အဂ္ဂိရတ်ပညာရှင် အဖွဲ့ရဲ့ ခေါင်းဆောင်ကို သတ်လိုက်ပြီ
Vol. 36 Ch. 4.48
"ညီလေးလု!"
"အစ်ကိုလု!"
ခန်းမသခင်ဟယ် နဲ့ ဆေးဥယျာဉ်မှူးတို့က သူတို့ရဲ့ လက်တွေကို ဆုပ်လျက် လုရွှမ်ကို တပြိုင်နက်တည်း နှုတ်ဆက်လိုက်ကြသည်။
လုရွှမ်ရဲ့ စရိုက်ကို မြင်တွေ့ပြီးနောက် နှင်းထဲတွင် မီးသွေးပေးရသည့် အဖိုးတန်မှုကို ပို၍ပို၍ လေးမြတ် နားလည်လာခဲ့သည်။
လုရွှမ်ကလည်း ထိုနှစ်ယောက်ဖက်ကို ထက်ထက်သန်သန်ဖြင့် ဦးညွှတ်ကာ ပြုံးလိုက်သည်။
"ခန်းမသခင် ဟယ်ချောင်နဲ့ သခင်မစွင်းလင်တို့ကို ကျေးဇူးတင်ပါတယ်.... ခင်ဗျားတို့ရဲ့ အကူအညီကို ကျုပ်နှလုံးသားထဲမှာ မှတ်သားထားပါ့မယ်"
"ဒီတိုက်ပွဲပြီးရင် မြို့ထောင်ချီမဟာမိတ်မှာ ညီလေးလုရဲ့ ဂုဏ်သတင်းက တော်တော်လေးကို မွေးပြန့်သွားမှာဖြစ်ပြီး နောင်မှာ မြို့ထောင်ချီမဟာမိတ်ရဲ့ ဒဏ္ဍာရီ ဖြစ်လာမှာပါ"
ခန်းမသခင်ဟယ်ချောင်က ရယ်လျက် ဆိုလိုက်သည်။
စွင်းလင်က အနည်းငယ် သီးသန့်ဆန်လို့ စကားအနည်းငယ် ပြောပြီး အချိန်ရလျှင် ဆေးဥယျာဉ်သို့ လာလည်ရန် ဖိတ်ခေါ်သဖြင့် လုရွှမ်လည်း ခေါင်းညိတ်သဘောတူခဲ့သည်။
သူတို့ သုံးယောက် စကားစမြည် ပြောနေကြတာကို မြင်လိုက်ရတော့ ဟန်ရွှယ်နှင့် အခြားသူများ ဝမ်းသာအားရ ရောက်ရှိလာကြသည်။
"အားလုံး အဆင်ပြေရဲ့လား"
လုရွှမ် အပြုံးလေးနဲ့ မေးလိုက်ရင်း သူ့ရဲ့စိုးရိမ်တဲ့မျက်လုံးတွေက တစ်ယောက်ပြီး တစ်ယောက် ဖြတ်သန်း ကြည့်နေခဲ့သည်။
မော့ကောင်းရွှမ်း မြေပြင်ပေါ်သို့ တလေးတစား ဦးညွှတ်ချကာ စိတ်ချယုံကြည်စွာဖြင့် ဆိုလိုက်သည်။
"ဒါက သေးငယ်တဲ့ ဒဏ်ရာလေး တစ်ခုပါပဲ... ကြီးလေးတဲ့ ပြဿနာ မဟုတ်ပါဘူး။ သခင်ရဲ့ အံ့ဖွယ်အတတ်ပညာဟာ ကမ္ဘာမှာ တုနှိုင်းမမှီပါဘူး... အနာဂတ်မှာ တစ္ဆေအစောင့် အဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ပြန်လည် အသက်သွင်းပြီး ကမ္ဘာတစ်ဝှမ်းလုံး ကျော်ကြားလာမှာ သေချာပါတယ်"
ဟန်ရောင်၊ မုယန်ဖုန်း နှင့် အခြားသူများကလည်း လုရွှမ်အား ကြည်ညိုလေးစားသော အမူအရာများဖြင့် အဆုံးထိ ဦးညွှတ်လိုက်ကြသည်။
"ရပါတယ်... အဆင်ပြေပါတယ်!"
ဖက်တီး ထျန်ကျွင့်နမ်ရဲ့ ရယ်မောသံက ထွက်ပေါ်လာပြီး လုရွှမ်ရဲ့ မျက်လုံးတွေကို ကြယ်တွေတောက်နေသလို စိုက်ကြည့်လိုက်သည်။
"သူဌေး.... အရမ်းရက်စက်ပြီး မိုက်တယ်ဗျာ... ကျွန်တော်သာ မိန်းမဆိုရင် သူဌေးကို ချက်ချင်း လက်ထပ်ပစ်မှာ"
စကားပြော ရယ်မောရင်း လုရွှမ်အား လက်နှစ်ဖက်ကို ပွေ့ဖက်ကာ မျက်နှာပေါ်တွင် ပရောပရည်ကျသော အမူအရာဖြင့် ပွေ့ဖက်လိုက်သည်။
မင်းသမီးလော့ရုံ နှင့် လင်ရှောင်းရှောင်းတို့သည် တစ်ချိန်တည်းတွင် အော်ဟစ်လိုက်ပြီး ဖက်တီးကို ဘယ်ညာမှ တွန်းထုတ်ကာ လုရွှမ်၏ လက်မောင်းကို တွဲကိုင်လျက် ဒေါသတကြီး စိုက်ကြည့်နေသည်။
လှပသော အမျိုးသမီးများသည် သူရဲကောင်းများကို နှစ်သက်ကြပြီး လုရွှမ်သည် ယခုအချိန်တွင် သူရဲကောင်းများအကြား ရိုးရိုးရှင်းရှင်း ထင်းထွက်နေတဲ့ သူရဲကောင်းတစ်ဦး ဖြစ်သဖြင့် လူအများက သူ့ကို အလွန် သဘောကျကြသည်။
မိန်းမတွေရဲ့ ခံစားချက်တွေကို ခံစားလိုက်ရတော့ လုရွှမ်က အသာခေါင်းခါလိုက်ပြီး သူ့နှလုံးသားထဲမှာ ခံစားချက် အရိပ်အယောင်တွေ ပေါ်လာခဲ့သည်။
အလှလေးတွေက သူ့အပေါ် ချစ်ခြင်းမေတ္တာများစွာ ရှိသော်လည်း သူ့နှလုံးသားထဲတွင် နှစ်ရှည်လများစွာ ချည်နှောင်ခံထားရတဲ့ ကြိုးတစ်ချောင်း ရှိနေတာက သနားစရာကောင်းလှသည်။
မိုးနတ်ဘုရားဓားသည် မကြာသေးမီကမှ ပြန်လည် တွေ့ရှိလာခဲ့သော်လည်း ကျိုးသွားသော ဓားတစ်လက်သာ ဖြစ်လာခဲ့သည်။
သူမရော ဘယ်လို ဖြစ်နေမလဲ?
အရင်ဘဝက သူမအပေါ် အကြွေးတင်ခဲ့တဲ့ ကတိစကားကို ဒီဘဝမှာ ပြန်ဆပ်နိုင်ပါ့မလား?
လုရွှမ် ခေါင်းယမ်းလိုက်ပြီး အမျိုးသမီးနှစ်ယောက်ရဲ့ လက်နှစ်ဖက်ကို ပေါ့ပေါ့ဆဆ ဆွဲထုတ်လိုက်ပြီး သူတို့ရဲ့ မကျေနပ်မှုတွေကို မမြင်ချင်ယောင် ဆောင်ထားလိုက်ပါတော့သည်။
မင်းသမီးလော့ရုံ၊ လင်ရှောင်းရှောင်း၊ မော့ချုံ၊ ဟန်ရွှယ် ဘယ်သူပဲဖြစ်ဖြစ် လှပကြသော်လည်း သူ့နှလုံးသားထဲတွင် သံယောဇဉ်များ ရှိနေသဖြင့် ထပ်မလိုချင်ပေ။ သူတို့ကို သူ့ဘေးမှာ ထားလိုက်တယ် ဆိုတာက မိတ်ဆွေတွေလို့ သဘောထားရုံပင်။
"မင်းတို့ မြို့ထောင်ချီမဟာမိတ်ကို အရင် ပြန်သွားသင့်တယ်"
စိတ်ရှုပ်စရာ အတွေးတွေကို ဘေးဖယ်လိုက်ပြီး လုရွှမ်က ပြောလိုက်သည်။
မြို့ထောင်ချီမဟာမိတ်ရဲ့ အဂ္ဂိရတ်ပညာရှင် အဖွဲ့နဲ့သူ့ကြားက ပဋိပက္ခက ဘယ်တော့မှ ရပ်တန့်မသွားမှာ ကြောက်ရသည်။ ထို့ကြောင့် လူတိုင်းကို သူနဲ့အတူ ပြန်ခေါ်သွားမယ်ဆိုရင် ဒီလူတွေကို သုံးပြီး သေချာပေါက် ခြိမ်းခြောက်လာလိမ့်မည်။
"သခင်မစွင်း... ခန်းမသခင်ဟယ်... ကျွန်တော် အရှက်မဲ့စွာနဲ့ ခင်ဗျားတို့ရဲ့ အကူအညီအတွက် ထပ်ပြီး တောင်းဆိုချင်ပါတယ်... မြို့ထောင်ချီမဟာမိတ်ကို ပြန်ရောက်ပြီးရင် ကျေးဇူးပြုပြီး ကျွန်တော့် သူငယ်ချင်းတွေကို ကာကွယ်စောင့်ရှောက်ပေးပါဦး"
ဒီတစ်ခေါက် အဖြစ်အပျက်ကို ကြည့်ပြီးနောက်တွင် သူ၏ လက်ရှိခွန်အားသည် ၎င်းတို့အား ကာကွယ်ရန် မလုံလောက်သေးကြောင်း သိလာခဲ့သည်။
ဟယ်ချောင် နှင့် စွင်းလင်တို့သည် ခဏမျှ စဉ်းစားပြီးနောက် သဘောတူလိုက်ကြသည်။ လုရွှမ် မော့ကောင်းရွှမ်းကို ဆွဲထုတ်ကာ စကားအနည်းငယ် တိုးတိုးပြော၍ လူတိုင်းကို နှုတ်ဆက်ကာ မြို့ထောင်ချီမဟာမိတ်သို့ တစ်ယောက်တည်း ပျံသန်းသွားခဲ့သည်။
အဂ္ဂိရတ်ပညာရှင် အဖွဲ့ရဲ့ ကြီးမားတဲ့ စွမ်းအင်နဲ့ သူတို့ရဲ့ ကြီးမားတဲ့ မဟာမိတ် ဆက်ဆံရေးကြောင့် မကြာခင်မှာ သူ့ကို ထပ်မံတိုက်ခိုက်ဖို့ လူအများအပြားကို စုစည်းတော့မယ် ဆိုတာ လုရွှမ် ကောင်းကောင်းကြီး သိပါသည်။
ထို့ကြောင့် ၎င်းတို့အား ပြန်လည်နာလန်ထူရန် အချိန်ပေးလို့ လုံးဝမဖြစ်နိုင်ပေ။ ၎င်းတို့ ပြန်လည်ကောင်းမွန် လာပါက အခြေအနေမှာ အမှန်တကယ်ပင် အန္တရာယ် ရှိလာမည် ဖြစ်သည်။
အဂ္ဂိရတ်ပညာရှင် အဖွဲ့မှ ခေါင်းဆောင်ကြီးသည် အကာအကွယ် အခင်းအကျင်းကို ပြုပြင်ရန် လူတစ်စုကို ညွှန်ကြားခဲ့သော်လည်း အကြီးအကဲကြီး လေးဦးကိုတော့ မည်သည့်နေရာမှ မတွေ့မြင်ခဲ့ရပေ။
လုရွှမ် ခပ်ဝေးဝေးမှာ တိတ်တဆိတ် ရပ်လိုက်ပြီး အဂ္ဂိရတ်ပညာရှင် အဖွဲ့ကို အကဲခတ် ကြည့်မိသည်။ မကြာမီတွင် ထိုအကြီးအကဲ လေးယောက်ဟာ အရှေ့နှင့် အနောက်ဘက်တွင် တစ်ဦးစီ၊ မြောက်ဘက်တွင် တစ်ဦးနှင့် တောင်ဘက်တွင် တစ်ဦးတို့ ပုန်းအောင်းနေကြောင်း တွေ့လိုက်ရသည်။
လုရွှမ် သူ့စိတ်ထဲတွင် အနည်းငယ် လှောင်ရီလိုက်မိသည်။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာ ကတည်းက ဒီလှည့်ကွက်များကို သူမသုံးတော့ပေ။
တစ်ဖက်လူက သူ့ကို လုပ်ကြံဖို့ ဒီလှည့်ကွက်လေးကို သုံးလာတယ်ဆိုတော့ သူတို့ကို တစ်ယောက်ပြီး တစ်ယောက် ဖျက်စီးပစ်ဖို့ အချိန်ရောက်လာပြီပေါ့။
ရွှေအရှိန်၏ ပံ့ပိုးမှုဖြင့် လုရွှမ်သည် မြေအောက်ထဲ၌ တိတ်တိတ်ဆိတ်ဆိတ် ပုန်းကွယ်ရင်း သူနဲ့အနီးဆုံး အဘိုးအိုထံ လျင်မြန်စွာ ပြေးသွားခဲ့သည်။
အဘိုးအိုသည် အလွန်သတိထား၍ သူ့ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်ကာ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို စောင့်ကြည့်နေသည်။ သူ့ရဲ့ ဝိညာဉ်ချီကို အဓိက မထားဘဲနဲ့တောင် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ရဲ့ စိတ် ဝိညာဉ်စွမ်းအား အတိုင်းအတာကို လျှော့တွက်လို့ မရချေ။
သို့သော် လုရွှမ်၏ စိတ်ဝိညာဉ်စွမ်းအားနှင့် နှိုင်းယှဉ်ပါက သူတို့သည် များစွာ ဆိုးရွားလှပါ၏။
ယခုအချိန်တွင် လုရွှမ်၏ စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာသည် ၁၈ ရှိပြီး ရှေးဟောင်း သစ်သားနှလုံးသားကို ထိန်းချုပ်နိုင်တဲ့ အကွာအဝေးက တစ်ကီလိုမီတာကျော် ရှိသည်။ ဒီလိုတွေ မပုန်းနေရင် တစ်မျိုးစဥ်းစားမှာ ဖြစ်ပေမယ့် အခုလို ပုန်းနေတော့ သူ့အတွက် အခွင့်အရေး ရသွားခဲ့သည်။
တိတ်တဆိတ် ချဉ်းကပ်လာရင်း သစ်သားနှလုံးသားကို မြေပြင်မှ ပစ်လွှတ်လိုက်ပြီး စွမ်းအားပေါင်း သန်း ၆၀၀ ကျော်၏ စွမ်းအားသည် ပေါက်ကွဲသွားကာ အဘိုးကြီး၏ နှလုံးသားကို တခဏချင်း ထိုးဖောက်သွားသည်။
အဘိုးကြီးရဲ့ ခွန်အားက တကယ်ကို ထူးကဲလှပေမယ့် အလျင်စလို တုံ့ပြန်လိုက်ရချိန် သူ့ခွန်အားရဲ့ တစ်ဝက်လောက်တောင်မှ မထုတ်ပြနိုင်ခဲ့ချေ။ သူ့ရင်ဘတ်ထဲက သွေးစွန်းနေတဲ့ အပေါက်ကို စိတ်ပျက်လက်ပျက်နဲ့ ကြည့်ရင်း သူ့ပါးစပ်က သွေးတွေ တဟုန်ထိုး ထွက်ကျလာလေ၏။
လုရွှမ်သည် သစ်ရွက်စိမ်း သစ်သားနှလုံးသားကို ဆုတ်ခွာလိုက်ပြီး ငြိမ်သက်စွာဖြင့် အခြားလူအိုဆီသို့ တိတ်တဆိတ် ချောင်းကြည့်နေလိုက်သည်။
မကြာမီတွင် သွေးတွေ စီးဆင်းလာပြီး နောက်တစ်ယောက် ထပ်သေသွားခဲ့သည်။
.....
နောက်ဆုံးတွင် အကြီးအကဲကြီး လေးဦးအနက် တစ်ဦးသာ ကျန်ရှိတော့သည်။
ဝိညာဉ်သခင်အား တိမ်ပင်လယ် နယ်မြေထဲမှာ မရေမတွက်နိုင်တဲ့ အင်အားကြီးသူများရဲ့ လိုက်လံဖမ်းဆီး သတ်ဖြတ်ခြင်း ခံခဲ့ရတာ မဆန်းတော့ချေ။ သူတို့ရဲ့ အစွမ်းအစကို တကယ်ကို ကြောက်စရာ ကောင်းလှပေသည်။
မြေအောက်၌ ပုန်းအောင်းနေသော လုရွှမ်သည် အဝေးမှနေ၍ နောက်ဆုံး အကြီးအကဲကို အနီးကပ် စိုက်ကြည့်နေသည်။ မျက်နှာပေါ်တွင် စိုးရိမ်သောက ရောက်နေသော အရိပ်အယောင်ဖြင့် ထိုသူသည် အဂ္ဂိရတ်ပညာရှင် အဖွဲ့ရဲ့ ခေါင်းဆောင်နဲ့ စကားပြောနေခဲ့၏။
လျှို့ဝှက်မြှားများဖြင့် ဆက်လက် မတိုက်ခိုက်နိုင်ပါက လှံများ၊ ထက်ရှသော ဓားများဖြင့် တိုက်ခိုက်ဖို့ ဆွေးနွေးနေကြပုံပင်။
လုရွှမ်သည် မြေပြင်မှ ရုတ်တရက် ခုန်တက်၍ ကောင်းကင်သို့ ထိုးတက်သွားကာ နောက်ဆုံး အကြီးအကဲကို လက်သီးဖြင့် ထိုးချလိုက်သည်။
သန်း ၇၀၀ ကျော် ရှိသော အင်အားသည် အလွန်ပြင်းထန်သော လေနှင့် မိုးခြိမ်းသံကဲ့သို့ အလွန်ပြင်းထန်သော အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာခဲ့သည်။
ထိုအကြီးအကဲကြီးနှင့် ခေါင်းဆောင်ဖြစ်သူ ဥက္ကဌတို့သည် လုရွှမ်အား ထိတ်လန့်စွာ ကြည့်ရင်း ကြီးမားသော အကျပ်ကိုင်မှုကို ခံစားလိုက်ရကာ နှစ်ဖက်စလုံးကို တွေးတောမနေဘဲ လူချင်း ခွဲလိုက်ကြသည်။
အစောက ဝင်လာတဲ့ လုရွှမ်၏ လက်သီးစွမ်းအားသည် သူတော်စင်တစ်ပိုင်းနှင့် ယှဉ်နိုင်သော စစ်မှန်သော စွမ်းအင်၊ ခန္ဓာကိုယ်ခွန်းအားနှင့် ဝိညာဉ်စွမ်းအား ပေါင်းစပ်မှုတို့ ဖြစ်သည်။ ဤလက်ချက်က တားဆီး၍ မရမှန်းသိတာကြောင့် ရှောင်တိမ်းရုံသာ ရှိတော့သည်။
"အစီအရင် တည်!"
အဂ္ဂိရတ်ပညာရှင် ဥက္ကဌက ကျယ်လောင်စွာ ဟောက်ပြီး အရူးအမူး ပြေးသွားစဥ် လုရွှမ်ကလည်း အနောက်မှ အရူးအမူး လိုက်နေသည်။
နောက်ဆုံးတော့ သူတို့ဟာ အဂ္ဂိရတ်ပညာရှင် အဖွဲ့ရဲ့ အဖွဲ့ဝင်တွေပဲလေ။ အခင်းအကျင်း ပညာရှင်တွေ မဟုတ်တာကြောင့် ပျက်စီးသွားတဲ့ အခင်းအကျင်းကို ပြုပြင်ရတာ ဆိုးရွားပေမယ့် ဒီအချိန်မှာတော့ ဂရုမစိုက်နိုင်တော့ပါဘူး။ သူ့ရဲ့ အသက်ကို လွတ်မြောက်စေဖို့က အဓိကပင်။
လုရွှမ် သူ့စိတ်ထဲမှ လှောင်ရယ်နေ၏။ တစ်ဖက်လူက ယခုအချိန်မှာ သူ့အသက်အတွက် ပြေးချင်နေသေးတာပဲ။ သူ့နောက်ကျောမှ အတောင်ပံများကို ရွှေအရှိန်ဖြင့် ထိန်းထားလိုက်သည်။
အထွတ်အထိပ်သို့ ရောက်သည်နှင့် အရှိန်သည် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲ ထွက်သွားသည်။ လုရွှမ် နှုတ်ကိုဖွင့်၍ အကျယ်ကြီး အော်ဟစ်လိုက်သည်။
နဂါးရွတ်ဆိုသံလို အသံတစ်သံသည် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး အသံလှိုင်းက သူ့ပါးစပ်မှ မြှားတစ်စင်း အဖြစ်သို့ ပြေးထွက်သွားကာ အဂ္ဂိရတ်ပညာရှင် အဖွဲ့ခေါင်းဆောင်ရဲ့ နောက်ကျောကို ပစ်ခတ်လိုက်သည်။
အဂ္ဂိရတ်ဆရာခမျာ မရှောင်တိမ်းခဲ့ချေ။ တကယ်တော့ သူလုံးဝကို မရှောင်နိုင်ခဲ့ခြင်းပင်။ နဂါး ရွတ်ဆိုသံ ကြားတဲ့အခိုက်မှာ သူ့အသက်က သေခြင်းရှင်ခြင်း ကြားကို ရောက်ရှိနေပြီး တိုက်ပွဲက ခဏအတွင်းမှာပဲ အရာအားလုံးကို အဆုံးအဖြတ် ပေးသွားခဲ့လေသည်။
လုရွှမ် တိုက်ခိုက်လာတဲ့ အချိန်တုန်းက ရှောင်ရန် အသိစိတ်ပင် မရှိတော့သောကြောင့် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။
တခဏချင်းမှာပဲ သွေးတွေ ဖျန်းခနဲ ပွင့်ထွက်လာပြီး အသား အပိုင်းအစတွေ ပျံထွက်သွား၏။ အဂ္ဂိရတ်ဆရာ အသင်းရဲ့ ဥက္ကဌဟာ သွေးမိုးရွာသလို သူ့အသက်ကို ဖြတ်တောက်ခံလိုက်ရပေသည်။