← Chapters

လူအုပ်ကြီးရှေ့မှာ

Vol. 36 Ch. 4.57

လူအုပ်ကြီးရှေ့မှာ

Vol. 36 Ch. 4.57

သူမသည် ရေကန်ထဲတွင် ရှိနေသော်လည်း သူမ၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် သတိဝီရိယကို လုံးဝမလျှော့ဘဲ ပြင်ပကမ္ဘာ၏ လှုပ်ရှားမှုကို အာရုံစိုက်နေဆဲ ဖြစ်သည်။ လုရွှမ်ရဲ့ စကားကိုကြားပြီးနောက် မမျှော်လင့်ဘဲ သူမသည် သူ့ကိုယ်သူ ထူးကဲသော လူတစ်ယောက်အဖြစ် မှတ်ယူကာ ဝိညာဉ်စွမ်းအားကိုလည်း မွေးမြူထားသောကြောင့် လုရွှမ် သူမကို လုံးဝသတိမထားမိနိုင်ပေ။

လုရွှမ်က သူမရဲ့ သေးငယ်တဲ့ မျက်လုံးတွေကို မြင်ဖူးပြီးသား ဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ။

"သခင်မလေး"

ဟဲပေါ်သည် သူ့မျက်နှာထက်တွင် အေးစက်စက် ပြုံး၍ လျှောက်လာ၏။

"သခင်မလေး.... အဂ္ဂိရတ်ပညာရှင် အဖွဲ့က ကျုပ်တို့ အိမ်တံခါးဝမှာ လူတစ်စုနဲ့အတူ ရောက်လာပါတယ်"

လုရွှမ် ဟဲပေါ်ကို တစ်ချက် ကြည့်လိုက်တာနဲ့ သူ့စိတ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ပြီ။ ထိုလူ၏ မျက်လုံးများသည် မုန်းတီးလိုစိတ်များ ပြည့်နှက်နေသော်လည်း သူ့ကံဆိုးမှုအတွက် ကြည်နူးနေပုံ မပေါ်ပေ။

ဒီလူကြီးက တံခါးဝက လူတွေကို ဒီကို ခေါ်လာခဲ့တာ သိသာပေ၏။

ယန်ရှီးနဲ့ တခြားသူတွေက လုရွှမ်ကို စိုက်ကြည့်နေကြသည်။ လုရွှမ်လည်း ခပ်ဖွဖွ ပြုံးရယ်ပြီး

"စိတ်မပူပါနဲ့ ကိစ္စမရှိပါဘူး.... ငါကိုယ်တိုင် ဖြေရှင်းပေးပါ့မယ် ဟဲပေါ် လမ်းပြပါ...."

သူ့လက်မောင်းကို ဟဲပေါ်ရဲ့ ပခုံးပေါ်တင်ကာ တံခါးဆီသို့ ထွက်ခွာသွားခဲ့သည်။

"ယန်ရှီး.... ငါတို့နောက်က လိုက်သွားသင့်လား?"

"ဟုတ်တယ်... ကြည့်ရတာ လုရွှမ်က ဒီလောက်လည်း ဆိုးမိုက်တဲ့ပုံ မပေါ်ပါဘူး"

ကျောက်ဟန် သူ့လက်ထဲက နဂါးသွေးသံတုံးကြီးကို ပွတ်သပ်ရင်း ဆိုလိုက်သည်။

ရေကန်ထဲမှာ သူစမ်းကြည့်ပြီးပြီ။ နဂါးသွေးသံနဲ့ နှိုင်းယှဥ်လိုက်ရင် သူ့လက်ထဲက ဓားဟာ ယှဉ်လို့လို့တောင် မရတဲ့ အမှိုက်တစ်ခုပဲ။ နဂါးသွေးသံ အပိုင်းအစက လုရွှမ် သူတို့အတွက် ပေးလာတဲ့ အခွင့်အရေး တစ်ခုပဲ။

လုရွှမ်ကို သူ့နှလုံးသားထဲတွင် ကျေးဇူးတင်​နေမိသည်။ သူဟာ ဂုဏ်သိက္ခာရှိသော ထုံးထျန်းကျောင်းတော်က သူတော်စင် တစ်ပိုင်းထဲသို့ ခြေလှမ်းစတော့မည့် ပါရမီရှင်တစ်ဦး ဖြစ်ပြီး တစ်ဖက်က ကရုဏာ စေတနာဖြင့် ကူညီခဲ့လျှင် ပြန်လည်ပေးဆပ်ရမည်။

အထူးသဖြင့် နိုင်ငံငယ်လေးမှ လူတစ်ဦး၏ ကြင်နာမှုကို လုံး၀ အကြွေးမထားနိုင်ပါ။

"ဟုတ်ပါတယ်... မမယန်ရှီး... အစ်ကိုလုရွှမ်က လူကောင်း တစ်ယောက်ပဲလို့ ညီမ ခံစားရတယ်"

ကျိုးကျိုးက ယန်ရှီးရဲ့ လက်မောင်းကို ကိုင်လိုက်ပြီး ညင်သာစွာ လွှဲယမ်းလိုက်သည်။

ယန်ရှီးလည်း အံကြိတ်ကာ

"ကောင်းပြီ ဒါဆိုလည်း အပြင်ထွက်ကြည့်ရအောင်"

လူကိုးယောက် သူ့နောက်က လိုက်လာတာကို လုရွှမ် ရှင်းရှင်းလင်းလင်း ခံစားမိပါ၏။ သူ့နှလုံးသားထဲမှာ တိတ်တိတ်လေး ပြုံးနေပြီး သူ့ပါးစပ်ထောင့်က ကျေနပ်နေတဲ့ အရိပ်အမြွက်ကို ထုတ်မပြဘဲ မနေနိုင်တော့ပေ။

ဟဲပေါ်ရဲ့ မျက်လုံးတွေကို မြင်တော့ လုရွှမ် တိုးတိုးလေး အသံပြုလိုက်သည်။ လုရွှမ် သူ့လက်ဖဝါးထဲကို အားနည်းနည်း ထပ်ဖြည့်လိုက်တော့ ဟဲပေါ်ရဲ့ ပါးစပ်ထောင့်က လှုပ်ယမ်းသွားပြီး လုရွှမ်ကို ဒေါသတကြီး စိုက်ကြည့်ရင်း ညည်းလိုက်သည်။

"မင်းသခင်မလေးကို အရူးလုပ်လို့ ရမယ်....ငါ့ကို လုပ်လို့မရဘူးကွ! ငါ့သခင်ကို မင်းသတ်ခဲ့တာ ငါသိတယ်"

လုရွှမ် နည်းနည်းတောင် သံသယ ဖြစ်လာမိသည်။ ဒီအဘိုးအိုရဲ့ လုပ်ရပ်က နည်းနည်းတော့ လွန်လာသလိုပဲ။ အဘိုးအိုရဲ့ ခွန်အားက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅ မှာပဲ ရှိသေးတယ်။

သူ့ကိုယ်ပိုင် နာမည်ဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ် ကတည်းက မြို့ထောင်ချီမဟာမိတ်မှာ ပျံ့နှံ့သွားပြီး လူသတ်နတ်ဘုရား မျိုးဆက်သစ် အဖြစ် ကျော်ကြားလာခဲ့၏။

နတ်ဆိုးတစ်ကောင်လိုပဲ လူမြင်ရင် လူသတ်၊ တစ္ဆေမြင်ရင် တစ္ဆေကို သတ်နေတဲ့လူပဲ။ လုံးဝ သနားညှာတာမှု မရှိဘူး။

ဒီအဘိုးကြီးက မကြောက်ဘူးလား။ သူက တကယ်ပဲ တစ်ချိန်လုံး ယွမ်စံအိမ်ရဲ့ အိမ်ထိန်းတစ်ယောက် ဖြစ်ခဲ့ရင် သူ့ကို ထပ်ခါထပ်ခါ မနှိုးဆော်တာတော့ ကောင်းလိမ့်မယ်။ ဒါပေမဲ့ အသစ်ရောက်လာတဲ့ ဒီလူက တမင်တကာ သူ့ဒေါသကို ဆွဲနေတာများလား။

ဘာကိုမှ ဂရုမစိုက်ဘဲ အသက်ရှင်​ခြင်းနဲ့ သေခြင်းကို လျစ်လျူရှုပြီး ခွန်အားရှိသလောက်နဲ့ ရှေ့ကို ဆက်တိုးနေရင်တော့ အကျိုးမရှိတဲ့ အကျိုးစီးပွားပဲ ဖြစ်​နေ​တော့မည်။

လုရွှမ် ထိုအဘိုးအိုကို လေးလေးနက်နက် စိုက်ကြည့်ပြီးနောက် ယွမ်စံအိမ်ကြီး၏ တံခါးဝဆီသို့ ရောက်လာခဲ့သည်။ စံအိမ်ရဲ့ အကာအကွယ် အခင်းအကျင်းကို မဖွင့်ထားဘဲ လုံးဝ ဗလာထားထားတာက ဒီအဘိုးကြီးရဲ့ လက်ချက်ပဲ ဖြစ်လိမ့်မည်။

တံခါးအပြင်ဘက်မှာ မှောင်နေပြီး လူတွေဟာ ပင်လယ်ရေပြင်လို ပေါများလွန်းလို့ ပမာဏက တစ်သောင်းပင် မကလောက်ချေ။ လုရွှမ် ရောက်လာတာကို မြင်တော့ အော်ဟစ်နေတဲ့ လူအုပ်ကြီးက ချက်ချင်း တိတ်ဆိတ်သွားပြီး ရန်လို​နေတဲ့ မျက်လုံးများဖြင့် စိုက်ကြည့်နေကြ၏။

အကယ်၍ ဒီမျက်လုံးများသာ သတ်နိုင်ခဲ့ပါက လုရွှမ်တော့ တခဏအတွင်း အကြိမ်ပေါင်း ထောင်သောင်းချီ၍ သေဆုံးရပေလိမ့်မည်။

ခန္ဓာကိုယ်ကို ပေါ့ပါးစွာ ပျံသန်းလိုက်ရင်း အဘိုးအိုကို ပေါ့ပေါ့တန်တန် လှဲချလိုက်သည်။ ထို့နောက် လူအုပ်ကြီးဘက်ကို လှည့်လိုက်၏။

"လူတိုင်း ဒီကိုလာရတာ အဆင်ပြေကြရဲ့လား?"

အသံက ကြည်လင်ပြီး အမူအရာက တည်ငြိမ်လွန်းလှသည်။ လူတိုင်းကို ဘာမှမတန်သလိုမျိုး မျက်လုံးတွေက အဆင့်အတန်း တစ်ခုနဲ့ ကြည့်နေသယောင် ​​အသွင်အပြင်ကလည်း အဆီးအတားမရှိ ထူးကဲနေ၏။

ဒီမြင်ကွင်းကို လူတိုင်း မြင်လိုက်ရတော့ လူတော်တော်များများက အေးခဲသွားသလိုတောင် ခံစားလိုက်ရသည်။ ပူလောင်တဲ့စိတ်တွေ ချက်ချင်း ငြိမ်သက်သွားပြီး ကိုယ့်ကိုယ်ကို ရဲတင်းဖို့ ကြိုးစားရင်း ပတ်ဝန်းကျင်ကို တိတ်တဆိတ် ကြည့်လိုက်ကြသည်။

သူ့ပတ်ဝန်းကျင်က လူတွေကို ပိုမြင်သွားအောင် တိတ်တိတ်လေး ဂရုတစိုက် ကျောခိုင်းပြီး လူအုပ်ထဲကို ညှစ်နေလိုက်တာ ကောင်းမယ်ထင်တယ်။

သေဆုံးသွားတဲ့ လူတွေက ညံ့ဖျင်းတဲ့ ကျင့်ကြံသူတွေ မဟုတ်ဘူးလေ။ လူတိုင်းက အပျော်သက်သက်နဲ့ ကိုယ့်ဘဝကို စွန့်လွှတ်လိုက်ရတာ တန်ပါ့မလား။

အနောက်မှလာသော လူကိုးယောက်သည် သူတို့၏ မျက်လုံးများထဲ ဒီအရာအားလုံးကို မြင်ပြီးနောက် တစ်ကိုယ်လုံး အေးခဲသွားကြကာ လုရွှမ်ကို အထိတ်တလန့်ဖြင့် ပို၍ကြည့်နေကြသည်။

ဤလူများ၏ ခွန်အားသည် အလွန်မြင့်မားခြင်းမရှိပါ။ အမြင့်ဆုံးမှာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉သာ ဖြစ်သော်လည်း လူများစွာဖြင့် စုစည်းထားသော ဝိညာဥ်ချီများသည်လည်း အားကြီးစွာ လွှမ်းခြုံထားသည်။

လုရွှမ်၏နောက်တွင် အနီးကပ် ရပ်နေသော လူများစွာသည် ကျောကုန်းတစ်လျှောက် ချွေးများ စီးကျနေပါပြီ။ လုရွှမ်ရဲ့ ငြိမ်သက်အေးချမ်းမှုကို မြင်လိုက်ရသော အကြောင်းပြချက်မရှိဘဲ သူတို့၏ နှလုံးသားကို အေးစက်မှုက လွှမ်းခြုံသွားသည်။

ငါ သူ့လောက်ကို မတော်ဘူး!

လူအနည်းငယ်သည် ၎င်းတို့၏ ရန်လိုခြင်းသဘောကို လျင်မြန်စွာ စွန့်လွှတ်လိုက်သော်လည်း လုရွှမ်၏ အထိန်းအကွပ်မဲ့ မောက်မာသော စိတ်ဓာတ်သည် ၎င်းတို့၏ နှလုံးသားထဲသို့ ထိုးဖောက် ဝင်ရောက်နေပြီ ဖြစ်သည်။

"အစ်ကိုကြီး လုရွှမ်က အရမ်းအစွမ်းထက်တာပဲ!"

ကျိုးကျိုးက ထူးထူးခြားခြား အသက်ဝင်နေတဲ့ မျက်လုံးတွေက ကြည်လင်နေပြီး သူမ ထိုစကားကို ပြောထွက်လာဖို့ နည်းနည်းလေးတောင် တုံ့ဆိုင်းမနေခဲ့ဘူး။

ယန်ရှီးက ပေါ့ပေါ့ပါးပါး အသံပေးလိုက်ပေမယ့် သူမ ခေါင်းမညိတ်ဘဲ မနေနိုင်ခဲ့ပေ။ ဒီကောင်လေးက တော်တော်ကို အံ့သြစရာကောင်းတာတော့ အမှန်ပဲလေ။

ဒီလို မာနကြီးတဲ့သူက အစ်ကိုကို ခိုးဝင်တိုက်ခိုက်မှာလား? သူမစိတ်ထဲမှာ သံသယတွေ ရှိနေပြီလေ။

"လုရွှမ်... ငါမင်းကို ပြောလိုက်မယ်! ဒီနေ့ကမင်းရဲ့ သေနေ့ပဲ!! မင်းအရင်က ဆေးဥယျာဉ်ထဲမှာ ပုန်းနေခဲ့တာ မင်းကို လွှတ်ပေးထားတာက ဆေးဖက်ဝင်ပစ္စည်းတွေ အများကြီး ပေးပြီး ငါတို့ရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ ဆေးဥယျာဉ်ကို လေးစားလို့ပဲ.... အဲဒါကြောင့် မင်းကို တံခါးဝမှာ မတိုက်ခိုက်ခဲ့တာ.... ဒါပေမဲ့ မင်းကိုယ်တိုင်က သေခြင်းတရားကို ဆွဲဆောင်နေမှတော့ ငါတို့လည်း အားနာမနေတော့ဘူး"

"ဟမ်.... မင်းထွက်လာ​ပြီ ဆိုကတည်းက ဒီကိုလာ​ပြီး အသေခံလိုက်တော့!"

လုရွှမ် စကားပြောနေသော လူကို တစ်ချက် ကြည့်လိုက်သည်။ ထိုလူ၏ မျက်နှာသည် နီမြန်းနေပြီး နဖူးမှာ ချွေးများဖြင့် ဖုံးလွှမ်းနေ၏။ ဟန်ဆောင် အထင်အမြင်သေးသည့် ဟန်ပန်ဖြင့် ခေါင်းကိုမော့ကာ လည်ချောင်းများကို လှုပ်ရှား ထိန်းထားရန် ပြတ်ပြတ်သားသား ကြိုးစားနေရရှာသည်။

ဒီလို မြင်ကွင်းမျိုးက သူ့ကို ကြောက်လန့်သွားစေမယ်လို့ ထင်နေတာလား?

လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ ဒီလူအများစုဟာ သူ့လောက် မသန်မာဘူး ဆိုပေမယ့် သူ့ထက် သန်မာတဲ့ သူတွေလို့လည်း သိပ်မရှိပါဘူး။ သူ့ကို အတူတူ လိုက်ဖမ်းပြီး သတ်ပစ်ချင်​နေတဲ့ မြင်ကွင်းတွေကို အရင်ဘဝကတည်းက မကြာခဏ ကြုံဖူးပြီးသားလေ။

အရင်ဘဝက ဂိုဏ်းကြီးခြောက်ဂိုဏ်းမှာ ဘယ်ဂိုဏ်းကမှ သူ့ကို လိုက်မဖမ်းမိခဲ့ဖူးပေ။ အကျပ်အတည်းဆုံး အချိန်မှာတောင် ဂိုဏ်းကြီးသုံးဂိုဏ်းကပင် သူ့ကို တစ်ညီတစ်ညွတ်တည်း လိုက်၍ အလွန်အမင်း ကျွေးမွေးနေခဲ့ရသေး၏။

နောက်ဆုံး၌ ဂိုဏ်းတစ်ခုသို့ ဝင်ခဲ့ပြီးနောက် သူ့ကိုလိုက်သတ် ချင်နေတဲ့ လူတွေကို အလိုအလျောက် နောက်ဆုတ်သွားစေခဲ့သည်။

"ကောင်းပြီ... ဒါဆို ငါအဲဒီကိုလာခဲ့မယ် ငါ့ကို ဘယ်သူသတ်ရဲလဲ"

လုရွှမ် ပြုံးပြီး ခြေလှမ်းကျယ်ကြီးတွေနဲ့ ထွက်လာပြီး အဲဒီလူရဲ့ ရှေ့ကို လှမ်းလိုက်စဥ်။

"မင်း... မင်း ဒီကိုမလာနဲ့!! ငါက ဒီအတိုင်း သံတမန်တစ်ယောက်ပဲ"

လုရွှမ်ရဲ့ ခြေလှမ်းတွေကို ကြည့်ရင်း ထိုလူဟာ ခဏလောက် အကြပ်ရိုက်သွားပြီး နောက်ဆုံးမှာ အော်ဟစ်လိုက်တော့သည်။ ထို့နောက် ရှက်ရွံ့ပြီး လူအုပ်ထဲကို ပြေးဝင်သွားလေ၏။

ယွမ်စံအိမ်ထဲရှိ လူကိုးဦးသည် ကျယ်လောင်စွာ ရယ်မောလိုက်ကြပြီး အမြဲတမ်း မပျော်မရွှင် ဖြစ်နေသော ယန်ရှီးတောင်မှ ယခုအချိန်တွင် အကြိမ်အနည်းငယ် မရယ်ဘဲ မနေနိုင်​တော့ပေ။

"ငါလာမယ်!!"

အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လူတိုင်း နောက်သို့ လှည့်ကြည့်လိုက်ရာ အရိပ်တစ်ခု ပျံသန်းလာ၍ လူကြီးတစ်ယောက် ထွက်လာသည်။ ခါးမှ တွဲလောင်းကျနေသော ဓားတစ်ချောင်းနဲ့ အတူ အရှိန်အဝါတစ်ခုကိုလည်း ထုတ်လွှတ်ထား၏။

ထိုသူသည် ဓားကိုဆွဲထုတ်ကာ လုရွှမ်အား ဓားထိပ်ဖျားဖြင့် ထိုးညွှန်လျက်။

"ကောင်လေး .... မင်းကိုသတ်လိုက်တာ မင်းအဖိုးပဲလို့သာ မှတ်လိုက်!"

အော်ဟစ်သံ အဆုံးတွင် ထိုလူသည် ၎င်း၏ဓားကို မြင့်တင်ကာ လုရွှမ်ဆီသို့ အစွမ်းကုန် ခုတ်ချလိုက်​တော့သည်။

လုရွှမ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဒီကောင်က သေဖို့များ ဖိတ်ခေါ်နေတာလား?

All Chapters