← Chapters

မြန့်ရှန်ပန်း

Vol. 37 Ch. 4.61

မြန့်ရှန်ပန်း

Vol. 37 Ch. 4.61

ကောင်းကင်မှာ ဘယ်သူမှ မရှိသလိုမျိုး အချိန်အတော်ကြာအောင် တုံ့ပြန်မှု မရှိလာခဲ့ချေ။ အချိန်အတော် ကြာပြီးနောက်မှ နောက်ဆုံးတွင် ကျောက်စိမ်းပြား အတွင်းမှ ရွှေကျီးကန်း၏ စကားသံက ထွက်လာခဲ့သည်။

"သူထွက်သွားပြီ.... တကယ်လည်း ဘယ်သူမှ မရှိ​တော့ဘူး... အမေရေ ဒီသခင်ငှက်လည်း သိပ်မသဲကွဲတော့ဘူး"

ဒါကိုကြားတော့ လုရွှမ် စိတ်ထဲကနေ မုန်းတီးစွာနဲ့ ကျိန်ဆဲလိုက်ပြီး။

"ကျီးကန်း....မင်း ငါ့ကို လာနောက်နေတာလား?"

ကျီးကန်းက မတုံ့ပြန်ဘဲ ကျောက်စိမ်းပြားထဲမှာ တိတ်တိတ်ဆိတ်ဆိတ်ပဲ ​ဖြစ်သွားသည်။

လုရွှမ် အသက်ရှုကြပ်သလိုပင် ခံစားလာမိသည်။ ကျီးကန်းက ပေါ့ပေါ့တန်တန် စနောက်မှာ မဟုတ်ဘူးဆိုတာ သူသိတယ်။ ဖြစ်နိုင်ခြေ ၈၀%လောက်မှာ အမှန်တကယ်လည်း အမှောင်ထဲမှာ တစ်စုံတစ်ယောက် ရှိကောင်းရှိနိုင်ပေမယ့် နောက်တော့ ထွက်သွားခဲ့တာ ဖြစ်နိုင်သည်။

လုရွှမ် ကောင်းကင်မှ လွင့်ပျံလာပြီး ယွမ်စံအိမ်ကြီး၏ တံခါးဆီဝသို့ ရောက်ရှိလာသည်။

ယန်ရှီးမှာ လုရွှမ်နဲ့ သိကျွမ်းခဲ့တာ အချိန်တို​လေး အတွင်းသာ ရှိခဲ့သော်လည်း ဘာကြောင့်မှန်းမသိ သူမ ရင်းနှီးနေတဲ့ အနံ့အသက်တစ်ခု ရှိနေတယ်လို့ ခံစားနေရ၏။

လုရွှမ်သည် အပြုံးနဲ့ ကျိုးကျိုးရဲ့ ခေါင်းကို ပွတ်သပ်လိုက်ပြီး ယန်ရှီးနှင့် တခြားသူများ ရှိရာသို့ လျှောက်သွားလိုက်သည်။ သူတို့မှာ အံ့သြနေကြဆဲဖြစ်ပြီး

"ရှင် ခုနက ပြောခဲ့တဲ့လူက ဘယ်မှာလဲ?"

ယန်ရှီး မမေးဘဲ မ​နေနိုင်တော့ပေ။

သူမ၏ ခန္ဓာကိုယ်သည် တင်းမာနေပြီး သူမ၏ မျက်လုံးများက လေးနက်နေသည်။

လုရွှမ် ခေါင်းထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ ကောင်းကင်ကံကြမ္မာ ဓမ္မခန္ဓာသည် ​တောက်ဓမ္မ စွမ်းအင်၏ အတက်အကျ အများစုကို အလိုအလျောက် ခံစားသိရှိနိုင်သည်။ လုရွှမ် ကျိုးကျိုးကို ကြည့်လိုက်သော်လည်း ကလေးမလေးသည် စိတ်အေးလက်အေးနှင့် ဘာမှ မခံစားရသလိုပင်။

“ဖြစ်နိုင်တာက…”

လုရွှမ် ရုတ်တရက် သဘောပေါက်သွား၏။

ယန်ရှီးသည် ကောင်းကင်ကံကြမ္မာ ဓမ္မခန္ဓာဖြစ်ပြီး ကျိုးကျိုးသည် မြေပြင်ကံကြမ္မာ ဓမ္မခန္ဓာကိုယ်တို့ ကိုယ်စီ ရှိ​ကြသည်။ ထိုကဲ့သို့သော အရည်အချင်းရှိ လူငယ်များအတွက် ၎င်းတို့ကို လျှို့ဝှက်စွာ စောင့်ရှောက်ပေးနေသော သခင်များ မရှိဘူးလို့ မဆိုနိုင်ဘူးလေ။

ယွမ်စံအိမ်ကြီးမှာ သူအရင်က အခွင့်အရေးတွေ အကြောင်း ဒီလူအနည်းငယ်ကို ပြောပြခဲ့တာကိုလည်း အမှောင်ထဲက လူက သူ့မျက်စိနဲ့ မြင်ပြီးလောက်ပြီ။ ဒါပေမဲ့ ထွက်မလာခဲ့ပေ။ လုရွှမ် တစ်ချက် သတိကပ်သွားရင်း အနာဂတ်မှာ ပိုသတိထားရတော့မှာကို သဘောပေါက်လာခဲ့သည်။

လုရွှမ် သူ့မျက်လုံးများကို လူတိုင်းအပေါ် ဝေ့ကြည့်လိုက်သည်။ အထူးသဖြင့် ကျောက်ဟန်ကို စိုက်ကြည့်လိုက်သည်။ ဤလူသည် ယခင်က သူ့အပေါ် ပြင်းထန်သော လူသတ်ရောင်ဝါတွေ ရှိနေခဲ့၏။

ဒါပေမဲ့ အခုသူ့ကို တိတ်တဆိတ် စောင့်ကြပ်နေသူ တစ်ဦး ရှိကောင်းရှိနိုင်လို့ ဒီကောင်လေးကို ခဏလွှတ်ထားပေးလိုက်မယ်။ နောင်အနာဂတ်မှာ သူ့ကို စိတ်ဆိုးအောင်တော့ မလုပ်မိစေနဲ့ပေါ့။

"မိန်းက​လေးယန်ရှီး.... မင်း အခု ရှင်းရှင်းလင်းလင်း မြင်သင့်ပြီ ငါကမင်းအစ်ကိုကို သတ်တဲ့ လူသတ်သမား မဟုတ်ဘူး"

ယန်ရှီးလည်း ခေါင်းညိတ်ပြလိုက်သည်။ လုရွှမ်ကို ကြည့်နေတဲ့ သူမမျက်လုံးတွေက နည်းနည်းလေးမှ အထင်အမြင်သေးမှု မရှိတော့ဘဲ အနည်းငယ် အံ့သြသွားမိတာ အမှန်ပင်။

သူမသာ တကယ် တိုက်ခိုက်ချင်တယ်ဆိုရင် သူမတို့ ရှစ်ယောက်လုံး အတူတူ ပူးပေါင်း၍ ဝှက်ဖဲတွေကိုပါ သုံးပြီး သတ်ပစ်နိုင်တယ် ဆိုတာ သူမ ကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ လုရွှမ်ကလည်း သူတို့ဘက်က လူအနည်းငယ်ကို လွတ်မြောက်ခွင့်ပေးမှာ မဟုတ်ဘူး ဆိုတာလည်း သိပါသေးသည်။

ဒီလို သန်မာတဲ့လူကို မစော်ကားမိတာ ပိုကောင်းပါတယ်လေ။

လူအနည်းငယ်နှင့် ခဏမျှ စကားစမြည် ပြောဆိုပြီးနောက် လုရွှမ် သူတို့အား နှုတ်ဆက်ပြီး မြို့ထောင်ချီမဟာမိတ်ပေါ်၍ ဖြတ်ပြေးကာ သူ့အောက်က ကြောက်ရွံ့သော မျက်လုံးများပေါ်မှ ထွက်ခွာသွားခဲ့သည်။

ထိုညတွင် ယန်ရှီးသည် အခန်းထဲတွင် ထိုင်နေမျစဥ် လေတစ်ချက် တိုက်ခတ်လာရင်း အဘွားကြီးတစ်ယောက် ဝင်လာခဲ့သည်။

"ဆရာ.... တကယ် ဆရာလား?"

ယန်ရှီး အလျင်အမြန် ဂါဝရပြုလိုက်သည့။

"အင်း.... ငါထွက်လာတုန်းက တွေ့တဲ့ မျိုးဆက်လေး တစ်ယောက်ရဲ့ အစွမ်းအစက တကယ်ကို ထူးခြားတယ်လို့ ပြောရမယ်.... ယန်ရှီး မင်းသူနဲ့ သူငယ်ချင်း ဖြစ်ရတာက ရန်သူဖြစ်တာထက် ပိုကောင်းလိမ့်မယ်"

ယန်ရှီး မျက်ခမ်းများ တုန်လှုပ်သွားပြီး

"ဧကန္တ ဆရာ.... ဆရာ သူ့ကိုလည်း ဂရုစိုက်နေတာလား?"

အဘွားကြီးသည် ခေါင်းယမ်းကာ နောက်တစ်ကြိမ် ခေါင်းညိတ်ပြပြန်၏။

"ငါလည်း နည်းနည်းတော့ ရှုပ်နေတယ်.... ​​အဲဒီလူက နည်းနည်းတော့ ခန့်မှန်းရခက်တယ် ဒါပေမဲ့ ငါတို့သာ သူ့ရန်သူ ဖြစ်သွားရင် အနာဂတ်မှာ ဘေးအန္တရာယ်ကြီး ဖြစ်လာလိမ့်မယ်လို့ ခံစားနေရတယ်"

"ကျိုးကျိုးက အလုပ်ကောင်းကောင်း လုပ်ခဲ့တယ်။ ကလေးမလေးရဲ့ အရည်အချင်းက သာမန်ပဲ ဆိုပေမယ့် သူမရဲ့ စိတ်နေစိတ်ထားက လူကို သနားစိတ် ဝင်အောင်လုပ်တတ်တယ်... အနာဂတ်မှာ သူ့ကို သေချာ ပြုစုစောင့်ရှောက်လိုက်... ပြောလို့မရဘူး နောက်ထပ် အခွင့်အရေး တစ်ခုလည်း ရလာနိုင်တယ်"

ယန်ရှီး အနည်းငယ် တုန်လှုပ်သွားကာ နဂါးသွေးသံကို အမြန်ထုတ်ယူပြီး အဘွားကြီးထံ အပ်လိုက်သည်။

"ဆရာ.... ဒါက သူတော်စင်နယ်ပယ်က လက်နက်တွေကို သန့်စင်ဖို့ လိုအပ်တဲ့ ပစ္စည်းလို့ အဲဒီလုရွှမ်ဆီက ကြားခဲ့ပါတယ်... တပည့်က ဒါ ဆရာ့ဆီကို ပေးချင်လို့ပါ"

အဘွားအိုက သက်ပြင်းချလိုက်ပြီး ခေါင်းကို ခါယမ်းကာ နဂါးသွေးသံကို နောက်ပြန် တွန်းပိုပလိုက်သည်။

"မင်းက ကိုယ့်ကိုကိုယ် အရမ်းသတိထားလွန်းတယ်.. ဆရာက မင်းကို သမီးအရင်းလို ဆက်ဆံတာဆိုတော့ မင်းရဲ့ ပစ္စည်းတချို့ကို ဘာလို့ လိုချင်တပ်မက်နေရမှာလဲ? ဟူး...."

သက်ပြင်းကို အထပ်ထပ် အခါခါချရင်း အဘွားကြီးရဲ့ ခန္ဓာကိုယ်က ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။

ယန်ရှီးလည်း ခဏတာ အံ့အားသင့်သွားပြီး မျက်လုံးများ နီရဲလညကာ ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာပေါ်က မျက်ရည်များကို သုတ်လိုက်သည်။ နဂါးသွေးသံသည် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားရာ ကြမ်းပြင်မှာ ကွဲအက်ရာများ ထွက်ပေါ်လာပြီး အပေါက်ကြီးတစ်ခု ကျန်ရစ်ခဲ့​လေသည်။

......

လုရွှမ် ဆေးဥယျာဉ်သို့ ပြန်လာခဲ့သည်။ လမ်းပေါ်တွင် လျှောက်လာရင်း သူ့ကို စော်ကားခဲ့သည့် ဆေးဥယျာဥ်ထဲက တပည့်တွေရဲ့ မျက်လုံးများထဲက အံ့သြထိတ်လန့်မှုကို အတိုင်းသား တွေ့နေရသည်။

သူတို့က ခေါင်းငုံ့ကာ မျက်ခုံးမွှေးများကို ဖြီးဖြန်းရင်း လမ်းလျှောက်နေရာကနေတောင် အလွန်အမင်း သတိထားနေလေသည်။

"ဟီးဟီး... ကိုကိုလုရွှမ် ဒီနေ့ ကိုကို အပြင်ထွက်တာ တကယ်ကို ကြီးကျယ်ခမ်းနား လွန်းတယ်နော်... မိုက်မဲတဲ့ မိသားစုကြီးတွေကို သတ်ပစ်လိုက်တယ် ကိုကို အရမ်းစိတ်လှုပ်ရှားနေတယ် ဆိုတာ တခြားသူတွေကို မြင်အောင် ပြနေတာလား? သူများက ကို့ကိုကို ခေါင်းအုံးဖြစ်ပေးဖို့ အကြံပေးတာကျတော့ မကူညီနိုင်ဘူးပေါ့??"

ပန်းပွင့်တွေ ကြားထဲက လှပတဲ့ အမျိုးသမီးတစ်ဦး ထွက်လာခဲ့သည်။ သူမမှာ ဟုန်ဟွားဟု ခေါ်တွင်သူ ပန်းနီမိန်းကလေးပဲ ဖြစ်၏။ အခုအချိန်မှာတော့ သူမဘေးမှာ ဝေါယာဥ်ကို ထမ်းလာ​ပေးတဲ့ ကောင်မလေးတွေ မရှိတော့ပေ။

သူမ၏ ခန္ဓာကိုယ်သည် ပန်းပွင့်များကြားတွင် ဖုံးကွယ်ထားပြီး အထူးဆွဲဆောင်မှု ရှိလှသည်။ သူမ မျက်မှောင်ကြုတ်ကာ ပြုံးလိုက်တာနဲ့တင် လူတိုင်းရဲ့ နှလုံးသားကို ထိမိသွားစေလောက်၏။

လုရွှမ် မျက်လုံးများကို ဆတ်ခနဲ မှိတ်လိုက်ပြီး ၎င်းတို့ကို ပြန်ဖွင့်လိုက်ရာ သူ့စိတ်ထဲတွင် တစ်မျိုးတစ်မည် ခံစားလိုက်ရသည်။ ဤလူက တကယ်ကို အစွမ်းထက်ပြီး သဘာဝအတိုင်း ကျက်သရေရှိပါသည်။

သူ့ အသွင်အပြင် အသံနဲ့တင် လူကို တိတ်တဆိတ် လှုပ်ရှားစေပြီး မသိလိုက်ဘဲ ညှို့ယူခံလိုက်ရသလို ခံစားရ​စေသည်။ ကျီးကန်းရဲ့ သတိပေးသံကြောင့်သာ မဟုတ်ရင် သူရုတ်တရက် စိတ်လွတ်ပြီး ထိုမိန်းမနောက် လိုက်သွားမိနိုင်သည်။

"မင်းကတော့... ဖြစ်ရောဖြစ်သေးရဲ့လား? ကျီးဖိုးဖိုးတောင် အဆင်​​ပြေ​နေ​သေးတယ်​"

"ဟမ့်.... မင်းက ကျီးကန်း တစ်ကောင်ပဲလေ မင်း လူတွေကို စိတ်ဝင်စားမှာ မဟုတ်သလို လူကလည်း မင်းကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး"

ဒေါသထွက်နေသော ရွှေကျီးကန်းသည် ကျယ်လောင်စွာ ကျိန်ဆဲလိုက်သော်လည်း လုရွှမ်က ငတုံးလို ဟန်ဆောင်၍ လျစ်လျူရှုသွားခဲ့သည်။

ဟုန်ဟွား၏ မျက်လုံးများသည်လည်း တောက်ပပြီးရင်း တောက်ပလာ၏။

"ကိုကိုလုရွှမ်က တကယ်ကို အံ့သြစရာ ကောင်းလောက်အောင် အစွမ်းထက်တာပဲ... သူများကို ပိုတောင် သဘောကျလာစေတယ် ဟီး ဟီး!"

သူ့ခန္ဓာကိုယ်က မီးတောက်တွေလို ပန်းတွေကြားမှာ ပုန်းနေသည်။

ထိုအခိုက်တွင် စွင်းလင်လည်း ရောက်လာခဲ့သည်။

"သခင်လေးလုရွှမ်... သခင်လေးရဲ့ အစွမ်းကတော့ အံ့မခန်းပါပဲ... ကျွန်မတောင် ထိန်းမနိုင်သိမ်းမနိုင် သဘောကျမိသွားတယ်"

စွင်းလင်က ဟုန်ဟွား၏ အသွင်အပြင်ကို တုပကာ ဒေါသတကြီး ရယ်မောလိုက်သည်။

ယနေ့တိုက်ပွဲသည် မြို့ထောင်ချီမဟာမိတ်တွင် လုရွှမ်အား လူသတ်နတ်ဘုရား ရာထူးကို အပြည့်အဝ ရရှိစေခဲ့သည်။ ယခု သူ့ကို မည်သူမျှ လျှော့မတွက်ရဲတော့သလို စွင်းလင်းလည်း အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

ဆေးဥယျာဉ်ပိုင်ရှင် အနေနှင့် သူမရဲ့ကိုယ်ပိုင် အကဲဖြတ်ခြင်းကိုလည်း လက်အောက်ငယ်သား များစွာက ပြစ်တင်ဝေဖန် ခဲ့ကြ​သေးသည်။ ယခုတော့ လေထုက ပြောင်းလဲသွားကာ သူမ၏ အမြော်အမြင်ကြောင့် သူမကို လူတိုင်းက ချီးကျူးလာကြသည်။

"သခင်လေးက မိသားစုဝင်တွေ အားလုံးနဲ့ ဆေးဥယျာဉ်က ထွက်သွားမှာလား?"

လုရွှမ် ကြောင်အသွား၏။

"မိသားစုဝင်?? သခင်မစွင်းက စိတ်လှုပ်ရှားနေတာလား? ကိစ္စမရှိပါဘူး ကျုပ်က သိပ်စိတ်ထဲ မထားတတ်ဘူး"

စွင်းလင်သည် လုရွှမ်ရဲ့ စကားလုံးတွေ ဒီလောက်ထိ ရဲရင့်လာလိမ့်မယ်လို့ မမျှော်လင့်ထားချေ။ သူမမျက်နှာက မီးတောက်လို နီရဲလာကာ ရှက်ရွံ့စွာ လှည့်ထွက်သွား​လေသည်။

လုရွှမ်လည်း ရယ်မောလိုက်ပြီး

"သခင်မစွင်း.... ငါ့ပခုံးတွေက မင်းအတွက် အားကိုးစရာ နေရာတစ်ခုကို အမြဲချန်ထားပေးမှာပါ"

စွင်းလင်သည် ပို၍ပင် လျင်မြန်သွားပြီး ပန်းများကြားတွင် လျင်မြန်စွာ ပုန်းနေလိုက်​တော့သည်။

"ဟမ့် ရှင်က လက်ဘယ်နှစ်ဖက်ကို လူဘယ်နှစ်ယောက်ကို ဆွဲထားမလို့လဲ?"

တစ်ဆက်တည်း ညင်သာသော အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။

လုရွှမ် တိတ်တိတ်လေး ကျိန်ဆဲပြီး လှည့်ကြည့်လိုက်တော့ စွင်းလင် ထွက်လာတဲ့ ပန်းတွေရဲ့နောက်မှာ ဟန်ရွှယ်နဲ့ မိန်းကလေးတွေကို တွေ့လိုက်ရလေ၏။

"အိုး... ဒါက ဘယ်လိုပန်းမျိုးလဲ? သူက အသက်ရှုသံတွေကို ဖုံးကွယ်ထားနိုင်တာ အံ့ဩစရာပဲ... ဆေးဥယျာဉ်က ဒီအတိုင်း အကြာကြီး ရပ်တည်နိုင်ခဲ့တာ တကယ့်ကို ထူးခြားတဲ့ နောက်ခံရှိနေတာပဲ"

ပန်းဆီရောက်တဲ့အခါ တစ်ပွင့်ကို ကောက်ယူပြီး ရှူရှိုက်လိုက်တာနဲ့ ရုတ်တရက် ကျီးကန်းက ခုန်ထွက်လာတော့သည်။ မိန်းကလေးများသည် လုရွှမ် မွေးမြူထားတဲ့ ထူးဆန်းသော ငှက်ဖြစ်ကြောင်း သိသလို ကျီးကန်းနဲ့လည်း ရင်းနှီးနေတာ ကြာပါပြီ။

"ကောင်လေး.... မင်းကံက ကောင်းလိုက်တာ၊ ဒါက မြန့်ရှန်းပန်းပဲ... မြန်မြန် ယူလိုက်!"

ဘာသာပြန်သူ - လုရွှမ် ကောင်မလေးတွေကို စနောက်တတ်မယ်လို့ မထင်ထားဘူး။ ဒီလုရွှမ်က အတုဖြစ်မယ်။

All Chapters