မိုးကြိုးလျှပ်စီးကြောင်း
Vol. 38 Ch. 4.76
"ဟေး ဘာလို့ ရှေ့မှာ ပင်လယ်လို နေရာကြီး ရှိနေတာလဲ?"
သေမျိုး အသွင်ကူးပြောင်းခြင်း ပြီးပြည့်စုံသောကာလမှ အကြီးအကဲသုံးဦး ဦးဆောင်လာသော အဆင့်မြင့် တော်ဝင်အင်ပါယာ တစ်ခုမှ မိသားစုတစ်စုသည် ရှေ့သို့ ပြေးသွားကြသည်။
လုရွှမ် အဂ္ဂိရတ်ဆေး သန့်စင်နေစဥ် အခါက အနီးနားတွင် လေ့ကျင့်နေခဲ့သည်။ သူတို့သည် အံ့ဖွယ်ကောင်းသော မြင်ကွင်းကို မြင်ရမည်ဟု မမျှော်ထားလင့်ဘဲ ပထမဆုံး အပြေးအလွှား လာခဲ့ကြသည်။
လုရွှမ် အနီးတစ်ဝိုက်တွင် အခင်းအကျင်း ပုံစံ အမြောက်အများ ထူထောင်ထားပြီး ဖြစ်၍ ဤမိသားစုသည် ပထမဆုံး တားဆီးခံရသူ ဖြစ်လာခဲ့သည်။
"အားလုံး မလှုပ်နဲ့... ငါတို့ အခင်းအကျင်းထဲကို ရောက်နေကြပြီ"
ခွန်အား မကြီးမားသဖြင့် ထိတ်လန့် တုန်လှုပ်သွားသူမှာ အငယ်တန်း အုပ်စုလေး ဖြစ်သည်။ ၎င်းတို့သည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ အဆင့်၆တွင် ရှိနေသည်။ ၎င်းတို့သည် အခင်းအကျင်း တည်ဆောက်မှုအတွင်း ပိတ်မိနေပြီး အကြီးအကဲများကို စူးရှသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ဓားအလင်းတန်းသည် လေထုအလယ်တွင် ရုတ်တရက် ထွက်ပေါ်လာပြီး ပေါက်ကွဲသံ တစ်ခုနဲ့အတူ အခင်းအကျင်းဟာ ကွဲအက်သွား၏။
လုရွှမ် စိတ်သည် လှုပ်ရှားသွားပြီး ခင်းကျင်းထားသည့် လမ်းကြောင်းဆီသို့ လှမ်းကြည့်လိုက်သည်။
အာဝူး.....!
အကွာအဝေး တစ်ခု၌ ဝံပုလွေအူသံ ရုတ်တရက် ထွက်ပေါ်လာ၍ အသံသည် ဝေးကွာနေသေးသော်လည်း ထူးကဲသော စွမ်းအားများဖြင့် လှိမ့်ဝင်နေ၏။
နတ်ဘုရားအသွင်ပြောင်းဆေးသည် ကိုယ်ခံပညာကို လေ့ကျင့်သူများအတွက် အသုံးဝင်သော်လည်း ၎င်းသည် ဝိညာဉ်သားရဲများအတွက် ပို၍ပင် ဆွဲဆောင်နိုင်စွမ်း ရှိလေသည်။
သားရဲခန်းမမှ ဝိညာဉ်သားရဲများ တညီတညွတ်တည်း အော်ဟစ်ရုံသာမက တောင်များနှင့် သစ်တောများ အတွင်းမှ ဝိညာဥ်သားရဲများသည် လုရွှမ်ဆီသို့ တစ်ကောင်ပြီး တစ်ကောင် ဝိုင်းအုံလာကြသည်။
သားရဲခန်းမရဲ့ ခန်းမသခင် ဟယ်ချောင်က သူ့ဘေးနားက ဝိညာဥ်သားရဲကို ဂရုတစိုက် နှစ်သိမ့်ပေးလိုက်။ ဒါက ပျံသန်းနေတဲ့ နဂါးတစ်ကောင် ဖြစ်ကာ တိုက်ခိုက်ရေး အင်အားသည် အသွင်ပြောင်းခြင်း နယ်ပယ် ပြီးပြည့်စုံမှု ကာလထက် သာလွန်နေသေးပြီး သူသည် တိုက်ပွဲတွင် အကောင်းဆုံး အဖော်ဖြစ်သည်။
"လူကြီးမင်း... သူတော်စင်တစ်ပိုင်း ဝိညာဉ်သားရဲတွေ ရောက်လာပုံပဲ"
ယခုတစ်ကြိမ်တွင် သားရဲခန်းမမှ အဖွဲ့သည် သူတော်စင်တစ်ပိုင်း သုံးဦးကို စေလွှတ်ခဲ့သည်။ အဂ္ဂိရတ်ပညာရှင် အဖွဲ့နှင့် ဆေးဥယျာဥ်တို့နှင့် နှိုင်းယှဉ်ပါက သားရဲခန်းမသည် တစ်ချိန်က အဓိကဂိုဏ်းခြောက်ခု အနက်မှ တစ်ခု ဖြစ်ခဲ့သည်။
ဂိုဏ်းကြီးများ ပြိုကျပျက်စီးပြီးနောက် သားရဲခန်းမသည် ၎င်း၏အရှိန်အဟုန် အလွန် လျော့ကျသွားသော်လည်း ယခုအခါ ဆေးဥယျာဉ်၊ အဂ္ဂိရတ်ပညာရှင် နှင့် အခင်းအကျင်း ပညာရှင်အဖွဲ့ တို့နှင့် ချိတ်ဆက်ထားသော်လည်း ၎င်း၏စွမ်းအားသည် အခြားသော အဖွဲ့များထက် ပိုမိုမြင့်မားနေဆဲ ဖြစ်သည်။
"သူတော်စင်တစ်ပိုင်းက ဝိညာဥ်သားရဲ တစ်ကောင်လား? ဟာဟား... ငါ့ရဲ့ တပည့်လေးက ဝိညာဥ်သားရဲတစ်ကောင် ပျောက်နေတာနဲ့ အတော်ပဲ"
မိုးကြိုးဘေးဒဏ်ကြီး နောက်ဆုံးတော့ ရောက်လာပြီ။
ကောင်းကင်နှင့် မြေကြီး၏ အရောင်သည် ပြောင်းလဲသွားသော်လည်း ပတ်ဝန်းကျင် ဧရိယာသည် ကြည်လင်ပြီး အပြာရောင် ရှိနေဆဲဖြစ်ပြီး လုရွှမ်အပေါ်က ကောင်းကင်ယံမှာ တိမ်မည်းများ ဖုံးလွှမ်းနေခဲ့သည်။
နောက်တစ်ခုက အလင်းတန်း တစ်ခုပြီးတစ်ခုဟာ အမှောင်ယံ တိမ်တိုက်ထဲမှာ ပြေးနေတဲ့ မြွေကြီးတွေနဲ့ တူနေတော့သည်။ မကြာခဏ ပေါ်လာပြီး တုန်လှုပ်စရာ ကောင်းတဲ့ စွမ်းအားတွေပါ ထွက်လာလေ၏။
ကျယ်လောင်သော အသံများကြားတွင် လျှပ်စီးကြောင်းတစ်ခုသည် အလျားလိုက် ထိုးကျလာသည်။ အရှိန်က အလွန်မြန်ပြီး နတ်ဘုရားအသွင်ပြောင်း ဆေးထဲသို့ စိမ့်ဝင်သွားသည်။
ဆေးလုံးသည် လျှပ်စီးကြောင်း၏ စွမ်းအားကို စုပ်ယူလိုက်ရာ လျှပ်စီးကြောင်းနှင့် ဆေးလုံး၏ မျက်နှာပြင်ပေါ်ရှိ ပုံစံသည် တရွေ့ရွေ့ မြန်လာသည်။
လုရွှမ်၏ နှလုံးခုန်သံသည် လျင်မြန်စွာ တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်နှင့် မြေကြီး၏ စည်းချက်ကို သူ့နှလုံးသားဖြင့် ခံစားလိုက်သည်။ ဒီအချိန်မှာ သူ့စိတ်က လျှပ်စီးအရောင်နဲ့ အာရုံထွေပြားနေမှု မရှိပေ။
အကယ်၍ တစ်စုံတစ်ယောက်သာ ဤနေရာတွင် ရှိနေပါက နတ်ဘုရားအသွင်ပြောင်းဆေး ပေါ်ရှိ တောက်ကျင့်ကြံမှု ပုံစံ စာသားများ လုရွှမ်၏ ခန္ဓာကိုယ်ထဲသို့ ဖြည်းညှင်းစွာ ပေါင်းစပ်သွားသည်ကို တွေ့နိုင်မည် ဖြစ်သည်။
ကျောက်စိမ်းထဲမှာတော့ ကျီးကန်းက လုရွှမ်ရဲ့ အပြုအမူကို ကြည့်ပြီး ရယ်လိုက်၏။
"ဒီကလေးက နည်းနည်းတော့ ထက်မြက်သားပဲ... တောက်ကျင့်ကြံမှုရဲ့ အခြေခံ သဘောတရားတွေကို နားလည်ဖို့ အခွင့်အရေးကို ဘယ်လိုယူရမလဲ ဆိုတာ သိတယ်... ကလေးမလေး မင်းလည်း လာသင်ယူလှည့်!"
ကလေးမလေးသည် ကျောက်စိမ်းပြားဆီသို့ အလျင်အမြန် ရောက်လာပြီး ထိတ်လန့်သွားသည်။
သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ နိယာမစွမ်းအင် ပုံစံသည် ပို၍ပို၍ လေးနက်လာပြီး သူမ၏ စိတ်နေစိတ်ထားသည်လည်း တဖြည်းဖြည်း ပြောင်းလဲလာသည်။ ပကတိမျက်စိဖြင့် ပိုင်းခြားနိုင်သော နယ်ပယ်သည် အရှိန်အဟုန်ဖြင့် တိုးလာခဲ့သည်။
နောက်ထပ် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြီး လုရွှမ် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။
ဆေးလုံးသည် မတုန်လှုပ်တော့ဘဲ ဆေးလုံးပေါ်ရှိ မိုးခြိမ်းသံများလည်း ပျောက်ကွယ်သွားခဲ့ပြီ။ လုရွှမ် ဆေးလုံးကို သူ့လက်ဖဝါးထဲ ကိုင်ထားလိုက်သည်။
"ကောင်လေး လက်လွှတ်လိုက်!"
ခပ်နိမ့်နိမ့် ကြွေးကြော်သံသည် သူ့ခေါင်းထိပ်မှ ထွက်ပေါ်လာ၏။ ၎င်းသည် သူတော်စင်တစ်ပိုင်း ကျင့်ကြံသူ ဖြစ်တာကို မြင်လိုက်ရတော့ လုရွှမ်လည်း မျက်မှောင်ကြုတ်သွားတော့သည်။
ထိုလူက လေထဲတွင် မထင်မှတ်ဘဲ ပေါ်ထွက်လာကာ လက်ဝါးကြီးဖြင့် လုရွှမ်ကို လှမ်းဖမ်းလိုက်လေသည်။
လက်ဖဝါးပေါ်ရှိ အသွင်အပြင်များသည် တကယ့် သူတော်စင် လက်ဖဝါးနှင့် အတိအကျနီးပါး ရောယှက်နေကာ ပြင်းထန်သော စွမ်းအားနှင့် နတ်ဆိုးတစ်ကောင်လို ပြသနေသည်။
လုရွှမ် ခဏတာမျှ အသက်ရှု ကြပ်သွားသလို ခံစားလိုက်ရ၏။ သူ့ခန္ဓာကိုယ်သည် ကျောက်တုံးများဖြင့် ဖိသိပ်ခံထားရသလို လှုပ်ရှားရန်ပင် ခက်ခဲလာသည်။
သူတော်စင်တစ်ပိုင်း ဆရာကြီးသည် ရတနာကို သိမ်းယူဖို့ လူကို သတ်ပစ်ရန် စိတ်ကူးထားပုံပင်။ လုရွှမ်၏ နှလုံးသားသည် ဒေါသများဖြင့် ပြည့်နှက်လာ၏။ တစ်ဖက်လူသည် သူတော်စင် တစ်ပိုင်းမျှသာ ဖြစ်သည်။
အရင်ကတော့ သူသည် စကားတစ်ခွန်းတည်းဖြင့် တခြားလူရဲ့ သေခြင်းကို ဆုံးဖြတ်နိုင်သော်လည်း ယခုမူကား သူအနိုင်ကျင့် ခံနေရလေပြီ။
ဟမ့်!
လုရွှမ်၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ် စွမ်းအားများ ထွက်လာပြီး သူ့ခေါင်းပေါ်က လက်ဝါးစွမ်းအင်ကို ခံထားလိုက်သည်။
ဝုန်း!
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လုရွှမ်၏ ခန္ဓာကိုယ်သည် တစ်ဖက်သို့ လွင့်ထွက်သွားပြီး သူ့ခေါင်းပေါ်ရှိ လက်ဝါးရယကြီးသည် မြေကြီးထဲသို့ စိမ့်ဝင်သွားလေသည်။
လေလှိုင်းတွေက လှိုဏ်ဂူအတွင်း လှိုင်းလုံးတွေအဖြစ် ရိုက်ခတ်လာတာကြောင့် ဂူတစ်ခုလုံးကိုပင် တုန်ခါသွားစေ၏။ လုရွှမ် လှိုဏ်ဂူထဲမှ အလျင်အမြန် ပြေးထွက်ကာ သူ့နောက်ကျောမှ တောင်ပံများကို မသုံးဘဲ လေထဲသို့ သဘာဝအတိုင်း ပျံသန်းသွားခဲ့သည်။
ယခင်နိယာမ၏ ကောင်းချီးများကို ရရှိပြီးနောက် လုရွှမ်သည် ယခုအချိန်တွင် သူ့ကိုယ်ပိုင် တောက်ကျင့်စဥ်ကို မခံစားခဲ့ရသော်လည်း ကောင်းကင်နှင့် မြေကြီးအပေါ် နားလည်နိုင်စွမ်းမှာ သာမန် သူတော်စင်များထက် သာလွန်နေပြီ ဖြစ်သည်။
ယခုအခါ တောက်ကျင့်စဥ်၏ ကောင်းကင်မြေကြီး အကူအညီဖြင့် ပျံသန်းဖို့ စိတ်ကူးထားရုံ သက်သက်ပဲ ဖြစ်သည်။
ကောင်းကင်ယံ၌ အဘိုးအိုတစ်ဦးသည် လေထုထဲတွင် ရပ်တန့်နေပြီး လုရွှမ်ကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
"ကောင်လေး... ဆေးလုံးကို လွှဲပေးလိုက် ငါမင်းအသက်ကို ချန်ထားပေးနိုင်တယ်!"
လုရွှမ်က ရယ်မောကာ အဘိုးအိုကို လှည့်ကြည့်ရင်း
"မင်းက အဂ္ဂိရတ်ပညာ အဖွဲ့ကမလား?"
သူ့စိတ်ထဲတွင် သိထားသလို တစ်ဖက်က အမှန်ပင် အဂ္ဂိရတ်ပညာရှင် တစ်ယောက် ဖြစ်သည်။ သူသည် ဆေးလုံး အကြောင်းကို အနက်ရှိုင်းဆုံး နားလည်ထားပြီး သူရောက်လာသည်မှာ သဘာဝကျကျ ပထမဆုံး ဖြစ်လေ၏။
"ဒီကတောက်မိတ်ဆွေ.... မင်း ဘာဆေးလုံးကို သန့်စင်ခဲ့တာလဲလို့ မေးလို့ ရမလား? အဲဒါက ကောင်းကင်နဲ့ မြေကြီးကို ရူပါရုံကိုတောင် ဖြစ်ပေါ်စေခဲ့တယ်လေ"
ဆိုသံနဲ့အတူ အဘိုးအို နောက်တစ်ယောက်ဟာ ပျံတက်လာခဲ့သည်။ ထိုလူက ပထမပေါ်လာတဲ့ အနက်ရောင်၀တ် အဘိုးအိုနဲ့ ယှဉ်ကြည့်တော့ ဒီအဘိုးအိုက တော်တော်လေး ကြင်နာတတ်တဲ့ မျက်နှာထား ရှိလေ၏။
"ပညာရှင် အချင်းချင်းရဲ့ အရည်အချင်းကို ကြည့်လိုက်ရင် ဒီအဘိုးကြီးထက်တောင် ဝေးပါသေးတယ်... မင်းဘာလို့ ငါတို့ရဲ့ အဂ္ဂိရတ်ဆရာအသင်းမှာ မပါဝင်တာလဲ? ငါတို့ရဲ့ အဂ္ဂိရတ်ပညာရှင် အဖွဲ့ရဲ့ အရင်းအမြစ်တွေက ခိုင်ခိုင်လုံလုံနဲ့ ပံ့ပိုးပေးနိုင်မယ်လို့ ယုံကြည်တယ်.... မကြာခင်မှာ သူတော်စင်တစ်ပိုင်း ဖြစ်လာနိုင်သလို သူတော်စင်တွေနဲ့လည်း အနီးဆုံးမှာ နေနိုင်မယ်"
အခြား သူတော်စင်တစ်ပိုင်း လူတစ်ယောက်ပါ ရောက်လာပြီး သူတို့သုံးယောက်သည် လုရွှမ်ကို တြိဂံတစ်ခုအဖြစ် ဝန်းရံထားလေသည်။
"ငါက မပါဝင်ချင်ဘူး ဆိုရင်ရော ဒါမှမဟုတ် ဒီဆေးကို မလွှဲပေးချင်ဘူး ဆိုရင်ရော ဘာလုပ်မှာလဲ?"
နောက်ဆုံးတော့ ဒီဆေးကြောင့် ဆိုတာ သိထားတဲ့ လုရွှမ်က လှောင်ပြောင်ပြီး သူ့သဘောထားကို တိုက်ရိုက် ထုတ်ပြလိုက်၏။ ထိုအခါ အနက်ရောင်ဝတ် အဘိုးအိုက
"မင်းလက်မလွှဲပေးရင်တော့ သွားသေလိုက်တော့"
ကျန်နှစ်ယောက်က စကားမပြောသော်လည်း ပါးပြင်ပေါ်တွင် အနည်းငယ် အေးစက်သော လေထုများကို ထုတ်လွှတ်လျက် ရှိလေသည်။
လုရွှမ် ရုတ်တရတ် ခေါင်းကို ပင့်မြှောက်၍ လက်ဖဝါးမှ တစ်ဆင့် လျှပ်စီးကြောင်းကို ထုတ်လွှတ်၍ အဘိုးအိုဆီသို့ တိုက်ရိုက် ပစ်လွှတ်လိုက်ပေသည်။
"ဒီဆေးလိုချင်ရင် ယူနိုင်မလား ဆိုတဲ့ မင်းတို့ရဲ့ ခွန်အားပေါ်မှာ မူတည်တယ် မဟုတ်လား?"
"ဒီကောင်လေးက စက်ဆုပ်စရာပဲ!!"
အဘိုးအိုက အံ့အား သင့်သွားခဲ့သည်။ လုရွှမ် ဒီလောက်မြန်မြန်နဲ့ သူ့ကို တိုက်ခိုက်လာမယ်လို့ မမျှော်လင့်ဘဲ အမြန် ရှောင်ထွက်သွားသည်။
အခြားဂိုဏ်းများ၊ အဖွဲ့များနှင့် နှိုင်းယှဥ်ပါက အဂ္ဂိရတ်ပညာရှင် အဖွဲ့မှ လူတိုင်းသည် အဂ္ဂိရတ်ပညာ အတွက်သာ ဇောက်ချလုပ်ကိုင်ကြပြီး ၎င်းတို့၏ တကယ့်တိုက်ပွဲ စွမ်းရည်မှာ အောက်ခြေတွင်သာ ရှိသည်ဟု ဆိုနိုင်သည်။
သူတော်စင်တစ်ပိုင်း ဖြစ်သော်ငြားလည်း ဤလျှပ်စီးကြောင်းကို ခံနိုင်ရည်ရှိမည် မဟုတ်ကြောင်း အဘိုးကြီးမှာ ကောင်းကောင်း သိလေသည်။
လုရွှမ် အလွန် သဘောကျသွားသည်။ နတ်ဘုရားအသွင်ပြောင်း ဆေးကို ကိုင်ဆောင်ထားရင်း လျှပ်စီးကြောင်းကို လွှတ်ထုတ်လိုက်သည့် အချိန်တွင် သူ့စိတ်ထဲတွင် စွမ်းအင် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။
ထိုခံစားချက်သည် အားနည်းသော်လည်း လျှပ်စီးကြောင်း ပြေးထွက်သွားတဲ့ အချိန်က ပိုမြန်သည်။
ဒါပေမဲ့ ဒါလောက်နဲ့လည်း လုံလောက်နေပါပြီ။ သူ့လက်ထဲက ဆေးလုံးကို လိုချင်နေတာ မဟုတ်လား? ဒါဆို မိုးကြိုးပစ်ချတာကို အရင် ခံလိုက်ပါဦး။
အရှိန်က အလွန် လျင်မြန်ပြီး သူတို့ သုံးယောက်ကြားတွင် အဆက်မပြတ် လင်းလက်နေသော လျှပ်စီးကြောင်းများက အလျားလိုက် ဖြတ်တောက်သွားသည်။ တုန်လှုပ် ချောက်ချားနေသော ထိုသုံးယောက်သည် ဒေါသတကြီးနှင့် ရှက်ရွံ့စွာ ရှောင်ထွက်သွားကြသည်။
"ကယ်ကြပါ!"
"သွားသေလိုက်တော့!"
လုရွှမ် အနက်ရောင်ဝတ် အဖိုးအိုကို ပြင်းထန်စွာ ကန်ထုတ်ပြီး သူ့ကို လျှပ်စီး လက်ချက်ဖြင့် ကစ်ထုတ်လိုက်တော့သည်။