← Chapters

ကောင်းကင်ကံကြမ္မာဓမ္မခန္ဓာကိုယ်

Vol. 36 Ch. 4.54

ကောင်းကင်ကံကြမ္မာဓမ္မခန္ဓာကိုယ်

Vol. 36 Ch. 4.54

ယခု လူသတ်နတ်ဘုရားအဖြစ် လုရွှမ်၏ ကျော်ကြားမှုသည် မြို့ထောင်ချီ မဟာမိတ်တွင် ထွန်းကားလာသောကြောင့် သူ၏ ရည်ရွယ်ချက်ရှိရှိ စိန်​ခေါ်မှုအောက်တွင် မည်သူမျှ သူ့ကို လုံးဝမတားနိုင်ပေ။

ဓားသွား ဖြတ်သွားရာ လမ်းကြောင်းအတိုင်း လူအများ၏ ဦးခေါင်းများ လွင့်ပျံသွားကာ နေရာအနှံ့ သွေးများ စီးကျလာခဲ့ပြီး အော်ဟစ်သံများ ညံသွားသည်။

"အစ်ကိုကြီးလုရွှမ်... ကျွန်မက ရှောင်ထောင်ဟုန်ပါ..တစ်ချိန်က ကျွန်မ​တို့ အတူရှိခဲ့တဲ့ နွေဦး အချိန်လေးကို မေ့သွားပြီလား?"

လုရွှမ်သည် မိုးနတ်ဘုရားဓား အပိုင်းအစကိုပင် မသုံးဘဲ လက်တစ်ဖက်တည်းဖြင့် ဆန့်ထုတ်လိုက်ပြီး သန်းရာနှင့်ချီသော စွမ်းအားများကို ပေါက်ကွဲထွက်စေ၍ မရပ်မနား အော်ဟစ်နေသော ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ကို ချက်ချင်း ဖျက်စီးပစ်လိုက်သည်။

လုရွှမ် အသက်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

သူမက ဘာမလို့လဲ။

"အစ်ကိုလု...."

"အဘိုးလု..."

"ဆရာ……"

"မင်းက ငါ့ရဲ့ ချစ်လှစွာသော ဖေဖေပါ..."

လုရွှမ်၏ မျက်လုံးများသည် အေးစက်နေပြီး ထိုစကားလုံးတွေကြောင့် စိတ်ဖောက်ပြန်သွားခြင်း မရှိပေ။ သူသတ်လိုက်တဲ့ လူများကြောင့် တခြားသူတွေလည်း နောက်သို့ လှည့်သွားကြသည်။

လုရွှမ် မျက်လုံးများသည် ဝမ်မိသားစုနှင့် အခြားနိုင်ငံကြီးများ၏ အင်အားကြီးမားသော လူများကိုသာ တိတ်တဆိတ် ကြည့်ရှုနေသည်။ ဤလူများက တကယ့်ဒုက္ခ၏ ကျောရိုးသာ ဖြစ်သည်။ ဂရုမစိုက်ထားလို့ မဖြစ်ဘူး။

ဝမ်မိသားစု အဖွဲ့ဝင်များသည် လှုပ်ရှား လာခဲ့သော်လည်း တိုက်ခိုက်လာကြတာ မဟုတ်ဘဲ ဖြည်းညှင်းစွာ ပြန်ဆုတ်သွားကြခြင်းပင်။ အခြား အဖွဲ့များသည် အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် ဖြည်းဖြည်းချင်း ပြန်ဆုတ်သွားကြသည်။

လုရွှမ်သည် သူ့အရှိန်ကို ထိန်း၍ တစ်ဖက်လူများအား လိုက်အကဲခတ်နေခြင်းကို ရပ်လိုက်ပြီး ဂုဏ်ယူစွာ ရယ်မော၍ သားရဲခန်းမဆီသို့ ပျံသန်းလာခဲ့လိုက်သည်။

သူဒီနေ့ ထွက်လာတာက ရည်ရွယ်ချက် နှစ်ခုရှိတယ်။ ပထမတစ်ခုက ဂုဏ်သိက္ခာရှိဖို့ပဲ။

သေးငယ်တဲ့ အတွေးအမြင် ရှိသူတွေက စက်ဆုပ်ရွံရှာဖွယ် ကောင်းတဲ့ လူတွေပဲ။ အနာဂတ်မှာ ဟန်ရွှယ်နဲ့ တခြားသူတွေကို လုပ်ကြံဖို့အတွက် ကြံစည်ချင်ရင်တော့ အကျိုးဆက်ကို ခံနိုင်ရည်ရှိမရှိ ချိန်ဆနိုင်ဖို့ သတိပေးလိုက်ခြင်းပင် ဖြစ်သည်။

အပေါက်ဝတွင် ရပ်နေသော သန်မာသော ယောက်ျားများနဲ့ ယှဉ်ရင် အရိပ်ထဲမှာ ပုန်းအောင်းနေတဲ့ ရွံရှာဖွယ် လူဆိုးများက ပို၍ပင် ခုခံရန် ခက်ခဲကြောင်း လုရွှမ် ကောင်းကောင်း သိထားသည်။

လုရွှမ် ဘာမှ မပြောပေမယ့် ဟန်ရောင်၊ မုယန်ဖုန်းနဲ့ လော့ရုံတို့က သူယုံကြည်ရတဲ့ မိတ်ဆွေ အဖြစ် သူ့စိတ်ထဲမှာ သတ်မှတ်ပြီးသား ဖြစ်သည်။

ဒုတိယ အချက်ကတော့ ဒီလူတွေဆီကို လောင်စာ ထည့်ဖို့ပါပဲ။ ဒီလူတွေရဲ့ အင်အားက ဆင်တွေကို မျိုဖို့အထိ မလုံလောက်​သေးဘူး။ အကျိုးအမြတ်တွေနဲ့ ရတနာတွေအတွက် ရင်ဆိုင်ရတဲ့ အခါကျတော့ အန္တရာယ်နည်းနည်းမှ မရှိသလိုနဲ့ သူတို့ရဲ့ တပ်မက်တဲ့ စိတ်ကိုတော့ ဘယ်အရာကမှ ဖိနှိပ်ထားလို့ မရဘူးလေ။

အမှောင်ထဲမှာ ပုန်းကွယ်နေတဲ့ လူတွေကလည်း အနှေးနဲ့အမြန် ဆိုသလို လှုပ်ရှားလာကြလိမ့်မယ်။ အဲဒီအချိန်ထိ စောင့်မယ့်အစား သူတို့ကို တိုက်ရိုက်ဆွဲထုတ်တာက ပိုကောင်းတယ်လေ။

သားရဲခန်းမကို မရောက်ခင် လုရွှမ်ရဲ့ နှေးကွေးသော ပျံသန်းမှုအောက်တွင် လူတစ်စုက သူ့ရှေ့ ပိတ်ဆို့လာ၏။

ရောက်လာတဲ့ သူတွေကတော့ အသက်သိပ် မကြီးသေးတဲ့ ယောက်ျား မိန်းမ အနည်းငယ်သာ ဖြစ်ကာ လုရွှမ်ကို တည်တည်ငြိမ်ငြိမ် အကြည့်နဲ့ ကြည််နေကြလေသည်။

စုစုပေါင်း လူကိုးဦး ရှိပြီး အဆင့်အနိမ့်ဆုံးမှာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ဖြစ်သည်။ ၎င်းတို့ထဲမှ သုံးဦးသည် အဆင့်၉ကို ကျော်လွန်သော အဆင့်တစ်ခုကို ရောက်ရှိထားကြပြီ။

နောက်ထပ် လူများ၏ ခန္ဓာကိုယ် တစ်ဝိုက်တွင် မထင်မရှား အငွေ့အသက်တွေ ရှိပြီး လူကို ထူးထူးခြားခြား လျှို့ဝှက်ဆန်းကြယ်တဲ့ ခံစားချက်ကို ပေးစွမ်းနေ၏။

ဤငယ်ရွယ်ပြီး ထက်မြက်သူများသည် ထင်ရှားသော ဧကရာဇ်အင်ပါယာ တစ်ခုမှ ဆင်းသက်လာသူများ ဖြစ်နိုင်သည်။

"နင်က လုရွှမ်ဆိုတာမလား?"

လူကောင်း သေးသေးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ မိန်းကလေး တစ်ယောက်က လှမ်းအော်လေ၏။ သူမ၏ အသံသည် ရှင်းရှင်းလင်းလင်းဖြင့် နားဝင်ချိုစေသည်။ သူမ၏ မာနထောင်လွှားသော အမူအရာတွင် အနည်းငယ် စူးစမ်းလိုစိတ် ရှိတဲ့ အရိပ်အမြွက်များ ထွက်ပေါ်လာနေသည်။

"ခွန်အားက သိပ်ဟုတ်ပုံ မရပါဘူး"

ပတ်ဝန်းကျင်ရှိ လူတိုင်းသည် မောက်မာမှုနှင့် ကျေနပ်မှုတို့ဖြင့် ရယ်မောလိုက်ကြသည်။

"ဆရာတူညီမကျိုး... မင်း မြို့ထောင်ချီ မဟာမိတ်ကို ပထမဆုံးအကြိမ် လာတာဆိုတော့ တချို့အရာတွေကို မသိတာ ပုံမှန်ပါပဲ... ဒီနေရာက တော်ဝင်အင်ပါယာ မျိုးစုံရဲ့ ရောင်းဝယ်ဖောက်ကားတဲ့ နေရာတစ်ခုပဲ... သူတို့ဆီမှာ တန်ခိုး အကြီးဆုံးကတောင် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ပြီးပြည့်စုံမှုကာလပဲ ရှိတာပဲ... ငယ်ငယ်ရွယ်ရွယ်နဲ့ အစွမ်းထက်တဲ့ လူကရော ဘယ်လောက်များ ပိုမြင့်နိုင်မှာလဲ??"

ကောင်မလေးရဲ့ ဘေးမှာ ရပ်နေတဲ့ လူက ဆို၏။ သူ့နောက်ကျောမှာ ဓားတစ်ချောင်းကို လွယ်ထားရင်း ထိုလူငယ်က ဂုဏ်ယူစွာနဲ့ လုရွှမ်ကို ကြည့်လိုက်သည်။

"ကောင်လေး.... မင်းက ယွမ်စံအိမ်ရဲ့ စံအိမ်သခင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်လို့ ငါတို့ကြားမိတယ်... ယွမ်စံအိမ်က ရတနာတစ်ခု ပျောက်သွားတယ်တဲ့... မင်းငါတို့နဲ့အတူ သွားကြည့်ချင်လား?"

လုရွှမ်ကလည်း ပြုံးလိုက်ပြီး

"သူနဲ့ငါ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်ဆိုတာ သူသိတဲ့အတွက် တစ်ခုခု ဆုံးရှုံးသွားခဲ့ရင် လူကိုယ်တိုင် ဒီကို လာမှာ မဟုတ်ဘူးလား... အဲဒီအစား မင်းတို့လို ဟန်ဆောင်တတ်တဲ့ လူကို လွှတ်လိမ့်မယ် မထင်ဘူး... ဟားဟား မင်းတို့ စကားပြောတဲ့အခါ ဦးနှောက်လေးဘာလေး သုံးရမယ်မလား?"

"ဟမ့်... ဘာမှမဟုတ်တဲ့ ဆင်းရဲသားလေးက လေကြီးနေလိုက်တာ....အစ်ကိုကျောက် သူနဲ့ စကားပြောနေလို့ ဘာထူးမှာလဲ? တစ်ခါတည်း ချလိုက်ရအောင်"

ပုဆိန်ကို လက်နှစ်ဘက်နဲ့ ကိုင်ထားတဲ့ လူတစ်ယောက်က ရုတ်တရက် ပြေးထွက်လာပြီး စကားမဆုံးခင်မှာ သူ့လက်ထဲက ပုဆိန်ကို မြင့်မြင့်တင်လိုက်ပြီး လုရွှမ်ရဲ့ ဦးခေါင်းကို လေထဲမှာပဲ ခုတ်လွှဲပစ်တော့သည်။

လုရွှမ်၏ ခန္ဓာကိုယ်သည် ထိတ်လန့် တုန်လှုပ်သွားခြင်း လုံးဝ မရှိလဲ မလှုပ်မယှက်ဖြင့် သူ့နေရာမှာပင် မတ်တတ်ရပ်နေ၏။

"အိုက်ယိုး... မြန်မြန် ရှောင်လိုက်လေ!"

ပထမဦးစွာ စကားပြောခဲ့သော လူကောင်သေးသေးနဲ့ မိန်းကလေးက လှမ်းအော်​လေသည်။

"ဟာဟား... သူ ဘယ်ကိုများ ရှောင်နိုင်မှာလဲ!"

မုတ်ဆိတ်မွေးနဲ့ ပုဆိန်ကိုင်ထားသူက ပိုလို့တောင် ပြင်းပြင်းထန်ထန် ဟောက်လေ၏။

လုရွှမ် ရုတ်​တရက်​ သူ့လက်​ဖဝါးကို ​ပေါ့​ပေါ့ဆဆလေး မြှောက်ကာ ပုဆိန်​ကို ထိလိုက်​သည်​။

တောတောင်များ အလယ်၌ နံနက်ခင်း ခေါင်းလောင်းသံကြီး မြည်လာသကဲ့သို့ မြေပြင်၌ ကျယ်လောင်သော ဆူညံသံ တစ်ခု ထွက်ပေါ်လာပြီး မုတ်ဆိတ်မွေးနဲ့ လူရဲ့ ခန္ဓာကိုယ်သည် ရေလှိုင်းများကဲ့သို့ တုန်ခါရင်း နောက်သို့ ပျံထွက်သွားသည်။

“သူ့မှာ ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်တဲ့ စွမ်းအားတွေ ရှိနေတာလဲ?

လူအများအပြားက တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြသည်။

ပုဆိန်နဲ့လူရဲ့ ခွန်အားကို သူတို့အားလုံး ရှင်းရှင်းလင်းလင်း သိကြပေမယ့် ခွန်အားအရ ပေါင်းစပ်လိုက်ရင် ပုဆိန်နဲ့လူက သူတို့အတွက်တောင် ပြိုင်ဘက် မဟုတ်နိုင်ပေ။ ဒီလို သေးငယ်တဲ့ နေရာမှာရှိတဲ့ လူတယောက်က တစ်ချက်တည်းနဲ့ လွင့်ထွက်သွားအောင် လုပ်နိုင်တယ်တဲ့လား။

"မဟုတ်ဘူး.... သူသုံးသွားတာက စွမ်းအားမဟုတ်ဘူး.... အခြေအနေကို ထိန်းချုပ်နိုင်ခဲ့တာပဲ"

နောက်ဆုံးတွင် အသံတစ်ခု တိတ်တိတ်ဆိတ်ဆိတ် ထွက်ပေါ်လာပြီး လူအုပ်ကြီးထဲမှာ ပါးပြင်ပေါ်တွင် အဖြူရောင် ပဝါနှင့် ကာရံထားသော အမျိုးသမီးတစ်ဦး ထွက်လာခဲ့သည်။

လုရွှမ်၏ မျက်လုံးများသည် အမျိုးသမီး၏ ခြေရာကို စိုက်ကြည့်လိုက်သည်။ သူမ လမ်းလျှောက်လာသော အခါတွင် သူမ၏ ခြေဖဝါးအောက်တွင် ကြာပန်းပုံစံများ ရောယှက်နေပြီး သာမန်မျက်စိဖြင့် မြင်နိုင်သည့် ပုံသဏ္ဌာန်အဖြစ်သို့ပင် ပြောင်းလဲနေပြီ ဖြစ်သည်။

သူတော်စင်တစ်ပိုင်း ဖြစ်စဥ်အချိန်၌ အတားအဆီး မရှိ မပြိုလဲသေးသမျှ ကာလပတ်လုံး သူမသည် အနည်းဆုံး သူတော်စင်နယ်ပယ် ဖြစ်လာပေလိမ့်မည်။

ထူးခြားတာက သူမခန္ဓာကိုယ်ပေါ်က တောက်လမ်းစဥ် အငွေ့အသက်တွေက တခြားသူတွေထက် လိုက်လျောညီထွေ ရှိကာ ကျင့်ကြံခြင်း လောကတွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ကောင်းကင်ကံကြမ္မာ ဓမ္ဓခန္ဓာကိုယ်ကိုပင် ရရှိထား၏။

ကောင်းကင်ကံကြမ္မာ ဓမ္မခန္ဓာကိုယ်!

လုရွှမ်၏ နှလုံးသားသည် အနည်းငယ် ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။ ထိုဒဏ္ဍာရီဆန်ဆန် ပါရမီရှင် ခန္ဓာကိုယ်မျိုး အကြောင်းကို သူကြားဖူးသည်မှာ သေချာပါသည်။

ကောင်းကင်ကံကြမ္မာ ဓမ္မခန္ဓာကိုယ် ရှိသူတစ်ဦးသည် သူ​တော်စင်တစ်ပိုင်း ဖြစ်လာသော အခါတွင် အနည်းငယ်သော အတားအဆီး ကန့်သတ်ချက်များနှင့် ပိတ်ဆို့မှုများ ရှိလိမ့်မည် မဟုတ်ပေ။ ယုတ်ညံ့သူ မဟုတ်ပါက အနာဂတ်တွင် စစ်မှန်သော သူတော်စင်ပင် ဖြစ်လာလိမ့်မည်။

"လုရွှမ်.... ငါတို့နဲ့လိုက်ခဲ့ပါ မင်းက ငါတို့ရဲ့ပြိုင်ဘက် မဟုတ်ဘူး"

မိန်းကလေးရဲ့ အသံက တိတ်ဆိတ် အေးချမ်းနေပေမယ့် သံသယ ဝင်စရာမရှိတဲ့ သဲလွန်စတွေ ပေးနေသလိုပင်။

လုရွှမ် ခဏလောက် စဉ်းစားပြီး

"ကောင်းပြီ... ဒါဆို အစ်ကိုယန် ဆုံးရှုံးသွားတာ ဘာလဲဆိုတာ သွားကြည့်တာပေါ့"

လုရွှမ်၏ တုန့်ပြန်မှုကို နားထောင်ရင်း လူနှစ်ယောက်က လျင်မြန်စွာ ပြေးထွက်လာကြပြီး လုရွှမ်ရဲ့ ပုခုံးကို ဖိထားဖို့ သူတို့လက်တွေကို မြှောက်လိုက်ကြသည်။

သူတို့လက်တွေက ကုတ်ခြစ်ထားနိုင်တဲ့ လှံစွပ်တွေလို ထူထပ်ပြီး လုရွှမ်ပုခုံများကို အပြင်းအထန် ထိုးနေကြသလိုပင်။

"အစ်ကိုပုဆိန်ကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့ ဟုတ်လား?? အရင်ဆုံး အတိုးနည်းနည်း တောင်းရမယ်"

လုရွှမ် သူ့စိတ်ထဲက လှောင်ရယ်လိုက်မိသည်။ ဒီလူအုပ်စုက မောက်မာနေတိုင်း သူတို့ကို တကယ် ကြောက်​နေမယ်လို့ ထင်နေတာလား။ သူ့ကို ပေါ့ပေါ့ပါးပါးလေး ကိုင်တွယ်နိုင်မယ်လို့ ထင်နေတာလားတောင် မသိတော့ချေ။

ဒီလူနှစ်ယောက်ရဲ့ ခွန်အားက ကိုးယောက်ထဲမှာ အဆိုးဆုံးပဲ။

အရှိန်မဆွဲဘဲ လုရွှမ်သည် လက်သီး နှစ်ဖက်စလုံးကို တိုက်ရိုက် ထိုးချလိုက်သည်။ စိတ်ဝိညာဉ်စွမ်းအားရဲ့ ကောင်းမှုကြောင့် သူ၏စစ်မှန်သော စွမ်းအင်များ တိုးလာကာ တစ်သန်း ကျော်သော စွမ်းအားများ ပေါက်ကွဲထွက်လာကာ ထိုနှစ်ဦး၏ လက်ဖဝါးများကို ပြင်းပြင်းထန်ထန် ထိမှန်သွားခဲ့သည်။

"အား....."

နှစ်ယောက်သား အထိတ်တလန့်ဖြင့် ကျိုးကြေသွားသော လက်ဖဝါးနှစ်ဖက်ကို ကိုင်ရင်း အော်ဟစ်လိုက်ကြသည်။ လက်ဆယ်ချောင်းက နှလုံးသားနဲ့ ချိတ်ဆက်ထားပြီး လက်ငါးချောင်းကို တစ်ပြိုင်နက် ဖြတ်ပစ်လိုက်တာက သူတို့ကို တကယ် နာကျင်စေပါ၏။

လုရွှမ်က သူတို့နှစ်ယောက်ကို နောက်ပြန် ကန်ထုတ်လိုက်ပြီးနောက် လူကိုးယောက်ရှေ့ကို လျှောက်သွားလေသည်။

"ယွမ်စံအိမ်ကို သွားရအောင်... အဲဲဒီနေရာကို မင်းတို့ထက် ငါပိုသိတယ်!"

All Chapters