လက်တစ်ဖက်တည်းနဲ့ ရှင်းထုတ်ခြင်း
Vol. 36 Ch. 4.59
ထုံးထျန်းဧကရာဇ် အင်ပါယာ ထုံးထျန်းကျောင်းတော်က လူတွေဟာ သူတို့ရဲ့ စွမ်းဆောင်မှုအပေါ် မူတည်ပြီး အသုံးဝင်သည် ဖြစ်စေ မဝင်သည်ဖြစ်စေ ကျိုးကျိုးမှလွဲ၍ ကျန်လူအားလုံးမှာ မျက်လုံးဖြူ ဝံပုလွေများသာ ဖြစ်ကြောင်း ထင်ရှားပါသည်။
လုရွှမ် သူ့ခန္ဓာကိုယ် လှုပ်ရှားမှုနှင့်အတူ ဖီးနစ်မီးတောက်များသည် ကောင်းကင်သို့ ထိုးတက်လာခဲ့ကာ မီးတောက်များက သွေးပိုးကောင်များကို ပြာများအဖြစ် လောင်ကျွမ်းသွားခဲ့သည်။
ထို့နောက် လုရွှမ်ရဲ့ ခန္ဓာကိုယ်က လူတိုင်းရဲ့ရှေ့မှာ ပြန်ပေါ်လာခဲ့လေသည်။
"အစ်ကိုကြီးလုရွှမ်.... အစ်ကို မသေဘူးနော်?"
ကျိုးကျိုူ စိတ်လှုပ်ရှားစွာ အော်ဟစ်ရင်း ရွှင်လန်းစွာ ပြေးသွားခဲ့သည်။ ယန်ရှီးနှင့် အခြားသူများမှာ ရှက်ရွံ့သွားကြ၏။ အစောက သူတို့ပြောခဲ့တဲ့ စကားတွေကို လုရွှမ် ကြားသွားတယ်ဆိုတာ ပြောစရာပင် မလိုတော့ချေ။
လုရွှမ်က ပြုံးပြီး ကျိုးကျိုးကို ခေါင်းညိတ်ပြလိုက်သည်။ ဒီကလေးမရဲ့ စိတ်ထားက ရိုးရှင်းပြီး သူမရဲ့ နှလုံးသားကလည်း စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြူစင်လှသည်။
ရိုးရိုးသားသား ပြောရလျှင် သူ ကောင်းကင်ကံကြမ္မာ ဓမ္မခန္ဓာကိုယ် အကြောင်းကို ကြားဖူးသော်လည်း မြေနတ်စွမ်းအင် ဓမ္မခန္ဓာကိုယ် အကြောင်းကိုတော့ တစ်ခါမျှ မကြားဖူးခဲ့ချေ။
ကျင့်ကြံမှု၌ ကောင်းကင်ကံကြမ္မာ ဓမ္မခန္ဓာကိုယ်ထက် နိမ့်ကျပုံရသော်လည်း အခြားနေရာများတွင် အထူးမှော် အာနိသင်များ ရှိနိုင်သေးသည်။
လုရွှမ် ဖီးနစ်မီးတောက်ကို ပေါ့ပေါ့ဆဆ ပစ်ချလိုက်ပြီး ရှောင်ပိုင်ရဲ့ ခန္ဓာကိုယ်ကို ဖျက်စီးပစ်လိုက်သည်။ ထိုသွေးပိုးကောင်များသည် ခန္ဓာကိုယ်တွင်းမှ ထိုးဖောက်ဝင်ရောက်ကာ ဦးနှောက်ထဲအထိ ထိုးဖောက်နေတတ်လို့ အကြွင်းအကျန်များ ရှိမရှိကို မည်သူက သိနိုင်မည်နည်း။
သူ့မူလ ဒေါသအတိုင်းသာ သွားမယ်ဆိုရင် သွေးပိုးကောင်တွေကို လုံးဝမသတ်ဘဲ လူအုပ်ထဲသို့ တိုက်ရိုက်ပစ်ချကာ ၎င်းတို့ အားလုံးကို အနည်းငယ် ဒုက္ခပေးလိုက်မှာပဲ ဖြစ်သည်။
ဒါပေမဲ့ ဒီပိုးကောင်တွေက ကြောက်စရာ ကောင်းလွန်းတယ်လေ။ ဟန်ရွှယ်နဲ့ တခြားသူတွေဆီ ရောက်သွားရင် သူ့အပြစ် ဖြစ်လာလိမ့်မယ်။
ဒီကိုရောက်လာတဲ့လူတွေက ထိတ်လန့်သလို ကျေးဇူးတင်သလိုနဲ့ လုရွှမ်ကို ကြောက်ကြောက်လန့်လန့်နဲ့ ကြည့်နေကြ၏။ သူတို့ရှေ့မှာ ကြောက်စရာကောင်းတဲ့ ပိုးကောင်တွေက လုရွှမ်ကို လုံးဝ မထိခိုက်စေခဲ့ဘူးလေ။
သူတို့ တကယ်ပဲ သူရဲ့ ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား?
"သတ်စေ!"
လုရွှမ် ခပ်ပေါ့ပေါ့လေး ဆို၍ သူ့စိတ်ဝိညာဉ်စွမ်းအားတွေကို ပြန့်ကျဲချလိုက်သည်။ တိုက်ပွဲပုံစံ အခင်းအကျင်း တံဆိပ်ပြားများကို ဆွဲထုတ်လိုက်ပြီး တစ်ခုပြီးတစ်ခု လူအုပ်ဆီသို့ ဗုံးကြဲ တိုက်ခိုက်လိုက်သည်။
“ထွက်ပြေးကြ!”
လူအုပ်ကြီးလည်း အော်ဟစ်ရင်း ဝရုန်းသုန်းကား ထွက်ပြေးကြ၏။
လုရွှမ်ရဲ့ ထိတ်လန့် ကြောက်ရွံ့စရာကောင်းတဲ့ အရိပ်မည်းကြီးက လူတိုင်းရဲ့ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီ။ လုရွှမ်ဘက်က တိုက်ခိုက်လာတာကို သူတို့ ဘယ်လိုလုပ် ခုခံရပါ့မလဲ။
တစ်ယောက်ပြီးတစ်ယောက် နောင်တတွေ အပြည့်နဲ့ အရပ်မျက်နှာ အသီးသီးကို ကိုယ်လွတ်ရုန်း ထွက်ပြေးကြရတော့သည်။
ဘာကြောင့်များ ဒီလိုကိစ္စမျိုးမှာ ပါဝင်ခဲ့မိပါလိမ့်??
လေနှင့် တိမ်တိုက်များ မှိန်ဖျော့သွားကာ တခဏအတွင်း လူအုပ်ကြီး ပျောက်ကွယ်သွားပြီးနောက် အဝေးမှာ ငြိမ်သက်စွာ ရပ်နေကြတဲ့ လူတချို့ကို လုရွှမ် ဂရုမစိုက်သလို လှမ်းကြည့်လိုက်သည်။
"အစောကတည်းက ရောက်နေပြီ ဆိုမှတော့ ဘာလို့ ပုန်းနေသေးတာလဲ? မင်းတို့ ခေါင်းကို ဖုံးကွယ်ပြီး အမြီးကိုပဲ ထုတ်ပြနေရတာ မရှက်ဘူးလား?"
ရောထွေးနေသော လူအုပ်ကြားတွင် ဖုံးကွယ်ထားသည့် အရိပ်အယောင် တချို့ကို လုရွှမ် ခံစားမိနေပါပြီ။
အဂ္ဂိရတ်ပညာရှင် အဖွဲ့၊ တော်ဝင်အင်ပါယာရဲ့ နံပါတ်တစ် မိသားစုဖြစ်တဲ့ ကောင်းကင်သူတော်စင် လျိုမိသားစု၊ ဝမ်မိသားစုနှင့် ဟန်မိသားစုတို့ ဖြစ်သည်။ လက်ဝဲနှင့်ယာဘက်ရှိ ကျန်နိုင်ငံကြီး နှစ်ခု၏ ထိပ်တန်း မိသားစုများသည် အဓိကတပ်ကြီး လေးခု၏ နောက်ကွယ်တွင် ရှိနေကြောင်း လုရွှမ် စိတ်ဝိညာဉ်တချို့ဖြင့် မြင်နေရသည်။
ထူးထူးခြားခြား အရှိန်အဟုန်ဖြင့် အဆုံးတွင် ကျင့်ကြံမှု အခြေခံ များစွာ အားကောင်းသည့် ပျင်းရိသူများလည်း ရှိပါသေးသည်။
"ကောင်းပြီ... ငါးမျိုးစုံလည်း ထွက်သွားပြီ ဆိုတော့ ငါတို့ တရားဝင် လှုပ်ရှားရတော့မှာပေါ့"
အဘိုးအို တစ်ယောက်သည် အဂ္ဂိရတ်ဆရာများ အဖွဲ့မှ ထွက်လာခဲ့သည်။
ကျင့်ကြံမှုအခြေခံသည် ထူးထူးခြားခြား လှုပ်ရှားခြင်းနှင့် ငြိမ်သက်ခြင်း အကြားတွင် တည်လျက် တစ်ကိုယ်လုံးရှိ စည်းချက်များမှာ အတက်အကျ ညီညာ၍ မုတ်ဆိတ်ဖြူများက လေထဲ၌ တဖျပ်ဖျပ် လွင့်လူးလျက် လူတို့အား သူတော်စင်လို ခံစားချက်မျိုး ပေးစွမ်းနေ၏။
လုရွှမ် တစ်ချက် ကြည့်လိုက်သည်။ ဒီလူက အတော်လေး တန်ခိုးကြီးလှသည်။ သူတွေ့ခဲ့တဲ့ သခင်လေးဟန်ရွှီး ဆိုတဲ့လူထက် မနိမ့်ချေ။
"ကောင်လေး ဒီအဘိုးကြီးက..."
"မင်းနာမည်ကို အစီရင်ခံဖို့ မလိုဘူး.... လူတိုင်း နာမည်တွေကို တင်ပြနေမယ်ဆိုရင် ဒီသခင်လေး နားထောင်ရင်း အသက်ကြီးသွားတော့မယ်.... မင်းသေချင်ရင် မင်းကိုယ်တိုင် တက်လာလို့ရတယ်"
ထိုစကားကို ကြားတော့ အဘိုးကြီး၏ မုတ်ဆိတ်မွေးများသည် ဒေါသကြောင့် တုန်လှုပ်သွားပြီး
"ဒီအဘိုးကြီးကိုများ... ဟမ့်!"
ကျယ်လောင်စွာ ဟောက်လိုက်ကာ လက်ကို ခါယမ်းလိုက်တာနဲ့ မထင်မှတ်ပဲ ဆေးပြင်းမီးဖိုတစ်လုံး လွင့်လာ၏။ မီးဖိုအဖုံးက လွင့်ထွက်သွား၍ ဆေးမီးဖိုက ဇောက်ထိုးအနေအထားဖြင့် ပစ်ကျလာကာ လုရွှမ်ကို ဖုံးအုပ်သွားသည်။
အဂ္ဂိရတ်မီးဖိုကို လက်နက်အဖြစ် အသုံးပြုသူများက ရှားရှားပါးပါးပင်။ လုရွှမ်ကလည်း ခါတိုင်းလို ကောင်းကင်သို့ ပျံတက်ကာ ပုန်းအောင်းမနေဘဲ အဂ္ဂိရတ်မီးဖိုထဲသို့ ပြေးဝင်သွားခဲ့သည်။
မုတ်ဆိတ်ဖြူနဲ့ အဘိုးအိုတောင် တခဏလောက် ထိတ်လန့်သွားသလို လူအုပ်ထဲက ဘယ်သူကမှလည်း ဒီလိုဖြစ်သွားမယ်လို့ မထင်ခဲ့ကြဘူး။
သူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး
"ကောင်လေး လူတွေက မင်းမှာ အရည်အချင်း ရှိလို့ မင်းကို ကောင်းကင်ကြီးလို့ ထင်နေကြတာ.... ဒါပေမဲ့ ဒီအဘိုးကြီးက မင်းကို သန့်စင်လိုက်ရင်တော့ မင်းက ဘာမှမဟုတ်တော့ပါဘူးကွာ..."
သူ့အသံက ရုတ်ခြည်း ရပ်တန့်သွားပြီး သူ့လက်ထဲက အဂ္ဂိရတ်မီးဖိုဟာ လေထဲကို အထိန်းအကွပ်မရှိ ပျံတက်သွားပြီး ပိုပိုကြီး ကျယ်လာတော့သည်။ အဘိုးအို၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
အာကာသ ပြောင်းလဲမှုသည် မည်သို့ လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံခြင်းလမ်းစဥ် အမျိုးအစားဖြစ်သည်ကို သူကောင်းကောင်း သိသည်။ သူ့အဂ္ဂိရတ်မီးဖိုတွင် ဤကဲ့သို့ လုပ်ဆောင်နိုင်မှုမျိုး မည်သို့ ရှိနိုင်မည်နည်း။
ဧကန္တ....
သူ နားမလည်နိုင်ခင်မှာပဲ သူ့ဆေးပြင်းမီးဖိုဟာ ပေါက်ကွဲသံနဲ့အတူ ပွင့်ထွက်လာတော့သည်။
လုရွှမ် ထွက်လာခဲ့သည်။ သူ့အဝတ်အစားတွေက သပ်သပ်ရပ်ရပ်နဲ့ အစွန်းအထင်း မရှိပေ။ သူက ပြုံးပြလိုက်ပြီး
"အဘိုးကြီး.... ခင်ဗျားအတွက်တော့ စိတ်မကောင်းပါဘူး....နောက်နောင် ဒီလောက် မမောက်မာမိစေနဲ့"
အဂ္ဂိရတ်အဖွဲ့နှင့် ပတ်သက်၍ လုရွှမ်မှာ ထင်မြင်ချက် တချို့ရှိပြီးသား ဖြစ်သည်။
သားရဲခန်းမက ဝိညာဥ်သားရဲတွေကို မွေးမြူပြီး ဆေးဥယျာဉ်မှာ ဆေးဖက်ဝင် အပင်တွေကို စိုက်ကြတယ် ဆိုသလို အဂ္ဂိရတ်ပညာရှင်အဖွဲ့ဟာ အဂ္ဂိရတ် ကျွမ်းကျင်မှုကို ထိန်းချုပ်နိုင်ကြတယ်လေ။ အဂ္ဂိရတ်ဆေး အမျိုးမျိုးကိုလည်း သူတို့လက်ထဲက ဈေးနှုန်းတွေနဲ့ပဲ ရောင်းချကြတယ်။
တခြားသူတွေ ဆေးလုံးသန့်စင်ပြီး ရောင်းဝယ်တာကို အဂ္ဂိရတ်ပညာရှင် အဖွဲ့မှ တားမြစ်ထားသေးသည်။ အချင်းချင်း သဘောမတူပါက ရတနာများကို သိမ်းယူ၍ ထိုလူများကို သတ်ပစ်မည်သာ။
တကယ်ပဲ သူတို့ကိုယ်သူတို့ ကြီးမြတ်တဲ့ လူတွေလို့ ထင်နေတာလား?
ဆေးဥယျာဉ်၏ ဥပဒေသည် ရောယှက်နေပြီး အတွင်း၌ ကာကွယ်နိုင်သည့် သဘာဝ နည်းလမ်းတစ်ခု ရှိသည်။ သားရဲခန်းမက တောက်ဓမ္မ ကျင့်ကြံမှု ခြောက်မျိုးဖြင့် ပေါင်းစပ်နိုင်သည်။
သို့သော် အဂ္ဂိရတ်ပညာရှင်များသည် အဂ္ဂိရတ်သန့်စင်ဖို့ စိတ်စွမ်းအားကို အဓိက လိုအပ်ကြပြီး မိမိနှင့် တခြားသူအပေါ် အကျိုးရှိစေမယ့် အရာကို ရွေးချယ်သင့်သည်။
ဒီလူကြမ်းရဲ့ ထိန်းချုပ်မှု အောက်မှာတော့ အဂ္ဂိရတ်လမ်းစဥ်က ကွဲအက်သွားပြီး တောက်ကျင့်ကြံမှုရဲ့ ကျက်သရေကို ထုတ်ဖော် မပြနိုင်တော့ဘူးလေ။ ဒီလိုလူက သူတော်စင် ဖြစ်ချင်နေသေးတာလား?
ဒီလို သူတော်စင် ဆိုရင်တော့ ဖျက်ဆီးဖို့ ထိုက်တန်ပါတယ်!
"မင်းငါ့ကို တစ်ကြိမ် ရိုက်လိုက်တာကို အခွင့်ကောင်း မယူတော့ဘူး.... ဒါကြောင့် မင်းပစ္စည်းကို ပြန်ပေးမယ်!!"
လုရွှမ် စကားပြောနေစဥ် အတွင်း သူ့ဝိညာဉ်စွမ်းအားတွေ ဖောင်းပွလာခဲ့သည်။ နဂါးနှလုံး၊ ရွှေအရှိန်အလျင်နဲ့ ဖီးနစ်မီးတို့ရဲ့ ပေါင်းစပ်မှုအောက်မှာ လုရွှမ် သူ့လက်ဖျောက်တစ်ချက် တီးခတ်ကာ အဘိုးအိုဆီသို့ ပစ်သွင်းလိုက်တော့သည်။
ဝုန်း!
ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး အနည်းငယ်မျှပင် ခံနိုင်ရည်ရှာသော အဘိုးအိုသည် ချက်ချင်းပင် အစိမ်းရောင် မီးခိုးငွေ့များ အဖြစ်သို့ အငွေ့ပျံသွားခဲ့သည်။
လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာ လုရွှမ်တစ်ယောက် ဆေးဥယျာဉ်မှာ သူ့ကိုယ်သူ ပြန်လည် ကုသခဲ့သည်။ သဘာဝစွမ်းအင်ရဲ့ စည်းချက်အတိုင်း နေ့စဉ် လှုပ်ရှားနေခဲ့လို့ နဂါးနှလုံးသည် သူ့ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ပေါင်းစပ်သွားခဲ့ပြီ။
ယခုအခါ ခွန်အား၊ စစ်မှန်သော ဝိညာဥ်စွမ်းအင် သို့မဟုတ် စိတ်ဝိညာဉ်စွမ်းအား တို့မှာ တဖြည်းဖြည်း မြင့်တက်လာနေပြီ ဖြစ်သည်။
စိတ်ဝိညာဉ်စွမ်းအားနှင့် ပတ်သက်လျှင် စိတ်ဝိညာဉ် အတိုင်းအတာဟာ များစွာ မတိုးသေးသော်လည်း လုရွှမ်သည် ရုပ်ခန္ဓာ၏ ကြံ့ခိုင်မှုနှင့်အတူ ဝိညာဉ်စွမ်းအား ပြသနိုင်သည့် စွမ်းအားသည် အလွန်တိုးတက်လာကြောင်း ထင်ရှားစွာ ခံစားနိုင်၏။
အဘိုးအိုသည် အမှန်တကယ်ပင် တန်ခိုးကြီးမားပြီး သူတော်စင်နယ်ပယ်များ လျှောက်သည့် လမ်းကိုပင် စတင်ခဲ့ပြီ။ သို့သော် သူတော်စင်နယ်ပယ်သို့ သွားရာလမ်းက ထောင်ပေါင်းများစွာ ရှိပြီး မတူညီသော ရွေးချယ်မှုများ အတွက် မတူညီသော အားသာချက်များလည်း ရှိသေးသည်။
အဘိုးအိုသည် အဂ္ဂိရတ်ပညာကို လွှမ်းမိုးထားနိုင်သော်ငြား သူ၏ဝိညာဉ်စွမ်းအားမှာ ၁၇ ခန့်သာရှိသည်။ လုရွှမ်ကတော့ ၁၈ကနေ ၁၉ အထိတောင် ဖြတ်သွားတော့မှာ ဖြစ်သည်။
သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အားကိုးသွားတဲ့ အဘိုးကြီးသည် လုရွှမ်ကို အနိုင်ယူလိုစိတ်ဖြင့် လာခဲ့ပေမယ့် နေရာ၌ပင် လဲကျသွားခဲ့သည်။
လက်သီး တစ်ချက်တည်း ထိုးနှက်လိုက်တာနဲ့ သူတော်စင်လမ်းကို လျှောက်နေတဲ့ လူတစ်ယောက်ကို ရှင်းထုတ်ပစ်လိုက်တာကြောင့် တခြားလူများလည်း အံ့သြသွားကြသည်။
လုရွှမ်ရဲ့ အစွမ်းသတ္တိက မြင့်မားတယ်ဆိုတာ သိခဲ့ကြသော်လည်း ဒီအတိုင်းအတာ အထိကတော့ စိတ်ကူးမယဉ် နိုင်လောက်အောင် ကျော်လွန်သွားခဲ့ပြီလေ။