← Chapters

ဆရာတူဦးလေးလို့ခေါ်

Vol. 37 Ch. 4.66

ဆရာတူဦးလေးလို့ခေါ်

Vol. 37 Ch. 4.66

တတိယအကြီးအကဲလည်း အံ့အားသင့်စွာ ခေါင်းမော့ကာ လုရွှမ်ကို ကြည့်ရင်း ဒေါသကို မျိုသိပ်ထားလိုက်ကာ

"ကောင်လေး မင်းဘာကို ဆိုလိုချင်တာလဲ?"

"ဆိုလိုချင်တာက အိုး....သူနိုးနေပြီ"

လုရွှမ် အသံဆုံးတော့ တတိယအကြီးအကဲ၏ ရင်ခွင်ထဲတွင် လဲလျောင်းနေသော အကြီးအကဲ၆သည် သူ့ခန္ဓာကိုယ်ကိုလှုပ်ယမ်းကာ မျက်လုံး ဖွင့်လာသည်။

"လောင်လျို့ အဆင်​​ပြေလား?"

တတိယအကြီးအကဲရဲ့ မျက်​လုံး​တွေ နီရဲ​နေတာကို ရုတ်​တရက်​ မြင်​လိုက်​ရသည်​။ သူသည် အပြင်လူများရှေ့တွင် အမြဲတမ်း စည်းကမ်းကြီးပြီး အလေးအနက် ထားပုံပေါ်သော်လည်း သူသည် မိသားစုကို အမှန်တကယ် ဂရုစိုက်ကြောင်း သူနဲ့နီးစပ်သူများသာ သိသည်။

အကြီးအကဲ၆လည်း မတ်တပ်ထရပ်လိုက်သည်။ မျက်လုံးများကို မှိတ်၍ ယခင်အဖြစ်အပျက်များကို ပြန်စဥ်းစားပြီးနောက် လုရွှမ်အား ရိုသေစွာ ဦးညွှတ်လိုက်သည်။

"မိတ်ဆွေလေး... မင်းရဲ့ကြင်နာမှုအတွက် ကျုပ်ထျန်ပေါ်ယွီက ကျေးဇူးအထူးတင်ပါတယ်"

အကြီးအကဲ၆က လူငယ်လေး တစ်ယောက်ကို ကျေးဇူးတင်ကြောင်း အမှန်တကယ် ဖော်ပြခဲ့သည်။

နောက်ပြီး ကြင်နာမှုက ဘာလဲ? ထျန်မိသားစုမှ လူငယ်များ အားလုံးက ကမ္ဘာကြီး တစ်ခုလုံး ပြောင်းပြန်ဖြစ်သွားသလို အမြင်မှားနေပြီလို့ပင် ခံစားလာရသည်။

သို့သော် ယခုအချိန်တွင် မည်သူမျှ ပေါက်ကရများကို သိမ်းကျုံး မပြောရဲကြချေ။ မောက်မာသော စကားကို ပြောခဲ့တဲ့လူက လုရွှမ်ရဲ့ လက်ဝါးချက်အောက်တွင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

အကြီးအကဲ၆ နိုးလာတာကို မြင်တော့ ထျန်ချန်က အော်ဟစ်လိုက်သည်။

"အကြီးအကဲ၆ သူရွှင်းအာကို သတ်ပစ်လိုက်တယ်.... သူမအတွက် လက်စားချေပေးပါ"

ထျန်ကျွင့်နမ် အံ့အားသင့်သွားသည်။ သူ့အစ်ကိုကြီးက ဘယ်လိုလှည့်ကွက်မျိုးတွေ ကစားနေမှန်း မသိပေမယ့် ထျန်မိသားစုရဲ့ အကြီးအကဲတွေ အားလုံးဟာ သူတော်စင်နယ်ပယ် ကျင့်ကြံမှု အခြေခံတွေ ရှိတယ် ဆိုတာ ကောင်းကောင်းသိပါ၏။

အထူးသဖြင့် နံပါတ်အဆင့် အဆင့်ပိုမြင့်သော အကြီးအကဲများမှာ သူတို့၏ ခွန်အားကလည်း တစ်စထက်တစ်စ ပိုမိုအားကောင်း​ကြသည်။ အကြီးအကဲ၆က ပို၍ပင် ထူးဆန်းသေး၏။ သူသည် စိတ်ဝိညာဥ်သခင်ကို သူတော်စင်တစ်ပိုင်း ဖြစ်​လေသည်။

"အရက်သောက်တာနဲ့ ကိုက်တာကို ကြိုမသတ်မှတ်ထားဘူး.... ရွှင်းအာက မာနကြီးပြီး ရက်စက်တဲ့ စိတ်ဓာတ်ရှိတယ်... သူ့စရိုက်ကိုပြင်ဖို့ ငါအကြိမ်ပေါင်းမနည်း ပြောခဲ့ဖူးပေမယ့် အမြဲတမ်း နားထောင်ဖို့ ငြင်းဆန်နေတာ... ဒီထက်ပိုပြီး ပြောရရင် ဒီလိုအချိန်ကို ရောက်လာတာက သူမရဲ့ ကံကြမ္မာပဲ... ငါသူမကို မလိုက်ခဲ့ဖို့ ပြောထားတာကို သူ့ဘာသာသူ တိတ်တိတ်လေး လိုက်လာတာ... အရာအားလုံးက ကံစီမံရာ အတိုင်းပဲ"

ထျန်ချန်၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး မျက်လုံးတွေလည်း ရှုပ်ထွေးသွားသည်။ အကြီးအကဲ၆ ပြောတာ မှန်ပါ၏။ အကြီးအကဲ၆က မထွက်သွားခင်မှာ သူ့ညီမကို အပြင်မထွက်ဖို့ တားမြစ်ထားပေမယ့် တိတ်တိတ်လေး ပူဆာနေတာကြောင့် သူခွင့်ပြုခဲ့မိလေသည်။

မမျှော်လင့်ဘဲ ရလဒ်က ဒီလို ဖြစ်လာခဲ့သည်။

"ဟမ့်... မင်းမြင်တယ်မလား? ကောင်းကင်က တရားမျှတတယ်..."

ထျန်ကျွင့်နမ် အော်ပြောလိုက်ပြီး သူ့တစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။

တတိယအကြီးအကဲက ​ပြန်ဟစ်အော်လာ၏။

"ကျွင့်နမ် မင်းပါးစပ်ကို ပိတ်ထားစမ်း!!"

ထျန်ကျွင့်နမ် ရှက်သွားပြီး ပါးစပ်ကို ပိတ်လိုက်ပေမယ့် သူ့နှုတ်ခမ်းထောင့်များက အပြုံးများဖြင့် ပြည့်နှက်နေတာကိုတော့ သူ့ဘာသာသူလည်း မတားနိုင်တော့ပေ။

ထျန်ချန်သည် ပြင်းထန်သော နတ်ဆိုးတစ်ကောင်လို မျက်လုံးများဖြင့် လုရွှမ်နှင့် ထျန်ကျွင့်နမ်တို့ကို စိုက်ကြည့်ပြီးနောက် ဖြည်းညှင်းစွာ လှည့်ထွက်သွား​တော့သည်။

လုရွှမ်ကတော့ အဲဒီထျန်ချန် အသိဥာဏ်ရှိပြီး ကလဲ့စားချေဖို့ မလာဘူးဆိုရင်တော့ မေ့ထားလိုက်မှာပင်။ သူလာမယ်ဆိုရင်တော့ ကောင်းကောင်း ဂရုစိုက်ပေးလိုက်မှာပဲ ဖြစ်သည်။

"ကျွင့်နမ်.... ဒီညီလေးရဲ့ နာမည်က ဘယ်လိုခေါ်လဲ မိတ်ဆက်ပေးပါဦး"

အကြီးအကဲ၆က ဆိုလိုက်သည်။

ထျန်ကျွင့်နမ်လည်း ပြုံးပြီး လုရွှမ်ကို ဂုဏ်ယူစွာ လက်ညှိုးထိုးပြ၍

"ဒါက ကျွန်​တော့်အစ်ကိုကြီး လုရွှမ်!! အဂ္ဂိရတ်ပညာရှင်၊ သားရဲထိန်းချုပ်ရေးဆရာ၊ လက်မှုပညာရှင်၊ အခင်းအကျင်း ပညာရှင်... ကောင်းကင်နဲ့ မြေကြီးမှာ နံပါတ်တစ် ပါရမီရှင်ပဲ!!"

ထျန်မိသားစု တစ်ခုလုံးသည် မတိုင်ခင်က သူတို့၏ မျက်နှာပေါ်တွင် အထင်အမြင် သေးခြင်းများ ရှိခဲ့သော်လည်း အခုအချိန်မှာတော့ ဘယ်သူကမှ ထ၍ မအော်ရဲကြပေ။ တစ်ဖက်လူက ယုတ်မာသော လူသတ်သမား ဖြစ်၏။

သူတို့လူများထဲမှ တစ်ဦး အသတ်ခံရပြီးနောက်မှာတောင် အကြီးအကဲ၆က သူ့ကို ညီလေးလို့တောင် အမှန်တကယ် ခေါ်ဝေါ်လိုက်သေးသည်။

ထျန်ကျွင့်နမ်သည် ထိုလူများ၏ မကျေနပ်မှုကို မမြင်နိုင်ဘဲ

"မကျေနပ်ကြဘူး မဟုတ်လား? မကျေနပ်လည်း မတတ်နိုင်ဘူး.. မယုံကြည်ရင် မျက်စိသာမှိတ်ထားတော့"

မုယန်ဖုန်း နှင့် အခြားလူများကိုလည်း ဖက်တီးက ရယ်ရယ်မောမောဖြင့် မိတ်ဆက်ပေးပြီး အားလုံးက လုရွှမ်ရဲ့ နောက်လိုက်များဖြစ်ကြောင်း ထောက်ပြလိုက်သည်။

သူတို့ရဲ့ ခွန်အားကလည်း သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ပြီးပြည့်စုံစေသော ကာလကလူများက လုရွှမ်ရဲ့ နောက်လိုက်များ ဖြစ်လာသည်ကို မြင်လိုက်ရသဖြင့် ဤလူများသည် လုရွှမ်၏ ခွန်အားကို ပို၍ပင် ထိတ်လန့်သွားကြသည်။

လုရွှမ် အကြီးအကဲ၆ကို တွေ့ပြီးနောက် ဒီလူကို သူအနည်းငယ် သဘောကျမိသည်။ အရင်ဘဝနဲ့ အခုဘဝမှာ ဒီလို လျှို့ဝှက်ဆန်းကြယ်တဲ့ အသွင်အပြင်နဲ့ သူတော်စင်တစ်ပိုင်းကို ဝင်ရောက်ထားတဲ့လူကို ပထမဆုံး မြင်ဖူးခြင်းပင်။

သူ​တော်စင်တစ်ပိုင်း လမ်းစဉ်ကို လျှောက်လှမ်း အကောင်အထည် ဖော်လိုပါက မိမိကိုယ်ပိုင်ပုံစံကို ထိန်းချုပ်ရန်နှင့် ကောင်းကင်နှင့်မြေကြီးကြားရှိ အထူးလမ်းစဉ် တစ်မျိုးကို နားလည်ရန် လိုအပ်သည်။

တချို့သော လူတို့သည် အကြောင်းကံအားဖြင့် သူတော်စင်လမ်းစဥ်ကို ဝင်ရောက်နိုင်ကြသည်။ တချို့က ဓာတ်ငါးပါး၊ တချို့ကလည်း ခိုင်ခံ့သော ခွန်အားဖြင့် သူတော်စင်နယ်ပယ်ကို လှမ်းဝင်နိုင်ကြ၏။

အမျိုးမျိုး ကွဲပြားသော အသွင်အပြင်၊ အမျိုးမျိုးသော အဆင်းသဏ္ဍာန်၊ ကိုယ်ပိုင် အသိဥာဏ်များ ရှိကြပြီး သူတော်စင် လမ်းကြောင်းများကို နားလည်နိုင်ခြင်းသည် သူတော်စင်ဖြစ်ရန် နည်းလမ်းသာ ဖြစ်သည်။

ကွဲပြားတဲ့ လမ်းစဥ်တွေအတိုင်း ကွဲပြားခြားနားတဲ့ အားသာချက်များလည်း ရှိ​ပေသည်။ အကြီးအကဲ၆ လျှို့ဝှက်ဆန်းကြယ်သော အသွင်အပြင် ကဲ့သို့ပင် လုရွှမ်သည် ၎င်း၏ ခွန်အား သို့မဟုတ် အားနည်းချက်ကို ခဏအတွင်း မပြောနိုင်ပေ။

အစတွင် သူ၏ခွန်အားသည် တိမ်ပင်လယ် နယ်မြေတွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ဖူးပြီ ဖြစ်တာကို သိထားရမည် ဖြစ်သော်လည်း အနာဂတ်နှင့် ပတ်သက်သည့် သဲလွန်စကတော့ သူ့မှာ မရှိသေးချေ။

သို့သော် မမျှော်လင့်ဘဲ သူသည် တစ်ဖက်လူဆီက သူတော်စင်တစ်ပိုင်း ခန္ဓာကိုယ်ရှိ ရောင်ဝါကို သတိပြုမိခဲ့သည်။

အကြီးအကဲ၆ရဲ့ လမ်းစဥ်က တဖြည်းဖြည်း လမ်းလွဲသွားတာကို လုရွှမ် သတိပြုမိလိုက်ပြီး သူ့စိတ်နှလုံးကို သဘောကျ၍ သူအရင်မြင်ဖူးသည့် အသွင်အပြင်ကို ချက်ချင်းဆွဲထုတ်ကာ သူ၏ စိတ်ဝိညာဉ်စွမ်းအားကို လှုံ့ဆော်​ပေးလိုက်တာ ဖြစ်ပေသည်။

အကြီးအကဲ၆ရဲ့ စွမ်းရည်က ထူးချွန်ပြီး သူပြောချင်တာကို တိတ်တဆိတ် နားလည်ပြီးနောက်မှာ တခြားသူတွေရဲ့ မျက်စိထဲမှာ မြင်ခဲ့ရတဲ့ ပထမဆုလို့ ခေါ်တဲ့ စွမ်းရည်ကို ရရှိလိုက်တော့သည်။

အကြီးအကဲ၆ လုရွှမ်ကို ခေါင်းညိတ်ပြပြီး လုရွှမ်ကလည်း ယဉ်ကျေးစွာ ပြန်နှုတ်ဆက်လိုက်​သည်။ ဤလူသည် သူပြန်မွေးပြီးကတည်းက သူ့မျက်လုံးများကို တောက်ပြောင်လာစေသော ပထမဆုံးလူ ဖြစ်ပြီး သူနှင့် အနည်းငယ် ရင်းနှီးလို၏။

"အားလုံးလာပြီး ညီလေးလုရွှမ်ကို ဂါဝရပြုကြ... ညီလေးလုရွှမ်မှာ ကောင်းမွန်တဲ့ ကျင့်​ကြံမှုအခြေခံနဲ့ ထူးကဲတဲ့ အရည်အချင်းတွေ ရှိတယ်။ သူက မင်းတို့အတွက် စံနမူနာယူစရာ စံပြလူတစ်ယောက်ပဲ...သူ မင်းတို့ကို ညွှန်ပြပေးရင် မင်းတို့အတွက်လည်း အများကြီး အကျိုးရှိလိမ့်မယ်"

အကြီးအကဲ၆ရဲ့ အော်ဟစ်လိုက်သံက တခြားသူတွေရဲ့ နားထဲကို တိုးဝင်သွားပြီး ဒီစကားလုံးက သူ့နှလုံးသားတွေကို လွှမ်း​ခြုံသွားသလို ခံစားလိုက်ရသည်။

ဘာ? သူ့ကို ဂါဝရပြုရမယ်??

"အစ်ကိုကြီး.... ညီလေး ထျန်ကျွင့်နမ်က အစ်ကို့ကို ဂါရဝပြုပါတယ်.... အစ်ကို့အတွက် ကျွန်တော့်ရဲ့ ကြည်ညိုလေးစားမှုက သဲသဲမဲမဲရှိတဲ့ မြစ်တစ်စင်းလို ဖြစ်ပြီး ရှည်လျားတဲ့ မြစ်ရေလျှံမှုလိုပဲ... ထိန်းမနိုင်သိမ်းမရ ဖြစ်နေပါပြီ အစ်ကိုကြီး!!"

မုယန်ဖုန်း နှင့် အခြားသူများသည် ထျန်ကျွင့်နမ် နှင့်အတူ အချိန်များစွာ ကုန်ဆုံးခဲ့သောကြောင့် ဖက်တီးအကြောင်းကို သိကြသည်။ ထိုစကားများကို ကြားသော် သူတို့မထိန်းနိုင်ဘဲ ရယ်ချလိုက်လေ၏။

အကြီးအကဲ၆ သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ထျန်ကျွင့်နမ်ကို လှမ်းကြည့်ကာ ရုတ်တရက် သူ့မျက်လုံးက ထျန်ကျွင့်နမ်အပေါ် ပိုသဘောကျသွားသည်။

ဒီကလေးက အရည်အချင်း မရှိပေမယ့် အခွင့်အလမ်းက မနည်းဘူး။ ဒီလို ထက်မြက်တဲ့ လူတစ်ယောက်နောက်ကို လိုက်နိုင်ရင် အနာဂတ်မှာ အောင်မြင်မှုတွေ အကန့်အသတ်မရှိ ဖြစ်လာမှာ သေချာလေသည်။

ထျန်မိသားစု၏ အနာဂတ်သည် ဤထျန်ကျွင့်နမ်ထံ ရောက်သွားပေလိမ့်မည်။

"ကျွင့်နမ် မင်း အစ်ကိုကြီးကို ကိုးကွယ်လေးစားပြီး....နောင်မှာ မင်း ကြိုးကြိုးစားစား လုပ်ရမယ် မင်း ထျန်အိမ်ကို ပြန်သွားစရာ မလိုတော့ဘူး... မင်းအစ်ကိုလု အနားမှာပဲ နေလိုက်... မင်း အနာဂတ်မှာ တစ်ခုခုလိုရင် ထျန်မိသားစုကို စာပို့ပေးလိုက်... မိသားစုက မင်းကို ထောက်ပံ့မယ်"

ထျန်ကျွင့်နမ် သူ့မျက်လုံးလေးများ အလွန်အမင်း တောက်ပလာပြီး

"ကျေးဇူးတင်ပါတယ် အကြီးအကဲ၆ အရမ်းကို ကျေးဇူးတင်ပါတယ်"

တခြားသူတွေက ချက်ချင်းကို မနာလိုဖြစ်သွားတော့သည်။ အကြီးအကဲ၆ရဲ့ စကားတစ်ခွန်းမှာ မိသားစုရဲ့ အရင်းအနှီးတွေကို ဒီဖက်တီးဆီကို ပို့ပစ်လိုက်သလိုပဲ။ ဒီအစ်ကိုကြီးလို ကလေးကို ကိုးကွယ်ရုံပဲ မဟုတ်လား? ဘာလို့ ဒီလောက်တောင် ကံကောင်းသွားရတာလဲ?

ထျန်မိသားစုထဲက လူတချို့ဟာလည်း တုန်လှုပ်သွားပြီး တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြေးထွက်သွား၍ လုရွှမ်ကို ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။

"အစ်ကိုကြီးကို ဂါဝရပြုပါတယ်...."

"ဟမ့်... အစ်ကိုကြီးဆိုတာ မင်းတို့ခေါ်ရမယ့် နာမည်လား? ဆရာတူဦးလေးလို့ ခေါ်စမ်း!"

အကြီးအကဲ၆မှ ဟောက်လိုက်လေ၏။

All Chapters