြား၌ လျှို့လျှို့ဝှက်ဝှက် ရှိနေသော မြေပုံမှ ပြသသည့် လမ်းကြောင်းသည် အတော်လေးကို အေးအေးချမ်းချမ်း ရှိနေသည်။ သူသည် မည်သည့်အတားအဆီးမျှ သို့တည်းမဟုတ် မည်သည့်ရုပ်သေးအစောင့်ကိုမျှ လမ်းတစ်လျှောက်တွင် မကြုံရပေ။ သူသည် မြေပုံအတိုင်း လိုက်လာခဲ့ရင်း နံရံမြင့်ဆီ ဘာပြဿနာမှ မတက်ဘဲ ဖြည်းဖြည်းချင်း ရောက်လာခဲ့သည်။

ထိုကျောက်နံရံကို လှမ်းကြည့်ပြီးနောက်မှာ ဟန်လိသည် မြေပုံစာလိပ်ကို ဖြန့်၍ နောက်တစ်ကြိမ် သေချာ ကြည့်ရှုသည်။

“ဒီနေရာပဲ…” ဟန်လိသည် သေချာသည့်ဟန်ဖြင့် တစ်ကိုယ်တည်း ရေရွတ်သည်။ သူ့လက်ချောင်းထံမှ မိုးပြာဓားအလင်းတန်းတစ်ခုကို ထုတ်လွှတ်လျက် နံရံထံ တိုက်ရိုက် လျှောက်လာသည်။

နံရံပေါ်၌ မည်သည့်အတားအဆီးမျှ မရှိတာ မြင်သည့်အခါ ဟန်လိသည် ကျေနပ်ပျော်ရွှင်သွား၏။ သူ မျှော်လင့်ထားသည့်အတိုင်း နံရံသည် အပိတ်ကြီး ဟုတ်မနေပေ။ သူက သူ့လက်ချောင်းထိပ်ကို အသုံးပြုလျက် ထိုနံရံ၌ သုံးမီတာမျှ အကျယ်အဝန်းရှိ ခပ်ဝိုင်းဝိုင်း အပေါက်တစ်ခုကို ဖန်တီးသည်။ အတွင်းပိုင်း အမှောင်ထုနှင့်အတူ အပေါက်ကြီးတစ်ခု ပေါ်လာသည်။

သူ့လက်ကို လှုပ်ခါလိုက်၍ သူ၏လက်ချောင်းများထံမှ ဓားအလင်းသည် ပျောက်ကွယ်သွားသည်။ ထို့နောက်တွင် သူသည် သူ့လက်ဝါးထဲသို့ အဖြူရောင်အလင်းလုံးတစ်ခုကို ဆင့်ခေါ်ကာ ၎င်းကို အခန်းထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်စေသည်။ ဆက်၍ တွေဝေမနေတော့ဘဲ သူ ကိုယ်တိုင်လည်း ခုန်ဝင်လိုက်၏။

နံရံနောက်ရှိ ထိုလျှို့ဝှက်ခန်းသည် မီတာခြောက်ဆယ်မျှ အမြင့်ရှိပြီး ဆယ့်ငါးမီတာလောက် အကျယ်ရှိသည်။ အခန်းတစ်ခုလုံးသည် ဖုန်များ ထလျက် ရှိပြီး ၎င်း၏ ဗဟိုချက်၌ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် အကြမ်းထည် တစ်ခုရှိနေသည်။

ထိုတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ပေါ်၌ မျဉ်းကြောင်းများ ရေးဆွဲထားပြီး ၎င်း၏ အဆောင်အမှတ်အသားများသည် အကြမ်းထည် ဆန်လှသည်။ မကျွမ်းမကျင်သူတစ်ယောက်က အစီအရင်တစ်ခုကို ဆိုးဆိုးဝါးဝါး တုပထားသည့်ပုံစံမျိုး ဖြစ်နေ၏။ ဟန်လိသည် မျက်မှောင်ကြုတ်သွား၏။ ထိုအစီအရင်သည် အသုံးမပြုနိုင်တာလား သို့တည်းမဟုတ် စတင်သည့် အချိန်မှစ၍ သည်အတိုင်းဘဲ အသုံးမပြုရသေးတုန်းလား။ သူက ရှေ့သို့ ခြေလှမ်း၏။ မန္တာန်အစီအရင်များအပေါ် အခြေခံထားသည့် သူ၏ ဗဟုသုတတို့ကို အသုံးပြုကာ ၎င်းအစီအရင်ကို စူးစမ်းကြည့်သည်။ ခဏကြာပြီးနောက်မှာတော့ သူသည် သက်ပြင်းရှည်ကြီး ချလိုက်၏။

ထိုအစီအရင်မှာ အကြမ်းထည် ဖြစ်နေသော်လည်း ၎င်းကို အသုံးပြုနိုင်တုန်းပင်။ ထို့အပြင် ၎င်းသည် အကွာအဝေး ဝေးဝေးလံလံသို့ သယ်ယူပို့်ဆောင်းပေးသော အစီအရင်တစ်ခုလည်း မဟုတ်နေပေ။ ၎င်းသည် နေရာတစ်ခုခုထံ သူ့ကို ပို့ဆောင်ပေးနိုင်ခြေများသည်။

ဟန်လိသည် စိတ်ဝိညာဉ်ကျောက်တုံးများကို ထုတ်၍ ၎င်းတို့ကို အစီအရင်၏ လေးဘက်လေးလံတွင် အလျင်အမြန် နေရာချသည်။ မြည်သံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက်မှာ မန္တာန်အစီအရင်သည် အဖြူရောင်အလင်းခပ်သဲ့သဲ့ဖြင့် တောက်ပသည်။ ဟန်လိသည် ထိုမြင်ကွင်းကို ပြုံး၍ ကြည့်နေသည်။ သူသည် အစီအရင်ကို အလျင်အမြန် အသုံးပြုမည့်အစား ခေါင်းလှည့်ကာ နံရံပေါ်ရှိ တွင်းပေါက်ထံ ခေါင်းလှည့်ကြည့်ပြီး ခဏ စဉ်းစားနေသည်။

သူက နံရံနားသို့ တိုးကပ်သွားပြီး ပြန်လည်ဖာထေးခြင်း အသေးအမွှား မှော်ပညာရပ်အချို့ကို အသုံးပြု၍ အပေါက်ဖြစ်သွားသော နံရံပေါ်သို့ ကျောက်တုံးများ ကျရောက်စေသည်။ မျက်စိတစ်မှိတ်အတွင်း နံရံသည် ၎င်း၏ မူလပုံစံသို့ ပြန်ရောက်သွား၏။ ဟန်လိသည် သူ့လက်ထဲမှ ဖုန်မှုန့်တို့ကို ဖယ်ရှားပြီး အစီအရင်မန္တာန်ထံ လျှောက်လာသည်။ သည့်နောက်မှာ အဖြူရောင်လင်းလက်ခြင်းနှင့်အတူ သူသည် ပျောက်ကွယ်သွားတော့သည်။

ခဏအကြာတွင် ဟန်လိသည် ခပ်ပါးပါးမြူထဲ၌ ပြန်ပေါ်လာသည်။ ထိုမြူသည် နွေးထွေးပြီး ပန်းရနံ့သင်းနေသည်။

သူ၏ ရှေ့ သုံးမီတာခန့်တွင် နို့နှစ်ရောင် ရေကန်တစ်ခု ရှိနေသည်။ အနှီရေကန်သည် အဖြူရောင်မြူနှင့် သင်းရနံ့တို့၏ ဇစ်မြစ် ဖြစ်ပုံရသည်။

သူ့ကို မင်သက်သွားစေတာက ထိုရေကန် မဟုတ်ချေ။ ရေကန်အတွင်း၌ ဆောင့်ကြောင့်ထိုင်နေလျက် ရှိသော အဝတ်ဗလာနှင့် မိန်းမပျိုတစ်ယောက်ကသာ သူ့ကို မင်သက်ကြောင်ငေးသွားစေတာ ဖြစ်သည်။ သူမသည် ရေထဲ၌ ကျေနပ်ပျော်မြူးနေပုံ ရသည်။

သူမ၏ စွဲဆောင်မှု ရှိလှသော၊ ပြစ်မျိုးမှဲ့မထင် ခန္ဓာကိုယ်၊ ရှည်လျား နက်မှောင် တောက်ပသော ဆံနွယ်နက်နက်တို့က ဟန်လိကို သတွေး မြိုချမိသွားသည့်အထိပင်။ သူ့စိတ်ထဲ၌လည်း မိန်းမောသွားရသည်။

သူမကို အချိန်အတော်ကြာသည့်အထိ ကြည့်နေပြီးနောက်မှာ သူက အားမနာသည့်လေသံဖြင့် ပြောလိုက်သည်။

“အမျိုးသမီးယွမ်၊ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ။ ခင်ဗျားလည်း ဒီကို ရောက်နေတာပဲကို။ ဒါပေမဲ့လည်း ကျုပ်ကတော့ သိပ်ပြီး မသင့်တော်လှတဲ့ အချိန်အခါမှာ ရောက်လာမိပြီနဲ့ တူတယ်…”

ရေကန်ထဲရှိ အဝတ်ဗလာမဲ့မိန်းမပျိုမှာ အတွင်းခန်းမများထဲ၌ ပျောက်သွားခဲ့သော ယွမ်ယောင် အမှန်တကယ် ဖြစ်နေချေ၏။ သည်အခိုက်တွင် ဟန်လိ၏ ရုတ်ချည်း ထွက်ပေါ်လာမှုကြောင့် ယွမ်ယောင်သည် တုန်လှုပ်သွားသည်။ သူမက သူ့စကားသံကို ကြားသည့်အခါ ရုတ်တရက် သတိဝင်သွားပြီး သူမ၏ မျက်နှာသည် နီမြန်းသွားတော့သည်။

“သူမက သူမ၏လက်ဖြင့် ခန္ဓာကိုယ်ကို ဖုံးလျက် ရှက်ရွှံ့စွာ လှမ်းအော်သည်။

ရှင်…ဒီကို ဘယ်လို ရောက်လာတာလဲ။ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ဟာ အချိန်အခါမရွေး အသုံးပြုလို့ ရနိုင်တဲ့ဟာ မဟုတ်ဘူး။ ရှင်…မြန်မြန်…ဟိုဘက်လှည့်ပေးပါ…”

ယွမ်ယောင်သည် မင်လည်း မင်သက်၊ ရှက်လည်းရှက် ဖြစ်နေရှာ၏။

တဟားဟား ရယ်မောပြီးနောက်မှာတော့ ဟန်လိသည် စကားဖြင့် ပြန်မတုန့်ပြန် သူက တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထံ ပြန်လျှောက်သွားပြီး သူ့ဘေးပတ်ဝန်းကျင်ကို စူးစမ်းနေသည်။

၎င်းမှာ ကျောက်သားအခန်းတစ်ခု ဖြစ်၏။ ပေတစ်ရာကျော်လောက် အကျယ်ရှိမည်။ အဆုံး၌ ကျောက်တံခါးတစ်ခုလည်း ရှိသည်။ ဟန်လိနှင့် မျက်နှာချင်းဆိုင်ရှိ ရေကန်ဘေးတွင် အနက်ရောင်အဝတ်အစားများနှင့် သိုလှောင်အိတ်များက ကန်ဘေးမှာ အပုံလိုက်လေး ရှိနေသည်။

ဟန်လိ၏ အကြည့်သည် အနောက်ဘက် နံရံသို့ ကျရောက်သွားချိန် သူသည် အဖြူရောင်ကျောက်စိမ်း နဂါးရုပ်ကို ၎င်းပေါ်၌ တွေ့ရသည်။ ၎င်း၏ အောက်ဘက် တစ်မီတာလောက်တွင် အံတစ်ခု ရှိနေသည်။ ထိုအံသည် ကျောက်စိမ်းပုလင်းတစ်ခုထံမှ ထွက်ပေါ်နေသော အစိမ်းရောင်အလင်းဖြင့် တောက်ပနေ၏။ ၎င်းထဲ၌ တန်ဖိုးရှိသော တစ်စုံတစ်ခု ပါနေမည့်ဟန် တူသည်။

ယွမ်ယောင်သည် ဟန်လိက ကျောက်စိမ်းပုလင်းကို တွေ့သွားတာ မြင်သည့်အခါ သူမ၏ အရှက်ရနေဟန်ကို မေ့သွားပုံ ရပြီး တုန်လှုပ်ဟန် ဖြစ်ပေါ်သည်။ သို့သော် ဟန်လိသည် ထိုပုလင်းကို မမြင်သည့်နှယ် ချက်ခြင်း တစ်ဖက်သို့ လှည့်သည်။ သည့်နောက်မှာ သူက ကန်၏ အစွန်အစပ်နားသို့ လျှောက်သွားပြီး နို့နှစ်ရောင်ရေထံ ခေါင်းငုံ့ကာကြည့်သည်။ ယွမ်ယောင်သည် ကြိတ်၍ သက်ပြင်းချ၏။ သူမ၏ အမူအရာမှာ ပုံမှန် ပြန်ဖြစ်သွားသည်။ သို့သော် သူမ၏ မျက်ဝန်းလှလှထဲ၌ ထူးခြားသောအလင်းတစ်ခု လှစ်ခနဲ တောက်ပသွား၏။ သူမသည် တစ်စုံတစ်ခုကို တွေးနေသည့်အလား။

ထိုအချိန်တွင် ဟန်လိသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပုံ ရပြီး ကန်မျက်နှာပြင်ထံ လက်ဝေ့ရမ်း၏။ သူသည် သူ့လက်ထဲသို့ ရေအချို့ကို လွယ်လွယ်ကူကူ လှမ်းခပ်ယူပြီး သူ့မျက်လုံးနားသို့ အနီးကပ် ယူကြည့်သည်။ ထိုရေမှာ အလွန် မွှေးပျံ့နေပြီး သန့်စင်လှသော ကောင်းကင်နှင့်မြေကြီးချီ ပါဝင်လျက် ရှိသည်။

သို့သော် တအောင့်အကြာတွင် သူက ရေမှ သင်းပျံ့သောချီမှာ ပျောက်ကွယ်သွားပြီး ပုံမှန်ရေအဖြစ်သို့ ပြောင်းလဲသွားတာကို မြင်ရသည်။

ဟန်လိ၏ အမူအရာမှာ လှုပ်ခတ်သွား၏။ သူက လက်ထဲရှိ ရေကို လှန်လှောကြည့်ပြီး ပြောလာသည်။

“စိတ်ဝိညာဉ်ရေတွင်း…၊ ကောင်းကင်လေဟာနယ်ခန်းမရဲ့ အရှင်သခင်က ဒီနေရာမှာ ခုလောက်ထိ ကြီးမားတဲ့ စိတ်ဝိညာဉ်ရေတွင်းကို နေရာချထားခဲ့လိမ့်မယ်လို့ ကျုပ် ဖြင့် မမျှော်လင့်ထားမိခဲ့ဘူး။ အမျိုးသမီးယွမ်က ဒါကြောင့် အန္တရာယ်ကြီးကြီးမားမားကို ရင်ဆိုင်ပြီး ဒီနေရာထိ လာခဲ့တာများလား…”

ဟန်လိသည် အမျိုးသမီးယွမ်ထံသို့ တည်ငြိမ်စွာ လှမ်းကြည့်သည်။

ထိုအခိုက်တွင် ယွမ်ယောင်သည် တည်ငြိမ်မှု ပြန်ရနေပေပြီ။ သို့သော် ဟန်လိ၏ အကြည့်က သူမ၏ ပုခုံးသားထံ ဖြတ်သန်းသွားသည်ကို မြင်သည့်အခါ သူမ၏ ခန္ဓာကိုယ်ကို ကြုံ့၍ ဒေါသတကြီးဖြင့် မတုန့်ပြန်မိဘဲ မနေနိုင် ဖြစ်သွားသည်။

“ဟက်…ရောင်းရင်းဟန်ဟာ အမျိုးသမီးတစ်ယောက်ကို ဘယ်လိုပုံစံနဲ့ စကားပြောနေတာလဲ။ ရှင်ဟာ ကျမရဲ့ အဝတ်ဗလာမဲ့ခန္ဓာကိုယ်ကို မြင်ခဲ့ပြီးတာတောင် မလုံလောက်သေးဘူးလား…”

သူမ၏ ချောမောသော မျက်နှာလေးမှာ ဒေါသစွက်နေသည့်တိုင် အတော့်ကို ကျက်သရေ ရှိတုန်းပင်။ သူမသည် မျိုးဆက်တစ်ဆက်၏ ထူးကဲဆုံး အလှပိုင်ရှင်တစ်ယောက် ဖြစ်ထိုက်လှချေ၏။ ဟန်လိသည် ထိုအမျိုးသမီး၏ အသွင်ဟန်ပန်ကို ကြည့်နေစဉ် သူ့စိတ်နှလုံးထဲ တောက်လောင်မိ၏။

သူ့စိတ်ကိုယ်သူ ကြည်ရှင်းစေပြီး လိုအပ်တက်မက်မှုများကို ရှင်းထုတ်ထားသော်လည်း သူသည် ယောက်ျားတစ်ယောက် ဖြစ်နေဆဲပင်။ သူ့မျက်စိရှေ့ရှိ လှရက်သော မြင်ကွင်းကိုတော့ သဘောမကျမိဘဲ မနေနိုင် ဖြစ်ရသည်ပင်။ သူမ၏ စကားများကြောင့်လည်း သူသည် သူ့ကိုယ်သူ ရယ်ချင်မိသွားသည်။

ဟန်လိသည် ရေကန်အစပ်တွင် ထိုင်ချပြီး သူ့ဖိနပ်ကို ချွတ်၊ ရေထဲသို့ ရဲတင်းစွာ ဆင်းလာ၏။ သူက စိတ်ပါသလိုလို မပါသလိုလိုနှင့်လည်း စနောက်လိုက်သေးသည်။

“အမျိုးသမီးယွမ်က အဝတ်ပြန်ဝတ်ချင် သပဆိုလည်း ကျေးဇူးပြုပြီး မြန်မြန်သာ ဝတ်ပါ။ ကျုပ်က ခင်ဗျားကို နည်းနည်းလေးမှ မတားပါဘူး။ ဒါပေမဲ့လည်း ဒီလောက်ထိ အံ့ချီးဖွယ် အလှအပကို မြင်ရတဲ့ အခွင့်အရေးမျိုး ရှိနေမှတော့ ကျုပ်ကို လူရိုးလူကောင်းတစ်ယောက်လို ပြုမူလိမ့်မယ်လို့ မမျှော်လင့်ထားပါနဲ့။ ဒါ့ကြောင့် ကျုပ် ကြည့်မိမှာပဲ…”

ထိုသို့ ပြော၍ သူသည် ထိုရှက်ရွှံ့ဒေါသထွက်နေသော အမျိုးသမီးကို ပြုံး၍ စိုက်ကြည့်နေတော့သည်။

“ရှင်…” ယွမ်ယောင်၏ မျက်နှာမှာ နီရဲတွတ်သွားသည်။ သူမသည် တစ်စုံတစ်ခုကို ပြောရန် စဉ်းစားသည်။ သို့သော် မျက်လုံးကစားလိုက်ပြီး သူမ၏ လှပသော မျက်နှာလေးမှာ ပုံမှန်ဟန်ပန် ပြန်ဖြစ်သွား၏။ စွဲဆောင်မှု ရှိလှစွာ ပြုံး၍ တခစ်ခစ် ရယ်မောကာ ပြောလာသည်။

“ဟား…တာအိုရောင်းရင်းဟာ အဲ့လိုလူစားမျိုးမဟုတ်ဘူးလို့ ကျမ ထင်ခဲ့တာ။ ရောင်းရင်းဟန်က ခုလိုမျိုး စွဲဆောင်မှုတွေအပေါ် နားလည်သဘောပေါက်လိမ့်မယ်လို့ ကျမ မမျှော်လင့်ထားခဲ့မိဘူး။ ကျမကလည်း ကြင်နာမှု ကြီးစွာနဲ့ ဒီအမျိုးသမီးရဲ့ ခန္ဓာကိုယ် အလှကို ရှင့်အနေနဲ့ ခဏလောက်တော့ မြင်ခွင့်တွေ့ခွင့် ပေးလိုက်ပါမယ်။ ဒါပေမဲ့လို့ အဝတ်ဗလာမဲ့ ခန္ဓာကိုယ်ဟာ ကျမတို့လို့ ကျင့်ကြံသူတွေအတွက်တော့ ရေးကြီးခွင်ကျယ် ဟုတ်မနေပါဘူး။ ဒါ့ကြောင့် ကျမအနေနဲ့ အဝတ်အစား ပြန်ဝတ်လိုက်ပါအုံးမယ်…”

ထိုသို့ ပြော၍ သူမသည် ရေကန်ထဲကနေ သူမ၏ လက်ကို ရှက်ရွှံ့ဟန်ဖြင့် ပင့်မြှောက်ပြီး သူမ၏ ဆံနွယ်တို့ကို သပ်ချသည်။ ထို့နောက်တွင် သူမသည် ဟန်လိကို ပြုံး၍ ကြည့်လျက် သူမ၏ ပြစ်မျိုးမှဲ့မထင်အလှတရား ဆွဲညှို့နိုင်စွမ်းကို လှစ်ဟဖော်ပြနေသည်။

ဟန်လိ၏ စိတ်ထဲ၌ ဗလာကျင်းသွားရ၏။ သူမကား သူ့ကို ဖမ်းစားလိုက်သည့်အလား။ ချက်ခြင်းပင် ယွမ်ယောင်သည် ရေကို ထိပုတ်၍ သူမ၏ ရှေ့တွင် အဖြူရောင်မြူလွှာတစ်ခု ပေါ်လာစေပြီး ဟန်လိ၏ အမြင်မှ သူမအား ကာဆီးစေသည်။

သည့်နောက်မှာတော့ သူမသည်‌ ရေထဲကနေ ပျံသန်းလာပြီး သူမ၏ အဝတ်အစားများထံ တန်းတန်းမတ်မတ် ဦးတည်သည်။ ထို့နောက်မှာ သူမ၏ ခန္ဓာကိုယ်မှ အနက်ရောင်ချီထုတစ်ခု မြင့်တက်လာပြီး သူမကို မြင်ကွင်းမှ ထပ်မံ ကာဆီးပေးသည်။ ထိုချီပျောက်ကွယ်သွားသည်နှင့် ယွမ်ယောင်သည် ဝတ်စုံပြည့်ဝတ်ပြီး ဖြစ်ကာ မြေပေါ်သို့ ဖြည်းညင်းစွာ ပျံဝဲဆင်းသက်လာသည်။ မည်သည့်အချိန်တည်းက မသိရလေဘဲ နဂါးရုပ်အောက်မှ ကျောက်စိမ်းပုလင်းသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

All Chapters