← Chapters

တောက်ပနေသောတိမ်တိုက်

Vol. 37 Ch. 4.74

တောက်ပနေသောတိမ်တိုက်

Vol. 37 Ch. 4.74

လုရွှမ် မသိလိုက်တာက အဘွားကြီးရဲ့ ကြင်နာမှုက သူ့ကို သေခြင်းဘေးမှ ကယ်တင်ခဲ့တယ် ဆိုတာပင်။

သူ့တိုက်ခိုက်မှုကို သတိထားမိပြီး ဘယ်သူမှ သူ့အနောက်က လိုက်မလာတာကို တွေ့တော့မှ လုရွှမ် သူ၏ မူလအသွင်အပြင်သို့ ပြန်လည်ပြောင်းလဲ၍ အရိပ်လူသတ်ခန်းမသို့ ပြန်လာခဲ့သည်။

ယွမ်အိမ်ကြီး၏ စံအိမ်သခင် သေဆုံးမှုသည် နဂါးများအားလုံး ခေါင်းဆောင် မရှိတော့သည့် အချိန်ကဲ့သို့ ဖြစ်လျက် ယခုအခါ မြို့ထောင်ချီမဟာမိတ်နှင့် ၎င်း၏အဖွဲ့အစည်း အားလုံးသည် အသုံးမဝင်တော့တဲ့ အမှိုက်လို ဖြစ်လာခဲ့၏။

မော့ကောင်းရွှမ်း၏ အုပ်ချုပ်မှု အောက်တွင် အရိပ်လူသတ်ခန်းမ၏ လက်အောက် ငယ်သားများသည် နိမ့်ကျသော ပုံစံဖြင့် ပြုမူလာခဲ့ကြပြီး ခန်းမအတွင်း တိတ်ဆိတ်လာခဲ့သည်။

ကြေးစားတာဝန် အားလုံးကို လုံးလုံးလျားလျား ပယ်ချခဲ့သည်။ ယခုအခါ ဤနေရာတွင် ပုန်းကွယ်နေသော နဂါးများနှင့် ဝပ်နေသည့် ကျားများ ပေါများနေပါပြီ။

သစ်သားတုံးတွေလို မထင်ရှားသော အဖိုးအိုများသည် သူ​တော်စင်တစ်ပိုင်းလည်း ဖြစ်နေနိုင်သလို နူးညံ့သိမ်မွေ့သော မိန်းကလေးသည် ဧကရာဇ် အင်ပါယာတစ်ခုမှ မင်းသမီးတစ်ဦးလည်း ဖြစ်​နေနိုင်သည်။

တစ်စုံတစ်ဦးကို မတော်တဆ စော်ကားမိပါက ခဏအတွင်း ကပ်ဆိုးကြီး ဖြစ်လာလိမ့်မည်။

မော့ကောင်းရွှမ်းကို ရှင်းပြပြီးနောက် လုရွှမ် တိတ်ဆိတ် သန့်ရှင်းသော အခန်းကို ရှာပြီး အခင်းအကျင်း တစ်ခု ဖွဲ့စည်း၍ ဖုံးအုပ်ထားလိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းတဲ့အခါ အခန်းထဲတွင် ပိုင်မိသားစု ကောင်လေးဆီက လုယူလာခဲ့တဲ့ ပစ္စည်းအပုံလိုက် ဖုံးလွှမ်းသွားခဲ့သည်။

ထျန်းလုံ ဧကရာဇ်အင်ပါယာ။

လုရွှမ်သည် ၎င်း၏နာမည်ကို ကြားဖူးသော်လည်း ၎င်းသည် အလယ်အလတ်အဆင့် ဧကရာဇ်အင်ပါယာသာ ဖြစ်သည်။ သို့သော် ကျော်ကြားမှု တချို့ကြောင့် စိမ်းပြာနဂါးရေကန် ဟုခေါ်သော အင်ပါယာ အတွင်း မှော်ဆန်သည့်နေရာတစ်ခုရှိကြောင်း လုရွှမ် မှတ်မိသေးသည်။

ကောလဟာလတွေအရ ဟိုတုန်းက စိမ်းပြား နဂါးတွေ နေထိုင်ခဲ့တာတွေရှိခဲ့ပြီး ရေရဲ့အရည်အသွေးက အံ့ဖွယ် ကောင်းလွန်းလှသည်ဟု ဆိုကြသည်။

မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာမှာ လူတော်တော် များများဟာ ဒီလျှို့ဝှက်ချက်ကို ရှာဖွေဖို့ ကြိုးစားခဲ့ကြပေမယ့် အားလုံး သေဆုံးသွားကြလေသည်။

လုရွှမ်သည် တစ်ချိန်က စူးစမ်းလိုခဲသော်လည်း နောက်ပိုင်းတွင် တစ်စုံတစ်ခုကြောင့် နှောင့်နှေးခဲ့ရသည်။ ထိုနေရာတွင် တစ်ခုခု ရှိနိုင်သောကြောင့် ၎င်းကိုစူးစမ်းရန် ထျန်းလုံဧကရာဇ် အင်ပါယာသို့ သွားရမည်။

လုရွှမ် မသိသောအရာမှာ လွန်ခဲ့သော နှစ်ပေါင်းသုံးရာအတွင်း ထျန်းလုံဧကရာဇ်အင်ပါယာသည် ဆိုးရွားရာမှ ပိုဆိုးလာသွားခဲ့ပြီး ယခုအခါ အဆင့်နိမ့် ဧကရာဇ်အင်ပါယာ ဖြစ်လာခဲ့ပြီ ဆိုတာပင်။

သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဆေးလုံး အမြောက်အမြား ပေါ်လာပြီး လုရွှမ်ရဲ့ မျက်လုံးများ မထိန်းနိုင်ဘဲ မသိမ်းနိုင်တော့ဘဲ တောက်ပလာတော့သည်။

ဒါတွေက ဧကရာဇ် အင်ပါယာမှ ဆင်းသက်လာသူများ၏ စည်းစိမ်ဥစ္စာ များစွာပဲ ဖြစ်သည်။ ထိုလူတွေကိုယ်ပေါ်က သူ ယူဆောင်လာခဲ့တဲ့ ပစ္စည်းတွေက သူ့ရဲ့ခွန်အားကို မြှင့်တင်နိုင်တဲ့ ဆေးလုံးတွေက အများဆုံး ဖြစ်သည်။

သန့်စင်ရန်အတွက် ကောင်းမွန်သော အရာများဖြစ်သည့် ရှားပါးပစ္စည်းနှင့် ဆေးပင် အများအပြားလည်း ပါ​သေးသည်။ နောက်ဆုံး အဂ္ဂိရတ်ဆေး ပုလင်းကို တွေ့သောအခါ လုရွှမ် အလွန် ဝမ်းသာသွားခဲ့သည်။

မြန့်ရှန်ပန်းကို ရပြီးနောက် သူသည် စိတ်စွမ်းအားနဲ့ သက်ဆိုင်သော ဆေးတစ်မျိုးကို သန့်စင်ပေးပြီး သူ၏စိတ်ဝိညာဉ် စွမ်းအားကို တတ်နိုင်သမျှ အခြားအတိုင်းအတာ တစ်ခုအထိ တိုးမြှင့်လိုခဲ့သည်။

ယခုသူ၏ စိတ်ဝိညာဉ်စွမ်းအား ၁၈ သည် အတိုင်းအတာ ၁၉ နှင့် နီးစပ်နေပြီး ကွာဟချက်မှာ သိသာသည်။ စိတ်ဝိညာဉ် စွမ်းအား ၁၉ ကို ဖြတ်ကျော်နိုင်သည်နှင့် တစ်ပြိုင်နက် အနည်းဆုံး သူတော်စင်တစ်ပိုင်းနှင့် ရင်ဆိုင်ရမည် ဆိုပါက သူ့အား တစ်ချက် ထိုးနှက်ရုံဖြင့် ထိခိုက်စေမှာ မဟုတ်ကြောင်း လုရွှမ် ယုံကြည်သည်။

ဖီးနစ်၏ အတောင်ပံများနှင့် ရွှေအရှိန်ဖြင့် မတိုက်ခိုက်နိုင်သေးသော်လည်း အနည်းဆုံးတော့ သူသည် လွတ်မြောက်ရန် အစွမ်းအစ ရှိ​သေးသည်။

လုရွှမ် အခန်းထဲမှ အမြန်ထွက်၍ မော့ကောင်းရွှမ်အား စကား အနည်းငယ်ဖြင့် ရှင်းပြကာ သူ့အတောင်ပံများကို ဖြန့်လျက် ထွက်ခွာလာခဲ့ရာ ဆယ်ရက်ကြာပြီးနောက် မြို့ပြင်သို့ ထွက်ခွာသွားခဲ့သည်။

ဤသည်မှာ ပျော့ညံ့သော ဝိညာဉ်စွမ်းအင်များ ပါရှိသော မြုံ​နေသည့် တောင်ဖြစ်သည်။ ၎င်းသည် ယခင်က ဝိညာဥ်ကျောက်တုံးများ တူးဖော်ရာ မိုင်းတွင်း ဖြစ်ပုံရသော်လည်း ဝိညာဥ်ကျောက်တုံးတွေကို ရှေးရှေးကတည်းက တူးဖော်ယူခဲ့ပြီးလို့ စွန့်ပစ်ထားသော နေရာတစ်ခု ဖြစ်လာခဲ့သည်။

အလွန်လျှို့ဝှက်သော လှိုဏ်ဂူတစ်ခုကို ရွေးချယ်၍ သူ၏ခန္ဓာကိုယ် တစ်ဝိုက်တွင် ဝိညာဉ်ကျောက်တုံး များစွာကို ဖြန့်ကျက်ကာ အခင်းအကျင်းကို ပြန်လည် ဖွဲ့စည်း၍ ဆေးလုံးသန့်စင်ဖို့ စတင်လိုက်၏။

ဒီတစ်ကြိမ်မှာတော့ ကျီးကန်းပေးတဲ့ ဆေးညွှန်းက နတ်ဘုရားအသွင်ပြောင်းဆေး ဖြစ်သည်။ ကျီးကန်းရဲ့ စကားအရ မြန့်ရှန်ပန်း ပေါ်ထွက်လာတဲ့ လက်ရှိအဆင့်က အလွန်နိမ့်နေသေးသော်လည်း သူသည် ကောင်းကင်ဆိုင်ရာ အပြောင်းအလဲ ဖြစ်စဉ်တချို့ကို ဖြစ်ပေါ်စေဆဲ ဖြစ်သည်။

အကယ်၍ သူသာ မြို့ထောင်ချီမဟာမိတ်မှာ ရှိနေပါက ၎င်းသည် ကြီးမားသော ရိုက်ချက်ကို ဖြစ်စေမည်မှာ သေချာပါ၏။ လူသားတွေရဲ့ စိတ်နှလုံးက ရှေးဟောင်းစာအုပ်ကြီး မဟုတ်ကြောင်း သိထားရမည်။

ရတနာများ မွေးဖွားလာပါက ကောင်းကင်တစ်ခွင်ဟာ အပြောင်းအလဲများ ဖြစ်ပေါ်လာလိမ့်မည်လေ။ ဒါကို အခြားသူများမြင်လျှင် သူ့ဆီရောက်လာကြမှာ ဖြစ်ပြီး သေခြင်းတရားသည် ချစ်စရာကောင်းမနေပေ။

လုရွှမ် သူ့လက်များကို ဝေ့ယမ်းလိုက်တဲ့အခါ ယွမ်ချီ အငွေ့အသက်တွေဟာ မီးဖိုနှင့်တူသော ပုံသဏ္ဌာန်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ဤဆေး အမျိုးအစားသည် အလွန်အရေးကြီးသောကြောင့် လုရွှမ်သည် သဘာဝကျကျ သတိလက်လွတ်မခံဝံ့ဘဲ ပင်လယ်ရေစီးကြောင်းတစ်ရာ လက်စည်းတံဆိပ် နည်းပညာ၏ အကောင်းဆုံး အဂ္ဂိရတ်ပညာကို အသုံးပြုမှာပဲ ​ဖြစ်လေ၏။

ယွမ်ချီ၏ ထိန်းချုပ်မှု အောက်တွင် ဆေးဖက်ဝင် အပင်များသည် အဂ္ဂိရတ်ဆေးအိုးထဲသို့ ပျံသွားပြီး ယွမ်ချီမှ တဖြည်းဖြည်း သန့်စင်နေသည်။ လုရွှမ်သည် အရေးပေါ် အခြေအနေများ အတွက် ကြိုတင်ပြင်ဆင်ရန် အတွင်းရှိ စွမ်းအင်ကို အချိန်မရွေး စုဆောင်းထားခဲ့သည်။

ဤလေ့ကျင့်မှုသည် တစ်လခွဲခန့် ကြာသွားပြီး လုရွှမ်မှာ အချိန်ကြာလာတာနဲ့ အမျှ အနည်းငယ် မခံမရပ်နိုင် ဖြစ်လာခဲ့သည်။ အကယ်၍ သူသည် ချိုင့်ဝှမ်းအတွင်းမှ ဝိညာဥ် သလင်းကျောက်တုံး အမြောက်အမြားကို မရရှိခဲ့ပါက အခုအချိန် လုံးဝ ထိန်းထားနိုင်မည် မဟုတ်​တော့ပေ။

မြန့်ရှန်ပန်းကို အရည်ပျော်စေဖို့ ဒီလောက်အထိ ခက်ခဲလိမ့်မည်ဟု မထင်ထားပေ။

မရေမတွက်နိုင်သော အခက်အခဲများကို ဖြတ်ကျော်ပြီး နောက်ဆုံးတွင် မြန့်ရှန်ပန်းကို ယွမ်ချီ ဆေးမီးဖိုထဲသို့ ပေါင်းထည့်လိုက်ပြီး နောက်တွင် အလင်းရောင် ဖျော့ဖျော့ အလွှာတစ်ခုသည် ကောင်းကင် တစ်ခွင့် ရုတ်တရက် ထွက်ပေါ်လာပြီး တောက်ပမှုက ဖြာထွက် စီးဆင်းသွားခဲ့သည်။

အချိန်တွေ တရွေ့ရွေ့ ကုန်လာပြီးတဲ့အခါ လုရွှမ်ရဲ့ စိတ်ဝိညာဥ် တစ်ခုလုံးဟာ အဂ္ဂိရတ်ပညာမှာ နှစ်မြုပ်သွားလေသည်။

သို့သော် ကောင်းကင်တွင် ထိုအလင်းတန်းသည် ပို၍ပို၍ ကြီးမားလာကာ တဖြည်းဖြည်း တိမ်တိုက်အဖြစ်သို့ ပြောင်းလဲသွားပြီး အလင်းသုံးရောင် ထွက်ပေါ်လာ၏။

သာယာလှသော တိမ်တိုက်သည် နောက်ဆုံးတွင် မြို့ထောင်ချီမဟာမိတ်ကို တုန်လှုပ်စေခဲ့သည်။ တည်းခိုခန်း၊ အိမ်ကြီး၊ မြေပြင်၌ ပုန်းအောင်းနေသူများပင် မြေပြင်ပေါ်သို့ တရွေ့ရွေ့ ပြေးသွားကာ ကောင်းကင်ယံက တိမ်တိုက်ကြီးကို ငေးမောကြည့်ရှုနေကြသည်။

ယွမ်စံအိမ်တွင် ယန်ရှီးနှင့် သူ့အဖွဲ့သည် ယွမ်စံအိမ်အထက်က ကောင်းကင်တွင် ရပ်ကာ တောက်ပသော တိမ်များကို စိုက်ကြည့်နေကြသည်။ အဘွားအို တစ်ယောက် သူမဘေးမှာ တိတ်တဆိတ် ပေါ်လာပြီး တိမ်တိုက်ကို မြင်လိုက်ရတဲ့အခါ သူမလည်း အံ့ဩသွားခဲ့သည်။

"ဆရာ... ဒါက ကောင်းကင်နဲ့ မြေကြီးရဲ့ အခြေခံမူတွေ ပေါက်ကွဲတော့မယ့် လက္ခဏာလား?"

သူမတို့သည် ဧကရာဇ်အင်ပါယာက လာခဲ့တာကြောင့် သဘာဝကျကျ ဒဏ္ဍာရီ ပုံပြင်တချို့ကိုလည်း ကြားဖူးပါသည်။

တချို့သော ဒဏ္ဍာရီများတွင် အများအားဖြင့် ကောင်းကင်၌ မင်္ဂလာရှိသော တိမ်တိုက်များ ဖြစ်ပေါ်တတ်ပြီး မြေပြင်မှ ထွက်လာသော ဝိညာဉ်ရေး စမ်းရေများလည်း ရှိသည်။

အဘွားကြီးသည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး သူမလည်း စိတ်ရှုပ်သွားပုံ ရ၏။ အနှစ်သုံးရာကျော် နေထိုင်ခဲ့ပြီး သူမတွင် ထူးထူးခြားခြား ထိုးထွင်းသိမြင်မှု ရှိသည်ဟု ထင်မြင်ခဲ့သော်လည်း အကန့်အသတ်မရှိ စီးဆင်းနေသော ဤတိမ်တိုက်မျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

၎င်းသည် ကောင်းကင်နှင့် မြေကြီး၏ အသွင်အပြင်များ ထွက်လာခြင်း၏ လက္ခဏာတစ်ရပ်ဟု ဆိုရလျှင် ကောင်းကင်၊ မြေကြီးနှင့် တာအိုတို့၏ စည်းချက်ကို လျှော့တွက်ခြင်းပင် ဖြစ်လိမ့်မည်။

မှော်လက်နက်တစ်ခု မွေးဖွားလာခဲ့ခြင်း ဖြစ်နိုင်သော်လည်း ထိုသို့သော အလင်းရောင်နှင့် ကောင်းကင်ကို ပြောင်းလဲစေနိုင်တဲ့ မှော်လက်နက်မျိုးက ဘယ်လိုများ မွေးဖွားနိုင်မှာလဲ?

ဧကရာဇ်ငါးပါးထဲက တစ်ပါးဟာ လွန်ခဲ့သော နှစ်ပေါင်း သုံးရာခန့်က တိုက်ခိုက်ခဲ့သော စစ်ပွဲကြီးအပြီး ကောင်းကင်နှင့် မြေကြီး၏ ပုံစံသည် ပြောင်းလဲသွားဖူးသည်ဟု ဧကရာဇ်အင်ပါယာ၏ ထိပ်ပိုင်းတွင် ကောလဟာလများ ရှိခဲ့သည်။

ကောင်းကင်၊ မြေကြီးနှင့် စွမ်းအင်တို့သည် နောက်ပိုင်းတွင် ပေါ်လာခဲ့သော်လည်း တောက်ပနေသော မင်္ဂလာရှိ ကောင်းကင်တိမ်တိုက်တွေကတော့ နောက်တဖန် ပေါ်မလာတော့ပေ။

မဟုတ်မှ ကောင်းကင်ကြီး ထပ်ပြောင်းတော့မှာလား?

အဘွားကြီးသည် ကောင်းကင်ယံရှိ တိမ်တိုက်များကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း စိတ်ရှုပ်ထွေးလာသလို ခံစားလာရသည်။

"ဆရာ……"

"ခဏစောင့်.... တစ်ခုခု တကယ် ပြောင်းလဲသွားခဲ့ရင် ဒါက သေးငယ်တဲ့ လှုပ်ရှားမှုတစ်ခု မဟုတ်ဘူးဆိုတာ သိသာတယ်.... စိတ်ရှည်ရှည်ထား"

အရိပ်လူသတ်ခန်းမ၏ ခြေရင်းတွင် ထျန်မိသားစုမှ အဖွဲ့ဝင်များ အားလုံးသည် ကောင်းကင်ယံတွင် တိမ်တိုက်၏ ရုတ်ချည်း အသွင်အပြင်ကို သံသယဝင်ကာ လေထဲတွင် ပျံဝဲနေကြသည်။

"လောင်လျို့... ဘာဖြစ်နေတာလဲ သိလား?”

တတိယအကြီးအကဲက မေးလိုက်သည်။

အကြီးအကဲ၆၏ မျက်လုံးများသည် လေးနက်စွာဖြင့် စိတ်ထဲတွင် တွက်ချက်မှု တချို့ ပြုလုပ်နေ၏။ ရုတ်တရက် ထျန်မိသားစုမှ လူအားလုံးကို တုန်လှုပ်သွားစေသည့် သွေးများ သူ့ပါးစပ်ထဲမှ ထွက်လာခဲ့သည်။

"ဒါက အာရုံခံ တွက်ချက်လို့ မရဘူး... ကောင်းကင်စက်ဝန်း လျှို့ဝှက်ချက် တစ်ခုလိုပဲ မင်းတို့အားလုံး နောက်ဆုတ်နေကြ.... ဒီတစ်ကြိမ်မှာ ဘာပဲဖြစ်ဖြစ် မပါဝင်ရဘူး နားလည်လား?"

အငယ်တန်း အုပ်စုတစ်စုက ထပ်ခါတလဲလဲ ကတိပေးခဲ့ပေမယ့် လူအုပ်ရဲ့ အဆုံးမှာ ရပ်နေတဲ့ ထျန်ချန်ရဲ့ မျက်လုံးထဲမှာတော့ စွဲမက်နေသည့် အလင်းရောင် တစ်ခု ရှိနေလေသည်။

အဂ္ဂိရတ်ပညာရှင် အဖွဲ့သည် အနီးဆုံး ဧကရာဇ်အင်ပါယာမှ အကြီးအကဲများကို စေလွှတ်ခဲ့သည်။ ၎င်းတို့ကို တန်ခိုးကြီးပြီး သူတော်စင်တစ်ပိုင်း သုံးဦးက ဦးဆောင်လာ၏။ ထိုအခိုက်တွင် အသက်ကြီးသူ သုံးဦးသည် ကောင်းကင်ယံက တိမ်တိုက်ကို ကြည့်ကာ လေထဲ၌ ပျံဝဲနေလေသည်။

သူတို့ သုံးယောက် ဆွေးနွေးနေတာ ကြာလာပေမယ့် သဲလွန်စ တစ်ခုမှ မရသေးပေ။

“သွားကြည့်စမ်း!”

သူ့ခွန်အားကို အထင်ကြီးပြီး အစောင့်အကြပ်တွေ ဘေးမှာ ထိုင်နေတဲ့ အကြီးအကဲ နှစ်ယောက်နဲ့ လူကြီးတစ်ယောက်က လူဆယ်ယောက်ကျော်ကို ကောင်းကင်တိမ်တိုက်ရဲ့ အောက်ခြေဆီ အပြေးအလွှား သွားခိုင်းလေသည်။

သူတို့သည် အဂ္ဂိရတ်ဆရာများ ဖြစ်​ကြပြီး အခြားသူများ မသိသည့် လျှို့ဝှက်ချက်များစွာကို သိထားကြသည်။

ထို​တိမ်တိုက်သည် ထူးဆန်းလှ၏။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်မှ ဖန်တီးထားခြင်း မဟုတ်သော်လည်း ကောင်းကင်နှင့်မြေကြီး၏ ပုံပန်းသဏ္ဌာန်သည် တစ်စုံတစ်ဦးမှ အဂ္ဂိရတ် သန့်စင်နေသည် ဟူသည့် အရိပ်အမြွက်ကို ပြသလျက်ရှိသည်။

All Chapters