ဖရိုဖရဲဖြစ်လာပြီ
Vol. 36 Ch. 4.53
ဒီနေရာသည် ကျင့်ကြံရန် အထောက်အကူ ဖြစ်ကြောင်း လူတော်တော်များများ သိကြသည်။ လုရွှမ် ရောက်သောအခါ အနီးအနားတွင် အတွင်းထပ်သုံးထပ်နှင့် အပြင်အထပ် သုံးထပ်ရှိကြောင်း တွေ့လိုက်ရသည်။
တချို့လူတွေက ဆေးဥယျာဥ်က တပည့်တွေလို မဟုတ်တဲ့ ဝတ်စုံတွေနဲ့ လူတွေလည်း ရှိသေးသည်။ တစ်ချက်ကြည့်လိုက်တာနဲ့ ဆေးဥယျာဉ်ရဲ့ တပည့်မဟုတ်ကြောင်း သိနိုင်၏။ သူတို့မှာ ဆေးဝါး အနံ့အသက်တွေ မရှိဘဲ လူသတ်ချင်နေတဲ့ အငွေ့အသက်တွေကသာ ဖုံးလွှမ်းလို့နေသည်။
လုရွှမ်လည်း စွင်းလင်က ဒီလိုနေရာကို ဖွင့်ထားပေးမယ်လို့ မမျှော်လင့်ထားပါဘူး။ လူတစ်ယောက် စုပ်ယူမှုနဲ့ လူတစ်စုကို စုပ်ယူမှုရဲ့ အကျိုးသက်ရောက်မှုက သိသိသာသာ ကွဲပြားတယ်လေ။
သူ့စိတ်ထဲတွင် စွင်းလင်ကို တိတ်တဆိတ် ငုံ့ကြည့်မိပြန်သည်။ သူသာဆိုရင် သူ့ကိုယ်သူ အထိခိုက်ခံပြီး တခြားသူများကို အကျိုးပြုစေမယ့် အရာမျိုး လုပ်နိုင်မည် မဟုတ်ကြောင်း ထင်ရှားပါ၏။
"ကောင်လေး မင်းဒီမှာ ဘာလုပ်နေတာလဲ? ဒီနေရာအကြောင်း မင်းနားလည်ချင်ရင် ကောင်းကောင်း နားလည်ထားမှရမယ်.. ငါ့နေရာကိုလာပြီး ပြဿနာ မရှာနဲ့!"
ကြမ်းတမ်းသော လူတစ်ယောက်ရဲ့ ဒေါသအပြည့်နဲ့ အော်ငေါက်သံကို ကြားလိုက်ရသည်။
လုရွှမ် ဦးလှည့်ကြည့်လိုက်တော့ တစ်ဖက်လူက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ ကို ရောက်နေပြီ။ သူကိုယ်တိုင်ကလည်း အဆင့် ၇ ဆိုပေမယ့် အဆင့်၉ ကျင့်ကြံသူကို ကျော်လွန်သွားပြီမို့ သူတို့နှစ်ယောက်က တူညီတဲ့ အဆင့်မှာ မရှိကြချေ။
လုရွှမ် အနည်းငယ် ပြုံးကာ နောက်ပြန်ဆုတ်သွားသည်။
ဒီမြင်ကွင်းကို မြင်လိုက်ရတော့ လူတော်တော်များများက သူ့ကို လှောင်ပြောင် ရယ်မောကြလေသည်။ ကိုယ်ခံပညာကို လေ့ကျင့်တာက ဆန့်ကျင်ဖို့၊ တိုက်ပွဲဝင်ဖို့ပဲ။ အခက်အခဲတွေ ကြုံလာတဲ့အခါ စိတ်ရှည်သည်းခံဖို့ မဟုတ်ဘူးလေ။
ဒါဆို ဘာလို့သိုင်းပညာနဲ့ ကိုယ်ခံပညာကို လေ့ကျင့်နေမှာလဲ။
ချက်ချင်းပင် တစ်စုံတစ်ယောက်က ဒေါသတကြီး ထအော်လိုက်လေ၏။
"ကောင်လေး... ဒီမှာ မင်းနေဖို့နေရာ မရှိဘူး... ဒီကနေ မြန်မြန်ထွက်သွားစမ်း!"
"မှန်တယ်!! သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ပဲ ရှိတဲ့ အမှိုက်သာသာ ကောင်က ဒီဆေးဥယျာဉ်ရဲ့ အခြေခံ သဘောတရားတွေကို နားလည်နိုင်စွမ်း ရှိမှာတဲ့လား? ထွက်သွားစမ်းပါ"
လုရွှမ်သည် အနီးနားရှိ ဆေးဥယျာဉ်၏ တပည့်များကို တစ်ချက် ကြည့်လိုက်သော် တစ်ယောက်မှ အသံမထွက်လာဘဲ အားလုံးက မျက်လုံးမှိတ်ကာ ဘသာဝစွမ်းအင်ရဲ့ အခြေခံ သဘောတရားများကို နားလည်ရန် အာရုံစိုက်ထားကြသည်။ သဘာဝစွမ်းအင်ကို ရရှိနိုင်တာက အချိန် အကန့်အသတ် ရှိလေ၏။
ဒီလို ပြောင်ပြောင်တင်းတင်း ယုတ်မာတဲ့ သူတွေဟာ အရည်အချင်း မပြည့်မီဘူး ဆိုတာ သိသာထင်ရှားလှသည်။
လုရွှမ် ရှေ့သို့ လှမ်းတက်ကာ လူတစ်ဦးကို သူ့လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ယုန်တစ်ကောင်ကို ဆွဲကိုင်ထားသလိုမျိုး ထိုလူအား ဆွဲလွှင့်ပစ်လိုက်သည်။
"ကောင်လေး!! မင်းက လှုပ်ရှားရဲတယ်ပေါ့ ဟုတ်လား?.... မင်းအဘိုးငါက သတိမပြုမိတာကို အခွင့်ကောင်းယူပြီး ငါတို့ကို ခိုးဝင်တိုက်ခိုက် ချင်နေတာလားကွ!! မင်းနာမည်ကို ပြောစမ်း!!"
"လုရွှမ်!"
"လုရွှမ်က ဘယ်သူလဲ? မျိုးရိုးနာမည် လုနဲ့ လူတွေ မြို့ထောင်ချီမဟာမိတ်မှာ ရှိလို့လား?"
"လုမိသားစု ရှိလို့လား??"
လုရွှမ် သူ့နာမည်ကို ထုတ်ဖော်ပြီးနောက်တွင် လုံးဝ တိတ်ဆိတ်သွားပြီး ရုတ်တရက် နားဝင်ဆိုးသော အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။
လူတိုင်းက စကားပြောသူကို တညီတညွတ်တည်း ကြည့်လိုက်ကြသည်။ သူတို့၏မျက်လုံးများသည် အထင်ကြီးမှုများနှင့် ပြည့်နှက်နေပါ၏။ စကားပြောသူသည် သူ့မျက်နှာမှာ အနည်းငယ် ဖျော့တော့နေပုံရသော်လည်း ဂုဏ်ယူဝင့်ကြွားစွာ အော်ဟစ်နေဆဲပင်။
"ဒီသခင်လေးက မြို့ထောင်ချီမဟာမိတ် အဓိကမိသားစု သုံးစုထဲက ဝမ်မိသားစုကကွ!! မင်းငါ့ကို တိုက်ခိုက်တဲ့အတွက် ယုံချင်ယုံ မယုံချင်နေ မင်းရဲ့ မိသားစု တစ်ခုလုံးကို ငါ ဖျက်ဆီးပစ်မယ်..."
လုရွှမ် သူ့ခန္ဓာကိုယ်ကို မလှုပ်ရှားသေးဘဲ ရုတ်တရက် ကောင်းကင်ကို မော့ကြည့်လိုက်ရာ အရှေ့ဘက်တွင် အနီရောင် နေရောင်တစ်ခု တက်လာပြီး နေအောက်တွင် ဘာမှမရှိသော သင်္ကေတ တချို့ကို မြင်လိုက်ရသလိုပင် ရောင်ဝါများ ကျဉ်းမြောင်းလာခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် ရောင်ဝါကို ကြည့်လိုက်ရာ နှလုံး စပျစ်နွယ်ပင်ဆီသို့ ပြန်ဆုတ်ခွာသွားတာကို တွေ့လိုက်ရလေ၏။
"မင်းရဲ့ အချိန်ကို ရောက်ပြီ"
လုရွှမ် ညင်ညင်သာသာ ပြောလိုက်ပြီး သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်တဲ့အခါ မတိုင်ခင်က လေကြီးနေတဲ့ သခင်လေးရှေ့ကို ရောက်သွားတော့သည်။ တစ်ဖက်လူရဲ့ လည်ပင်းကို လက်ဖဝါးဖြင့် ချုပ်နှောင်ကာ ပေါ့ပေါ့ပါးပါး လိမ်ချိူးချလိုက်သည်။
အားလုံးလည်း မင်သက်နေတဲ့ အခြေအနေကနေ လန့်နိုးလာကြပြီး လူသတ်လိုက်တဲ့ လုရွှမ်ကို တွေ့တော့ ထိတ်လန့်တကြား ပြေးထွက်သွားကြလေသည်။
လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်းက အပြင်ဘက်မှာ ဖြစ်ပျက်နေခဲ့တာတွေကို အနည်းငယ် အာရုံစိုက်လိုက်တာနဲ့ ဘယ်သူမဆို ကြားဖူးပြီးသားပင်။ ယခုအချိန်မှာ အဲဒီ လူသတ်သမားက အမှန်တကယ် ရောက်ရှိလာကြောင်း သိလိုက်ပြီလေ။
အရိပ်လူသတ်ခန်းမသည် ယခင်ကထက် ပိုမိုအားကောင်းပြီး မာနကြီးလာသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်တွင် လျိုမိသားစုမှ ကျွန်တပ်သားများကို အဆက်မပြတ် သတ်ပစ်ခဲ့ပြီး တော်ဝင်အင်ပါယာက လျိုမိသားစု၏ စွမ်းအားသည်လည်း လုံးဝနီးပါး ပျောက်ကွယ်သွားခဲ့သည်။
ထိုကဲ့သို့ ကြောက်စရာ ကောင်းသော လူသတ်သမား လုရွှမ်မှာ အဂ္ဂိရတ်ပညာရှင် အဖွဲ့ကိုပင် သုတ်သင် ရှင်းလင်းခဲ့ပြီး ၎င်းသည် သေခြင်းတရားနှင့်ပင် ရန်သူဖြစ်ရန် သတ္တိရှိသူ ဖြစ်လေသည်။
လူအုပ်ကြီးသည် လျင်မြန်စွာ ပြန့်ကျဲသွားခဲ့ပြီး စက္ကန့်အနည်းငယ် အကြာတွင် လုရွှမ်သာ ကျန်ရစ်ခဲ့သည်။
ထိုအခိုက်တွင် အဆောက်အအုံ တစ်ခုရဲ့ တံခါးက တွန့်ကနဲ ပွင့်လာပြီး စွင်းလင် ထွက်လာသည်။ သူမက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး
"ရှင် လျိုမိသားစုနဲ့ ရန်သူ လုပ်ပြီးနေပြီ... ဘာလို့ ဝမ်မိသားစုကိုပါ နှိုးဆော်နေတာလဲ? ရန်သူကြီး သုံးပါးနဲ့ ရန်သူဖြစ်အောင် လုပ်ချင်နေတာလား?"
"ငါက သူတို့ကို ဆန့်ကျင်တာ သူတို့က ငါ့ကို ဆန့်ကျင်နေတာ.... ငါသူတို့ ဘာမှ မလုပ်ရင်တောင် ငါ့ကို လွှတ်မှာမလို့လား? ငါ ဆေးဥယျာဉ်ထဲမှာ ပုန်းနေပေမယ့် အခုရက်ပိုင်းအတွင်း ပြင်ပသတင်းတွေကို ကြားနေရပြီးသား... တော်ဝင်အင်ပါယာကြီး သုံးခုက ငါ့ကို ဖျက်ဆီးဖို့ မဟာမိတ် ဖွဲ့ထားတယ်ဆိုတာ.... ငါ့အတွက် စောင့်ကြည့်နေတဲ့ အဂ္ဂိရတ်ပညာရှင်အဖွဲ့ကို ပြောတာ မဟုတ်ဘူး... တကယ်လို့ ငါမလှုပ်ရှားဘူးဆိုရင် သူတို့ငါ့ကို သတ်လာတဲ့အထိ စောင့်နေရမှာလား?"
စွင်းလင်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး ခဏအကြာတွင် ဆိုလာ၏။
"ရှင့်ရဲ့ သူငယ်ချင်းတွေ ဒီမှာဆို လုံခြုံတယ်"
"ဒါကလည်း ဒီကိုလာရတဲ့ အကြောင်းပြချက် တစ်ခုပါပဲ.... ပြီးခဲ့တဲ့ ရက်အနည်းငယ် အတောအတွင်း လုံလုံလောက်လောက် အနားယူပြီးပြီဆိုတော့... လမ်းလျှောက် ထွက်သင့်ပြီလေ... မဟုတ်ရင် ငါက ကြောက်ပြီး ဆေးဥယျာဉ်ရဲ့ အကာအကွယ်ကို လိုအပ်နေတယ်လို့ တခြားသူတွေကို ထင်ကုန်လိမ့်မယ်"
"ဟုန်ဟွား(ပန်းနီမိန်းကလေး) ငါ သူ့ကို သတ်ပစ်မယ်... ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး"
လုရွှမ် ပြောပြီးနောက် ထွက်သွားလေသည်။
မကြာသေးမီက ဆေးဥယျာဉ်သည် အလွန် အသက်ဝင်လာခဲ့သည်။ အခင်းအကျင်းကို ဖွင့်လှစ်ထားသော်လည်း လူများစွာသည် လုရွှမ်၏ အသွင်အပြင်ကို မြင်လိုကြ၍ အပြင်တွင် စုရုံးနေကြသည်။
"ငလူးတဲ့မှ.... မင်းတို့ ကြားမိကြလား? လုရွှမ်ရဲ့ စွမ်းအားက သာမာန်ပဲတဲ့... သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ပဲ ရှိသေးတယ်... သူ့ခန္ဓာကိုယ်ပေါ်မှာ ရှားပါးတဲ့ ရတနာတွေ ရှိနေလို့သာ ဒီလို ခွန်အားတွေ ရှိနေတာ.... ငါတို့သာသူ့ကို သတ်နိုင်ရင်.... သူ့ခန္ဓာကိုယ်ပေါ်က ရတနာတွေက... အဟားဟား"
"အဘိုးကြီး သိပ်မကြွားပါနဲ့... အဲဒီလူမှာ ရှားပါးတဲ့ ရတနာတစ်ခု ရှိရင်တောင်မှ ရအောင်ယူဖို့ အခွင့်အလမ်း ရှိတယ်... သူ့မှာလည်း ကာကွယ်ဖို့ အစွမ်းသတ္တိရှိနေမှာပဲ... ခင်ဗျား တက်လာပြီးတာနဲ့ ဟိုက ခုတ်ထစ်သွားနိုင်တယ်"
"ဟမ့် ငါက ဝမ်မိသားစုက ကောင်းကင်ကို မကြောက်သလို မြေကြီးကိုလည်း မကြောက်ဘူးကွ..."
လူများ စည်စည်ကားကားဖြင့် ဆွေးနွေးနေချိန်တွင် ဆေးဥယျာဉ်၏ ထွက်ပေါက်မှ အသွင်အပြင် တစ်ခု ထွက်လာခဲ့သည်။
"လုရွှမ်ပဲ သူထွက်လာပြီ!"
ဘယ်သူက အော်လိုက်တယ် မသိ စူးရှသော အသံတစ်ခု ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်မှ လူများသည် ဒီရေ ရုတ်တရက် မြင့်တက်လာတာကို ကြုံတွေ့လိုက်ရသလို ဆုတ်ခွာသွားကြသည်။
ဆေးဥယျာဉ် ကာကွယ်မှု ဖွဲ့စည်းခြင်းသည် အလွန်ထိရောက်မှု ရှိပြီး လုရွှမ် အတွင်းမှပင် ဆူညံသံများကို ကြားနေရသည်။ အခင်းအကျင်း အပြင်ဘက်တွင် တော်ဝင်အင်ပါယာက လူများနှင့် မိသားစုကြီးများ ဂိုဏ်းဂဏတချို့ကိုပါ မြင်တွေ့ရ၏။
ယင်းယန် ဖရိုဖရဲ ဖြစ်နေသလိုပဲ။ အခင်းအကျင်းရဲ့ အပြင်ဘက်မှာ ကျင့်ကြံသူ အမြောက်အများ ရှိသော်လည်း သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ကျင့်ကြံသူများကတော့ လူအုပ်ထဲမှာ သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားကြသည်။
ထိုလူအနည်းငယ်ထဲတွင် တောက်ကျင့်ကြံမှုကို နားလည်ပြီး ရောယှက်နေသော ဝိညာဥ်စွမ်းအင် တချို့ကိုပင် လုရွှမ် ခံစားမိသည်။ တချို့က သူတော်စင် လမ်းစဥ်အပေါ်တောင် လျှောက်လှမ်းနေကြပြီ။
ဒီလူတွေဟာ တော်ဝင်အင်ပါယာက လူတွေ နေထိုင်ရာ မြို့ထောင်ချီ မဟာမိတ်လို သေးငယ်တဲ့ အရပ်ကို လာလည်ကြတာ မဟုတ်ဘူး။ သူတို့ရဲ့ ပစ်မှတ်က ဒီနေရာမှာ ရှိနေလို့ပင်။
ဒုတိယတစ်ခုကတော့ အခွင့်အလမ်းတွေ ရှာဖို့၊ လောကကြီး မငြိမ်မသက် ဖြစ်အောင် နှိုးဆော်ဖို့၊ ကောင်းကင် လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့လည်း ဖြစ်နိုင်သေးသည်။
"ဝမ်မိသားစုကလူတွေ ထွက်လာခဲ့!"
လုရွှမ်က လက်ဖဝါးထဲက ဓားရှည်တစ်လက်ကို ဝေ့ယမ်းရင်း ကျယ်လောင်စွာ အော်လိုက်သည်။
သူ့မျက်လုံးများသည် လူအုပ်ထဲကို လျင်မြန်စွာ ပြေးလွှား၍ မောက်မာဆုံးသော လူအုပ်စု တစ်စုကို ရုတ်တရက် စိုက်ကြည့်ကာ ဓားကို ဝေ့ယမ်းချလိုက်သည်။
"လူသတ်နတ်ဘုရားက လူထပ်သတ်တော့မယ်!"