← Chapters

ထူးဆန်းတဲ့ ရတနာရဲ့ အငွေ့အသက်

Vol. 36 Ch. 4.60

ထူးဆန်းတဲ့ ရတနာရဲ့ အငွေ့အသက်

Vol. 36 Ch. 4.60

ဟိုအရင်တုန်းကတော့ သူတို့ဟာ တခြားလူတွေကို ဘောင်မဝင်တဲ့ လူတွေလို့ မှတ်ယူခဲ့ကြပေမယ့် အခုချိန်မှာတော့ သူတို့ကိုယ်တိုင်ကသာ ဘောင်မဝင်တဲ့ အမြောက်စာများသာ ဖြစ်ကြောင်း သိလိုက်ရလေပြီ။

လုရွှမ်ကတော့ အံ့သြမှု သိပ်မရှိပုံဖြင့် လှည့်ကြည့်လိုက်သည်။

သူ့မျက်လုံးတွေကို အဂ္ဂိရတ်ပညာရှင် အဖွဲ့တွေဆီကို ရွှေ့လိုက်၏။ ယခုအချိန်တွင် အဂ္ဂိရတ်ပညာရှင် အဖွဲ့မှ လူတိုင်း၏ မျက်နှာများမှာ စိတ်ဓာတ်ကျနေမှုများ​ဖြင့် ပြည့်​နေပါပြီ။ သူတို့ရဲ့ စိတ်ပျက်အားငယ်နေတဲ့ မျက်လုံးတွေက လုရွှမ် အဂ္ဂိရတ်ပညာရှင် အဖွဲ့ကို နောက်တစ်ကြိမ် ဖြိုချတော့မယ့် အတိုင်းပင်။

အင်အားကြီးမားသော အဂ္ဂိရတ်ပညာရှင် အဖွဲ့၏ ခေါင်းဆောင်သည် ပြေးထွက်လာပြီး အသတ်ခံခဲ့ရသလို လျှိုဝှက်ထားတဲ့ အကြီးအကဲကြီး လေးဦးကလည်း သူ့နဲ့ တွေ့ဆုံပြီးနောက် အသတ်ခံခဲ့ရသည်။

ယခု နောက်ဆုံးတွင် ဧကရာဇ်အင်ပါယာ၏ အဂ္ဂိရတ်ပညာရှင် အဖွဲ့မှ သခင်တစ်ဦးကို စေလွှတ်လိုက်ပြန်သော်လည်း အဆုံးတွင် သူ့လက်ချက်ဖြင့် လွင့်ထွက်သွားခဲ့​ပြန်သည်။

ချွေး​အေးတွေက မိုးရွာသလို ပြန့်ကျဲနေပြီး အဂ္ဂိရတ် ဆေးဆရာတွေ အားလုံး ရင်တွေတုန်ရင်း အမြင်တွေပါ ဝေဝါးလာကြသည်။ လုရွှမ်ရဲ့ မျက်လုံးတွေကို ဘယ်သူကမှ စေ့စေ့ မကြည့်ရဲကြတော့ပါ။

သူ့ပုံစံက ကြည့်လိုက်ရင် ဒီလောက် ထက်မြက်တဲ့ပုံ မပေါ်ပေမယ့် သူတကယ် လူသတ်လိုတဲ့ အချိန်ရောက်ရင်တော့ ထူးထူးခြားခြား အရှိန်အဟုန်တွေနဲ့ ပြည့်နေတတ်လေတယ်။

လုရွှမ် သူ့ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ အဂ္ဂိရတ်ပညာရှင် အဖွဲ့ဆီက သူ့အကြည့်တွေကို ကောင်းကင်သူတော်စင် လျိုမိသားစုဆီကို တစ်ချက် ရွေ့ကြည့်လိုက်သည်။

ဒီမိသားစုကို သူမနှစ်သက်တာက အဂ္ဂိရတ်ပညာရှင် အဖွဲ့ထက်တော့ ညံ့မည် မဟုတ်ပေ။

"လုရွှမ်.... မာန သိပ်ကြီးမနေနဲ့.... မင်းကိုယ်မင်း ဟုတ်လှချည်ရဲ့လို့ မထင်နဲ့!! လူတွေရဲ့အထက်မှာ ကျော်လွန်တဲ့ လူတွေ ရှိသလို ကောင်းကင်ထက်မှာလဘ်း ကောင်းကင် တစ်ခုရှိတယ် ဆိုတာ မင်းထားသိရမယ်!!"

ထိုအခိုက်တွင် သစ်ရွက်စိမ်း၏ သစ်သားနှလုံးသားက အလွန်မြန်သော အရှိန်ဖြင့် တဖျတ်ဖျတ် ပျောက်ကွယ်သွားပြီး သူပြန်ပေါ်လာတဲ့ အခါမှာတော့ အစောက စကားပြောခဲ့တဲ့ သူရဲ့ဦးခေါင်းကို ဖောက်ခွဲပစ်ပြီးလေပြီ။

"လူတွေရဲ့ အထက်မှာ ကျော်လွန်တဲ့ လူတွေရှိသလို ကောင်းကင်ထက်မှာ ကောင်းကင်တစ်ခု ရှိတယ်ဆိုတာ ငါသိပါတယ်... ဒါပေမဲ့ အဲဒါက မင်းနဲ့က ဝေးလုနီးပါးပဲ!"

ထိတ်လန့် တုန်လှုပ်သွားတဲ့ လျိုမိသားစုရဲ့ နောက်ပိုင်း မျိုးဆက် လူငယ်တို့ရဲ့ မျက်နှာများမှာ ဖြူဖျော့သွားကာ လူကြီးများရဲ့ ပါးစပ်ထောင့်များလည်း တုန်လှုပ်သွားကြသည်။ ဒီနေ့ခေတ်အကြောင်း ပြောရရင် လျိုမိသားစုဟာ လုရွှမ်ဆီကနေ အဆိုးဆုံး အသတ်ခံခဲ့ရသာ ဖြစ်ချေသည်။

ရှေးဦးစွာ အဆင့်မြင့် အကြီးအကဲတွေ၊ နောက်ပြီး ဒီနေရာက အကြီးအကဲတွေ၊ နောက်ပြီး မြို့ထောင်ချီမဟာမိတ်မှာ ရှိတဲ့ လျိုမိသားစုရဲ့ ကျွန်စစ်တပ် စတာတွေကို လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုက်သည်။

ဒါက တော်ဝင်အင်ပါယာတွေကို ထိတ်​လန့်​တုန်​လှုပ်​ သွား​စေ​သည်​။ တော်ဝင်အင်ပါယာ ပထမ​နေရာက မိသားစု​ရဲ့ အ​ခြေ​အနေ​မှာ အနည်းငယ်​ မလုံခြုံ​တော့ရာ အချိန်​တိုင်း​ကို ဖိနှိပ်​ခံ​ထား​ရ​သော တော်​ဝင်​မိသားစု​ပင်​လျှင် ရွှေ့​ပြောင်း​ရန် အနည်းငယ်​အသင့်​ ရှိ​နေ​ကြလေပြီ။

ဒီအချိန်မှာ ရောက်လာတဲ့လူက သိပ်မရှိတော့ ခွန်အားကလည်း သိပ်မပြင်းထန်​လေဘူး။ နောက်ဆုံးတော့ တိုင်းနိုင်ငံတစ်ခုရဲ့ တန်ခိုးအကြီးဆုံး ပုဂ္ဂိုလ်က သူတော်စင်တစ်ပိုင်း လမ်းပေါ်မှာပဲ ရှိသေးတယ်လေ။

သူတောင်စင်တစ်ပိုင်းကို အပြည့်အဝ လျှောက်လှမ်းနေသူတွေက ဧကရာဇ် အင်ပါယာတစ်ခုက ဆင်းသက်လာကြသူများပင်။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ မျိုးဆက်ကလေး တစ်ဦးဆီကနေ လျိုမိသားစု တစ်ခုလုံးကို အမှန်တကယ် ဖျက်ဆီးပစ်​ခြင်း ခံလိုက်ရသည်။ ၎င်းတို့အတွက် ပြီးပြည့်စုံသော ဟာသတစ်ခု ဖြစ်နေလေပြီ။

နောက်ပိုင်း အတည်ပြုခဲ့သော်ငြားလည်း လျိုမိသားစုမှ လူတိုင်းသည် လုရွှမ်၏ ခွန်အားနှင့် ပတ်သက်၍ ကွဲပြားသော သဘောထားအမြင်များ ရှိကြသေးသည်။ လုရွှမ်ရဲ့ နောက်ကွယ်တွင် ကူညီမည့်သူ ရှိနေသည်ဟု တချို့က သံသယရှိကြပြီး တချို့ကလည်း သူ့တွင် အထူးရတနာများရှိသည်ဟု သံသယ ရှိကြသည်။

ထို့ကြောင့် ယခုတစ်ကြိမ်တွင် လျိုမိသားစုမှ လူများသည် အဂ္ဂိရတ်ပညာရှင် အဖွဲ့နှင့် ပေါင်းစည်းပြီး ဝမ်မိသားစုနှင့် ဟန်မိသားစုအား လက်ဆောင်ကြီးတစ်ခု ပေးအပ်ကာ လုရွှမ်ကို သတ်ရန် စုရုံးခဲ့သည်။

ယခု လုရွှမ်နှင့် ရုတ်တရက် ရင်ဆိုင်လိုက်သောအခါ လျိုမိသားစုမှ အဖွဲ့ဝင် အများအပြားသည် သူတို့မှားကြောင်း သိသွားကြပြီး လူသတ်နတ်ဘုရားကို အမှန်တကယ် စော်ကားမိခဲ့ကြောင်း နားလည်လိုက်ကြသည်။

သူ၏ စစ်မှန်သော ခွန်အားသည် သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇သာ ရှိသော်လည်း သူတော်စင် လမ်းတစ်ဝက်တွင် စတင် လျှောက်လှမ်းခဲ့သော သခင်များကိုပင် အသေသတ်နိုင်ခဲ့သည်။ သူ့မျက်လုံးထဲမှာ ၎င်းတို့သည် လုံးဝ လူရွှင်တော်များသာ ဖြစ်​လေသည်။

ဝမ်မိသားစုနှင့် ဟန်မိသားစုတို့သည် ယခုအချိန်တွင် လျိုမိသားစုဝင်များကို တစ်ချက်သာ ကြည့်လိုက်သည်။

"အခင်းအကျင်း အစီအရင် တည်စေ!"

လျိုမိသားစု၏ လက်ရှိဘဏ္ဍာထိန်း လျိုကျန့်က ဒေါသတကြီး ဟစ်အော်လိုက်သည်။

ဒီလိုမျိုး ဆက်စောင့်နေရင် လူတိုင်းရဲ့စိတ်တွေ ကမောက်ကမ ဖြစ်ကုန်မှာကို သူကောင်းကောင်း သိပါသည်။ ဝမ်မိသားစုနဲ့ ဟန်မိသားစုကပါ လက်နက်ချသွားရင် သူတို့ကရော သေဖို့စောင့်​နေတာထက် ဘာမှ မပို​တော့ဘူး​လေ။

ဘာမှ မလုပ်ဘဲ သေခြင်းတရားကို စောင့်နေရတာထက် ​​ပြင်းပြင်းထန်ထန် တိုက်ခိုက် ပစ်လိုက်တာက ပိုကောင်းတယ် မဟုတ်လား။

လျိုမိသားစုမှ အဖွဲ့ဝင် ကိုးဦးသည် အခင်းအကျင်း တံဆိပ်ပြားများကို တစ်ခုပြီးတစ်ခု အမြန် ပစ်ထုတ်လိုက်ကြသည်။

အခင်းအကျင်း အသွင်အပြင်သည် ရိုးရှင်းပြီး ဆန်းပြားမှု မရှိသော်ငြား အရိုင်းဆန်သော လေထုနှင့် ပြည့်နှက်နေပြီး လေထဲတွင် ပျံဝဲ​​နေကာ လျိုမိသားစုမှ အဖွဲ့ဝင်များစွာကို ချက်ချင်း ထုပ်ပိုး ကာကွယ်ထားလိုက်သည်။

မီးခိုးငွေ့လို နွယ်ပင်များက ကောင်းကင်ကို တခဏချင်း မှိန်သွားအောင် ဖုံးအုပ်သွား၏။ မော့ကြည့်လိုက်တော့ ကောင်းကင်၌ သွေးနီရောင် တိမ်တိုက်များက နေရောင်ကို တဖြည်းဖြည်း ဖုံးလွှမ်းသွားတာ တွေ့ရလေသည်။

ဒါက ဘယ်လို အခင်းအကျင်းမျိုးလဲ?

ယန်ရှီးနဲ့ တခြားသူတွေ ကမန်းကတန်း ပြန်ဆုတ်သွားကြသည်။ ကျိုးကျိုးမှာ ကူညီချင်ပေမယ့် သူမမှာ ကြံ့ခိုင်မှု မရှိဘူး ဆိုတာကိုလည်း သိထားတာကြောင့် ဖြည်းညင်းစွာပဲ ပြန်ဆုတ်သွားရလေသည်။

ဝမ်မိသားစုနှင့် ဟန်မိသားစုဝင် အားလုံး အံ့အားသင့် သွားကြသည်။ လျိုမိသားစုသည် ထောင်ပေါင်းများစွာသော တော်ဝင်အင်ပါယာများ အကြားတွင် ဘေးချင်းကပ်ကာ ရပ်တည်နိုင်ခဲ့သည်။

သူတို့လည်း လျိုမိသားစု၏ နည်းလမ်းများကို သဘာဝကျကျ မေးမြန်းခဲ့ကြ​သေးသည်။ ၎င်းသည် နေကိုးစင်းသွေးအခင်းအကျင်း ဖြစ်တဲ့ အဆုံးစွန် လူသတ်သမား အစီအရင်သာ ဖြစ်သည်။

လူကိုးဦးဖြင့် ဖွဲ့စည်းထားသောကြောင့် ဖွဲ့စည်းတည်ထောင်သူ အားကောင်းလေ အခင်းအကျင်းက အားကောင်းလေ ဖြစ်သော်လည်း တိုက်ခိုက်မှု အောင်မြင်စေ ရှုံးနိမ့်စေ အခင်းအကျင်း တည်ထောင်သူကတော့ အခင်းအကျင်းကို ဖြိုခွင်းပြီးနောက် အသေခံရမည်မှာ သေချာပါ၏။

ကိုးဆိုသည်မှာ အပြင်းထန်ဆုံး နံပါတ်ဖြစ်ပြီး ကောင်းကင်ကို ဖုံးလွှမ်း၍ နေကို ပိတ်ဆို့ကာ တောက်ကျင့်ကြံမှု စွမ်းအင်များကို စွန့်လွှတ်ကာ ဝိညာဉ်စွမ်းအင်များကို ဖယ်ရှားပေးနိုင်လို့ ခွန်အားက နှစ်ဆပိုများ​လေသည်။

လုရွှမ်၏ မျက်လုံးများ ကြည်လင်ပြတ်သား လာသည်။ တော်ဝင်အင်ပါယာက မိသားစုတစ်ခုမှာ ဒီလို အခင်းအကျင်း နည်းလမ်းမျိုး ရှိမယ်လို့ သူ မမျှော်လင့်ထားသော်လည်း အခင်းအကျင်း ဖွဲ့စည်းထားပုံ နည်းလမ်းကို သူ့ရှုထောင့်မှ ကြည့်လျှင် ဟာကွက်များ ပြည့်နှက်နေပါ၏။

ဤအခင်းအကျင်းအား ဖြတ်ကျော်လိုပါက အင်အားသုံး၍ပင် ဖြိုခွင်းပစ်နိုင်သည်။ နောက်ဆုံးမှာတော့ အခင်းအကျင်း တည်ထောင်ထားသူတွေရဲ့ စွမ်းအားက အလွန် နည်းပါးလွန်းလို့ပင်။

ဒီလိုပုံစံနဲ့ နေကိုးစင်း သွေးအခင်းအကျင်းဟာ သူတော်စင်တစ်ပိုင်းက လူတွေအပေါ် အနည်းငယ်တောင် အဟန့်အတား ရှိမည် မဟုတ်ပေ။

လုရွှမ် စိတ်ဝိညာဉ်စွမ်းအားများ တဟုန်ထိုး တက်လာ၏။ ဝိညာဥ်စွမ်းအင် သုံးနိုင်မှုကို အခင်းအကျင်းက ဖုံးလွှမ်းထားသော်လည်း သူလုံးဝ ဂရုမစိုက်ပေ။ နဂါးနှလုံး၏ နှလုံးခုန်သံနှင့်အတူ တစ်ချက် ခုန်လိုက်သည်။

ဝိညာဥ်စွမ်းအင်ထက် များစွာပို၍ မြင့်မားသော အပြာရောင်နဂါး အသွင်ပြောင်းခြင်း၏ အဆုံးမရှိသော စွမ်းအားနှင့် ဖြစ်သည်။

လူပေါင်း များစွာဖြင့် ဖွဲ့စည်းထားသော အခင်းအကျင်း တံဆိပ်ပြားသည် နေမင်းကြီးသည် ရုတ်တရက် အလွန် ပူပြင်းလာစေပြီး ကောင်းကင်တွင် သွေးတိမ်တိုက်များကို ဖောက်ထွင်း ဝင်ရောက်ကာ တောက်ပနေလေစေသည်။

အော်ဟစ်အော်သံများ ထွက်ပေါ်လာပြီးနောက် အခင်းအကျင်းလည်း ပျက်စီးသွားသလို လူကိုးဦး၏ အလောင်းများလည်း လွင့်စင်ထွက်သွားကာ အရိုးစုအဖြစ် ပြောင်းလဲသွားခဲ့သည်။

"ဒါက အရမ်း အားနည်းလွန်းတယ်!"

လုရွှမ်က ဆို၏။

"ငါ့ရဲ့ အခင်းအကျင်းကို တစ်ချက် ကြည့်လိုက်!"

လုရွှမ် အော်ပြောပြီးတာနဲ့ လျိုမိသားစုဝင်တို့ အထက်တွင် ကောင်းကင်ကိုပင် ဖုံးအုပ်ထားနိုင်တဲ့ အခင်းအကျင်း တစ်ခုကို ဖန်တီးလိုက်တော့သည်။ အခင်းအကျင်းထဲမှ အလင်းတန်းများ ဖျတ်ခနဲ ထိုးဆင်းလာကာ လျိုမိသားစုကို အလင်းထဲတွင် ချုပ်နှောင်ထားလိုက်သည်။

"လှည့်စေ လှည့်စေ လှည့်စေ!"

လုရွှမ် သုံးကြိမ်ဆက်တိုက် ပြောပြီးနောက် အလင်းရောင်က ဖျတ်ခနဲ တောက်လာပြီး လျိုမိသားစုထဲက လူအားလုံးဟာ ကမ္ဘာတစ်ခုလုံး ဇောက်ထိုး ဖြစ်သွားသလို ခံစားလိုက်ရတော့သည်။ သူတို့ မတ်တပ်ရပ်နိုင်တဲ့ နေရာတိုင်းဟာ တရွေ့ရွေ့နဲ့ လှည့်ပတ်နေ၏။

သူတို့ ခန္ဓာကိုယ်များဟာ ယခုအချိန်တွင် အသေကောင်များကဲ့သို့ ပျော့ဖတ်နေလေပြီ။ နောက်ထပ် လေတစ်ချက် ဝေ့ဝဲတိုက်ခတ်ပြီးတဲ့အခါ လျိုမိသားစုမှ လူတစ်ယောက်မှ လှုပ်ရှားမှုမရှိတော့ဘဲ အလင်းတန်းများ ပြန့်ကျဲသွားပြီး အသွေးအသား အပိုင်းအစများသာ ကျန်ရစ်ခဲ့တော့သည်။

ရုတ်တရက် လုံးဝ တိတ်ဆိတ်သွားလေ၏။

ဝမ်မိသားစုနှင့် ဟန်မိသားစုတို့မှာ နတ်ဆိုးတစ်ကောင်ကို ကြည့်နေရသလို လုရွှမ်ကို ကြည့်ကာ ခြေထောက်များပါ တုန်ရီလာကြသည်။

နောက်ဆုံးတော့ လူတစ်ယောက် ရုတ်တရက် ခုန်ချပြီး ထွက်ပြေးသွားသည်။ ပထမတစ်ယောက် ပြီးတော့ နောက်တစ်ယောက်။ ဟန်မိသားစုက လူတွေ အရင်ဆုံး လှုပ်ရှားကြပြီး နောက်တော့ ဝမ်မိသားစု၊ နောက်ဆုံးတွင် အဂ္ဂိရတ်ပညာရှင် အဖွဲ့က လူတွေပါ တိတ်တိတ်ဆိတ်ဆိတ် ထွက်ပြေးကြတော့၏။

လုရွှမ် သူတို့နောက်ကို လိုက်မသွားခဲ့ပါဘူး။ သူက ကောင်းကင်ကို မော့ကြည့်ပြီး အသံနက်ကြီးနဲ့ ပြောလိုက်ပါ၏။

"မင်းကြည့်နေတာ ကြာပြီ.... ပေါ်လာသင့်ပြီ ထင်တယ်"

ယန်ရှီးတို့ လူရှစ်ယောက်သည် လုရွှမ် စိုက်ကြည့်နေသည့် ဦးတည်ရာဘက်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ လုရွှမ်ရဲ့ ပုံစံက တမင်ဟန်လုပ်နေတာတော့ မဟုတ်ပေ။ အမှောင်ထဲတွင် ပုန်းအောင်းနေသော လူတစ်ယောက်ကို အမှန်တကယ် တွေ့လိုက်ရခြင်းပင်။

လုရွှမ်၏ အမူအရာမှာ တင်းမာနေ၏။ အစောက သူ ဒီလူရှိနေတာကို မခံစားမိခဲ့ချေ။ ကျောက်စိမ်းပြားထဲရှိ ရွှေကျီးကန်းက သူ့ကို ပြောပြခဲ့လို့သာ။

ရွှေကျီးကန်းသည်ပင် တိတ်တဆိတ် အသံလွှင့်ကာ ကျောက်စိမ်းပြားထဲမှ ပြေးထွက်မလာခဲ့ဘူး။

"ဒီလူက ယွမ်စံအိမ်ထဲက ထူးဆန်းတဲ့ ရတနာရဲ့ အငွေ့အသက်ကို ခံစားမိသွားတာ ဖြစ်နိုင်မလား?"

All Chapters