← Chapters

ဝိညာဥ်ချီပေါင်းစည်းမှု

Vol. 36 Ch. 4.51

ဝိညာဥ်ချီပေါင်းစည်းမှု

Vol. 36 Ch. 4.51

လုရွှမ် သူ့လက်ကို အလိုလို ရွှေ့လိုက်ပြီး ဆွဲထုတ်လိုက်ချင်သည်။ ဟန်ရွှယ်၏ မကျေမနပ် မျက်လုံးများကို သူ့မျက်လုံးထောင့်မှ မြင်လိုက်ရတော့ ရုတ်တရက် သည်းမခံနိုင်တော့ဘဲ သူမကို ဆက်လက် ဖက်ထားခိုင်းလိုက်သည်။

ရုတ်တရက် စောစောက အကြောင်းကို မတွေးဘဲ မနေနိုင်တော့ပေ။ တကယ်လို့ သူသာ နောက်ကျရင် သူမတို့တွေ ဘာဖြစ်သွားမလဲ။ နှစ်ပေါင်းသုံးရာ ရှိသွားပြီ။

သူ့ရဲ့ ရှေးယခင်က သူငယ်ချင်းဟောင်း ဖြစ်သူ ဟယ်ဖုန်းကလည်း အသက်ရှင်နေသေးလား မသိနိုင်ပေ။ ဆုံးရှုံးမှုတွေ အများကြီး ရှိခဲ့ဖူးမှသာ နောင်တရတဲ့ ခံစားချက်က ဘယ်လိုလဲ ဆိုတာ သိလာနိုင်မှာပါ။

ဟန်ရွှယ် လုရွှမ်ကို သတိကြီးကြီး စိုက်ကြည့်ရင်း သူ့လက်ကို မဆွဲထုတ်သွားတာကို အံ့သြမိသွားသည်။ ပျော်ရွှင်မှု အပြည့်က သူမနှလုံးသားထဲမှာ နွေးထွေးမှု တစ်ခုအဖြစ် ရုတ်တရတ် နိုးထလာခဲ့သည်။

လုရွှမ်ရဲ့ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ရင်း ပျော်ရွှင်မှု အရိပ်အယောင်တွေက သူမပါးပြင်ပေါ်မှာ သာယာစွာ ပွင့်လန်းလာခဲ့လေ၏။

တစ်ဖက်က လော့ရုံနဲ့ လင်ရှောင်းရှောင်းတို့ ကိုင်ထားတဲ့ သူ့လက်က တင်းကြပ်သွားတယ်လို့ ခံစားလိုက်ရသဖြင့် လုရွှမ် အံ့သြသွားကာ မျက်လုံးများ မှိတ်ထားလိုက်မိသည်။

ဒါက မိမိကိုယ်ကို စော်ကား မိလိုက်ခြင်းပေလား။

ရုတ်တရက် သူတို့ရှေ့မှာ ဝိညာဉ်စွမ်းအင်တွေ ပေါက်ကွဲ ထွက်သွားသလို စွမ်းအင်လှိုင်းလုံး တစ်ခုက ရူးသွပ်စွာ သတ်ပစ်ချင်တဲ့ အငွေ့အသက်တွေနဲ့အတူ လွှမ်းခြုံသွားတော့သည်။

မိန်းကလေးတွေလည်း တအံ့တသြဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ အလှမ်းဝေးပြီး စွမ်းအင်ပိုင်ရှင်က မရောက်သေးသော်လည်း တစ်ဟုန်ထိုး အရှိန်အဟုန်က လေထဲက ဓားသွားတွေလို အေးစက်နေတော့သည်။

ဘယ်နေရာကိုပဲ ဖြတ်သွားပါစေ ဝိညာဉ်စွမ်းအင်များက တဟုန်ထိုး ထွက်ပေါ်လာပြီး လေထုကိုပါ ဖောက်ခွဲပစ် တော့မလိုပင်။

ချန်စစ်ယန်မှလွဲ၍ ကျန်မိန်းကလေး လေးယောက်သည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် တတိယအဆင့် အထိသာ ရှိကြသည်။ ယခုလို ပြင်းထန်ပြီး ခံ့ညားသော ဖိအားကို သူမတို့ ဘယ်လိုမှ ခံနိုင်ရည် မရှိကြပေ။

သူတော်စင်တစ်ပိုင်း?

လုရွှမ်ရဲ့ နှလုံးသားသည်လည်း ထိတ်လန့်တုန်လှုပ် သွားခဲ့သည်။ တစ်ဖက်လူ နီးကပ်လာတာနဲ့အမျှ သူသည် သူတော်စင်တစ်ပိုင်းကို မရောက်သေးကြောင်း သိလိုက်ရသော်လည်း သူတော်စင်တစ်ပိုင်း နယ်ပယ်ပေါ်ကို လျှောက်လှမ်းနေပြီ ဖြစ်သည်။

လုရွှမ် ခပ်တိုးတိုးလေး ငြီးငြူလိုက်သည်။ သူက တန်ခိုးကြီးတော့ရော ဘာဖြစ်လဲ။ ဒီလိုမာနကြီးပြီး အထိန်းအကွပ် မရှိတဲ့ အရှိန်အဝါနဲ့ တခြားသူတွေကို လျစ်လျူရှုပြီး ဖိနှိပ်ချင်နေတဲ့ စိတ်ထားနဲ့ သူတော်စင်တစ်ပိုင်းကို တက်လှမ်းဖို့ အိပ်မက်မက်နေတာလား။

ဒါပေမဲ့ ဆေးဥယျာဉ်ထဲမှာ ဒီလို ဆရာကြီး တစ်ယောက် ရှိနေတယ်ဆိုတော့ ဒီနေရာရဲ့ နောက်ခံက တော်တော်လေး ကောင်းပုံရတယ်။

လုရွှမ် သူ့လက်များကို ဆန့်တန်းကာ စိတ်ဝိညာဉ်စွမ်းအားများကို လျှံထွက်လာ​စေပြီး မိန်းကလေး လေးယောက်ဖြစ်တဲ့ လော့ရုံ၊ လင်ရှောင်းရှောင်း၊ မော့ချုံနဲ့ ဟန်ရွှယ်တို့ကို ဖုံးအုပ် ပေးထားလိုက်သည်။

ချန်စစ်ယန်ရဲ့ ခွန်အားက ထူးထူးခြားခြား ဖြစ်ပြီး သူမသည် သူမရဲ့ ကိုယ်ပိုင်စွမ်းရည်ဖြင့် အကျပ်ကိုင်မှုကို တွန်းလှန်နိုင်ခဲ့ပါက သူမ၏ အနာဂတ် ကျင့်​ကြံမှုအတွက် များစွာအကျိုးရှိလိမ့်မည် ဖြစ်သည်။

ရောက်လာသူသည် အလွန် လျင်မြန်လှသည်။ ၎င်းက လူခြောက်ယောက်ပေါ်၌ ခဏရပ်ပြီး အေးစက်စွာ အသံ​ပြုပြီးနောက် အမြန်ပဲ ထွက်သွားသည်။

လုရွှမ်သည် စိတ်စွမ်းအား ဒိုင်းလွှားကို ဖြေလျော့လိုက်စဥ် မိန်းကလေး လေးယောက်၏ ခြေထောက်များမှာ လျော့ရဲသွားကာ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။ ချန်စစ်ယန်၏ နှုတ်ခမ်းထောင့်မှ သွေးကြောင်းတစ်ခု စီးကျလာသော်လည်း သူမ၏ အမူအရာမှာ အံ့အားသင့်မှု အပြည့် ရှိနေသည်။

လုရွှမ် တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး ခွန်အားတိုးစေမည့် ဆေးလုံးကို ပေါ့ပေါ့ဆဆထုတ်၍ သူမ ပါးစပ်ထဲသို့ ပစ်သွင်း​ပေးလိုက်သည်။

"စိတ်ဝိညာဉ်အားဖြည့် ဆေးကို တချိန်တည်းသောက်ရင် အာနိသင်က ပိုကောင်းလာလိမ့်မယ်"

ချန်စစ်ယန်၏ ခွန်အားသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅ အထွတ်အထိပ် ကာလသို့ ရောက်နေပြီ ဖြစ်သော်လည်း ထိုလူ၏ အငွေ့အသက်က သူမအား အခွင့်အရေး ရစေခဲ့သည်။ ချန်စစ်ယန် အမြန်ထိုင်ကာ ဝိညာဉ်အားဖြည့် ဆေးလုံးကို မြိုချ၍ ပြင်းပြင်းထန်ထန် ကြိုးစား လေ့ကျင့်လိုက်သည်။

ဟန်ရွှယ်နဲ့ တခြား ကောင်မလေးတွေရဲ့ မျက်နှာတွေဟာ ငြူစူမှုတွေနဲ့ ပြည့်နှက်နေပေမယ့် ဒီလိုအခွင့်အရေးတွေ ရှားပါးတယ် ဆိုတာလည်း သူမတို့ သိပါသေးသည်။

လုရွှမ်ဆီက ပျော်ရွှင်မှုကို ခံစားမိလိုက်သော မိန်းကလေးများသည် သူမတို့၏ နှလုံးသားထဲတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်ကြတော့သည်။ လုရွှမ်ရဲ့ ခြေရာကို အမီလိုက်နိုင်ဖို့ အနာဂတ်မှာ အပြင်းအထန် လေ့ကျင့်ရပေမည်။ မဟုတ်ပါက သူ့ဘေးနားတွင် နေစရာ မျက်နှာပင် ရှိတော့မည် မဟုတ်ပေ။

ဝူး......!

အဝေးက စူးစူးရဲရဲ ဟိန်းဟောက်သံက နားရွက်ထဲကို အပ်တစ်ချောင်း ထိုးစိုက်လိုက်လို စူးရှလွန်းလှသည်။

မိန်းကလေး လေးယောက်မှာ သူတို့ နားရွက်များကို ဖုံးအုပ်ရင် နာကျင်မှုကို ပြသလာ​ကြသည်။

ချန်စစ်ယန်၏ နူးညံ့သော ခန္ဓာကိုယ်သည်လည်း တုန်လှုပ်သွားခဲ့သည်။ ဒီအတားအဆီးကို ဖြတ်ကျော်ရန် လက်ရှိအချိန်က သူမအတွက် အရေးကြီးဆုံး အချိန်ဖြစ်သည်။ ကျင့်ကြံနေစဥ် သူမရဲ့ အာရုံခြောက်ပါးက မတည်မငြိမ် ဖြစ်လာလေရာ ဒီအသံနက်ကြီးကို သူမအနေနဲ့ ခံနိုင်ရည် မရှိနိုင်ပေ။

လုရွှမ် အသံလှိုင်း တစ်ခုကို ချန်စစ်ယန်နားထဲသို့ ထုတ်လွှတ်လိုက်သည်။ သူ့ပါးပြင်တွေ ဖောင်းပွလာပြီး ကျမ်းပိုဒ်လို အသံတစ်ခု မြည်လာစဥ် ပတ်ဝန်းကျင်က ငြိမ်သက်သွားပြီး မကြာခင်မှာ ချန်စစ်ယန်ရဲ့ ခန္ဓာကိုယ်ကလည်း တည်ငြိမ်သွားခဲ့သည်။

၎င်းသည် အရင်ဘဝက ဂိုဏ်းငယ်တစ်ခုကနေ လုယူလာခဲ့သော တေးသွား ကိုယ်ခံပညာ စာအုပ်တစ်အုပ် ဖြစ်သည်။ ၎င်း၏ ခွန်အားသည် သာမန်မျှသာ ဖြစ်သော်လည်း ထူးထူးခြားခြား အသွင်အပြင်များလည်း ရှိ​သေးသည်။

ထိုအခိုက် အဝေးမှ အဖြူရောင် အလင်းတန်း တစ်ခု ပစ်ခတ်လာ၏။ အမြန်နှုန်းက လုရွှမ်နဲ့ သိပ်မကွာပေ။ လုရွှမ် စိတ်ဝိညာဉ်စွမ်းအားကို လွှတ်ထုတ်၍ မိန်းကလေးငါးဦးကို ကာကွယ်ပေးရင်း လက်တစ်ဖက် ဝေ့ယမ်း၍ ဓားရှည်တစ်လက် ထုတ်လိုက်သည်။

စူးရှသော မျက်လုံးများဖြင့် ရောက်လာသော လူကို စိုက်ကြည့်နေလိုက်သည်။

တစ်ဖက်က လွှင့်ထုတ်လာတဲ့ အသံက ကောင်းကင်ကိုးထပ်က လာတဲ့ မိုးခြိမ်းသံလိုမျိုး လူမရောက်ခင်မှာတင် သူ့ဒေါသကို အရင် ခံစားမိစေသည်။

လုရွှမ် သူ့လက်နှစ်ဖက်ကို ကျောနောက်သို့ ဆန့်တန်းကာ လေထုအလယ်သို့ ပျံတက်သွားသည်။ ပျံသန်းလိုက်တဲ့ အသံလှိုင်းက ဖယောင်းတိုင် အဖြစ်သို့ ပြောင်းလဲသွားကာ ဆူညံသံကို ပြေပျောက်သွားစေ၏။

ဟန်ရွှယ်တို့ မိန်းကလေး လေးယောက်သည် ချန်စစ်ယန်၏ ရှေ့တွင် တစ်ပြိုင်နက်တည်း ဝင်ရပ်ထားလိုက်သည်။ ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင် ဆက်ဆံရေး ရှိသော်လည်း ပြင်ပ အန္တရာယ် ရောက်လာရင်တော့ သဘာဝအတိုင်း တစ်ယောက်ကို တစ်ယောက် ကာကွယ်ကြသည်။

လုရွှမ် သူ့မျက်လုံးများကို အောက်သို့ တစ်ချက် ကြည့်လိုက်ပြီးနောက် သူ့ခေါင်းကို လှည့်၍ သေနေသော အရာဝတ္တုကို ကြည့်နေသလိုမျိုး ဂုဏ်ယူဝံ့ကြွားစွာ လေထဲတွင် ရပ်နေသော ဒေါသတကြီး မိန်းမချောလေး တစ်ယောက်အား စိုက်ကြည့်လိုက်သည်။

"မင်းက လုရွှမ်လား?"

ထိုလူမှာ ယောကျ်ားဖြစ်သော်လည်း မိန်းမလို အသံဖြင့် လှမ်းအော်လာ၏။ သူ့အသံက စူးရှပြီး နားရွက်တွေကို ထိုးဖောက်ပစ်တော့မတတ် စူးရှလွန်းလှသည်။

လုရွှမ် မျက်လုံးနှစ်ဖက်ကို လှိမ့်၍ ထိုလူကို ပြန်စိုက် ကြည့်လိုက်သည်။ သူ့အမူအရာက ဘာမှမထူးခြားသလိုဖြင့်။

"မင်းက ဘယ်သူလဲ?? တခြားလူတွေကို ရောက်တာနဲ့ ဖိနှိပ်နေတာ... မင်းဆရာက လောက စည်းမျဉ်းတွေကို မသင်ပေးထားဘူးလား?"

ထိုလူရဲ့ရုပ်သွင်က သူမတိုင်ခင်က တွေ့ခဲ့တဲ့ သခင်လေးနဲ့ အတော်လေး ဆင်တူလှသည်။ ဒါကြောင့် သူဟာ အဲဒီလူငယ်ရဲ့ အကိုကြီး ဒါမှမဟုတ် အကြီးအကဲ ​​ဖြစ်ပြီး လူငယ် သေသွားတာကို ​ကြားလိုက်ရလို့ ဒေါသတကြီး ပြေးလာခဲ့တာ ဖြစ်နိုင်သည်။

"အတင့်ရဲချက်!"

အနှီမိန်းမဆန်သော ယောက်ျားပျိုက သူ့လက်ဖဝါးကို ဝေ့ယမ်းလိုက်သည်။ လေထုလှိုင်းလုံးက တဟုန်ထိုး လွင့်ထွက်သွားပြီး လက်ဝါးစွမ်းအင်များက လုရွှမ်ဆီသို့ ပြေးဝင်လာခဲ့သည်။

"ဝိညာဥ်ချီ ပေါင်းစည်းမှုလား?"

လုရွှမ် အနည်းငယ် စိုးရိမ်သွားသည်။ ဒါက တစ်ပိုင်းနီးပါး ရောက်နေသူတွေသာ သုံးလိုက်တဲ့ လက်ဝါးစွမ်းအင် ဖြစ်နေပြီ။ ရုပ်ခန္ဓာရဲ့ ခွန်အား မပြောနှင့် ဝိညာဥ်ချီနဲ့တင် တော်တော်လေးကို ကြောက်စရာ ကောင်းနေပြီ။

လုရွှမ် အံ့သြသွားသော်လည်း မထိတ်လန့်သွားဘဲ သူ့လက်ထဲတွင် ရှိသော ဓားရှည်ကို သိမ်းလိုက်ကာ စိတ်ဝိညာဉ်စွမ်းအားများ တဟုန်ထိုးထွက်လာ၍ အရှိန်ပြင်းပြင်းဖြင့် သူ့ရှေ့က တစ်ဖက်လူရဲ့ လက်ဝါးစွမ်းအင်ကို ခုခံထားလိုက်သည်။

မိန်းမဆန်သော ယောက်ျားပျိုသည် မထီမဲ့မြင်ပြု၍ သူ့လက်ဖဝါးကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်​ပြန်သည်။ လုရွှမ်လည်း စိတ်စွမ်းအားကို လွှတ်ထုတ်၍ ထိုလက်ဝါးစွမ်းအင်ကို ထပ်မံ ခုခံထားလိုက်သည်။

တခဏချင်းမှာပဲ လုရွှမ်နှုတ်ခမ်းထောင့်က သွေးတွေ စီးကျလာခဲ့သည်။ လက်ဝါးစွမ်းအင်၏ ဖိအားအောက်တွင် စိတ်ဝိညာဉ်စွမ်းအား အတားအဆီးသည် အစိတ်စိတ် အမွှာမွှာ ကွဲအက်သွားသော်လည်း လုရွှမ် ၎င်းကို ရုတ်ခြည်း သည်းခံနိုင်ခဲ့သည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?”

ထိုမိန်းမ မဟုတ် ယောက်ျားမဟုတ်တဲ့ လူက အော်ဟစ်ပြီး သူ့မျက်နှာဖြူ ဖျော့ဖျော့လေး ဖြစ်သွားသည်။

“တကယ်ပဲ မင်းက ငါ့ညီကို သတ်ခဲ့တဲ့သူပဲ!!”

လုရွှမ် ခေါင်းငုံ့ပြီး အောက်ကို ငုံ့ကြည့်လိုက်၏။ မိန်းကလေး လေးယောက်က မြေပြင်ပေါ်လဲကျသွားပေမယ့် ချန်စစ်ယန်ကို ပြင်းပြင်းထန်ထန် ကာကွယ်ပေးထားဆဲပင်။

"မင်းရဲ့ အရည်အချင်းက တကယ်ကို ထူးထူးခြားခြားပဲကိုး.... အဲဒီခွေးမလေးက ငါ့ညီလေးကို စွန့်ပစ်ပြီး မင်းကို ချစ်မိသွားခဲ့တာ အံ့သြစရာတော့ မရှိပါဘူး.... ဆို​တော့ မင်းကို ငါ့ညီလေးနဲ့အတူ မြှုပ်နှံဖို့ ဒီနေ့ပဲ သတ်ပစ်မယ်!"

ထိုညူတူတူ အမျိုးသားသည် လက်ဝါးကို နောက်တဖန် ဝေ့ယမ်း၍ ဆေးဥယျာဉ် တစ်ခုလုံး ချက်ချင်း တုန်ခါသွားစေ၏။ ပတ်ဝန်းကျင်အရပ်ရပ်မှ ပြင်းထန်သော ဝိညာဥ်ချီများသည် ထိုယောက်ျား၏ လက်ထဲသို့ ပြေးဝင်လာ​ကြသည်။

အရောင် ခုနစ်ရောင်ရှိသော လေးတံရှည်သည် လေထုအလယ်မှာ ထွက်ပေါ်လာပြီး လေးညှို့ကို ဆွဲလိုက်တာနဲ့ ငါးရောင်ခြည် မြှားပုံသဏ္ဌာန် ဖြစ်သွားခဲ့သည်။ လူသတ်ချင်သည့် အငွေ့အသက်များက ကောင်းကင်သို့ ပျံတက်သွားပြီး လုရွှမ်ကို ချိန်ထားလိုက်သည်။

လုရွှမ်ရဲ့ ခန္ဓာကိုယ်လည်း တုန်လှုပ်သွားပြီး စိမ့်အိုင်ထဲတွင် ပိတ်မိနေသလို ခံစားလိုက်ရသည်။ သူ့ပတ်ဝန်းကျင်ရှိ ထူထပ်သော ဝိညာဥ်ချီများသည် ပိုမိုထူထပ် အားကောင်းလာကာ သူ့အား ဆက်လက်၍ မလှုပ်ရှားနိုင်တော့အောင် ချုပ်ထားလိုက်သည်။

"သခင်လေးဟန်ရွှီး.... ကျေးဇူးပြုပြီး သက်ညှာပေးပါ!"

ပြောင်းလဲလာတဲ့ အခြေအနေနဲ့ ရောင်ဝါက ဆေးဥယျာဉ်ထဲရှိ လူတိုင်းကို ဆွဲဆောင်သွားခဲ့သည်။ ပြင်းထန်လွန်းတဲ့ ထိုမိန်းမဆန်သော ယောက်ျားပျိုရဲ့ ခွန်အားကြောင့် ဘယ်သူမှ မချဥ်းကပ်ရဲကြပေ။

"သေလိုက်စမ်း!"

သခင်လေးဟန်ရွှီးဟာ လုံးဝ မတုံ့ဆိုင်းဘဲ သူ့လက်ချောင်းများကို ဆန့်တန်းကာ လေးညှို့အသံနှင့် အတူ လုရွှမ်၏ နှလုံးရှိရာဆီသို့ ငါးရောင်​ခြည် မြှားကို ပစ်လွှတ်လိုက်​ပေသည်။

All Chapters