မိမိဘာသာသေလမ်းရှာခြင်း
Vol. 36 Ch. 4.52
"မလုပ်နဲ့!"
ဟန်ရွှယ်တို့ မိန်းကလေးတွေ တစ်ဖွဲ့လုံး နာကျင်စွာ အော်လိုက်ကြသည်။
ချန်စစ်ယန်လည်း နောက်ဆုံးတွင် နိုးလာခဲ့သည်။ သူမ၏ ခွန်အားသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆သို့ ဖြတ်သွားခဲ့ပြီ။ သူမ နိုးလာသောအခါတွင် လုရွှမ်ရဲ့ နှလုံးနေရာကို ငါးရောင်ခြယ်မြှား ပစ်သွင်းလိုက်တာကို တွေ့လိုက်ရသည်။
သူမ၏ နှလုံးသားသည် ခဏတာ ရှက်ရွံ့သွားပြီး ဒူးထောက် ထိုင်ချလိုက်သည်။ မျက်ရည်များက ချက်ချင်းပင် ပါးပြင်ပေါ်သို့ စီးကျလာခဲ့တော့သည်။
မြှားသည် အလင်းစီးကြောင်းကဲ့သို့ အလွန်လျင်မြန်ပြီး ကောင်းကင်နှင့် မြေကြီးကို တစ်ချက်ချင်း ထိုးဖောက်ကာ လုရွှမ်၏ နှလုံးသား နေရာထဲကို ထိုးဖောက် ဝင်ရောက်သွားကာ လေထဲတွင် ရပ်တန့်သွားသည်။
သခင်လေးဟန်ရွှီးတို့ အံ့အား သင့်သွားသည်။ ဒါအဓိပ္ပာယ် မရှိဘူးလေ။ ဝိညာဥ်ချီတွေ စုစည်းထားတဲ့ လေးဟာ မြှားတစ်စင်းကို ပစ်လွှတ်လိုက်တာနဲ့ ပစ်မှတ်ကို သတ်ပစ်ပြီး ကောင်းကင်နဲ့ မြေကြီးအတွင်း သဘာဝအတိုင်း ပျံ့လွင့်သွားလိမ့်မယ်။
အဝေးမှ ကြည့်နေသော လူအုပ်ကြီးသည်လည်း သူတို့ဘက်ခြမ်းကို အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။ သူတို့သည် အသိပညာ နည်းပါးသော်လည်း အခုအချိန်အထိ ကျင့်ကြံခဲ့သူတွေ ဖြစ်တာကြောင့် သူတို့ရဲ့ အမြင်အာရုံမှာ ထူးထူးခြားခြား ဖြစ်နေပါပြီ။
လုရွှမ်မှာ သူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းခံခဲ့ရသော်လည်း ထူးထူးခြားခြား လွန်ကဲလွန်းသည့် သူ့နှလုံးမှ သွေးတစ်စက်မှ ထွက်မလာပေ။
သခင်လေး ဟန်ရွှီးတစ်ယောက် မျက်မှောင်ကြုတ်လျက် သတိကပ်သွားစဥ် လေပြင်းတစ်ချက် တိုက်ခတ်သွားကာ လုရွှမ်၏ ရုပ်သွင်သည် အမှုန်အမွှား အဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ပျံ့လွင့်သွားသည်။
လေထု အလယ်မှာ ရပ်နေတဲ့ ငါးရောင်ခြယ်မြှားက ရုတ်တရက် ရွေ့လျားသွား၏။
မြှားက စက်ဝိုင်းပုံစံ လှည့်ကာ ဟန်ရွှီးဆီသို့ အပြင်းအထန် ပစ်ခတ်ခံလိုက်ရသည်။ ပစ်ခတ်လိုက်တဲ့ အမြန်နှုန်းက ယခင်ကထက်ပင် ပိုမြန်နေ၏။ တခဏချင်းမှာပဲ ငယ်ရွယ်တဲ့ သခင်လေး ဟန်ရွှီးရဲ့ ခန္ဓာကိုယ်ကို ငါးရောင်ခြယ်မြှားက ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။
သွေးတွေ ပါးစပ်ထဲ ထွက်ကျလာပြီး သူ့ခန္ဓာကိုယ်ထဲမှာ အပေါက်ကြီးတစ်ခု ပေါက်ထွက်သွားခဲ့သည်။
ငါးရောင်ခြယ် နေရောင်မြှား ပျောက်ကွယ်သွားသည်နှင့် သခင်လေး ဟန်ရွှီးသည် ထိတ်လန့်တကြားဖြင့် လှည့်ပတ်ကြည့်ရင်း အော်ဟစ်လိုက်၏။ အသံက နှလုံးသားထဲကို ထိုးဖောက်သွားတော့ မလိုပင် စူးရှလွန်းလှသည်။
"မင်းက လူလား တစ္ဆေလား? မင်းဘယ်မှာလဲ? အခု ထွက်လာခဲ့စမ်း!"
ကြီးမားသော စိတ်ဝိညာဉ် စွမ်းအင်၏ ရိုက်ခတ်သံတစ်ချက် ကောင်းကင်မှ ရုတ်တရက် ပေါ်လာပြီး သူ့မျက်နှာကို ထုရိုက်ကာ မြေပြင်ပေါ်သို့ ခေါက်လိုက်ပြီးနောက် ခြေတစ်ချောင်းက လေထဲမှ ထွက်လာကာ သူ့ရင်ဘတ်ကို ပြင်းပြင်းထန်ထန် နင်းချပစ်သည်။
သခင်လေး ဟန်ရွှီးသည် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ပြီး သူ့ရင်ဘတ်က အပေါက်ကြီးထဲမှ သွေးများပင် မြေပြင်ပေါ်သို့ ဖြန်းခနဲ ထွက်ကျလာခဲ့သည်။
သူ့မျက်နှာက ဖြူဖျော့နေပြီး မျက်လုံးတွေက ယောက်ယှက်ခတ်နေကာ လုရွှမ်ရဲ့ ပုံသဏ္ဌာန်ကို ရှာဖို့ ကြိုးစားပေမယ့် ဘာကိုမှ မတွေ့ရတော့ပေ။
အံကြိတ်လိုက်ပြီး ဟန်ရွှီးသည် ရုတ်တရက် လွင့်ပျံတက်လာပြီး ကောင်းကင်ပေါ်သို့ လှိမ့်တက်လာကာ လွတ်မြောက်ရန် ကြိုးပမ်းသော်လည်း ခပ်ဝေးဝေးကို မသွားနိုင်မီတွင် ဓားရှည်တစ်လက်သည် ကောင်းကင်၌ ရုတ်တရက် ထွက်ပေါ်လာပြီး အေးစက်သော အလင်းရောင်နှင့်အတူ သူ့ခေါင်းကို ဖြတ်ချပစ်ခဲ့သည်။
အရပ်လေးမျက်နှာမှ လူတိုင်းဟာ သခင်လေး ဟန်ရွှီးရဲ့ မျက်လုံးတွေ ပြူးကျယ်ပြီး အလွန်အမင်း ကြောက်ရွံ့တုန်လှုပ် နေခဲ့ကြောင်း ရှင်းရှင်းလင်းလင်း မြင်ခဲ့ရလေသည်။
လေထုထဲရှိ ကြွယ်ဝသော ဝိညာဥ်ချီများ ရုတ်တရက် ကွယ်ပျောက်သွားပြီး ဓားရှည် တစ်ချောင်းနဲ့အတူ လုရွှမ် ပေါ်လာခဲ့သည်။
သူသည် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်ကာ အလင်းရောင်များ ဖြာထွက်နေသကဲ့သို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ ဘယ်သူမှ သူ့မျက်လုံးကို စေ့စေ့မကြည့်ဝံ့ကြပေ။
"သနားညှာတာပေးဖို့ ကျွန်မပြောခဲ့တယ် မဟုတ်ဘူးလား?"
စွင်းလင် ပျံသန်းလာပြီးတော့ သေဆုံးသွားတဲ့ သခင်လေး ဟန်ရွှီးကို ထိတ်လန့်တကြားဖြင့် ကြည့်နေမိသည်။
လုရွှမ်ကတော့ သူ့လက်ကို ပေါ့ပေါ့ဆဆ ယမ်းလိုက်ရင်း ဓားရှည်မှ သွေးစက်များကို လျှောကျသွားစေကာ ဓားသည် အညစ်အကြေးမရှိ ပြောင်စင်သွားသည်။
"ဒါက လမ်းမှာ လာရှုပ်နေတဲ့ ငါးလေးတစ်ကောင်ပါပဲ.... မင်းမသတ်ရင် သူကမင်းကို သတ်လိမ့်မယ်"
လုရွှမ်က ပြောလိုက်သည်။
"သူက ဖုန်းရွှယ်ဧကရာဇ်အင်ပါယာ ဟန်မိသားစုကလူ"
"ဟန်မိသားစု?? ငါမကြားဖူးဘူး"
စွင်းလင်မှာ စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။ လုရွှမ်တစ်ယောက် မိန်းကလေးများထံ လျှောက်သွားကာ ကုသဆေးကို ကြောက်ရွံ့နေဟန်မရှိဘဲ ထုတ်ပေးနေပုံကိုသာ ကြည့်နေမိတော့သည်။
ဒီလူငယ်ရဲ့ အထောက်အထားက ပိုပိုပြီး မထင်မရှား ဖြစ်လာပြီ။ ဘယ်လို နောက်ခံမျိုးက ဒီလောက် အစွမ်းထက်တဲ့ ပါရမီရှင်ကို ပြုစုပျိုးထောင်နိုင်တယ် ဆိုတာပဲ စဥ်းစားမိလာ၏။
ချန်စစ်ယန်ကတော့ လုရွှမ် ရင်ခွင်ထဲ ချက်ချင်း ပစ်ဝင်လိုက်သည်။ သူမ၏ မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာကာ လုရွှမ်လက်ကို တင်းတင်း ဆုပ်ကိုင်ထားကာ လုံးဝ မလွှတ်ချဝံ့ပေ။
"အခု အခုနက... ကျွန်မတကယ်ထင်ခဲ့တာ..."
စကားတစ်ခွန်းမှ ဆက်မပြောနိုင်တော့ချေ။ တစ်စုံတစ်ခုက သူမကို တားဆီးလာမည်ကို စိုးရိမ်၍ ရှိုက်ကြီးတငင် ငိုနေမိသည်။
လုရွှမ်လည်း ချန်စစ်ယန်ရဲ့ အပြုအမူအပေါ် သူ့စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသလို ခံစားလိုက်ရကာ
"ဒါက သေးငယ်တဲ့ လှည့်ကွက်လေး တစ်ခုပါပဲ.... ဘာမှမဟုတ်ဘူး"
သခင်လေး ဟန်ရွှီးဆိုတဲ့ လူက ကိုယ့်ဘာသာ သေလမ်းရှာသွားတာပင်။ လေထုထဲက ဝိညာဥ်ချီတွေကို ပေါင်းစည်းပြီး လေးညှို့တံနှင့် ငါးရောင်ခြယ်မြှား ပြုလုပ်လိုက်ကတည်းက ဒီလူ သူ့ကိုယ်သူ သေလမ်းရှာနေပြီ ဖြစ်ကြောင်း လုရွှမ် သိလိုက်ပြီးပြီ။
သူ၏ယခင်ဘဝတွင် ကောင်းကင်ပြာ လေးနှင့် နေရောင်မြှားများ ပစ်လွှတ်ခြင်းသည် သူ၏တရားဝင် လက်နက် ဖြစ်ခဲ့သည်ကို သိထားရမည်။ ဟန်ရွှီးသည် သူ့ရှေ့တွင် ဤအရာနှင့် လာကစားနေသောကြောင့် သူသေချင်နေတာဟုသာ ပြောနိုင်၏။
လုရွှမ်၏ ခွန်အားသည် ယခုအချိန်တွင် မပြင်းထန်သော်လည်း ယေဘုယျလမ်းကြောင်း၏ အခြေခံမူများကို နားမလည်သေးသော်လည်း သူ့မှာ အတွေ့အကြုံများ ရှိနေဆဲဖြစ်သည်။
ငါးရောင်ခြယ် နေရောင်မြှားသည် လေးညှိ့မှ ထွက်သွားတဲ့ အချိန်ကတည်းက သူ့ရဲ့ ထိန်းချုပ်မှုအောက်ကို ကျရောက်သွားခဲ့ပြီး အရာအားလုံးသည် သူ့လက်ထဲမှာ အသာလေး ကစားလိုက်ခြင်းပင်။
ထို့အပြင် ဤဘဝတွင်၊ ရွှေစီးဆင်းမှု အရှိန်ဖြင့် အသက် ကယ်တင်နိုင်မှု ခွန်အားမှာ အလွန်တိုးမြင့်လာခဲ့ပြီ။ ဟန်ရွှီးသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် ခွန်အားကို ပြသနေဆဲ ဖြစ်သော်လည်း ဒြပ်စင်ငါးပါးတို့သည် သဲလွန်စ မရှိဘဲ ကွယ်ပျောက်သွားကုန်၏။
ထိုအချိန်တွင် ပြတ်သားသော လက်ခုပ်တီးသံများနှင့် နူးညံ့သိမ်မွေ့သော အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။
"ကိုကိုလုရွှမ်က အရမ်းတော်တာပဲ!"
အသံက ကြည်လင် ပြတ်သားပြီး အပြစ်ကင်းစင်သလို ချစ်ခြင်းဆန်မှု အပြည့်ဖြင့်။
လုရွှမ်ရဲ့ အမူအရာ ပြောင်းလဲသွားပြီး သူ လှည့်ကြည့်လိုက်သောအခါ စကားပြောသော သူသည် အမှန်တကယ်ပင် ပန်းနီမိန်းကလေး ဖြစ်နေ၏။
ယခုအချိန်တွင် သူမသည် ပို၍ သိမ်မွေ့ပြီး ချစ်စရာကောင်းလာကာ သူမတွင် ယောက်ျားပီသမှုများ မရှိတော့ပေ။ သူမကို ကြည့်ရှုသူတိုင်းက ချစ်စရာကောင်းပြီး လှပသော မိန်းကလေးဟုပင် ထင်မြင်ကြလိမ့်မည်။
"ဟီးဟီး ကိုကိုလုရွှမ်... ကိုကို ကျွန်မရဲ့ လက်ငါးချောင်း တောင်ထဲကနေ ပြေးမလွတ်ပါဘူး.... ရှင့်ရဲ့ ခွန်အားတွေ တိုးလာတဲ့အခါမှ ဒီလူရှင့်ကို စားတော့မယ်... မကောင်းဘူးလား?"
ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ပြတ်သားတဲ့ အသံလေး ဆွဲဆောင်မှုရှိစွာ ဆိုနေလေသည်။
လုရွှမ်သည် အနီရောင်ပန်းပွင့်ကို မျက်လုံးနှစ်ဖက်လုံးဖြင့် စိုက်ကြည့်ရာ ပန်းနီမိန်းကလေး၏ မျက်နှာသည် ရှက်ရွံ့မှုပြကာ ပါးပြင်များကို လက်နှစ်ဖက်ဖြင့် အုပ်ကာ တင်းတင်းမာမာ ပြောလာလေ၏။
"ဟွန့် ကိုကိုလုရွှမ်.... သူများကို ဘယ်လိုတောင် ကြည့်နေတာလဲ? အရမ်းရှက်တာပဲ...."
"မင်းရဲ့ ကျိုယွမ်နယ်ပယ်ကို ပြီးပြည့်စုံအောင် အသွင်ပြောင်းပြီးရင် မင်းကို ငါသတ်ပစ်မယ်"
စကားပြီးသောအခါ လုရွှမ်သည် စွင်းလင်အား တစ်ချက် နှုတ်ဆက်၍ ထွက်သွားရန် မိန်းကလေးငါးဦးကို လက်ပြလိုက်သည်။
သို့သော် ပန်းနီမိန်းကလေးရဲ့ မျက်နှာကတော့ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ။ သူမ၏ မျက်နှာသည် သရဲတစ္ဆေလို တင်းမာနေသလို တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေ၏။
သူမ၏ မျက်လုံးများသည် လူသတ်ချင်နေတဲ့ ရောင်ဝါများ ပြည့်နှက်နေကာ စွင်းလင်ကို စူးစိုက်ကြည့်လိုက်သည်။
"ငါ့ရဲ့ လျှို့ဝှက်ချက်ကို ပြောပြလိုက်တာလား?"
စွင်းလင်က ခေါင်းခါလိုက်ပြီး
"ငါသာ နင့်နေရာမှာဆိုရင် သူ့ကိုမြင်တာနဲ့ လစ်ထွက်သွားမိမှာ"
ပြောပြီးတာနဲ့ ချက်ချင်း လှည့်ထွက်သွားတော့သည်။
ဝုန်း!
ပန်းနီမိန်ကလေးက သူမရဲ့ ခြေထောက်တွေကို ပြင်းပြင်းထန်ထန် နင်းချလိုက်လေ၏။ အလင်းတန်း သုံးရောင်ရှိတဲ့ ဓားတစ်ချောင်းဟာ လေထုထဲမှ ထွက်ပေါ်လာပြီး သူ့ဘေးက အစေခံ အမျိုးသမီးကို အပိုင်းပိုင်း ခွဲပစ်လိုက်တော့သည်။
"ငါ့ကို ထွက်သွားခိုင်းမယ်? မင်းမှာ ခွန်အားရှိမရှိ ကြည့်ရသေးတာပေါ့"
ဆေးဥယျာဉ်တွင် သုံးရက် ကြာနေထိုင်ပြီးနောက် လူတစ်စုသည် ၎င်းတို့၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းကာ ခွန်အားများလည်း ပြန်လည်ရရှိလာကြသည်။
လုရွှမ်၏ အကန့်အသတ်မရှိ ဆေးလုံး ထောက်ပံ့မှုအောက်တွင် ၎င်းတို့၏ ခွန်အားသည် မတိုးတက်သေးသော်လည်း ကျင့်ကြံမှုကဆော့ များစွာ အားကောင်းလာခဲ့သည်။
ဟန်ရွှယ်တို့ မိန်းကလေးများသည် ၎င်းတို့၏ အင်အား ကွာဟချက်ကို ရှင်းရှင်းလင်းလင်း သိခဲ့ကြပြီး လွန်ခဲ့သည့် ရက်အနည်းငယ် ကတည်းက အပြင်းအထန် လေ့ကျင့်၍ လုရွှမ်အား အသိအမှတ် ပြုလာစေခဲ့သည်။
သူ့အရင်ဘဝက အတွေ့အကြုံတွေက သူ့ကို ရှင်းရှင်းလင်းလင်း သိစေခဲ့ပြီးပြီ။ လမ်းတလျှောက်မှာ အတိတ်က သူငယ်ချင်းများစွာကလည်း တဖြည်းဖြည်းနဲ့ ကွဲကွာလာခဲ့ရသည်။
တကယ်တော့ လူတစ်ယောက်မှာ နစ်နာမှုတွေနဲ့ မုန်းတီးမှုတွေ ဘယ်လောက်များများ ရှိနိုင်ပါစေ တစ်ခုတည်းသော အကြောင်းပြချက်ကတော့ လူတိုင်းရဲ့ အရှိန်အဟုန်က မတူညီခြင်းပင်။
အတူတူ လျှောက်လှမ်းချင်တယ် ဆိုရင်တော့ ကျင့်ကြံမှုမှာလည်း တိုးတက်မှု မြန်ဆန်အောင် လိုက်လျှောက်ရလိမ့်မည်။
အပြင်မှ ရုန်းရင်းဆန်ခတ်မှုကို လျစ်လျူရှုရင်း နောက်ဆုံးတွင် လုရွှမ်သည် စွင်းလင် နေထိုင်ရာ တစ်ဖက်သို့ ရောက်လာခဲ့သည်။
စွင်းလင်၏ နေအိမ်သည် ဆိတ်ငြိမ်ပြီး အံဝင်ခွင်ကျရှိသော အဆောက်အအုံငယ် တစ်ခုဖြစ်ကာ ဆေးဥယျာဉ်၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ထိုနေရာသည် ဝိညာဥ်ချီများနှင့် ပြည့်နှက်နေ၏။
မဝေးလှသော ဝင်းငယ်တွင် မြေသွေးကြော နှလုံးစပျစ်နွယ်ပင်သည် သဘာဝ စွမ်းအင်နှင့် ရောယှက်နေပါသည်။ ထိုကဲ့သို့သော လေထုထဲတွင် လေ့ကျင့်ခြင်းသည် သဘာဝအတိုင်း ကျင့်ကြံမှုကို နားလည်ခြင်းအတွက် များစွာသော ကောင်းချီးများ ခံစားရနိုင်ည်။
လုရွှမ် လှည့်ပတ် လျှောက်ကြည့်ရင်း လျှို့ဝှက်စွာ ခေါင်းညိတ်လိုက်သည်။ ဒီနေရာက ရောင်ဝါဟာ သဘာဝအတိုင်း ဖွဲ့စည်းထားဆဲ ဖြစ်ပြီး ပို၍ပင် အဖိုးတန်လှသည်။