ဘယ်သူက ပိုပါးနပ်မလဲ
Vol. 38 Ch. 4.80
ထိုသူတော်စင်တစ်ပိုင်း ကျင့်ကြံသူသည် သူ့လက်ထဲ ဆေးလုံးကို ကိုင်ပြီး ပြေးထွက်သွားလေ၏။
သို့သော် ရုတ်တရက် သူ့လက်ထဲက ဆေးလုံးက လှုပ်လာတာကို ခံစားလိုက်ရပြီး အံ့အားသင့်သွားကာ ကောင်းကင်ကို မော့ကြည့်လိုက်တော့ တောက်ပတဲ့ အဖြူရောင် အလင်းတန်းတစ်ခု ကောင်းကင်ကနေ ထိုးကျလာခဲ့တော့သည်။
သူ မလှုပ်နိုင်တော့ပေ။ နောက်ဆုံး အတွေးထဲကို ရောက်လာခဲ့တဲ့ စကားလုံးကတော့ သူ လှည့်စားခံရပြန်ပြီ!
အဖြူရောင် အလင်းရောင်သည် ပြိုးပြိုးပြက်ပြက်နှင့် ကြောက်မက်ဖွယ် ကောင်းလှသည်။ အဖြူရောင် အလင်းရောင် မှိန်ဖျော့သွားပြီးနောက် လူတိုင်း ကြောက်လန့်နေသော ကလေးများကဲ့သို့ နောက်သို့ အသည်းအသန် ထွက်ပြေးကြသည်။
ဤတစ်ကြိမ်တွင် ကောင်းကင်ယံ၌ မိုးခြိမ်းသံသည် ပိုမိုပြင်းထန်လာပြီး မိုင်ဝက်အကွာအဝေးကို ဖြတ်ကျော် ဝင်ရောက်လာခဲ့သည်။ လူတစ်ယောက်အပေါ် တိုက်ရိုက် ပစ်ချလိုက်သောကြောင့် ယခင်ကလို တွင်းနက်ကြီး ဖြစ်မလာခဲ့ပေ။
အသက်ရှင်နေသေးသော သူများသည် လုရွှမ်ကို ထိတ်လန့်စွာ ကြည့်နေကြပြီး သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အလင်းရောင်များ ပြင်းထန်စွာ တောက်ပနေ၏။ ဒီလိုလူဟာ ထူးထူးခြားခြား ဉာဏ်ရည်ဉာဏ်သွေးနဲ့ ခွန်အားတွေ ရှိပြီး သူ့ကို စော်ကားမိရင် တကယ်ပဲ ရလဒ်ကောင်းတွေ ရလာမှာ မဟုတ်ချေ။
လူတိုင်းရဲ့ နှလုံးသားတွေက လွင့်မျောနေသလိုပဲ တချို့လူတွေက အလွန်အမင်း ကြောက်လန့် တုန်လှုပ်နေကြ၏။ သူတို့ရှေ့က အခြေအနေ အောက်မှာတော့ မကြောက်တဲ့သူ ဘယ်သူမှ မရှိဘူးလေ။
လုရွှမ်ရဲ့ နှုတ်ခမ်းထောင့်စွန်းက လှောင်ပြောင်သံ တစ်ခု ထွက်ပေါ်လာပြီး သူဟာ လူတိုင်းအတွက် ပို၍ပို၍ လျှို့ဝှက် ဆန်းကြယ်လာခဲ့သည်။ သူတော်စင်တစ်ပိုင်း သခင်တစ်စုပင်လျှင် မည်သူမျှ အလျင်စလို မပြေးဝံ့ချေ။
လူတိုင်းက လုရွှမ်ကို သူတော်စင်တစ်ပိုင်းကို သတ်နိုင်သူလို့ သူတော်စင်တစ်ပိုင်းနဲ့ တန်းတူပဲလို့ မှတ်ယူနေကြပြီ ဖြစ်သည်။
လူသိပ် မကျန်တော့ပါ။ အားလုံးနီးပါးက တပ်ဖွဲ့ကြီးတွေက လာတဲ့ အင်အားကြီးသူတွေသာ ကျန်ရစ်ကာ မြို့ထောင်ချီမဟာမိတ်၊ တော်ဝင်အင်ပါယာတွေက လာတဲ့ လူတွေအားလုံး သေကြေ ဒဏ်ရာရနေကြပြီ။
လုရွှမ်သည် လူအုပ်ထဲတွင် ယန်ရှီး၊ ကျိုးကျိုး၊ ထျန်ကျွင့်နမ်နှင့် စွင်းလင်တို့ကို တွေ့လိုက်ရသည်။ ထိုလူများ၏ မျက်လုံးထဲတွင်လည်း အံ့ဩ တုန်လှုပ်နေကြောင်း အလွန်ထင်ရှားလှသည်။
လုရွှမ်၏ အကြည့်ကို မြင်လိုက်ရသည်နှင့် တစ်ဖက်လူကို မကြည့်ဝံ့ဘဲ ခပ်မြန်မြန် ခေါင်းငုံ့ကြသည်။
"အားလုံးပဲ... ဒီနတ်ဘုရားအသွင်ပြောင်း ဆေးလုံးကို ငါ သန့်စင်ထားတာ... အခု ငါအဲဒါကို ပြန်ယူချင်တယ်... မင်းတို့မှာ ကန့်ကွက် ချင်တာရှိလား"
လုရွှမ် အသံလွင့်လိုက်သည်။ သူ့အသံက ကျယ်လောင်ပြီး အာရုံစူးစိုက်မှုရှိတဲ့ သတ္တဝါအားလုံးကို ငုံ့ကြည့်လိုက်ရင်း ရောက်လာတဲ့ လူတွေကို လုံးဝ ဂရုမစိုက်သည့်ပုံပင်။
ခဏကြာတဲ့အထိ ဘယ်သူကမှ စကားမပြောလာကြပေ။
လုရွှမ် မနှေးမမြန်သော အရှိန်ဖြင့် တိမ်မြုပ်နေသော နေရာကို တဖြည်းဖြည်း ချဉ်းကပ်လာသည်။ ယခုအခိုက်အတန့်တွင် ဤနေရာ၌ ရေအိုင်တစ်ခု ဖြစ်ပေါ်လာပြီး မြေအောက်ရေများ တက်လာပြီး ဝိညာဉ်စွမ်းအင် လှိုင်းလုံးများပါ လျှံထွက်ကာ တဒုန်းဒုန်း ခုန်နေသည်။
မကြာသေးမီက ဤနေရာသည် မြုံနေသော တောင်တစ်လုံး ဖြစ်ခဲ့သော်လည်း ယခုအခါ ၎င်းသည် ရေကန်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ အင်ပါယာအတွင်းရှိ အချို့သော အင်အားစုများထက်တွင်ပင် ဤနေရာသည် သန့်စင်ပြီး ကြွယ်ဝသည်ဟု ထင်ထင်ရှားရှား ခံစားနိုင်မည် ဖြစ်သည်။
အချိန်တိုအတွင်း ဤနေရာသည် လေ့ကျင့်ရာ နေရာတစ်ခု ဖြစ်လာနိုင်သလို ဤနေရာကို သိမ်းပိုက်ပြီး ဂိုဏ်းထူထောင်မည့် သခင်အချို့လည်း ရှိကောင်းရှိလာလိမ့်မည်ဟု စိတ်ကူးကြည့်ရုံဖြင့် သိနိုင်သည်။
"ခဏ!"
နောက်ဆုံးတွင် တစ်စုံတစ်ယောက်သည် နားမလည်နိုင်စွာ အော်ဟစ်လိုက်သည်။ တချို့လူများက သက်ပြင်းချမိသလို တချို့ကလည်း စိတ်ထဲ ထင့်သွားကြသည်။
လုရွှမ် သူ့ခေါင်းကို လှည့်လိုက်သော အခါတွင် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးကို တွေ့ရလေ၏။ သူ့ခန္ဓာကိုယ်ပေါ်တွင် တောက်ကျင့်စဥ် အငွေ့အသက် မရှိဘဲ ထူးထူးခြားခြား ခံ့ညားသော ပုံစံရှိသူ ဖြစ်သည်။ သူသည် ဧကရာဇ်အင်ပါယာ မိသားစုတစ်စုမှ လူဖြစ်နိုင်သည်။
"ညီလေး... မင်း ဒီဆေးလုံးကို သန့်စင်ခဲ့တယ်လို့ ပြောခဲ့တာလား?"
"ဒါပေါ့!"
လူလတ်ပိုင်းအရွယ် အမျိုးသားက ရယ်လိုက်ကာ လက်သီးများကို ဆုပ်လိုက်ပြီး
"ဟဲရှို့အင်ပါယာရဲ့ တော်ဝင်မိသားစုက ဖြစ်တဲ့ ကျန်းထုံက ဒီကညီလေးကို ဟဲရှို့ ဧကရာဇ်အင်ပါယာကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်... မင်းလိုအပ်သမျှ ပစ္စည်းတွေကို ပေးလို့ရတယ်... ဒါကြောင့် ကျုပ်တို့အတွက် ဆေးလုံးသန့်စင်တဲ့ နေရာမှာ ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်"
အနီးနားရှိလူများ အံ့အားသင့်သွား၏။ လုရွှမ်ကို ဆေးလုံးသန့်စင်ဖို့ ဖိတ်ကြားခံရမယ်လို့ မမျှော်လင့်ထားခဲ့ကြပေ။ ဒါပေမဲ့ မကြာခင်မှာ လူတိုင်းကလည်း တုံ့ပြန်ကြတော့၏။
ဟုတ်ပါတယ် ဒီညီငယ်က ဒီဆေးကို သန့်စင်နိုင်တဲ့အတွက် ဒုတိယအကြိမ် နဲ့ တတိယ အကြိမ်ကိုလည်း သဘာဝကျကျ သန့်စင်ပေးနိုင်မှာပဲ။ ဒါဆို ဒီဆေးကို လုယူပြီး အချင်းချင်း သတ်ဖို့ မလိုအပ်တော့ဘူး။
"မိတ်ဆွေလေး... ကျုပ်က တုံးထျန်းဧကရာဇ် အင်ပါယာ ကျန်းမိသားစု..."
"ပိုင်လီ ဧကရာဇ်အင်ပါယာ..."
...
လူတစ်စုက သူတို့ရဲ့ အထောက်အထားတွေကို ကျယ်လောင်စွာ ထုတ်ဖော်ပြီး လုရွှမ်ကို သူတို့ရဲ့ မိသားစုဆီ လာလည်ဖို့ ဖိတ်ခေါ်လိုက်ပါတော့သည်။
ထိုအခိုက် အေးစက်စက် နှာမှုတ်သံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ အသံက သိပ်မကျယ်ပေမယ့် လူတိုင်းရဲ့ နားထဲကို ပဲ့တင်ထပ်သွားရာ ခဏအတွင်း လူတိုင်းရဲ့ အာရုံစိုက်မှုကို ရရှိသွား၏။
လုရွှမ် မျက်မှောင်ကြုတ်ကာ ဦးလှည့်ကြည့်လိုက်သည်။ တစ်ဖက်လူသည် သားရဲခန်းမမှ ဖြစ်ဟန်တူသည်။ သူ သားရဲခန်းမကို ရောက်ခဲ့စဥ်က ဟယ်ချောင်တစ်ယောက် ထိုလူတစ်စုကို တလေးတစား ဖိတ်ခေါ်ထားတာကို တွေ့လိုက်ရသည်လေ။
ထိုလူသည် သူတို့ထဲမှ တစ်ယောက် ဖြစ်သည်။
သားရဲခန်းမသည် ကြီးမားသော ဂိုဏ်းခြောက်ခုအနက်မှ သားရဲတစ်သောင်းဂိုဏ်း၏ ဆင့်ကဲ အကိုင်းအခတ် ဖြစ်ခဲ့ဖူးပြီး ၎င်း၏စွမ်းအားသည် အမှန်တကယ်ပင် ထူးထူးခြားခြား ဖြစ်သည်။
ဤအဘိုးကြီး၏ ခွန်အားသည် သူတော်စင်တစ်ပိုင်းများကြားတွင် တန်ခိုးအရှိဆုံးဟု ယူဆနိုင်၏။
"ဒီအဘိုးကြီးကို ယွီခွမ်းလို့ ခေါ်ပါတယ်... ကျုပ် အဂ္ဂိရတ်ပညာ အကြောင်းကို နည်းနည်းတော့ သိတယ်... ဒီလိုနတ်ဆေးလုံး မွေးဖွားလာတဲ့အခါ ကောင်းကင်နဲ့ မြေကြီးက တုံ့ပြန်လာလိမ့်မယ်... ဒါပေမဲ့ နတ်ဆေးလုံးကို သန့်စင်ဖို့ လွယ်နေရင် ဘယ်လိုလုပ် ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမစွမ်းအင်တွေ တရစပ် ကျလာပါ့မလဲ?"
"ဘယ်လိုလဲဆိုတော့ ကောင်းကင်နဲ့ မြေကြီးကို တုံ့ပြန်စေတဲ့ နတ်ဆေးလုံး ပေါ်ထွက်လာဖို့ ဆိုတာ မလွယ်ဘူးလေ... ညီလေးကို မေးပါရစေ ဒီလိုဆေးလုံးသာ ဒုတိယအကြိမ် ပေါ်လာနိုင်ခဲ့ရင် လောကကြီးကို ရယ်စရာ ဖြစ်မသွားဘူးလား?"
"ကောင်လေး.... ငါပြောတာမှန်လား မသိဘူး??"
ယွီခွမ်းက အော်လိုက်ပြီး သူ့အသံက နိမ့်ပြီး အေးစက်နေတော့ လူတွေကို အလိုအလျောက် တုန်လှုပ်လာစေ၏။
"ဟားဟား... လူကြီးက တကယ်ကို အမြော်အမြင် ရှိတာပဲ.... ဟုတ်တယ် ဒီလိုနတ်ဆေးလုံးက တစ်မျိုးပဲ ရှိတယ်"
လုရွှမ်က ရယ်လျက် ဆိုလိုက်၏။
လုရွှမ် ဝန်ခံလိုက်ကို ကြားတော့ တခဏအတွင်းမှာပင် လူတိုင်း၏ မျက်လုံးများသည် ဒေါသမီးတောက်ကြီးများ အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် လုရွှမ်သည် သူတို့၏ပြက်လုံးများကို ရှင်းရှင်းလင်းလင်း ကြည့်ကာ ပစ္စည်းများယူရန် စောင့်ဆိုင်းပြီးနောက် လျှပ်တစ်ပြက် ထွက်ပြေးသွားတော့မှာ ဖြစ်လေသည်။
"လူတိုင်း စိတ်ဝင်စားရင် မိုးကြိုး အရေအတွက်က ၂၆ ကြိမ်မြောက် ရှိသွားပြီဆိုတာ တွေ့မှာပါ.... မိုးခြိမ်းသံ တစ်ချက်မှာ မိုးကြိုး ၉ချက်တိတိ ပစ်တယ်... ငါမှန်းတာသာ မှန်မယ်ဆိုရင် နောက်ဆုံး တစ်ချက် ကျန်သေးတယ် ဟုတ်တယ်မလား?"
အားလုံးက အံ့အားသင့်သွားကာ လုရွှမ်ကို ချက်ချင်း သတ်ပစ်ချင်စိတ်များ ပေါ်လာကြသည်။
လုရွှမ် မှော်ဆေးလုံးကို ယူဖို့ လက်ဟန်ခြေဟန်နဲ့ လုပ်လိုက်ရုံနဲ့ သူက သူတို့ကို ထပ်ပြီး ကြံစည်နေမှန်း သိသာထင်ရှား၏။ ယွီခွမ်းရဲ့ အကြံပြုချက်ကြောင့်သာ မဟုတ်ရင် သူတို့ရဲ့ အသက်ကို ပေးဆပ်လိုက်ရပြီပေါ့။
"ယုတ်မာတဲ့ကောင် မင်းသေလိုက်တော့!!"
ဒေါသထွက်နေသော ကျိန်စာများနှင့် အော်ဟစ်သံများက လုရွှမ်ဆီသို့ ပျံ့နှံ့သွားသည်။ လုရွှမ်ရဲ့ အလိမ်အညာ နည်းလမ်းကြောင့်သာ မဟုတ်ပါက လူတိုင်းကို အပိုင်းပိုင်း ဖြတ်ပြီးနေလောက်ပြီ။
"လူတိုင်း မလောကြပါနဲ့... နောက်ဆုံး မိုးကြိုးပစ်ချက် ရှိပါသေးတယ်.... နောက်ဆုံး မိုးကြိုးပစ်ချက်ကို သူ့ကိုပဲ ဖြတ်ကျော်ခိုင်းကြစို့... ပြီးရင်တော့ ကျုပ်တို့ရဲ့ အစွမ်းအစနဲ့ ဒီနတ်ဆေးလုံးကို ဘယ်လို ရယူမလဲ ဆက်ဆွေးနွေးကြမယ်"
လူများစွာက ကျယ်လောင်စွာ လက်ခုပ်တီးပြီး လုရွှမ်ကို ဝိုင်းရံကာ သူ့ကို တင်ပြခိုင်းသည်။
ထိုအခါ လုရွှမ်လည်း သားရဲခန်းမထဲက လူအုပ်စုကို ကြည့်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
"အံ့သြစရာပဲ အံ့သြစရာပဲ... သားရဲခန်းမက တကယ်ကို အစွမ်းထက်ပါတယ် ငါသေသွားပြီးရင် မင်းတို့ရဲ့ သားရဲခန်းမကပဲ အခွင့်ကောင်း ယူသွားမှာကို ကြောက်ရတယ်"
"ငါ အကြိမ်ကြိမ် ကြံစည်ချင်ခဲ့ပါတယ်... မင်းတစ်ယောက်ထဲ ခွန်အားတွေ မဆုံးရှုံးခဲ့ရဘဲ တခြားသူတွေရဲ့ ခွန်အားတွေ အများကြီး လျော့သွားအောင် စောင့်ပြီးမှ ငါ့ရဲ့ တွက်ချက်မှုတွေကို ဖော်ထုတ်ပြခဲ့တာ.... တခြားသူတွေက နတ်ဘုရားဆေးကို လိုချင်ရင်တောင် ကျေးဇူးတင်ရမှာပဲ.... ခွန်အားတွေနဲ့ တွက်ကြည့်ရင် မင်းမှာငါတို့ကို ပြန်တိုက်ခိုက်နိုင်တဲ့ စွမ်းအားမျိုး မရှိဘူးလေ"
"ဟားဟားဟား!!" လုရွှမ် သူ့လက်ဖဝါးဖြင့် ပြင်းပြင်းထန်ထန် လက်ခုပ် တီးလိုက်ပြီး
"တွက်ချက်သွားတာ အရမ်းကောင်းတယ်.... အားလုံးကို ရှင်းရှင်းလင်းလင်း တွက်ချက်နိုင်တာပဲ.... မင်းနဲ့ ယှဉ်လိုက်ရင် ကိုယ့်ကိုကိုယ့် တကယ့်ကို အရေးမပါတော့သလို ခံစားရတယ်... ရှက်လိုက်တာ!"
ထိုအခါ ယွီခွမ်းကလည်း တဟားဟား ရယ်ရင်း
"ကောင်လေး မင်းအခု ဒီကလူတွေနဲ့ သဘောထား ကွဲလွဲမှုတွေ ဖြစ်နေပြီ... မင်းရဲ့မဖြစ်မနေ တိုက်ပွဲဝင်ရမယ့် ကံကြမ္မာကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး.... ဟုတ်တယ် ငါက မှော်ဆေးလုံးကို လိုချင်တယ် ဒါပေမဲ့ မင်းကို ရက်ရောတဲ့ လျော်ကြေးပေးမှာပါ မင်းဘယ်လိုထင်လဲ?"
"ဟုတ်တယ်... ပြောတာက ကျိုးကြောင်း ဆီလျော်တယ်.... မင်းရဲ့ဆေးလုံးကို မယူရဘူး ဆိုရင်တောင် မင်းလို လူယုတ်မာကို ငါသတ်ပစ်မယ်.... မင်းကြောင့် ငါ့မိသားစုထဲမှာ တစ်ယောက်ပဲ ကျန်တော့တယ်.... မင်းကို လွှတ်ပေးနိုင်မယ်လို့ ထင်နေလား?"