အသက်ရှင်ရာလမ်း
Vol. 38 Ch. 4.81
လုရွှမ်က စကားပြောတဲ့လူကို ကြည့်ဖို့ ခေါင်းကို လှည့်ကြည့်လိုက်တော့ သူ့တစ်ကိုယ်လုံး ရှုပ်ပွနေတဲ့ လူကို တွေ့လိုက်ရသည်။ ဆံပင်တွေ ပွပွပွပွနဲ့ တစ်ကိုယ်လုံး သွေးတွေ ဖုံးလုမတတ် ဖြစ်လျက် လက်တစ်ဖက်ပဲ ကျန်တော့၏။
ထို့အပြင် သူ့လည်ပင်းကလည်း တစ်ဖက်ကို စောင်းထားရသေးသည်။ မျက်လုံးတွေက မုန်းတီးမှု ဒေါသစိတ်ကြောင့် ခက်ထန်နေသော်ငြား သူ့ပုံစံမှာ အလွန်သနားစရာ ကောင်းနေသည်။
"မင်းကြည့်ရတာ သနားစရာပါလား?"
လုရွှမ် သက်ပြင်းချလိုက်သည်။
လောဘရဲ့ အခကား သေခြင်းပေတည်း။
"ဒါက ငါကိုယ်တိုင် သန့််စင်ထားတဲ့ ဆေးလုံးပဲ... မင်း ဒါမှမဟုတ် မင်းတို့နဲ့ ဘယ်လိုများ ဆိုင်တယ်လို့ ထင်လဲ? ရတနာတစ်ခုကြောင့် အများကြီး ပေးဆပ်လိုက်ရတဲ့ အမြတ်က မတန်ပါဘူး... ဆုံးရှုံးမှုကနေ မုန်းတီးမှုတွေပဲ တိုးလာလိမ့်မယ် မင်းတို့ နည်းနည်းလေးတောင် နားမလည်နိုင်ဘူးလား?"
လုရွှမ်၏ ပေါ့ပါးပြီး သာယာသော အသံသည် လူတိုင်း၏ နှလုံးသားထဲသို့ ရေအေးတစ်ခွက် ရုတ်တရက် လောင်းချလိုက်သကဲ့သို့ ပျံ့နှံ့သွားကာ ခဏတာ စကား မပြောနိုင်အောင် တိတ်ဆိတ်သွားသည်။
တချို့က တစ်ယောက်ကို တစ်ယောက် စူးစူးရဲရဲ စိုက်ကြည့်ရင်း တချို့ကလည်း တစ်ယောက်ကို တစ်ယောက် စိတ်ပျက်လက်ပျက် ကြည့်နေကြသည်။
"ဟမ့်!"
အေးစက်သော နှာမှုတ်သံတစ်ချက် ထွက်ပေါ်လာသည်။
"ရတနာတစ်ခုကို မင်းသန့်စင်လိုက်တဲ့ မင်းအပိုင် ဖြစ်သွားပြီလို့များ ထင်နေတာလား? အခုဒီဆေးလုံးက ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေကို ပေါင်းစည်းထားလို့ ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာဖြစ်နေပြီ... ပြီးတော့ မင်းလို သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်က လူက ဒီလိုနတ်ဆေးလုံးကို သန့်စင်နိုင်မယ်လို့ အိပ်မက်တွေ ထမက်နေတာလား?"
လုရွှမ် အေးစက်စက် အကြည့်ဖြင့် လှည့်ကြည့်လိုက်တော့ စကားပြောနေတဲ့ သူက ယွီခွမ်းပဲ ဖြစ်လေ၏။ သူက ကောင်းကင်အလယ်မှာ ဂုဏ်ယူဝံ့ကြွားစွာ မတ်တပ်ရပ်ပြီး မေးစေ့ကို အနည်းငယ် မြှောက်ကာ လူအုပ်ကို ငုံ့ကြည့်လျက် ဟန်ပန်အပြည့်နဲ့ ဆိုနေသည်။
"ဟုတ်တယ်.. အကြီးအကဲယွီခွမ်း ပြောတာ မှန်တယ်!!"
"ဒီလို ဝိညာဉ်ရေး ပစ္စည်းမျိုးကို သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် မင်းက ဘယ်လိုလုပ် သန့်စင်နိုင်မှာလဲ? ရတနာရဲ့ သဲလွန်စကို မင်းမြင်ထားပြီးပြီ ဆိုတာ ရှင်းပါတယ်... ရတနာကို လိုချင်လို့ မင်းက မင်းပတ်ဝန်းကျင်မှာ အခင်းအကျင်းတွေ အများကြီး စီစဉ်ပြီး လူတွေ အများကြီးကို သတ်ပစ်လိုက်တာ.... ကောင်လေး မင်းက အရမ်းရက်စက်ပြီး စာနာမှုကင်းတယ် ဒေါသအရမ်းကြီးတယ်"
ဆက်တိုက်ဆိုသလို ပြစ်တင်ရှုံ့ချသံများက လုရွှမ်ဆီသို့ ပြေးဝင်လာခဲ့သည်။
လုရွှမ် ကောင်းကင်ကို မျှော်ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရယ်မောသံသည် သူရဲကောင်းဆန်သည်။ အားကောင်းသည်။ အရှိန်အဟုန်က လူတိုင်းကို လုံးဝ ကြောင်အသွားစေ၏။
ဤမြင်ကွင်းသည် လူတိုင်း၏ အမြင်တွင် နက်နက်ရှိုင်းရှိုင်း ထွင်းထုထားသလိုပင်။ အထူးသဖြင့် လူငယ်များအတွက် ဒီမြင်ကွင်းက သူတို့ဘဝမှာ ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ချေ။
"ပြောသွားတာ ကောင်းတယ်.... မင်း ဒီလောက် အရှက်မဲ့မဲ့နဲ့ ပြောနေရတာ တကယ်ကို ရှက်စရာပဲ"
လုရွှမ်က လက်ခုပ်တီးပြီး မျက်လုံးတွေ ကြည်လင်လာလျက် လူတိုင်းကို စေ့စေ့ကြည့်လိုက်သည်။
"ကမ္ဘာကြီးက ဒီလို မဖြစ်သင့်ဘူးလို့တောင် ခံစားလာရတယ်... အနည်းဆုံးတော့ သူတို့ရဲ့နှလုံးသားထဲမှာ ကြင်နာမှုလေးတွေ ရှိထားသင့်တယ်...ဆိုတော့ အခုထွက်သွားလို့ ရပြီ"
လုရွှမ် ကျယ်လောင်တဲ့ အသံကို လွှင့်ထုတ်၍ ထျန်မိသားစု မှာရှိတဲ့ လူတိုင်းဆီကို သူ့မျက်လုံးဖြင့် တစ်ချက် စိုက်ကြည့်နေသည်။ ထျန်မိသားစု သာမက ယန်ရှီးနဲ့ သူ့အဖွဲ့ပါ ပါလေသည်။
ယခင်ဖြစ်စဉ်တွင် လုရွှမ်သည် ထျန်မိသားစုမှ အကြီးအကဲ နှစ်ဦးဟာ ဒီအငယ်တန်း အုပ်စုတစ်စုအား တားမြစ်ထားကြောင်း ရှင်းရှင်းလင်းလင်း သိမြင်ခဲ့သည်။ အဖွဲ့ဝင် အများအပြားတွင် အများဆုံးက ဒဏ်ရာရသူများ ဖြစ်သည်။
အစပိုင်းတွင် ပြေးထွက်လာတဲ့ ထျန်ချန်မှလွဲ၍ နောက်ပိုင်းတွင် လွန်လွန်ကဲကဲ ကပ်ဆိုးကြီးတစ်ခုထဲ ပါဝင်လာသူ သိပ်မရှိခဲ့ပေ။
တစ်ဖက်မှာတော့ ယန်ရှီးနဲ့ သူမတို့အဖွဲ့ကို လျှို့ဝှက်ဆန်းကြယ်တဲ့ အဘွားကြီးက ကာကွယ်ပေးထားလို့ တစ်ယောက်မှ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့။
ထျန်ကျွင့်နမ်၏ မျက်လုံးများ ပြူးကျယ်လာပြီး မဝေးလှသော နေရာက လုရွှမ်ကို ကြည့်လိုက်ရာ နားမလည်နိုင်သော အတွေးတစ်ခုက သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။
"အစ်ကိုကြီးကရော??"
အစ်ကိုကြီးရဲ့ စိတ်သဘောထား နားလည်မှုအရ ဒီလို ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးထဲမှာ သူပါဝင်သွားရန် အကြောင်းမရှိပေ။
ဒီနေရာကို မရောက်လာခင် အခင်းအကျင်း တံဆိပ်ပြား အမျိုးမျိုးကိုလည်း ကျော်ဖြတ်ခဲ့ရသေးတယ်။ ဒါဟာ ရတနာရှိလို့ လုရွှမ် ရောက်လာတာ မဟုတ်ဘဲ အစကတည်းက ဒီမှာ ရှိနေခဲ့တာ ဖြစ်နိုင်တယ်။
သေမျိုး အသွင်ပြောင်းနယ်ပယ်ထက် မပိုသော ထူးကဲသော ခွန်အားဖြင့် သူတော်စင်တစ်ပိုင်း၊ သခင်များ၏ အခင်းအကျင်း ဖွဲ့စည်းပုံများနှင့် အဂ္ဂိရတ်ပညာရှင် အဖွဲ့ကိုလည်း တွန်းလှန်နိုင်ခဲ့သည်။
ယခု စကားလုံးများက ၎င်းတို့အား သွန်သင်ပေးနေပုံရပြီး ၎င်းတို့အား ထွက်ပေါက်တစ်ခု ပေးချင်နေပုံရသည်။
ဒါကို သူ့ရဲ့အစ်ကိုကြီးလို့ သဘောထားတဲ့ ဒီလူကလွဲရင် ဘယ်သူက လုပ်နိုင်မှာတဲ့လဲ?
ထျန်ကျွင့်နမ် စိတ်လှုပ်ရှားနေပြီး သူ့အစ်ကိုကြီးရဲ့ အထောက်အထားကို ထုတ်ဖော်မည်ကိုကြောက်ရွံ့သောကြောင့် သူ့စိတ်ခံစားချက်များကို ဖိနှိပ်ရန် အစွမ်းကုန် ကြိုးစားလိုက်သည်။
သူသည် မိသားစု၏ အကြီးအကဲ နှစ်ယောက် အနားသို့ တိတ်တဆိတ် လျှောက်သွားကာ
"တတိယအကြီးအကဲ.... အကြီးအကဲ၆ ကျွန်တော်တို့ ထွက်သွားရအောင်လား ဒီလူတွေက ရက်စက်လွန်းတယ်... ပြီးတော့ သားရဲခန်းမက လူတွေအပြည့်နဲ့ လာတာ... တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားတာက ပိုကောင်းပါတယ်"
လူကြီးနှစ်ယောက် စကားမပြောခင် လူတစ်ယောက်က ရုတ်တရက် ထပြောလာ၏။
"ဘာလဲ ဖက်တီး...မင်းကြောက်နေတာလား??"
ထျန်ကျွင့်နမ်သည် စကားပြောလာသူကို အရူးတစ်ယောက်လို မျက်လုံးများဖြင့် ပြန်ကြည့်လိုက်သည်။ ထိုသူသည် ထျန်ချန် နှင့် ရင်းနှီးသော ဝမ်းကွဲ တစ်ယောက်ဖြစ်ကာ ထျန်ယွီဟု ခေါ်လေသည်။
ထိုအချိန်က မိသားစုတွင်ရှိစဥ် ထျန်ချန် အပါအဝင် ညီအစ်ကို မောင်နှမများနှင့်လည်း ပေါင်း၍ သူ့ကို အနိုင်ကျင့်ခဲ့ပြီး သူ့ကို အမုန်းဆုံး လူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခဲ့သူပဲ ဖြစ်သည်။
"ဟုတ်တယ် ငါကြောက်တယ်... မကြောက်တဲ့သူက သေပြီလေ... မင်းအဲဒီ ညီအကိုမောင်နှမတွေနောက် လိုက်သွားချင်လို့လား!"
လုရွှမ်၏ ပံ့ပိုးကူညီမှုကြောင့် ထျန်ကျွင့်နမ် ရုတ်တရက် ဂုဏ်ယူသွားသည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ပြီးပြည့်စုံတဲ့ ကာလတွေ၊ သူတော်စင်လမ်းကြောင်း အခြေခံမူတွေကို နားလည်ဖို့ စတင် လျှောက်လှမ်းနေတဲ့ သူတော်စင်ဖြစ်တော့ရော ဘာဖြစ်လဲ? သူ့အစ်ကိုကြီး ရှေ့မှာဆို အားလုံးက အမှိုက်တွေပဲ။
"မင်းတော်တော် သတ္တိကောင်းနေတာပဲ!"
ထျန်ယွီမှာ သူ့ရှေ့က ရှက်ရွံ့တတ်တဲ့ လူယုတ်မာ တစ်ယောက်က သူ့ကို ဒီလိုပြန်ပြောရဲဖို့ သတ္တိရှိလာမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
"အကုန် ပါးစပ်ပိတ်ထား!! လောင်လျို့ မင်းအထင်ရော?"
တတိယအကြီးအကဲက မေးလိုက်သည်။
အကြီးအကဲ၆က သက်ပြင်းချကာ လုရွှမ်ကို စိုက်ကြည့်ပြီးနောက် ကောင်းကင်ယံ မိုးခြိမ်းသံကြောင့် ဖြစ်ပေါ်လာသော ရေကန်ကြီးကို တစ်ဖန် ပြန်ကြည့်၍
"ဒီနေရာက အန္တရာယ်များတယ်လို့ ငါမင်းတို့ကို အစောကတည်းက ပြောခဲ့ပြီးသား... ဒီအတိုင်း ဆက်သွားရင် လူတွေကို ကျိန်းသေပေါက် ဆုံးရှုံးသွားလိမ့်မယ်.... ဘဝင်မြင့်လွန်းတဲ့ လူတွေလည်း ဒီနေရာမှာ လဲကျသွားပြီးပြီ... အားလုံး နောက်ဆုတ်ကြရအောင်"
ထျန်ကျွင့်နမ် သက်ပြင်းချကာ ထျန်ယွီကို အထင်အမြင် သေးစွာဖြင့် စိုက်ကြည့်လိုက်သည်။ နောက်မှ သူ့ခေါင်းကို ပု၍
"အကြီးအကဲတို့ နှစ်ယောက်... ကျွန်တော်တို့ ကျင့်ကြံသူတွေင အကြပ်အတည်းတွေ အခက်အခဲတွေ ကြုံပြီးမှ ဒီအဆင့်ကို ရောက်လာကြတာ.... အမြော်အမြင်နဲ့ နောက်ပြန်ဆုတ်ရင် ကျွန်တော်တို့မှာ အခွင့်အလမ်းတွေ ရှိသေးတယ် ကျွန်တော်တို့ မလုပ်နိုင်တာက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူးမလား"
"ဒါဆို ငါတို့က အပျော်ကြည့်ဖို့ ဒီမှာ ဘာအတွက် မနေကြတာလဲ? လူတိုင်းရော အဲ့လို မထင်ကြဘူးလား?!"
ထျန်ယွီ တခြားမိသားစုတွေရဲ့ လူငယ်လေးတွေကို ပြန်ကြည့်ကာ
"မင်းတို့ရော အဲ့လို့ မထင်ဘူးလား? ဒါမှမဟုတ် မင်းတို့ ယောက်ျားတွေ မဟုတ်ဘူးလား? ဒီဖက်တီးလို သတ္တိနည်းနေမလို့လား?"
ထျန်ယွီဆီက နှိုးဆွခံရပြီးနောက်တွင် လူနှစ်ဦးသည် အခွင့်အရေးအတွက် ဆက်လက်တိုက်ခိုက်သင့်သည်ဟု ၎င်းတို့၏ ထင်မြင်ချက်ကို ချက်ချင်း ထုတ်ဖော်လညခဲ့သည်။ အချိန်အတော်ကြာ ထိတ်လန့်တကြား ဖြစ်နေကြသော အခြားသူများသည် ခေါင်းကို အကြိမ်ကြိမ် ခါယမ်းကြသည်။
ထျန်ကျွင့်နမ်က လှောင်ပြောင်ရင်း
"မင်းတို့ ဒီမှာပဲနေချင်နေခဲ့... သေချင်ရင်တောင် တခြားသူတွေကို ဆွဲမထည့်နဲ့...အကြီးအကဲတို့ နှစ်ယောက် သွားရအောင်"
တတိယအကြီးအကဲသည် နတ်ဘုရားအသွင်ပြောင်း ဆေးလုံးကို ပူလောင်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ သက်ပြင်းချလိုက်သည်။
"ဒီအဘိုးကြီးက သည်းမခံနိုင်ပါဘူး... လောင်လျို့ မင်း တခြားသူတွေကို ခေါ်ပြီး အရင်သွားနှင့်လိုက်...ငါနေပြီး ဆက်ကြည့်လိုက်မယ်"
အကြီးအကဲ၆ရဲ့ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး
"တတိယအစ်ကို.... ဒီမှာ ဆက်နေဖို့က အန္တရာယ်ရှိတယ် အမှား မလုပ်မိစေနဲ့"
"တကယ် ဒီနေ့ ပြုတ်ကျခဲ့ရင်တောင် ငါ့ကံကြမ္မာပဲလေ... အစပိုင်းမှာ သူတော်စင်တစ်ပိုင်း ဖြစ်လာဖို့အတွက် စွန့်လွှတ် အနစ်နာခံမှုတွေ အားလုံးက ထိုက်တန်တယ်လို့ ခံစားခဲ့ရတယ်... အခုကျတော့ သူတော်စင်တစ်ပိုင်းရဲ့ ပထမအလွှာမှာ ပိတ်မိနေခဲ့တယ်... အနှစ်တစ်ရာတိုင်တိုင် ငါ အားစိုက်ထုတ်ခဲ့ရတယ်... ငါရွေးချယ်တဲ့လမ်းက မှားလည်း တစ်သက်လုံး သည်းခံရမှာမို့ မင်းသွားတော့... ဒီအစ်ကိုကြီးက အသက်ကြီးနေပါပြီ ဒီကနေ ထွက်သွားရင်တောင် အသက်ရှည်မှာ မဟုတ်တော့ဘူး"
အကြီးအကဲ၆သည် နှုတ်ဆိတ်နေပြီး တတိယအစ်ကို၏ စကားကြောင့် အထီးကျန်မှုကို လေးနက်စွာ နားလည်လာခဲ့သည်။
သူတော်စင်တစ်ပိုင်းတွင် ကောင်းကင်အဆင့် ကိုးဆင့်ရှိပြီး အဆင့်တစ်ခုစီကြား ကွာဟချက်မှာ ကြီးမားပြီး ရွေးချယ်သော တောက်ကျင့်စဥ် ပုံစံသည် ၎င်းတို့၏ နယ်ပယ် မြှင့်တင်ရေး၏ အထက် ကန့်သတ်ချက်ကို ဆုံးဖြတ်ပေး၏။
ဤသည်မှာ ကျင့်ကြံမှုအခြေခံ အုတ်မြစ်မရှိခြင်း၊ နယ်ပယ် မြှင့်တင်ရန် မျှော်လင့်ချက် မရှိခြင်းတို့က ကျင့်ကြံခြင်း၏ ရှေ့ဆက်လမ်းကို လုံးဝ ဖြတ်တောက်ပစ်လုနီးပါး ဖြစ်စေသည်။