ရန်သူတစ်သိန်းကို အနိုင်ယူခြင်း ဒဏ္ဍာရီ
Vol. 36 Ch. 4.47
ယခင်က ဟန်ရွှယ်နှင့် အခြားသူများကို ချည်နှောင်ထားမှုကြောင့် သူ့ရဲ့ နည်းလမ်းများစွာကို အသုံးမချနိုင်ခဲ့ပေ။ ယခုအချိန်တွင် ၎င်းတို့ ပြန်လည်ဆုတ်ခွာ သွားသည့်အတွက် ကိုင်တွယ်ရ လွယ်ကူသွားပြီ။
လုရွှမ်၏ မျက်လုံးများသည် အေးစက်သော အလင်းတစ်ချက် ဖြတ်ပြေး သွားကာ မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွား၏။
"သူ ဘာလုပ်မလို့လဲ?"
သားရဲခန်းမမှ ခန်းမသခင်ဟယ်နှင့် ဆေးဥယျာဉ်တာဝန်ခံ အမျိုးသမီးတို့သည် ဘေးချင်းကပ်လျက် ရပ်ကာ ကျွန်တပ်သား တစ်သိန်းနောက်ကို တစ်ယောက်တည်း လိုက်သွားသည်ကို မြင်သောအခါ တညီတညွတ်တည်း မေးလိုက်ကြသည်။
"သူတို့ကို ဒုက္ခနည်းနည်း သွားပေးတာ ဖြစ်မယ်!"
"သူတစ်ယောက်တည်းနဲ့လား?"
ခန်းမသခင်ဟယ်က အံ့သြစွာနဲ့ သူ့ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
သူ့မျက်စိရှေ့က အဆုံးမရှိလု နီးပါးရှိသော ကျွန်များ၏ စစ်တပ်ကို ကြည့်လိုက်မိသည်။ သူသည် သားရဲခန်းမ၏ နောက်ခံကြောင့်သာ မဟုတ်ပါက လျိုမိသားစုရဲ့ ရန်သူဖြစ်ဖို့ ဘယ်သောအခါမှ သတ္တိရှိလိမ့်မည် မဟုတ်ပေ။
လုရွှမ်သည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ တွင်သာရှိ၍ ရုတ်တရတ် အလျင်စလို ပြေးတက်သွားတာက မွေးကင်းစ နွားသငယ်လေး ကျားပါးစပ်ထဲ ပြေးဝင်သွားတာနဲ့ မတူပေဘူးလား။
ဆေးဥယျာဉ် တာဝန်ခံ အမျိုးသမီး၏ မျက်လုံးများတွင် နားမလည်နိုင်သော အကြည့်များဖြင့်သာ။ စကားမပြောသော်လည်း နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်လျက် သရော်လှောင်ပြောင်မှု အရိပ်အယောင်များ ပေါ်လွင်နေသည်။
တကယ်ကို ဘယ်လို အသက်ရှင်ရမှန်း မသိတဲ့ ကောင်လေးပဲ။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ လျိုမိသားစု တပ်ဖွဲ့ဝင်များကို ချုပ်နှောင်ဖို့အတွက် နောက်တစ်ကြိမ် လှုပ်ရှားရန် အစီအစဉ် မရှိကြသေးပေ။
ဒီနေရာက အဆင့်နိမ့် တော်ဝင်အင်ပါယာ မဟုတ်ဘဲ မြို့ထောင်ချီမဟာမိတ် ဖြစ်သည်။ အင်အားကြီးသူတွေ စုဝေးကြရာ နေရာပင်။ သားရဲခန်းမနဲ့ ဆေးဥယျာဥ်က ဝန်းရံထားတဲ့ လူတစ်ယောက်ကို လျိုမိသားစုက မထိပါးရဲတာ သဘာဝကျသည်။
ဒါပေမဲ့ သူတို့ဖက်ကို ဆက်ပြီးကူညီပေးပါလို့ တောင်းဆိုချင်ရင်တော့ မာနမကြီးနေဖို့ လိုပါသေးသည်။
ဖီးနစ်အတောင်ပံများနှင့် ရွှေအရှိန်တို့ရဲ့ အမြန်နှုန်းနဲ့အတူ လုရွှမ်သည် အံဩစရာ ကောင်းလောက်အောင် အလင်းတန်းအဖြစ် ပြေးထွက်သွားကာ လျိုကျန့်ဖုန်းနှင့် အခြားလျိုမိသားစု၏ အကြီးအကဲများထံ ပြေးသွားခဲ့သည်။
လျိုကျန့်ဖုန်းသည် ကောင်းကင်တွင် လွှင့်သူအား သတိပြုမိပြီး သူ့နောက်မှ လိုက်လာတာကို တွေ့ရတော့ အံ့သြမဆုံးနိုင် ဖြစ်သွားသည်။
သူ့အမြင်အရတော့ လုရွှမ်ဟာ စက်ဆုပ်ဖွယ်ကောင်းအောင် ဖုံးကွယ်ထားနိုင်တဲ့ လူရွှင်တော်တစ်ယောက်သာ ဖြစ်ပေမယ့် ယခုတော့ သူ့မှာ ကျောထောက် နောက်ခံရှိတာနဲ့ပဲ ပြောင်ပြောင်မြောက်မြောက် ခုန်ထွက်လာတော့တာပဲ။
ဒီကောင်လေး သူတို့ဘိုးဘေးကို သတ်သွားခဲ့တဲ့အတွက် လျိုမိသားစုအတွက် အလွန်အမင်း အရှက်ကွဲခဲ့ရ၏။ လျိုကျန့်ဖုန်း သူ့နှလုံးသားထဲက ဒေါသတွေကို ထိန်းချုပ်ရင်။
"ကောင်လေး... သားရဲခန်းမနဲ့ ဆေးဥယျာဥ်ကြောင့် ဒီသခင်ကြီးက မင်းအသက်ကို ခဏ ချန်ထားပေးတာ... မင်းက ငါ့နောက်ကိုတောင် လိုက်လာရဲတယ်ဆိုတော့ သေချင်နေတာလား?"
"တစ်ယောက်ယောက်က သေချင်နေပေမယ့်... အဲဒါ ငါတော့ မဟုတ်ဘူး!"
လုရွှမ် ဆိုလိုက်သည်။
လျိုမိသားစု၏ ကျွန်စစ်တပ်သည် ယခုအချိန်တွင် ဝရုန်းသုန်းကား ဖြစ်နေပြီး မောက်မာမှု အနည်းငယ်ရှိ၍ လုရွှမ် ၎င်းတို့ကို လုံးဝဂရုမစိုက်ဘဲ လျိုကျန့်ဖုန်း ဦးဆောင်လာသော လျိုမိသားစု ခေါင်းဆောင်များကို စူးစူးဝါးဝါး စိုက်ကြည့်နေလိုက်သည်။
တော်ဝင်အင်ပါယာရဲ့ ပထမနေရာက မိသားစုမှာ မျှော်လင့်ထားတဲ့ အတိုင်း အုပ်ချုပ်သူများကပင် အနည်းဆုံး သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ဖြစ်ပြီး လျိုကျန့်ဖုန်း ကိုယ်တိုင်ကလည်း အဆင့်၉ကို ရောက်ရှိထားသည်။
သူအခုလို ကျွန်စစ်တပ်ကို ပြန်လည် ရုတ်သိမ်းသွညးတာက ဆေးဥယျာဉ်နဲ့ သားရဲခန်းမကို မျက်နှာသာ တချို့ပေးလိုက်တာလို့ ဆိုနိုင်လေ၏။
ဒါပေမဲ့ သူက လျိုမိသားစုရဲ့ ဘိုးဘေးတွေကိုတောင် သတ်ခဲ့တာပဲလေ။ ဒါကြောင့် သူဘာလို့ ဒါကို ဂရုစိုက်နေရမှာလဲ။
သူ့လက်များကို ဝေ့ယမ်းလိုက်ရင်း အခင်းအကျင်း တံဆိပ်ပြားများ တစ်ခုပြီးတစ်ခု ပစ်လွှတ်လိုက်သည်။ စိတ်ဝိညာဉ်ကို ထိန်းချုပ်ခြင်း၊ တားမြစ်ဝိညာဥ် အခင်းအကျင်း၊ တောက်ပအလင်း အခင်းအကျင်း စသော အခင်းအကျင်း မျိုးစုံက လျိုမိသားစု၏ အုပ်ချုပ်ခံလူများ ပတ်ပတ်လည်ကို ထိမှန်သွားသည်။
လျိုမိသားစု၏ ခွန်အားသည် ထိုကျွန်များသာဖြစ်သည်။ ဤသခင်များသာ ခေါင်းဖြတ်ခံရပါက ဦးခေါင်းမပါသော မြွေတစ်ကောင်ကဲ့သို့ ဖြစ်နေမည် ဖြစ်ပြီး ကျွန်များကလည်း လူကို ကိုက်နိုင်တော့မည် မဟုတ်ပေ။
အခိုးအငွေ့တွေ တဖျပ်ဖျပ် လွင့်ထွက်လာပြီး အရာအားလုံးကို တခဏချင်း ဖုံးလွှမ်းသွားတော့သည်။
ဒြပ်စင်ငါးပါး၏ စွမ်းအားဖြင့် ယင်နှင့် ယန်ချီတို့သည် အခင်းအကျင်း အတွင်း ကူးခတ်နေသော ငါးတွေလို မရေမတွက်နိုင်တဲ့ ထင်ယောင်ထင်မှား ပုံရိပ်ယောင်များကို သယ်ဆောင်လာ၏။ စွမ်းအင်ဒီရေသည် တဟုန်းဟုန်း တောက်ကာ မီးတောက်များက မိုးခြိမ်းသံတွေလို ထွက်ပေါ်လာသည်။
"ငါမမြင်ရတော့ဘူး... ဒါက ဘယ်လို အခင်းအကျင်း ပုံစံမျိုးလဲ? မိုးကြိုး!! အား.....!"
"ထူးဆန်းလိုက်တာ ငါ့စိတ်ဝိညာဉ် စွမ်းအားတွေ ပျောက်ကွယ်သွားသလိုပဲ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
"ငါ့ခန္ဓာကိုယ် မလှုပ်နိုင်တော့ဘူး... ဘာဖြစ်နေတာလဲ?"
....
အခင်းအကျင်း အတွင်း ထိတ်လန့် တုန်လှုပ်သော အသံများဟာ ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေပြီး အော်ဟစ်သံများက မသေခင်အထိ ရုန်းကန်နေသလိုပင်။
ဝိုင်းရံထားသော ကျွန်များသည် စွမ်းအင် အလုံးအရင်းနှင့် ဖုံးလွှမ်းသွားခြင်း ခံရမည်ကို စိုးရိမ်၍ စောစောစီးစီး ဆုတ်ခွာသွားကြသည်။
လုရွှမ်ရဲ့ နှုတ်ခမ်းထောင့်က ကဲ့ရဲ့သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤအခင်းအကျင်းများထဲမှ တချို့ကို ရှန့်ခုန်းရှေးဟောင်းမြို့ရှိ မြို့သခင်စံအိမ်ရဲ့ ရတနာအခန်းထဲမှ ထုတ်ယူလာခဲ့တာ ဖြစ်ကာ အများစုမှာ သူတော်စင်တစ်ပိုင်းများသာ သန့်ရှင်းနိုင်သော ရှေးဟောင်းပစ္စည်းများ ပါရှိလေသည်။
အခင်းအကျင်း တံဆိပ်ပြားတွေရဲ့ သက်တမ်းက အင်မတန် ရင့်နေပြီမို့ သူတို့ရဲ့ စွမ်းအင်ကလည်း တစ်ဝက်လောက် ပျက်စီးလုနီးပါး ဖြစ်နေပြီ။ မဖြစ်မနေ အခြေအနေကြောင့်သာ မဟုတ်ရင် သူကိုယ်တိုင်လည်း ထုတ်သုံးပစ်မှာ မဟုတ်ပေ။
အမှန်မှာ လက်ရှိ အခင်းအကျင်းရဲ့ စွမ်းအားနဲ့ဆို သူတော်စင်တစ်ပိုင်းကို မရောက်သေးသရွေ့ အခင်းအကျင်းထဲက ထွက်ခွာနိုင်မည် မဟုတ်တော့ချေ။
လုရွှမ် သူ့ခန္ဓာကိုယ်ကို ဥက္ကာပျံ တစ်လုံး ကောင်းကင်က ကြွေကျလာသလို အခင်းအကျင်းထဲ ပြေးဝင်သွားသည်။ ဒီလိုတွေကို သတ်မယ် ဆိုကတည်းက အရိပ်အယောင်လေးတောင် မချန်ထားခဲ့သင့်ပေ။
ဝှစ်!
လုရွှမ်ဟာ အခင်းအကျင်း ထိန်းချုပ်သူ ဖြစ်လို့ အခင်းအကျင်းရဲ့ စွမ်းအားက သူ့အပေါ် အနည်းငယ်သာ သက်ရောက်မှုရှိ၏။ ရွှေအရှိန်ရဲ့ အကူအညီနဲ့ဆို အခင်းအကျင်းက သူ့အပေါ် လုံးဝကို သက်ရောက်မှု မရှိတော့ပေ။
အခင်းအကျင်းထဲက လျိုမိသားစုဝင်များရဲ့ အမြင်တွင် သူသည် နတ်ဘုရားနှင့် နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားပုံရပြီး အရှေ့ဘက်သို့ တဖျပ်ဖျပ် ခတ်ကာ အနောက်ဘက်မှာ ပေါ်လာကာ ပျောက်ကွယ်သွားပြန်သည်။
သူ့ပုံသဏ္ဌာန်ကို ဘယ်သူမှ သတိမထားမိခင်မှာ သစ်သား အပိုင်းအစဟာ လူတစ်ယောက်ရဲ့ ဦးခေါင်းကို ထိုးဖောက် ဝင်ရောက်ပြီးနေပြီ။
သစ်သားနှလုံးသား! ဝိညာဉ်သခင် စွမ်းအား!
မြို့ထောင်ချီမဟာမိတ်မှာတုန်းက ဝိညာဥ်သခင်ရဲ့ စွမ်းရည်တွေကို မဟုတ်ဘဲ ဝိညာဉ်စွမ်းအားကိုပဲ အမြဲလိုလို အသုံးပြုခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ သူသည် လူသတ်ရန် ရည်ရွယ်ချက် ရှိပြီး အခင်းအကျင်းကလည်း ဖုံးအုပ်ထားသောကြောင့် ၎င်းကို ထိန်းသိမ်းထားမည် မဟုတ်တော့ပေ။
အော်ဟစ်သံများက ပို၍ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။ စိတ်ပျက်အားငယ်လာတဲ့ အပြင်ဘက်ရှိ ကျွန်စစ်တပ်၏ ဝိညာဉ်များပင် တုန်လှုပ်သွားကာ သူတို့၏ နှလုံးသားများလည်း အေးခဲသွားခဲ့သည်။
ခပ်လှမ်းလှမ်းတွင်တော့ သားရဲခန်းမဟယ်နှင့် ဆေးဥယျာဉ် တာဝန်ခံ အမျိုးသမီးသည် မယုံကြည်နိုင်မှု အပြည့်ဖြင့် အသက်ရှုကြပ်လာကာ မျက်လုံးများပြူးလျက် လျင်မြန်စွာ စိုက်ကြည့်နေရသည်။
ဒီအခင်းအကျင်းကို ဘယ်လိုများ အသက်သွင်းလိုက်လို့ ဒီလောက်တောင် ကြောက်စရာ ကောင်းနေတာလဲ?
သူတို့သည် တိုက်ပွဲနေရာနှင့် ဝေးကွာနေသေးသော်လည်း အကြွင်းအကျန် အခင်းအကျင်းမှ ပေါက်ထွက်လာသော ရောင်ဝါကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ဆဲပင်။ သူတို့၏ ဝိညာဉ်စွမ်းအားကို အမှန်တကယ် ထိခိုက်စေနိုင်ပြီး ကိုယ်ခံပညာ၏ နှလုံးသားမှာပင် ကမောက်ကမ ဖြစ်လာစေသည်။
သူက ဘယ်သူများလဲ!
"သူက လုရွှမ်ပဲ!"
ဟန်ရွှယ်က ပြောလေသည်။
ဒီလူနှစ်ယောက်ဟာ အစတုန်းက အဲဒီလို မတွေးထားမိပေမယ့် သူမကတော့ ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီးနောက် သူတို့စိတ်ထဲက မေးခွန်းပတွက် စိတ်ဓာတ်ပြင်းပြစွာ မိတ်ဆက်လိုက်ပေ၏။
ခန်းမသခင်ဟယ် နဲ့ ဆေးဥယျာဉ် သခင်မတို့ရဲ့ မျက်နှာမှာ အနည်းငယ် ရှက်စရာကောင်းတဲ့ အမူအရာတွေ ရှိလာပြီး စကားတစ်ခွန်းမှ မပြောဖြစ်ကြတော့ချေ။
...
နောက်ဆုံးအော်သံ ရုတ်ခြည်း ပျောက်ကွယ်သွားသည်နှင့်အမျှ အလင်းတန်း တစ်ခုသည် ကောင်းကင်ယံသို့ လွင့်ပျံလာကာ လျိုမိသားစု ကျွန်စစ်တပ်၏ ဦးခေါင်းထက်တွင် စက်ဝိုင်းပုံစံကြီး ပေါ်လာခဲ့သည်။
မြေပြင်ပေါ်ရှိ မြူမှုန်များ ပြောင်းလဲသွားသည်။ အလင်းရောင်မျိုးစုံ ထွန်းတောက်လာကာ ပေါက်ကွဲသံများ နောက်တဖန် ထွက်ပေါ်လာပြန်၏။ အခင်းအကျင်းထဲတွင် ပါးပါးလှီးထားသော အသားစများနှင့် သွေးမြစ်များ ရောနှောသွားသည်။
လျိုမိသားစု အားလုံး မသေရင် လုရွှမ် ထွက်လာမှာ မဟုတ်ဘူးလို့ တွေးထားမိကြပေမယ့် လက်ရှိ ကြေကွဲဖွယ် အခြေအနေကတော့ လူတိုင်းကို ထိတ်လန့်စေမိဆဲပင်။
ခေါင်းပေါင်း တစ်ဒါဇင်ကျော်ကို တစ်ချက်တည်းနဲ့ ဖြတ်တောက်သွားခြင်းပင် မဟုတ်ပါလား။
ဒါက ဘာကိုဆိုလိုတာလဲ? လျိုမိသားစုကို အမြစ်ပြတ် ဖျက်ဆီးပစ်မလို့လား?
လျိုမိသားစု၏ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များ အားလုံးကို သုတ်သင်ရှင်းလင်းခဲ့ပြီး ကျွန်များကြားတွင် ပုန်းအောင်းနေသော အလယ်အလတ်တန်းစား လူများသည် ၎င်းတို့အားဖြင့် တားဆီးရန် ဝံ့ကြွားလာခဲ့ကြသေးသည်။
ထိုမြင်ကွင်းက သားရဲခန်းမက ခန်းမသခင်ဟယ်နှင့် ဆေးဥယျာဥ်က ဆေးဝါးသခင်မတို့ နှစ်ဦးကို အံ့သြထိတ်လန့်စေခဲ့သည်။
လူတစ်သိန်းကို လူတစ်ယောက်က အနိုင်ယူခဲ့တဲ့ ဒဏ္ဍာရီကို ယနေ့မှာပဲ မွေးဖွားခဲ့လေပြီ။
ပျံသန်းလာတဲ့ ကောင်လေးကို ကြည့်လိုက်တော့ သူတို့နှစ်ယောက်ရဲ့ အရင်က မောက်မာမှုတွေ ပျောက်ကွယ်သွားကာ မျက်နှာပေါ်က အပြုံးတွေနဲ့ အလျင်အမြန် နှုတ်ဆက်လိုက်ကြသည်။
အဂ္ဂိရတ်ပညာရှင် အဖွဲ့နဲ့ လုရွှမ် ပဋိပက္ခဖြစ်ပြီး လုရွှမ်က ထိုအဖွဲ့အစည်းကို အရှက်ရစေခဲ့ကြောင်း ကြားခဲ့ရသော်လည်း တစ်လျှောက်လုံး ကောလဟာလတစ်ခုသာ ထင်မြင်ခဲ့ကြသည်။ အခုတော့ အမှန်ဖြစ်ကြောင်း နားလည်သွားလေပြီ။
နှစ်ယောက်သား တုန်လှုပ် ခြောက်ခြားနေချိန် တစ်ဖက်ကလည်း အနည်းငယ် ဝမ်းသာသလို ခံစားလိုက်ရသည်။ သူတို့က ရန်သူ မဟုတ်ဘဲ စစ်ကူပေးဖို့ လာခဲ့တဲ့လူတွေ ဖြစ်နေလို့ပင်။