မရှိတော့ဘူး
Vol. 36 Ch. 4.55
"ဟမ့်... အတင့်ရဲလိုက်တာ... သေးငယ်တဲ့ ငါးလေးတစ်ကောင်က ထုံးထျန်းဧကရာဇ်အင်ပါယာက ထုံးထျန်းကျောင်းတော်ရဲ့ ကျောင်းသားတွေရှေ့မှာ ဂုဏ်ယူဝံ့ကြွား နေတယ်ပေါ့လေ... ဓားချက်ကို ကြည့်လိုက်စမ်း!"
ကျောက်ဟန်လို ခေါ်တဲ့ လူတစ်ယောက်က သူ့လက်တွေကို ခါယမ်းလိုက်တော့သည်။ ထိုအခိုက်တွင် သူ့နောက်ကျောမှာ လွယ်ထားတဲ့ ဓားရှည်က ဖြည်းညှင်းစွာ လွင့်ထွက်လာပြီး လုရွှမ်ဆီ ပြေးဝင်သွားခဲ့သည်။
ဓားပျံ?
မဟုတ်ဘူး။ ဒါက ပတ်ဝန်းကျင်ရဲ့ စွမ်းအားကို ချေးငှားယူလိုက်တာပဲ။ လုရွှမ်၏ မျက်လုံးများတွင် အနည်းငယ် စိတ်ဝင်စားသွားသော အရိပ်အယောင်များ ပေါ်လာသည်။
ထုံးထျန်းကျောင်းတော်ကို မပြောနဲ့ ထုံးထျန်းဧကရာဇ် အင်ပါယာကိုတောင် သူတစ်ခါမှ မကြားဖူးဘူး။ ကြည့်ရတာ အဲဒီဧကရာဇ် အင်ပါယာကို အနှစ်သုံးရာအတွင်း တည်ထောင်ခဲ့ပုံပဲ။
နောက်ခံသိပ် မရှိပေမယ့် ဒီကျောင်းသားတွေရဲ့ အရည်အချင်းတွေက ထူးထူးခြားခြား ဖြစ်နေပါပြီ။ ဒီလူတွေသာ ကြီးပြင်းလာမယ်ဆိုရင် သူတို့ဟာ အနာဂတ်မှာ ကြီးကျယ်ခမ်းနားတဲ့ ကျော်ကြားမှုကို ရနိုင်မှာ မဟုတ်ပါလား။
ထိုအခိုက် ဓားပျံကလည်း အလွန်လျင်မြန်စွာ လာနေလေပြီ။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူ့မျက်ခုံးမွှေး စပ်ကြားဆီသို့ ချဉ်းကပ်လာနေပြီ ဖြစ်သည်။
လုရွှမ် စိတ်ဝိညာဉ်စွမ်းအားကို သူ့ရှေ့မှာ ချထားပြီးပြီ။ သူသည် သူ၏ ဝိညာဉ်စွမ်းအင်ကို ဆွဲထုတ်၍ တုန်လှုပ်မှုကို အခွင့်ကောင်းယူကာ အင်အားစုနှစ်ခု ရောယှက်နေစဥ် သူ့လက်ချောင်းများကို မြှောက်လျက် ပျံသန်းလာနေသော ဓားကို ဖမ်းဆုပ်ထားလိုက်သည်။
ဒီလှုပ်ရှားမှုက ဘယ်လောက် အံ့ဩစရာ ကောင်းလိုက်သလဲ ဆိုရင် ဓားပျံပိုင်ရှင် ကျောက်ဟန်ပင် မျက်လုံးပြူး မျက်စံပြူးဖြင့် မယုံနိုင်အောင် ဖြစ်သွားရှာသည်။ သူ့ရဲ့ဓားပျံကို ပြန်ခေါ်ပေမယ့် လုပ်လည်း မလုပ်ရဲသေးချေ။
လုရွှမ်ရဲ့ အမြင်မှာတော့ ဒီလူတွေက ဖန်လုံအိမ် အတွင်းက ပန်းများသာ ဖြစ်သည်။ ဒီလိုလူများနှင့် ဆက်ဆံရာတွင် သူတို့ရဲ့ သာလွန်တဲ့ ခွန်အားကို မခွဲခြားသေးဘဲ သူတို့ရဲ့ အတွေ့အကြုံ မရှိသေးတဲ့ ပုံစံကို ကြည့်လိုက်တာနဲ့တင် ကလေး ကစားစရာလို ဖြစ်နေပါပြီ။
"ဒါက စွမ်းအင် ချေးငှားမှုမျိုးပဲ.... ဒါပေမဲ့ လေးနက်လွန်းတယ် ငါတောင် မလုပ်နိုင်ဘူး"
အမျိုးသမီးက တိတ်တိတ်လေး ပြောလိုက်ပြီး လုရွှမ်ကို ကြည့်လိုက်တဲ့ သူမရဲ့ မျက်လုံးထဲမှာ လုရွှမ်သာ မသိနားမလည်တဲ့ လူတစ်ယောက် မဟုတ်တော့ပေ။
လုရွှမ် ဓားပျံကို ပေါ့ပေါ့ဆဆ လှန်လိုက်ပြီးနောက် ကျောက်ဟန်ထံ ပြန်ပစ်ပေးလိုက်သည်။ ကျောက်ဟန် ကြောင်တက်တက်ဖြင့် ကြည့်ကာ တစ်ဖက်လူက အဘယ်ကြောင့် ဒီအခွင့်အရေးကို မယူလဲ ဆိုတာကို အံ့ဩမိသွားသည်။
ကြမ်းတမ်းသော စကားလုံးတချို့ကို ပြောချလိုက်ချင်သော်လည်း အကြောင်းပြချက် မရှိဘဲ တုန်လှုပ်သွားကာ ပါးစပ် ပိတ်လိုက်ရသည်။
"သွားကြစို့.... ယွမ်စံအိမ်သို့ သွားရအောင် စကားမစပ် ယွမ်စံအိမ်က ဘယ်လိုပစ္စည်းကို ပျောက်သွားတာတဲ့လဲ?"
လုရွှမ် မေးလိုက်သည်။
ဘယ်သူကမှ စကားမပြောရဲပေ။ လုရွှမ်လည်း ဂရုမစိုက်ဘဲ ရှေ့ကို ဆက်ပြေးသွားခဲ့သည်။ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးနောက် ကိုးယောက်လည်း လုရွှမ်ရဲ့ နောက်ကို လိုက်သွားကြတော့သည်။
လုရွှမ်သည် ယွမ်စံအိမ်ကြီးနှင့် အလွန်ရင်းနှီးသူ ဖြစ်သည်။ သူ မြေပြင်ပေါ်သို့ ဆင်းသက်သောအခါ ယွမ်စံအိမ်၏ တံခါးသည် ယခုအချိန်တွင် ပိတ်သွားပြီးဖြစ်ကြောင်း သိလိုက်ရသည်။ အဝေးမှ လှမ်းကြည့်လိုက်ရာ မှုန်မှိုင်းကာ ဆိတ်သုဉ်းသွားသလို ခံစားနေရ၏။
တစ်ခုခု ဖြစ်သွားတာလား?
ယန်လိထန်း အပေါ်မှာတော့ လုရွှမ်ဟာ ခံစားချက် ကောင်းနေတုန်းပါပဲ။ တော်ဝင်အင်ပါယာ ထိပ်သီးစာရင်းမှာ ပထမနေရာ ရထားပေမယ့် သူ့မှာ ကြံ့ခိုင်မှု မရှိသလို မောက်မာမှုလည်း သိပ်မရှိဘူး ဆိုတာ သူသိတယ်လေ။
လုရွှမ် သူ့နောက်က လူအနည်းငယ်ကို ကြည့်လိုက်ရန် ခေါင်းကို လှည့်ကြည့်လိုက်သည်။ ယခုအချိန်တွင် ဒီလူအနည်းငယ်ရဲ့ လက္ခဏာများကို သူသိနေပြီ ဖြစ်သည်။
လူကောင်သေးသေးနဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးကို ကျိုးကျိုးဟု ခေါ်၍ သူမသည် ထုံးထျန်းကျောင်းတော်က ပါရမီရှင်လေး ဖြစ်ကာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့် ၉ ဖြစ်၏။
ကောင်းကင်ကံကြမ္မာ ဓမ္မခန္ဓာရှိ အမျိုးသမီးသည် ယခုတစ်ကြိမ်တွင် ၎င်းတို့၏ လေ့ကျင့်ရေးအဖွဲ့၏ ခေါင်းဆောင် ဖြစ်ပြီး ယန်ရှီးဟု ခေါ်တွင်သည်။ သူမသည် ဒီလူ၉ယောက် အနက်မှ တန်ခိုးအကြီးဆုံးလည်း ဖြစ်သည်။
ယန်ရှီးက ဦးစွာ ဆင်းသက်ကာ တံခါးကို ခေါက်လိုက်ရာ အဘိုးအိုတစ်ယောက် ထွက်လာပြီး လူတိုင်းကို ကြိုဆိုလာသည်။ လုရွှမ်ကို မြင်တော့ ရုတ်တရက် ဒေါသ မျက်လုံးများ ပြူးထွက်ကာ သူ့လက်ထဲမှ ဓားမြှောင်တစ်ချောင်းကို ထုတ်ကာ လုရွှမ်ကို ဓားဖြင့် ထိုးချလိုက်သည်။
ယန်ရှီးလည်း အဖိုးအိုကို ဝင်ကာရင်း လုရွှမ်ကို စိုက်ကြည့်လိုက်ကာ
"ဒါက ယွမ်စံအိမ်ရဲ့ အိမ်စောင့်အသစ် ဖြစ်တဲ့ ဦးလေးဟဲပေါ်ပါ"
လုရွှမ် ဟဲပေါ်၏ လက်မောင်းတွင် ဖုံးအုပ်ထားသော အနက်ရောင် ပိတ်စကို မြင်လိုက်ရတော့ သူ့နှလုံးသား တုန်လှုပ်သွားကာ သူအရင်က ခံစားခဲ့ရတဲ့ အထီးကျန်မှုကို ပြန်သတိရသွားသည်။
"အစ်ကိုယန် တစ်ခုခု ဖြစ်သွားတာလား?"
"မင်းက ငါ့သခင်ကို သတ်လိုက်တာပဲ... ဒီအချိန်မှာတောင် မင်းက ဟန်ဆောင်နေတုန်းပဲပေါ့ ဟမ့် သခင်မလေး.... သခင်အတွက် လက်စားချေဖို့ သူ့ကို သတ်ပစ်ရမယ်!!"
ဟဲပေါ်က ရှုံ့ချအော်ဟစ်လိုက်သည်။
ယန်ရှီး၏ မျိုးရိုးအမည်မှာ ယန်ဖြစ်ပြီး ယန်လိထန်းနဲ့ ဆက်ဆံရေးကို ခန့်မှန်းထားမိသော်လည်း သူ့ရဲ့ ညီမငယ် ဖြစ်နေမယ်လို့ မမျှော်လင့်ထားပေ။
"ဟဲပေါ်... ပေါက်ကရတွေ မပြောနဲ့.... လုရွှမ်က အစ်ကို့ကိုသတ်တဲ့ လူသတ်သမားတော့ မဟုတ်ဘူး"
ယန်ရှီးက ထိုကျွန်ဟောင်းကြီးကို နှစ်သိမ့်ပြီးနောက် လူကို သူ့ဘာသာသူ ထွက်သွားခွင့်ပေးလိုက်သည်။ ထိုလူမှာ ဒေါသတကြီး ထွက်သွားသော်လည်း လုရွှမ်ကို ရံဖန်ရံခါ ပြန်ကြည့်လာသေးသည်။
"ဘာပဲဖြစ်ဖြစ် အစ်ကိုယန်ကို နံ့သာပေါင်းနဲ့ ပူဇော်လို့ ရမလား?"
လုရွှမ် ဆိုလိုက်သည်။
ယန်ရှီးက အသံတစ်ချက်ပြု၍ လုရွှမ်ကို ဝမ်းနည်းခြင်း ခန်းမဆီ ခေါ်သွားခဲ့သည်။ ရုပ်အလောင်းကို ခန်းမရှေ့တွင် ထားရှိထားပြီး ယန်လိထန်းသည် ၎င်း၏နှလုံးပေါ်တွင် ဓားအမှတ်အသားဖြင့် လုံခြုံစွာ လှဲလျောင်းနေ၏။
လုရွှမ်သည် ယန်လိထန်း၏ ရင်ဘတ်ပေါ်သို့ သူ့လက်ဖဝါးကို ညင်သာစွာ ဖိလိုက်ပြီး ဓားသွားကို ချက်ချင်း ခံစားကြည့်လိုက်သည်။ ယန်လိထန်း သေသည်မှာ နှစ်ရက်ရှိပြီ ဖြစ်သော်လည်း ဓားအငွေ့အသက်မှာ မပျောက်သေးပေ။
"မြို့ထောင်ချီမဟာမိတ်မှာ ကျွန်မအစ်ကိုကို သတ်နိုင်တဲ့လူ များများစားစား မရှိဘူး"
ယန်ရှီး ပြောပြီးတော့ အသံတိတ်သွားခဲ့သည်။ သူမ၏ သဘောထားသည် အတော်ပင် တည်ငြိမ်နေသော်လည်း လုရွှမ်အား သူမ၏ သံသယစာရင်းထဲက လုံးဝ မထုတ်ခဲ့ပေ။
လုရွှမ်က သက်ပြင်းချလိုက်ပြီး ယန်ရှီးကို ပြန်ကြည့်လိုက်သည်။
"ငါသိသလောက် မင်းအစ်ကိုကို သတ်နိုင်တဲ့လူက မနည်းပါဘူး.... အပြင်လူဆို ပြောမနေနဲ့တော့... သခင်မလေးယန်ရှီးလည်း ဒီအချက်ကို ကောင်းကောင်း သိမှာပါ.... ဒါဆိုဘာလို့ စိတ်ရှုပ်သလို ဟန်ဆောင်နေရတာလဲ? မင်းအစောက ရတနာတစ်ခု ပျောက်သွားလို့ စုံစမ်းနေတယ်လို့ ပြောခဲ့တယ်... အဲဒါက ဒီအတိုင်း မုသားပြောခဲ့တာပဲ မဟုတ်လား?"
ဒီယွမ်စံအိမ်ကြီးမှာ ရတနာလို့ ခေါ်ဆိုနိုင်တဲ့ အရာကတော့ ဥယျာဉ် နောက်ဘက်မှာရှိတဲ့ နဂါးနှလုံးပဲ ရှိတယ်လေ။
နဂါးနှလုံး တည်နေရာကို တစ်စုံတစ်ယောက်က သတိပြုမိသွားပြီး နဂါးနှလုံး ပျောက်ကွယ်သွားတာကို တွေ့လိုက်ရသဖြင့် ယန်လိထန်ူအပေါ် သူ့ဒေါသကို ပြေပျောက်စေခဲ့တာ ဖြစ်ရမည်။
လုရွှမ် ကျောက်စိမ်းနက်ထဲမှ ပျင်းရိနေသော ကျီးကန်ကို အမြန် ဆက်သွယ်လိုက်သည်။
"စိတ်မပူပါနဲ့... ဒီမှာ ထူးဆန်းတဲ့ ရတနာတစ်ခု ရှိနေတာကို တစ်စုံတစ်ယောက်ကသာ သိနိုင်ခဲ့ရင် မင်းရဲ့ ခန္ဓာကိုယ်ထဲ ထူးဆန်းတဲ့ ရတနာသိုက်ကို ဟိုးအရင်ကတည်းက ရှာတွေ့ပြီးလောက်ပြီပေါ့.... မင်းဒီနေရာမှာ လုံခြုံစွာနဲ့ နေနိုင်မယ်လို့ ထင်နေလား?"
"ကျွန်မနောက်က လိုက်ခဲ့!"
ယန်ရှီးက ပြောပြီး လူအုပ်စုကို ဦးဆောင်၍ ဥယျာဉ် အနောက်ဘက်ဆီ ရောက်လာခဲ့သည်။
နောက်ဖေး ဥယျာဉ်သည် အပျက်အစီး အဖြစ်သို့ ပြောင်းလဲသွားကာ ရေကန်ငယ် တစ်ခုလုံးသည် တွင်းကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။ ရေကန်ဘေးရှိ ရွှေနဂါးရုပ်တုကို ဖယ်ထုတ်လိုက်ပြီး ကျောက်တုံးများ အစိတ်စိတ် အမွှာမွှာ ကွဲထွက်သွားတဲ့ ခြေရာလက်ရာတွေသာ ကျန်ရစ်ခဲ့သည်။
လုရွှမ်ကတော့ ဖျက်စီးသွားသူက ဘယ်သူပဲ ဖြစ်ပါစေ ရယ်စရာလေး တစ်ခုလို ရုတ်တရက် ခံစားလိုက်ရသည်။ ထိုလူသည် ဤနေရာက လျှို့ဝှက်ချက်ကို မတွေ့မိခဲ့ပေ။
ဤနေရာမှ လူများကို အပိုင်းပိုင်း အရိုက်ခံရတာကို ပုံစံအရဆိုရင် ရတနာကို လိုက်ရှာနေပုံရသည်။ သို့သော် လုရွှမ်၏ အမြင်အရတော့ ထိုသူသာ သူ့ဒေါသကို ရှင်းရှင်းလင်းလင်း ဖြေဖျောက်ဖို့ အခုလိုလုပ်လိုက်တာပင်။
"လက်အောက်ငယ်သားတွေရဲ့ စကားအရ ရှင်ဒီကိုရောက်တိုင်း အနောက်က ဥယျာဉ်ကို သွားတယ်... ပြန်ထွက်လာတော့ ရှင့်ရဲ့စွမ်းအားတွေက တဟုန်ထိုး ခုန်တက်သွားတယ်တဲ့... ကျွန်မအမြင်တော့ ရှင်ကျွန်မအစ်ကို ပိုင်ဆိုင်တဲ့ ရတနာတွေကို ရသွားခဲ့တာ သေချာတယ်"
ထိုစကားကို ကြားတော့ လုရွှမ် ပိုလို့တောင် ရယ်ချင်သွား၏။ ရတနာက ဒီမှာရှိတယ်။ ဒါပေမဲ့ နဂါးနှလုံးသားကို သူသိမ်းယူသွားပေမယ့် ဘယ်သူမှ မသိနိုင်ဘူးလေ။ ဒီကျောက်တုံးတွေက နဂါးနှလုံးဆီက နှစ်တွေ အကြာကြီး လွှမ်းမိုးခံခဲ့ရလို့ အနည်းနဲ့ အများတော့ ထူးခြားနေမှာပဲ။
ဒီနေရာအကြောင်းကို အာရုံစူးစိုက်ပြီး နားလည်နိုင်တဲ့ အရည်အချင်းတွေ လုံလုံလောက်လောက် ရှိရင် ကောင်းချီးတွေတောင် ရနိုင်သေးတယ်။ အထူးသဖြင့် ယန်ရှီးပင်။
သူမကိုယ်တိုင်က ကောင်းကင်ကံကြမ္မာရဲ့ ဓမ္မခန္ဓာကိုယ် ရှိပြီး သူမကိုယ်တိုင်တောင် ခံစားလို့ မရနိုင်ဘူးဆိုရင် သူမမှာ အရည်အချင်း မရှိလို့လားပေါ့။
ယခု သူတို့သည် လွန်စွာ လွန်ကဲသော ရတနာများ ခိုးယူခံရခြင်း အကြောင်း ဇာတ်လမ်းကိုပင် ဖန်တီးခဲ့ကြသေးသည်။
ပထမဦးစွာ ပြောရလျှင် ရတနာများသည် အသိဉာဏ်ရှိသည်ဟု မဆိုလိုချေ။ ယန်လိထန်းဟာ ဤနေရာတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး နဂါးနှလုံးသား၏ နက်နဲသော အရာကို ရှာဖွေတွေ့ရှိခြင်း မရှိပေ။
ဒုတိယ အနေနဲ့ကတော့ လက်ရှိအခြေအနေတွေကို ကြည့်ရင် ယန်လိထန်းဟာ သူရင်ဆိုင်ခဲ့ရတဲ့ အခြေအနေကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့ချေ။
"ထားလိုက်ပါ... မင်းအစ်ကို့ကို မျက်နှာသာ ပေးတဲ့အနေနဲ့ မင်းကို အကြံတစ်ခု ပေးပါရစေ.... ဒီမှာ ဘာရတနာတွေမှ မရှိဘူး ဒါပေမဲ့ သေးငယ်တဲ့ သဘာဝစွမ်းအင်တွေကိုတော့ ဖုံးကွယ်ထားတယ်.... ငါ့ရဲ့ ခွန်အားတွေ ဘာကြောင့် ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်လာတာကို မင်း သံသယ ဖြစ်နေရင် စိတ်အေးအေးထားပြီး ခံစားကြည့်လိုက်ပါ...."