← Chapters

အခင်းအကျင်းထဲ ပိတ်မိနေပြီ

Vol. 37 Ch. 4.69

အခင်းအကျင်းထဲ ပိတ်မိနေပြီ

Vol. 37 Ch. 4.69

လုရွှမ် အသာပဲ ပြုံးလိုက်သည်။ ဒီလူမှာ ကိုယ်ခံပညာနဲ့ စိတ်ဝိညာဉ်စွမ်းအား နှစ်ခုလုံးကို လေ့ကျင့်ထားတာကို သူမြင်ပြီးပြီ။ အဆင့်နိမ့် ဧကရာဇ်အင်ပါယာများတွင်ပင် ၎င်းတို့အား ဝိညာဉ်စွမ်းအား ၁၆ ခန့်ရှိသော ပါရမီရှင်များဟု သတ်မှတ်ကြပြီး အင်ပါယာအတွက်လည်း ဂုဏ်ယူစရာ ဖြစ်သည်။

ဒါပေမဲ့ ဒီကျွမ်းကျင်မှုလေးတွေနဲ့ သူ့ရှေ့မှာ ရိုရိုသေသေ ပြုမူရင်တော့ လွှတ်ထားပေးနိုင်ပေမယ့် မဟုတ်ဘူးဆိုရင်တော့ သူ့လက်ထဲမှာ မသေနိုင်ဘူးလို့ အာမ မခံနိုင်တော့ဘူး။

"သေလူရဲ့ နာမည်ကို ငါသိဖို့ မလိုဘူး"

"မင်း?"

မျက်နှာဖြူ ပညာရှင်၏ မျက်နှာသည် အလွန်အမင်း ရုပ်ဆိုးသွားပြီး ဒေါသတကြီး ပြန်ပြုံးပြလိုက်ကာ

"ကောင်းပြီ ကောင်းပြီ... ဒီသခင်လေးက မင်းတို့လို ရေတွင်းအောက်ခြေက ဖားတွေရဲ့ မောက်မာမှုကို မြင်ဖူးပြီးသား.... ဟမ့် ကောင်လေး... ခဏနေလို့ အပြင်ထွက်ရင် မင်းဒီလိုမောက်မာနေတာတွေ ရှိသေးမယ်လို့ မျှော်လင့်တယ်"

လုရွှမ်က သူ့ကို ဂရုမစိုက်ပါဘူး။ သူတို့ကို ခေါ်လာတဲ့လူတွေက မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်ဆိုတာ သေချာသိပြီးသားလေ။ မဟုတ်ရင် သူတို့က ရှေးဟောင်း အခင်းအကျင်းပုံစံနဲ့ ဒီမပြည့်စုံတဲ့ နေရာကို ဝိုင်းထားမှာ မဟုတ်ဘူး။

အပြင်ထွက်မယ်? ဟားဟား ဒီကိုရောက်လာမှတော့ အပြင်ထွက်ဖို့ စဥ်းတောင် မစဉ်းစားနဲ့။

ဒါဟာ ပထမဆုံး အရောင်းအဝယ် ဖြစ်ပြီး လုရွှမ် လိုင်းထောင်ချီနဲ့ ချန်းဝမ်စစ်ကို ရလာခဲ့သည်။ လုရွှမ် ရဲ့ စိတ်ဝင်စားမှုက ရုတ်တရက် တိုးလာပြီး ရောင်းဝယ်ဖောက်ကားခြင်းရဲ့ အခြားအကျိုးအမြတ်များကို စောင့်မျှော်နေတော့သည်။

သူ ရှန့်ခုန်းရှေးဟောင်းမြို့ စံအိမ်ကြီးမှ ဝိညာဉ်ကျောက်တုံးများစွာကို ရရှိခဲ့လို့ ယခုအချိန်တွင် ရောင်းဝယ် ဖောက်ကားရန်အတွက် အသုံးပြုနိုင်ခဲ့သည်။ ပစ္စည်းကောင်းလေး တစ်ခုခုကိုတွေ့တိုင်း သူဝယ်သွားမှာ ဖြစ်သည်။

မကြာမီ လုရွှမ်သည် ကုန်သွယ်ခန်းမ တစ်ခုလုံးတွင် အကျော်ကြားဆုံး ဖြစ်လာခဲ့သည်။

လူများစွာက လုရွှမ်အနားသို့ ပြေးလာ​ကြပြီး ရတနာမျိုးစုံကို ပြသကြသည်။ လုရွှမ်၏ အမြင်အာရုံသည် အလွန်မြင့်မားလို့ ပစ္စည်းကောင်း များစွာကို ရရှိနေသည်။

အပေးအယူများစွာ ပြုလုပ်ပြီးနောက် လုရွှမ်မျက်နှာလည်း ပွင့်လန်းလာခဲ့သည်။ ဧကရာဇ်အင်ပါယာ၏ ကျယ်ပြောလှသော နယ်မြေနှင့် နှိုင်းယှဉ်ပါက ဤနေရာရှိ သဘာဝပစ္စည်းများနှင့် မြေကြီး ရတနာများသည် ထိုနေရာထက် အဆပေါင်းများစွာ နည်းပါးပြီး ကြွယ်ဝသော အထူးပစ္စည်း အနည်းငယ်သာ ရှိသည်။

သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆ရှိ အမျိုးသမီး ကျင့်ကြံသူ တစ်ဦးလက်မှ လုရွှမ် သည် ဖီးနစ်တို့နေထိုင်သည့် သဖန်းပင်တစ်ပင်အတွက် ဝိညာဉ်ကျောက်တုံး ၂ထောင် ကို လဲလှယ်ခဲ့ပြီး ဝိညာဉ်ကျောက် ၁သောင်း နှင့် ဒြပ်စင်ငါးခု ရှိသော ကျောက်စိမ်းတစ်ပိုင်းကို ဝယ်ယူခဲ့သည်။

...

လုရွှမ် ဒီလောက်များတဲ့ အရာတွေကို ဒီနေရာမှာ စုဆောင်းမိလိမ့်မယ်လို့ မမျှော်လင့်ထားဘဲ ဒီငွေပေးငွေယူ အမျိုးအစားအပေါ် သူစိတ်ဝင်စားမှုက အလွန်တိုးလာခဲ့သည်။

ဤမြို့ထောင်ချီမဟာမိတ်တွင် စွန့်စားခန်းတစ်ခု ကြုံတွေ့ရမည် ဟူသော သတင်းသည် အတက်အကျ ပျံ့နှံ့နေပြီဖြစ်သည်။ လူတိုင်းသည် ၎င်းတို့၏ ကျင့်​ကြံမှုကို မြှင့်တင်ရန် ကြိုးစားကြပြီး နောက်ဆက်တွဲ ပြိုင်ပွဲအတွက် အခွင့်အရေးကို ဖမ်းဆုပ်နိုင်ရန် မျှော်လင့်နေကြသည်။

ထို့ကြောင့် အတိတ်က မြတ်နိုးခဲ့သော ကောင်းမှု မှန်သမျှကို မလိုအပ်​တော့ဘဲ ဆေးလုံး၊ လက်နက်နှင့် ခွန်အားကို မြှင်တင်ပေးနိုင်သော အခြားအရာများနှင့် လဲလှယ်ရန် မျှော်လင့်လျက် ယခုအချိန်တွင် စိတ်အားထက်သန်နေကြ၏။

"ဟေး ဘာလို့အပြင်ထွက်လို့ မရ​တော့တာလဲ?"

လူတစ်ယောက်က သူလိုချင်တာကို ရခဲ့ပြီးနောက် သူ့ခွန်အားကို ပြန်လည်လေ့ကျင့်ဖို့ ပြန်သွားချင်ခဲ့သည်။ သူလမ်းတစ်ဝက်လောက်ကနေ ထွက်သွားပေမယ့် အချိန်အတော်ကြာအောင် သွားပြီး ရုတ်တရက် သူဒီကိုပဲ ပြန်ရောက်လာတာ တွေ့လိုက်ရတော့သည်။

"စက်ဆုပ်ဖို့ ကောင်းလိုက်တာ!! တစ်ယောက်ယောက်က အခင်းအကျင်း တစ်ခုကို ဖွင့်ပြီး လူတိုင်းကို ပိတ်မိအောင်လုပ်ပြီး လုပ်ကြံချင်နေတာ ဖြစ်မယ်"

ခန်းမကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ လူတော်တော် များများကလည်း ဘာဖြစ်နေမှန်းကို မသိပေမယ့် အဆောက်အအုံထဲမှာ ပိတ်မိနေမှန်း သိလိုက်ရတော့ တစ်ယောက်ပြီးတစ်ယောက် ကျယ်လောင်စွာ ကျိန်ဆဲကြတော့သည်။

တချို့သော သူတို့သည် မယုံကြည်နိုင်ဘဲ ထွက်ပေါက်ဆီသို့ အပြေးအလွှား သွားကြပေမယ့် ခဏကြာတော့ မူလနေရာကိုပဲ ပြန်ရောက်လာခဲ့တာကို သိရှိရပြီးနောက် တချို့လူများသည် ဒေါသတကြီးဖြင့် ပတ်ဝန်းကျင်ကို တိုက်ရိုက်တိုက်ခိုက်ကြသည်။

အဓိပ္ပါယ်ငါးပါးကို ပေါင်းစပ်၍ လည်းကောင်း၊ တခြား လက်နက်များဖြင့် လည်ကောင်း ပေါက်ကွဲမှုများ တစ်ခုပြီးတစ်ခု ဖြစ်ပွားခဲ့သော်လည်း ဖုန်မှုန့်များနှင့် မီးခိုးများသာ ထွက်ပေါ်လာ၍ အရာအားလုံးသည် မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

"လေလံဆွဲသူတွေကို ရှာကြည့်.... အဲဒါ သူတို့လက်ချက်ပဲ ဖြစ်မယ်!"

တစ်စုံတစ်ဦးမှ အကြံပြုလိုက်ရာ ချက်ချင်း ဆိုသလိုပင် တစ်စုံတစ်ဦးမှ လေလံဆွဖ့သူ အများအပြားကို ဖမ်းဆီးလာခဲ့သည်။

ဒီလူတွေရဲ့ ခွန်အားက ဆိုးရွားလှ၏။ အနည်းဆုံးတော့ သူတို့ဟာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် ပထမအဆင့်သာ ဖြစ်လို့ ရိုက်နှက်ခံရပြီး လူအုပ်အလယ်မှာ ပစ်ချခံလိုက်ရတော့သည်။

"ပြော.... ထွက်ပေါက် ဘယ်မှာလဲ?"

ထိုလူများသည် နှာခေါင်းပွန်းပဲ့၊ မျက်နှာများ ရောင်ရမ်းသည်အထိ ရိုက်နှက်ခံခဲ့ရပြီး ၎င်းတို့၏ အဝတ်အစားများသည် သွေးများနီရဲနေသော်လည်း မျက်နှာများမှာ အပြစ်ကင်းစင်ကာ မျက်လုံးများမှာလည်း မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။

၎င်းတို့သည် ငတုံးများ မဟုတ်ကြတာကြောင့် ယခုလို စွန့်ပစ်ခံထားရကြောင်း သဘာဝကျကျ နားလည်လာကြပြီ ဖြစ်သည်။ သူတို့သည် ငါးဖမ်းရန် ငါးစာများသာ ဖြစ်ချေ၏။

"ခင်ဗျားတို့ မှားနေပြီ... ​​ဟုတ်တယ် ဒါက ကျုပ်တို့စီစဉ်တဲ့ လေလံပွဲပဲ ဒါပေမဲ့အခုက ဘာဖြစ်နေတာလဲ မသိဘူး! ကျုပ်တို့က ခင်ဗျားကို လုပ်ကြံချင်နေတာလို့ ပြောရအောင် ကျုပ်တို့က လုယက်ဖို့ ကြံစည်ထားရင် ဘာဖြစ်လို့ အခုအချိန်ထိ ဒီမှာရှိနေမှာလဲ?"

မြေပြင်ပေါ်တွင် ဝပ်တွားနေသော လူခြောက်ဦးသည် ထက်ဝက်နီးပါး အရိုက်ခံထားရပြီး စကားပြောလာသူ တဦးမှာ ယခင်က နတ်ဘုရားလို ရုပ်အဆင်းသဏ္ဌာန်ရှိသည့် အဘိုးအိုတစ်ဦး ဖြစ်သည်။

အခုအချိန်မှာတော့ ယခင်လို မဟုတ်တော့ပေ။

"မင်းတို့မဟုတ်ရင် ဘယ်သူလဲ?"

လူတစ်ယောက်က မေးလိုက်သည်။

အဘိုးကြီးက သွေးတွေ ရွှဲရွှဲနဲ့ ခေါင်းခါရမ်းရင်း

“ကျုပ်တို့လည်း မသိပါဘူး! ဒီလို ကုန်စည်ပြပွဲကို ကျင်းပဖို့ ကြိုးစားတာ ဒါပထမဆုံး အကြိမ်ပဲ... ပြီးတော့ လူတိုင်းမှာ ရတနာတွေ အများကြီး ပါလာမယ်ဆိုတာ ကျုပ်တို့လည်း မသိခဲ့ကြဘူးလေ....အခုလို ဖြစ်လာတော့ တစ်ယောက်ယောက်က မျက်စိကျသွားပြီး အခင်းအကျင်းကို ဖွင့်ချလိုက်တာလည်း ဖြစ်နိုင်တာပဲ"

ဒီအကြောင်းပြချက်က တော်တော် ဖြစ်နိုင်ချေရှိပြီး လူတော်တော်များများက အနီးနားက လူတွေဟာ လျှို့ဝှက်ကြံစည်မှု နောက်ကွယ်က ကြိုးကိုင်သူ ဖြစ်မှာကို စိုးရွံ့လာကြသည်။

လုရွှမ် စကားမပြောဘဲ အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေပြီး လူတချို့ကလည်း သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေကြောင်းကိုလည်း တွေ့ရှိခဲ့သည်။

"လုချင်းက လူတိုင်းကို လျှို့ဝှက် ကြံစည်နေတဲ့လူတွေထဲက တစ်ယောက်လို့ ကျုပ်ကတော့ သံသယဝင်တယ်!"

ရုတ်တရက် အသံတစ်သံ ထွက်လာခဲ့သည်။ ထိုလူက မျက်နှာဖြူ ပညာရှင်ဖြစ်ပြီး လုချင်းလို့ နာမည်ပေးခံထားရတဲ့ လုရွှမ်ကို ညွှန်ပြလိုက်သည်။

မျက်နှာဖြူ ပညာရှင်က ဆို၏။

“စဉ်းစားကြည့်... ဧကရာဇ် တော်ဝင်မိသားစုကနေ ဆင်းသက်လာတဲ့ သခင်တစ်ဦး ဖြစ်တဲ့ ကျုပ်တောင် ဒီလောက်များတဲ့ ဝိညာဥ်ကျောက်တုံး ကတ်တွေမရှိဘူး... သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ပဲ ရှိတဲ့ တော်ဝင်အင်ပါယာက လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ ဝိညာဥ်ကျောက်တုံးတွေ ရှိနေရတာလဲ?"

"ကျုပ်အမြင်အရတော့ သူက ကြံရာပါ တစ်ယောက်ဆိုတာ ထင်ရှားတယ်... ဒီမှာ ရတနာတွေ အများကြီး ရှိနေတာကို မြင်တော့ လူတိုင်းကို ဖမ်းဖို့ သူ့ရဲ့ အဖော်တွေနဲ့ စီစဥ်ခဲ့တာပဲ"

မျက်နှာဖြူ ပညာရှင်က ဤသို့ပြောပြီးနောက် အားလုံးက လုရွှမ်ကို တညီတညွတ်တည်း ကြည့်လိုက်ကြသည်။

လုရွှမ် သူ့လက်ကို နောက်ပြန် ရိုက်ပစ်လိုက်ရာ ပြတ်သားသော အသံထွက်ပေါ်လာပြီး မျက်နှာဖြူ ပညာရှင်က အံ့အားသင့်စွာဖြင့် သူ့ပါးကို ဖုံးအုပ်လိုက်သည်။

"မင်းက ငါ့ကို ရိုက်ရဲတယ်??"

ဖြောင်း!

လုရွှမ်သူ့ကို ထပ်ပြီး ရိုက်ပစ်လိုက်ပြန်သည်။

"မင်းစကားကို ကောင်းကောင်း ပြောရင် မင်းကိုဘယ်သူမှ ငတုံးလို မဆက်ဆံဘူး"

လူတိုင်း အံ့အားသင့်သွားကြသည်။ မျက်နှာဖြူ ပညာရှင်နှင့် မုတ်ဆိတ်မွေး ယောက်ျားတို့ကြားက အငြင်းပွားမှုကို လူတိုင်း မြင်တွေ့ခဲ့ရသည်။ မျက်နှာဖြူ ပညာရှင်သည် တော်ဝင်မိသားစု၏ သခင်​လေး ဖြစ်တာကို မည်သူမှ မသိကြသော်လည်း လုရွှမ်လို စိတ်ဆန္ဒအလျောက်တော့ ဘာမဆို မလုပ်ဝံ့ပေ။

သူ့နောက်ကွယ်မှာ အင်အားတစ်ခု၊ ဝှက်ဖဲ တစ်ခု ဒါမှမဟုတ် အမှောင်ထဲမှာ လက်တုံ့ပြန်မယ့်သူ ရှိ​နေလား ဘယ်သူမှ မသိနိုင်ဘူးလေ။

လုရွှမ်ကို တစ်ယောက်ပြီး တစ်ယောက် ကြည့်လာသော မျက်လုံးများသည် ပို၍ ထူးဆန်းလာသည်။

ဒီအခင်းအကျင်းဟာ အစောကတည်းက ရှိနေခဲ့ပြီးသားပင်။ ဒီအတိုင်း အထဲမှာ ပိတ်မိနေဖို့က လုံးဝ မဖြစ်နိုင်ပေ။ အခင်းအကျင်းကို ဖွင့်လိုက်သူဟာ ရောက်လာသူတွေ အချင်းချင်း သတ်ဖြတ်ကြဖို့ မျှော်လင့်နေပုံရသည်။

လူသေတာများလေ ရတနာတွေကို ရိတ်သိမ်းပြီး ဆုလာလ်တွေ ခံစားရလေပဲလေ။

"လူတိုင်း တွေ့တယ်မလား? သူက ကြံရာပါပဲဆိုတာ သိသာနေပြီ ကျုပ်က သူ့လုပ်ကြံမှုကို ဖော်ထုတ်လိုက်လို့ သူက သတ်ပစ်ချင်နေတာ"

လုရွှမ်ဆီက နှစ်ကြိမ်ဆက်တိုက် ပါးရိုက်ခံရပြီးနောက် မျက်နှာဖြူ ပညာရှင်က ထိတ်လန့်သွားပြီး လုရွှမ်အစွမ်းအစကို ပထမဆုံးအကြိမ် သိလိုက်သည်။

လူများစွာက သူသည် မိသားစုတစ်ခု၏ သခင်​လေးမျှသာဟု ထင်မြင်ကြသော်လည်း သူ၏ စွမ်းအားသည် အခြားသူများ၏ စိတ်ကူးထက် များစွာ ဝေးကွာကြောင်းကို မည်သူမျှ မသိကြပေ။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်က အရေးအကြီးဆုံး ပုဂ္ဂိုလ်များပင်လျှင် သူ့မျက်လုံးထဲတွင် လုံးဝမရှိခဲ့။

သူ၏ခွန်အားနှင့် မိသားစုရှိ အကြီးအကဲများက ပေးအပ်ထားသော လက်နက်များဖြင့် ရတနာများကို ရိတ်သိမ်းခြင်းသည် ဂျုံရိတ်ခြင်း ကဲ့သို့ပင် လွယ်ကူလိမ့်မည်။

သို့သော် လူအုပ်ကြားတွင် ခန့်မှန်းရခက်သူ လူတစ်ဦးတည်းသာ ရှိကာ ထိုသူမှာ လုရွှမ်ပဲ ဖြစ်၏။ သူက အခင်းအကျင်းထဲမှာ ရှိနေတာတောင် ဘာကိုမှ ကြောက်လန့်နေပုံ မပေါ်ချေ။

All Chapters