မောက်မာသော ထျန်မိသားစု
Vol. 37 Ch. 4.64
တောက်ဓမ္မကျင့်ကြံမှု လမ်းစဥ်တွင် သုံးထောင်ရှိပြီး ထိုသုံးထောင်သည် လူ့စိတ်ကူးထဲက ဂဏန်းမျှသာ ဖြစ်သည်။ တကယ်တော့ ကျင့်ကြံမှုလမ်းစဥ် မည်မျှရှိသည်ကို မည်သူမျှ မသိနိုင်ပေ။
နိယာမများနှင့် သဘောတရားများသည် ရောယှက်နေပြီး အခြေခံ သဘောတရားများသည် တောက်ကျင့်ကြံမှု လမ်းစဥ်ကို အမှန်တကယ် နှိုးဆွနိုင်သောကြောင့် မည်သူမျှ မသိနိုင်ပေ။
မျိုးဆက် အဆက်ဆက်က နိဂုံးချုပ်ထားသော တချို့သော တရားဥပဒေ နိယာမများအတိုင်း နောင်လာနောက်သားများက လိုက်ကြမည် ဖြစ်သောကြောင့် ၎င်းတို့သည် အမှောင်ထဲ စမ်းတဝါးဝါး သွားကြရမည် ဖြစ်ပြီး ၎င်းတို့ မသေမချင်း သူတော်စင်နယ်ပယ်၏ နောက်ဆုံး အတားအဆီးကို ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။
ဒါပေါ့။ သူတော်စင်ဖြစ်ခြင်း လမ်းစဥ်ကို အပေါ် မင်းမျိုးမင်းနွယ် မိသားစုများရဲ့ နားလည်မှုက သာမန်လူတွေထက် အဆပေါင်းများစွာ မြင့်မားပြီး အောင်မြင်မှုနှုန်းက ပိုမြင့်မားကြ၏။
ဒါကြောင့် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်တွေရှိတဲ့ တော်ဝင်အင်ပါယာက အလွန်အဆင့် နိမ့်ကျကြသည်။ သူတော်စင်တစ်ပိုင်း အနည်းငယ် ရှိသော ဧကရာဇ်အင်ပါယာ များစွာ ရှိသော်လည်း စစ်မှန်တဲ့ သူတော်စင်နယ်ပယ်ကတော့ ဒဏ္ဍာရီမျှသာ ဖြစ်လေသည်။
လုရွှမ် သူ့ဘေးနားမှာ ရှိနေသဖြင့် ထျန်ကျွင့်နမ်ရဲ့ ရဲစွမ်းသတ္တိက ကြီးမားလာကာ လူတစ်စုကို ဦးဆောင်၍ လျင်မြန်စွာ ပျံတက်လာခဲ့ရာ ထျန်မိသားစု အဖွဲ့ကို အဝေးမှ မြင်လိုက်ရသည်။
လုရွှမ်၏ ဝိညာဉ်စွမ်းအားသည် သာမန်လူများထက် အဆပေါင်းများစွာ သာလွန်ပြီး သူ့စိတ်ဝိညာဉ် စွမ်းအားက ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ၀ သည် ချိုးဖျက်ရမည့် အတားအဆီး တစ်ပိုင်းဖြစ်နေပြီ။
ယခု လုရွှမ်၏ ဝိညာဉ်စွမ်းအားသည် ၁၉ ကို ဖြတ်သွားတော့မည် ဖြစ်ကာ ဖြတ်ကျော်ရန် အခွင့်အရေး တစ်ခုသာ လိုတော့သည်။
အဝေးကနေ လေ့လာကြည့်ရင်း အဘိုးကြီးနှစ်ယောက်ကို သတိထားမိပြီး လုရွှမ် အနည်းငယ် ထိတ်လန့်သွားသည်။ ဒီလူအိုနှစ်ယောက်၏ အစွမ်းအစကို သူမမြင်ရပေ။ ဆိုလိုသည်မှာ ဤလူနှစ်ယောက်က သူတော်စင်တစ်ပိုင်းများ ဖြစ်နိုင်ပေ၏။
အကြီးအကဲ၆ လုရွှမ်၏ ခန္ဓာကိုယ်ကို စူးစိုက်ကြည့်ကာ စိတ်ဝိညာဉ်စွမ်းအားကို တစ်ချက် အကဲခတ်ကြည့်လိုက်သည်။ ကြည့်ပြီးနောက် သူ့ရဲ့ထိတ်လန့်မှုကို မထိန်းနိုင်အောင် ဖြစ်သွားသည်။
လုရွှမ်ရဲ့ ခွန်အားက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ တွင်သာ ရှိနေကြောင်း ရှင်းရှင်းလင်းလင်း ခံစားနိုင်သော်လည်း သူ၏ ဝိညာဉ်စွမ်းအား၏ အတိုင်းအတာမှာ ၁၉ အထိ မြင့်မားနေပြီ။
သူသာ စိတ်ဝိညာဉ် စွမ်းအားကို ပြုစုပျိုးထောင်နေလျှင် ကောင်းပေလိမ့်မည်။ သို့သော် လုရွှမ်၏ တိုက်ခိုက်ရေး စွမ်းအားသည် အသွင်ပြောင်းခြင်းနယ်ပယ်တွင် မည်သူနှင့်မှ မယှဉ်သာကြောင်း ခံစားရနိုင်သည်။
၎င်းမှာ ကိုယ်ခံပညာနှင့် စိတ်ဝိညာဉ်စွမ်းအား နှစ်မျိုးလုံးကို လေ့ကျင့် မွေးမြူထားနိုင်ကြောင်း ခံစားနေရ၏။
ဤလူမျိုးကို စာတစ်ကြောင်းတည်းတွင် မှတ်သားရမည် ဆိုပါက ပါရမီရှင်များကြားက ပါရမီရှင်သာ ဖြစ်လေသည်။
ထို့ထက်ပို၍ အံ့သြမိသည်မှာ သူတော်စင်တစ်ပိုင်း ဖြစ်လာရန် ရွေးချယ်ထားသော မတူကွဲပြားသော ကျင့်ကြံမှုလမ်းစဥ် ပုံစံများကြောင့် သူ၏ ဝိညာဉ်ရေးအာရုံသည် အလွန်ကွဲလွဲနေပြီး အန္တရာယ်အချို့ကို မကြာခဏ ခန့်မှန်းကြည့်နိုင်သည်။
ဤလူငယ်၏ ခန္ဓာကိုယ်တွင် သာမန် သူတော်စင် တစ်ပိုင်းများထက် မနည်းသော အန္တရာယ် အရိပ်အမြွက်ကိုပင် သူ ခံစားခဲ့ရသည်။
လူတစ်စု မြေပြင်ပေါ်သို့ ဆင်းသက်သောအခါ ထျန်ကျွင့်နမ်၏ မျက်လုံးများမှာလည်း အနည်းငယ် လန့်ဖျတ်သွားခဲ့သည်။ တတိယ အကြီးအကဲက ထားပါတော့။
သူက မိသားစုထဲမှာ တင်းကြပ်ဆုံးလူ ဖြစ်ပြီး လူတိုင်း ကြောက်ကြသော်လည်း အကြီးအကဲ၆ကတော့ အလွန်လျှို့ဝှက် ဆန်းကြယ်တာကို သူကိုယ်တိုင်တောင် ဒီကိုလာခဲ့တယ်ပေါ့။
"တတိယအကြီးအကဲနဲ့ အကြီးအကဲ၆ကို ဂါဝရပြုပါတယ်"
ထျန်ကျွင့်နမ်က ဦးညွှတ် အလေးပြုလိုက်သည်။
လုရွှမ်နှင့် အခြားသူများသည် ပေါ့ပေါ့ပါးပါးသာ ဘေးနားတွင် ရပ်လိုက်ပြီး ထျန်မိသားစု၏ မကျေနပ်မှုကို ချက်ချင်း နှိုးဆော်လိုက်လေသည်။
သူတို့ထဲမှာ မော့ကောင်းရွှမ်းက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ပြီးပြည့်စုံသော ကာလဖြစ်ပြီး သူတော်စင်လမ်းစဥ်ကို စလှမ်းနေသည့် သူဖြစ်လို့ အမြင့်ဆုံးပင်။ ထို့နောက် ထျန်ကျွင့်နမ်က အမြင့်ဆုံး ဖြစ်၏။
ဒီရက်ပိုင်း သူ့ကို လုရွှမ်က ရှားပါးဆေးလုံးပေါင်း များစွာကိုပင် ပေးအပ်လာသောကြောင့် မော့ကောင်းရွှမ်းရဲ့ ခွန်အားများ ခုန်ပျံကျော်လွှားကာ တိုးတက်လာခဲ့သည်။
တခြားလူတွေကတော့ ကျင့်ကြံမှု ရှုထောင့်ကကြည့်ရင် ပိုလို့တောင် ဆိုးရွားနေသေး၏။
လုရွှမ်နှင့် မုယန်ဖုန်းသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ ဖြစ်ပြီး လျောက်ချင်းနဲ့ ဟန်ရောင်က အဆင့်၄နှင့် အဆင့်၅များ ဖြစ်ကြသည်။
ထျန်ကျွင့်နမ်ကတော့ စွန့်ပစ်ပစ္စည်းတွေကို နောက်လိုက်အဖြစ် ရွေးချယ်ခဲ့တာပဲ။ ဒီကိုလာတဲ့ လမ်းမှာ အရမ်းနှေးကွေးနေတာ အံ့သြစရာ မဟုတ်တော့ပါဘူး။ ခွန်အားက တကယ်ကို ဆိုးရွားနေတာကိုး။
တတိယ အကြီးအကဲသည် လုရွှမ်နှင့် အခြားသူများကို ငုံ့ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။ ဒီလူတွေရဲ့ အရည်အချင်းက အလယ်အလတ်ပဲ ရှိကြသည်။
အနည်းဆုံး မိသားစုတွင် ခန့်အပ်ထားသော အခြွေအရံများသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ အထက်တွင် ရှိနေကြသည်။ ဒီလူတွေက ဘယ်သူတွေမို့လဲ?
သူက ချက်ချင်းပင် ဒေါသထွက်သွားပြီး
"ကျွင့်နမ် ဒါက မင်းရဲ့အဖော်လား.... မင်းကို မိသားစုက ပေးထားတဲ့လူက ဘယ်မှာလဲ?"
"ဟားဟား... အဲဒီလူက သူ့အတွက် လွတ်လမ်းမရှိဘူးလို့ ထင်နေတာ ဖြစ်နိုင်တယ် ဒါကြောင့် သူ့ဘာသာသူ ထွက်ပြေးသွားတာ နေမှာပေါ့"
"ဟေး... မင်းအဲလိုပြောလို့ မရဘူးလေ... ညီလေးကျွင့်နမ်က ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းပြီး သူ့ဘာသာသူ ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်တယ်.... တခြားသူတွေက သူ့ကို တစ်ချိန်လုံး အကာအကွယ် မပေးနိုင်တဲ့အတွက် သူ့ကို လွှတ်ပေးလိုက်တာလည်း ဖြစ်နိုင်တာပဲလေ"
"ဟေ့ အဲဒီကောင်ရဲ့ နောက်ကျောက အတောင်ပံတွေကို မင်းမြင်လား? ကြည့်ရတာ ပစ္စည်းကောင်းလေး ဖြစ်ရမယ်... သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ကိုတောင် ကောင်းကင်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ပျံသန်းနိုင်တယ်"
"ကျွန်တော် လိုချင်တယ်"
"ဟမ့်!!!"
တတိယအကြီးအကဲက ပြင်းပြင်းထန်ထန် ဟစ်အော်လိုက်တဲ့အခါ ထိုအုပ်စုလည်း ချက်ချင်း ပါးစပ်ကို အမြန်ပိတ်လိုက်သည်။ ဒါပေမဲ့ အမျိုးသမီး တစ်ယောက်က ထွက်လာ၍။
“အကြီးအကဲကို တွေ့တာတောင် ဂါဝရမပြုသေးဘူးလား? စည်းကမ်း လုံးဝ မရှိဘူး!!”
အမျိုးသမီး၏ အသွင်အပြင်သည် စွဲမက်ဖွယ်ကောင်းသည်။ သူမ၏ မျက်လုံးများက ပူလောင်နေပြီး လုရွှမ်၏ နောက်ကျောတွင်ရှိ ဖုံးကွယ်ထားခြင်း မရှိသော အတောင်များကို စူးစိုက်ကြည့်နေ၏။
သူမရဲ့စကား ထွက်လာသည်နှင့် တပြိုင်နက် အခြားလူများကလည်း တုံ့ပြန်လာကြပြီး တစ်ယောက်ပြီး တစ်ယောက် လျင်မြန်စွာ ကြိမ်းမောင်းကြသည်။
မော့ကောင်းရွှမ်း နှင့် အခြားသူများမှာ လုံလောက်သော ခွန်အား မရှိသော်လည်း လုရွှမ်ကို သူတို့ရဲ့သခင် ဖြစ်ကြောင်း နှလုံးသားထဲတွင် စွဲမှတ်ထားပြီးသားပင်။ သခင်လေးက ဘာမှမပြောရင် ထုံးစံအတိုင်း သူတို့ကလည်း အလျင်စလို တုံ့ပြန်မှာ မဟုတ်ပေ။
မဟုတ်ရင် သခင်လေးအတွက် ရှက်စရာတွေ ဖြစ်လာလိမ့်မယ်။
တစ်ဖက်ရှိ ထျန်ကျွင့်နမ်ရဲ့ မျက်နှာကတော့ သိသိသာသာ ပြောင်းလဲသွားသည်။ အထူးသဖြင့် တတိယ အကြီးအကဲ၏ ပါးပြင်များထောင်၍ ဒေါသနှင့် တဟုန်ထိုး တက်လာသည်ကို မြင်သောအခါ ခပ်မြန်မြန် အော်လိုက်တော့သည်။
"သူတို့က ငါ့နောက်လိုက်တွေ မဟုတ်ဘူး.... ငါ့သူငယ်ချင်းတွေပဲ ဒါက ငါ့အစ်ကိုကြီးပဲကွ!"
အစ်ကို?
ထျန်ကျွင့်နမ်၏ လက်ချောင်း သွားရာလမ်းကို မြင်လိုက်ရသူတိုင်းသည် တစ်ဖက်လူက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ အငယ်တန်းတစ်ဦး ဖြစ်ကြောင်း တွေ့သော် ထျန်မိသားစု တစ်ခုလုံး ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
"ကျွင့်နမ်.... မင်းရုပ်ဆိုးတာ ငါသိပါတယ်ကွာ....အဲဒါကြောင့် မင်းမိဘတွေက မင်းကို ကျွင့်နမ်လို့ နာမည်ပေးခဲ့တာလေ.... ဒါပေမဲ့ ရုပ်ရည်က လှနေတာမှ မဟုတ်တာ မင်း ဒီမှာ အကြာကြီးနေနေတာ မင်းခေါင်းတောင် မကောင်းတော့ဘူးလား?"
"ဟားဟား.... ဧကရာဇ် အင်ပါယာတစ်ခုရဲ့ သခင်လေး တစ်ယောက်ဟာ တော်ဝင်အင်ပါယာက လူလေးကို သူ့အစ်ကိုကြီးအဖြစ် တကယ်ကိုးကွယ်နေတာ ရှက်စရာပဲကွာ"
ထျန်ကျွင့်နမ် ရှက်သွားခဲ့သည်။ သူ့ရှေ့က မြင်ကွင်းက ဧကရာဇ်အင်ပါယာထဲမှာ အလှောင်ခံခဲ့ရပုံကို အမှတ်ရသွားစေသည်။
တန်ခိုးကြီးသူများနှင့် မိတ်ဆွေဖြစ်လို၍ လူအများကို နှိမ့်ချပြီး ဆက်ဆံခဲ့သော်လည်း နောက်ဆုံးတွင် ဤညီအစ်ကိုညီအစ်မများက သူ့ကိုလှောင်ပြောင်ပြီး ထားသွားခဲ့ကြသည်။
အင်အားနည်းတဲ့ သူတွေနဲ့ မိတ်ဖွဲ့တာ၊ လှောင်ပြောင်ခံတာ၊ နှိမ့်ချ ဆက်ဆံရတာမျိုးက ဘာပဲဖြစ်ဖြစ် သူ့အပြစ်ပါပဲ။ အင်ပါယာကို စွန့်ခွာပြီး သူတို့ကို ထားခဲ့ဖို့ ဆုံးဖြတ်ခဲ့တာတောင် ဒီနေရာမှာ ထပ်ပြီး လှောင်ပြောင်ခံရမယ်လို့ မမျှော်လင့်ထားဘူး။
ထျန်ကျွင့်နမ်မှာ သူ့လက်သီးများကို ဆုပ်ကိုင်ထားပြီး နှုတ်ခမ်းကို တင်းကျပ်စွာ ကိုက်ထားလိုက်သည်။ သူ ဒေါသအရမ်းထွက်ကာ ပေါက်ကွဲတော့မလိုပင်။
"ဟမ်... ကောင်လေး မင်းနာမည် ဘယ်လိုခေါ်လဲ? မင်းနာမည်ကို မြန်မြန်ပြော!! အကြီးအကဲ၆ကိုတောင် ပြန်ကြည့်ရဲတယ်ပေါ့ မင်းသေချင်နေတာလား?"
"မင်းရဲ့နောက်ကျောကို အတောင်တွေကို ထုတ်ပေးလိုက်!! ပြီးရင် သုံးခါလောက် ဒူးထောက်ပြီး ထွက်သွား... ကျွင့်နမ်ရဲ့ မျက်နှာကြောင့် ငါမင်းအသက်ကိုတော့ လွှတ်ပေးလိုက်မယ်...."
လုရွှမ် ဒီနေရာကို ရောက်ကတည်းက စကားမပြောတာကို ထျန်ကျွင့်နမ် သတိပြုမိသည်။ သူ့မျက်လုံးများက အကြီးအကဲ၆ကို စိုက်ကြည့်နေပြီး အကြီးအကဲ၆ ကလည်း လုရွှမ်ကို စိုက်ကြည့်နေသည်။
လူသတ်ရန် ရည်ရွယ်ချက် မရှိဘဲ ငြိမ်သက်နေသော မျက်လုံးများဖြင့် တစ်ယောက်ကို တစ်ယောက် ငေးကြည့်နေကြပြီး ရိုးရှင်းပြီး ပေါ့ပေါ့ပါးပါး အကြည့်တစ်ချက်ကို ထပ်ခါတလဲလဲ ကြည့်နေကြသည်။
အချိန်အတော် ကြာခဲ့ပြီ ဖြစ်သော်လည်း တစ်ယောက်ကို တစ်ယောက် ဆွဲဆောင်နေသလိုမျိုး မည်သူမျှ တစ်ဖက်သို့ လှည့်မသွားခဲ့ကြပေ။
အကြီးအကဲ၆ တစ်ခုခု မှားနေပြီဆိုတာ ထျန်မိသားစု တစ်ခုလုံး သတိပြုမိသွားသည်။ အကြီးအကဲ၆ ရဲ့ဘေးမှာ ရပ်နေတဲ့ အမျိုးသမီးက အစောက စကားဝင်ပြောခဲ့တဲ့ အမျိုးသမီးပဲ ဖြစ်သည်။
အကြီးအကဲ၆ဆီ လက်တစ်ဖက် လှမ်း၍ ဆွဲမည်အလုပ် သူမလက်ကို တစ်ဖက်ကနေ ပြန်ဆွဲလာသူက အကြီးအကဲ၃ တတိယအကြီးအကဲသာ ဖြစ်ပေ၏။
"မင်း အသက် မရှင်ချင်တော့ဘူးလား? မလှုပ်နဲ့"
အမျိုးသမီးလည်း လန့်ဖျပ်သွားကာ နှစ်ယောက်သား အံ့အားသင့်စွာ ကြည့်၍ အနောက်ဆုတ်သွားသည်။ သူမ၏ နှလုံးသားထဲတွင် မကျေနပ်မှုများနှင့် ပြည့်နှက်နေခဲ့သည်။
သူမ၏ အမြင်အရတော့ ထိုကောင်လေးသည် ကိုယ့်အဆင့်ကို လုံးဝမသိဘဲ သူ့ဘာသာသူ သေလမ်းရှာနေခြင်းသာ ဖြစ်လေ၏။
အကြီးအကဲ၆သည် စိတ်ဝိညာဉ် စွမ်းအားကို ပြုစုပျိုးထောင်ပြီး ဝိညာဉ်သခင် အဖြစ် သူတော်စင် တစ်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ သူ့စွမ်းအား၏ လျှို့ဝှက်ဆန်းကြယ်မှုသည် ထျန်မိသားစု တစ်ခုလုံးရှိ ဒဏ္ဍာရီတစ်ခု ဖြစ်သည်။
ဘာသာပြန် - လျောက်ချင်းနဲ့ ဟန်ရောင်ကို ဒီအပိုင်းမှတွေ့တယ်ရော။