အင်အားစုများ၏ ရုန်းရင်ဆန်ခတ်မှုများ
Vol. 37 Ch. 4.75
တောက်ပနေသော တိမ်တိုက်များသည် ပို၍ကြီးမားလာပြီး နဂါးများနှင့် ကျားများ၏ ဟိန်းဟောက်သံများကဲ့သို့ တဖြည်းဖြည်း ကျယ်ကျယ်လောင်လောင် ဖြစ်လာသည်။
လုရွှမ်မှာ ယခုအချိန်တွင် လျှို့ဝှက်စွာ အော်ဟစ်နေပြီး ကျီးကန်းကို စိတ်အတွင်းမှ ဆက်သွယ် ပြောဆိုနေလေသည်။
"ကျီးကန်းစုတ် ဒါက ဘယ်လို ဖြစ်တာလဲ??"
လုရွှမ်သည် သူ၏ဦးခေါင်းထက်ရှိ လှိုဏ်ဂူကြီး ပေါက်ကွဲပွင့်သွားပြီး ကောင်းကင်နှင့် မြေကြီး၏ ရောင်ဝါသည် သူ့လက်ထဲတွင်ရှိသော နတ်ဘုရားအသွင်ပြောင်း ဆေးလုံးဆီသို့ စိမ့်ဝင်သွားသည်အား တွေ့လိုက်ရသဖြင့် တုန်လှုပ်သွားသည်။
စိတ်ဝိညာဉ်စွမ်းအားများ ပြန့်ကျဲသွားကာ ခွန်အားများ လျင်မြန်စွာ တိုးတက်လာခဲ့သည်။ နတ်ဘုရားအသွင်ပြောင်းဆေးကို လက်တွေ့ မသုံးရသေးသော်လည်း ကျင့်ကြံမှု အခြေခံကတော့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့် ၈အထိ တိုးတက်လာခဲ့ပြီ။
"အရူး... မင်းတို့ တိမ်ပင်လယ် နယ်မြေရဲ့ နိယာမတွေက မပြည့်စုံဘူးလို့ မင်းကိုငါ မပြောခဲ့ဘူးလား... မြန့်ရှန်ပန်းဆိုတာ ရတနာတစ်ခုပဲ။ မင်း နတ်ဘုရားအသွင်ပြောင်းဆေးကို သန့်စင်ရင် သဘာဝစွမ်းအင်တွေက သဘာဝအတိုင်း ဖြည့်ဆည်းပေးလိမ့်မယ်.... မင်းကအဲဒါကို ပေါ့ဆခဲ့တာလေ... အခုမှ ဘာတွေ လာအော်နေတာလဲ??"
ကျီးကန်း၏ ပါးစပ်မှတစ်ဆင့် လုရွှမ်သည် သူရောက်ရှိနေသော တိမ်ပင်လယ် နယ်မြေသည် အလွန်ဝေးလံပြီး ကျဉ်းမြောင်းသော ထောင့်တစ်ခုသာ ဖြစ်ကြောင်းကို သိထားပြီးသား ဖြစ်သည်။
ထို့ကြောင့် နောက်ပိုင်းတွင် အပြန်အလှန် အောင်ပွဲများ ရှိလာကာ ဆက်လက် လေ့ကျင့်ရင်း ရှေ့သို့ လမ်းစဆက်ရှာရန်လည်း ဖြစ်ခဲ့သည်။
ဤအခိုက်အတန့်တွင် သဘာဝ စွမ်းအင်နှင့် ရောနှောနေသော ရောင်ဝါသည် လုရွှမ်၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး သူသည် လျှို့ဝှက် ဆန်းကြယ်သော ခံစားမှုတစ်ခု ရရှိသွားခဲ့သည်။
သူ၏ ခွန်အားသည် အဆင့်တစ်ခုသာ တိုးလာသော်လည်း သူ့တစ်ကိုယ်လုံး ကြီးမားသော အပြောင်းအလဲကို ကြုံတွေ့ခဲ့ရသလို ခံစားနေရ၏။
ခန္ဓာကိုယ်ထဲမှာ တစ်ခုခု ပြီးပြည့်စုံသွားသလိုပဲ ခံစားချက်က ထူးခြားလှသည်။
"မင်း ခံစားမိပြီမလား? ငတုံး... အဲဒါက နတ်ဘုရားအသွင်ပြောင်းဆေးကို သန့်စင်ခိုင်းရတဲ့ အကြောင်းအရင်းပဲ... မင်းအခု တချို့တော့ ပြီးသွားပြီ ဒါပေမဲ့ အဲဒါက မလုံလောက်သေးဘူး... မင်းကမ္ဘာကြီးထဲကို ရောက်တဲ့အခါ မင်းက ရေတွင်းထဲက ဖားပဲဆိုတာ သိလာလိမ့်မယ်!!"
လုရွှမ် သူ့ကို ကျီးကန်းစုတ်လို့ ခေါ်လိုက်တဲ့အတွက် သူ့ကိုဆဲဆိုနေပုံမှာ ကျီးကန်း အင်မတန် ဒေါသထွက်နေပုံရသည်။
လုရွှမ် ဒေါသတကြီး ပြုံးလိုက်သည်။ ဒီတစ်ကြိမ်မှာ သူအများကြီး အမြတ်ရခဲ့တယ် ဆိုတာ သူသိပေမယ့် အဲဒါက တခြားလူတွေကို ဆွဲဆောင်မိခဲ့တာ မဟုတ်ဘူးလား။
ကြိုးကြိုးစားစား အဂ္ဂိရတ် သန့်စင်နေတာက တခြားသူတွေအတွက် မင်္ဂလာဆောင် ဝတ်စုံ ပေးဝတ်ဖို့ မဟုတ်လေ။ ဒါဆိုရင် ဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်သွားမှာ မဟုတ်ဘူးလား။
(translater - သူများကို မင်္ဂလာဝတ်စုံ ပေးဝတ်တယ်ဆိုတာ သူများကို အခွင့်အရေး ပေးလိုက်တာကို ပြောတာပါ)
...
အရိပ်လူသတ်ခန်းမ၏ အခန်းထဲတွင် မော့ကောင်းရွှမ်းသည် အရှိန်ပြင်းပြင်းဖြင့် တောင်လျှောက် မြောက်လျှောက် လှုပ်ရှားနေလေသည်။
လက်ရှိ အခြေအနေမှာတော့ လုရွှမ်ဆီက အဆက်အသွယ် မရတော့လို့ စိတ်ပူပင်စွာနဲ့ ပျာယာခတ်နေရ၏။ လုရွှမ် ထွက်သွားပြီးချိန်မှ ကောင်းကင်မှာ တိမ်တိုက်တွေ ပေါ်ထွက်လာခဲ့တာလေ။
ထိုအရာနှစ်ခုသည် မသက်ဆိုင်ဟု ထင်မိသော်လည်း မော့ကောင်းရွှမ်း နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှု တစ်ခု ရှိနေဆဲပင်။ တောက်ပနေသော တိမ်တိုက် ပေါ်လာသည့် အချိန်၌ လုရွှမ်နှင့် ထိုတိမ်တိုက်ဟာ မပတ်သက်နိုင်ပါဘူးဟု သူ့စိတ်ထဲတွင် ယုံကြည်ထားပြီးသား ဖြစ်လေသည်။
ဆယ်ရက်ကျော် ကြာပြီးနောက် ယခုအခိုက်အတန့်တွင် ကောင်းကင်ယံ၌ တိမ်တိုက်များက ကြီးမားလွန်းသဖြင့် အချင်းဝက် ဆယ်ကီလိုမီတာနီးပါး ဖုံးလွှမ်းသွားသည်။ မိုးခြိမ်းသံ တဟုန်းဟုန်းနှင့် အလင်းတန်းများ တဖျပ်ဖျပ်ဖျပ်ခတ်ကာ မွှေးရနံ့များ ဖြာထွက်နေပါသည်။
ရနံ့သည် တဖျပ်ဖျပ် ခတ်နေပြီး အနံ့ခံရုံဖြင့် လူကို မူးဝေလာစေပါသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က တိမ်တိုက်သည် တစ်ဖန် ပြောင်းလဲသွားခဲ့သည်။ ၎င်းအောက်တွင် လမ်းကြောင်းတစ်ခု ပေါ်ပေါက်လာကာ အသက်ရှူသံများ ထွက်လာသည်။
ကောင်းကင်ဘုံမှ ကံကောင်းခြင်း တရားများ ရောက်ရှိလာသလို လူတို့အား အလွန်အမင်း နားမလည်နိုင်အောင် ဖြစ်စေ၏။
"ကြိုးစားထား ကြိုးစားထား!"
လုရွှမ်သည် သူ့အပေါ်မှ တိုက်ရိုက် လွင့်ပျံနေပြီ ဖြစ်သော ကောင်းကင်ယံရှိ တိမ်တိုက်များကို ကြည့်လိုက်သည်။ အငွေ့အသက်တွေက ဂူထဲသို့ ဖောက်ထွင်း ဝင်ရောက်လာကာ နတ်ဘုရားအသွင်ပြောင်းဆေး အထဲကို စုရုံးလာခဲ့သည်။
"ကောင်လေး သတိထား.... မကြာခင် မိုးကြိုးပစ်ခံရတော့မယ်"
လုရွှမ် သွေးတစ်လုတ်ကို အန်မိလုမတတ် ဖြစ်သွားသည်။
အဲဒါက အနည်းဆုံးတော့ သူတော်စင်တစ်ပိုင်းရဲ့ နောက်ပိုင်းကာလကို ရောက်ပြီးမှသာ ဖြစ်လာနိုင်တဲ့ အရာဖြစ်ပြီး ဒါဟာ ကမ္ဘာ့ထိပ်တန်း ပါရမီရှင်တွေ နားလည်နိုင်တဲ့ အရာတစ်ခုပဲ။ အဂ္ဂိရတ် သန့်စင်နေတုန်း ဖြစ်လာသင့်တာ မဟုတ်ဘူးလေ။
ဆေးလုံး သန့်စင်နေတုန်း မိုးကြိုးပစ်ချ ခံရတာက သေလမ်းရှာနေတာနဲ့ မတူသွားဘူးလား။ လုရွှမ်မှာ သူ့ရဲ့လက်ရှိ အင်အားနဲ့ စိတ်မသက်မသာ မခံစားရသော်လည်း သူ့တွင် ယုံကြည်မှုများစွာ မရှိပေ။
မိုးကြိုးဘေး အန္တရာယ်အား ဘေးကင်းစွာ လွတ်မြောက်နိုင်ခြင်း၏ အမြင့်ဆုံး အောင်မြင်မှုနှုန်းမှာ ၃၀%သာ ရှိသည်။
"ကျီးကန်း.... ငါ့ကို ညွှန်ပြပေး... ငါ မင်းကို အနာဂတ်မှာ အကောင်းဆုံး ဝိုင် ဝယ်ပေးမယ်!!"
ကျီးကန်းက ဗီလိန်တစ်ယောက်လို အော်ဟစ်လိုက်သည်။
"အခုတော့ ဒီအဖိုးကို သတိရပြီပေါ့ ကောင်လေး.... ဒါပေမဲ့ မင်း ဒီမိုးကြိုးပစ်တဲ့ ဘေးအန္တရာယ်ကို ကိုယ့်ဘာသာ ဖြတ်ကျော်ရမှာ မဟုတ်ရင် ဆေးလုံးက ပျက်သွားမှာ... ငါ မင်းကို မကူညီနိုင်ဘူး ဘယ်သူမှလည်း မကူညီနိုင်ဘူး"
ကျီးကန်းက ပါးစပ်ကို ပိတ်ပြီး ကျောက်စိမ်းပြားထဲသို့ အမြန် ပြန်ဝင်သွားလေသည်။
လုရွှမ် မထိန်းနိုင်စွာ ကျိန်ဆဲလိုက်သည်။ ဤမျှ အရေးကြီးသော အခိုက်အတန့်တွင် ဤသေနာငှက်ကြီးသည် သူ့လက်ကို တီး၍ ဟစ်အော်နေ၏။
အနာဂတ်မှာ ဝိုင်ကောင်းကောင်း ဆိုတာ မရှိတော့ဘူးကွ!!
ယခုအချိန်တွင် နတ်ဘုရားအသွင်ပြောင်းဆေးလုံးသည် ၎င်းအား ထိန်းချုပ်ရန် မလိုအပ်တော့ပေ။ စိတ်ဝိညာဉ်စွမ်းအင်၏ နိယာမသည် တိမ်တိုက်များမှ အဆက်မပြတ် သွန်းလောင်းကာ အရည်ဘောလုံး တစ်လုံးအဖြစ် တဖြည်းဖြည်း ခိုင်မာလာပြီး အသွင်သဏ္ဍာန် ဖြစ်ပေါ်လာပြီ။
သုံးရောင်စုံ စမ်းရေစက်ကလေးလို လှည့်ပတ်ကာ မွှေးကြိုင်သော ရနံ့ကလည်း သင်းပျံ့နေသည်။ အနံ့ခံရုံဖြင့် လုရွှမ်သည် သူ့တစ်ကိုယ်လုံးကို လန်းဆန်းသွားတာကို ခံစားလိုက်ရသည်။
ဒီဆေးကို မျိုချလိုက်ရင် ဘယ်လို အံ့ဖွယ် အကျိုးသက်ရောက်မှုတွေများ ရှိနေမယ် ဆိုတာ တွေးကြည့်ရုံဖြင့် စိတ်လှုပ်ရှားလာ၏။
လုရွှမ် အကြောင်းတစ်ခုကြောင့် ထိတ်လန့်တကြား ခေါင်းမော့ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ယခုအချိန်တွင် ကောင်းကင်တွင် တိမ်တိုက်များ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီး အနက်ရောင် မိုးကြိုးတိမ်များ ဖြစ်ပေါ်လာကာ ကောင်းကင်နှင့် မြေပြင်မှ တဟုန်ထိုး မိုးခြိမ်းသံများ ထွက်ပေါ်လာနေသည်။
ပြင်းထန်သော အကျပ်ကိုင် ဖိအားပေးနေမှု ထွက်ပေါ်လာသလို နှလုံးသားထဲအထိ မိုးခြိမ်းသံများ တုန်ခါနေ၏။
"ဒါ လူတစ်ယောက် ဆေးလုံး သန့်စင်နေတာပဲ... နတ်ဘုရားဆေး ပေါ်ထွက်လာလို့ ကောင်းကင်နဲ့ မြေကြီးရဲ့ ရောင်ဝါက အခုလို တုံ့ပြန်နေတာ"
ဤအခိုက်အတန့်တွင် နေရာ အသီးသီးမှ ရောက်ရှိလာသော သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ကျင့်ကြံသူများပင်လျှင် ဖြစ်ပျက်နေသည်ကို နားလည်သွားကြသည်။
ဒဏ္ဍာရီတွင် ထိုသို့သော အကြောင်းအရာများကို ရှည်လျားစွာ ဖော်ပြထားချက်များ ရှိခဲ့သည်လေ။
ယွမ်စံအိမ်ရှိ ကျောင်းသားတစ်စု သည်းမခံနိုင်တော့ဘဲ အဘွားကြီး၏ ဦးဆောင်မှု အောက်တွင် မိုးကြိုးတိမ်တိုက်ဆီသို့ ပြေးထွက်လာကြသည်။
အဂ္ဂိရတ်ပညာရှင် အဖွဲ့သည် ယခုအချိန်တွင် ဗလာ ဖြစ်နေပါပြီ။ ၎င်းတို့သည် နတ်ဆေးလုံးကြောင့် ဖြစ်ပေါ်လာကြောင်းကို ဦးစွာသဘောပေါက်ခဲ့ကြပြီး လူတိုင်း၏ရှေ့မှ လျှောက်ကာ ထွက်ခွာလာခဲ့ပြီးပြီ။
အရိပ်လူသတ်ခန်းမတွင်ရှိ တတိယအကြီးအကဲနှင့် အကြီးအကဲ၆ တို့သည် ယခုအချိန်တွင် မည်းမှောင်သော မျက်နှာထားများ ရှိနေသည်။
၎င်းတို့သည် ကလေးတစ်စုကို ရှင်းရှင်းလင်းလင်း သတိပေးခဲ့ ကြသော်လည်း ဤအရာသည် နတ်ဆေးလုံးကြောင့် ဖြစ်ရသည့် ကောင်းကင်ဖြစ်စဉ် တစ်ခုဖြစ်ကြောင်း သိရှိပြီးနောက် ၎င်းတို့အားလုံး တစ်ယောက်ပြီး တစ်ယောက် ခိုးထွက်သွားကြသည်။
အကြီးအကဲ နှစ်ဦးမှာ ဒါဟာ ကောင်းချီးတစ်ခုလား ကျိန်စာလားမသိပေမယ့် ရှောင်လွှဲလို့ မရတဲ့ ဘေးအန္တရာယ် တစ်ခုဖြစ်ကြောင်း နားလည်ကြသည်။
ဒါကြောင့် သူတို့နောက်ကွယ်မှာ ရှိနေခဲ့တဲ့ နောက်ဆုံး လူအနည်းငယ်ကို ကူကယ်ရာမဲ့စွာ ခေါ်ဆောင်ရင်း ကောင်းကင်တိမ်တိုက်တွေဆီ ပျံသန်းလာခဲ့တော့သည်။
ဆေးဥယျာဉ်ရှိ ပန်းနီမိန်းကလေး၊ စွင်းလင်နှင့် အခြားသော သူတော်စင်တစ်ပိုင်း သခင်နှစ်ပါး၏ ဦးဆောင်မှု အောက်တွင် လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
ဟန်ရွှယ်နှင့် အခြားသူများသည် ဟန်ရောင်၏ အကြိမ်ကြိမ် ချုပ်နှောင်မှု အောက်တွင် နေခဲ့ကြလေသည်။
သားရဲခန်းမ၊ မြို့ထောင်ချီ မဟာမိတ်အဖွဲ့၊ ရတနာအဆောက်အအုံမှ တပ်ဖွဲ့များအားလုံးသည် ယခုအချိန်တွင် ရုန်းရင်းဆန်ခတ် ဖြစ်နေကြပြီး သူတို့၏ နှလုံးသားထဲတွင် နတ်ဘုရားဆေးကို တောင့်တစိတ်ဖြင့် လုရွှမ်ရှိရာဆီသို့ ပြေးလာကြသည်။
လုရွှမ်ဟာ အခုအချိန်မှာတော့ လှိုဏ်ဂူထဲကနေ ထွက်သွားပြီးပြီ။ သေခြင်းတရားကို ထိုင်စောင့်နေတာက သူ့ပုံစံ မဟုတ်ချေ။
အခင်းအကျင်း တံဆိပ်ပြားတွေကို တစ်ခုပြီးတစ်ခု လျှို့ဝှက် စီစဉ်ထားခဲ့သည်။ ဒီအခင်းအကျင်း တံဆိပ်ပြားတွေက လျှပ်စီးကြောင်းတွေကို ခံနိုင်ရည် မရှိသလို မိုးခြိမ်းသံကို တွန်းလှန်ဖို့လည်း အသုံးမဝင်ပေ။
အဝေးကလာတဲ့ လူတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေမယ့် ပုံရိပ်တွေကို တဖြည်းဖြည်း မြင်လာရပြီး ဒီလူတွေကို တားဆီးဖို့ ဒီအခင်းအကျင်းတွေက အသုံးဝင်နိုင်လောက်ပါရဲ့။
တိမ်တိုက်သည် လုံးဝ ပျောက်ကွယ်သွားကာ နောက်ဆုံးရနံ့ သင်းသင်းလေး နှင့်အတူ နတ်ဘုရား ဆေးလုံးတွင် လုံး၀ စုရုံးသွားခဲ့သည်။ လုရွှမ်သည် တခဏအတွင်း လေထဲတွင် လွင့်မျောနေသော သုံးရောင်ခြယ် အဂ္ဂိရတ်ဆေးကို မြင်လိုက်ရတော့ အံ့သြသွားသည်။
ဆေးလုံး၏ မျက်နှာပြင်ပေါ်တွင် သဘာဝစွမ်းအင် ပုံစံများ ပေါ်ထွက်နေ၏။ မိုးခြိမ်းသံ အနည်းငယ် ထွက်ပေါ်လာပြီး မိုးကြိုး ဘေးဆိုးကြီး ကျဆင်းသွားမှသာလျှင် တိမ်တိုက် စွမ်းအင်သည် အပြည့်အဝ ဖြစ်ပေါ်လာမည်ကို လုရွှမ် နားလည်လိုက်သည်။