← Chapters

လူထောင်ပေါင်းများစွာ စုဝေးကြရာ

Vol. 37 Ch. 4.62

လူထောင်ပေါင်းများစွာ စုဝေးကြရာ

Vol. 37 Ch. 4.62

ကျီးကန်း၏ ရွှေရောင်နှင့် အနက်ရောင်လက်သည်းများ ညွှန်ပြရာ နေရာတွင် အနီနဲ့အဖြူရောင် အစက်များဖြင့် ပွင့်လန်းနေသော ပန်းပွင့်များကို အစုလိုက်အပြုံလိုက် တွေ့လိုက်ရသည်။

ပန်းရနံ့​များသည် ရိုးရှင်းပြီး မွှေးကြိုင်သော မွှေးရနံ့များ ထွက်ပေါ်နေ၏။

ပထမ တစ်ချက်မှာ ပေါ်လွင်ထင်ရှားခြင်း မရှိသော်လည်း ၎င်းကို သေချာ အာရုံစိုက် ကြည့်ပြီးနောက်မှာတော့ ထိုပန်းပွင့်လေးသည် မည်မျှထူးခြားသည်ကို သိလိုက်ရသည်။

ဝိညာဉ်စွမ်းအားက ဘယ်တော့မှ ပြန်မလာတော့ဘဲ အဲဒီပန်းပွင့်က လတ်လတ်ဆတ်ဆတ် မျိုချသွားလိုက်သလိုပင်။

လုရွှမ်လည်း ထိတ်လန့်သွားသည်။ ထိုကဲ့သို့ အာနိသင်ရှိသော အပင်ကို သူတစ်ခါမှ မမြင်ဖူးတာ မဟုတ်ပေမယ့် မြန့်ရှန်ပန်းလို မထင်ရှားတဲ့ ပန်းမျိုးကို မြင်ဖူးတာ ပထမဆုံးအကြိမ် ဖြစ်သည်။

သူ့လက်ဖဝါးကို လှုပ်ခါလိုက်သည်နှင့် သူ့လက်ထဲက ပန်းပွင့်ငယ်လေးသည် ချက်ချင်းပင် မီးလုံးကြီး အဖြစ်သို့ လောင်ကျွမ်းသွားပြီး ပြာဖြစ်သွားသည်။ ခဏလောက်တော့ သူ့လက်ထဲက ပန်းကလေးသည် သူ့စိတ်ဝိညာဉ် စွမ်းအားတွေကိူ အမှန်တကယ် စုပ်ယူနေခဲ့တယ် ဆိုတာကို သူ မသိလိုက်ပေ။

ထိုပန်း၏ လှုပ်ရှားမှုများက မမြင်နိုင်သလောက်ပင် ဖြစ်သော်လည်း လုရွှမ်၏ စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာသည် ၁၈ အထိ မြင့်မားနေပြီး သူ၏ ဝိညာဉ်စွမ်းအားအပေါ် ခံယူချက်က အခြားသူများထက် များစွာ သာလွန်နေပါသည်။

သူ၏ စိတ်ဝိညာဉ်စွမ်းအား အနည်းငယ် အပြောင်းအလဲ ဖြစ်သွားတာလောက်က သူ၏ စိတ်ပိုင်းဆိုင်ရာ စုံစမ်းမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

"ဒါ?"

လုရွှမ် အံ့သြသွားပြီး မယုံနိုင်လောက်အောင် ဖြစ်သွားသည်။

စစ်မှန်သော ချီ၊ မူလစွမ်းအားနှင့် နှိုင်းယှဉ်လျှင် ဝိညာဉ်စွမ်းအားသည် ကိုယ်ခံပညာရှင် တစ်ဦးနှင့် ပိုမိုသဟဇာတ ဖြစ်ပြီး ယေဘူယျအားဖြင့် ခွန်အားတိုးလာတာနဲ့အမျှ မူလစွမ်းအားကို လုယူနိုင်သော်လည်း စိတ်ဝိညာဉ် စွမ်းအားကတော့ ပေါင်းစည်းထားသော ဝိညာဉ်ကို ဖန်တီးထားသလို ဖြစ်သည်။

လူတစ်ဦး၏စိတ်သည် ပြန့်ကျဲနေပြီး သူ၏စိတ်ဝိညာဉ်သည် ကွဲအက်သွားခြင်း မရှိပါက သာမန် အခြေအနေများတွင် စိတ်ဝိညာဉ်စွမ်းအားကို လုယူနိုင်ခြေ မရှိချေ။

ကျီးကန်းက ရယ်ပြီး လုရွှမ်ကို သနားသွားတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။

"အခု ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ သိသွားပြီမလား? ဟဲဟဲ ဒါက မြန့်ရှန်ပန်းရဲ့ ကြောက်စရာကောင်းတဲ့ အချက်ပဲ... ဒါမြန့်ရှန်ပန်းရဲ့ အခြေခံအကျဆုံး ပုံစံပဲလေ.... မြင့်မားတဲ့အဆင့်အထိ တိုးလာတာနဲ့အမျှ လူတွေကို ဝိညာဉ်မဲ့ အမှိုက်တွေ ဖြစ်သွားတဲ့အထိ စုပ်ယူပစ်နိုင်တယ်.... ဒါက အဆင့်အမြင့်ဆုံး ရုပ်သေးနည်းပညာ ဆိုတာကို မင်းသိထားရမယ်"

ကျီးကန်းရဲ့ မျက်နှာမှာ လွမ်းဆွတ်မှုတွေ ပြည့်နှက်နေပြီး သူ့အသံက မှိန်ဖျော့သွားခဲ့သည်။

"ဟိုတုန်းက ငါသခင့်နောက်ကို လိုက်ခဲ့တော့ ဒီလိုလူနဲ့ တွေ့ခဲ့​သေးတယ်...သူ...."

ကျီးကန်း၏ စကားများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

"ဝေးတယ် မင်း မြန့်ရှန်ပန်းကို အဆင့် မြင့်လာတဲ့အထိ ပြုစုပျိုးထောင်ဖို့ အရမ်း ဝေးသေးတယ်.... ဒါပေမဲ့ အနိမ့်ဆုံးအဆင့် မြန့်ရှန်ပန်းကိုတော့ အဂ္ဂိရတ်ပညာနဲ့ သန့်စင်ပြီးရင် စိတ်စွမ်းအားကို မြှင့်တင်တဲ့ နေရာမှာ သုံးနိုင်တယ်"

"အရာအားလုံးက တစ်ယောက်နဲ့ တစ်ယောက် ထိန်းထိန်းသိမ်းသိမ်း လုပ်နေရတာပါပဲ ကောင်လေး၊ မင်းမှာ အဂ္ဂိရတ်ပညာနဲ့ ဆေးဝါးကို ခွဲခြားဖို့ သွားရမယ့်လမ်းက အဝေးကြီး ရှိသေးတယ်မလား?"

ကျီးကန်က သူ့အတောင်တွေကို တဖျတ်ဖျတ် ခတ်ပြီး လုရွှမ်ကို စကားတစ်ခွန်းနဲ့ ရိုက်ထုတ်လိုက်ကာ ကျောက်စိမ်းပြားထဲကို ပြေးဝင်သွားတော့သည်။

လုရွှမ်ရဲ့ စိတ်ကတော့ အံ့သြ တုန်လှုပ်နေဆဲပင်။ တိမ်ပင်လယ် နယ်မြေထဲတွင် သူသည် ခွန်အားနှင့် ထူးကဲသော အတွေ့အကြုံများဖြင့် တစ်ချိန်က ထိပ်တန်းသို့ ရောက်ဖူးခဲ့သည်။ အဂ္ဂိရတ်ပညာ၊ ဆေးဝါး ပိုင်းခြားသိမြင်မှု၊ အခင်းအကျင်း တီထွင်ဖန်တီးမှု၊ လက်နက်များ သန့်စင်မှု​နှင့် သားရဲများကိုလည်း ထိန်းချုပ်နိုင်ခဲ့သည်။

ဒါပေမဲ့ သူ့ကျောက်စိမ်းကတ်ကို ရလိုက်တဲ့ အချိန်ကတည်းက ကျီးကန်း ပစ္စည်းတစ်ခုကို ထုတ်ပြလိုက်တိုင်း သူ့ရဲ့ယခင် အသိဥာဏ်များကို ချိုးဖျက် လုနီးပါးဖြစ်မယ့် အရာတစ်ခုကို ထုတ်ဖော်ပြသနေတော့သည်။

ကျီးကန်းက သူ့သခင် အကြောင်းကို အရင်က ပြော​ပြခဲ့ဖူးတာကို သူ ရှင်းရှင်းလင်းလင်း မှတ်မိသေးသည်။ သူ့မှာ သိချင်စိတ် သိပ်မရှိခဲ့ပေ။ အဲဒီလူက ဘယ်လိုလူမျိုးလဲ? ဘယ်လို ဒဏ္ဍာရီတွေများ ရှိခဲ့တာလဲ?

ကျီးကန်ူ ပေးသော နည်းလမ်းအတိုင်း လုရွှမ် မြန့်ရှန်ပန်းများကို တစ်ပွင့်ပြီး တစ်ပွင့် ဂရုတစိုက် ဆွတ်ယူခဲ့သည်။ သူသည် သူ၏စစ်မှန်သော ဝိညာဥ်စွမ်းအင်၊ ယွမ်ချီ သို့မဟုတ် စိတ်ဝိညာဉ်စွမ်းအားကို တစ်ခုမှ အသုံးမချဘဲ ရိုးရှင်းသော ခန္ဓာကိုယ် ခွန်အားကို​သာ သုံးခဲ့သည်။

မဟုတ်ပါက မြန့်ရှန်ပန်းက သူ့စွမ်းအင်တွေကို အာရုံခံမိနိုင်ပြီး ၎င်းကို အလိုအလျောက် စုပ်ယူသွားနိုင်သည်။ ၎င်းသည် အခြားသူများနှင့် သူ့ကိုယ်သူလည်း ထိခိုက်စေမှာ ဖြစ်သလို ၎င်း၏ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိများကိုပါ ထိခိုက်စေမည် ဖြစ်သည်။

မိန်းကလေး ငါးယောက်သည် လုရွှမ်၏ လှုပ်ရှားမှုများကို စူးစူးစိုက်စိုက် ကြည့်ကာ တစ်ယောက်ကို တစ်ယောက် တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေကြသည်။

ချန်စစ်ယန်က စူးစမ်းချင်စိတ် အပြင်းပြဆုံးပင်။ သူမ အစောကတည်းက ဒီပန်းမျိုးကို သတိထားမိခဲ့သည်။ နောက်ဆုံးတော့ သူမဟာ ဆေးဥယျာဉ်ထဲက တပည့်ဖြစ်ပြီး ဆေးပင်တွေကို ပိုဂရုစိုက်ခဲ့ရသူပဲ မဟုတ်လား။

ဒီလို မထင်ရှားတဲ့ ပန်းပွင့်လေးတွေက အသက်ရှုသံကို ဖုံးကွယ်ထားနိုင်တယ်။ ဆေးဥယျာဥ်ပိုင်ရှင် စွင်းလင်ဆီကနေ ဒီပန်းက လျန်ရှီဟွားလို့ ခေါ်တဲ့ အပင်တစ်ပင် ဖြစ်ကြောင်း သိခဲ့ရသည်။

ဤအပင်မျိုးသည် အလွန်သိမ်မွေ့ နူးညံ့ပြီး အစားထိုး စိုက်ပျိုးဖို့ မဖြစ်နိုင်သလောက်ပင်။ ဆေးဥယျာဥ်ထဲက လူတွေတောင် ဒီပန်းအကြောင်း သိပ်မသိကြချေ။

တစ်ချိန်က သူတို့သည် ဤအရာအား သဘာဝရတနာ တစ်မျိုးဟု ထင်ခဲ့ကြသော်လည်း တချို့သော လေ့လာမှုများ ပြုပြီးနောက်တွင် ၎င်းသည် ဆေးဖက်ဝင်တန်ဖိုး အနည်းငယ်သာ ရှိပြီး အသက်ရှုမရအောင် စွမ်းဆောင်နိုင်တာကို တွေ့ရှိခဲ့ကြသည်။

သို့သော် အလွန်အားရစရာ မရှိသော အချက်မှာ ပန်းပွင့်ကို နှုတ်ပြီးသည်နှင့် အနည်းငယ် ကြာပြီးနောက် ညှိုးနွမ်းသွားကာ မည်သည့် နည်းလမ်းကို အသုံးပြုထားသည် ဖြစ်စေ ထိန်းသိမ်းထား၍ မရ​တော့ခြင်းပင်။

သေချာတာကတော့ ဆေးဥယျာဉ်က လူတွေက ဒီလိုပန်းမျိုးတွေကို စိတ်ဝင်စားမှု နည်းသွားတာ ​ဖြစ်နိုင်သည်။ စွင်းလင်က ဒီလိုပန်းမျိုးကို သဘောကျတဲ့အတွက် သူမတပည့်တွေကို ပြုစုပျိုးထောင်ပေးဖို့ အမိန့်ပေးခဲ့တာ ဖြစ်သည်။

"လုရွှမ်.... ဒီလျန်ရှီပန်းကို သိလား?"

ချန်စစ်ယန်က လျန်ရှီပန်းရဲ့ ထိရောက်မှုကို အတိုချုံးရှင်းပြပြီး မေး​မြန်းကြည့်လိုက်သည်။

"လျန်ရှီပန်း?"

လုရွှမ် ခပ်တိုးတိုး ပြုံးလိုက်ပြီး

"ဒီပန်းမျိုးကို လျန်ရှီပန်းလို့ ခေါ်တာ မဟုတ်ဘူး... တိတ်ဆိတ်မှုက သူ့ရဲ့ အထူးခြားဆုံး အကျိုးသက်ရောက်မှုတွေထဲက တစ်ခုပဲ... သူ့ရဲ့ နာမည်အမှန်က မြန့်ရှန်ပန်း"

"မြန့်ရှန်ပန်း?"

မိန်းကလေး ငါးယောက်စလုံး အံ့အားသင့်သွားကြသည်။ ချန်စစ်ယန်သည် မြန့်ရှန်ပန်းကို အသံတိုးတိုးဖြင့် ရေရွတ်ရင်း ထိုစကားလုံး သုံးလုံးကို သဘောကျနေမိသည်။ သူမသည် ဆေးဥယျာဉ်မှ ဆင်းသက်လာသောကြောင့် ဝိညာဥ်အပင်များနှင့် ဆေးဖက်ဝင် အပင်များစွာကို အမည်ပေးရာတွင် တချို့သော စည်းမျဉ်းများရှိကြောင်း သဘာဝကျကျ နားလည် သဘောပေါက်ထားခဲ့သည်လေ။

မြန့်ရှန်ပန်းဆိုတဲ့ ဒီပန်းပွင့်ငယ်လေးဟာ အသက်ရှုခြင်းကို ဖုံးကွယ်ထားနိုင်တာ အတိအကျ ဖြစ်သော်လည်း လုရွှမ်မှ ဖော်ပြခဲ့သော ဤပန်းမျိုးသည် ထူးထူးခြားခြား ဖြစ်ရမည်ဟု သူမ တွေးလိုက်သည်။

လုရွှမ်သည် မိန်းကလေးများ၏ အမူအရာများကို မြင်ပြီး ချန်စစ်ယန်၏ အံ့သြမှုကိုလည်း သဘာဝအတိုင်း မြင်​နေရသည်။

သူ လှည့်ကြည့်လိုက်ပြီး သူ့ဝိညာဉ်စွမ်းအားကို ဖွင့်ထုတ်လိုက်ပြီး

"ဟုတ်တယ်... သူ့နာမည်က မြန့်ရှန်ပန်း.."

လုရွှမ်က ခဏလောက် ဆိုင်းငံ့လိုက်ပြီးမီ မြန့်ရှန်ပန်းရဲ့ ထိရောက်မှု အကြောင်းကို ရှင်းပြလိုက်တော့သည်။

ကောင်းကင်နှင့် မြေကြီး၏ ဘဏ္ဍာ ကဲ့သို့သော ရတနာများကို လောဘတကြီး သိမ်းယူတာက ကောင်းတဲ့အချက်တော့ မဟုတ်ပေ။ သို့သော်လည်း မြန့်ရှန်ပန်းက ဒီကမ္ဘာမှာ ရှားပါးလုနီးပါး ဖြစ်နေပြီဆိုတာ သိထားရင်တော့ မိမိအပိုင် အဖြစ်ထားဖို့က နည်းနည်း လွန်ရာမကျသွားဘူးမလား။

ဘယ်သူကမှလည်း ငြင်းဆန်နိုင်မှာ မဟုတ်ဘူးလေ။

ဒါ့ထက် ဒါက ဆေးဥယျာဉ်ဖြစ်ပြီး မြန့်ရှန်ပန်း ရှင်သန်နိုင်တာ ဆေးဥယျာဉ်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ စွင်းလင်သည် မြန့်ရှန်ပန်းအကြောင်းကို သိလိုက်ပြီဆိုရင် အနာဂတ်မှာ မြန့်ရှန်ပန်းကို ပြုစုပျိုးထောင်ရန် သဘာဝကျကျ ပိုမို အာရုံစိုက်တော့မှာ ဖြစ်လေသည်။

မိန်းကလေး ငါးယောက်ရဲ့ မျက်လုံးတွေကတော့ ပြူးကျယ်သွားကြပြီ။ မျက်လုံးနဲ့ မြင်နေကြည့်နေရပေမယ့် မယုံနိုင်ဘူး ဖြစ်လို့နေသည်။

ချန်စစ်ယန်၏ မျက်တောင်များ တဖျပ်ဖျပ် ခတ်သွားပြီး သူမ မျှော်ကြည့်လိုက်သောအခါ လုရွှမ်က သူမကို စိုက်ကြည့်နေတာ တွေ့လိုက်ရသည်။ သူမ၏ နှလုံးသားထဲတွင် အတွေးတစ်ခုကို နားလည်သွားသလို ပြုံးကာ ခေါင်းညိတ်လိုက်ရင်း သူမ၏ ပါးပြင်များလည်း နီရဲလာခဲ့သည်။

မြန့်ရှန်ပန်း အကြောင်း ချန်စစ်ယန်ကို ပြောပြရန် စိတ်ကူးထားပြီးသား ဖြစ်လို့ လုရွှမ်သည် သူမ စွင်းလင်ကို ပြောပြသင့်ကြောင်း သဘာဝကျကျ သဘောပေါက်ပြီးသားပင်။

"မင်းတို့ ယာယီဖြစ်ဖြစ် ခပ်ကြာကြာလေး ဖြစ်ဖြစ် ဆေးဥယျာဥ်ထဲမှာပဲ နေကြ.... အပြင်ဘက်မှာ သိပ်မငြိမ်သေးဘူး"

စွမ်းလင်ကလည်း မြန့်ရှန်ပန်းအကြောင်း သတိပေးလာတာကို ကျေးဇူးတင်တဲ့ အနေနဲ့ လုရွှမ်အတွက် အဆင်ပြေတဲ့ တံခါးကို သဘာဝကျကိ ဖွင့်ပေးထားလေ၏။

မိန်းကလေး ငါးယောက်ဟာ သူတို့ရဲ့ အားက နည်းလွန်းတာကို သိကြပြီး လုရွှမ်ကို မကူညီနိုင်ရုံမက သူ့ဝန်ထုပ်ဝန်ပိုးပါ ဖြစ်လာစေမှာကို နားလည်သောကြောင့် သဘောတူလိုက်ကြသည်။

ထို့နောက် လုရွှမ်သည် သားရဲခနိးမသို့ တစ်ဖန်သွား၍ မုယန်ဖုန်း နှင့် မော့ကောင်းရွှမ်းတို့ဆီက သတင်းများကို နားထောင်ကြည့်လိုက်သည်။

"သခင်လေး... အရိပ်လူသတ်ခန်းမကနေ သတင်းရလာတယ်... မကြာသေးခင်က မြို့ထောင်ချီမဟာမိတ်ကို လူတွေ အများကြီး စုဝေးလာကြတယ်တဲ့... အားလုံးက အဆင့်မြင့်ပြီး ဧကရာဇ်အင်ပါယာတွေက လာကြပုံပဲ... ပြီးတော့ အထက် တော်ဝင်အင်ပါယာက အင်အားကြီး မိသားစုတွေလည်း အားလုံး ဒီမှာ ဆုံနေကြပြီ"

"အကြောင်းပြချက်က ဘာလဲ သိလား?"

လုရွှမ် မေးလိုက်သည်။

မွေးရာပါ ယင်းယန် အသွင်အပြင် ရှိသူသည် ဘေးဒုက္ခများကို သယ်ဆောင်လာတတ်သော လက္ခဏာ ဖြစ်သော်လည်း ဆေးဥယျာဉ်၏ အကြီးတန်း စီမံခန့်ခွဲသူများသာ သိနိုင်သော လျှို့ဝှက်ချက် ဖြစ်သည်။

ဒီလူတွေ လာတာက အဲဒီအကြောင်းကြောင့် လာတာ မဟုတ်ဘဲ တခြား ရည်ရွယ်ချက်များလည်း ရှိနေနိုင်၏။

လူအများ၏ နှလုံးသားကို ဆွဲဆောင်နိုင်သော အရာမှာ ရတနာ သို့မဟုတ် ရှားပါးသော ကောင်းကင်နှင့် မြေကြီးစွမ်းအင်မှ မွေးဖွားလာသော ရတနာများ ဖြစ်သည်မှာ ထင်ရှားပါသည်။

ဒီလိုနေရာငယ်လေးမှာ တခြား စိတ်ဝင်စားစရာ အ​ကြောင်းကိစ္စများ ရှိနေသေးလို့လား?

All Chapters