ထျန်အိမ်ကလူတွေလာပြီ
Vol. 37 Ch. 4.63
မော့ကောင်းရွှမ်း အရှက်ကွဲသလို ခံစားလိုက်ရကာ ခေါင်းယမ်းလိုက်သည်။ လုရွှမ်က အရိပ်လူသတ်ခန်းမကို သူ့လက်ထဲအပ်ပြီး အချက်အလက် အမျိုးမျိုးကို မေးမြန်းဖို့ တောင်းဆိုခဲ့ပေမယ့် သူ့ဘက်မှာတော့ ဘာမှ ရှာမတွေ့ခဲ့ဘူးလေ။
လုရွှမ်က နှစ်သိမ့်စကား အနည်းငယ် ပြောလိုက်သည်။ လျှို့ဝှက်ချက်လို့ ခေါ်ရတဲ့ အကြောင်းရင်းက သဘာဝကျကျ တခြားလူတွေ မသိနိုင်တဲ့ အရာကို ဖုံးကွယ်ထားကြတာပဲ မဟုတ်လား။
ထိုအချိန်၌ အဝေးမှ ရယ်မောသံကြီး ထွက်ပေါ်လာခဲ့သည်။ ထိုရယ်သံသည် အလွန် ကြီးကျယ်ခမ်းနားပြီး ခွန်အားကြီးပုံ ပေါ်ကာ သားရဲခန်းမကိုပါ တုန်လှုပ်သွားစေကာ ဝိညာဥ်သားရဲ များစွာကိုပင် အော်ဟစ် ညည်းတွားစေလေသည်။
ဘယ်သူလဲ?
လုရွှမ် လေထဲ၌ ပျံတက်သွားပြီး တစ်ချက် ကြည့်လိုက်သည်။
အဘိုးအိုများစွာ၏ ဦးဆောင်မှုအောက်တွင် ပျံဝဲလာသော လူငယ်တစ်စုသာ ဖြစ်သည်။ အဝေးမှနေ၍ သက်ရှိသတ္တဝါ အားလုံးကို ငုံ့ကြည့်နေသော အရိပ်အယောင်ကိုပင် ခံစားရနိုင်သည်။
အဘိုးကြီး ရောက်လာတာတော့ လေးစားတဲ့ အကြည့်နဲ့ အရှေ့ဘက်မှာ ရပ်နေတဲ့ သူကတော့ ဟယ်ချောင်ပဲ ဖြစ်သည်။
လူငယ်များသည် တူညီသော အဝတ်အစားများ ဝတ်ဆင်ထားကြပြီး အမျိုးမျိုးသော ဝိညာဥ်သားရဲများ အပေါ်မှာ စီးနင်းလျက် လူအိုများနောက်သို့ လိုက်သွားကာ လမ်းတစ်လျှောက်လုံး လွင့်မျောသွားကြသည်။
ဟယ်ချောင်သည် လုရွှမ်ကို မြင်တော့ အဝေးမှ လှမ်းနှုတ်ဆက်ပြီး လူအုပ်စုကို သားရဲခန်းမဆောင်ကြီးထဲသို့ ခေါ်ဆောင်သွားလေသည်။
ထိုအချိန်တွင် ထျန်ကျွင့်နမ်တစ်ယောက် ပြေးချလာ၏။ သူ၏ထွားကျိုင်းသော မျက်နှာသည် ငြူစူခြင်း အပြည့်ဖြင့်။ လုရွှမ်ကို မြင်တာနဲ့ ကျယ်လောင်စွာ ရယ်မောကာ
"သူဌေး... နောက်ဆုံးတော့ သူဌေး ဒီကိုရောက်လာပြီပေါ့... သူဌေးက ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်ပဲဗျာ.... လူတစ်ယောက်တည်းက အင်အားကြီး လေးခုကို အနိုင်ယူသွားခဲ့တယ်.... ဒီညီလေးရဲ့ ကြည်ညိုလေးစားမှု မတိုးဘဲကို မနေနိုင်တော့ဘူး ဒီညီလေးရဲ့ ပွေ့ဖက်မှုကို လက်ခံပေးပါဦး…"
သူသည် အရှိန်ဖြင့် ပြေးသွားကာ သူ့လက်နှစ်ဖက်ကို ဖွင့်၍ လုရွှမ်ကို ခုန်အုပ်တော့မယ့် အခိုက်အတန့်မှာပဲ လုရွှမ်က သူ့ကို လေထဲသို့ ကန်သွင်းလိုက်ပြီး ပြုံးပြုံးလေးဖြင့်
"ဖက်တီးစုတ်... ဒီကို မလာနဲ့ မင်းလည်း ဧကရာဇ်အင်ပါယာက လာတာပဲ.... ဒီရက်ပိုင်း ဒီလူတွေ ဒီမှာ အဆက်မပြတ် ဝင်လာနေတာ ဘာကိစ္စရှိလို့လဲ?"
ဖက်တီးကတော့ သူ့မျက်နှာကို ပြုံးပြပြီး ပြန်ပြေးလာပြန်၏။
"အစ်ကိုကြီး... ကျွန်တော် အစ်ကိုကြီးနဲ့ စကားပြောဖို့ စိတ်ကူးထားပြီးသား... ဒါပေမဲ့ အစ်ကိုကြီးက မိန်းမတွေကြားမှာပဲ နေနေတော့ ရှာမတွေ့ဘူး ဖြစ်နေတာလေ!"
မုယန်ဖုန်း နှင့် လျောက်ချင်းတို့သည် လုရွှမ်အပေါ့ လေးနက်သော စိတ်ထားရှိပြီး ဟန်ရောင် နှင့် မော့ကောင်းရွှမ်းတို့လို လူအိုကြီးများက ပို၍ပင် လေးနက်ကြသည်။
ထျန်ကျွင့်နမ်နဲ့ လုရွှမ်တို့ကြားက လေသံကို နားထောင်ရင်း သူတို့အားလုံး ခဏတာ ထိတ်လန့်သွားကြသည်။
"စကားကို သေချာပြော!! မင်းထပ်ပြီး ပေါက်ကရ စကားတွေ ပြောနေမယ်ဆိုရင် ငါမင်းကို မိန်းမအုပ်စုထဲကို ရိုက်ထည့်ပစ်လိုက်မယ်"
သို့သော် ထျန်ကျွင့်နမ်ရဲ့ မျက်လုံးတွေက တောက်ပလာပြီး
"ဒါက အကြံကောင်းပဲ ဟဲဟဲ အများကြီး မတောင်းဆိုပါဘူး.... ဆေးဥယျာဥ်ထဲက သခင်မစွင်းလင်တို့ ရှိတဲ့နေရာဆိုရင် ရပြီ"
အခု မုယန်ဖုန်းနဲ့ တခြားသူတွေမှာ ဖက်တီးတစ်ယောက် ဒီလိုစကားမျိုး ပြောထွက်လာရဲတာကို တကယ် အံ့သြသွားမိသည်။ လုရွှမ်ကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့။
"စီးပွားရေးကိစ္စ စလိုက်ကြရအောင်... ကျွန်တော် သိပ်မကြာခင်ကမှ မိသားစုဆီက သတင်း တစ်ခုလည်း ရထားတယ်။ ကျွန်တော့်မိသားစုက လူတစ်စု လာမယ်တဲ့....ကျွန်တော့် သူတို့နဲ့ ပူးပေါင်းခိုင်းတာ... ဘယ်လို အခွင့်အလမ်းတွေ ရလာမလဲဆိုလားပဲ... တကယ်လို့ အခွင့်အလမ်းကို ရလာခဲ့ရင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကို ဖြတ်ကျော်ပြီး သူတော်စင်တစ်ပိုင်း ဖြစ်သွားနိုင်တယ်... ပြီးတော့ သူတော်စင်နယ်ပယ်ရဲ့ တောက်ဓမ္မကျင့်ကြံမှု လမ်းစဥ်ကိုတောင် ရှာတွေ့နိုင်တယ်တဲ့"
ထျန်ကျွင့်နမ်က သူ့လက်တွေကို ဖြန့်ပြီး
"ဒါပေမဲ့ အခွင့်အရေးက ဘာလဲဆိုတာ ကျွန်တော့်ကို မပြောခဲ့ဘူး... ကျွန်တော့်ရဲ့ အစွမ်းအစက အားနည်းနေတယ် ထင်လို့ သူတို့ရဲ့ အခွင့်အရေးကို လုယူမှာ ကြောက်နေတာ ဖြစ်မယ်... ဟမ့် ဖက်တီးဆိုတဲ့ လူက လုယက်ရင်တောင် ဘာပဲဖြစ်ဖြစ် သူ့မိသားစုထဲကပဲမလား? တခြားသူတွေ လာလုယက်ရင်မှ ရှက်စရာကြီးကို"
သူပြောသည့်အတိုင်း ထျန်ကျွင့်နမ်က သူသည် ဧကရာဇ်အင်ပါယာမှ ဆင်းသက်လာသော်လည်း အင်ပါယာရှိ သူ့မိသားစု၏ အင်အားမှာ အတော်လေး အားနည်းနေကြောင်း ရှင်းပြလာသည်။ ထျန်ကျွင့်နမ် ဆိုတာကလည်း မိသားစု၏ တစ်ဖက်သတ် အကိုင်းအခက်လေးမျှသာ ဖြစ်ပြီး မည်သည့်အခါမှ သူ့အား အသုံးပြုခြင်း မရှိပေ။
သူလည်း စိတ်မကောင်း ဖြစ်မိလို့ ဒီကိုရောက်လာပြီး သူ့အတွက် ကမ္ဘာတစ်ခု ဖန်တီးချင်ခဲ့တာပဲ ဖြစ်လေသည်။
လုရွှမ် ခက်ခက်ခဲခဲ တွေးနေမိပေမယ့် ခေါင်းခါနေမိတုန်းပဲ။ ဒီနေရာက ဝေးလွန်းတယ်။ သူနောက်ဆုံးအကြိမ် အဖြစ် အခွင့်အလမ်း တစ်ခု ရခဲ့တာက အဆင့်နိမ့် ဧကရာဇ်အင်ပါယာလေး တစ်ခုမှာပဲ။ ဒီလိုနေရာငယ်လေးမှာ ဘာဖြစ်မယ် ဆိုတာကို သူတကယ် မစဥ်းစားတတ်တော့ပေ။
"ဟမ့်.... မြန်မြန် လာရောက်လာတာပဲ အစ်ကိုကြီး ကျွန်တော် အရင်သွားတော့မယ်... ကျွန်တော့်ဝမ်းကွဲတွေကို သွားတွေ့ရဦးမယ်"
ထျန်ကျွင့်နမ်မှာ သူ့ရင်ခွင်ထဲက တံဆိပ်ပြား ထုတ်လိုက်ပြီး မကျေမနပ်နဲ့ ပြောလိုက်သည်။
၎င်းသည် ထျန်မိသားစု၏ လက္ခဏာ အမှတ်အသား ဖြစ်ပြီး အတိုင်းအတာ တစ်ခုအတွင်းတွင် မိသားစု၏ အဖွဲ့ဝင် ဖြစ်တည်မှုကိုလည်း ခံစားနိုင်သည်။
"ငါတို့ မင်းနဲ့လိုက်ခဲ့မယ်"
လုရွှမ်သည် ထျန်ကျွင့်နမ်၏ စိတ်ပျက်အားငယ်နေသော မျက်နှာကို ကြည့်လိုက်သည်။ မကျေနပ်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားနေရသော်လည်း လျစ်လျူရှုဟန်ဆောင်နေ၏။ လုရွှမ်လည်း ထျန်ကျွင့်နမ်ရဲ့ အခြေအနေက သူပြောတာထက် ပိုဆိုးနိုင်တာကို ခန့်မှန်းမိလိုက်သည်။
ဒီလိုအမူအရာမျိုးကို သူအများကြီး မြင်ဖူးပြီးသားလေ။ တစ်ချိန်က လူတစ်ဦးအတွက် အသက်ကို ကယ်တင်ခဲ့ပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ဆန့်ကျင်ဘက် ဖြစ်လာအောင် ကြံစည်သွားမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
လုရွှမ်သည် မူလက သူဒီအကြောင်း တွေးမိရင် ဒေါသထွက်မယ်လို့ ထင်ခဲ့သော်လည်း ယခုအချိန်တွင် တည်ငြိမ်နေမည်ဟု မမျှော်လင့်ခဲ့ပေ။ သူ့နှလုံးသားထဲက အပြုံးတစ်ခုနဲ့အတူ သူ့စိတ်အခြေအနေ အများကြီး တိုးတက်လာခဲ့တယ် လို့တောင် ခံစားမိလာသည်။
မိတ်ဆွေက မိတ်ဆွေပဲ။ ရန်သူဖြစ်နေရင်တော့ သတ်ပစ်ရမှာပဲ။ ဒီတစ်ကြိမ် ပြန်လည်မွေးဖွားခြင်းဟာ ကလဲ့စားချေဖို့ပဲ မဟုတ်ပါလား။
ထျန်ကျွင့်နမ်ရဲ့ မျက်နှာမှာ အံ့သြမှုတွေ ပြည့်နှက်နေပြီး နောက်တော့ သူ အနည်းငယ် ရှက်သွားတော့သည်။
"မလိုအပ်ပါဘူး ဒါက ..."
လုရွှမ်က သူ့ကို ပုခုံးပေါ် လက်တင်လိုက်ပြီး
"မင်းဘာလုပ်နေတာလဲ? မင်းငါ့ကို အကိုကြီးလို့ အမြဲခေါ်တာလေ.... အစ်ကိုကြီး တစ်ယောက်အနေနဲ့ ငါ့ညီလေး ဒုက္ခရောက်နေတာကို ငါမမြင်ချင်ဘူး.... ကောင်းပါပြီ သူတို့အားလုံးက ယောက်ျားကြီးတွေပဲ ရှက်ကြောက် မနေနဲ့ လမ်းပြ!!"
ထျန်ကျွင့်နမ် ခေါင်းညိတ်လိုက်သည်။ သူက အရင် လမ်းလျှောက်သွားပြီး သားရဲခန်းမထဲက ထွက်၍ မဟာမိတ်ရဲ့ အပြင်ဘက်ကို လျှောက်သွားလိုက်၏။
ဤအခိုက်အတန့်တွင် တြိဂံဧရိယာ၏ အစွန်းတွင် တစ်ဒါဇင်ကျော်ရှိသော လူတစ်စုသည် အဆောက်အအုံ တစ်ခုပေါ်တွင် ဂုဏ်ယူစွာ ရပ်နေကာ ဖြတ်သွားသော လူအုပ်ကြီးကို ငုံ့ကြည့်နေကြသည်။
ဒီလူအုပ်စုကို အဘိုးကြီး နှစ်ယောက်က ဦးဆောင်ပြီး သူတို့ရဲ့ ခွန်အားတွေက မထင်မရှားဖြင့် သဲသဲကွဲကွဲ မမြင်နိုင်ပေမယ့် ဖျတ်ခနဲ ပေါ်လာတဲ့ ဖိအားတွေက လမ်းသွားလမ်းလာတွေကို ချဉ်းကပ်ဖို့ မဝံ့မရဲ ဖြစ်စေသည်။
လူငယ်နှင့် မိန်းကလေးများ၏ မျက်နှာများမှာ အလွန်စိမ်းသက် နေသော်လည်း ၎င်းတို့၏ အားသာချက်များမှာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ကိုးအဆင့်တွင် ရှိပြီး တချို့မှာ သူတော်စင် တောက်ဓမ္မကျင့်ကြံမှု လမ်းစဥ်၏ အခြေခံ လမ်းကြောင်းပေါ်ကို ရောက်နေကြပြီ။
တချို့ကလည်း သူတော်စင်တစ်ပိုင်း လမ်းပေါ်တွင် လျှောက်လှမ်းနေကြပြီ ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
ခေါင်းဆောင် အဘိုးကြီးက လုရွှမ်နှင့် သူ့အဖွဲ့ရှိရာ အကွာအဝေးကို လှမ်းကြည့်လိုက်သည်။
"ဟမ့်... ဒီနောက်မျိုးဆက်လေးက ဖြည်းဖြည်းချင်း ရောက်လာတာပဲ.... တကယ်ကို လွှတ်ထားလို့တော့ မရဘူး... စည်းကမ်းရှိဖို့ လိုတယ် နည်းနည်းတော့ သင်ပြပေးမှရမယ်"
"ဟားဟား... တတိယအကြီးအကဲ ဆင်ဆင်ခြင်ခြင် လုပ်ပါဦး... ဒီလိုနေရာမှာ နိမ့်ကျတဲ့ပုံစံကို ထိန်းထားရင် ပိုကောင်းပါတယ်"
အခြားအဘိုးအိုက ဘာမှ မထူးခြားသလို ပြောလာသည်။
"ဒီနေရာရဲ့ တရားဥပဒေဆိုင်ရာ စည်းမျဉ်းတွေက မထင်မရှားနဲ့ တကယ့်ကို ကျားတွေရှိတဲ့ နေရာတစ်ခုပဲ.... ပြီးတော့ နဂါးတွေပါ ဝှက်ထားသေးတယ်"
"အစ်ကို၆ မင်းတကယ် ပြောတာလား?"
တတိယအကြီးအကဲက အံ့သြစွာ အော်လိုက်လေ၏။
အကြီးအကဲ၆က လေးနက်စွာ ခေါင်းညိတ်ပြရင်း။
"တရားဥပဒေမူတွေက အမှောင်ထဲမှာ ဆိုပေမယ့် အထဲမှာ ခပ်ကြီးကြီး အရာတွေ ရှိတတ်တယ်... မီးတောင်တွေတောင် အချိန်အကြာကြီး ဖိနှိပ်ခံရပြီး နောက်ဆုံးမှာ ပေါက်ကွဲသွားတာပဲမလား? ပေါက်ကွဲလာတာနဲ့ ထွက်လာမယ့် အခွင့်အရေးက ရာစုနှစ် တစ်ခုစာလောက်တောင် ရှိနိုင်တယ်"
လူငယ်များစွာသည် အကြီးအကဲတို့ကြားက စကားကိုကြားပြီး နှစ်ယောက်လုံး ရွှင်လန်းနေကြောင်း ရိပ်မိကြသည်။
ဒီတစ်ကြိမ်မှာတော့ အဖွဲ့ကို တန်ခိုးကြီးဆုံး တတိယအကြီးအကဲနဲ့ မိသားစုထဲမှာ လျှို့ဝှက်ဆန်းကြယ်ဆုံး အကြီးအကဲ၆က ဦးဆောင်လာခဲ့၏။
သူတို့အားလုံးက ဒီနေရာကိုလာဖို့ ရွေးချယ်ခံရတဲ့ အရည်အချင်း ရှိသူတွေပဲ ဖြစ်လို့ ထုံးစံအတိုင်း ဒီအခွင့်အရေးက ဘယ်လိုမျိုးလဲဆိုတာ သူတို့သိပါသည်။
တစ်ယောက်ပြီး တစ်ယောက် အဆင်သင့် ပြင်ဆင်ပြီး အခွင့်အရေးက သူတို့အတွက်ပဲလို့ တိတ်တဆိတ် စိတ်ထဲ ထည့်ထားကြတော့သည်။
တော်ဝင်အင်ပါယာ တစ်ခုနှင့် ဧကရာဇ်အင်ပါယာကြားက ခြားနားချက်မှာ အမြင့်ဆုံး တိုက်ခိုက်ရေး စွမ်းအားသည် သူတော်စင်တစ်ပိုင်းနှင့် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ပြီးပြည့်စုံခြင်းကာလသာ ဖြစ်သည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်။ သူတော်စင်တစ်ပိုင်းက သူတော်စင် တစ်ပိုင်းပင်။ သူတော်စင် ဖြစ်လာခြင်းမှာ ငါးကြင်းတစ်ကောင်က နဂါးတံခါးကို ခုန်ကျော်ရသလို အခက်အခဲက အရမ်းကြီးတဲ့အတွက် သူတော်စင်တစ်ပိုင်းက သူတော်စင် နယ်ပယ်ထက်တောင် ပိုများကြလေ၏။
ကောင်းကင်နှင့် မြေကြီးနှင့်တို့၏ တောက်ဓမ္မကျင့်ကြံမှု အကာအရံနှင့် သဘာဝတရားတို့ကို နားလည်နိုင်မှသာလျှင် သူတော်စင် တစ်ပိုင်း၏ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်မည် ဖြစ်သည်။
သို့သော် သူတော်စင် တစ်ပိုင်း၏ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်တာက စစ်မှန်တဲ့ သူတော်စင်တစ်ပိုင်း ဖြစ်လာမည်ဟု မဆိုလိုချေ။