← Chapters

အခွင့်အလမ်း

Vol. 36 Ch. 4.56

အခွင့်အလမ်း

Vol. 36 Ch. 4.56

"ရှင်ဘာပြောလိုက်တယ်?"

ယန်ရှီး အံ့အားသင့်သွား၏။

တောက်ဓမ္မလမ်းစဥ် နှင့် သဘာဝစွမ်းအင်တို့ အပေါ် နားလည်သဘောပေါက်ခြင်း အတွက် သူမလို ကောင်းကင်ကံကြမ္မာ ဓမ္မခန္ဓာဖြင့် မွေးဖွားလာသူအတွက် ကြီးမားသော အားသာချက် တစ်ခုဖြစ်သည်။

သူမတောင် မခံစားမိတဲ့ အရာကို သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇လေးပဲ ရှိတဲ့ လူငယ်လေးက လွတ်လွတ်လပ်လပ် ပြောဆိုရဲတယ်တဲ့လား။

လုရွှမ်က ပြုံးလိုက်ပြီး သိပ်မအံ့သြသွားပေ။ အရည်အချင်းက ထူးထူးခြားခြား ဖြစ်ပြီး ယခုအချိန်မှာ သူမက သူတော်စင် တစ်ပိုင်းသို့ မရောက်သေးတာကြောင့် သူမရဲ့ စိတ်အခြေနေမှာ အနည်းငယ် ချို့တဲ့နေဆဲ ဖြစ်သည်။

"ဘာမှမရှိတော့ရင် ငါအရင် သွား​တော့မယ်.... မင်းတို့ဘာသာ ကြည့်ကြည့်ပေါ့"

ကျီးကန်းသည် ရံဖန်ရံခါတွင် အနည်းငယ် ပျင်းနေတတ်သော်လည်း အရေးကြီးတဲ့ အခိုက်အတန့်မှာတော့ စိတ်ချရဆဲ ဖြစ်သည်။

ယန်ရှီး လက်တစ်ဖက် ဆန့်လျက် လုရွှမ်ရဲ့ လမ်းကို ပိတ်ဆို့ထားလိုက်သည်။

"ရှင် အခု ထွက်သွားလို့ မရ​သေးဘူး!"

လုရွှမ်လည်း မျက်နှာပျက်သွားကာ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး

"ငါလုရွှမ်... တစ်နေရာကို သွားချင်ရင် ဘယ်သူမှ မတားနိုင်ဘူး"

"ဟေ့...ကျိုးကျိုး မင်း ဘာလုပ်နေတာလဲ"

အားလုံးက အံ့အားသင့်စွာ အာရုံစိုက်နေစဥ် ကျိုးကျိုးတစ်ယောက် တင်ပျဉ်ခွေ ထိုင်နေတာကို မြင်လိုက်ရသည်။ သူမအသက်ရှုသံတွေ ကြားမှာ နဂါးတစ်ကောင်ရဲ့ အော်ဟစ်သံကို တိုးတိုးတိတ်တိတ် ကြားနေရ၏။

အသံသည် အလွန် နိမ့်ပါးသော်လည်း ဤနေရာတွင်ရှိ လူတိုင်းသည် ထူးကဲသော စွမ်းရည်နှင့် ခွန်အားရှိသော မျိုးဆက်တစ်ခု ဖြစ်ပြီး ကျိုးကျိုး၏ ထူးခြားသော အခြေအနေကို ချက်ချင်း သတိပြုမိလိုက်ကြသည်။

လုရွှမ်လည်း ထိတ်လန့်သွား၏။

သူမတကယ်ပဲ အာရုံခံမိသွားတာလား?

သူက ကျီးကန်းကို အမြန် ဆက်သွယ်လိုက်သည်။ ကျီးကန်းက သူ့ကို ဒါတွေအားလုံး ပြောပြခဲ့တာ ဖြစ်ပြီး စမ်းကြည့်ခိုင်းခဲ့သည်။ မမျှော်လင့်ဘဲ ကလေးမလေးက ထိုစွမ်းအင်ကို အာရုံခံမိသွားခဲ့သည်။

"ဟေး...ထုံးထျန်းကျောင်းတော်က လူတွေက အံ့သြစရာ ကောင်းသားပဲ.... သူတို့မှာ ကောင်းကင်ကံကြမ္မာ ကိုယ်ထည်နဲ့ မြေပြင်ကံကြမ္မာ ခန္ဓာကိုယ် ရှိကြတယ်... ကောင်လေး မင်းကံကောင်းတာပဲ မင်းသာ ဒီမိန်းကလေးကို ရနိုင်ရင် ဟေးဟေး!"

ကျီးကန်းသည် နှစ်ကြိမ်ခန့် ရယ်မောကာ ကျောက်စိမ်းပြားထဲသို့ ပြန်ဝင်ရင်း လုရွှမ်၏ မေးခွန်းကို လျစ်လျူရှုသွားခဲ့သည်။

ယန်ရှီးမှာ စကားမပြောနိုင်တော့ပေ။ ဒါက သူမမျက်နှာကို ပြောင်ပြောင်တင်းတင်း ပါးရိုက်လိုက်သလိုပဲ။

"မနာလို မဖြစ်ပါနဲ့.... မင်းရဲ့ စိတ်က မတည်မငြိမ် ဖြစ်နေလို့.... ​​အဲဒါကို မင်းသတိမထားမိရင် သတိမထားမိလို့ပေါ့.... ဒါက မင်းရဲ့ အခွင့်အရေး မဟုတ်ဘူး ဆိုတာ သိသာတယ်"

လုရွှမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

သူသည် ကလေးမလေး ကျိုးကျိုး၏ အနီးတဝိုက်တွင် ပေါ့ပေါ့ပါးပါး အခင်းအကျင်း တစ်ခု တည်ဆောက်၍ သူမကို ဘက်ပေါင်းစုံမှ ခွဲထုတ်လိုက်သည်။

သူသည် အပြုံးတစ်ဝက်ဖြင့် လူအုပ်ကို ​ပြန်ကြည့်လိုက်သော် တစ်ဖက်လူတွေမှာ ဆူညံသံလေးတောင် မလုပ်ဝံ့ဘဲ ရှက်ရွံ့စွာ ဘေးဖယ်လိုက်သည်။

အမှန်တော့ သူတို့အားလုံးဟာ ဉာဏ်ရည်ထက်မြက်သူတွေမို့ သူတစ်ပါးကို ထိခိုက်နစ်နာစေမယ့် အရာတွေကို လုပ်စရာ မလိုပါဘူး။ လုရွှမ်က ဒါသူတို့အတွက် အခွင့်အရေး မဟုတ်ဘူးလို့ ပြောပေမယ့် သူတို့ကတော့ တင်ပျဉ်ခွေထိုင်ပြီး မျက်လုံးတွေကို မှိတ်လျက်နေ၏။

မည်သို့ပင် ဆိုစေကာမူ ဤသည်မှာ နဂါးနှလုံး၏ သဘာဝစွမ်းအင် ဖြစ်သည်။ စိတ်ဆန္ဒ အနည်းငယ်နှင့် နားလည်နိုင်လျှင်ပင် ရှေ့ဆက်ရမည့်လမ်းသည် ပိုမိုလွယ်ကူလာမည် ဖြစ်သည်။

ယန်ရှီး တိုးတိုးလေး ​ငြီး​ငြူလိုက်ပြီး လုရွှမ်ရှေ့မှာ မျက်နှာချင်းဆိုင် ရပ်လိုက်သည်။ သူမ၏ ပါးပြင်များကို ပိုးပဝါဖြင့် ဖုံးအုပ်ထားသော်လည်း သူမ၏ မျက်လုံးများတွင်တော့ နောင်တရဲ့ အရိပ်အမြွတ်ကို မြင်နိုင်ပါသေးသည်။

အစကတည်းက သူမ ပိုသတိထားမိခဲ့လျှင် ဤအခွင့်အရေးသည် အခြားသူ၏ အလှည့် မဟုတ်နိုင်တော့ပေ။ လုရွှမ်၏ သူ့လက်နှစ်ဖက်ကို သပ်သပ်ရပ်ရပ် ခေါက်ထားပုံကို ကြည့်ရင်း သူမမျက်နှာပေါ်မှ အပြုံးတစ်ဝက်ဖြင့် ခဏတာ စိတ်ဓာတ် ကျသွားခဲ့သည်။

၁၅မိနစ် လောက်ကြာတော့ ကျိုးကျိုူကလွဲရင် ကျန်တဲ့ လူတွေအားလုံး မတ်တပ် ထရပ်ကြသည်။ ဒါက သူတို့ရဲ့ အခွင့်အရေး မဟုတ်မှန်း သိလိုက်ကြပြီး အတင်း မရယူနိုင်ဘူး ဆိုတာကိုလည်း သိလိုက်ရ၏။

နောက်ထပ် တစ်နာရီ ကြာပြီးနောက် ကျိုးကျိုး မျက်လုံးများကို ဖွင့်ကာ ထခုန်လိုက်သည်။ သူမ၏ မျက်လုံးများထဲ၌ အံ့သြစရာများ ပြည့်နှက်နေပြီး လုရွှမ်အား ကျေးဇူးတင်စွာဖြင့် ဦးညွတ်လိုက်၏။

"ကျေးဇူးတင်ပါတယ် အစ်ကိုလုရွှမ်!"

ဒီအခွင့်အလမ်းက နဂါးနှလုံးဆီက ရတဲ့ သေးငယ်တဲ့ စွမ်းအင်လေး တစ်ခုသာ ဖြစ်သော်လည်း နောက်ပိုင်း ကျင့်ကြံတဲ့အချိန်မှာ သူတော်စင်တစ်ပိုင်းကို ပိတ်ဆို့ထားတဲ့ ကန့်သတ်ချက်တွေကို အနည်းဆုံး တစ်ဝက်ခန့် လျော့ကျသွားစေမှာ ဖြစ်လေသည်။

တခြားသူတွေက ကျိုးကျိုးကို ငြူစူတဲ့စိတ်နဲ့ ကြည့်လိုက်ကြသော်လည်း လုရွှမ် အပေါ်ထားတဲ့ သူတို့ရဲ့ သဘောထားကတော့ ပိုယဉ်ကျေးလာကြသည်။ နောက်ဆုံးတော့ လူမိုက်တွေကပဲ သူတို့ကို ကူညီနိုင်တဲ့သူကို စော်ကားကြတာလေ။

သူတို့သာ လုရွှမ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိကောင်း ရှိလာနိုင်မယ် ဆိုရင် အနာဂတ်မှာ အခွင့်အလမ်း တစ်ခုရှိလာတာနဲ့ သူ့ကို စကားတစ်ခွန်းတည်းနဲ့ အကြံပေးခိုင်းလိုက်ရုံပဲ။ ဒါက ကောင်းမွန်တဲ့ အကူအညီ ဖြစ်လာပါလိမ့်မယ်။

ယန်ရှီးလည်း အနည်းငယ် ရှက်သွားမိသည်။ လုရွှမ်အပေါ် ဤကျောင်းသားများ၏ ခံယူချက်များ ပြောင်းလဲသွားတာကို သူမ ရှင်းရှင်းလင်းလင်း ခံစားမိပါသည်။

သူမအိမ်တွင် ဤကဲ့သို့ ထူးခြားသော ရတနာတစ်ခု ရှိနေသော်လည်း သူမ လုံးဝ မသိလိုက်ပေ။ ကျောင်းကို ပြန်ရောက်ပြီးလို့ ဒီအကြောင်းသာ သေချာပေါက် ပျံ့နှံ့သွားလို့ကတော့ ဟာသကြီးလို ဖြစ်နေတော့မည်။

လုရွှမ် ဆိုသည်မှာ အတွေ့အကြုံ အလွန်ကြွယ်ဝသူ ဖြစ်သည်။ ဤကျောင်းသားများ တွေးထင်ထားသည်များကို တစ်ချက် ကြည့်လိုက်ရုံဖြင့် မြင်နိုင်သည်။

ဤလူများသည် ရိုးရှင်းသော စိတ်ထားရှိပြီး ၎င်းတို့သည် လောက၏ အတွေ့အကြုံ များစွာ မရှိကြသော်လည်း ခွန်အားနှင့် နောက်ခံတွင် ထူးကဲစွာ အသုံးဝင်တဲ့ လူတွေပဲ ဖြစ်သည်။

ဒီလိုဆိုရင် နောက်ထပ် မီးထပ် ထည့်​ကြည့်ရအောင်။

"ကျိုးကျိုး.... မင်း ဒီရေကန်တစ်ဝိုက်ကို တစ်ခေါက်လောက် လျှောက်ကြည့်လိုက်... မင်းကံကောင်းရင် ရေကန်ထဲမှာ မတူညီတဲ့ စွမ်းအင်တစ်ခုကို ခံစားနိုင်မှာပါ.... ပြီးရင်တော့ မင်း ခုန်ချပြီး ရတနာတစ်ခုခု ရှိမရှိ ရှာကြည့်ပေါ့"

လုရွှမ် ပြောရင်း လူတိုင်းကို တစ်ချက် ဝေ့ကြည့်လိုက်ကာ။

"ကျိုးကျိုးသာ တကယ် တစ်ခုခုရခဲ့ရင် မင်းတို့လည်း ရေကန်ထဲဝင်ပြီး စမ်းကြည့်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိကောင်းရှိလာလိမ့်မယ်.... သူ့လောက် မဟုတ်ပေမယ့် ဒါက ဆုလာဘ်တစ်ခု ဖြစ်နေတုန်းပဲမလား"

ကျိုးကျိုး ရေကန်ကို အမြန်ဆင်းဖို့ တိုက်တွန်းခံလို​က်ရလို့ ဝမ်းသာသွားပေမယ့် သူမရဲ့ မျက်လုံးတွေက ယန်ရှီးကို အရင်ဆုံး စိုက်ကြည့်လိုက်သေးသည်။

ယန်ရှီးက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး

"တချို့ရတနာတွေက အသိဉာဏ်ရှိတယ်... ကျိုးကျိုး နင်ရနိုင်ရင် ဒါ နင့်အတွက် အခွင့်အရေးပဲ"

"ကျေးဇူးတင်ပါတယ် အစ်မယန်ရှီး"

ကျိုးကျိုး လုရွှမ်ရဲ့ ညွှန်ကြားချက်ကို လိုက်နာပြီး ဝမ်းသာအားရ အော်ရင်း ရေကန်ဘေးကို လျှောက်သွားခဲ့လေသည်။

အားလုံးက ကျိုးကျိုးကို အပူတပြင်း မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ နောက်ဆုံးတွင် ကျိုးကျိုး၏ မျက်လုံးများ တောက်ပလာပြီး ရေကန်ထဲသို့ ခုန်ဆင်းကာ ခဏအကြာတွင် လက်ထဲတွင် နဂါးသွေးသံ တစ်ဖဲ့ကို ကိုင်ဆောင်ကာ တက်လာခဲ့သည်။

"အစ်ကိုကြီးလုရွှမ်... ညီမဒါကို ရှာတွေ့ခဲ့တယ်.... ဒါက ဘာလဲ"

"နဂါးသွေးသံ!"

လူကိုးယောက်၏ အမူအရာများမှာ တအံ့တသြဖြင့် မျက်လုံးများပါ ပြူးကျယ်သွားကြသည်။ နဂါးသွေးသံ ဆိုတာ နာမည်ကြားလိုက်တာနဲ့ သာမန် ပစ္စည်းမဟုတ်မှန်း သိနိုင်၏။

ဒါပေမဲ့ နဂါးသွေးသံ ဆိုတာကိုတော့ သူတို့ တကယ် မကြားဖူးခဲ့ကြပါဘူး။

"နဂါးသွေးသံက နဂါးရဲ့သွေးထဲမှာ စိမ်ထားတဲ့ သံအနှစ်သာရ တစ်ခုပဲ...သဘာဝစွမ်းအင်ရဲ့ သဘောတရားတွေက သံအနှစ်သာရထဲမှာ သဘာဝအတိုင်း ပေါင်းစပ်ထားတယ်... ဒီလိုပစ္စည်းမျိုးက သူတော်စင်နယ်ပယ်က လက်နက်တွေကို သန့်စင်တဲ့နေရာမှာ အသုံးဝင်တယ်..."

လုရွှမ် ပြောလို့မပြီးခင်မှာပဲ လူတိုင်းက ဖက်ထုပ်တွေလိုမျိုး ရေကန်ထဲကို ပြေးဆင်းသွားကြတော့သည်။ ယန်ရှီးသည် ယခုအခိုက်အတန့်တွင် သူမ၏ တည်ငြိမ်မှု ထိန်းထားရန် ဂရုမစိုက်​တော့ဘဲ ရေထဲသို့ ပထမဆုံး ခုန်ဆင်းသွားခဲ့သည်။

ကျိုးကျိုးသည် လုရွှမ်၏ နံဘေးသို့ လျှောက်သွားကာ ရိုသေစွာ ဦးညွှတ်လိုက်ပြန်၏။

"ကျေးဇူးတင်ပါတယ် အစ်ကိုလုရွှမ်"

မျက်နှာသေးသေးလေးနဲ့ အလွန် ချစ်စရာကောင်းပြီး ပွင့်လင်း မြင်သာသော မျက်လုံးဝိုင်းလေး တစ်စုံသည်လည်း အလွန်ဖြူစင်လှသည်။

"အစ်ကိုလုရွှမ်... အစ်ကို ဒါကို သိထားရက်သားနဲ့ ဘာလို့ဆင်းပြီး မယူတာလဲ?"

လုရွှမ် သူ့စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောလိုက်မိသည်။ ဒီအရာများတွေကို အမြောက်အများ စုဆောင်းထားပြီး အားလုံးကို ကျောက်စိမ်းပြားထဲ ပစ်ချထားတယ်လေ။

ဒါ့အပြင် သူစုဆောင်းထားတဲ့ အရာများတွေ နဂါးနှလုံးသားနှင့် အနီးစပ်ဆုံး ရှားပါးပစ္စည်းများ ဖြစ်သည်။

"ငါအရင်က တစ်ခု ရထားပြီးသား... လူကြီးလူကောင်းတွေက လောဘကြီးတာ မကောင်းဘူး... ဒါကြောင့် မင်းတို့ရဲ့ အခွင့်အရေးကို လုယူစရာ မလိုဘူး။ ဒါတင်မကဘူး ဒါက အစ်ကို ယန်လိထန်းရဲ့ အမွေအနှစ်ပဲလေ.... ငါက သူ့သူငယ်ချင်း ဆိုတော့ လောဘထားလို့ ဘယ်ဖြစ်ပါ့မလဲ?"

ကလေးမလေး ကျိုးကျိုး၏ မျက်လုံးများသည် နေရောင်ခြည်တွေလို အလွန်အမင်း တောက်ပနေပြီး လုရွှမ် နီးကပ်လာသည်ကို ကြည့်နေမိသည်။

သိပ်မကြာခင်မှာပဲ လူရှစ်ယောက်ဟာ တစ်ယောက်ပြီး တစ်ယောက် ခုန်ထွက်လာကြ၏။ ခုနစ်ယောက်က သူတို့မျက်နှာပေါ်က ပျော်ရွှင်မှုကို မတားဆီးနိုင်ပေမယ့် သူတို့ထဲက တစ်ယောက်ပဲ မျက်နှာပေါ်မှာ နောင်တရတွေ ရှိနေခဲ့လေသည်။

ယန်ရှီး သူမ မျက်နှာပေါ်က ပိုးပဝါကို ချွတ်ထားပြီး လှပသော ပါးပြင်များဖြင့် လုရွှမ်ကို ပြုံးပြလိုက်၏။ လုရွှမ်ကို အနည်းငယ် နားမလည်နိုင်သော မျက်လုံးများဖြင့်ပါ ကြည့်နေသေးသည်။

All Chapters