← Chapters

ရှေးဟောင်းရတနာများ၏ အစွမ်း

Vol. 36 Ch. 504

ရှေးဟောင်းရတနာများ၏ အစွမ်း

Vol. 36 Ch. 504

ဟန်လိသည် ထိုပညာရှိဟန်လူ၏ စကားများကို ငြိမ်သက်၍သာ တုန့်ပြန်သည်။ သူ့အမူအရာသည် ဆက်တိုက် ပြောင်းလဲနေလျက်။ သူသည် မည်သို့ ရွေးချယ်ရမလဲ စဉ်းစားနေတာပင်။ လမ်းမှန်တာအိုမှ ကျင့်ကြံသူနှစ်ယောက်သ်ည တစ်ယောက်နှင့် တစ်ယောက် ကြည့်ကြ၏။ သည့်နောက် သူတို့သည် ဟန်လိကို သတိထား၍ စောင့်ကြည့်သည်။

ဟန်လိသည် ပြုံး၍ ပြောလာ၏။ “ကောင်းပါပြီ။ ကျုပ်မှာလည်း ချက်ခြင်း လုပ်ဆောင်ရမယ့် ကိစ္စမရှိတော့ ခင်ဗျားတို့နှစ်ယောက်နဲ့ အတူတူ လိုက်ခဲ့ပေးမယ်…”

သူတို့နှစ်ယောက်၏ အမူအရာများသည် ချက်ခြင်း စိတ်အေးသွားပုံ ရသည်။ ပညာရှိလူ၏ မျက်နှာထက်တွင် ကျေနပ်သည့်ဟန် ဖြတ်ပြေးသွားပြီး သူက တစ်ခုခု ပြောရန် ဟန်ပြင်သည်။

ထိုစဉ် ဟန်လိသည် တိုက်ခိုက်တော့၏။

သူ၏ အင်္ကျီလက်အိုးထဲမှ ညာလက်သည် ရုတ်တရက် ထိုးထွက်လျက် မိုးပြာအလင်းတန်းခြောက်ခုသည် မာကြောကြောလူသန်ကြီးထံ တိုးဝင်သွားသည်။ တချိန်တည်းမှာ သူ၏ ဘယ်လက်ကို ဝေ့ရမ်းကာ ငါးရောင်စုံ ကြေးနီးကြိုးမျှင် ချိန်းကြိုးကို ဆင့်ခေါ်သည်။ ၎င်းထံမှ မြည်သံတစ်သံ စတင် ထုတ်လွှတ်၏။

“မင်း တိုက်ခိုက်ရဲတယ်လား…” ပညာရှိဟန်နှင့်သူသည် အလျင်အမြန် တုန့်ပြန်သည်။ ဟန်လိ တိုက်ခိုက်လာတာ မြင်သည်နှင့် သူသည် လက်မအနည်းငယ်အကျယ်ရှိ လေးထောင့်စပ်စပ် မှော်ရတနာတစ်ခုကို ချက်ခြင်း ထွေးထုတ်သည်။ ၎င်းမှာ ပြားချပ်ချပ်နှင့် မည်းနက်နက် အရာတစ်ခု ဖြစ်ပြီး မင်ကျောက်တုံးတစ်မျိုး ဖြစ်ပုံ ရ၏။ မာကြောကြာလူသန်ကလည်း အလားတူ လျင်မြန်စွာ လှုပ်ရှား၍ အဖြူရောင်ကျောက်စိမ်း တံဆိပ်တုံးတစ်ခုကို ထုတ်လွှတ်သည်။ ထိုမှော်ရတနာသည် ထုတ်ဖော်သည်နှင့် သုံးဆထိ အရွယ်အစား ကြီးမားကာ တိုးဝင်လာသော မိုးပြာအလင်းတန်းခြောက်ခုနှင့် ထိပ်တိုက်တွေ့သည်။

ထိုအချိန်၌ ပညာရှိဟန်နှင့်သူသည် ဟန်လိ၏ လက်ထဲရှိ ကြိုးမျှင်ကို မြင်သည့်အခါ အော်၍ သတိလှမ်းပေးသည်။ “ဒီကြေးကြိုးမျှင်တွေကို သတိထား…”

မာကြောကြာလူသန်သည် မတုန့်ပြန်နိုင်အား။ မိုးပြာအလင်းတန်းခြောက်ခုမှာ ကြည်လင်သော မြည်သံတစ်ခု ထုတ်ဖော်လျက် ပုံစံတူ ဓားအလင်းဆယ့်နှစ်ခုထိ ကွဲထွက်သွား၏။ ခြောက်ခုသည် ရုတ်တရက် ဓားကြီးတစ်လက်အဖြစ် ပေါင်းစည်းကာ အဖြူရောင်ကျောက်စိမ်းတံဆိပ်တုံးပေါ်သို့ ကျရောက်သည်။

အခြားဓားအလင်း ခြောက်ခုကမူ ဦးတည်ရာ ပြောင်း၍ ဘေးဖက်မှ ကွေ့ပတ်ဝင်သည်။ ထိုသူမှာ ကြီးစွာ အလန့်တကြား ဖြစ်သွားး၏။ စဉ်းစားနေရန်ပင် အချိန်မရလေဘဲ သူက မန္တာန်ချိပ်ဟန်တစ်ခုကို ခပ်မြန်မြန် ထုတ်ဖော်သည်။

ထိုချိပ်ဟန်ထဲ၌ တောက်ပသော အဆောင်သင်္ကေတများနှင့်အတူ အပြာရောင်အလင်းများသည် သူ့ပတ်ပတ်လည်၌ ခြုံလွှမ်းစီးဆင်းသည်။ ထိုအပြာရောင်အလင်းများက ရုန့်ရင်းစွာ ချဲ့ကားလျက် သူ၏ ပတ်ပတ်လည်တွင် အပြာရောင်အလင်းအရံအတားတစ်ခုကို ဖြစ်ပေါ်စေသည်။ ထိုသူသည် ဟန်လိ၏ ဝါးတိမ်အုပ်ဓားများ၏ တိုက်ခိုက်မှုကို တိုက်ရိုက် ခုခံရန် စိတ်ကူးနေ၏။

တကယ်တော့ ပညာရှိဟန်ပန်နှင့်သူသည်လည်းး ဤအတိုင်း မနေနေပေ။ သူသည် လှမ်းအော် သတိပေးပြီးသည်နှင့် သူ့ရှေ့ရှိ မင်ကျောက်တုံးထံ လက်ညွှန်သည်။ ၎င်းသည် အနက်ရောင်မြူထုကို ထုတ်လွှတ်၏။ ချက်ခြင်းပင် ထိုမြူသည် ဆယ်မီတာအဝန်းလောက်ထိ ရောက်သွားပြီး အနီးဝန်းကျင်၌ မင်နံများ ကြိုင်လှိုင်သွားစေသည်။

ထို့နောက်မှာ တုံ့နှေးမနေဘဲ သူသည် မန္တာန်ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေပြီး မြူထုနက်ကို အနက်ရောင်ငှက်အကောင်သုံးဆယ်အဖြစ်သို့ ပြောင်းလဲစေသည်။ ထိုငှက်တို့မှာ တစ်ပေဝက်လောက်စီ ရှိကြ၏။ မွန်းစတားဆန်သော အော်မြည်သံနှင့်အတူ ၎င်းတို့သည် ဟန်လိထံ တိုးဝင်လာသည်။

ဟန်လိသည် ထိုတိုက်ခိုက်မှုကို မမြင်သည့်နှယ်။ သူ၏ ကြိုးမျှင်များကို သုံးလေးခါ ဝေ့ရမ်း၏။ လင်းထင်းတောက်ပသွားခြင်းနှင့်အတူ ၎င်းတို့သည် ပျောက်ကွယ်သွားသည်။ သည့်နောက် သူသည် သူ့လက်ကို လှမ်လှော၍ ရှေးဟောင်းပန်းခြင်းတစ်ခုကို ဆင့်ခေါ်၏။

ဟန်လိသည် သည်တိုက်ခိုက်မှုအပေါ် လားလားမျှ မစိုးရိမ်တာ မြင်သည့်အခါ ပညာရှိဟန်နှင့်သူသည် ပျော်ရွှင်သည်ထက် ဒေါသပိုထွက်သွား၏။ သူ၏ မင်ကျောက်တုံးများကား ရှေးဟောင်းသန့်စင်ခြင်းနည်းလမ်းများဖြင့် ဖန်တီးထားတာ ဖြစ်သည်။ ကံကောင်းခြင်းနှင့် အသည်းအသန် ကြိုးစားအားထုတ်ခဲ့မှုကြောင့်သာ သူသည် ၎င်းကို ဖန်တီးနိုင်ခဲ့တာ ဖြစ်၏။ ၎င်းအတွက် သူ့သက်တမ်းတစ်ဝက်ကိုပင် အသုံးပြုခဲ့သည်။ သို့သော် ထိုအတွက် သူ နောင်တမရပေ။ ထို စိတ်ရှုပ်ထွေးခြင်းမင်ကျောက်တုံးကို ပိုင်ဆိုင်ခဲ့ပြီးသည့် အချိန်မှစ၍ အဆင့်တူထဲ၌ သူ့ကို ခြိမ်းခြောက်နိုင်သူ တွေ့ရမြင်ရခဲသွားသည် မဟုတ်လား။ အမြုတေဖွဲ့စည်းခြင်း အလယ်အဆင့်များသည်ပင် ၎င်းမှော်ရတနာကြောင့် ဒုက္ခများသွားနိုင်သည်ပင်။ ပစ်မှတ်၏ ကျင့်ကြံခြင်းသည် သူ့ထက် များစွာ သာလွန်မနေခဲ့လျှင် သူတို့သည် မင်နက်မြူများ ခြုံလွှမ်းခံရလျှင် ပုံရိပ်ယောင်ထဲမှ လွတ်မြောက်နိုင်စွမ်း ရှိကြလိမ့်မည် မဟုတ်ပေ။

ငှက်များက ဟန်လိထံ တိုးဝင်သွားစဉ် ပညာရှိဟန်ပန်နှင့်သူသည် နှာခေါင်းမရှုံ့မိဘဲ မနေနိုင် ဖြစ်ရသည်။ သူ၏လက်နှစ်ဖက်ကို ပူးကပ်ပြီး မန္တာန်ချိပ်ဟန်တစ်ခု ဖြစ်စေကာ သူ၏ ငှက်များကို ပျက်စီးသွားစေရန် အမိန့်ပေးသည်။ သို့ပေမည့် တချိန်တည်းမှာ သူသည် ရုတ်တရက် သူ့နားဘေး၌ လေတိုးသံကို ကြားရသည်။ သူ၏ ခြေလက်များနှင့် လည်တိုင်တို့မှာ ကြေးကြိုးမျှင်များ၏ ရစ်ပတ်တာကို ရုတ်တရက် ခံလိုက်ရသည်။ ၎င်းတို့သည် တင်းကြပ်သွားချိန် သူ၏ လှုပ်ရှားမှုများနှင့် မှော်စွမ်းအားသည် လုံးဝ ထိန်းချုပ်ခံရ၏။

ထိုအခါတွင် သူသည် အကြောက်တရားနှင့် ပြည့်နှက်သွားခဲ့ပြီ။ သူသည် ပျောက်ကွယ်သွားသော ကြေးကြိုးမျှင်များအပေါ် သတိထားလျက် ရှိ၏။ သို့သော် ၎င်းတို့သည် သူ့ခန္ဓာကိုယ်ပေါ် နည်းနည်းလေးမျှ သတိပေးခြင်း မရှိလေဘဲ ရောက်လာခဲ့လေပြီ။ ထိုအခြေအနေသည် သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေ၏။ ထိုစဉ် ပညာရှိဟန်ပန်နှင့်သူသည် လွတ်မြောက်နိုင်မည့် နည်းလမ်းပေါင်းစုံကို အသည်းအသန် စဉ်းစားသည်။

တိုက်ပွဲ၏ အခြားဘက်တွင်မူ မိုးပြာအလင်းနှင့် အဖြူရောင်ချီတို့သည် ရောယှက်လျက် ရှိ၏။ အလားတူပင် မိုးပြာဓားကြီးနှင့် တံဆိပ်တုံးမှာလည်း ထိပ်တိုက်တွေ့သည်။

အဖြူရောင်ချီသည် မိုးပြာအလင်းကို အလွယ်တကူ လွှမ်းမိုးသည်။ ထိုအခါ ဧရာမဓားကြီးသည် ခဏသာ တောင့်ခံနိုင်ပြီး ပျက်စီးခြင်း ဆိုက်သည်။ တချိန်တည်းမှာ အခြားမိုးပြာဓားအလင်းခြောက်ခုလည်း အဆောင်သင်္ကေတများနှင့် ထူးခြားသော အရံအတားထံ ရောက်နှင့်ပြီး ဖြစ်၏။

ခပ်အုပ်အုပ် မည်သံများ ထွက်ပေါ်လာသည်။ အပြာရောင်အရံအတားသည် ထိုတိုက်ခိုက်မှုကြောင့် လင်းလက်သွားသော်ငြား ၎င်းသည် တောင့်ခံနိုင်စွမ်း ရှိဆဲသာ။ ဟသည့်အတွက် ဟန်လိသည် နည်းနည်းတော့ အံ့အားသင့်သွားသည်။ ကြည့်ရတာ မိစ္ဆာဖယ်ရှားခြင်းလျှပ်စီး စွမ်းရည် မရှိလျှင် သူ၏ ဝါးတိမ်အုပ်ဓားများသည် ခွန်အား အချို့ ကင်းမဲ့သွားပုံ ရသည်။ အကြောင်းမှာ သူသည် ၎င်းတို့ကို အချိန်အနည်းငယ်သာပေး၍ သန့်စင်ခဲ့ရသေးသည် မဟုတ်လား။

သို့သော် ဟန်လိသည် ဆက်၍ မစဉ်းစားနိုင်ခင်မှာပင် ငှက်နက်များက သူ့ရှေ့သို့ ရောက်လာခဲ့လေပြီ။

၎င်းတို့သည် ပညာရှိဟန်နှင့်သူ၏ မှော်စွမ်းအား အထောက်အပံ့ မရှိတော့သော်ငြား မင်နက်ကျောက်တုံးမှော်ရတနာမှာ သူ့စိတ်ဝိညာဉ်နှင့် ချိတ်ဆက်ထားဆဲ ဖြစ်၍ ၎င်းတို့၏ တိုက်ခိုက်မှုအပေါ် နည်းနည်းလေးမျှ လျော့ကျသွားစေတာမျိုး မရှိပေ။ ဟန်လိသည် အေးစက်စက် နှာခေါင်းရှုံ့၏။ ပန်းခြင်းသည် အလင်းဖြင့် တောက်ပ၏။ ထိုအလင်းသည် ရုန့်ရင်းစွာ ချဲ့ကားပြီး ငှက်များအားလုံးကို ခြုံလွှမ်းပစ်သည်။

ပညာရှိဟန်ပန်နှင့် သူသည် ဖြူရော်သွားပြီး မယုံကြည်နိုင်ဟန်ဖြင့် လှမ်းအော်သည်။

“မဖြစ်နိုင်ဘူး။ မင်းမှာ ဘယ်လိုလုပ် ဒီလောက်များပြားတဲ့ ရှေးဟောင်းရတနာတွေ ပိုင်ဆိုင်နေရတာလဲ…”

သာမန်ကျင့်ကြံသူတစ်ယောက်အဖို့ ရှေးဟောင်းရတနာတစ်ခု ပိုင်ဆိုင်ထားလျှင်ပင် အတော်လေး ကံကောင်းနေပြီ ဖြစ်၏။ တကယ်တော့ ရှေးဟောင်းရတနာအများစုသည် ပေါ်လာသည့်အခါတိုင်း စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ၏ လက်ထဲသို့သာ ကျရောက်သွားတတ်သည်။ သို့ဖြစ်၍ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်အဖို့ တစ်ခုတစ်လေ ရဖို့ရန်ပင် ခက်လှသည်။

သို့ရာတွင် ဟန်လိသည် သူ့စကားကို ပြန်တုန့်ပြန်ရန် နည်းနည်းလေးမျှ စိတ်မဝင်စားချေ။ သူသည် ပန်းခြင်းကို ပစ်ထည့်၏။ ထို့နောက် ပန်းခြင်းသည် တံဆိပ်တုံးနှင့် သွားထိပြီး ၎င်း၏ အလင်းကို ခြုံလွှမ်းသွားသည်။ တံဆိပ်တုံးကား လွတ်မြောက်ရန် ကြမ်းတမ်းစွာ ရုန်းကန်သော်ငြား အနည်းငယ်မျှသာ အောင်မြင်သည်။

ယင်းနောက် ဟန်လိသည် သူ့လက်ချောင်းများကို တောက်ထုတ်သည်။ မိုးပြာဓားအလင်းတန်းဆယ်ခုကျော်သည် ထိန်းချုပ်ခံထားရသော ပညာရှိဟန်နှင့်သူထံ တိုးဝင်သွားသည်။

“မဟုတ်ဘူး…” ထိုသူသည် အလန့်တကြား ထအော်ဩ။ သည့်နောက်မှာတော့ ဓားချီ၏ တိုက်ခိုက်မှုကြောင့် သူ့ခန္ဓာကိုယ်သည် လှုပ်ခါထွက်သွားသည်။ သူ၏ခန္ဓာကိုယ်ကား အပိုင်းပိုင်း ဖြစ်ရလေပြီ။ သူ့အသက်ဓာတ်မှာ လျင်မြန်စွာ လွင့်ပါး၏။ ဒြပ်စင်ငါးခုကြိုးမျှင်များသည် သူ၏ အစစ်အမှန်အနှစ်သာရနှင့် ကျင့်ကြံခြင်းကို ချုပ်နှောင်ထားသည် ဖြစ်၍ သူ့အဖို့ သေရမှာ သေချာသွားခဲ့ပြီ။

ထို့နောက်တွင်မူ ၎င်းတို့သည် ဖြတ်ခနဲ ပျောက်ကွယ်ကာ ဟန်လိ၏ လက်ထဲ၌ ပြန်ပေါ်လာသည်။ ဟန်လိသည် တစ်ဖက်သို့ အေးတိအေးစက် လှမ်းကြည့်သည်။

ခေါင်း၌ ချွေးစေးပြန်လျက် မာကြောကြောသူသည် သူ၏ တံဆိပ်တုန်းကို ပြန်နှုတ်ယူနိုင်ရန် မန္တာန်ချိပ်ဟန်တစ်ခု ထုတ်ဖော်၍ ကြိုးစားနေသည်။ မိုးပြာဓားအလင်းတန်းများကလည်း သူ့အပြာရောင်အရံအတားအပေါ် ထိုးနှက်လျက်။ သူ၏ အားစိုက်ထုတ်မှုများသည် အချည်းနှီး ဖြစ်ရပြီ။

ထိုသူ၏ စိတ်မှာ သူ့အဖော် လွယ်လင့်တကူ သေသွားရသည်ကို မြင်ပြီးနောက်မှာ လှုပ်ခတ်နေလေပြီ။ သူသည် ဟန်လိက သူ့အပေါ် အာရုံစိုက်လာတာ မြင်သည့်အခါ၌ သူ့ကျောရိုးတစ်လျှောက် စိမ့်ခနဲ ခံစားမိသည်။

သူ အံတင်းတင်း ကြိတ်လျက် အပြာရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ ထွက်ပြေးရန် ကြိုးစားသည်။ သူ၏ ကိုယ်ပိုင်စိတ်ဝိညာဉ်နှင့် ချိတ်ဆက်ထားသော မှော်ရတနာကိုပါ စွန့်လွှတ်ခဲ့သော ပြတ်သားသည့် လှုပ်ရှားမှုပင်။

ဟန်လိသည် မျက်လုံး မှေးကျဉ်းသွားသည်။ သူ၏ ကြေးကြိုးမျှင်များသည် မြင်ကွင်းမှ တစ်ဖန် ပျောက်သွားပြန်သည်။ ခဏအကြာ ၎င်းတို့သည် ထွက်ပြေးသွားသောသူ၏ ဦးခေါင်းအထက်မှာ ပေါ်လာသည်။ ထိုသူမှာ မယုံကြည်နိုင် ဖြစ်ရ၏။ ကြေးကြိုးမျှင်များသည် သူ၏ အပြာရောင်အရံအတားကို မရှိလေသည့်နှယ် ဖြတ်သန်းလျက် သူ့ခန္ဓာကိုယ်ကို တုတ်နှောင်ခံရသည် မဟုတ်လား။ တစ်ချိန်တည်းမှာ သူ့ဘေးပတ်လည်ရှိ အပြာရောင်အလင်းသည် ရုတ်တရက် ပျောက်ကွယ်လျက် သူလည်း ကောင်းကင်ထက်မှ ပြုတ်ကျသွားတော့သည်။

ဟန်လိ၏ မျက်လုံးထဲ၌ အေးစက်စက်အလင်းတစ်ခု ဖြတ်ပြေးသွားသည်။ မိုးပြာအလင်းတန်းတစ်ခုသည် ကောင်းကင်ထက်မှ ဆင်းသက်လျက် ထိုသူ့ကို အကြိမ်ကြိမ် ထိုးနှက်ပြီး အပိုင်းပိုင်း ဖြစ်သွားစေသည်။

ကြယ်ကြွေမဟာမိတ်အဖွဲ့၏ ကျင့်ကြံသူနှစ်ယောက်လုံးသည် ဟန်လိ၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရပေပြီ။ သည်အခိုက်တွင် ဟန်လိသည် သူတို့၏ သိုလှောင်အိတ်များကို အေးဆေး ယူဆောင်ပြီး သူ့စိတ်ဝိညာဉ်အာရုံဖြင့် ၎င်းတို့ကို စစ်ဆေးကြည့်သည်။ ထို့နောက်တွင် သူက ယင်းသိုလှောင်အိတ်တို့ကို တည်တည်ငြိမ်ငြိမ် သိမ်းဆည်းလိုက်၏။

သခင် ကင်းမဲ့သွားသော တံဆိပ်တုံးနှင့် မင်နက်ကျောက်တုံ မှော်ရတနာများကိုလည်း ဟန်လိက ကူညီ၍ ထိန်းသိမ်းလိုက်သည်။

သည့်နောက်မှာ သူသည် လက်နှစ်ဖက် နောက်ပစ်လျက် ပင်လယ်ထံသို့ ခေါင်းငုံ့ကြည့်ကာ ပြောသည်။

ရောင်းရင်း ခိုးကြောင်ခိုးဝှက်နဲ့ ကြည့်နေတာ အတော်လေး ကြာနေပြီ။ ခင်ဗျား ထွက်လာပြီး လေကောင်းလေသန့်လေး ထွက်ရှုပါ့လား…”

သူ့အသံသည် မကျယ်လောင်လှသော်လည်း တစ်ကီလိုမီတာလောက် အကွာမှ ကောင်းကောင်း ကြားရနိုင်သည်။

ပင်လယ်လေပြေသည် ဟန်လိကို တိုက်ခတ်သွားသည်။ ယင်းနောက် သည်ဧရိယာသည် တစ်ဖန်ပြန် တိတ်ဆိတ်သွားချေသည်။

ဟန်လိသည် ထိုသည်ကို မြင်သည့်အခါ သက်ပြင်းချ၏။ သူက မျက်နှာပျက်သွားပြီး စိတ်ကသိကအောက်ဖြစ်သည့် လေသံဖြင့် ပြောသည်။

“ကျုပ်ကိုယ်တိုင်ပဲ ခင်ဗျားကို ပင်လယ်ထဲကနေ ဆွဲထုတ်ပေးရမှာလား…”

ဟန်လိသည် သူ ပုန်းကွယ်နေသည့် နေရာကို ရှာတွေ့သွားမှတော့ ပုန်းကွယ်နေသည့်သူသည် ပြန်မပြော၍ မရတော့ပေ။

“တာအိုရောင်းရင်း…ကျေးဇူးပြုပြီး စောင့်ပေးပါအုံး။ ကျုပ် ခုပဲ ထွက်လာပါ့မယ်…”

All Chapters