← Chapters

ယွမ်စံအိမ်နဲ့ဆက်ဆံရေး

Vol. 37 Ch. 4.72

ယွမ်စံအိမ်နဲ့ဆက်ဆံရေး

Vol. 37 Ch. 4.72

အခင်းအကျင်းထဲမှ ထွက်သွားပြီးနောက် ကျန်းလုံနှင့် ဟဲဖုံးတို့သည် လမ်းပေါ်၌ ၎င်းတို့၏ ပြန်လည် ပေါ်ထွက်လာခဲ့တာကို အံ့အားသင့်စွာ တွေ့လိုက်ရ၏။ ထို့နောက် သူတို့ကို ကယ်တင်ခဲ့သူက လုရွှမ် ဖြစ်တာကို သိရှိကာ ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ဆိုကြလေသည်။

လုရွှမ် သူတို့ နှစ်ယောက်ကို ပြုံးပြပြီး ဆေးလုံးတွေ ပေးကာ က​လေးမလေးကို ခေါ်၍ ထွက်သွားခဲ့၏။ အခင်းအကျင်းထဲမှာ ပိတ်မိနေတဲ့ လူတွေဟာ သနားစရာ နိဂုံးတွေနဲ့ ကြုံတွေ့ရပြီး အပြန်အလှန် သတ်ဖြတ်မှုမှာ တစ်ယောက်ပြီး တစ်ယောက် ​​သေဆုံးသွားမယ်ဆိုတာ သူတို့နှစ်ယောက် သိကြလေသည်။

ပိုက်ကွန်ကို ဖြတ်သွားသော ငါးတချို့ရှိလျှင်ပင် အခင်းအကျင်း တည်ထောင်သူများမှ ဖယ်ရှားပစ်လိမ့်မည်။

ရွှေကျီးကန်း၏ အသံသည် လုရွှမ်၏ စိတ်ထဲတွင် အလွန်ညစ်ညမ်းစွာ ထွက်ပေါ်လာခဲ့သည်။

"ကောင်လေး... မင်းက အရမ်းတော်တာပဲ ငါ့အစာအတွက် ဒီလိုကလေးကို ပြင်ဆင်ထားပေးတယ်ပေါ့လေ"

လုရွှမ်ကလည်း ပြန်ဆိုလိုက်သည်။

"သူမအတွက် မင်းကိုချက်လိုက်ရင်လည်း သိပ်တော့မကွာပါဘူး"

က​လေးမလေး၏ မျက်နှာတွင် မျက်ရည်များစွန်းထင်းနေသော အသွင်အပြင်ကို မြင်လိုက်ရတော့ လုရွှမ်သည် သူ့အား တစ်သက်လုံး အမှတ်ရစေသော အမျိုးသမီးကို မတွေးတောဘဲ မနေနိုင်တော့ပေ။

သူတို့နှစ်ယောက် ပထမဆုံး စတွေ့တုန်းကလည်း ကလေးမလေး တစ်ယောက်ကို ကယ်တင်ဖို့ ဖြစ်ပြီး အဲဒီ့ကောင်မလေးကြောင့် သူတို့လက်ထပ်ခဲ့ဖူးလေသည်။

ကလေးမလေးသည် အလွန် အကဲဆတ်လှ၏။ လုရွှမ်၏ ကြင်နာမှုကို ခံစားရပြီး လုရွှမ်အား သူမ၏ လက်သေးသေးလေးဖြင့် တင်းတင်းကြပ်ကြပ် ဖက်ထားကာ မကြာမီတွင် အိပ်ပျော်သွားလေသည်။

သူမ၏ ခေါင်းကို ပွတ်သပ်ရင်း လုရွှမ် ရုတ်တရက် သူ့စိတ်တွေ ငြိမ်သက်သွားသလို ခံစားလိုက်ရသည်။

"ကျီးကန်း... ဒါမှမဟုတ် မင်းသူ့ကို ခေါ်ထားပေးပါလား?"

လုရွှမ် ပြုံးလျက် ဆိုလိုက်သည်။

ဒီကလေးလေးရဲ့ အထောက်အထားက တကယ်ကို ထိလွယ်ရှလွယ် လွန်းလို့ လုရွှမ်သူမကို မိန်းကလေး၅ယောက်ဆီ ပို့ပေးချင်လေသည်။

မိန်းကလေးတွေက သူမကို သူတို့ညီမလို ဆက်ဆံကြမှာ သေချာလေ၏။ သို့သော်လည်း အခုအချိန်မှာ မြို့ထောင်ချီမဟာမိတ်က ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ အချိန်မို့ ဒီကောင်မလေး ရှိ​နေတာကို တစ်ယောက်ယောက်က သိသွားရင် မိန်းကလေး ငါးယောက်တောင်မှ အန္တရာယ် ရှိလိမ့်မည်။

ယခု သူတို့သည် အရိပ်လူသတ်ခန်းမ၌ နေထိုင်ကြပြီး ထျန်မိသားစုမှ လူများသည် ကလေးမလေးကို အန္တရာယ်ပေးလာနိုင်မလား ဘယ်သူက သိမလဲ။ ဒါကြောင့် အကောင်းဆုံး နည်းလအ်းကတော့ ကျီးကန်းကို သဘာဝအတိုင်း ကလေးမလေးအား ခဏလောက် ခေါ်သွားစေပြီး ကျောက်စိမ်းထဲမှာ ဝှက်ထားပြီး ဖြည်းဖြည်းချင်း လေ့ကျင့်ပေးခြင်းပင်။

သူမ သူတော်စင်တစ်ပိုင်း ဖြစ်လာသောအခါ အန္တရာယ် အားလုံးကို သဘာဝအတိုင်း ဖယ်ရှားပြီးသား ဖြစ်သွားလိမ့်မည်။

ထိုအခါ ကျီးကန်းက အော်ဟစ်လာ၏။

"ငါ ကမ္ဘာပေါ်မှာ အလှပဆုံး အကောင်းဆုံး ဝိုင်ကို လိုချင်တယ်"

ကျီးကန်းက အရက်သမား ဖြစ်​တာကို သိသဖြင့် လုရွှမ် လျင်မြန်စွာ သဘောတူခဲ့သည်။ ကလေးမလေး နိုးလာသောအခါ လုရွှမ် အတိုချုံးရှင်းပြပြီး ကျောက်စိမ်းပြားထဲသို့ ပို့လိုက်သည်။

လုရွှမ်သူ၏ အသွင်အပြင်ကို ပြောင်းလဲကာ လာရာလမ်းအတိုင်း တိတ်တဆိတ် ပြန်လှည့်သွားခဲ့သည်။ အဝေးကနေ ဦးစွာ အကဲခတ်ကြည့်လိုက်တော့ မျက်နှာဖြူ အမျိုးသားတစ်ဦးသည် သူ့နောက်တွင် အစောင့် တစ်ဒါဇင်ကျော် ဝန်းရံထားတာ တွေ့လိုက်ရ၏။

အစောင့်များ အားလုံးမှာ ထူးကဲသော ခွန်အားများရှိပြီး သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ များ ဖြစ်ကြသည်။ မျက်နှာဖြူ လူငယ်ရဲ့ ဒေါသအရှိန်အဝါကို ခံစားမိတာကြောင့် အနားကို ဘယ်သူမှ မချဉ်းကပ်ရဲကြချေ။

လုရွှမ် ထျန်းချုံးအမှတ် ဖွင့်လိုက်သည်နှင့် သူတို့ကြားက စကားတွေကို ရှင်းရှင်းလင်းလင်း ကြားရလေ၏။ မျက်နှာဖြူ လူငယ်နှင့် သူ့အဖွဲ့၏ စကားကို နားထောင်ရင်း အဝေးက စားသောက်ဆိုင် တစ်ခုတွင် ထိုင်နေလိုက်သည်။

"နတ်သူငယ်လေးက ဘယ်လိုလုပ် ပျောက်သွားတာလဲ?"

မျက်နှာဖြူလူက သူ့ဒေါသကို ပြင်းထန်စွာ လွှင့်ထုတ်ပစ်လိုက်သည်။ နတ်သူငယ်လေး အခင်းအကျင်းရှိတဲ့ တံခါးဆီကို ရောက်လာဖို့ ဆွဲဆောင်ရန်အတွက် အဖိုးတန်ဆေးဖက်ဝင်အပင်ပေါင်း များစွာကိုလည်း တမင်တကာ ထုတ်ယူခဲ့သည်။

အခုတော့ ကောင်းရော။ အရာအားလုံး ပေးဆပ်ပြီးပြီ ဆိုပေမယ့် ရလဒ်ကတော့ နတ်သူငယ်လေး ပျောက်သွားရ၏။

"သခင်လေး... ပျောက်ကွယ်သွားသူတွေ အနည်းငယ် ရှိပါသေးတယ်... အဲဒီထဲက တစ်ယောက်က သခင်ငယ်လေးကို သတ်ခဲ့တဲ့ လူသတ်သမားပဲ... သူ့နာမည်က လုချင်း.... သူ့ရဲ့ ခွန်အားက သိပ်မမြင့်ပါဘူး သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ပဲ ရှိတယ်"

"အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇လေးက ငါ့ညီလေးကို သတ်လိုက်တယ်ပေါ့ ဟုတ်လား? ဟမ့်.... လုချင်း.... မြေလှန်ရှာရရင်တောင် ငါ့အတွက် သူ့ကို ရှာလာပေးစမ်း!!"

"ဟုတ် ဟုတ်ကဲ့!"

လက်အောက် ငယ်သားများ အားလုံး တုံ့ပြန်ပြီး အလျင်အမြန် ထွက်သွားကြသည်။

မျက်နှာဖြူလူက သူ့လက်အောက် ငယ်သားတွေကို ဆူပူကြိမ်းမောင်းပြီးနောက် တစ်ယောက်တည်း ကောင်းကင်ဆီသို့ ပျံသန်းသွားကာ လုရွှမ်လည်း ဂရုတစိုက်နဲ့ လိုက်လာခဲ့သည်။

ဟာသပဲ။ လူတွေ အများကြီး သေပြီးပြီဆိုတော့ ပစ္စည်း ကောင်းတာတွေ ဘယ်လောက်တော့ ရှိပါ့ဦးမလဲ။ အကောင်းဆုံးကတော့ ဒီမှာ ယောက်ျားပျိုရဲ့ ခန္ဓာကိုယ်ပေါ်မှာပဲ ဖြစ်ရမယ်။ ဆိုတော့ လက်တစ်ဆုပ်စာ မရလိုက်ရင် သူ့အတွက် တရားမျှတမှာ မဟုတ်တော့ဘူးလေ။

ဒါ့အပြင် တွက်ချက်ပြီးနောက်မှ ထွက်ခွာသွားတယ်ဆိုတော့ ဒီလောက် မရိုးရှင်းနိုင်တော့ဘူး။

အတန်ကြာပြီးနောက် လုရွှမ်သည် ထိုလူရဲ့ ဦးတည်ချက်သည် ယွမ်စံအိမ်သို့ ပြတ်ပြတ်သားသား သွားနေတာကို တွေ့လိုက်ရသဖြင့် ဤလူသည် ယန်ရှီးနှင့် တစ်ခုခု ပတ်သက်နေနိုင်ကြောင်း ခန့်မှန်းမိလိုက်သည်။

ယွမ်စံအိမ်သည် မူလက မြို့ထောင်ချီမဟာမိတ် ၏ ဥပဒေစိုးမိုးရေး နေရာဖြစ်ပြီး စံအိမ်သခင် ယန်လိထန်းသည် သီအိုရီအရ အမြင့်ဆုံး စီရင်ချက်သာ ဖြစ်သည်။

အခွင့်အလမ်းရဲ့ ကောလဟာလတွေ ပေါ်လာတော့ ယန်လိထန်းဟာလည်း အသတ်ခံခဲ့ရသည်။ ဒီနှစ်ခုက ဆက်စပ်မှု ရှိမ​နေဘူးဆိုရင် အရူးကးတောင် ယုံမှာ မဟုတ်ပေ။

ပြတ်ပြတ်သားသားကို ပတ်သက် ဆက်နွယ်နေရမည်။

အခုတော့ မြို့ထောင်ချီမဟာမိတ်က ကမောက်ကမ ဖြစ်နေပြီး အပြင်လူတွေ ကန့်သတ်ချက် မရှိဘဲ ဝင်လာနေပြီ။ မြို့ထဲက ကိစ္စတွေဟာ မြို့ထောင်ချီမဟာမိတ်ရဲ့ သမိုင်းမှာ အရှုပ်အထွေးဆုံး အချိန်လို့ ပြောလို့ရလေသည်။

လုရွှမ် ယွမ်စံအိမ်သို့ တိတ်တဆိတ် ရောက်ရှိလာပြီး ရုတ်တရတ် မဝင်ဝံ့တော့ပေ။ ယွမ်စံအိမ်တွင် အရင်တစ်ခေါက်က သူခံစားမိခဲ့တဲ့ သူတော်စင်တစ်ပိုင်းရဲ့ အငွေ့အသက်က အထဲမှာ ရှိနေကြောင်း သူ့ကို သိစေသည်။

ယခု သူ၏ ခွန်အားသည် သူတော်စင်တစ်ပိုင်းနှင်် ယှဉ်နိုင်နေပြီ ဖြစ်သော်ငြား ၎င်းတို့အား ဆန့်ကျင်ရန် မဖြစ်သေးချေ။

ရုတ်​တရက်​ ​ကောင်းကင်​သို့ ပျံတက်​လာသည့် ရုပ်သွင်ကြောင့် လုရွှမ် မျက်မှောင်ကြုတ်သွားသည်​။ ထိုလှပ​သော ရုပ်​သွင်​မှာ ယန်ရှီးဖြစ်ကာ ​ရှေ့​ကို ရောက်​လာ​သော မျက်​နှာဖြူ​ လူငယ်ကို မျက်နှာချင်း ဆိုင်လိုက်သည်​။

လုရွှမ် မချဉ်းကပ်ဝံ့ဘဲ နှစ်ယောက်သားကြားက စကားတွေကို မကြားရသော်လည်း နှစ်ယောက်သား ငြင်းခုံနေကြတာကို သူပြောနိုင်သည်။ သူတို့က အလွန်ရင်းနှီးပုံရပြီး စကားလက်ဆုံကျကာ စိတ်မချမ်းသာစွာ ပြောဆိုနေကြသည်။

မျက်နှာဖြူလူသည် ယွမ်စံအိမ်ရှိ နေရာတစ်ခုသို့ ရိုသေစွာ ဦးညွှတ်ကာ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။ လုရွှမ်လည်း ယွမ်စံအိမ်ထဲတွင် သခင်တစ်ဦး အမှန်တကယ် ရှိနေသောကြောင့် တုန်လှုပ်သွားခဲ့သည်။

လုရွှမ် ဤမျက်နှာဖြူ လူသား၏ ဒီကိုလာရခြင်း အကြောင်းအရင်းကို သူချက်ချင်း နားလည်လိုက်သည်။

ယန်ရှီးသည် ကောင်းကင်ကံကြမ္မာ ဓမ္မခန္ဓာရှိပြီး ညီမငယ်က မြေပြင်ကံကြမ္မာ ဓမ္မခန္ဓာကိုယ် ရှိသူဖြစ်သည်။ သူတို့နှစ်ဦးသည် ကောင်းကင်နှင့်မြေကြီးကြားရှိ တရားဓမ္မအပေါ် အကဲဆတ်ဆုံး ဖြစ်သည်။

မျက်နှာဖြူလူသည် ဤနေရာသို့ ရောက်လာပြီး ယန်ရှီးကို မေးရန်လာခဲ့သည့် အကြောင်းမှာ ကလေးမလေးကို ရှာတွေ့ဖို့ အကူအညီ လာတောင်းခြင်းသာ။

လုရွှမ် တိတ်တဆိတ် ကျိန်ဆဲလိုက်ပြီး မျက်နှာဖြူလူကို သတ်ပစ်ဖို့ ဆုံးဖြတ်ချက် ချလိုက်သည်။ ယန်ရှီးကို လေးလေးနက်နက် စေ့စေ့ကြည့်ကာ ထိုလူနောက်သို့ လိုက်လာခဲ့ပြန်သည်။

လုရွှမ်ရဲ့ အရှိန်က မြန်လှသည်။ သူ့နောက်ကျောက အတောင်ပံတွေ ဖြန့်ပြီး ရွှေအရှိန်ရဲ့ အမြန်နှုန်းနဲ့ ပြေးလိုက်လျှင် သူ့အရှိန်က သူတော်စင်တစ်ပိုင်းနဲ့ ယှဥ်နိုင်နေပြီဖြစ်လို့ မျက်နှာဖြူလူကို အချိန်တိုအတွင်း ဖမ်းမိလိုက်သည်။

လုရွှမ်ကို တွေ့လိုက်သည်နှင့် ထိုလူသည် အပေါ်နှင့် အောက်ငုံ့ကြည့်ကာ သူ့မျက်လုံးထဲတွင် လောဘကြီးမှု အရိပ်အမြွက်များ ပေါ်ထွက်လာ၏။

"မင်းက လုရွှမ် ဟုတ်​တယ်​မလား? မင်းငါ့ကို ရှာတာ ကိစ္စရှိလား?"

လုရွှမ်သည် ယခုအခါ မြို့ထောင်ချီမဟာမိတ်တွင် နာမည်ကြီးနေပြီး သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇တွင် သူ၏ ကျ​င့်​ကြံမှုသည် အဓိကနယ်ပယ် အားလုံး၏ သခင်သာ ဖြစ်သည်။

ကျောဘက်ရှိ ဖီးနစ်တောင်ပံများသည် သူ၏ အမှတ်အသားဖြစ်ပြီး အလွန် မှတ်မိလွယ်​လေသည်။

မျက်နှာဖြူ လူငယ်ကလည်း လုရွှမ်ရဲ့ အတိတ်က အောင်မြင်မှုတွေ အကြောင်းကို ကြားပြီးသားပင်။ ဧကရာဇ်အင်ပါယာထဲက တခြားလူတွေလိုပဲ သူလည်း လှောင်ပြောင်ခဲ့ဖူး၏။

သူသည် မိသားစုကြီးထဲတွင် မွေးဖွားလာခဲ့ခြင်း ​ဖြစ်သလို တိုက်ခိုက်ရေး ကျွမ်းကျင်မှု၊ ရတနာများနှင့် အခြားကဏ္ဍများတွင် ချို့တဲ့စွာ မွေးဖွားလာခဲ့သူ မဟုတ်ပေ။

သူ့မှာ အတွေ့အကြုံ စွန့်စားခန်း တချို့ရှိ ရုံသာမက ရန်သူကို အဆင့်ဆင့် ဖြတ်ကျော်ကာ ဖျက်ဆီးနိုင်သည့် စွမ်းအားလည်း ရှိသည်။ ဒါကြောင့် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇က သူတော်စင်တစ်ပိုင်းက လူတစ်ယောက်ကို ယှဉ်နိုင်မယ် ဆိုတာ ရိုးရှင်းတဲ့ ဟာသလေး တစ်ခုသာ ဖြစ်ချေသည်။

"သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇....လုချင်း?? လုရွှမ်?"

မျက်နှာဖြူ လူငယ်က လုရွှမ် သူ့လမ်းကို ပိတ်ဆို့နေတာကို မြင်တော့ သူ့အရင်က သံသယတွေ ရုတ်တရက် ရှင်းထွက်သွားသည်။

"မင်းက ငါ့ညီကို သတ်လိုက်တာလား?"

လုရွှမ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး

"လူမိုက်ပဲ.... ငါ သူ့ကို သတ်ရုံတင် မကဘူး... အခု မင်းကိုလည်း သတ်တော့မှာ"

"အဲ့ကောင်မလေးက မင်းလက်ထဲမှာလား?"

ထိတ်လန့်ခြင်း လုံးဝမရှိသော မျက်နှာဖြူ လူငယ်သည် ရွှင်လန်းမှု အပြည့်ရှိနေ၏။ သံဖိနပ်ကို ဖောက်ထွင်းပြီး ရှာတာတောင် ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ချေ။

ထိုမိန်းကလေးကို ရှာတွေ့ဖို့ ယန်ရှီးကို တောင်းပန်ခဲ့သော်လည်း လူသတ်သမားက သူ့အိမ်တံခါးဝအထိ သူ့ဘာသာသူ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

All Chapters