← Chapters

မျက်နှာဖြူ ပညာရှင်

Vol. 37 Ch. 4.68

မျက်နှာဖြူ ပညာရှင်

Vol. 37 Ch. 4.68

အခြားသူများနှင့် နှိုင်းယှဉ်ပါက လုရွှမ်သည် တောင်တန်းတွေကြားက သစ်ပင်ငယ်လေးလို သူ့ရဲ့စွမ်းအားက သာမန်ထက်ပင် နိမ့်ကျနေသရောင် ရှိ၏။ ထိုလူက လုရွှမ်ကို ခန်းမထဲသို့ ဆွဲခေါ်သွားပြီးနောက်တွင် ပေါ့ပေါ့ပါးပါး တစ်ခွန်းနှစ်ခွန်း ပြောပြီး ဂရုမစိုက်​တော့ဘဲ ထွက်သွားလေသည်။

လုရွှမ်လည်း ဂရုမစိုက်ဘဲ ခန်းမ ပတ်ပတ်လည်ကို ပေါ့ပေါ့ပါးပါး လျှောက်ထွက်လာခဲ့သည်။ အနီးကပ် လေ့လာကြည့်ပြီးနောက် ဤနေရာသည် ထင်ထားသလောက် မရိုးရှင်းကြောင်း ရုတ်တရက် တွေ့ခဲ့ရပြီး ဒီလောက်လူ အများ​ကြီးကို ဆွဲဆောင်နိုင်သော နည်းလမ်းတချို့ ရှိသေးတာကိုလည်း တွေ့လိုက်ရသည်။

သူ့ဘေးနားက လူတွေ ပြောနေတာကို နားထောင်ကြည့်ရင်း လုရွှမ် စည်းကမ်းတွေကို နားလည်သွားခဲ့သည်။ ပထမတစ်ခုကတော့ လူတိုင်းဟာ သူတို့လိုအပ်တာကို အချင်းချင်း ဖလှယ်နိုင်ကြပြီး အဲဒီ့နောက်မှာတော့ တာဝန်ရှိသူက လေလံပွဲတစ်ခု ​ပြုလုပ်ပေးလိမ့်မည်။

အကယ်၍ တစ်စုံတစ်ဦးသည် ၎င်းတို့လိုချင်သည့် အရာကို ရောင်းဝယ်ခြင်း မပြုလိုပါက ၎င်းတို့သည် လေလံစင်မြင့်ပေါ်၌ ကုန်သွယ်မှု ပြုနိုင်သည်။

လုရွှမ် ပေါ့ပေါ့ပါးပါး လှည့်ပတ်၍ မျက်လုံးကို တိတ်တဆိတ် အစာကျွေးပြီးနောက် ပြန်ထွက်လာခဲ့သည်။

"ဒါက ပိုင်ဝမ်စစ်ပဲ ကောင်လေး မင်းမှာ ဗဟုသုတရှိလား? အထဲက ပစ္စည်းက အရမ်းကို ထူးခြားတာနော်... မင်းနားမလည်ရင် လျှောက်မလုပ်တာ အကောင်းဆုံးပဲ!"

မုတ်ဆိတ်မွေးနဲ့ တစ်ယောက်က ဒေါသတကြီး အော်ကာ သူ့နောက်ကျောတွင်လည်း ပုဆိန်ကြီးတစ်ချောင်းကို ကိုင်ဆောင်ထား​သေးသည်။ သူသည် အရပ်ရှည်ရှည်နှင့် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ဖြစ်သည်။

ထိုလူက မျက်နှာဖြူ စာဂျပိုးနှင့်တူသော လူတစ်ယောက်ကို ငုံ့ကြည့်နေ၏။ တစ်ဖက်လူရဲ့ ခွန်အားမှာ ပျမ်းမျှသာဖြစ်ပြီး သူသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆တွင်သာ ရှိနေသည်။

သို့သော် နောက်ပိုင်းတွင် မုတ်ဆိတ်မွေး လူ၏ အရှိန်အဝါကြောင့် လုံးဝ တုန်လှုပ်သွားခြင်း မရှိဘဲ ငြိမ်သက်နေ၏။

"ဟမ့်... မင်းကငါ့ကို ပြင်းပြင်းထန်ထန် ပြန်ကြည့်နေတယ်ပေါ့လေ.... ငါမကြိုက်ဆုံးက မင်းတို့လို ဖြူစင်တဲ့ မျက်နှာလေးတွေပဲ ဒီကနေ ထွက်သွား!! ဒါမှမဟုတ်ရင် ငါမင်းကို ပုဆိန်နဲ့ ရိုက်ထုတ်ပစ်မယ်!!"

မုတ်ဆိတ်မွေးက ကျောက ပုဆိန်ကို ရုတ်တရက် ဆွဲထုတ်လိုက်ကာ မျက်နှာဖြူ ပညာရှင်၏ နဖူးရှေ့တွင် ချိန်ရွယ်ထားလိုက်သည်။

"သလင်းကျောက်တစ်ထောင်"

မျက်နှာဖြူ ပညာရှင်၏ အမူအရာမှာ မပြောင်းလဲဘဲ သူ့နဖူးရှေ့တွင် ဆွဲထားသော ပုဆိန်ကို လေလိုပင် သဘောထားကာ ကြောက်ရွံ့မှုမရှိဘဲ ဖြစ်နေသည်။

ဤမြင်ကွင်းကို အနီးနားရှိ လူအများအပြားက မြင်လိုက်ကြသည်။ ယခင်က မျက်နှာဖြူ ပညာရှင်​လေးကို အထင်သေး၍ မထီမဲ့မြင် ပြုခဲ့ကြသော်လည်း တစ်ချက် ကြည့်လိုက်​ပြီးနောက် မိသားစုငယ်လေးမှ ထွက်လာသော သခင်လေး ဖြစ်ကြောင်း သိလိုက်ရသဖြင့် အလွန် စိတ်ဝင်စားသွားသည်။

ဧကရာဇ်အင်ပါယာက သခင်တစ်ယောက်များ ဖြစ်​နေမလား?

သို့သော် ဧကရာဇ်အင်ပါယာက လာမည့်သူသည် အနည်းဆုံး သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ သို့မဟုတ် အဆင့်၈မှာ ရှိနေတတ်ကြသည်။ အဆင့်၆ ဆိုရင်တော့ သေချာပေါက် မထင်မရှား နောက်ခံသာ ရှိလိမ့်မည်။

ထိုသူတို့သည် သူ့ကို ရွှင်မြူးစွာ ကြည့်နေကြ၏။ ဧကရာဇ်အင်ပါယာမှ လူများကို ကြည်ညို ကြောက်ရွံ့ကြသော်လည်း မြို့ထောင်ချီ မဟာမိတ်အဖွဲ့မှ လူမျိုးများသည် တော်ဝင်အင်ပါယာ အသီးသီးမှ လူများနှင့် ရင်ဆိုင်ရသောအခါတွင် သဘာဝအတိုင်း မောက်မာမှု ရှိ​ကြ​သေးသည်။

သို့သော် ယခုအချိန်တွင် ဘေးပတ်ဝန်းကျင်မှ လူများ၏ မျက်နှာများ ပြောင်းလဲသွားသည်။ လူသတ်လိုသော ဆန္ဒကို ရင်ဆိုင်ရဲပြီး ခုခံရန် လုံလောက်သော အင်အား မရှိသော်လည်း တစ်ဖက်လူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုကို လုံးဝ မမြင်ရပေ။

မျက်နှာဖြူလေးက မုတ်ဆိတ်မွေးနဲ့ လူကို ဂရုမစိုက်တာ ထင်ရှားပါ၏။ မုတ်ဆိတ်မွေး ယောက်ျားသည် ပုဆိန်ကို အမှတ်တမဲ့ ဆုတ်ကိုင်လိုက်ပြီး ကြောက်ရွံ့မှု အနည်းငယ်ဖြင့် မျက်နှာဖြူ ပညာရှင်ကို ကြည့်လိုက်သည်။

“ဝိညာဥ်ကျောက်တုံးရှစ်ရာ!”

မျက်နှာဖြူ ပညာရှင်က အနည်းငယ် ပြုံးကာ မုတ်ဆိတ်မွေးကို လူကို ကြည့်နေသည်။ အသံက မှုန်ဝါးနေပေမယ့် နောက်ပြောင်တဲ့ အရိပ်အယောင်တော့ တစ်စက်ကလေးမှ မတွေ့ရချေ။

ဈေးနှုန်း ရုတ်တရက် ပြောင်းလဲသွားက မျက်နှာဖြူ ပညာရှင်က မုတ်ဆိတ်မွေးနဲ့ လူကို စူးစိုက်ကြည့်နေတော့သည်။

အခုတော့ ဘယ်သူမှ မရယ်ရဲတော့ဘဲ သူတို့ နှစ်ယောက်ကို ဂရုတစိုက်နဲ့ ရှောင်သွားကြသည်။ လူတိုင်းသည် လျင်မြန် ပါးနပ်သော စိတ်ရှိသည့် ပုဂ္ဂိုလ်များ ဖြစ်ကြ၏။

မျက်နှာဖြူ ပညာရှင်သည် ကောင်းမွန်သော အပေးအယူလို့ မမြင်ဘဲ တိုးတက်မှု အတွက် ဒီအခြေအနေကို အခွင့်ကောင်းယူချင်ပုံပင်။

ဒီလူဟာ ဧကရာဇ်အင်ပါယာ မင်းမျိုးမင်းနွယ် မိသားစုထဲက လူငယ်တစ်ယောက် ဖြစ်နိုင်လား? ဒါကြောင့် သူအရမ်းကို ယုံကြည်မှု ရှိနေတာလား?

မျက်နှာဖြူ ပညာရှင်ရဲ့ ကျွန်ဟာ အမှောင်ထဲမှာ ပုန်းနေသလား ဆိုတာကို လူအများက တိတ်တဆိတ် လှည့်ပတ် ကြည့်ရှုနေကြပါပြီ။

မုတ်ဆိတ်မွေး ယောက်ျား၏ မျက်နှာသည်လည်း တဖြည်းဖြည်း ပြောင်းလဲသွားပြီး ပုဆိန်ကို ကိုင်ထားသော လက်က အနည်းငယ် တုန်ယင်လာခဲ့သည်။ သူက နောက်ခံမရှိ၊ ခွန်အားမရှိသော အလယ်အလတ်တန်းစား နိုင်ငံမှ တစ်ဦးတည်းသော လူတစ်ဦးမျှသာ ဖြစ်သည်။

အမှန်တကယ် တိုက်ပွဲဖြစ်ခဲ့လျှင် သူ့အဆုံးသတ်က ဆိုးမလား ကောင်းမလား ဘယ်သူမှ မပြောနိုင်ပေ။

သူဒီပုလင်းကို အမှတ်တမဲ့ ရခဲ့တာ။ ရှေး​ဟောင်း စာအုပ်ထဲမှာ ပိုင်ဝမ်စစ်ကို တွေ့ဖူးတဲ့အတွက် အထဲမှာပါတဲ့ အကြောင်းအရာတွေက အရမ်းတန်ဖိုးရှိမယ်လို့ မှန်းဆမိခဲ့သည်။

သူဟာ ဝိညာဉ်ကျောက်တုံး တချို့နဲ့ ပြန်ရောင်းချပြီး ဆေးလုံးတချို့ ဝယ်ကာ ကျင့်ကြံမှုကို တိုးမြှင့်ချင်ခဲ့တာ ဖြစ်ပေ၏။ ယခုအချိန်တွင် မျက်နှာဖြူ ပညာရှင်၏ ကဲ့ရဲ့​နေပုံကို မြင်လိုက်ရတော့ သူဒုက္ခရောက်နေမှန်း သိလိုက်ရသည်။

“ဝိညာဥ်ကျောက်တုံးခုနစ်ရာ”

မျက်နှာဖြူ ပညာရှင်က ဆက်ပြောပြီး စျေးနှုန်းက နောက်ထပ်တစ်ရာ လျော့သွားရင်း သူ့ပါးပြင်ပေါ်က ရွဲ့စောင်းမှုကိုပင် ဖုံးကွယ် မထားနိုင်တော့ချေ။

"ဝိညာဥ်ကျောက်တုံး ခြောက်ရာ.... အဟဲ မင်း စဉ်းစားဖို့ လိုသေးလား?"

ထိုအချိန်တွင် ပရိသတ်များပင်လျှင် ဤမျက်နှာဖြူ ပညာရှင်က လွန်လာပြီဟု ခံစားမိလာသည်။ မုတ်ဆိတ်မွေးနဲ့ လူရဲ့ မျက်နှာသည် ပို၍ပင် နီရဲလာကာ အလွန်အမင်း အရှက်ကွဲသွား​​တော့သည်။

"မလိုတော့ဘူး ခြောက်ရာ..."

"ခဏလေး... ငါ ဒီပုလင်းကို လိုချင်တယ်"

လုရွှမ် လှမ်းဝင်လာပြီး မုတ်ဆိတ်မွေးနဲ့ လူရဲ့ စကားကို ဖြတ်ပြောလိုက်သည်။

ဒီလိုအချိန်မျိုးမှာ တစ်စုံတစ်ယောက်က ဝင်စွက်ဖက်ရဲလိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားခဲ့ချေ။ မျက်နှာဖြူ ပညာရှင်ကလည်း မျက်မှောင်ကြုတ်ကာ လုရွှမ်ကို အပေါ်အောက် ငုံ့ကြည့်ကာ မေးလာ၏။

"မင်းက ဘယ်သူလဲ"

လုရွှမ်သည် အစောကတည်းက လိုင်းရာနှင့်ချီ ရှိသော ပုလင်းပေါ်ရှိ လိုင်းများကို တွေ့ခဲ့ပြီးပြီ။ သေသေချာချာ ကြည့်လိုက်တော့ လိုင်းပေါင်း ထောင်ချီ ရှိနေ​တာပဲ ဖြစ်သည်။ ထိုပုလင်းထဲတွင် သိမ်းဆည်းထားသည့် အရာမှာ အဖိုးတန်လွန်းလှလို့ ဖြစ်ရမည်။

ဝိညာဉ်ကျောက်တုံး တစ်ထောင်ဖြင့် ဝယ်ယူခြင်းသည် ကြီးမားသော အကျိုးကျေးဇူးကို ရရှိနေပြီဖြစ်ပြီး ဈေးနှုန်းကို ဆက်လက် လျှော့ချရန်အတွက် သူ၏ အဆင့်အတန်းကို အားကိုးနေပုံအား လုရွှမ် သည်းမခံနိုင်တော့ပေ။

ဒီလိုအနိုင်ကျင့်တာကို ဒီနေရာအထိ မယူလာသင့်ဘူးလေ။

"ဝိညာဥ်ကျောက်တုံး တစ်ထောင် ငါဝယ်မယ်"

လုရွှမ်က မျက်နှာဖြူ ပညာရှင်ကို ကြည့်ပြီး ဆိုလိုက်သည်။ မုတ်ဆိတ်မွေးနဲ့ ယောက်ျားသည် စိတ်လှုပ်ရှားနေပြီး သူ့မျက်လုံးများတွင် ကျေးဇူးတင်ကြောင်း အရိပ်အမြွက်ပြကာ ပုလင်းကို အလျင်အမြန် လွှဲပေးလိုက်သည်။

"ဒီကသခင်လေး... ပိုင်သွားပါပြီ"

ဒီလို မြန်မြန် ပေးလိုက်မှ မဟုတ်ရင် ဝိညာဥ်ကျောက်တုံး ၁၀၀၀နဲ့ သူ့အသက်ကို ကယ်နိုင်မှာ မဟုတ်တော့ဘူး။

"ခဏလေး!"

မျက်နှာဖြူ ပညာရှင်က ဟစ်အော်လိုက်သည်။ သူလည်း ဒါက ပိုင်ဝမ်စစ် မဟုတ်ဘဲ ချန်းဝမ်စစ် ဖြစ်တာကို မြင်ပြီးသားပင်။ မုတ်ဆိတ်မွေး ယောက်ျား၏ ခြိမ်းခြောက်မှုက သူ့အား မကျေမနပ် ဖြစ်​စေမိသည်။

သေးငယ်တဲ့ အရပ်က ယုတ်ညံ့တဲ့ သူတွေက သူ့လိုသခင်လေးကို လှည့်စားနိုင်မှာတဲ့လား?

ဒီမှာ စည်းကမ်းတွေက ဘာမှအသုံးမဝင်ဘူး။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ ပဲ ရှိတဲ့ လူလေးသာသာက သူ့ရှေ့မှာ မာနထောင်လွှားရဲတယ်တဲ့လား?

ဒီလိုသေးငယ်တဲ့ နေရာလေးမှာ ချန်းဝမ်စစ်လို လိုင်းပေါင်းထောင်ချီနဲ့ ချိတ်ပိတ်ထားတဲ့ မှော်ဆန်တဲ့ အရာတစ်ခုခုတော့ ရှိနေလို့ သူသည်းခံပြီး ဒီမုတ်ဆိတ်မွေးနဲ့ လူကို ကြောက်လန့်သွားစေရုံပဲ လုပ်ချင်ခဲ့တာ။

ဒီသခင်လေးရဲ့ လမ်းမှာ လာပိတ်ရပ်ရဲတယ်ပေါ့လေ??

မျက်နှာဖြူ ပညာရှင်သည် စက်ဝိုင်း တစ်ပတ်ခန့်ကို လှည့်ပတ်ကြည့်ရှုသော်လည်း လုရွှမ်၏ လက္ခဏာနှင့် ပတ်သက်၍ ထူးခြားသည့် အရာတစ်ခုမျှ အမှန်တကယ် ရှာမတွေ့ခဲ့ပေ။

"ကောင်လေး... အားသာချက် တချို့ကို အသုံးချမနေပါနဲ့ မဟုတ်ရင် မင်းရဲ့အသက်ကို အလွယ်တကူ ဆုံးရှုံးသွားရလိမ့်မယ်"

လုရွှမ်လည်း ရယ်ပြီး

"ကောင်လေး.... စကားလုံးတွေနဲ့ ရိုင်းစိုင်းတဲ့ စကားတွေ မပြောမိ​စေနဲ့ ကံဆိုးမှုတွေက ပါးစပ်ကနေ ထွက်လာတတ်တယ်"

မျက်နှာဖြူ ပညာရှင်ရဲ့ စကားကို ခွန်းတုံ့ပြန်ပြီးတာနဲ့ တစ်ဖက်က မတုံ့ပြန်မီ လုရွှမ် သူ့လက်ထဲတွင် ပုလင်းကို ကိုင်ထားလိုက်သည်။

ပုလင်းက ခွက်အရွယ်လောက်တောင် မကြီးပေမယ့် တော်တော် လေးလံလေသည်။ လှုပ်လိုက်တဲ့အခါ အတွင်းထဲမှာ တုန်တုန်ယင်ယင်နဲ့ အော်ဟစ်လာသံကို ကြားလိုက်ရ၏။

"အတင့်ရဲချက်!! ဒီသခင်လေးက ဘယ်သူလဲဆိုတာ မင်းသိရဲ့လား?"

မျက်နှာဖြူ ပညာရှင်က အော်လိုက်ပြီး သူ့ရဲ့ စိတ်စွမ်းအားတွေက ရုတ်တရက် လွင့်ထွက်လာခဲ့တော့သည်။

All Chapters