← Chapters

သွေးပိုးကောင်

Vol. 36 Ch. 4.58

သွေးပိုးကောင်

Vol. 36 Ch. 4.58

ထိုလူ၏ ခွန်အားသည် သေမျိုး အသွင်ပြောင်းခြင်းနယ်ပယ် အဆင့် (၈) ဆင့်သာ ရှိပြီး ပျံသန်းတာတွေလည်း မလုပ်နိုင်ပေ။ ဒီလောက်လေးနဲ့ သူ့ကို သတ်မယ်တဲ့လား။

သူက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇သာ ရှိပေမယ့် သူ့ခွန်အားက တခြားလူတွေနဲ့ မတူဘူးလေ။ ဒီခွန်အားက တခြားသူဆီက အနိုင်ကျင့်ခံရမယ်တဲ့လား။

ထန်း!

ပီသပြက်သားသော အသံနှင့်အတူ ဓားဖျားသည် လုရွှမ်၏ ခေါင်းထက်တွင် ရပ်သွားပြီး လုရွှမ် သူ့လက် တစ်ဖက်တည်းဖြင့် ဖမ်းထားလိုက်သည်။

"ဟေးဟေး... ကျုပ်က နောက်နေတာပါ... သူရဲကောင်း လုရွှမ်က တကယ်ကို ချောမောပြီး ခွန်အားကလည်း သာလွန်ထူးကဲတယ်... လောကမှာ နံပါတ်တစ်ပဲ... ကျွန်တော် ရုတ်တရက် ဆေးမသောက်ရသေးတာကို သတိရလို့ ဆေးအရင် ပြန်သွားယူလိုက်ဦးမယ်..."

လူတိုင်း အံ့အားသင့်သွားစဥ် လုရွှမ်က ထိုလူကို ပြန်ကန်ထုတ်လိုက်​လေသည်။

ယန်ရှီးဘေးက လူတိုင်းလည်း သည်းမခံနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

"အဟားဟား...."

"ငရဲကို သွားလိုက်တော့!"

ဓားအလင်းတစ်ခု ရုတ်တရက် လွင့်ထွက်လာပြီး လေထဲ၌ လှည့်ပတ်ကာ ဆုတ်ခွာသွားရသော လူကို နှစ်ပိုင်း ဖြတ်ပစ်လိုက်သည်။

သွေးတွေ ဖျန်းခနဲ စီးကျလာပြီး ထိုလူရဲ့ခေါင်းက ခပ်မြင့်မြင့် ပျံထွက်သွားကာ လုရွှမ်ရဲ့ နံဘေးကို လိမ့်ကျလာခဲ့လေသည်။ ယန်ရှီးနဲ့ တခြားသူတွေကလည်း အဲဒီလူရဲ့ မျက်နှာပေါ်က ဝမ်းနည်းစရာကောင်းတဲ့ အပြုံးကိုတောင် ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရ၏။

ခဏအတွင်း သူ့ဦးခေါင်းက ခန္ဓာကိုယ်ကနေ ရွေ့သွားရမယ်လို့ မထင်ထားဘူး။ လုရွှမ်ရဲ့ အကြည့်တွေလည်း ရုတ်တရက် အေးစက်သွားတော့သည်။

ဒီက???

လုရွှမ် အဲဒါကို တွေးတောင် မတွေး​တော့ဘဲ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး အခင်းအကျင်း တံဆိပ်ပြား တစ်ခုကို ပစ်ချလိုက်သည်။ စိတ့ဝိညာဉ်စွမ်းအားတွေ လွင့်စင်သွားကာ သူ့ခန္ဓာကိုယ် တစ်ဝိုက်ကို ပိတ်ဆို့​စေတဲ့ စွမ်းအင် အကွက်တစ်ခုကို အမြန်သတ်မှတ်လိုက်ပြီး သေးငယ်တဲ့ အခင်းအကျင်း တစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့၏။

လေထုထဲရှိ ထိုဦးခေါင်းသည် လူတိုင်း၏ မြင်ကွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

နောက်အခိုက်အတန့်မှာတော့ လုရွှမ်ရှေ့မှာ ထူးဆန်းစွာ ပေါ်လာပြီး ကျယ်လောင်တဲ့ပေါက်ကွဲသံနဲ့အတူ သွေးတွေ ဖြန်းခနဲ ပန်းထုတ်ရင်း လုရွှမ်ရဲ့ ခန္ဓာကိုယ်ကို ဖုံးအုပ်ပစ်တော့သည်။

ယန်ရှီး နှင့် အခြားသူများသည် အလွန် ပါးနပ်လှပြီး ပြန့်ကျဲလာသော သွေးများကို ရှောင်ရှားကာ လျင်မြန်စွာ ဆုတ်ခွာ သွားကြသော်လည်း လူတစ်ယောက်ကတော့ သွေးစက်အနည်းငယ် စွန်းထင်သွား၏။

"ဟား ရှောင်ပိုင်.... မင်းက အရမ်းမိုက်တာပဲ.... ရတနာကိုတောင် ရှာမတွေ့သေးဘူး လူသေရဲ့ သွေးက မင်းတံခါးဆီကို အလိုလို ရောက်လာတာပဲကွ"

ကျောက်ဟန်က ရယ်ပြီး တခြားသူတွေကလည်း ရှောင်ပိုင်ကို ကြည့်၍ ပြုံးလိုက်သည်။ ရှောင်ပိုင်ကတော့ ပြင်းထန်စွာ ဟောက်လိုက်ပြီး သူ့လက်ချောင်းများ ကြားမှ သွေးတစ်စက်ကို ဖမ်းယူလိုက်သည်။

ကျောက်ဟန်က အနီးဆုံးမှာ ရှိနေလို့ ထိုသွေးတစ်စက် အမှန်တကယ် ရွေ့လျားနေကြောင်း ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ဤအခိုက်အတန့်တွင် ၎င်းကို သွေးစွန်းသွားတယ်လို့ မခေါ်ဆိုနိုင်တော့ဘဲ သွေးနီရောင် ပိုးကောင် သွားလာနေတာ ထင်ရှား​နေလေပြီ။

ပိုးကောင်ငယ်လေးသည် ချွန်ထက်သော ဦးခေါင်း ပါရှိပြီး ရှောင်ပိုင်၏ လက်ချောင်းများ အပေါ် ရွေ့လျားနေရင်း လက်ချောင်းများ အတွင်းသို့ မထင်မှတ်ပဲ ထိုး​ဖောက်သွားခဲ့သည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ အခြား သွေးစက်များသည် ယခုအချိန်တွင် သေးငယ်သော ပိုးကောင်များ အဖြစ်သို့ ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်အတွင်းရှိ အပေါက်များ ဖောက်၍ သူ့ခန္ဓာကိုယ်ထဲသို့ အလွန်လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။

ရှောင်ပိုင် အော်ဟစ်လိုက်တဲ့ အချိန် သူ့ခန္ဓာကိုယ်က လေထဲမှာ ပျံတက်သွားပြီး တစ်ဖန် ပြုတ်ကျလာခဲ့၏။ မြေကြီးပေါ် နာကျင်စွာ လူးလိမ့်ရင်း အော်ဟစ်နေတော့သည်။

"သူ့မျက်လုံးတွေကို ကြည့်လိုက်"

ကျိုးကျိုး ရုတ်တရက် အသံထွက်လာပြီး အင်မတန် ထိတ်လန့်သွား၏။

ရှောင်ပိုင်ရဲ့ မျက်လုံးထဲကနေ ပိုးကောင်သေးသေးလေး တစ်ကောင် ဖောက်ထွက်လာလိုက် သူ့ခန္ဓာကိုယ်ထဲကို ပြန်ဝင်သွားလိုက် လုပ်နေတာက အလွန် ကြောက်စရာ ကောင်းလှသည်။

ရွှမ်း!

ဓားအလင်း တစ်ချက် ထွက်ပေါ်လာပြီး ရှောင်ပိုင်ရဲ့ ခေါင်းကို ခွဲထုတ်ပစ်လိုက်သည်။

ကျောက်ဟန် မကြည့်ရက်တော့၍ လှုပ်ရှားလိုက်ရခြင်းသာ ဖြစ်၏။ ရှောင်ပိုင်က သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်း ဖြစ်ပြီး သူတို့နှစ်ယောက် အတူတူ လေ့ကျင့်ဖို့ ကျောင်းကို ဝင်ခဲ့ကြပေမယ့် အခုတော့ သူငယ်ချင်းက ဒီထူးဆန်းတဲ့ ပိုးကောင်တွေရဲ့ နှိပ်စက်ခြင်းကို ခံနေရပြီ။

ပိုးကောင်တွေက သူ့စိတ်ထဲ အထိကို ထိုးဖောက်ဝင်ရောက်နေပြီ ဖြစ်လို့ သူ့ကို ကယ်တင်ဖို့ နည်းလမ်း မရှိတော့ဘူး ဆိုတာ သိသာပါ၏။ သူ့ဓားနဲ့ ရှင်းထုတ်လိုက်တာက ရှောင်ပိုင်ရဲ့ နာကျင်မှုကို သက်သာရာရစေလိမ့်မည်။

"ဒုက္ခပဲ!" ကျိုးကျိုးက အော်လိုက်ပြီး

"လူတိုင်း မြန်မြန် ကာကွယ်ကြ!! ခေါင်းက ပေါက်ကွဲတော့မယ်!!"

ယန်ရှီးနဲ့ တခြားသူတွေက လျင်မြန်စွာ တုံ့ပြန်လိုက်ကြသည်။ တကယ်တော့ ခေါင်းက ပေါက်ကွဲသွားတာကြောင့် ဒီထူးဆန်းတဲ့ ပိုးကောင်တွေ ထွက်လာတာပဲ။ အခု ဒီခေါင်းသာ ထပ်ပြီး ပေါက်ကွဲသွားရင် ပိုးကောင်တွေက ဆက်ပြီး ပျံ့သွားမှာ မဟုတ်ဘူးလား။

မကြာလိုက်ပါ။ ခေါင်းက လေထဲမှာပဲ ပေါက်ကွဲသံတစ်ခုနဲ့ အတူ ထပ်ပြီး ပေါက်ကွဲသွားပေမယ့် ထူးဆန်းတာက ဒီတစ်ကြိမ်မှာ သွေးပိုးကောင်တွေ အပိုင်းပိုင်း မပြိုကွဲသွားဘဲ လုရွှမ်ဆီကို ပြေးဝင်သွားကြလေ၏။

ဒီအချိန်မှာတော့ သွေးတွေ အပြည့်နဲ့ သူ့ခန္ဓာကိုယ်ကို ဘယ်သူမှ မမြင်ရတော့ပေ။

အားလုံးက လူအုပ်ကြီးရဲ့ အလယ်မှာ ရပ်နေတဲ့ လုရွှမ်ကို ကြောက်ရွံ့ ထိတ်လန့်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ကြသည်။

လုရွှမ်ကတော့ မြေပြင်ပေါ်တွင် မတ်တပ်ရပ်နေဆဲ ဖြစ်ပြီး သူ့ခန္ဓာကိုယ်က ဖြောင့်တန်းလျက် ရှိသည်။ သွေးများသည် ပိုးကောင်များ အဖြစ်သို့ ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်ပေါ်တွင် တွန့်လိမ်ယှက်နေကာ ရွံရှာဖွယ်ကောင်းလှ၏။

သံမဏိဆူးတွေ တစ်ခုနဲ့တစ်ခု ပွတ်တိုက်နေသလိုမျိုး အသံတွေက တေးဆိုသံတွေလို မြည်လာလို့ ကြားရသူတိုင်းကို စိတ်မကောင်းပင် ဖြစ်လာစေမိသည်။

"လုရွှမ်.... မဟုတ်မှ သေသွားပြီလား?"

လူအုပ်ထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။

"သေပြီပေါ့ကွ.... ဒီလိုမျိုးမှ မသေသေးဘူး ဆိုရင် တကယ်ကို ယုတ္တိမရှိတော့ဘူး"

"သေပြီ နောက်ဆုံးတော့ သေပြီ ဟားဟား"

နောက်ဆုံးတွင် ကျယ်လောင်သော ရယ်မောသံများ ထွက်ပေါ်လာပြီး ယွမ်စံအိမ် တံခါးဝသို့ ရောက်လာသူများက တစ်ပြိုင်တည်း ရယ်မောလိုက်ကြသည်။

"ဟမ့်... ဒီကောင် သေသွားဖို့က အဲ့လောက် မလွယ်ဘူးကွ!!"

အဂ္ဂိရတ်ပညာရှင် တစ်ယောက်သည် လူအုပ်ထဲမှ ပြေးထွက်လာပြီး သံမဏိ ဓားတစ်ချောင်းကို လုရွှမ်ဆီကို ပစ်သွင်းလိုက်သည်။

"ဟုတ်တယ်.... အားလုံး သူ့ကို ပစ္စည်းတွေနဲ့ ပစ်ပေါက်ကြ!!"

အော်ဟစ်သံက လူအုပ်ကြီးရဲ့ သတ္တိတွေကို နှိုးဆွနိုင်ခဲ့ပြီး ဓားများ၊ လှံများနှင့် တုတ်အမျိုးမျိုးတို့သည် လုရွှမ်ဆီသို့ အပြင်းအထန် ရိုက်နှက်လာခဲ့​ကြသည်။

ယွမ်စံအိမ်ဘက်တွင်ရှိ လူအနည်းငယ်မှာ လက်ရှိ အခြေအနေဆိုးကို ကြည့်ပြီး သည်းမခံနိုင်တော့ပေ။

"အစ်မယန်ရှီး.... အစ်ကိုကျောက်ဟန်.... အစ်ကိုလုရွှမ်ရဲ့ ခန္ဓာကိုယ်ကို ပျက်ဆီးသွားအောင် လုပ်ခိုင်းလိုက်လို့ မဖြစ်ဘူး... သူညီမတို့ကို ကူညီပေးခဲ့တယ်လေ"

ကျိုးကျိုး၏ မျက်လုံးများ နီရဲလာပြီး သူတို့ နှစ်ယောက်ကို တောင်းပန်လိုက်သည်။ သူမသည် တိုက်ခိုက်ရေး စွမ်းအားကို ကောင်းစွာ မသုံးတတ်​သောကြောင်း ဘာမှမတတ်နိုင်ပေ။

ကျောက်ဟန်ရဲ့ မျက်နှာကတော့ နီမြန်းလာပြီး သူ့ညီအစ်ကို အသတ်ခံရခဲ့တဲ့ ​မြင်ကွင်းကို ပြန်သတိရသွားကာ ကျိုးကျိုးရဲ့လက်ကို နာကျည်းစွာဖြင့် ဖြုတ်ချပစ်လိုက်သည်။

"သူ့ကြောင့်သာ မဟုတ်ရင် ရှောင်ပိုင်က ဘယ်လိုလုပ် သေမှာလဲ?? ဟမ့် သူ သေသွားတာမှ ကောင်းမယ်"

ကျောက်ဟန် ဒေါသတကြီး အော်ဟစ်လိုက်သည်။ ယန်ရှီး၏ အမူအရာမှာလည်း အနည်းငယ် လှုပ်ရှားသွားပြီး ကျိးကျိုး၏ လက်ဖဝါးကို ညင်သာစွာ တွန်းထုတ်လိုက်သည်။

"ကျိုးကျိုး သူသေသွားပြီ.... ငါတို့ဘာပဲလုပ်လုပ် အသုံးဝင်မှာ မဟုတ်တော့ဘူး"

သူမပုံစံမှာလည်း ထိတ်လန့်ပုံရပြီး တခြားလူတွေကို ကြည့်လိုက်တော့ သူတို့အားလုံး ထိတ်လန့် ကြောက်ရွံ့နေတာကိုသာ တွေ့နေရ၏။ တကယ်လည်း ကြောက်စရာ ကောင်းနေတယ်လေ။

လုရွှမ်သည် ဤအခိုက်အတန့်တွင် ဤထူးဆန်းသော အင်းဆက် ပိုးမွှားများကို ရင်ဆိုင်​နေရပြီး သူ့စိတ်ထဲတွင် အလွန် အံ့သြနေမိသည်။ နှစ်ပေါင်း သုံးရာလောက် ကြာသွား​ပြီးမှ အခုလို သွေးပိုးကောင်တွေကို ထပ်မံကြုံတွေ့ရမည်ဟု သူတကယ်ပင် မမျှော်လင့်ထားခဲ့ပေ။

အန္တရာယ်ရှိတဲ့ နေရာတစ်ခုမှ ဒီလိုပိုးကောင်မျိုးရဲ့ ရန့ကို ကြုံခဲ့ဖူးတယ်။ အဲဒီတုန်းက သူတော်စင်နယ်ပယ် တစ်ယောက်ရဲ့ အစွမ်းသတ္တိတွေ ရှိနေပြီ ဆိုပေမယ့် နောက်ဆုံးတော့ ထွက်ပြေးနေရတုန်းပဲ။

ဒီလို ပိုးကောင်မျိုးကို နောက်တစ်ကြိမ် မတွေ့ရတော့ဘူးလို့ ထင်ခဲ့ပေမယ့် ဒီလိုနေရာလေးမှာ တကယ်ကြီး တွေ့ရဖို့ မမျှော်လင့်ထားခဲ့ဘူးလေ။

ကံကောင်း ထောက်မစွာနဲ့ ထိုလူရဲ့ ဦးခေါင်းပျံသန်းလာတဲ့ လမ်းကြောင်းမှာ တစ်ခုခု မှားနေတာကို ခံစားမိခဲ့သည်။ သို့မဟုတ်ပါက သူသည် ယခုအချိန်တွင် ရှောင်ပိုင်ဟုခေါ်သော ကံမကောင်းသည့် တစ္ဆေကိုပို့ရန် မြေအောက်ကမ္ဘာသို့ ရောက်သွားရပေလိမ့်မည်။

ဤသွေးပိုးကောင်များမှာ ပြီးပြည့်စုံခြင်း မရှိ​သေးကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိသည်။ တစ်ချိန်တုန်းက သူကြုံတွေ့ခဲ့ရတဲ့ အရွယ်ရောက်ပြီးသား ပိုးကောင်တွေထက် အများကြီး ကွာခြားနေသေး၏။

သို့သော်ငြားလည်း သူတော်စင်တစ်ပိုင်း သို့မဟုတ် အစွမ်းထက် ရတနာတချို့ မရှိခဲ့ရင် ဒီပိုးကောင်တွေရဲ့ ကျူးကျော်မှုကို ခံနိုင်ရည် မရှိနိုင်တော့မှာ သေချာပါသည်။

လုရွှမ် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူ့မှာ ထူးဆန်းသော ရတနာသုံးပါး ရှိနေတယ်လေ။ ထိုအင်းဆက်များက အခြားသူများအတွက် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင် သော်လည်း သူ့အတွက်မူ ၎င်းတို့သည် သေးငယ်သော ဒုက္ခများထက် ဘာမှမပိုပေ။

ဖယ်ရှားပစ်ဖို့ အလျင်စလို မလုပ်သေးတာက သူ့ပတ်ဝန်းကျင်က လူတွေရဲ့ လှုပ်ရှားမှုတွေကို မြင်ချင်ရုံလေးပင်။

ဒီတစ်ခါ မြို့ထောင်ချီမဟာမိတ်ကို ရောက်လာပြီးနောက် လောကကြီးကို မငြိမ်မသက် ဖြစ်စေတဲ့ လက္ခဏာဖြစ်တဲ့ ယင်းယန်စွမ်းအင်နဲ့ လူကို တွေ့လိုက်ရသည်။

ထိုနောက် ချက်ချင်းပင် ထုံးထျန်းဧကရာဇ် အင်ပါယာက ထုံးထျန်းကျောင်းတော်ကလည်း တပည့်များကို စေလွှတ်လိုက်သည်။ ဒါက မတော်တဆဖြစ်ရပ် မဟုတ်တာ သေချာပါသည်။

တခြား ဧကရာဇ်အင်ပါယာက လူတွေလည်း မကြာမီ ရောက်လာနိုင်ချေ ရှိ၏။

ထုံးထျန်းကျောင်းတော်မှာ ကောင်းကင်ကံကြမ္မာ ဓမ္မခန္ဓာကိုယ်နဲ့ မြေနတ်စွမ်းအင် ဓမ္မခန္ဓာကိုယ် ရှိတဲ့ အရည်အချင်းရှိ ကျောင်းသားတွေ ရှိကြသည်။

တခြားကျောင်းတွေကရော ဘယ်လို အရည်အချင်းတွေနဲ့ လူတွေ ထွက်လာဦးမလဲ မေးချင်စရာပင်။

All Chapters