← Chapters

စစ်ကူတွေ ရောက်လာပြီ

Vol. 36 Ch. 4.46

စစ်ကူတွေ ရောက်လာပြီ

Vol. 36 Ch. 4.46

ထွက်လာတဲ့ လမ်းက အတားအဆီး မရှိပေမယ့် ချိုင့်ဝှမ်းရဲ့ ထွက်ပေါက် အရောက်မှာတော့ သူတို့ရှေ့မှာ လူတွေ ထောင်နဲ့ချီ ရှိနေတာကို တွေ့လိုက်ရသည်။

"တိုက်ခိုက်ကြ!"

လုရွှမ် လူတစ်စုကို ခေါ်ထုတ်လာတာကို တွေ့တာနဲ့ တပြိုင်နက် ကျယ်လောင်သော ကြွေးကြော်သံ တစ်သံကို ကြားလိုက်ရပြီး တိုက်ခိုက်မှုများသည် အလင်းတန်း တစ်ခုအဖြစ် ရောက်ရှိလာတော့သည်။

ထိုလူထောင်ပေါင်း များစွာသည် ၎င်းတို့၏ ခွန်အားကို အပြည့်အဝ စုစည်းထားလို့ သူတော်စင်တစ်ပိုင်းနဲ့ အကန့်အသတ်မရှိ နီးကပ်နေပြီဟုပင် လုရွှမ် ခံစား​နေရသည်။ သူ့ကိုသာ ထိမှန်ခဲ့ပါက ပြင်းထန်စွာ ဒဏ်ရာရရှိနိုင်သည်။

လုရွှမ် ထိုအတွေး ဝင်လာတာနဲ့ လက်ဖဝါးကို လှည့်၍ အခင်းအကျင်း တံဆိပ်ပြား တစ်ချပ်ကို လွှင့်ထုတ်လိုက်သည်။ အခင်းအကျင်း တံဆိပ်ပြား အသက်ဝင်လာတာနဲ့ တစ်ပြိုင်နက် အလင်းတန်းကို ရွှေရောင်မြှားကြီး တစ်စင်းကို ပစ်လွှတ်လိုက်လေ၏။

ပေါက်ကွဲသံနဲ့အတူ ထိုရွှေမြှားဟာ ချက်ချင်းဆိုသလို ရွှေရောင် အလင်းမြှားများ အဖြစ် တစ်ဆင့် ​ပြန့်ပွားသွားသည်။

သို့သော်လည်း ရွှေရောင်မြှားများ၏ ဝင်ရောက် တိုက်ခိုက်မှုကို ခံရပြီးနောက် ထိုလူများ၏ ပေါင်းစည်းအင်အားမှာ ၃၀%သာ တိုက်ရိုက် အားနည်းသွားခဲ့သည်။

ထိုတိုက်ခိုက်မှု ပြီးပြီးချင်းမှာပဲ လုရွှမ် နောက်ထပ် အခင်းအကျင်း တံဆိပ်ပြားကို ပစ်ထုတ်လိုက်ပြန်သည်။ အလင်းတန်း တစ်ခုက လူတိုင်းရှေ့မှာ ချက်ချင်းပေါ်လာပြီး နောက်တစ်ကြိမ် အကာအကွယ်ကို ထပ်မံ ထိခတ်သွားသည်။

ဝုန်း!

အလင်းတန်းသည် ပေါင်းစည်းအင်အားကို ထိခတ်သွားစဥ် အလင်းတန်း တစ်ခု ကွဲအက်သွားပြီး လုရွှမ်လက်ရှိ ပစ်လွှတ်လိုက်တဲ့ အခင်းအကျင်း တံဆိပ်ပြားသည် ချက်ချင်းဆိုသလို အပိုင်းပိုင်း ကွဲအက်သွားသည်။

သို့သော် တစ်ဖက်လူတွေရဲ့ အင်အားက ၄၀% ထပ်လျော့သွား၏။ သူတို့ရဲ့အင်အားက လက်ရှိ ၃၀%ပဲ ကျန်တော့သည်။

ထို့နောက် လုရွှမ် သူ့နောက်ကျောက အတောင်ပံများကို ဖြန့်ကာ တိုက်ရိုက်ပြေးသွားသည် ။

ဝှစ်!

အလင်းတန်းကို ဝင်တိုက်ပြီးနောက် လုရွှမ်ခန္ဓာကိုယ် တစ်ခုလုံး ခပ်ပြင်းပြင်း လွင့်စင်သွားသလို ပေါင်းစည်းအင်အား အားလုံး ပျောက်ကွယ်သွားကာ သူ့အပေါ် အနည်းငယ်မျှ ခြိမ်းခြောက်မှု မရှိတော့ပေ။

ထိုထိုးနှက်ချက်ကို တားဆီးဖို့က လုရွှမ်ရဲ့ ပန်းတိုင် မဟုတ်ပေ။ လျိုမိသားစု စစ်တပ်မှ ဖွဲ့စည်းထားသော ဖွဲ့စည်းမှုကို ဖြတ်ကျော်ရန်မှာ သူ၏ပန်းတိုင် ဖြစ်သည်။

ဖီးနစ်အတောင်ပံများ၏ အရှိန်ကြောင့် လျိုမိသားစု၏ ကျွန်စစ်တပ်မှာ သူ့ကို လိုက်မဖမ်းနိုင်ဘဲ သူပြေးဝင်လာတာကိုသာ ကူကယ်ရာမဲ့ ကြည့်​နေခဲ့ရသည်။

ပြင်းထန်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ရုပ်အလောင်းများ အမြင့်သို့ လွင့်ထွက်သွားကာ အရပ်ရပ်သို့ ပြန့်ကျဲသွားခဲ့သည်။

ရှန့်ခုန်းရှေးဟောင်း မြို့တော်ကနေ လုရွှမ် အခင်းအကျင်း တံဆိပ်ပြားတွေ အများကြီး ရလာခဲ့သည်။ အစောက နောက်ထပ် အခင်းအကျင်း တစ်ခုကို အသက်သွင်းလိုက်ပြီ။

ပြင်းထန်တဲ့ စွမ်းအင် ပေါက်ကွဲမှုကြောင့် လုရွှမ် ၃၀မီတာ အကွာက ဧရိယာ တစ်ခုလုံးကို တိုက်ရိုက်ရှင်းလင်းခဲ့ပြီး ရာနဲ့ချီတဲ့ သခင်တွေကို တိုက်ရိုက် လွင့်ထွက်သွားစေခဲ့သည်။ သူတို့လည်း သေလားရှင်လား မသိရသေးချေ။

ထိုကဲ့သို့ ကြီးမားသော ကွာဟချက်ကြီးသည် ချက်ချင်း ပွင့်ထွက်သွားပြီး ရာနှင့်ချီသော သခင်များ ပြင်းထန်စွာ ဒဏ်ရာရသွားတာကြောင့် ကျွန်စစ်တပ်၏ တင်းကျပ်သော ဖွဲ့စည်းမှုမှာလည်း ရုတ်တရက် ပြိုကျသွားသည်။

မော့ကောင်းရွှမ်း နှင့် အခြားလူများသည် လုရွှမ် လမ်းဖောက်သွားတာကို မြင်သောအခါ အမြန်နောက်သို့ လိုက်ကြသည်။

ထိုအချိန်တွင် စူးရှသော ပုလွေသံများ အစီအရီ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တွင် ဖရိုဖရဲ ကျွန်စစ်သားတို့၏ ဖွဲ့စည်းမှုများသည် တဖြည်းဖြည်း စည်းစနစ်တကျ ပြန်ဖြစ်လာသည်။ ဤပုလွေသံများသည် စစ်တပ်၏ အမိန့်​ပေးသံ​များပင် ဖြစ်သည်။

စစ်အမိန့်ကို ဖြန့်ချလိုက်သည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ တပ်များသည် တဖြည်းဖြည်း ပြန်လည် ဖွဲ့စည်းလာကာ ပြင်းထန်သော တိုက်ခိုက်မှုများသည် ပြေးလာသူ အုပ်စုထံ နောက်တစ်ကြိမ် ကျရောက်လာပြန်သည်။

ဖက်တီးလည်း ကျိန်ဆဲလိုက်ပြီး အကာအကွယ် အစီအရင်ကို ထပ်မံ အသက် သွင်းလိုက်​တော့သည်။ ဒီအခြေအနေမှာ သတိမထားရင် အားလုံး ကျကုန်လိမ့်မည်။

လုရွှမ် ထိုးစစ်ဆင်နိုင်သော အခင်းအကျင်း တချို့ကို ထပ်မံ ထုတ်ယူပြီး လူအုပ်ဆီသို့ ပစ်ချလိုက်သည်။ ပေါက်ကွဲသံနှင့်အတူ ပတ်ဝန်းကျင် ဧရိယာသည် တစ်ဖန် ရှင်းထွက်သွားခဲ့သည်။

တစ်ဖက်လူများ အလျင်စလိုနေချိန်တွင် မော့ကောင်းရွှမ်းသည် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ကာ လေပြင်း အဖြစ်သို့ ပြောင်းလဲ၍ ထိုကျွန်များ၏ အသက်များကို မဆင်မခြင် ရိတ်သိမ်းသွားခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ပတ်ဝန်းကျင်သည် ဖရိုဖရဲ ထပ်ဖြစ်ခဲ့ရပြန်သည်။ ပတ်ဝန်းကျင်က လူတွေ တော်တော်များများက အရပ်ရပ်ကို ထွက်ပြေးခဲ့ကြပေမယ့် ပုလွေသံနဲ့ လူတွေက အလယ်မှာ စုရုံးဖို့ အမိန့်ပေးလာပြန်၏။

တခဏချင်းမှာပဲ လုရွှမ်ရဲ့အဖွဲ့ကို ဝန်းရံထားတဲ့ စစ်သားတွေဟာ ပရမ်းပတာ ဖြစ်သွားခဲ့ပြန်ပြီး လုရွှမ်နဲ့ တခြားသူတွေက ရှေ့ကိုတိုးဖို့ အခွင့်အရေး ယူလိုက်ကြပြန်သည်။

ဒီအတိုင်း အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးတဲ့နောက် လုရွှမ်နဲ့ မော့ကောင်းရွှမ်းတို့ရဲ့ လက်ချက်ကြောင့် သေဆုံးသွားသော ကျွန်စစ်သား အရေအတွက်မှာ နှစ်ထောင်မှ သုံးထောင်အထိ ရှိမည်ဟု ခန့်မှန်းရသော်လည်း အပြင်ဘက်ကို တစ်ချက် ကြည့်လိုက်လသော် အနားစွန်းမှာ အလွန်မှောင်နေသေးတဲ့ လူတွေကို တွေ့ရပြန်သည်။

လျိုမိသားစု၏ ကျွန်စစ်တပ် အရွယ်အစားသည် အလွန်ကြီးမားသဖြင့် လုရွှမ်တို့ကို စိတ်ပျက်လက်ပျက် ဖြစ်လညစေသည်။ တော်ဝင်အင်ပါယာ နံပါတ်​တစ်​မိသားစု ဖြစ်​လာသည်​မှာ အံ့သြစရာ မရှိတော့ပေ။ သူ့တပ်လေးနဲ့တင် ဖိအားမရှိဘဲ အထက်​တန်းစားနိုင်​ငံ​ တော်​​တော်​များများကို သုတ်​သင်​ပစ်နိုင်​သည်​။

လုရွှမ်သည် သူ့ရှေ့မှလမ်းကို ဖွင့်လိုက်ပြီး ဖက်တီးက အလယ်မှနေ၍ အကာအကွယ် အစီအရင် တစ်ခုကို အချိန်မီ ပြင်ဆင်ပေးသည်။ မော့ကောင်းရွှမ်းက နောက်မှလိုက်၍ လူအများအပြားကို လမ်းတစ်လျှောက်တွင် အပြင်းအထန် တိုက်ခိုက်နေ၏။

ဤသို့ဖြင့် တစ်နာရီနီးပါး ကြာသွားခဲ့သည်။

အပြင်းအထန် တိုက်ခိုက်ပြီး တစ်နာရီ ကြာပြီးနောက် ဖက်တီးမှာ အကာအကွယ် ဖွဲ့စည်းမှုကိုသာ တွန်းအားပေးသောကြောင့် သူ၏ ဝိညာဉ်စွမ်းအားများ ကုန်ဆုံးသွားပြီး မျက်နှာသည်လည်း ဖျော့တော့လာသည်။ လုရွှမ် ပုလင်းတစ်လုံးကို ထုတ်၍ ပစ်ချ​ပေးလိုက်သည်။

"မြန်မြန် ပြန်ကုသလိုက်!"

လုရွှမ် တစ်ချက် အော်ပြီးတာနဲ့ အခင်းအကျင်း တံဆိပ်ပြား တစ်ခုကို ထုတ်၍ လျိုမိသားစု၏ စစ်တပ်ထဲသို့ ပစ်ချလိုက်သည်။ ချက်ချင်းဆိုသလိုပင် မီတာ ၁၀၀အထိ ရှည်လျားသော မီးနဂါးတစ်ကောင်သည် ရှည်လျားသော သွားများနှင့် ခြေသည်းများ ဝေ့ယမ်းကာ လှည့်ပတ်ပျံသန်းသွားသည်။

မီးနဂါးသည် လုရွှမ်နှင့် အခြားသူများ၏ ပတ်ပတ်လည်တွင် လှည့်ပတ်နေပြီး နှစ်မိနစ် သို့မဟုတ် သုံးမိနစ်ခန့် လှည့်ပတ်ပြီးနောက် အနီးပတ်ဝန်းကျင်ရှိ ကျွန်စစ်သားများ မီးလောင်သေဆုံးသွားခဲ့သည်။ သို့သော် မီးနဂါး၏ စွမ်းအားသည် အလွန်ကြီးကျယ်လှသော်လည်း အချိန်ကတော့ မကြီးကျယ်လှ မဟုတ်ပေ။

"မြန်မြန်သွား!!"

နဂါးမီး အခင်းအကျင်းက လောင်ကျွမ်းနေပြီး လှုပ်ရှားမှု အကွာအဝေးကို ချဲ့ထွင်​ပေးနေပြီမို့ လုရွှမ် အော်လိုက်သည်။

လျို​မိသားစု၏ ကျွန်စစ်တပ်သည် အင်အား ၁ သိန်း ရှိပြီး ထိုကဲ့သို့ အရှိန်ဖြင့် သတ်ရန် အနည်းဆုံး ရက်အနည်းငယ် အချိန်ယူရမှာ ဖြစ်ပြီး ဤအသုတ်ကို သတ်ပြီးနောက်မှာလည်း ကျွန်စစ်တပ်အသစ် စေလွှတ်လာနိုင်သည်။

ဘိုးဘေးတွေကို သတ်ပစ်တဲ့ မုန်းတီးမှုက တုနှိုင်းမရအောင် ဖြစ်နေပြီ။ ဒါကြောင့် သူတို့မသေမချင်း လိုက်သတ်နေလောက်သည်။

အခု အရေးကြီးတာက ဖက်တီးနဲ့ တခြားသူတွေကို ဘယ်လို ခေါ်ထုတ်သွားရမလဲ ဆိုတာပင်။

လုရွှမ် အဆက်မပြတ် တွက်ချက်နေချိန်တွင် ရုတ်တရက် ဆူဆူညံညံ အသံများ ထွက်ပေါ်လာပြီး လျို​မိသားစု ကျွန်စစ်တပ်၏ နောက်ကွယ်တွင် ပရမ်းပတာ ဖြစ်နေတာကို အဝေးမှ လှမ်းမြင်လိုက်ရသည်။

မကြာခင်မှာပဲ ဝိညာဥ်သားရဲတွေရဲ့ ဟောက်သံတွေက ဆူညံသံတွေလို ထွက်ပေါ်လာခဲ့လေသည်။

အလယ်မှာရှိတဲ့ မုယန်ဖုန်းရဲ့ အသံက ထွက်လာခဲ့၏။

"လောင်မော့... ခဏထောင့်ထား! သားရဲခန်းမက လူတွေ ကျုပ်တို့ကို ကူညီဖို့ လာနေပြီ!"

ခဏကြာတော့ ဒေါသတကြီး အော်သံက ဆက်ထွက်လာ၏။

"ခန်းမသခင်ဟယ်... ခင်ဗျား ဒါက ဘာကို ဆိုလိုချင်တာလဲ? ကျုပ်တို့လျိုစစ်တပ်ကို တိုက်ခိုက်ဖို့ သားရဲတစ်အုပ်ကို ဦးဆောင်ပြီး တိုက်ဖို့ ကြိုးစားနေတာလား?"

"အရှေ့မှာ ရှိနေတာက ကျုပ်တို့သားရဲခန်းမရဲ့ မိတ်ဆွေတွေပဲ....လျိုကျန့်ဖုန်း ခင်ဗျား ကျုပ်တို့သားရဲခန်းမရဲ့ မိတ်ဆွေတွေကို ဝိုင်းထားတာက ကျုပ်တို့ သားရဲခန်းမနဲ့ ရန်သူဖြစ်ချင်​နေတာလား?"

ကြီးကျယ် ခမ်းနားတဲ့ အသံတစ်ခုကလည်း နောက်ဆက်တွဲ အနေနဲ့ ထွက်လာခဲ့သည်။

"မော့ချုံ သားရဲခန်းမက လူတွေနဲ့ စကားပြောနိုင်မယ်လို့ မထင်ထာခဲ့ဘူး!"

မော့ကောင်းရွှမ်းသည် နှစ်ဘက်ကြား အငြင်းအခုံ စကားသံများကို ကြားရသောအခါ ချက်ချင်းပင် ပျော်ရွှင်သွားခဲ့သည်။

"ဟားဟား... နောက်ဆုံးတော့ ဒုက္ခက လွတ်ပြီကွ!!"

ဖက်တီးကလည်း ကောင်းကင်ကို မော့ကြည့်ပြီး ရယ်မောလိုက်လေသည်။

အချိန်အတော်ကြာ လိုက်ဖမ်းခံခဲ့ရတာကို တကယ် စိတ်ပျက်နေမိ၏။ အထူးသဖြင့် အထက် ဧကရာဇ်အင်ပါယာကနေ ဆင်းသက်လာတဲ့ သူ့လိုလူက ဒီတပ်တွေဆီက အစုလိုက် အပြုံလိုက် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံနေရတာကို အမှန်တကယ် ဆိုးရွားလှသည်။

ဒီမယဉ်ကျေးတဲ့ လူတွေရဲ့ လိုက်ဖမ်းပြီး အသတ်ခံ​နေခဲ့ရတာ ကြာနေပြီမလို့ သူ တကယ်ကို စိတ်ဓာတ်ကျနေပါပြီ။

"မင်း သူတို့ကို အကာအကွယ်ပေးထား... ငါသွားကြည့်လိုက်မယ်!"

လုရွှမ် မော့ကောင်းရွှမ်းကို လှည့်ပြီး အမိန့်ပေးလိုက်သည်။ စကားများ ဆိုပြီးသည်နှင့် ဖီးနစ်အတောင်များသည် လုရွှမ်၏နောက်တွင် ပြန့်ကျဲသွားပြီး အငြင်းအခုံ စကားသံဆီသို့ ပျံသန်းသွားခဲ့သည်။

မကြာမီတွင် လုရွှမ်သည် ဆယ်မီတာကျော် မြင့်သော ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များဖြင့် ၎င်း၏တစ်ကိုယ်လုံး သံမဏိဖြင့် ပြုလုပ်ထားသည့် မျောက်ဝံ၏ ပခုံးပေါ်၌ ရပ်နေတာသူကို တွေ့လိုက်ရသည်။

ထိုလူသည် မရေမတွက်နိုင်သော သားရဲနက်ကောင်များ အရှေ့တွင်ရပ်လျက် လျို​မိသားစုနှင့် အဆင်မပြေ ဖြစ်နေသော မျောက်ဝံ၏ ပခုံးပေါ်မှ လူတစ်ဦးကို တွေ့လိုက်ရသည်။

ရက်စက်ကြမ်းကြုတ်သော မျောက်ဝံ၏ ပခုံးပေါ်တွင် ရပ်နေသော လူကို မျက်နှာချင်းဆိုင်ထားသည့် လူမှာ အနက်ရောင်ဝတ်ရုံ​​​ကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ဖြစ်လေသည်။ သေမျိုး အသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ကျွန်စစ်သား ခုနစ်ယောက်သို့မဟုတ် ရှစ်ယောက်ခန့်က အနက်ရောင် ဝတ်ရုံနဲ့လူကို ဝိုင်းရံကာ သူ၏ခန္ဓာကိုယ်ကို အပြည့်အဝ ကာကွယ်​ပေးထားသည်။

"အဓိပ္ပာယ် မရှိတာ! ဒီလူအုပ်စုက ပေရွှီး တော်ဝင်အင်ပါယာကနေ မကြာသေးခင်ကမှ ရောက်လာတာ... သူတို့အကုန်လုံး မြို့ထောင်ချီမဟာမိတ်ကို ပထမဆုံးအကြိမ် ရောက်လာတာပဲ....ဘယ်တုန်းက ခင်ဗျားတို့ သားရဲခန်းမရဲ့ သူငယ်ချင်း ဖြစ်သွားတာလဲ?"

လျိုမိသားစုမှ အနက်ရောင်ဝတ် အမျိုးသားကလည်း အလွန် မဖော်ရွေသော လေသံဖြင့် အော်ပြောလိုက်သည်။

"ငါက ဟုတ်တယ်ဆို ဟုတ်လို့ပဲ!"

ခန်းမသခင်ဟယ်ရဲ့ လေသံကလည်း တင်းတင်းမာမာနဲ့

"မင်း​နောက်မဆုတ်ရင် မင်းရဲ့ ရှုပ်လွန်းတဲ့ ကျွန်တွေကို သတ်ဖို့ သားရဲအုပ်ကို အမိန့်ပေးလိုက်မှ ငါ့ကို အပြစ်မတင်နဲ့!"

"မင်း!"

လျိုမိသားစုမှ အမျိုးသားသည်လည်း ဒေါသထွက်သွားသည်။

သားရဲခန်းမသည် တိမ်ပင်လယ် နယ်မြေရှိ အင်အားကြီး တစ်ခုလည်း ဖြစ်တဲ့အပြင် သားရဲမျိုးနွယ်နဲ့လည်း မဟာမိတ်ဖြစ်သည်။ သားရဲခန်းမသည် တိုက်ပွဲ သားရဲတိရစ္ဆာန်များ၊ ဝိညာဉ်သားရဲများ စသည်တို့ကို ရောင်းချနိုင်ပြီး သားရဲ အမျိုးအစား အားလုံးကိုလည်း ကျွေးမွေးမွေးမြူနိုင်သည်။

သားရဲများနှင့် ဝိညာဉ်သားရဲများ၏ လွှမ်းမိုးမှုမှာ အင်အားကြီးသောကြောင့် သားရဲခန်းမ၏ စွမ်းအားသည် အဂ္ဂိရတ်ပညာရှင် အဖွဲ့ထက်လည်း ယုတ်ညံ့မည် မဟုတ်ပေ။

လျိုမိသားစုကို သားရဲခန်းမ တစ်ခုလုံးနှင့် နှိုင်းယှဉ်ပါက နိုင်ငံ၏ နံပါတ်တစ် မိသားစုဟု လူသိများသော်လည်း လုံးဝ မဖော်ပြထိုက်တော့ပေ။ နှစ်ဖက်စလုံးက တူညီတဲ့ အဆင့်မှာ ရှိနေကြတာ မဟုတ်ဘူးလေ။

မြို့ထောင်ချီမဟာမိတ်မှ သားရဲကောင်များကို မွေးမြူပြီး မောင်းနှင်နိုင်သည့် သားရဲခန်းမများပင်လျှင် လျိုမိသားစု၏ ကျွန်စစ်တပ်ကို ခြိမ်းခြောက်ရန် လုံလောက်နေလေပြီ။

မကြာမီတွင် လုရွှမ်၏ မျက်လုံးထဲတွင် အဖြူရောင် ဝတ်ရုံများ ဝတ်ဆင်လျက် အနည်းငယ်သည် ရုပ်ရည်ကောင်းမွန်သည့် အမျိုးသမီးများသည် ပြောင်မြောက်သော စွမ်းရည်ဖြင့် လေထဲမှ ခုန်ဆင်းလာကြသည်။

"အထဲမှာရှိတဲ့ လူတွေက ကျွန်မတို့ဆေးဥယျာဉ်ရဲ့ အရေးကြီး ဧည့်သည်တွေပဲ... ရှင်တို့ရဲ့ လျိုမိသားစုက အခိုင်အမာ တိုက်ခိုက်နေမယ်ဆိုရင် အနာဂတ်မှာ ကျွန်မတို့ဆေးဥယျာဉ်ထဲက ဆေးဖက်ဝင်အပင် တစ်ပင်ကိုတောင် ဘယ်တော့မှ ရနိုင်မှာ မဟုတ်ဘူး!"

အမျိုးသမီးတစ်ဦး၏ လေသံမှာ တည်ငြိမ်အေးချမ်း လှသော်လည်း သူမ၏အသံမှာ သောင်းနှင့်ချီသော တပ်ဖွဲ့ဝင်၏ နားထဲသို့ ပျံ့နှံ့သွားခဲ့သည်။

"ကောင်းပြီ ကောင်းပြီ!"

လျိုမိသားစု၏ တာဝန်ခံက ဒေါသတကြီး ရယ်မောလိုက်သည်။ ဆေးဥယျာဉ်က ဆေးဖက်ဝင်ပစ္စည်းများကို ပြတ်ပြတ်သားသား မပေးလာရင်တော့ ကျေးကျွန်များကို ထိန်းချုပ်ဖို့ ဆေးကို သန့်စင်တဲ့အခါ သူတို့အတွက် အလွန် ဒုက္ခများလာလိမ့်မည်။

ဤဆေးဖက်ဝင် ပစ္စည်းများကို ပြတ်တောက်သွားပါက လျိုမိသားစု တစ်ခုလုံး၏ အင်အားသည် လျင်မြန်စွာ ကျဆင်းလာမည် ဖြစ်သည်။

ဆေးဖက်ဝင်ပစ္စည်းများ ထောက်ပံ့ပေးခြင်း မရှိ​တော့ပါက အခြေခံ အဂ္ဂိရတ်ဆေး အများအပြားကိုပင် သန့်စင်၍ မရနိုင်ချေ။ ၎င်းတို့ကို အဂ္ဂိရတ်ပညာရှင် အဖွဲ့မှ ဝယ်ယူနိုင်သော်လည်း ဈေးနှုန်းကတော့ သည်းမခံနိုင်စရာ ကောင်းလှသည်။

"စဉ်းစားဖို့ အသက်ရှူချိန် ဆယ်ချက်လောက် ပေးမယ်....ပြီးရင်တော့ ကျုပ်တို့ သားရဲတွေရဲ့ တိုက်ခိုက်မှုက စတင်ရတော့မှာပဲ"

ခန်းမသခင်ဟယ်က အေးစက်တဲ့ မျက်နှာထားနဲ့ ပြောလိုက်ပါတော့သည်။

"ကျုပ် ဝန်​ခံပါတယ်​!... ကျုပ်တို့ရဲ့ လျိုမိသားစုက ခင်ဗျားတို့ရဲ့ သားရဲခန်းမနဲ့ ​ဆေးဥယျာဉ်​ကို ဝင်ရှုပ်ဖို့အထိ မတတ်​နိုင်​ဘူး... ဒါဆို အဆင်ပြေပြီလား!"

လျိုမိသားစုရဲ့ အကြီးအကဲက ​ဒေါသတကြီး ​​အော်ပြောလိုက်​လေ၏။ ပြီးနောက် လျို့မိသားစု ကျွန်စစ်တပ် တစ်ခုလုံးသည် မြို့ထောင်ချီမဟာမိတ် ရှိရာ ဦးတည်ရာဘက်ကို တဖြည်းဖြည်း ရွေ့လျားသွားတာကို မြင်လိုက်ရ၏။

ဤသည်မှာ ၎င်းတို့၏ ထိုးစစ်ကို စွန့်လွှတ်ရန်နှင့် ၎င်းတို့၏ တပ်များကို ဆုတ်ခွာရန် စစ်တပ် အမိန့်သာ ဖြစ်သည်။

လျို​မိသားစု၏ ကျွန်တပ် စတင်ဆုတ်ခွာ သွားသောအခါတွင် မော့ကောင်းရွှမ်း နဲ့ ဖက်တီးတို့လည်း လျင်မြန်စွာ ရောက်လာတာကို တွေ့လိုက်ရသည်။ မကြာမီတွင် မော့ချုံနှင့် ချန်စစ်ယန်တို့လည်း လုရွှမ်ရဲ့ မြင်ကွင်းထဲမှာ ပေါ်လာခဲ့သည်။

"နင်တို့ အဆင်ပြေ​ကြတယ်နော်!"

မော့ချုံနှင့် ချန်စစ်ယန်တို့သည် လူအုပ်ကို ကြည့်ပြီး စိုးရိမ်မှု အပြည့်ဖြင့် ကြည့်ကာ ဆိုလိုက်သည်။ သူတို့ နောက်ကျသွားမှာကို ကြောက်​နေခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ တစ်ဖက်က တောင့်ထားနိုင်ခဲ့သည်။

လုရွှမ် ကောင်းကင်ကနေ ဆင်းသက်လာတာကို မြင်တော့ ဟန်ရွှယ်နဲ့ တခြားသူတွေကလည်း ထိတ်လန့်မှုကြားမှ အနည်းငယ် သက်သာလာခဲ့၏။

"လုရွှမ် အချိန်မီ ပေါ်လာလို့ပေါ့.... မဟုတ်ရင် အကြီးအကဲမော့လည်း မထိန်းထားနိုင်တော့ဘူး ငါတို့အားလုံး ဒီမှာပဲ ပြီးသွားလိမ့်မယ်!"

ဒီစကားတွေကို ကြားတော့ မော့ချုံက လုရွှမ်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်ပြီး

"ရှင့်ကြောင့်ပဲ... ထွက်သွားတာလည်း အကြာကြီး ကျွန်မ​တို့ကို အနိုင်ကျင့်ခံရပြီး မောင်းထုတ်ခံရအောင် လုပ်တာ!"

"စိတ်မပူပါနဲ့!"

လုရွှမ်သည် လျိုမိသားစု စစ်တပ် ဆုတ်ခွာသွားသည့် လမ်းကြောင်းကို ကြည့်လိုက်ရာ ရုတ်တရက် သူ့မျက်လုံးများ အေးစက်သွားကာ

"မင်းတို့အတွက် အတိုး နည်းနည်းလောက် စုထားလိုက်မယ်... နောက်မှ ဖြည်းဖြည်းချင်း စာရင်း ရှင်းကြတာပေါ့!"

ဤစကားကို ပြောပြီးနောက် လုရွှမ်သည် သူ၏အတောင်များကို နောက်တစ်ဖန် ဖြန့်ချလိုက်ကာ လျိုမိသားစု တပ်ဆုတ်သွားသည့် လမ်းကြောင်းအတိုင်း လိုက်သွားခဲ့သည်။

All Chapters