လက်ဝါးစွမ်းအင်
Vol. 37 Ch. 4.65
နောက်ဆုံးတွင် လုရွှမ် အနည်းငယ် တုန်လှုပ်သွားပြီး နောက်ပြန်ဆုတ်သွားခဲ့သည်။
ထိုအရာကိုမြင်တော့ ထျန်မိသားစု၏ လူငယ်များ အားလုံး ကျယ်လောင်စွာ ရယ်မောလိုက်ကြပြီး ကဲ့ရဲ့လှောင်ပြောင်သော စကားလုံးများက အမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။
မော့ကောင်းရွှမ်း အလျင်အမြန် ရှေ့သို့ ပြေးသွားပြီး လုရွှမ်ကို ထိန်းပေးလိုက်သည်။ စိုးရိမ်စိတ်ဖြင့် မေးလိုက်သော်ငြား သူက စိတ်ဝိညာဉ်သခင် မဟုတ်သောကြောင့် နှစ်ယောက်သားကြားက စစ်ပွဲကို နားမလည်လိုက်ပေ။
"သခင်လေး... အဆင်ပြေရဲ့လား"
လုရွှမ် မျက်လုံးများကို မှိတ်ထားပြီး ၎င်းတို့ကို ပြန်ဖွင့်လိုက်စဥ် မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။
"အဆင်ပြေပါတယ်"
အစမှ အဆုံးတိုင်အောင် တစ်ဖက်ခြမ်းရှိ တတိယအကြီးအကဲသည်လည်း မလှုပ်မယှက်ရပ်နေ၏။
"စက်ဆုပ်စရာကောင်းတဲ့ ကောင်လေး.... မင်းက အကြီးအကဲ၆ကို လုပ်ကြံဖို့ သတ္တိရှိနေတယ်ပေါ့ ဟုတ်လား? မင်းအသက်ကို ချန်ထားခဲ့လိုက်တော့!!"
လုရွှမ်က လုံခြုံပြီး အကြီးအကဲ၆က ဘာမှ မတုံ့ပြန်တာကို တွေ့လိုက်ရတော့ ထျန်မိသားစုရဲ့ လူငယ်အားလုံး ဒေါသထွက်သွားပြီး လူအုပ်ကြီးက အသံမာမာနဲ့ အော်ဟစ်ကာ ပြေးထွက်လာကြသည်။
တတိယအကြီးအကဲက အကြီးအကဲ၆ ကို မြန်မြန် ပြေးထိန်း၍ သူ့ရဲ့သွေးခုန်နှုန်း အသက်ရှုသံနဲ့ စွမ်းအင်တွေကို ဂရုတစိုက် စစ်ကြည့်တော့ ဘာအမှားအယွင်းမှ မတွေ့ရပေ။ သို့သော် မျက်လုံးမှိတ်ထားရာက နိုးမလာသေးချေ။
"ငရဲကို သွားလိုက်တော့!"
စွဲမက်ဖွယ် ကောင်းသော အမျိုးသမီးသည် ရှေ့ဦးစွာ ပြေးသွားကာ လက်ကို ဝေ့ယမ်း၍ လေထဲတွင် ဓားတစ်လက်အဖြစ် ပေါင်းစပ်သွားပြီး လုရွှမ်ဆီသို့ ဓားဖြင့် ထိုးချလိုက်လေသည်။
အရှိန်က အလွန်မြန်သည်။ လုရွှမ်ရဲ့ နှလုံးရှိရာကို တိုက်ရိုက် ထိုးညွှန်၍ အလွန်ရက်စက်လှသည်။
စိတ်ဝိညာဉ်စွမ်းအား အားကောင်းလေ ရန်သူရဲ့ အသက်ရှုသံက နက်နဲလေ ဖြစ်သည်။ လုရွှမ် သူဒီကို ရောက်လာတဲ့အခါ ထျန်မိသားစုရဲ့ ပြင်းထန်တဲ့ ငြီးငွေ့မှုကို ခံစားခဲ့ပြီးပြီ ဖြစ်သည်။
သူတို့အထဲမှာ အပြင်းထန်ဆုံး စိတ်ဓာတ်ကတော့ သူ့နောက်ကျောမှာရှိတဲ့ အတောင်ပံတွေအတွက် ဒီလူတွေရဲ့ တပ်မက်တဲ့ စိတ်သာ ဖြစ်၏။ ဒီအမျိုးသမီးကတော့ သူတို့ထဲမှာ အစွမ်းထက်ပြီး အလွန်ထူးခြားသည်။ လူငယ်များကြားတွင် အနည်းဆုံး ထိပ်တန်း သုံးဦးတွင် အဆင့်သတ်မှတ်နိုင်သည်။
သူမသည် စွဲမက်ဖွယ် ကောင်းပြီး သူမ၏ ထွက်သက်က ဘယ်သူ့ကိုမှ မလှည့်စားနိုင်သော်လည်း လုရွှမ်ကတော့ သူ့စိတ်ထဲမှာ ဒီအမျိုးသမီးအတွက် လက်တစ်စုံကို သိမ်းဆည်းထားပြီး ဖြစ်သည်။ အမျိုးသမီးက ပထမဆုံး လှုပ်ရှားမှုကို လုပ်လိုက်တဲ့အခါ ပထမဆုံး အနိုင်ရသူကဲ့သို့ အရှိန်အဝါလည်း ပေါ်ထွက်နေ၏။
လုရွှမ်၏ တောင်ပံများ လှုပ်ခတ်သွားကာ ရွှေအရှိန်ဖြင့် အရှိန်အဟုန် တိုးမြင့်လာကာ အလင်းတန်း တစ်ခုကဲ့သို့ ဖြတ်ကျော်သွားသည်။ ဓား၏ ခိုးဝင် တိုက်ခိုက်မှုကဲ့သို့ သူ့ခန္ဓာကိုယ်ကို အသွင်ပြောင်းကာ အမျိုးသမီးထံ ပစ်ခတ်လိုက်သည်။
လုရွှမ်ရဲ့ အရှိန်က အရမ်းမြန်နေမယ်လို့ အမျိုးသမီးမှာလည်း မထင်ထားချေ။ စက္ကန့်ပိုင်းလေး အတွင်းမှာပဲ သူက သူမရှေ့ကို ရောက်နေပြီ။ သူမ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် အလိုလို ကာကွယ်ထားလိုက်ပြီး လုရွှမ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
သနားခြင်း၏ ခံစားချက် အနည်းငယ်မျှ မရှိသော ထိုလက်ဝါးချက်သည် လုရွှမ်၏ခွန်အား၊ မူလစွမ်းအား၊ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် စွမ်းအားအားလုံးကို စုစည်းစေပြီး သူတော်စင်လမ်းစဥ် ပုံစံ၏ ခံယူချက်ကိုပင် အားကောင်းလာစေသည်။
ဒီလက်ဝါးချက်ဟာ သူတော်စင်လမ်းစဥ် ပုံစံကို စတင်နားလည်လာတဲ့ အမျိုးသမီးတစ်ဦးအတွက် ဖြစ်ပြီး ဒါဟာ သူတော်စင် တစ်ပိုင်းက သန်မာသူ ဖြစ်ရင်တောင် အသည်းအသန် ခုခံရလိမ့်မည်။
အဆိုပါ အမျိုးသမီးမှာ အရိုက်ခံရပြီးနောက် အရိုးများ ကွဲအက်ကာ သွေးတစ်လုတ်နဲ့ အတူ လွင့်ထွက်သွားတော့သည်။
သူသည် ထျန်ကျွင့်နမ်ကို သူငယ်ချင်း အဖြစ် မှတ်ယူခဲ့သော်လည်း ထိုလူများကို သူငယ်ချင်းအဖြစ် မမှတ်ယူခဲ့ပေ။ အထူးသဖြင့် ဤလူများသည် ထျန်ကျွင့်နမ်ကို မိသားစုဝင် တစ်ဦးအဖြစ် လုံးဝ မှတ်ယူထားခြင်း မရှိကြချေ။ သွေးက ရေထက် ပျစ်သည်။
သူတို့ရဲ့သွေးသား ဆွေမျိုးများကိုပင် ဂရုမစိုက်တာ သူသတ်လိုက်လည်း သေသွားရုံပေါ့။
လုရွှမ်ရဲ့ ထိုးနှက်ချက်ကြောင့် လူတိုင်း ကြောက်လန့်သွားကြသည်။
မော့ကောင်းရွှမ်း၊ မုယန်ဖုန်း နှင့် အခြားသူများသည် သခင်လေးဟာ တန်ခိုးကြီးကြောင်း သိထားကြပြီးသား ဖြစ်သည်။ အထူးသဖြင့် ယွမ်စံအိမ် တံခါးဝရှေ့တွင် သူ့ကို တိုက်ခိုက်ရန် ရောက်လာသော အဓိက အင်အားစုလေးခုကို အရှက်ကွဲစေပြီး အနိုင်ယူလိုက်ကြောင်း ကြားသိလိုက်ရသည်လေ။
ဒါပေမဲ့ စိတ်ကူးကြည့်ရုံ သက်သက်သာ ဖြစ်ခဲ့ပြီး အခု ကိုယ့်မျက်စိနဲ့ မြင်လိုက်ရမှသာ သခင်လေးရဲ့ ခွန်အားက လက်ရှိအဆင့်ကို ရောက်နေပြီဆိုတာ သိလိုက်ရတော့သည်။
လုရွှမ် အင်အား နည်းသောအခါက သူ့ကို သခင်ငယ်အဖြစ် ကိုးကွယ်ရန် အစပြုခဲ့ကြသော်လည်း လုရွှမ်က မပျော်မရွှင် ဖြစ်နေတာမျိုး တစ်ခုမှမပြခဲ့ချေ။
ဒါပေမဲ့ ဒီအချိန်မှာတေည့ သူတို့ စိတ်ထဲမှာ အလွန်ကံကောင်းခဲ့သလို ခံစားလိုက်ရသည်။ သူတို့ တကယ်ပဲ အခွင့်ကောင်းယူ၍ သခင်လေးကို လိုက်ခဲ့ခြင်းက သူတို့ရဲ့ ဘိုးဘွားသင်္ချိုင်းမှာ အမွှေးတိုင်ထွန်းတာထက်ကို ကောင်းနေပေ၏။
လူတော်တော်များများက တစ်ယောက်နဲ့တစ်ယောက် ကြည့်ရင်း စိတ်ထဲ ပိုလို့တောင် ကြည်နူးသလို ခံစားလာရပြီး ကြိုးကြိုးစားစား လေ့ကျင့်ရမယ် ဆိုတာကိုလည်း သိလိုက်ကြသည်။ မဟုတ်ရင် သခင်နဲ့ သူတို့ကြားက ကွာဟမှုက ပိုပိုပြီး ဝေးကွာသွားပါလိမ့်မယ်။
"ရွှင်းရွှင်း!"
ယောက်ျား တစ်ယောက်၏ မျက်လုံးများသည် သွေးများ စွန်းထင်းနေ၏။ သူ့တစ်ကိုယ်လုံးမှာလည်း အမျိုးသမီး၏ သွေးများဖြင့် စွန်းထင်းနေသေးသည်။ သူက ဒေါသတကြီး အော်ဟစ်ကာ
"မင်းက ဒီလောက်တောင် သတ္တိကောင်းပြီး ငါတို့ ထျန်မိသားစုက လူကို သတ်ဝံ့တယ်ပေါ့ မင်းသေရမယ်!!"
လုရွှမ်က ဒေါသတွေထွက်ပြီး သူ့ကိုတိုက်ခိုက်လာတော့မယ်လို့ တွေးလိုက်ပေမယ့် မထင်မှတ်ပဲ ငြိမ်နေ၏။ ထိုအခါ ထိုယောက်ျားပျိုလည်း ခေါင်းလှည့်ကာ ထျန်ကျွင့်နမ်ကို စိုက်ကြည့်လိုက်သည်။
"ထျန်ကျွင့်နမ်... မင်းက ထျန်မိသားစုကလူ ဖြစ်နေသေးတယ်မလား? အပြင်လူက မင်းရဲ့ဝမ်းကွဲကို သတ်လိုက်တာ မင်းဘယ်လိုလုပ် ဒီအတိုင်း ကြည့်နေတာလဲ?"
ထျန်ကျွင့်နမ်ကလည်း ပြန်အော်လိုက်သည်။
"ငါ့အစ်ကိုကြီးက အပြင်လူ မဟုတ်ဘူး!! သူက ငါ့အသက်ကို ကယ်ခဲ့တာ.... ဒါ့အပြင် မင်းမသန်မာဘဲ သေလမ်းရှာချင် နေရင်တော့... ငါ့အစ်ကိုကို အပြစ်ပြောလို့ မရတော့ဘူး.... နှစ်တိုင်း အပြန်အလှန် သင်ယူမှုလို့ ခေါ်တဲ့ မိသားစု ယှဥ်ပြိုင်ပွဲမှာ မင်းရဲ့လက်အောက်ခံ ညီအစ်ကို မောင်နှမတွေ မနည်းပါဘူး"
လုရွှမ် ထျန်ရွှင်းအာကို အမှန်တကယ် သတ်ပစ်ခဲ့တာကို မြင်ပြီးနောက် ထျန်ကျွင့်နမ် ခဏမျှ ထိတ်လန့်သွားပြီးနောက် သူ့စိတ်တွေက တက်ကြွမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
မိသားစုထဲမှာ လူတော်တော်များများက သူ့ကို အနိုင်ကျင့်ခဲ့ပေမယ့် ထျန်ရွှင်းက သူ့ကို အများဆုံး အနိုင်ကျင့်ခဲ့တဲ့လူပဲ။ တကယ်လို့ သူသာ ဒီနေရာမှာ လာပုန်းအောင်းမနေခဲဲ့ရင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အဲဒီမိန်းမဆီက လုပ်ကြံခံရမှာ သေချာလေသည်။
"အစ်ကိုကြီး...သတ်ပစ်လိုက်တာ ကောင်းတယ်...အစ်ကို ထျန်မိသားစုဝင်ကို သတ်ခဲ့ပေမဲ့ မိသားစုထဲမှာလည်း ဆိုးသွမ်းတဲ့ ပန်းသီးတွေ ရှိတာပဲလေ... အဲဒါတွေကို ရှင်းပစ်တာက မိသားစုရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုအကျိုးရှိမယ်လို့တောင် ကျွန်တော် ထင်တယ်"
"တတိယအကြီးအကဲ!"
ထျန်ချန်သည် တတိယအကြီးအကဲအား သနားသော မျက်လုံးဖြင့် ကြည့်လိုကိသော်လည်း တတိယအကြီးအကဲသည် ယခုအချိန်တွင် အကြီးအကဲ၆ကို အာရုံစိုက်နေဆဲ ဖြစ်တာကို မြင်လိုက်ရပြီး သူ့ဖက်ကို လုံးဝ လှည့်မကြည့်ဘဲ ရှိနေသည်။
အကြီးအကဲ၆က ဖြစ်ပျက်နေတဲ့ သေရေးရှင်ရေး ကိစ္စတွေကို မသိဘဲ မလှုပ်မယှက် မျက်လုံးမှိတ်ဆဲ ဖြစ်သည်။
"အတူတူ သွားသတ်ရအောင်"
ထျန်ချန်က အော်လိုက်သည်။ သို့သော် ဘယ်သူကမှ မလှုပ်ဘဲ ထျန်ချန်တစ်ယောက်တည်းသာ သူ့နေရာမှာ ရပ်နေ၏။
"ဟာဟား"
ထျန်ကျွင့်နမ် မနေနိုင်ဘဲ အော်ရယ်လိုက်စဥ် မုယန်ဖုန်းနဲ့ တခြားသူတွေလည်း ရယ်မောလိုက်ကြသည်။ ထျန်တစ်မိသားစုလုံးက ထျန်ချန်ကို အေးစက်စွာ ကြည့်နေကြလေ၏။
သတ်ချင်ရင် ကိုယ့်ဘာသာ တက်သွားလိုက်ပါလား။ ဘာဖြစ်လို့ သူတို့က ထျန်ရွှင်းလို ကိုယ့်သေလမ်းကို ရှာနေရမှာလဲ။ ဘယ်သူကမှ ငတုံးတွေ မဟုတ်လေ။
နောက်ပြီး သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ပဲ ရှိတဲ့ ကောင်လေးက ထျန်ရွှင်းလိုလူကို သတ်နိုင်ခဲ့တဲ့ အပြင် အကြီးအကဲ၆ကို ထောင်ချောက်ဆင်ဖို့ ဘယ်လိုနည်းလမ်းကို သုံးလိုက်မှန်းတောင် မသိတာ သူတို့က ဘယ်လိုလုပ် အလျင်စလို လုပ်ရဲမှာလဲ?
ဤအခိုက်အတန့်တွင် လောဘကြီးခဲ့သော လူယုံအနည်းငယ် ရှိနေသည့်ဘက်ကို လုရွှမ် ကြည့်လိုက်ရာ အားလုံးက ထိတ်လန့်နေကြပြီး လုရွှမ်ရဲ့ မျက်လုံးများကို တစ်ချက် ကြည့်မိမှာကိုပင် စိုးရိမ်နေကြသည်။
ယခင်က သူတို့သည် အော်ဟစ် မောက်မာခဲ့ကြသော်လည်း ယခုတွင် လုရွှမ် သူတို့ကို သတ်ပစ်မည်ကို စိုးရိမ်စွာဖြင့် တဖြည်းဖြည်း နောက်ဆုတ်သွားခဲ့သည်။
"ဒီဥပဒေက မှောင်မိုက်ပြီး ပုန်းနေတဲ့ နဂါးတွေ ကျားတွေ ရှိတယ်တဲ့.... လူတိုင်းက နှိမ့်ချပြီးနေဖို့ လိုတယ်"
မတိုင်ခင် အကြီးအကဲ၆၏ စကားများကို ရုတ်တရက် သတိရသွားပြီး ချွေးအေးတွေက မိုးရေလို ထွက်ကျလာခဲ့တော့သည်။
ထျန်ကျွင့်နမ်မှာ အရမ်းပျော်နေပေမယ့် အကြီးအကဲ၆ တစ်ခုခု ဖြစ်သွားခဲ့ရင် နိုင်ငံတော်သစ္စာဖောက်မှု ရာဇ၀တ်မှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး ဆိုတာ သူကောင်းကောင်း သိပါသေးသည်။
အငယ်တန်း တစ်ယောက် အသတ်ခံရရင် အသတ်ခံရတာပဲ။ ဒါပေမဲ့ အကြီးအကဲ တစ်ယောက် ဆိုရင်တော့ အရမ်းကွာခြားသွားပြီ။ သူတို့ရဲ့ အဆင့်အတန်းက အရမ်း ဝေးကွာလွန်းလှသည်။
အထူးသဖြင့် သူတော်စင်တစ်ပိုင်း ဖြစ်ခဲ့ရင် သူဟာ ဧကရာဇ်အင်ပါယာမှာရှိတဲ့ ဘယ်မိသားစု အတွက်မဆို အားကောင်းတဲ့ စွမ်းအား တစ်ခုပဲ ဖြစ်ချေ၏။
"အစ်ကိုကြီး... အကြီးအကဲ၆ တစ်ခုခုဖြစ်နေတာတော့ မဟုတ်ဘူးမလား?"
လုရွှမ် ထျန်ကျွင့်နမ်၏ စိုးရိမ်ပူပန်မှုကို သတိပြုမိကာ ပြုံးပြလိုက်သည်။
"စိတ်မပူပါနဲ့... သူအဆင်ပြေတယ် တကယ်တော့ သူအရမ်းကို အဆင်ပြေနေတာ...ဒီတစ်ခေါက် သူနိုးလာပြီးရင် သူ့ရဲ့ လေ့ကျင့်မှုဟာ နောက်ထပ် အဆင့်တစ်ခု တိုးလာလိမ့်မယ်"
ထျန်ကျွင့်နမ် အံ့အားသင့်သွားပြီး မော့ကောင်းရွှမ်း နှင့် အခြားသူများလည်း ထိတ်လန့်သွားကြသည်။ လုရွှမ်ရဲ့ အသံက လာရောက်သူတိုင်း မကြားနိုင်လောက်အောင် တိုးနိမ့်ခြင်း မရှိလို့ ထျန်မိသားစု တစ်ခုလုံး ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
ဒါက ဘာကိုဆိုလိုတာလဲ?