← Chapters

လူလိမ်

Vol. 37 Ch. 4.67

လူလိမ်

Vol. 37 Ch. 4.67

လူတချို့မှာလည်း အံ့အားသင့်သွားကြသည်။ ဖက်တီးကျတော့ အကိုကြီးလို့ ခေါ်ပြီး သူတို့အလှည့်ကျ ဘယ်လိုလုပ် ဆရာတူ ဦးလေး ဖြစ်သွားရတာလဲ?

ထျန်ကျွင့်နမ်က မျက်နှာပျက်သွားတဲ့ လူပေါင်းများစွာကို ရေတွက်ရင်း အောင်ပွဲခံ ရယ်မောလိုက်သည်။

"ငါ့အကိုကြီးက မင်းတို့ ကိုးကွယ်နိုင်တဲ့ အရာမို့လို့ ဂါဝရပြုခိုင်းတာ.... မင်းတို့မကျေနပ်လည်း မကျေနပ်ရုံပဲ....ဟားဟား ငါ့အစ်ကိုရဲ့ အဆင့်အတန်းက ထိပ်တန်းပဲကွ!"

သူက စကားပြောနေရင်း လုရွှမ် မကြာသေးမီက တန်ခိုးပြသမှု အကြောင်းများ ပြန်ပြောင်းပြောပြ​လေသည်။ ဖက်တီးရဲ့ ပါးစပ်ကျွမ်းကျင်မှုဟာ အတော်လေး ကောင်းမွန်ပြီး သူ့ဇာတ်ကြောင်းက အလွန်ကို ကွက်ကွက်ကွင်းကွင်း ဖြစ်စေရာ လုရွှမ်ကို ကောင်းကင်အထိ ချီးကျူးနေတော့သည်။

ဖက်တီးက ဆက်ပြောနေရင် နေ့ရောညပါ ကြွားလုံးထုတ်လို့ ပြီးနိုင်မည် မဟုတ်ကြောင်း သိတာကြောင့် လုရွှမ် ပြုံးလိုက်ပြီး ထျန်မိသားစုကို လက်ပြ နှုတ်ဆက်လိုက်သည်။

"သွားကြရအောင်"

လူအများအပြားက သက်ပြင်းချလိုက်သလို အကြီးအကဲ၆ကလည်း ခေါင်းညိတ်လိုက်၏။

"မင်းက ကံကောင်းတဲ့သူပါ... ထားပါတော့ ထားပါတော့"

သို့သော် ယခုအချိန်တွင် ထျန်ကျွင့်နမ်မှာ စိတ်အားထက်သန်နေဆဲ ဖြစ်ပြီး

"တတိယအကြီးအကဲ... အကြီးအကဲ၆ ဒီကညီအကို မောင်နှမတို့၊ မင်းတို့က မြို့ထောင်ချီမဟာမိတ်ဆီ ရောက်လာ​ပြီ ဆိုကတည်းက ငါ့မြေပဲပေါ့... ငါလမ်းပြမယ် ကျေးဇူးပြုပြီး ငါနဲ့လိုက်ခဲ့ပါ"

မြို့ထောင်ချီမဟာမိတ် အတွင်းသို့ ဝင်ရောက်ပြီးနောက် အရိပ်လူသတ်ခန်းမတွင် အိမ်တစ်လုံးတွေ့ပြီး လူများကို ထိုနေရာ၌ ယာယီ နေရာချ​ပေးကာ ထျန်ကျွင့်နမ်သည် လုရွှမ်ဘက်သို့ ပြန်လာခဲ့သည်။

"အစ်ကို... ကျွန်တော် ရှင်းရှင်းလင်းလင်း မေးခဲ့လိုက်ပြီ... ဒီနေရာမှာ အခွင့်အလမ်းတွေ ရှိမယ် ဆိုတဲ့ ကောလဟာလတွေကို ဧကရာဇ်အင်ပါယာက အခင်းအကျင်း ပညာရှင်တွေက တွက်ချက်ခဲ့တာတဲ့... အခွင့်အလမ်းကို ရရှိတဲ့သူတွေက ထူးခြားတဲ့ အသွင်အပြင်ကို ရိပ်မိမယ်လို့ ဆို​ကြတယ်... အဲဒီအခါကျရင် အဲဒီလူအတွက် သူတော်စင် လမ်းကြောင်းကို ရောက်သွားဖို့ အကြီးမားဆုံး အကူအညီ ဖြစ်လာလိမ့်မယ်တဲ့"

မုယန်ဖုန်း နှင့် အခြားသူများ၏ မျက်လုံးများ တောက်ပလာကာ မော့ကောင်းရွှမ်းပင် တုန်လှုပ်သွားခဲ့သည်။ သူတို့အားလုံးသည် တော်ဝင်အင်ပါယာမှ ဆင်းသက်လာကြပြီး ၎င်းတို့အတွက် သန့်ရှင်းသူတစ်ပိုင်း ဖြစ်လာခြင်းမှာ စိတ်ကူးပင် မယဉ်နိုင်သော အရာ ဖြစ်သည်။

လုရွှမ်ကို နောက်လိုက်ပြီးနောက် သူတို့သည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကို ကျင့်ကြံရာတွင် မိမိအစွမ်းအစဖြင့် လမ်းလွဲသွားနိုင်ကြောင်း ထင်မှတ်ထားခဲ့သည်။

သေမျိုး အသွင်ကူးပြောင်းမှု အဆင့်၇ နယ်ပယ်ကို ရောက်ရှိပြီးနောက် အမှန်မှာ သူတော်စင်လမ်းကြောင်း ပညတ်တရား၏ အခြေခံသဘောတရားများကို ကနဦး နားလည်နိုင်နေပြီ ဖြစ်သည်။ အဲဒါကို မြန်မြန်သိလေ ပိုကောင်းလေ မဟုတ်ဘဲ ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို ချပေးနိုင်လေပဲ ဖြစ်၏။

တော်ဝင်အင်ပါယာတွေထဲမှာ လူဘယ်နှစ်ယောက်တောင် ထိုသူတော်စင် လမ်းကြောင်းကို လိုက်နိုင်ဖို့အတွက် သေခဲ့ရလဲ မရေတွက်နိုင်တော့ပေ။

သို့သော် ကျင့်ကြံမှု လမ်းကြောင်းနဲ့ နိယာမတွေက ရေထဲကလ၊ မှန်ထဲက ပန်းတစ်ပွင့်လိုပဲ မြင်နိုင်ပေမယ့် ထိလို့ကိုင်လို့ မရကြချေ။ အဲဒါကို ပိုနားလည်လေ သူတော်စင် ဖြစ်လာဖို့ အခက်အခဲကို ပိုနားလည်လာလေပင်။

သူတော်စင်တစ်ပိုင်းနှင့် ဤအခွင့်အရေးသည် သူတို့အတွက် အလွန်ကောင်းသော အခွင့်အရေးသာ ဖြစ်​ချေသည်။

"လတ်စသတ်တော့ အဲ့လိုကိုး!"

လုရွှမ်က ဤအရာသည် ကောင်းကင်နှင့်မြေကြီးမှ သဘာဝအတိုင်း ရေးဆွဲထားသော ​​တောက်ဓမ္မကျင့်ကြံမှု သူတော်စင် ပုံစံဖြစ်သည်ကို ရုတ်တရက် သဘောပေါက်သွားသည်။

၎င်း၏ အရည်အသွေးသည် သဘာဝအတိုင်း အလွန်မြင့်မားပြီး အနှစ်တစ်ရာလျှင် တစ်ကြိမ်သာ မြင်တွေ့နိုင်တာ ဖြစ်သည်။ အခွင့်အလမ်း ရရှိသူများသည် တစ်ပိုင်းအထိ အောင်မြင်နိုင်သည်မှာ အမှန်ပင် မုသားမဟုတ်ချေ။

လုရွှမ်သည် မြို့ထောင်ချီမဟာမိတ်မှာ မကြာခင် ကမောက်ကမ ဖြစ်ကာ သွေးထွက်သံယို မုန်တိုင်းများ မကြာမီ ရောက်လာတော့မှာကို စိတ်ကူးကြည့်နိုင်သည်။

"ဖက်တီး.... ​တောက်ဓမ္မကျင့်စဥ် နိယာမ အခွင့်အလမ်းက ဘယ်နေ့ပေါ်လာမှာလဲ"

မုယန်ဖုန်းက မေးလိုက်သည်။ သူ့မျက်လုံးထဲတွင် တောက်လောင်နေသော မီးတောက်တစ်ခု ရှိနေ၏။ သူ့အရည်အချင်းက မလုံလောက်မှန်း သိပါသည်။

ကျန်းဝူတော်ဝင်အင်ပါယာမှ ထွက်သွားပြီးနောက် ပြင်ပကမ္ဘာကို မြင်လိုက်ရသလို သူ့အရည်အချင်း ချို့တဲ့မှုကိုလည်း ပိုပိုပြီး ခံစားမိလာသည်။

နယ်ပယ်ပိုမြင့်ပြီး ပိုဝေး​ဝေး သွားချင်ရင် တစ်ခုတည်းသော ဖြစ်နိုင်ချေက သခင်​လေးနောက်ကို လိုက်ဖို့ ဖြစ်ပြီး အရမ်းနောက်ကျလို့လည်း မရချေ။ အခြားသူများ၏ မျက်လုံးများသည်လည်း မျှော်လင့်ချက်ဖြင့် ပူလောင်နေ၏။

သူတို့ရဲ့ တိုက်ပွဲဝင်ချင်လာတဲ့ စိတ်ဓာတ်ကို ခံစားရင်း လုရွှမ်က ပြုံးပြီး

"စိတ်မပူပါနဲ့.... လူတိုင်း မင်းတို့ရဲ့ ခွန်အားကို အရင်မြှင့်တင်ဖို့ ကြိုးစားသင့်တယ်။ ငါ့ရဲ့ တွက်ချက်မှုတွေ အရဆိုရင် အချိန်က စောနေသေးတယ် နီးလာတဲ့အခါ ကောင်းကင်နဲ့မြေကြီးက သဘာဝအတိုင်း ဖြစ်လာလိမ့်မယ်"

"ပြီးတော့ ဒီကာလအတွင်းမှာ မင်းတို့လည်း ပိုသတိထားရမယ်... မော့ကောင်းရွှမ်း မင်းက ဖက်တီးနဲ့အတူ အရိပ်လူသတ်ခန်းမမှာ နေလိုက်... သူတော်စင်တစ်ပိုင်းက ကျင့်ကြံသူ နှစ်ယောက်ရှိတော့ မင်းတို့ လုံခြုံရေးအတွက် သိပ်ပြဿနာ မရှိလောက်ဘူး"

မူလက အရိပ်လူသတ်ခန်းမသည် နေရာကောင်းတစ်ခု ဖြစ်သော်လည်း သားရဲခန်းမကို ရောက်လာသော လူများထံမှ မကောင်းသော အငွေ့အသက်များကို ခံစားမိချိန်၌ လုရွှမ်စိတ်ထဲတွင် အနည်းငယ် မတည်မငြိမ် ဖြစ်လာခဲ့သည်။

ယနေ့ သူ့အတွက် စိတ်မငြိမ်မသက် ဖြစ်ခြင်းသည်လည်း စိတ်အားထက်သန်မှုကို ဆိုလိုပြီး တစ်ခုခုလည်း ဖြစ်ကောင်း ဖြစ်လာနိုင်သည်။

အဲဒီလူတွေကို ရှောင်ပြီး ပိုသတိထားရတာက ပိုကောင်းပါ၏။ ဒီဘက်မှာက ထျန်မိသားစုဘက်က ဂရုစိုက်ပေးမယ့် အကြီးအကဲ၆ ရှိ​နေလို့ သူ့လူတွေ လုံခြုံမယ်လို့ ယုံကြည်လေသည်။

အားလုံးကလည်း သဘောတူကြသည်။ လုရွှမ် အရိပ်လူသတ်ခန်းမမှ လူများကို ဤကာလအတွင်း ပေါ့ပေါ့ဆဆ အပြင်မထွက်ဖို့နဲ့ ဘယ်အလုပ်များကိုမှ လက်မခံဖို့ အရာအားလုံးကို အမိန့်ချမှတ်လိုက်သည်။

အရာအားလုံး ပြေလည်သွားပြီးနောက် လုရွှမ်၏ အငွေ့အသက်များ ပြောင်းလဲသွားပြီး သူ၏ မျက်နှာနှင့် ခန္ဓာကိုယ်သည် အခြားလူအဖြစ်သို့ ပြောင်းလဲသွားကာ အရိပ်သတ်ခန်းမထဲမှ တိတ်တဆိတ် လမ်းလျှောက်ထွက်၍ လမ်းမပေါ်တွင် ပေါ်လာခဲ့သည်။

အခု မုန်တိုင်းလာနေပြီဆိုတော့ စီးပွားရေးလုပ်ငန်းကြီးတွေ လုပ်ဖို့ အချိန်ကောင်းပဲ။ အမျိုးမျိုးသော ခဲယမ်းမီးကျောက်များ၊ ပစ္စည်းများနှင့် မကြာခဏ မတွေ့ရတတ်သော လက်နက်များပင် ပေါ်လာလိမ့်မည်။

အကြီးအကဲ၆နဲ့ တစ်ကြိမ် တိုက်ခိုက်ပြီးနောက် လုရွှမ်သည် သူ၏ခွန်အားမှာ မလုံလောက်သေးကြောင်း သိလိုက်သည်။ အနည်းဆုံး ဤအချိန်ကာလအတွင်း သူ၏ခွန်အားကို မြင့်မားသောအဆင့်သို့ မြှင့်တင်ရန် လိုအပ်နေပြီ ဖြစ်သည်။

အရိုးရှင်းဆုံးနှင့် လက်တွေ့အရှိဆုံး နည်းလမ်းမှာ စိတ်ဝိညာဉ်စွမ်းအားကို တိုးမြင့်စေဖို့ ဖြစ်၏။ ဝိညာဉ်စွမ်းအား .၀ တက်လာလျှင်ပင် သူတော်စင် တစ်ပိုင်းသို့ ၀င်ရောက်နိုင်ပြီး ထိုလူများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလေပြီ။

မြန့်ရှန်ပန်းသာ ရှိလျှင် ထိုပန်းဖြင့် စိတ်ဝိညာဉ်စွမ်းအားကို တိုးမြှင့်ပေးနိုင်ပြီ။ အခြားလိုအပ်ချက်များမှာ အထူးဆေးဖက်ဝင် ပစ္စည်းများသာ ဖြစ်သည်။

"ဒီက လူကြီးမင်း... ခင်ဗျားက ဧကရာဇ်အင်ပါယာက လာတာဖြစ်မယ် ခင်ဗျားမှာ ထူးထူးခြားခြား နောက်ခံရှိမယ်လို့ ကျုပ် ပြောနိုင်တယ်.... ခင်ဗျားရဲ့ ကျင့်ကြံမှု အငွေ့အသက်တွေကို ကြည့်ပြီး တော်ဝင်အင်ပါယာက လူတွေနဲ့ ယှဉ်လို့မရဘူးဆိုတာ လုံးဝ ပြောနိုင်တယ်"

သူ၏ ဖီးနစ်တောင်ပံများသည် အလွန်ထူးခြားသဖြင့် ဖီးနစ်အတောင်များကို မြင်သူတိုင်း နီးပါးဟာ သူကလုရွှမ်ဆိုတာ သိကြသည်။ သူ့အတောင်ပံများကို ဝှက်ထားပြီး ခဏသာ လမ်းလျှောက် လာခဲ့သော်လည်း လူတစ်ဦးက မမျှော်လင့်ဘဲ ကြင်နာစွာ ချဉ်းကပ်လာခဲ့သည်။

"ဒါပေမဲ့ နေရာသေးသေးလေးတွေမှာလည်း သူတို့ရဲ့ အထူးအင်္ဂါရပ်တွေ ရှိပါတယ်.... ကျွန်တော်တို့က မြို့ထောင်ချီမဟာမိတ်မှာ ပစ္စည်းတွေကို စုဆောင်းထားပါတယ်... လူကြီးမင်း တစ်ချက်လောက် မကြည့်ချင်ဘူးလား?"

လုရွှမ် သူ့စိတ်ထဲတွင် အနည်းငယ် ရယ်လိုက်မိသည်။ ဤလူသည် ရိုးရိုးရှင်းရှင်း ကြွားလုံးထုတ်နေခြင်းသာ ဖြစ်၏။ ဒီလူရဲ့ မျက်လုံးတွေက ကြည်လင်နေဟန် ဆောင်နေကာ သူ့ကိုယ်သူ လိမ္မာပါးနပ်စွာ ရှင်းရှင်းလင်းလင်း ဖုံးကွယ်ထားပေမယ့် လုရွှမ်ကတော့ ဒီလူဟာ နှလုံးအနက်ရောင် ရှိတယ် ဆိုတာကို သိပြီးသားပင်။

ယခု သူသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ ထက် မပိုသော သာမာန်သခင် တစ်ဦးသာ ဖြစ်သည်။ ဧကရာဇ် အင်ပါယာကလာတဲ့ သခင်ဖြစ်ကြောင်း ဘယ်ကနေပြီး ပြောနိုင်မှာလဲ။

မြို့ထောင်ချီမဟာမိတ်မှာ တော်ဝင်အင်ပါယာက လူတွေများပြီး ဧကရာဇ်အင်ပါယာက အဆင့်အတန်းမြင့်သူ တစ်စုံတစ်ယောက်ကို တွေ့ပါက မျက်နှာမပျက်ဖို့အရေး ကြိုးကြိုးစားစား လုပ်ကြမှာ ဖြစ်သည်။

လုရွှမ် ထိုလူ့နောက်သို့ လိုက်ကာ အဆောက်အဦး တစ်ခုသို့ အမြန်ဝင်လိုက်သည်။ တောက်ပသော စာလုံးများဖြင့် ရေးခြယ်ထားသည့် ဆေးဥယျာဥ်ဆိုင်ခွဲ ဟူသည့် တံခါးရှေ့ရှိ ဆိုင်းဘုတ်ကို တမင် စိုက်ကြည့်နေလိုက်သည်။

လုရွှမ် အနည်းငယ် ရယ်လိုက်မိသည်။ ငြိမ်သက်သွားပြီးနောက် ထိုလူ၏ အထောက်အထားကို မဖော်ပြတော့သေးဖို့ ဆုံးဖြတ်လိုက်၏။ လုရွှမ် အံ့အားသင့်သွားသည်မှာ ဤနေရာတွင် ဖုံးကွယ်ထားသော အခင်းအကျင်း တစ်ခု ရှိနေသောကြောင့်ပင် ဖြစ်ကာ ထိုအခင်းအကျင်းက လူကို လှည့်စားနိုင်လေသည်။

အခင်းအကျင်း၏ လုပ်ဆောင်ချက်မှာ အရာအားလုံးကို ဖုံးကွယ်ရန် ဖြစ်ပြီး လုရွှမ်၏ နှလုံးခုန်သံလည်း အပါအဝင် ဖြစ်ပေသည်။ ဤဖွဲ့စည်းမှုသည် တကယ်ကို ထက်မြက်လှသည်။

အချိန်အတော်ကြာမှ ဒါက ပျက်စီးသွားသော အခင်းအကျင်း ဖွဲ့စည်းမှု တစ်ခုမှ ဖြစ်လာကြောင်း တွေ့ရှိခဲ့သော်လည်း ၎င်းသည် သူ့ကို ပိုမို စိတ်လှုပ်ရှားလာစေသည်။

ယခင်က ရှန့်ခုန်းရှေးဟောင်းမြို့ မြို့သခင်စံအိမ်၌ ရရှိခဲ့သော အခင်းအကျင်း တံဆိပ်ပြားများနှင့် ကွဲပြားသည်။ ဤကြီးမားသော အခင်းအကျင်းမှာ အကြိမ်ပေါင်းများစွာ နှိုးဆွပေးခဲ့ပြီး ဖြစ်သော်လည်း ဆက်လက် တည်ရှိနေနိုင်သေး၏။

သူ စိတ်လှုပ်ရှားနေတာက ဤအရာသည် ရှေးဟောင်း အခင်းအကျင်း တစ်ခုဖြစ်ရမည် ဟူသည့် အချက်ကြောင့် ဖြစ်ကာ တန်ဖိုးကလည်း အင်မတန် များပြားလိမ့်မည်။

သူတို့နှစ်ယောက် ခန်းမတစ်ခုဆီသို့ ရောက်လာခဲ့သည်။

အထဲမှာ လူသုံးဆယ် ထက်မနည်း ရှိ​နေတာကို တွေ့လိုက်ရသော်လည်း လုရွှမ် သိပ်မအံ့သြသွားချေ။ မိုက်မဲသူတွေ အများကြီး ရှိနေတာ မဟုတ်ဘဲ အများစုက အခွင့်ကောင်းယူတဲ့သူသာ အမြဲရှိနေတတ်လို့လေ။

အကြမ်းဖျင်း လေ့လာပြီးနောက် ဤနေရာရှိ လူများ၏ ခွန်အားသည် အများဆုံး သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ သို့မဟုတ် အဆင့်၈များ ဖြစ်ကြသည်။

အပြင်က ရောက်လာသူလို့ ထင်​ရတဲ့သူ​တွေလည်း ရှိ​ပေမယ့်​ ဧကရာဇ်အင်ပါယာက လာတဲ့သူက ပိုများလာနေ၏။

နောက်ဆုံးတွင် ကောင်းကင်နှင့် မြေကြီး၏ နိယာမအခွင့်အလမ်း ပုံသဏ္ဌာန်သည် မြို့ထောင်ချီမဟာမိတ်မှ ထွက်လာတော့မည်ဟူသော သတင်းသည် အလွန် အရေးကြီးလှသည်။

ထိုသတင်း မပြန့်သွားဖို့ ဘယ်သူကမှ တားဆီးနိုင်ခြင်း မရှိပေ။

ဧကရာဇ် အင်ပါယာ အမျိုးမျိုးမှ ရောက်ရှိလာသူများနှင့် နှိုင်းယှဉ်ပါက အမှန်တကယ်တွင် တော်ဝင်အင်ပါယာ အသီးသီးမှ မြို့ထောင်ချီ မဟာမိတ်အဖွဲ့သို့ လာသော လူများက ပိုများ​လေသည်။

All Chapters