ဆေးဥယျာဉ်
Vol. 36 Ch. 4.49
"ခေါင်းဆောင်ကြီး!"
အောက်တွင်ရှိ မရေမတွက်နိုင်သော အဂ္ဂိရတ် ပညာရှင်တို့သည် ဤအရာအားလုံးကို သူတို့ကိုယ်တိုင် မျက်မြင် တွေ့ခဲ့ရပြီး သူတို့၏ ခန္ဓာကိုယ်များလည်း သွေးတွေ ရွှဲလျက်သား။
လုရွှမ်က သူ့နောက်ကျောက အတောင်များကို လှုပ်ရှားရင်း လေထဲတွင် မတ်တပ်ရပ်လျက် ပါးစပ်ကို ဖွင့်ဟကာ နောက်ထပ် နဂါးရွတ်ဆိုသံကို ရွတ်ဆိုလိုက်ရာ နဂါးရွတ်ဆိုသံကို ခံစားလိုက်ရတဲ့ နဂါးနှလုံး၏ ခုန်သံသည် ပို၍ ပြင်းထန်လာပြီး ထက်မြက်သော တန်ခိုးစွမ်းအားက သူ့တစ်ကိုယ်လုံးကို ပြည့်လျှံလာစေတော့သည်။
နှစ်ပေါင်း ၃၀၀ ကျော် တိတ်ဆိတ် ငြိမ်သက်ခဲ့သွားပြီးနောက် အရင်ဘဝက စိတ်ဝိညာဉ် စွမ်းအင်တွေ ပြည့်နှက်နေသော ရူးသွပ်မှုသည် ပြန်လည်ကောင်းမွန်လာမည့် အရိပ်အယောင်များ ရှိနေပုံပေါ်၏။
လုရွှမ် သူ့လက်များကို ဝေ့ယမ်းလိုက်တဲ့အခါ လေလှိုင်းများ ထွက်ပေါ်လာသည်။ အောက်ဖက်ရှိ အဂ္ဂိရတ်ပညာရှင်များသည် မြေပြင်ပေါ်တွင် ဒူးထောက် ထိုင်ချလိုက်ပြီး လုံးဝကို ထိတ်လန့်သွားကြသည်။
"ကောင်လေး.... မင်းက ငါတို့ရဲ့ အဂ္ဂိရတ်ပညာရှင် ဥက္ကဌကို သတ်လိုက်တယ်ပေါ့... မင်းတော့ သေပြီသာမှတ်!!"
ဝမ်းနည်းစရာ ကောင်းတဲ့ အသံဟောင်းကြီးက သူ့နောက်ကွယ်က ထွက်ပေါ်လာပြီး အသံက တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့သည်။ နောက်ဆုံးကျန်ခဲ့တဲ့ အမြင့်ဆုံး အကြီးအကဲကြီးပဲ ဖြစ်ကာ ဒီအချိန်မှာတော့ သူ့အသက်အတွက် အရာအားလုံးကို စွန့်လွှတ်ပြီး ထွက်ပြေးသွားခဲ့လေပြီ။
လုရွှမ် အေးစက်စွာ နှာမှုတ်ထုတ်လိုက်သည်။ လူသတ်သမားတွေက အမြဲတမ်း လူသတ်နေကြတာပဲ။ အစတုန်းက လူသတ်ရတာ ပျော်စရာကောင်းပေမယ့် ကိုယ့်အလှည့်ကျ လွတ်မြောက်ချင်တယ်ပေါ့လေ။
သိပ်နောက်ကျသွားပြီ!
"ဘယ်သွားမလို့လဲ!"
အတောင်များကို ခတ်ရင်း လုရွှမ် အလွန်လျင်မြန်စွာ ပြေးလိုက်သွားသည်။
တစ်ဖက်က အဆင့်မြင့် အကြီးအကဲကြီးမှာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ တွင်သာ ရှိပြီး သူသည် မပျံသန်းနိုင်သောကြောင့် လုရွှမ်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ။ သေတဲ့အထိ တိုက်ပွဲဝင်ရဲတဲ့ သတ္တိတွေ ဆုံးရှုံးခဲ့ရရုံတင် မကဘဲ သူ့နှလုံးသားထဲမှာ အလွန်အမင်း ထိတ်လန့်နေမိပြီ။
လုရွှမ်၏ ကျင့်ကြံမှုအခြေခံသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ကို ရောက်ရှိသွားသောကြောင့် သူ့တွင် ဝိညာဥ်စွမ်းအင်ကို အသုံးပြုရန် ကန့်သတ်ချက် မရှိတော့ပေ။ သူသည် စိတ်ဝိညာဉ်စွမ်းအားနဲ့တောင် မဟုတ်ဘဲ အဆင့်၉ ကျင့်ကြံသူကို ဆန့်ကျင် တိုက်ခိုက်နိုင်ပြီလေ။
သစ်ရွက်စိမ်း နှလုံးသား ထွက်လာသည်နှင့် တပြိုင်နက် ဓားတစ်ချောင်းလို အရှိန်အဝါတွေ ပေါ်ထွက်လာ၏။ ဓားအလင်းက ဟိန်းဟောက်နေတဲ့ နဂါးတစ်ကောင်လိုပင်။
နောက်ဆုံး အကြီးအကဲမှာတော့ တုံ့ပြန်ရန် အချိန်ပင် မရှိသဖြင့် အေးခဲပြီး ပေါက်ကွဲသွားတော့သည်။
လုရွှမ် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ ကြောက်ရွံ့နေကြတဲ့ မျက်လုံးများကို တွေ့ရလေ၏။ သူ့အကြည့်တွေကို မြင်လိုက်ရတာနဲ့ ခဏလေးတောင် မနေဝံ့ကြဘဲ တစ်ယောက်ပြီးတစ်ယောက် လျင်မြန်စွာ ထွက်ပြေးသွားကြသည်။
ဒီလူက လူသတ်နတ်ဘုရားပဲ!! သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ တောင်မှ သူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး!!
နောက်ဆုံး လှုပ်ရှားလိုက်တဲ့ ဓားစွမ်းရည်ကို မြင်ပြီး လုရွှမ်ကို ပို၍ပင် ကြောက်သွားကြသူ အနည်းစုလည်း ရှိသေးသည်။
မြေပြင်ပေါ်သို့ ဆင်းသက်ကာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော အဂ္ဂိရတ်ပညာရှင် အဖွဲ့မှ အဖွဲ့ဝင်များကို ငုံ့ကြည့်လိုက်သည်။ သူသတ်ချင်တာက သူ့ကိုခြိမ်းခြောက်နေတဲ့ လူတွေကိုပဲ။ ဒီလူတွေက ကြောက်လန့်နေကြပြီမို့ သတ်ပစ်ဖို့အထိ မလိုအပ်တော့ချေ။
အဂ္ဂိရတ်ဆရာအသင်းမှ ထွက်ခွာပြီးနောက် ဆေးဥယျာဉ် ရှိရာသို့ ပျံသန်းလာခဲ့သည်။
ပေရွှီးတောင်ဝင်အင်ပါယာက ဆေးဥယျာဉ်နှင့် နှိုင်းယှဉ်ပါက ဤနေရာရှိ အကိုင်းအခက်က များစွာကြီးမားသည်။ အဂ္ဂိရတ်ပညာရှင် အဖွဲ့က အခင်းအကျင်းနဲ့ နှိုင်းယှဉ်ပါက ဒီနေရာရဲ့ အကာအကွယ် ပို၍လေးနက် ရှုပ်ထွေးပြီး ၎င်းသည် ကမ္ဘာကြီးရဲ့ သဘာဝနဲ့ တစ်ဝက်တစ်ပျက် ပေါင်းစပ်နေပြီ ဖြစ်သည်။
လုရွှမ် ဒါကိုမြင်သောအခါ လျှို့ဝှက်စွာ ခေါင်းညိတ်လိုက်သည်။
ဆေးဥယျာဉ်သည် ဆေးဝါးများကို အဓိက အာရုံစိုက်ထားသောကြောင့် သဘာဝ လောကနှင့် အလွန်နီးစပ်ရန် လိုအပ်ပါသည်။
လုရွှမ် ချဉ်းကပ်လာတာကို မြင်တော့ အစေခံ နှစ်ယောက်က ချက်ချင်းပဲ ပေါ်လာ၏။ သူတို့က လုရွှမ်ကို တလေးတစား ဦးညွတ်လိုက်ကာ တံခါးမကြီးကို ဖွင့်ပေးလိုက်သည်။
တံခါးအတွင်းဖက်က ကမ္ဘာရဲ့ ဝိညာဥ်ချီတွေဟာ အပြင်ကထက် များစွာ သန့်စင်လေ၏။ လုရွှမ် အသက်ပြင်းပြင်း ရှူလိုက်စဥ် သူ့တစ်ကိုယ်လုံးရှိ ချွေးပေါက်များ ပွင့်လာပြီး ယခင်က လူသတ်ချင်ခဲ့သော ရောင်ဝါများ အလွန်ငြိမ်သက်သွားခဲ့သည်။
"ကောင်းကင်က မြေကြီးနောက်ကို လိုက်... မြေကြီးက လူတွေနောက်လိုက်၊ လူတွေက တောက်ဓမ္မလမ်းစဥ်ကို လိုက်... တောက်ဓမ္မလမ်းစဥ်က သဘာဝအတိုင်း လိုက်... ဆေးဥယျာဉ်က သဘာဝရဲ့ အခြေခံသဘောတရားတွေကို ကျွမ်းကျင်တာပဲ"
"ဟမ့် လူသတ်သမား တစ်ယောက်က ငါတို့ဆေးဥယျာဉ်ရဲ့ သဘာဝနည်းလမ်းနဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ?"
ဂရုမစိုက်သော အသံတစ်ခု ထွက်ပေါ်လာပြီး လုရွှမ်ကို မျက်မှောင်ကြုတ်သွားစေသည်။ သူ့ရှေ့တွင် ပျံဝဲနေသော ဝေါယာဥ်တစ်ခုကို မြင်လိုက်ရသည်။ တစ်ကယ်တော့ ဝေါယာဥ်ကို ကိုင်ဆောင်ထားတာက အမျိုးသမီး လေးယောက်ဖြစ်ပြီး အသားအရေ လှပသော လူငယ်လေး တစ်ဦးက ထိုဝေါယာဥ်ပေါ်တွင် လဲလျောင်းနေ၏။
အနီရောင် ပန်းတစ်ပွင့်ဟာ သူ့လက်ဖဝါးမှာ လှုပ်ယမ်းနေပြီး သူ့နှာခေါင်းဖျားကို ဖြတ်ပြေးနေသည်။ သူဟာ ယောက်ျားပီသတဲ့ ပုံစံပေမယ့် ကနွဲ့ကလျနဲ့ ဆွဲဆောင်မှုရှိတဲ့ ခံစားချက်ကိုလည်း ပေးစွမ်းနေသေးသည်။
လုရွှမ် မျက်လုံးများ အနည်းငယ် တောက်ပသွားပြီး
"ယောက်ျားမိန်းမ ခန္ဓာကိုယ်နဲ့ လူ?"
သူ့အရင်ဘဝတုန်းက သူဟာ အဆင့်အတန်း မြင့်မြင့် နေခဲ့သူ ဖြစ်ပြီး ဂိုဏ်းကြီးခြောက်ခုနဲ့ အင်အားစုများစွာရဲ့ လျှို့ဝှက်ချက်များစွာကိုလည်း သဘာဝကျကျ သိထားခဲ့ပါတယ်။ ဒီလို ဆေးဥယျာဥ်မှာသာ တွေ့ရတတ်တဲ့ ယောကျ်ားမိန်းမ လိင်နှစ်ခုပါသော ကောလဟာလ တစ်မျိုးကိုလည်း ကြားဖူးနားဝ ရှိခဲ့၏။
ထိုသို့သော ယင်နှင့်ယန် စွမ်းအင်နှစ်မျိုး ရှိသော လူမျိုးများသည် သဘာဝနှင့် အနီးစပ်ဆုံး ဖြစ်ပြီး ဝိညာဥ်အပင်များဖြင့် မွေးဖွားလာကြသည်။ သူသည် ဒဏ္ဍာရီ တစ်ခုမျှသာဟု အမြဲထင်ခဲ့သော်လည်း အမှန်တကယ် တွေ့ဆုံရမည်ဟု မမျှော်လင့်ထားပေ။
သို့သော် ကမ္ဘာကြီးထဲတွင် အဆုံးမရှိသော ယင်းစွမ်းအင်နှင့် ယန်စွမ်းအင်တို့ ရှိသည်။ ထို့ကြောင့် လူ့ခန္ဓာကိုယ်သည် ၎င်းကို မည်သို့ခံနိုင်ရည် ရှိနိုင်မည်နည်း။ ဒီလိုလူမျိုးက ယင်းနှင့်ယန် အကြားက မတည်ငြိမ်မှုကြောင့် စိတ်ဓာတ်နှင့် စရိုက်ကလည်း ကွဲလွဲမှုရှိနေတတ်သည်။
လုရွှမ်သည် တစ်ဖက်လူကို ဂရုမစိုက်ဘဲ ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
"အတင့်ရဲလိုက်တာ!"
အနီရောင် ပန်းပွင့်ကိုင်ထားသော သခင်လေးက အော်ဟစ်လိုက်ပြီး သူ့အသံက ပျော့ပျောင်းပျောင်းဖြင့်။
"မင်းက ဘယ်သူလဲ? မင်း ဒီသခင်လေးကို လျှော့တွက်နေတာလား? ဒီသခင်မလေးကို မြန်မြန် တောင်းပန်လိုက်စမ်း!"
ဆိုလာတဲ့ စကားသံဟာ တခဏအတွင်းမှာပဲ ကြည်လင် ပြတ်သားလာပြီး မိန်းမတစ်ယောက်ရဲ့ အသံအဖြစ် ပြောင်းလဲသွားတော့သည်။ လုရွှမ် အနည်းငယ် တုန်တုန်ယင်ယင် ဖြစ်သွားရှာ၏။ သူသည် ဒီလိုလူမျိုးကို ခုခံနိုင်စွမ်း မရှိပေ။
ပန်းနီသခင်လေး။ မဟုတ်ဘူး ဒီအချိန်မှာ ပန်းနီသခင်မလေးလို့ ခေါ်ရမယ်။ သူမရဲ့ ဒေါသကို မပြမီ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ ထို့နောက် ရှက်ပြီး လုရွှမ်ဆီ လေမှုတ်ထုတ်ရင်း
"သခင်လေး.... ရှင်က အရမ်းချောတာပဲ လာပြီး ပန်းနီကို အဖော်ပြုလို့ရမလား?"
နံဘေးရှိ အစေခံ နှစ်ယောက်မှာ တုန်တုန်ယင်ယင် စောင့်ဆိုင်းနေကြပြီး ခေါင်းငုံ့ထားကာ ချောင်းကြည့်ရန် လုံးဝ မဝံ့မရဲ ဖြစ်နေကြပုံမှာ ဤပန်းနီရဲရဲကို အလွန်ကြောက်ကြပုံပင်။
လုရွှမ် အသာ ချောင်းဆိုးလိုက်ပြီး ထိုသူ့ကို အမြန်ခေါ်ထုတ်သွားဖို့ အမျိုးသမီး နှစ်ယောက်ကို အချက်ပြလိုက်တော့သည်။
"ဟမ့်... မျက်နှာသာပေးတာကို မလိုချင်တဲ့ကောင်ပဲ! မင်းက လုရွှမ်ထင်တယ်... မင်းနာမည်ကို ငါကြားဖူးတယ် စွင်းလင် အပြင်က ခေါ်လာတဲ့ မိန်းမတွေက မင်းရဲ့မိန်းမတွေမလား... မင်းရဲ့ အလှလေးတွေက ပန်းနီမိန်းကလေးရဲ့ ဆံပင်ကိုတောင် မယှဥ်နိုင်ဘူး"
"အမှန်ပဲ... ပန်းနီမိန်းကလေးက လှပတင့်တယ်တယ်... သူတို့က တော်ဝင် အင်ပါယာမှာ နာမည်ကြီးနေရင်တောင် ဧကရာဇ်အင်ပါယာမှာ နာမည်ကြီးတဲ့ ပန်းနီမိန်းကလေးနဲ့ ယှဥ်လိုက်ရင် ရေတွင်းအောက်ခြေက ဖားသာသာပဲ ရှိတယ်... ကမ္ဘာကြီးရဲ့ ကျယ်ပြောမှုကို ဘယ်လိုလုပ် မြင်နိုင်မှာလဲ?"
ဝေါယာဥ် နောက်ကွယ်မှာနေ၍ ငှက်မွေးယပ်တောင် တစ်ချောင်းကို ဝှေ့ယမ်းနေသော လူငယ်တစ်ယောက် ထွက်လာခဲ့သည်။
"ဟမ့်... သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ လေးပါလား... ပန်းနီမိန်းကလေးရဲ့ အတွင်းဆောင်ထဲ ဝင်ထွက်နိုင်မယ်လို့ ထင်နေတာလား?"
လုရွှမ်ကတော့ ထိုစကားတွေအတွက် ခပ်ဖွဖွလေးပဲ ရယ်မောလိုက်သည်။ ဒီကမ္ဘာမှာ ကိုယ့်ကိုကိုယ် ဖြောင့်မတ်တယ်လို့ ထင်တဲ့သူတွေ အများကြီးပါပဲ။ ဒါပေမဲ့ တစ်ဖက်က လူငယ်လေးရဲ့ ခွန်အားက ထူးကဲလှသည်။
သူသည် ငယ်ရွယ်သော်လည်း သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်၏ အဆင့်၉သို့ ရောက်ရှိထားပြီး ပြည့်စုံသောကာလကို မရောက်သော်လည်း သူ့တွင် ကိုယ်ပိုင်နည်းလမ်းများ ရှိပုံရသည်။ ထို့ကြောင့် ၎င်းဟာ ဧကရာဇ်အင်ပါယာ မိသားစုကြီး တစ်ခုထဲက သားဖြစ်သည်မှာ သိသာ ထင်ရှားလေ၏။
"သွားပြီ...."
လုရွှမ် သူ့လက်ကို ဝေ့ယမ်းလိုက်သည်။
ဒါက ဆေးဥယျာဉ် ဖြစ်ပေမယ့် ပန်းနီရော ဒီလူငယ်လေးရောက စွင်းလင်ကို မျက်လုံးထဲ ထည့်ထားပုံ မပေါ်ချေ။ လုရွှမ်ကတော့ ပြတ်ပြတ်သားသား ရှိပြီး စွင်းလင်လို သန်မာတဲ့လူနဲ့ ရန်သူဖြစ်အောင် မလုပ်ချင်ပါဘူး။
"ဟမ့်.... သွားရအောင် ငါကခွင့်ပြုလို့လား? ငါ့အတွက် ဒူးထောက်လိုက်စမ်း!"
တစ်ဖက်လူငယ်က သူ့ငှက်မွေးယပ်တောင်ကို ဝေ့ယမ်းရင်း လုရွှမ်ရဲ့ နောက်ကျောဆီကို စွမ်းအင်လှိုင်းတစ်ခု ပစ်လွှတ်လိုက်သည်။ ငှက်မွေးယပ်တောင်၏ အစွန်အဖျားသည် ရက်စက်မှုများ ပြည့်နှက်နေသော အရှိန်အဝါဖြင့် ပြေးထွက်သွားလေ၏။
လုရွှမ် မလှုပ်ရှားဘဲ သူ၏ ဆင်သံချပ် ရွှေကိုယ်ထည်ကို အရှိန်မြှင့်တင်ကာ လူငယ်လေးရဲ့ သခင်ငယ်၏ ထိုးနှက်ချက်ကို အသာလေးပဲ ခံယူလိုက်သည်။
တစ်ဖက်က အရှိန်အဝါကိုမြင်တော့ လူငယ်လေးလည်း တုန်လှုပ်သွားပြီး မယုံနိုင်အောင် ဖြစ်သွားရှာ၏။ ရုတ်တရက် သူသည် ကြီးမားသော ပင်လယ်ကြီးလို ကြီးမားတဲ့ စွမ်းအားတစ်ခုက သူ့ငှက်မွေးယပ်တောင်ကို တားဆီးထားကြောင်း ခံစားလိုက်ရပြီး ကလစ်ဆိုတဲ့ အသံတစ်ချက်နဲ့ အတူ ငှက်မွှေးယပ်တောင်မှာ ကျိုးကြေသွားခဲ့လေသည်။
"လူငယ်လေး... ငါ ဆေးဥယျာဉ်ရဲ့ သခင်မကို မျက်နှာသာပေးတဲ့ အနေနဲ့ ဒီတစ်ကြိမ် လွှတ်ပေးလိုက်မယ်.... နောက်တစ်ခါ ဆိုရင်တော့ ကျိုးကြေသွားမှာက မင်းရဲ့ ငှက်မွေးယပ်တောင် မဖြစ်နိုင်တော့ဘူး"
လူငယ်လေးမှာ သူ့လက်ဖဝါးများ ထုံကျင်ကာ ရှက်စိတ်နှင့် ဒေါသများ ပေါက်ကွဲထွက်လာပြီး ကျယ်လောင်စွာ ပြန်အော်ဟစ်လိုက်တော့သည်။
"ကောင်လေး... မင်းနာမည်ကို ဒီသခင်လေး မှတ်ထားလိုက်ပြီ... ဒီသခင်လေးက မင်းကို တစ်အိမ်လုံးကို သတ်ပစ်မယ်ကွ..."
စကားဆုံးတော့ လုရွှမ်သည် လျှပ်စီးကြောင်း ဖြတ်ပြေးသွားသည်နှင့် ဖျက်ခနဲ လှုပ်ရှားလိုက်ပြီး ထိုသခင်လေးရဲ့ လည်ပင်းကို ဆွဲညှစ်၍ မြှောက်ထားလိုက်တော့သည်။
လုရွှမ်မှာ နတ်ဆိုးတစ်ကောင် သူ့ခန္ဓာကိုယ်ထဲမှ ခုန်ထွက်လာသည့်နှယ် ချက်ချင်း အေးစက်သွား၏။
"မင်းဘာပြောလိုက်တယ်??"
"သခင်လေးလုရွှမ်... ကျေးဇူးပြုပြီး သနားညှာတာပေးပါ!"
ရင်းနှီးနေသော အသံတစ်ခု ထွက်လာပြီး ပြန့်ကျဲနေသော ခြေသံများက သူတို့ဆီသို့ ပြေးလာကြသည်။ ၎င်းမှာ မြို့ထောင်ချီမဟာမိတ်၏ ဆေးဥယျာဉ်ပိုင်ရှင် စွင်းလင် ဖြစ်ပြီး ၎င်း၏တပည့်မများ နှင့်အတူ အပြေးအလွှား ရောက်လာခဲ့လေသည်။