လိမ်လည်လှည့်စားမှု
Vol. 38 Ch. 4.79
သူတော်စင်တစ်ပိုင်း ဖြစ်လာအောင် ကျင့်ကြံနိုင်သူများသည် အခြားသူများထက် သဘာဝအားဖြင့် ပိုမိုထက်မြက်ကြသည်။ လုရွှမ်သည် ယခု မောက်မာနေသော်လည်း မီးနှင့်ကစားနေသည်ကို တွေ့နိုင်ပြီး နောက်ဆုံးတွင် အားလုံးကို မီးရှို့ပစ်မှာ ဖြစ်သည်။
ကောင်းကင်မိုးကြိုးက မည်မျှ တန်ခိုးကြီးသည်ကို တစ်ချက် ကြည့်လိုက်လျှင်ပင် ရှင်းရှင်းလင်းလင်း သိသာလှသည်။
တစ်စုံတစ်ယောက်သည် လျှို့ဝှက်စွာ ရေတွက်ခဲ့ရာ မိုးကြိုးဟာ ၁၅ချက်တိတိ ပစ်ချခဲ့ပြီးပြီ။ တစ်ချက်စီသည် ယခင် အကြိမ်များထက် ပို၍ ပြင်းထန်သည်။ သူ့ရှေ့ရှိလူသည် မည်မျှပင် တန်ခိုးကြီးသည် ဖြစ်စေ ထိုကဲ့သို့သော မိုးကြိုးဒဏ်ကိုတော့ ခုခံနိုင်စွမ်း မရှိပေ။
အခင်းအကျင်း အတွင်း ပုန်းလျှိုးကွယ်လျှိုး နေကာ သူတော်စင်တစ်ပိုင်း သခင်များသည် ထိတ်လန့်သွားသော်လည်း သူတို့၏ နှလုံးသားထဲတွင် လေးမြတ်မှု အနည်းငယ်ကိုပင် မခံစားနိုင်ကြပေ။ တပည့်အားလုံး၏ အမြင်တွင် အပြင်ကလူသည် နတ်ဘုရားနှင့်ပင် တူနေ၏။
မိုးခြိမ်းသံအောက်တွင် ကျင့်ကြံမှုအခြေခံကို ဖုံးကွယ်ထား၍ မရပေ။ ၎င်းသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က ဖြစ်ပြီး လက်ရှိ ရောက်ရှိနေသူတိုင်းသည် ၎င်းထက်ပိုမိုအားကောင်းသော်လည်း တိုက်ခိုက်ရေး စွမ်းအားအရ လူတိုင်းက ရှက်နေကြရပါသည်။
လူတွေဟာ သူတို့ကိုယ်သူတို့ အကြောင်းပြချက် ကောင်းကောင်းရှာဖို့ အမြဲလိုလို နည်းလမ်းတွေ စဥ်းစားထားတတ်ကြပြီး လုရွှမ်ရဲ့ နတ်ဘုရားအသွင်ပြောင်းဆေးက တစ်ခုတည်းသော ရှင်းပြချက် ဖြစ်လာသည်။
လုရွှမ် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတဲ့ သုံးရောင်ရှိ နတ်ဘုရားအသွင်ပြောင်းဆေးကို မြင်လိုက်တိုင်း တုန်လှုပ်နေဆဲဖြစ်ပြီး သူတို့ဟာ ဒီမှော်ဆေးလုံးရဲ့ အကြောင်းရင်းကို သဘာဝကျကျ သိလိုကြသည်။
အဲဒါက ဘယ်လို မှော်ဆေးလုံး အမျိုးအစားလဲ?
သဘာဝ ကပ်ဆိုးကြီးကို အမှန်တကယ် ဆွဲဆောင်နိုင်ခဲ့တာ သေချာပေါက် ကောင်းကင်ကို တက်လှမ်းနိုင်တဲ့ ရတနာပဲ။ သူတို့သာ ရလိုက်ရင် ခွန်အားတွေ လျင်မြန်စွာ ကြီးထွားလာမယ်။ သူ့အရွတ်တွေကို သန့်စင်ပြီး ရိုးတွင်ခြင်ဆီအထိ ဖြတ်သွားမယ်။
ဒီလိုဆို သူတို့ရဲ့ အနာဂတ် အောင်မြင်မှုတွေက အကန့်အသတ်မရှိ ဖြစ်လာလိမ့်မယ်။
လုရွှမ်သည် လူအုပ်ကြီး၏ လှုပ်ရှားမှုများကို ကြည့်ရင်း လှည့်ပတ် ကြည့်ရှုနေသည်။ လူတိုင်း၏ မျက်လုံးထဲတွင် လှောင်ပြောင်ခြင်းနှင့် လောဘကြီးခြင်းများကို သဘာဝအတိုင်း မြင်နေရသဖြင့် သူ့အား ဘာမှမလုပ်နိုင်သေးလို့ သူ့စိတ်ထဲတွင် ကြည်နူးနေမိသည်။
ဟုတ်တယ် လက်ရှိ မိုးကြိုးမုန်တိုင်းကို ခံနိုင်ရည် မရှိမှန်း သူကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ အဲဒါကို ခံနိုင်ရည်ရှိဖို့ မလိုတော့ပါဘူး။ ဘယ်သူ ယူချင်လဲ? လာယူသွားလိုက်လေ!
လုရွှမ် ထိုဆေးလုံးကို ပစ်ထုတ်လာမည်ဟု လူအုပ်ထဲမှ မည်သူမျှ မမျှော်လင့်ထားပေ။ ထိုကဲ့သို့ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ ရတနာများနှင့် အံ့ဖွယ်ဆေးများကို သေသည်အထိ စွန့်ပစ်ရန် ငြင်းဆန်နေမည် မဟုတ်ပေလော။
မိုးကြိုးဘေးဆိုးကြီး အပြီးတွင် နတ်ဘုရားအသွင်ပြောင်းဆေးသည် အလွန် အဖိုးတန်သော်လည်း ယခုအခါ ၎င်းသည် အသက်အန္တရာယ်ရှိသော မှိုတစ်ခုသာ ဖြစ်သည်။ ဆေးကို ရချင်ရင် ကောင်းကင် မိုးကြိုး ပစ်ချတာကို အရင်ဆုံး ခံနိုင်ရည် ရှိရမယ်လေ။
ခပ်ဂေးဝေး၌ ဝိညာဥ်သားရဲတို့သည် ပုန်းအောင်း နေကြကုန်၏။ ကောင်းကင် မိုးခြိမ်းသံက သူတို့ကိုယ်ခန္ဓာ၏ သဘာဝ စွမ်းရည် အတွင်းသို့ ထိုးဖောက် ဝင်ရောက်၍ အဆုံးမရှိ တုန်လှုပ်စေလို့ ဘယ်သူမှ အနားမကပ်ရဲပေ။
လုရွှမ် နတ်ဘုရားအသွင်ပြောင်းဆေးကို အခင်းအကျင်း ပညာရှင်အဖွဲ့ဆီသို့ ပစ်ထုတ်ပေးလိုက်ရခြင်း၏ အကြောင်းပြချက်မှာ သူတို့ကို မပျော်စေလိုသောကြောင့် ဖြစ်သည်။
တခြား နည်းလမ်းများ ရှိပါက လုရွှမ်သည်လည်း ဆေးလုံးကို မစွန့်ပစ်ချင်ပါ။ ယခုအချိန်တွင် ကောင်းကင်မိုးကြိုးက အစွမ်းထက်သော်လည်း ဆေးလုံးမှ စုပ်ယူထားသော နည်းလမ်းများနှင့် အခြေခံမူ တချို့ကြောင့် သူသည် ခဏမျှ ထိန်းထားနိုင်မည် မဟုတ်ပေ။
ဒါပေမဲ့ နောက်ထပ် အကြိမ်အနည်းငယ် တားဆီးနိုင်မှု ခွန်အား သူ့မှာ မရှိတာကြောင့် တခြားသူတွေကို မင်္ဂလာဝတ်စုံတွေ ပေးဝတ်လိုက်တာပင်။ သူ့ရဲ့ခွန်အားကို ထိန်းထားပြီး မှော်ဆေးလုံးကို ပြန်မဖမ်းမိခင် ခဏလောက်စောင့်တာက ပိုကောင်းပါ၏။
"အားလုံး... မြန်မြန်သွားကြ"
အခင်းအကျင်း ပညာရှင်အဖွဲ့မှ သူတော်စင်တစ်ပိုင်း အကြီးအကဲက လုရွှမကို ဗီလိန်တစ်ယောက်ဟု တိတ်တဆိတ် သတ်မှတ်ထားတာကြောင့် အော်ဟစ် ပြောလိုက်သည်။
နတ်ဘုရားအသွင်ပြောင်းဆေး ပျံသန်းလာပေမယ့် သူနဲ့အတူ ကောင်းကင်မိုးကြိုးကိုပါ ခေါ်ဆောင်လာခဲ့တာလေ။ သူတို့ရဲ့ အခင်းအကျင်းက တားဆီးနိုင်မလား မသေချာရာ ဘယ်လိုသေလို့ သေသွားမှန်းတောင် မသိလိုက်မှာ ကြောက်ရသည်။
ကောင်းကင်ယံမှာ မိုးခြိမ်းသံကို မြင်လိုက်ရတော့ အခင်းအကျင်းထဲက လူတွေဟာ အလွန်အမင်း ထိတ်လန့်သွားပြီး ထိုအကြီးအကဲ မအော်ခင် လှည့်ပတ် ပြေးထွက်သွားကြပြီးပြီ။
ပေါက်ကွဲသံများနှင့်အတူ ကောင်းကင်ယံမှ မိုးခြိမ်းသံများ ကျဆင်းလာသည်။ ဤသည်မှာ နှစ်ဆယ့်လေးခုမြောက် မိုးကြိုးဖြစ်ပြီး အရှိန်ဖြစ်စေ စွမ်းအားဖြစ်စေ ယခင်ထက် ပိုကြောက်စရာ ကောင်းသည်။
ကောင်းကင်က မိုးခြိမ်းသံဟာ မီတာ ၃၀ အကွာအဝေးအထိ အလင်းရောင် တစ်ခုအနေနဲ့ ဖြာထွက်သွားခဲ့သည်။ မိုးကြိုးပစ်ခံရသော ဧရိယာသည် မမြင်နိုင်သော တွင်းကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
တွင်းနက်ကြီး အပြင်မှာ မြေပေါ်လဲကျပြီး သီသီကလေး လွတ်မြောက်သွားခဲ့ကြတဲ့ လူအနည်းငယ် ရှိပေမယ့် ဉာဏ်မျက်စိ ရှိသူတိုင်းကတော့ ဒီလူတွေဟာ သေတာထက် ပိုဆိုးသွားပြီး အနာဂတ်မှာ တိုးတက်မှု ရှိလာမှာ မဟုတ်ဘူးဆိုတာ နားလည်လိုက်ကြပြီ။
တစ်ချိန်တည်းမှာ သူတို့စိတ်ဝိညာဉ် အားလုံး တုန်လှုပ်သွားကြပြီ။
ဟိုးအဝေးက အငယ်တန်း လူငယ်များကို ဘယ်ညာ လက်တစ်ဖက်စီမှာ ကိုင်ဆောင်ထားတဲ့ သူတော်စင်တစ်ပိုင်း အကြီးအကဲ တစ်ယောက် ရှိ၏။ လျှပ်စီးလက်ပြီး အခင်းအကျင်းကို ဖောက်ထွင်း ဝင်ရောက်ခဲ့ရာ သူတို့သုံးယောက်ပဲ အသက်ရှင် ကျန်ရစ်ခဲ့သည်။
လုရွှမ်လည်း ထိတ်လန့်သွား၏။ ဤလျှပ်စီးကြောင်းသည် သူထင်သည်ထက် ပိုမိုပြင်းထန်လာသည်။ သူကိုယ်တိုင် ခံနိုင်ရည် ရှိရင်တောင် သေမှာ သေချာလေ၏။
အခင်းအကျင်း အတွင်း ပုန်းအောင်းနေသော အခြားလူများ အားလုံးလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်ပြေးသွားကြသည်။ အခုလေးတင် သင်ခန်းစာ ယူခဲ့ရသော လျှို့ဝှက်ဆန်းကြယ်သော နတ်ဆေးလုံးသာ ၎င်းတို့ဆီသို့ ပျံသန်းလာပါက အချိန်မီ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။
လုရွှမ် ကောင်းကင်ကို မော့ကြည့်ရုံမှ တစ်ပါး မတတ်နိုင်ခဲ့။ အချိန်အတော် ကြာနေပြီ ဖြစ်သော်လည်း မိုးခြိမ်းသံက ရပ်တန့်နေ၏။ မိုးကြိုးတိမ်များသည် ကောင်းကင်၌ လွင့်စင်သွားကာ မှိန်ဖျော့သွားသလိုပင်။
မဟုတ်ဘူးလေ။ နောက်ဆုံး မိုးကြိုးသုံးကြိမ် ထပ်ပစ်ရဦးမှာ မဟုတ်ဘူးလား?
လုရွှမ်၏ သံသယများကို လူတိုင်းမြင်ကြရာ အဘယ်ကြောင့်မှန်း မသိဘဲ သူတို့လည်း တစ်ယောက်ကို တစ်ယောက် ကြည့်နေကြလေသည်။
ရုတ်တရက် တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်သည် ရွေ့လျားသွားပြီး မိုးကြိုးတွင်းဆီသို့ ပြေးထွက်သွားခဲ့သည်။ နောက်တစ်ယောက်ကလည်း အော်ဟစ်ပြီး မိုးကြိုးတွင်းဆီသို့ တစ်ချိန်တည်းမှာ ခုန်ဆင်းသွား၏။
"မိုးကြိုးပစ်တဲ့ ဘေးဆိုးကြီး ပြီးသွားပြီ... လူတိုင်း မြန်မြန်လေး ပြေးယူကြ!!"
လုရွှမ် အသိမိတ်ဆွေ တစ်ဦးကို မထင်မှတ်ပဲ တွေ့လိုက်ရသည်။ မိုးကြိုးတွင်းထဲသို့ ပထမဆုံး ခုန်ဆင်းသွားခဲ့သူမှာ ထျန်မိသားစုမှ ထျန်ချန်ဖြစ်ကာ သူ့အရှိန်က အင်မတန် မြန်လွန်းလှသည်။
လုရွှမ်ကတော့ ကိုယ့်သေလမ်းကို ရှာတဲ့ သူ့အတွက် တိတ်တဆိတ်ပဲ အမွှေးတိုင် ထွန်းပေးလိုက်ပါပြီ။
အကြောင်းပြချက်ကို သူတွေးထားပြီးသားလေ။ နတ်ဘုရားအသွင်ပြောင်းဆေးက မိုးကြိုးဘေးဥပဒ်ကို ဖြစ်ပေါ်စေရန် အတွက် သိုင်းပညာရှင်များ၏ စွမ်းအင်ကို လိုအပ်ကောင်း လိုအပ်နိုင်ပြီး သိုင်းပညာရှင်အား ပြန်လည်ပေးအပ်သည့် အရာသည် သဘာဝအားဖြင့် တောက်ကျင့်စဥ် နိယာမပုံစံဖြစ်သည်။
သိုင်းပညာရှင်၏ စွမ်းအင်များ ပေါင်းစည်းခြင်းမရှိဘဲ နောက်တစ်ကြိမ် မိုးကြိုးပစ်ခြင်း ဘေးဆိုးသည် သဘာဝအတိုင်း ဖြစ်လာမည် မဟုတ်ပေ။ သို့သော် ထျန်ချန်သည် ရှေ့သို့ အလျင်စလို လျှောက်လာသူ ဖြစ်ပြီး တခြားလူနှင့် သူ့ကိုယ်သူပဲ အန္တရာယ်ပြုမိမှာကို ကြောက်ရသည်။
ဒါပေါ့။ ကောင်းကင်မှာ မိုးကြိုး တိမ်တိုက်တွေဟာ ရုတ်တရက် ပြန်လည်စုဝေးလာ၍ ပေါက်ကွဲသံနဲ့အတူ မိုးကြိုးလျှပ်စီးကြောင်း တစ်ခု ထိုးကျလာခဲ့သည်။
ယခင်မိုးခြိမ်းသံနှင့် နှိုင်းယှဉ်ပါက ယခုတစ်ကြိမ်၏ စွမ်းအားသည် ပို၍ပင် အားကောင်းလာသည်။ မီတာ ၁၀၀ နီးပါး အချင်းဝက်ရှိတဲ့ လောကတစ်ခွင်ကို လွှမ်းခြုံထားတဲ့ စွမ်းအင်က ကောင်းကင်မှာ အလင်း တဖျပ်ဖျပ် ခတ်လျက် ဆင်းသက်လာ၏။
ဝုန်း!
ကျောက်စရစ်များ ပြိုကျ ပျံတက်သွားကာ ယခင်က ဖြစ်ပေါ်ခဲ့သော ကျောက်စရစ် တွင်းများသည် ယခုအချိန်တွင် မုန်တိုင်းငယ် အဖြစ်သို့ ပြိုကျလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ပထမတွင်းကြီး ပျောက်ကွယ်သွား၍ ရှုခင်းသည် သိသိသာသာ ပြောင်းလဲသွားသည်။
တစ်ချက်မျှပင် အသံမထွက်နိုင်ခဲ့ဘဲ မီတာတစ်ရာ အတွင်းမှ လူတိုင်း ချက်ချင်း သေဆုံးသွားကြသည်။
ရုတ်တရက် အော်ဟစ်သံနဲ့အတူ လူတစ်ယောက် လေထဲသို့ ပျံတက်သွားပြီး နောက်ပြန် လှည့်မကြည့်တော့ဘဲ လာရာလမ်းအတိုင်း ပြန်ပြေးတော့၏။
မည်သူမျှ သူ့ကို မရယ်မောကြဘဲ ထွက်ခွာရမည်လား သို့မဟုတ် ဆက်နေရမည်လားဟု ဝေခွဲမရစွာ ဖြစ်နေကြသည်။
မြင့်မြတ်တဲ့ အကြီးအကဲတွေ တစ်ယောက်မှ ထွက်မသွားကြချေ။ သူတို့ အများကြီး စတေးပြီးပြီမို့ ဒီအတိုင်း ထားခဲ့ဖို့ လုံးဝ မဖြစ်နိုင်ဘူးလေ။
ထိုစဥ် လုရွှမ်ရဲ့ ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး မိုးကြိုးတွင်းဆီသို့ ပြေးသွားခဲ့သည်။
"ကောင်လေး... မင်းလုပ်ရဲလားကွ!"
လူတိုင်းက လုရွှမ်ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နေကြပြီး သူ ရှေ့ကို ပြေးထွက်သွား လိုက်ချိန်မှာတော့ သူတော်စင်တစ်ပိုင်း ပညာရှင် တစ်ယောက်ကလည်း ပြေးထွက်လာကာ လုရွှမ်ကို ပြန်ကန်ထုတ်လိုက်သည်။
ယခင် မိုးကြိုးပစ်ခတ်မှုကို မြင်ပြီးနောက် လူတိုင်း စဥ်းစားနိုင်ခဲ့သော အရာမှာ ဒါတွေအားလုံးက လုရွှမ်ရဲ့ အကြံအစည် ဖြစ်ကြောင်း ဆုံးဖြတ်ချက် ချနိုင်ခဲ့ကြခြင်းပင်။
နောက်ထပ် မိုးကြိုးဘေးတစ်ခု ရှိတယ်ဆိုတာ သူ အချိန်အတော်ကြာ သိထားပြီးတော့ အလွန်အန္တရာယ် များတဲ့အတွက် ဆေးလုံးကို ပစ်ချလိုက်တာပဲ ဖြစ်လိမ့်မည်။
မိုးခြိမ်းသံ ဘေးဆိုးကြီးပြီးရင် ဘယ်သူမှ ဘာမှ မလုပ်ရဲကြဘူး။ ဒါက သူ့အတွက် နတ်ဆေးလုံးကို ခိုးယူဖို့ အကောင်းဆုံး အချိန်ပဲလေ။
လုရွှမ်ကို ကန်ထုတ်ပြီးနောက် သူတော်စင်တစ်ပိုင်း သိုင်းပညာရှင်က လုရွှမ်ကို ဂရုမစိုက်တော့ဘဲ လုရွှမ်တစ်ယောက် လှည့်ကွက်များ မရှိနိုင်တော့ဘူးဟာ ထင်ကာ မိုးကြိုးတွင်းဆီသို့ ပြေးသွားခဲ့သည်။
ပူပြင်းသော တွင်းအထက်ရှိ ကောင်းကင်ယံတွင် သုံးရောင်ခြယ် နတ်ဆေးလုံးသည် အံ့ဖွယ်ကောင်းစွာ လွင့်မျှောနေကာ အနည်းငယ် ကွေ့ကောက်ကာ စီးဆင်းနေသော လှိုင်းလုံးကြီးဖြင့် ဖော်မပြနိုင်လောက်အောင် လှပလွန်းနေလေသည်။