ထူးဆန်းသော အဘွားကြီး
Vol. 37 Ch. 4.73
"ဟားဟား... သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ပဲ ရှိသေးတာကို... မင်း ငါနဲ့ ပြိုင်ချင်ရင်တော့ မင်းအရည်အချင်းက အဝေးကြီးမှာ ရှိနေပါသေးတယ်"
မျက်နှာဖြူ လူငယ်က ဂုဏ်ယူစွာဖြင့် ဆိုလိုက်သည်။ သူသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်ရှိ သူတော်စင် အလားအလာ စာရင်းတွင် ထိပ်တန်း ၁၀၀ထဲက တစ်ယောက် ဖြစ်သည်။
ယနေ့တွင် သူသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ကို ပြီးမြောက်ခဲ့ပြီး သူတော်စင် နိယာမလမ်းစဥ်ကို နားလည် သဘောပေါက်သည့် လမ်းကို လျှောက်လှမ်းခဲ့ပြီ ဖြစ်၏။
သူတော်စင် တစ်ပိုင်း ဖြစ်လာရန် ဝေးကွာနေသေးသော်လည်း သူတော်စင်လမ်းစဥ်နှင့် နိယာမအပေါ် နားလည် သဘောပေါက်မှုသည် တတိယအဆင့်တွင် ရှိနေသည်။ ပြိုင်ဘက် သူ့အတွက် ကိုက်ညီမှုမရှိပေ။
လုရွှမ်ဆိုတာ ဘယ်နေရာက ကြည့်ကြည့် သူ့ရဲ့ကြံ့ခိုင်မှုက အားနည်းလွန်းလှသည်။
"ငါမင်းကို အခွင့်အရေး မပေးဘူးလို့ မပြောနဲ့နော်... မင်းအရင် လှုပ်ရှားလိုက်...ငါမင်းကို သိုင်းကွက် သုံးချက်လောက် အလျှော့ပေးလိုက်မယ်... ပြီးရင်တော့ ပါရမီရှင်ဆိုတာ ဘာလဲဆိုတာ မင်းသိအောင် ပြောပြပေးမယ်... မင်းတို့ တော်ဝင်အင်ပါယာ မှာရှိတဲ့ ရေတွင်းထဲက ဖားကြားက ကွာဟချက်ကို ငါပြောပြမယ်..."
လုရွှမ် အေးစက်စွာ လှောင်ပြောင်လိုက်သည်။ ဒီလူရဲ့ စွမ်းအားက သခင်လေးဟန်ရွှီးနဲ့ သိပ်ကွာတာ မဟုတ်ပါဘူး။ ယန်ရှီးနဲ့ ယှဉ်ရင်တောင် သူက သူမကို လွှမ်းမိုးနိုင်မှာ မဟုတ်ဘူး။ ဒီအစွမ်းအစကို သူ့ကို ခြိမ်းခြောက်နေတာလား။
ဘယ်လောက်တောင် ဘဝင်မြင့်နေလိုက်လဲ။ တကယ့်ပဲ လေကို ပြင်းပြင်းထန်ထန် ရှူရှိုက်နေတဲ့ ခြကောင်တစ်ကောင်ပါလား။
လုရွှမ် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ကောင်းကင်တစ်ခွင်နဲ့ မြေကြီးအထိ ဖုံးလွှမ်းသွားအောင် ဖြန့်ကျက်လိုက်သည်။ မျက်နှာဖြူ လူငယ်သည် မကူညီနိုင်ဘဲ လန့်ဖျပ်သွားတော့သည်။
သူသည် စိတ်ဝိညာဉ်စွမ်းအားကို ပြုစုပျိုးထောင်ပေးသော ဝိညာဉ်သခင် မဟုတ်သော်လည်း ဤစိတ်ဝိညာဉ် စွမ်းအား၏ ခွန်အားကိုတော့ ခံစားရနိုင်သည်။
မျက်နှာဖြူ လူငယ်လေး ထိတ်လန့်သွား၏။
ဒီလို စိတ်ဝိညာဉ်စွမ်းအားမျိုးက သူမြင်ဖူးတဲ့ အလားအလာရှိတဲ့ ဝိညာဉ်သခင် တချို့နဲ့ အတူတူနီးပါးပဲ။ သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇မှာသာ ရှိသေးတဲ့ လူတစ်ယောက်က ဒီလောက် စွမ်းအားကြီးတဲ့ စိတ်ဝိညာဉ်စွမ်းအားကို ဘယ်လိုလုပ် ပိုင်ဆိုင်ထားနိုင်တာလဲ။
ချက်ချင်းပင် နားမလည်နိုင်သော သေခြင်းရဲ့ အကြောက်တရား တစ်ခုက သူ့နှလုံးသားထဲတွင် လွှမ်းမိုးလာခဲ့သာ်။ တွေးတောမနေဘဲ မျက်နှာဖြူ လူငယ်က သူ့ရဲ့ အဖိုးတန်ဓားကြီးကို သူ့ခါးမှ ဆွဲထုတ်လိုက်သည်။
၎င်းသည် သူ့အဖေ သူကျောင်းတော်ထဲ ဝင်စဥ်က သူတော်စင်နယ်ပယ်က လက်နက်သန့်စင်သူကို သန့်စင်ခိုင်းခဲ့သော ကျားဖြူဓားပဲ ဖြစ်သည်။
၎င်းသည် သူတော်စင်တစ်ပိုင်း နယ်ပယ်က လက်နက် မဟုတ်သော်လည်း စိတ်ဝိညာဉ်စွမ်းအားကို ချိုးဖျက်ရန် အထူးသန့်စင်ထားခြင်း ဖြစ်ပေသည်။
ဤအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်ရှိ စွမ်းအင် အားလုံးသည် ကျားဖြူဓားထဲသို့ စိမ့်ဝင်သွားပြီး လုရွှမ်ဆီသို့ ပြင်းပြင်းထန်ထန် ဖြတ်ဝင်သွားသည်။
တကယ်လို့ လုရွှမ်ကသာ အရင် တိုက်ခိုက်လာခဲ့ရင် သူပြန်တိုက်ဖို့ အခွင့်အရေးတောင် မရှိတော့မှာကို ကြောက်ရွံ့နေမိသည်။
ဒီလုရွှမ်က တကယ်ပဲ ဘယ်လိုလူလဲ? သူ့မှာ ဘယ်လိုလုပ် ဒီလို ခွန်အားတွေ ရှိနေရတာလဲ?
လုရွှမ် ရယ်လိုက်မိသည်။ ထိုလူငယ်ရဲ့ တုံ့ပြန်မှုက မဆိုးပေမယ့် နောက်ကျသွားပြီ။
စိတ်ဝိညာဉ် စွမ်းအားတွေ အားလုံး လွင့်ထွက်လာပြီး မျက်နှာဖြူ လူငယ်ဟာ ကောင်းကင်ကြီး ခဏတာ မှောင်သွားသလို ခံစားလိုက်ရသည်။ ဤလုရွှမ်သည် ကမ္ဘာကြီး၏ ယေဘုယျလမ်းကြောင်းကို သွေးထိုးလှုံ့ဆော်နေပြီး ကမ္ဘာကြီးကို ဇောက်ထိုး လှည့်ချင်နေသော လူဖြစ်ကြောင်း သူသိလိုက်သည်။
အေးစက်စက် ချွေးစက်ကြီးများ သူ့ဆီမှ စီးကျလာပြီး ကျားဖြူဓားက တားဆီးနိုင်မလား တွေးနေမိစဥ် ပထမဆုံးအကြိမ် ကျားဖြူဓားဆီက ယုံကြည်မှု ပျောက်ဆုံးသွားတာကို ခံစားလိုက်ရသည်။
ဤအခိုက်အတန့်တွင် သူသည် လုရွှမ်၏ ဒဏ္ဍာရီပုံပြင်များကို တွေးတော၍ ၎င်းတို့မှာ အတုအယောင်များ မဟုတ်ကြောင်းနှင့် သူ့တွင် အမှန်တကယ် အစွမ်းထက်သော အစွမ်းသတ္တိရှိကြောင်း နားလည်သွားခဲ့သည်။
သို့သော် ယခုတော့ သူသိလိုက်ပေမယ့် နောက်ကျသွားခဲ့ပြီ။
လုရွှမ် လက်ဝါးတစ်ချက်ဖြင့် ပြေးရိုက်လိုက်သည်။ ဤလက်ဝါးချက်သည် ယွမ်ချီ၊ ကိုယ်ခန္ဓာ ခွန်အား၊ စိတ်ဝိညာဉ်စွမ်းအားကို စုစည်းထားပြီး စွမ်းအားသည် သူတော်စင် တစ်ပိုင်းနှင့် ယှဉ်နေပြီ ဖြစ်သည်။
ဒီလက်ဝါး အင်အားကို အင်အားကြီးလေးခု ပူးပေါင်းထားတဲ့ အခင်းအကျင်းတောင် မခံနိုင်တာ ဉာဏ်အလင်းလမ်းပေါ် လျှောက်လှမ်းခဲ့သော ကျောင်းသားလေးက ဘယ်လိုလုပ်ပြီး ခံနိုင်ရည် ရှိမှာတဲ့လဲ။
ဝုန်း!
မျက်နှာဖြူ လူငယ်သည် ကျားဖြူဓားသွားကို အစွမ်းကုန် ဝေ့ယမ်း၍ လုရွှမ်ရဲ့ လက်ဝါးကို ခုခံထားလိုက်သည်။ လုရွှမ်ရဲ့ လက်ဝါးစွမ်းအင် ထွက်လာသောအခါတွင် သူ လုံးဝ မလှုပ်ရှားနိုင်တော့တာကို တွေ့လိုက်ရပြီး ကမ္ဘာကြီး၏ ယေဘုယျ လမ်းကြောင်းက သူ့ကို ချုပ်နှောင်ထားလိုက်လေပြီ။
အကယ်၍ ကျားဖြူဓားက စိတ်စွမ်းအားကို ဖြတ်တောက်ဖို့ အတွက်သာ မသန့်စင်ထားပါက သူသည် ဤဓားရှည်ကိုပင် ကိုင်ဆောင်နိုင်လိမ့်မည် မဟုတ်တော့ပေ။
ကောင်းကင် တစ်ခုလုံးသည် လုရွှမ်၏ လက်ဝါးစွမ်းအင်ဖြင့် ပြည့်နေပြီး ရှောင်စရာ နေရာမရှိ၊ ဖုံးကွယ်စရာ နေရာ မရှိပေ။ ပေါက်ကွဲသံနှင့်အတူ မျက်နှာဖြူ လူငယ်ခမျာ လွင့်ထွက်သွားလေသည်။
လုရွှမ် အသက်ပြင်းပြင်း ရှူပြီး ကျားဖြူဓားသွားကို သိမ်းလိုက်သည်။ ကျားဖြူဓားကို သူ့လက်ထဲ ဆုပ်ကိုင်လိုက်သည်နှင့် တပြိုင်နက် လုရွှမ်သည် ဓား၏ အစွမ်းသတ္တိနှင့် ရောနှောနေသော ပြင်းထန်သော ဝိညာဉ်ဆိုးကို ခံစားလိုက်ရ၏။
ဓားတစ်ချက်ကို ဝေ့ယမ်းလိုက်သည်နှင့် ဓားပိုင်ရှင်၏ ခွန်အားကို အနည်းဆုံး ၃၀% အားကောင်းစေမှာပဲ ဖြစ်သည်။
နှလုံးခုန်သံနှင့်အတူ လုရွှမ်သည် ကောင်းကင်နှင့်မြေကြီး ကြားတွင် ပြန့်ကျဲနေသော ပစ္စည်းအချို့ကို လျင်မြန်စွာ ဖယ်ထုတ်၍ တစ်နေရာကို ကြည့်လိုက်သည်။
ထိုနေရာ၌ သူတော်စင်လမ်းစဥ်၏ နားမလည်နိုင်စွာ သက်ရောက်မှု တစ်ခုရှိနေပြီး စိတ်ဝိညာဉ်စွမ်းအားက ထူးထူးခြားခြား သတိပေးနေလို့ တစ်စုံတစ်ယောက် ပုန်းအောင်းနေမှန်း သိသာလှသည်။
"ထွက်လာခဲ့ပါ"
လုရွှမ် ကျားဖြူဓားရိုးကို သူ့လက်ထဲမှာ တင်းတင်းကျပ်ကျပ် ကိုင်ထားပြီး ထိုနေရာကို စိုက်ကြည့်နေလိုက်သည်။
"မိတ်ဆွေလေးရဲ့ အစွမ်းက ထူးထူးခြားခြား ပါပဲ... မင်းရဲ့ အရည်အချင်းက ပိုလို့တောင် ချီးကျူးစရာ ကောင်းတယ်"
အမျိုးသမီး တစ်ယောက်ရဲ့ အသံတစ်သံ ထွက်ပေါ်လာပြီးနောက် အဘွားအို တစ်ယောက် လေထဲအလယ်မှ ထွက်လာခဲ့သည်။
ယန်ရှီးသာ ဒီအဘွားကြီးကို မြင်လျှင် သူမဟာ ကျောင်းတော်က သူမရဲ့ ဆရာဖြစ်တာကို သေချာပေါက် သိလိမ့်မည်။
"ကျားဖြူဓားကို ပိုင်မိသားစုက ပိုင်တာ... ကောင်လေး ငါ့ဆီ ပြန်ပေးပါ... မင်းယူသွားလို့ မရဘူး"
အဘွားအိုက အော်ပြောပြီး သူမ၏ လက်ကို ရွှေ့လိုက်ရာ လုရွှမ် သူ့လက်ဖဝါးတွင် ထိတ်လန့်မှုတစ်ခုကို ခံစားလိုက်ရသည်။ တစ်ခဏအတွင်း ကျားဖြူဓားသည် အဘွားကြီး၏ လက်ဆီသို့ ပျံသန်းသွားခဲ့ပြီ။
လုရွှမ် အနည်းငယ် အသက်ရှုကြပ်သွားသည်။ ဤအဘွားကြီး၏ ခွန်အားသည် သူထင်ထားတာ ထက်ပင် ပိုမြင့်မားနေ၏။
"ကျီးကန်း?"
လုရွှမ် ကျောက်စိမ်းပြားထဲက ရွှေကျီးကန်းကို အမြန် အော်ခေါ်လိုက်သည်။
သူတော်စင်တစ်ပိုင်းက သူတော်စင် မဟုတ်သော်လည်း ကောင်းကင်၊မြေကြီးနှင့် သူတော်စင်လမ်းစဥ် စည်းချက်အတွက် အလွန်နက်ရှိုင်းသော နယ်ပယ် တချို့ကို ရောက်ရှိနေသည်။
အကယ်၍ သူသာ လေထုထဲမှ ပျောက်ကွယ်သွားပါက အဘွားကြီးသည် ထူးထူးခြားခြားကို ရိပ်မိသွားမည် ဖြစ်သည်။ ကျောက်စိမ်းပြား အကြောင်း ဖော်ထုတ်မိပညက အနာဂတ်တွင် အဆုံးမဲ့ဒုက္ခများသာ ရလာလိမ့်မည်။
"ကိုကို.... ညီမ လာကူမယ်"
ပြတ်သားတဲ့ အသံလေး ထွက်လာပေမယ့် အသံရှင်က ကလေးမလေး ဖြစ်နေ၏။
ဤအခိုက်အတန့်တွင် လုရွှမ်သည် သူမအား အသေ လိုက်ဖမ်းနေသော လူကြမ်းကို ရိုက်နှက်နေတာကို တွေ့ရသောအခါ လုရွှမ်အပေါ် သံသယများ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ အခုလုရွှမ် အန္တရာယ်ရှိနေတာကို မြင်လိုက်ရသဖြင့် အမြန်ကူညီရန် ကမ်းလှမ်းလိုက်သည်။
လုရွှမ် ထိုကလေး၏ အသံကို ကြားလိုက်သောအခါ သူ့နှလုံးသားထဲ နွေးထွေးသွားသော်လည်း ငြင်းဆန်လိုက်သည်။
ဟာသပဲ၊ ဒီကလေးကို ကယ်တင်ဖို့ အများကြီး အားထုတ်ခဲ့ရတာလေ။ သူတော်စင်တစ်ပိုင်းဆီမှာ ဖမ်းမိသွားရင် တကယ် ကယ်တင်လို့ မရတော့ဘူး။
"ဟဲဟဲ စိတ်မပူပါနဲ့ ငါ့မှာမင်းကို နာကျင်အောင်လုပ်ဖို့ ရည်ရွယ်ချက် မရှိဘူး"
အဘွားအိုက ဆိုရင်း ကျားဖြူဓားကို ဖယ်လိုက်သည်။
"တကယ်တော့ ဒီကျားဖြူဓားကို ဖန်တီးတုန်းက ငါလည်း ပါဝင်ခဲ့တယ်.... သူ့မှာ အရမ်းဆိုးတဲ့ ဝိညာဉ်အသိစိတ် ရှိနေတာ...မင်းကသူ့ရဲ့ အရင်ပိုင်ရှင်ကို သတ်လိုက်တော့ ဓားရဲ့ဝိညာဉ်က မင်းရဲ့ အသွင်အပြင်ကို အလိုအလျောက် ပုံဖော်သွားမှာမို့လို့ ဒီဓားကို မင်းကိုင်ထားလို့ မရဘူး"
လုရွှမ် မျက်မှောင် ကြုတ်သွားမိသည်။ ဒီဓားကို ဒီလို အကျိုးသက်ရောက်မှု ရှိလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး။ လွန်ခဲ့တဲ့ နှစ်သုံးရာအတွင်း အပြောင်းအလဲတွေက တကယ့်ကို သေးသေးမွှားမွှားတော့ မဟုတ်ခဲ့ဘူးပဲ။
အဘွားကြီးသည် ၎င်းကို ပေါ့ပေါ့ဆဆ သုတ်လိုက်ရာ ကျားဖြူဓား၏ ဝိညာဉ်ဆိုးသည် အကြိမ် အနည်းငယ် ခါယမ်းပြီးနောက် ချက်ချင်း လျော့ကျသွားသည်။
"သူလည်း သူ့အပြစ်နဲ့သူ ထိုက်တန်ပါတယ်... နိယာမနတ်သူငယ်ကို လိုက်ရှာနေတာမလား?"
အဘွားအိုက ပြောပြီးတာနဲ့ လုရွှမ်ရဲ့ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး
"ခင်ဗျား သိတယ်!"
"ဒါပေါ့! မင်းအတွက် ဓားဝိဥာဉ်ထဲက မှတ်ဥာဏ်တွေကို ငါဖျက်ပြီးသွားပြီ... သူတို့ရဲ့သားကို မင်းသတ်လိုက်တဲ့ ကိစ္စ ပိုင်မိသားစု သိမှာ မဟုတ်ဘူး... မိတ်ဆွေလေး အနာဂတ်မှာ မင်းရဲ့ ခွန်အားကို အနာဂတ်မှာ မြှင့်တင်ချင်တယ် ဆိုရင် မင်း ဧကရာဇ်အင်ပါယာကိုလည်း လာနိုင်ပါတယ်.... စကားမစပ်... ဒီအခွင့်အလမ်စ ပြိုင်ပွဲမှာ သူတို့ကို ကူညီပေးဖို့ ငါ့သူငယ်ချင်းလေးကို တောင်းဆိုလို့ ရမလား?"
လုရွှမ် ခေါင်းညိတ်ပြလိုက်တော့ အဘွားအိုကလည်း ပြုံးပြီး ပေါ့ပေါ့ပါးပါး လှည့်ထွက်သွားလေသည်။
"ဒီအဘွားကြီးက နည်းနည်းတော့ ခံနိုင်ရည်ရှိတယ်... အနာဂတ်မှာ သူ ဒီ့ထက်ပိုပြီး တက်နိုင်မယ်လို့ ထင်ရပေမယ့် ဒီကလေးမလေးက ပိုဆိုးတယ်.... တပည့်အဖြစ် လက်ခံဖို့ သူ့အမြင်က နည်းနည်းတော့ ဆိုးနေတယ်"
ကျီးကန်းက ရင်ကော့ပြီး မှတ်ချက်ပေးလေသည်။
လုရွှမ် သက်ပြင်းတစ်ချက် ချကာ မြေကြီးပေါ်သို့ ပြန်ဆင်း၍ သူ၏အသွင်အပြင်ကို တစ်ဖန်ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။
ဝေးကွာလှသော ထျန်းလုံဧကရာဇ်အင်ပါယာ ပိုင်မိသားစု၏ ဘိုးဘွား ခန်းမဆောင်တွင် စိတ်ဝိညာဉ် အမှတ်အသားတစ်ခု ရုတ်တရက် ကွဲအက်သွားခဲ့သည်။
ဆံပင်ဖြူ မုတ်ဆိတ်ဖြူနှင့် အဘိုးကြီးသည် တိတ်ဆိတ်နေရာမှ ရုတ်တရက် လန့်နိုးလာကာ သူ့လက်ဖဝါးကို လှုပ်ခါလိုက်သည်နှင့် အဘိုးအို၏ လက်ဖဝါးဆီသို့ ဝိညာဉ်တစ်ခု၏ အရိပ်အယောင် ရောက်လာခဲ့သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ပိုင်ဖုန်း သေပြီ?? ဘယ်သူ လုပ်တာလဲ ကျားဖြူဓား တံဆိပ်က ဘာလို့ သတင်း ပြန်မပို့တာလဲ?"