ပန်းနီမိန်းကလေး
Vol. 36 Ch. 4.50
လုရွှမ် သူ့လက်ဖဝါးကို မြှောက်လျက် ထိုသခင်လေးရဲ့ မျက်နှာကို ရိုက်ထည့်လိုက်ပြီးမှ လွှတ်ပေးလိုက်၏။
"သခင်မစွင်းလင်ကြောင့် မင်းရဲ့ခေါင်း မင်းလည်ပင်းမှာ ရှိနေသေးတယ်လို့ မှတ်လိုက်!! ထွက်သွား!"
လူငယ်သည် ရှက်ကိုးရှက်ကန်းဖြင့် မြေပြင်မှထကာ ကျိန်ဆဲရန် ပါးစပ်ကို ဖွင့်ဟလိုက်သည်။
သို့သော် အနီရောင် ပန်းတစ်ပွင့်က အေးအေးလူလူ လွင့်ပျံလာကာ သူ့နှာသီးဖျားတွင် ဆင်းသက်လာ၍ အမွှေးရနံ့များ တဖျပ်ဖျပ် လှုပ်ယမ်းနေတာကို မြင်လိုက်ရသည်။ လူငယ်လေးရဲ့ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး
“မလုပ်ပါနဲ့”
အထိတ်တလန့်နဲ့ အော်ဟစ်ကာ လှည့်ထွက် ပြေးချင်သော်လည်း ရုတ်တရက် ရပ်သွားလေ၏။ သူ့အမူအရာမှာ မျက်လုံးများ ဝိုင်းစက် ပြုံးရွှင်စွာဖြင့် ထိုအနီရောင် ပန်းပွင့်ကို စွဲလမ်းစွာ ကြည့်နေလေသည်။
စွင်းလင်၏ အမူအရာက လှုပ်ရှားသွားသော်လည်း စကားမပြောဘဲ ငြိမ်နေလိုက်သည်။ မျက်လုံးထောင့်တွင် သည်းမခံနိုင်သော အရိပ်အယောင်များ ထွက်ပေါ်လာနေတဲ့ လူတစ်ယောက်ဘက်ကို လှည့်ကြည့်လိုက်သည်။
နှင်းဆီအညှာသည် ချွန်ထက်သော ဓားတစ်လက်ကဲ့သို့ ထက်ရှစွာဖြင့် လူငယ်၏ နှာခေါင်းရိုးတွင် အမြစ်တွယ်နေ၏။ သွေးထွက်နေသော်လည်း လူငယ်က သတိမထားမိပုံရပြီး တောင့်တသော မျက်လုံးများဖြင့်သာ စိုက်ကြည့်နေသည်။
သူ့ခန္ဓာကိုယ်ရှိ သွေးကြောများ ဖောင်းကြွလာပြီး သွေးကြောများသည် အပင်၏ အမြစ်များကဲ့သို့ပင် ပြင်းထန်စွာ လှုပ်ခတ်သွားပြီး အရေပြားများ တွန့်လိမ်လာကာ နှာတံဖျားတွင် အနီရောင် ပန်းတစ်ပွင့်ကို ဖန်တီးပေးလာလေသည်။
ခဏလောက် ကြာတော့ လူငယ်ရဲ့ ခန္ဓာကိုယ်က သွေးတွေ ထွက်မလာတော့ပေ။ သူ့အသက် ရှူသံတွေ ရပ်တန့်သွားပေမယ့် ပါးပြင်ပေါ်မှာတော့ ထိတ်လန့်တကြား ရုပ်ကြွင်းတစ်ခုလို သို့မဟုတ် တစ်စုံတစ်ခုကို တိတ်တဆိတ် တောင့်တနေတဲ့ အရိပ်အယောင်တွေက ရှိနေသေး၏။
နှင်းဆီပန်းသည် လေထဲတွင် လွင့်ပျံလာရင်း သွေးစိမ်းများ စီးကျနေသောကြောင့် ပိုပို၍ နီရဲ လှပလာသည်။ ပန်းနီမိန်းကလေးက နှင်းဆီပန်းကို သူ့လက်သို့ ပြန်၍ ပျံသန်းလာစေပြီး နှာသီးဖျားပေါ် တင်ကာ ညင်သာစွာ နမ်းလိုက်သည်။
ကျက်သရေရှိပြီး ဖော်မပြနိုင်လောက်အောင် စွဲမက်ဖွယ်ကောင်းသော အရာတစ်ခုကို ရရှိလိုက်သလိုပင်။
"မမစွင်း... သူကမမသူ့အတွက် အမှိုက်တစ်စလိုပဲလေ... ဘာလို့ ချန်ထားနေမှာလဲ? ဟုတ်တယ်မဟုတ်လား? ကိုကိုလုရွှမ်....ခစ်ခစ်"
ပန်းနီမိန်းကလေးက သူ့ရဲ့ဝတ်ရုံလက်ရှည်ကို ဝေ့ယမ်းလိုက်ရင်း
"အိပ်ချင်နေပြီ... ပြန်သွားပြီး အနားယူလိုက်ရအောင်"
ဝေါယာဥ် အောက်ရှိ အမျိုးသမီး လေးယောက်သည် ပန်းနီမိန်းကလေးကို လေထဲတွင်သို့ မြင့်တင်ကာ ခေါ်ဆောင်သွားလေ၏။
စွင်းလင်က လမ်းလျှောက်လာရင်း လုရွှမ်ကို လေးလေးနက်နက် ကြည့်ကာ သက်ပြင်းချလိုက်သည်။
"သခင်လေးလုရွှမ်... ရှင်ဒီကနေ အမြန်ဆုံး ထွက်သွားသင့်တယ်"
သူမဟာ ဆေးဥယျာဉ်ပိုင်ရှင်မို့ ပန်းနီသခင်မလေး ပြောချင်တဲ့ စကားရဲ့ အဓိပ္ပာယ်ကို သဘာဝကျကျ သိလေသည်။ သူ့မျက်လုံးတွေက သခင်လေးထျန်းကျောင်းလို့ ခေါ်တဲ့ လူငယ်အပေါ် ကြည့်ခဲ့သလို လုရွှမ် အပေါ်လည်း ကြည့်သွားခဲ့သည်။
ယင်းမရှင်သန်နိုင်ရင် ယန်ကလည်း မကြီးထွားနိုင်ဘူး။ ယင်းယန်စွမ်းအင်နဲ့ မွေးဖွားလာသူတွေဟာ ယင်းယန်ရဲ့ ဟန်ချက်ညီမှုကို ထိန်းသိမ်းထားရမှာ ဖြစ်ပြီး သူတို့က လူ့အသက်စွမ်းအင်ကို စုပ်ယူနိုင်သည်။ ဒါက သူတို့ရဲ့ သဘာဝဗီဇဖြစ်ပြီး သူတို့ရွေးချယ်တဲ့ သူတွေရဲ့ ကံကြမ္မာကလည်း အတူတူပင်။
လုရွှမ်က ဘာမှမထူးခြားသလို ပြုံးလိုက်ပြီး
"သူမနဲ့ သခင်မစွင်းက မိတ်ဆွေတွေ မဟုတ်ဘူးလား?"
"မဟုတ်ဘူး"
စွင်းလင်သည် လုရွှမ် စကားကြောင့် အနည်းငယ် အံ့သြသွားပြီး သူမရဲ့ အဖြေစကားအတွက်လည်း အနည်းငယ် မသေချာသလို ဖြစ်သွားခဲ့သည်။
"ကောင်းပါတယ်...ဒါဆို ငါ သူ့ကို သတ်လိုက်တဲ့အခါ မင်းအတွက် စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ ရှိလာမှာ မဟုတ်ဘူး"
အနည်းငယ် စိတ်ရှုပ်သွားတဲ့ စွင်းလင်ကို ကြည့်ပြီး လုရွှမ်က ပြောလိုက်လေသည်။
"ကျေးဇူးအများကြီး တင်ပါတယ် ဥယျာဥ်သခင်မစွင်း... အကူအညီအတွက် လိုအပ်ရင် ပြောနိုင်ပါတယ် ကျုပ်လုပ်နိုင်သရွေ့တော့ ဘယ်တော့မှ ငြင်းမှာ မဟုတ်ဘူး"
သူက စကားပြောနေစဉ်တွင် စိတ်ဝိညာဉ်ဆေး (၃) လုံးကို ထုတ်ပေးလိုက်သည်။
"ဒါက သေးငယ်တဲ့ ပစ္စည်းလေး ဆိုပေမယ့် ကျုပ်ရဲ့စိတ်ရင်းကို ဖော်ပြဖို့ပါ"
စွင်းလင်၏ မျက်လုံးများ တခဏချင်း တောက်ပလာပြီး
"သခင်လေးလုရွှမ်က အရမ်းစိတ်အား ထက်သန်ပြီး ရက်ရောလွန်းတာပဲ... ဟိုညီအစ်မလေးတွေ မင်းကို စွဲလန်းနေတာ အံ့သြစရာ မဟုတ်တော့ပါဘူး.... ဒါဆို အစ်မလည်း အားမနာတော့ပါဘူးနော်"
စွင်းလင် ဆေးလုံးကို လက်ခံလိုက်သည်။
လုရွှမ်ဟာ အဂ္ဂိရတ်ပညာ၊ လက်နက် သန့်စင်မှု၊ သားရဲထိန်းချုပ်မှု၊ အခင်းအကျင်း ပညာရပ် ကျွမ်းကျင်မှုနှင့် အတိတ်နှင့် ပစ္စုပ္ပန်မှာပါ သာလွန်ပါ အရည်အချင်းရှိသူ ဖြစ်ကြောင်း ကောလာဟလများ ရှိခဲ့သော်လည်း ထိုအရာနဲ့ ပတ်သက်ပြီး စွင်းလင် အနည်းငယ် သံသယ ဖြစ်မိပါသေးသည်။
သို့သော် စိတ်ဝိညာဉ်အားဖြည့် ဆေးကို ဒီအတိုင်းလေး တိတ်တဆိတ် ပေးခဲ့ပြီး တည်ငြိမ်အေးဆေးတဲ့ အသွင်အပြင်က လေးနက်တဲ့ အခြေခံအုတ်မြစ် တစ်ခုဖြစ်ကြောင်း သိသာထင်ရှားလှသည်။
အဂ္ဂိရတ်ပညာရှင် အဖွဲ့က အမြဲတမ်း ဒီကောင်လေးအသက်ကို လိုချင်နေတာ အံ့သြစရာ မဟုတ်တော့ပေ။ ဒီလူငယ်က တကယ့်ကို ကြီးမားတဲ့ ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေတာပဲလေ။
ကံကောင်းထောက်မစွာပဲ သူမမှာ သူနဲ့ အကျိုးစီးပွား ပဋိပက္ခတွေ မရှိခဲ့ပေ။ ပြီးတော့ အခုဆို အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတွေ ပြတ်တောက်သွားတော့မှာ မဟုတ်ဘူးလို့ ထင်မိသည်။
စွင်းလင်သည် အရာအားလုံးကို တခဏချင်း တွေးပြီး ဥယျာဉ်ပိုင်ရှင်အဖြစ် သူမ၏ ဟန်ဆောင်ထားသော အဆင့်အတန်းကို ချက်ချင်း စွန့်လွှတ်၍ ဟိုညီမများနှင့် ချစ်ခင်စွာ ဆက်ဆံကာ တမင်ရင်းနှီးမှု ရယူဖို့ စဥ်းစားမိလာခဲ့သည်။
လုရွှမ်လည်း ပြုံး၍ ဆေးဥယျာဉ်ထဲသို့ ဝင်လိုက်သည်နှင့် ပေရွှီး တော်ဝင်အင်ပါယာရှိ ဆေးဥယျာဉ်၏ အတိုင်းအတာထက် အဆပေါင်းများစွာ ကြွယ်ဝသော သဘာဝစွမ်းအင်၏ ကြွယ်ဝမှုကို ခံစားလိုက်ရသည်။
ပေရွှီး တော်ဝင်အင်ပါယာ ဆေးဥယျာဉ်ရှိ နှလုံးစပျစ်နွယ်ပင်သည် ပျက်စီးသွားခဲ့ပြီး ဝိညာဉ်စွမ်းအင် မလုံလောက်သော်လည်း ကြွယ်ဝသော ဝိညာဉ်စွမ်းအင်နှင့် သဘာဝစွမ်းအင်တို့သည် အလွန် ကွာခြားကြသည်။
သဘာဝစွမ်းအင်သည် မည်သည့် ဝိညာဉ်စွမ်းအင် ပမာဏနှင့်မျှ ပေါင်းစည်း၍ မရနိုင်သော သဘာဝနည်းလမ်း နိယာမ၏ သဲလွန်စတစ်ခု ရှိနှင့်ပြီးသား ဖြစ်သည်။
ဒီနေရာက ဧကရာဇ်အင်ပါယာက ဆေးဥယျာဥ် မဟုတ်လို့ သဘာဝလေထု အနည်းငယ်သာ ရှိပြီး တခြားနေရာနဲ့ ယှဥ်ရင် လုံးဝထူးခြားပါသည်။
သဘာဝစွမ်းအင်၏ ထောက်ပံ့ပေးမှု အောက်တွင် နှလုံးစပျစ်နွယ်ပင်၏ ကြီးထွားမှုနှုန်းသည် အနည်းဆုံး ၃၀% တိုးလာနိုင်ပြီး ဝိညာဉ်စွမ်းအင် အဆင့်မှာလည်း ပိုမိုမြင့်မားလေသည်။ ၎င်းသည် ဝိညာဥ်ဆေးအင် ကြီးထွားမှုနှုန်းကို အလွန်မြှင့်တင်ပေးနိုင်ပြီး ထောက်ပံ့ပေးနိုင်သည်။
လုရွှမ်သည် သူ့စိတ်ထဲတွင် အကြံတစ်ခု ရှိနေပြီးဖြစ်သည်။ သူသည် သူ၏ ကျင့်ကြံမှု တိုးလာစေရန် ဤဆေးဥယျာဉ်မှ ဝိညာဥ်ဆေးပင်များကို ရနိုင်ပေလိမ့်မည်။
"အစ်မလင်ရဲ့ ဒီနေရာက ထူးထူးခြားခြားပါပဲ!"
လုရွှမ်က တစ်စုံတစ်ခုကို ရည်ညွှန်းပြီး ပြုံးပြလိုက်သည်။
စွင်းလင်၏ မျက်နှာတွင် ကျေနပ်မှု အရိပ်အယောင် ပေါ်လာသော်လည်း သူမသည် သက်ပြင်းကို တိုးတိုးလေး ချလိုက်သည်။
"ဘေးထွက်ဆိုးကျိုးက ကံကြမ္မာပေါ် မူတည်သလို ကံကြမ္မာကလည်း ဆိုးကျိုးတွေကို သယ်ဆောင်လာတတ်ပါတယ်"
သူမမျက်လုံးတွေက လုရွှမ်ကို အနည်းငယ် စိုက်ကြည့်ရယပြီးနောက် လူသတ်ချင်နေတဲ့ အရိပ်အယောင်တွေကို ဖုံးဖိဖို့ မျက်လုံး မှိတ်ထားလိုက်သည်။
လုရွှမ်လည်း စွင်းလင်၏ ဆိုလိုရင်းကို သဘာဝကျကျ နားလည်သဘောပေါက်ပါသည်။ သူမသည် ပန်းနီမိန်းကလေးကို ရည်ညွှန်းနေမှန်း သိသာ ထင်ရှားလှသည်။
သူမ မျက်လုံးထဲက လူသတ်ချင်နေတဲ့ ရည်ရွယ်ချက်က ပန်းနီမိန်းကလေးကို မိမိလက်ဖြင့် သတ်ပစ်ဖို့ မျှော်လင့်နေခြင်းလား။
ဆေးဥယျာဉ်ရဲ့ ရှေးဟောင်း စာအုပ်တွေကို မကြည့်ဘဲ အပြင်လောကရဲ့ အနေအထားကိုပဲ ကြည့်မယ်ဆိုရင် ယင်ယန်းစွမ်းအင်နဲ့ မွေးလာတဲ့ သူတွေက အဆင့်အတန်း မြင့်ပေမယ့် တကယ်ကြိုက်တဲ့လူတော့ မရှိပေ။
သူတို့က မရိုးသားတဲ့ လှည့်ကွက်တွေနဲ့ အသက်ရှင်ကြပြီး သူတို့ကို စိတ်ရင်းနဲ့ ကိုးကွယ်မိရင် ဒုက္ခကို ဘိုးဘေးတော်ထားသလိုသာ ဖြစ်သွားလိမ့်မည်။
လုရွှမ်သည် ဆေးဥယျာဉ်တွင် လူသိနည်းသော လျှို့ဝှက်အမိန့် တစ်ခု ရှိတာကို ကောင်းကောင်းသိထားပြီး ထိုအရာက ယင်းယန်စွမ်းအင်နဲ့ မွေးဖွားလာသူတိုင်းကို သတ်ပစ်သင့်တယ် ဆိုတဲ့ အချက်ပင်။
ထိုသို့သော လူတွေက ဘေးဥပဒ်တွေကို သယ်ဆောင်လာပြီး ဆေးဥယျာဉ်ကို ဘေးဥပဒ် ဆိုးကျိုးများ ဖြစ်စေမည်ကို စိုးရိမ်သောကြောင့်သာ ဖြစ်သည်။
ဆေးဥယျာဉ်က လူတွေက မလုပ်နိုင်ပေမယ့် တခြားသူတွေဆီကို ငွေကြေးပေး၍ ချေးလို့ရပေမယ့် ဒါက ထိပ်တန်း လျှို့ဝှက်ချက် တစ်ခု ဖြစ်လို့နေ၏။ စွင်းလင်က တော်ဝင်အင်ပါယာ ဆေးဥယျာဥိ ဌာနခွဲတစ်ခုရဲ့ အကြီးအကဲ တစ်ယောက်သာ ဖြစ်လို့ ဒီလျှို့ဝှက်ချက်ကို သူမ မသိနိုင်ပေ။
ထိုပန်းနီမိန်းကလေးက ထူးထူးခြားခြား အဆင့်အတန်း ရှိပုံရ၏။
လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးကာ ခေါင်းညိတ်ရင်း အနည်းငယ် နားလည်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။ ပန်းနီမိန်းကလေးက သူ့ကို နောက်ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီးပြီ။
သူမသည် မသေမရှင် ခန္ဓာကိုယ်နဲ့ ဖြစ်နေပြီ။ ဆေးဥယျာဉ်က အင်အား လုံလောက်သရွေ့ သူမကို သုတ်သင်ပစ်လိမ့်မည်။
ထိုအခိုက် တိုးညှင်းသော ညည်းသံလေး ထွက်ပေါ်လာ၏။ ဟန်ရွှယ်က နှုတ်ခမ်းဆူလျက် သူတို့ နှစ်ယောက်ကြားထဲကို တိုးဝင်လာ၏။ သူက လုရွှမ် နဲ့ စွင်းလင်တို့ အချင်းချင်း ပရောပရည် လုပ်နေတာကို ကြည့်ရင်း မနာလိုဖြစ်မိလာသည်။
"မမလင်... မမရဲ့ အကူအညီအတွက် ထပ်ပြီး ကျေးဇူးတင်ပါတယ်... လုရွှမ်က အလုပ်ကြိုးစားတာ.... မမလည်း တစ်နေ့လုံး ပင်ပန်းထားတာ ဆိုတော့ ညီမတို့ မနှောင့်ယှက်တော့ဘူးနော်"
မင်းသမီးလော့ရုံ နှင့် လင်ရှောင်းရှောင်း တို့သည် နှုတ်ခမ်းကို ကိုက်လိုက်ကြပြီး စွင်းလင်အား ကျေးဇူးတင်စကား ဆိုကာ လုရွှမ်ကို ဆွဲထုတ်လိုက်ကြသည်။ မော့ချုံ နှင့် ချန်စစ်ယန်တို့ကလည်း တင်းမာသော မျက်နှာထားများဖြင့် စွင်းလင်အား နှုတ်ဆက်ကာ လိုက်သွားကြသည်။
လုရွှမ် သူပြောချင်တာကို တိတ်တိတ်ဆိတ်ဆိတ်ပဲ မျိုသိပ်ထားလိုက်ရ၏။ သူဆက်နေမယ်ဆိုရင် ဒီလူတွေတောင် ဒေါသထွက်လာ နိုင်တယ်ဆိုတာ သူမြင်နေရတယ်လေ။
ဟန်ရွှယ် တစ်ယောက်တည်း နှုတ်ခမ်းစူလိုက်ပြီး
"တစ်စုံတစ်ယောက်ရဲ့ မျက်လုံးတွေတော့ ကျွတ်ထွက်တော့မယ်လို့ မြင်နေရတယ်နော်... ဟမ့် ငါတို့က သူ့ထက် ဘယ်နေရာကများ ပိုမလှလို့လဲ?"
သူမသည် သူမရင်ဘတ်ကို ပြင်းပြင်းထန်ထန် တည့်မတ်ထားပြီး လုရွှမ် လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။