← Chapters

ထွက်ခွာခြင်းနှင့် နေရစ်ခြင်း

Vol. 38 Ch. 4.82

ထွက်ခွာခြင်းနှင့် နေရစ်ခြင်း

Vol. 38 Ch. 4.82

ထျန်မိသားစု၏ လုံခြုံရေးအတွက် တတိယအစ်ကို ဖြစ်သူသည် အရိုးရှင်းဆုံး တောက်ကျင့်စဥ်ကို နားလည်ခဲ့ပြီး ရန်သူကို တွန်းလှန်ရန် သူ​တော်စင်တစ်ပိုင်း ဖြစ်လာသော်လည်း သူ၏ဘဝအောင်မြင်မှုများသည် ဤမျှသာဖြစ်ပြီး ဆက်လက်ထမြောက်ရန် လမ်း​ပြတ်လုနီးပါး ဖြစ်ခဲ့သည်။

ညှအစ်ကိုတွေ တစ်ယောက်ပြီး တစ်ယောက် လျင်မြန်စွာ တိုးတက်လာတာကို မြင်ပြီး ငယ်သားတွေက တစ်ယောက်ပြီး တစ်ယောက် သူတော်စင်တွေ ဖြစ်လာတာကို မြင်တဲ့အခါ သူ့ရင်ထဲက နာကျင်မှုကို ဘယ်သူကများ သိမလဲ။

"ဒါဆို တတိယအစ်ကို... မင်းနဲ့အတူ နေလို့ရမလား?"

အကြီးအကဲ၆က အော်ရင်း သူ့မျက်လုံးတွေက နီရဲလာခဲ့သည်။ တတိယအစ်ကို ဘယ်လောက်တောင် ပေးဆပ်ခဲ့ရလဲ? တတိယအစ်ကိုသာ မရှိရင် အခုထျန်မိသားစုတောင် မရှိနိုင်တော့ဘူး။

တတိယအကြီးအကဲက ခေါင်းယမ်းကာ ပြုံးလျက် ပြောလိုက်သည်။

"မင်းက မိသားစုရဲ့ အနာဂတ်ပဲ.... မင်းဒီမှာ သေလို့မဖြစ်ဘူး... သွားကြတော့ မျိုးဆက်သစ် လူငယ်တွေကို ခေါ်သွားတော့... ထျန်ကျွင်း ဒီကောင်လေးက အရည်အချင်း မပြည့်မီပေမယ့် အခွင့်အရေးက အားလုံးထဲမှာ အနက်ရှိုင်းဆုံးပဲ... သူ့အနာဂတ်က အကန့်အသတ် မရှိဘူး... သူ့ကို ကောင်းကောင်း ဂရုစိုက်လိုက်ပါ"

အကြီးအကဲ၆ သည် တတိယအကြီးအကဲကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပြီးနောက် လူအုပ်စုတစ်စုနဲ့ ထွက်ခွာသွားကာ ထျန်ယွီနှင့် သူ၏အငယ်တန်း နှစ်ယောက်ကို ထားခဲ့​လေသည်။

လုရွှမ်သည် ထျန်ကျွင့်နမ် ထွက်သွားသည်ကို မြင်သော် တိတ်တဆိတ် ခေါင်းညိတ်ကာ အဘွားကြီးကို လှည့်ကြည့်လိုက်သည်။ ယန်ရှီး သေသည်ဖြစ်စေ မသေသည်ဖြစ်စေ သူဂရုမစိုက်သော်လည်း ကျိုးကျိုး ချစ်ဖို့ကောင်းပြီး ဖြူစင်သည်။ သူမသေသွားလျှင် သနားစရာ ကောင်းလိမ့်မည်ါ

သို့သော် အဘွားကြီးသည် လူစုလူဝေးကို ဖြည်းညှင်းစွာ ဦးဆောင်သွားသည်ကို မြင်လျှင် တပည့်များက အနည်းငယ် မကျေမနပ် ဖြစ်ကာ နောက်သို့ လိုက်သွားကြသည်။

အားနည်းတဲ့ အင်အားစုတွေ ကျန်နေသေးတယ်လို့ ပြောချင်စိတ် မရှိပေမယ့် အခြေအနေက တခြားသူတွေထက် ပိုပြင်းထန်နေ၏။ အခုအချိန်မှာ ရှင်သန်နေရတာက သေခြင်းပဲလေ။

ဘာလို့ ရှိနေသေးတာလဲ? တခြားသူတွေ အတွက် အမြောက်စားစရာတွေ ဖြစ်ချင်လို့လား?

အင်အားစုလေး တွေကလည်း ခပ်မြန်မြန်ပဲ ထွက်ခွာသွားကြသည်။

လုရွှမ် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ကျန်နေသေးသော လူအနည်းငယ်သာ ရှိသည်။ ကောင်းကင်နှင့် မြေပြင်၊ ရှေ့၊ နောက်၊ ဘယ်၊ညာဖြင့် သူမလွတ်မြောက်စေဖို့ ဝိုင်းရံထားသည်။

"မင်းတို့အားလုံးက မင်းတို့ နှလုံးသားထဲမှာ မျှော်လင့်ချက်တွေ ရှိနေသေးတယ်လို့ ထင်နေတာ သနားစရာပဲ...."

လုရွှမ် အေးစက်စွာ ပြုံးပြီး သူ့လက်ဖဝါးကို ပွတ်သပ်ကာ အလွန် အားနာနေသယောင် ပြုမူနေ၏။

"ငါ သန့်စင်ထားတဲ့ ဆေးမဟုတ်ဘူးလို့ မင်းတို့ပြောတယ်နော် သဘောပဲ... လူတိုင်း ဒါကို ရှင်းရှင်းလင်းလင်း သိရင်ပြီးသားပဲ ဒါပေမဲ့ လူတိုင်းရဲ့ သံသယတွေက အဓိပ္ပာယ် ရှိပါတယ်... ဥပမာ ပြောရရင် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် လူငယ်လေးက သူတော်စင်တစ်ပိုင်း ဆေးလုံးကို သန့်စင်နိုင်တယ် ဆိုတာမျိုးပေါ့... သူတော်စင်နယ်ပယ် အထက်က အဂ္ဂိရတ်ပညာရှင်၊ ပါရမီရှင် တချို့ အဲဒါကို လုပ်နိုင်မှန်း မသိပေမယ့် မတတ်နိုင်ဘူး ဆိုတာလည်း ငါသိတယ်"

လုရွှမ်၏ စကားထွက်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ အမူအရာမှာ ပြောင်းလဲသွားပြန်သည်။

တလျှောက်လုံး ကောင်းကင်နှင့် မြေကြီး၏ နိမိတ်လက္ခဏာများ မွေးဖွားလာခြင်းကြောင့် ဖြစ်ပေါ်လာသော ကောင်းကင်၏ နိမိတ်လက္ခဏာများကို မြင်ခဲ့ကြပြီး ထူးထူးခြားခြား ရတနာတစ်ခုပဲဟု ခံယူခဲ့ကြသည်။

ဆေး၏အာနိသင်က ဘယ်လိုလဲ ဆို​တာ မည်သူမျှ မတွေးခဲ့မိသော်လည်း လုရွှမ်၏ စကားကိုကြားပြီးနောက် လူတိုင်း အသိစိတ် ဝင်လာကြသည်။

ဒါပေါ့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် လူငယ်လေးက ဒီလိုဆေးလုံးကို သန့်စင်ပေးနိုင်မှာတဲ့လား?

"အမှန်တိုင်း ပြောရရင် ဒီဆေးရဲ့ နာမည်က နတ်ဘုရားအသွင်ပြောင်းဆေး... အကျိုး သက်ရောက်မှုက ဘာလဲ ဆိုရင် ဒီကို မရောက်ခင်မှာ ​ဆေးရဲ့ အသွင်အပြင်ကို လူတိုင်း မြင်ဖူးကြမယ် ထင်ပါတယ်... မှန်တယ်!! ဒီဆေးက အသွင်ပြောင်းတဲ့ နယ်ပယ်က လူတွေအတွက်သာ ထိရောက်မှုရှိပြီး သူ​တော်စင်တစ်ပိုင်း အပေါ် သက်ရောက်မှု မရှိဘူး... ဒါကြောင့် ဖမ်းမိရင်တောင်မှ အသုံးမဝင်ဘူး!"

လုရွှမ်၏ အသံသည် ကျယ်လောင်လွန်းသဖြင့် လူတိုင်း ရှင်းရှင်းလင်းလင်း ကြားနိုင်လေသည်။ လူအုပ်၏ လှုပ်ရှားမှုကို သတိပြုမိသော်လည်း မည်သူမျှ မထွက်သွားခဲ့ပေ။

တချို့လူများမှာ သူတို့နှုတ်ခမ်း ထောင့်စွန်းက လှောင်ပြုံးများကိုပင် သိသိသာသာ ထုတ်ပြနေသေးသည်။

"မင်းတို့ ဒီလိုထင်လိမ့်မယ် ငါသိပါတယ်... မင်း လောဘကြီးနေတဲ့ အချိန် ငါ အမှန်အတိုင်း ပြောရင်တောင် လူတွေက မယုံနိုင်တော့ဘူးလေ... သေချာတာပေါ့ ကောင်းကင်ယံမှာ အဆုံးမရှိပေမယ့် လူတွေက ကိုယ့်ဘာသာကိုယ် သေလမ်း ရှာတတ်ကြသေးတာပဲ"

လုရွှမ် သူ့စိတ်ထဲ လှောင်ရယ်လိုက်သည်။ ဒီလူတွေရဲ့ စိတ်ထဲမှာ ဘာတွေ တွေးနေလဲ ဆိုတာ သူဘယ်လိုလုပ် မခန့်မှန်းမိဘဲ နေပါ့မလဲ။

ထိုအခါ ယွီခွမ်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး

"မျိုးဆက်သစ်လေး... မင်းက ငါတို့လို သူတော်စင်တစ်ပိုင်း ပညာရှင်တွေကို လှည့်ဖြားချင်ရင်နေတာလား? မင်းလို သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ပဲ ရှိတဲ့ လူတစ်ယောက်တည်းက ငါတို့အားလုံး ရင်ဆိုင်ရမှာ ဖြစ်သလို ဆေးရဖို့က လွယ်မှာ မဟုတ်ဘူး"

"ပေါက်ကရတွေ ပြောမနေပါနဲ့.... ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားကို အမွေဆက်ခံတဲ့ ဒီဆေး အမျိုးအစားက သူတော်စင် တစ်ပိုင်းနဲ့ အထက်က လူတွေအပေါ် အများကြီး သက်ရောက်မှုရှိမှာ မဟုတ်ဘူး ဆိုရင်တောင် ငါယူချင်ရင် မင်းဆိုတဲ့ ကလေးက လက်ဖျားနဲ့တောင် ထိဖို့မစဥ်းစားနဲ့!"

ညစ်ညမ်းသော အသံသည် စူးရှသော ဆူးကဲ့သို့ လူတိုင်း၏ နားထဲကို ထိုးဖောက် ဝင်ရောက်သွားသည်။

"ယွီခွမ်း... ဒီအဘိုးကြီးကလည်း အဂ္ဂိရတ်ပညာကို သိပါတယ်.... မင်းက သိပ်သဘောကောင်းတာ မဟုတ်ဘူးပဲ.... ဒီဆေးမျိုးက သူတော်စင်တစ်ပိုင်း လူအတွက် နည်းနည်းလေးပဲ အကျိုးသက်ရောက်မှု ရှိပေမယ့် အဲဒါက ကျုံရာဆေး မဟုတ်ဘူးလေ... အကျိုး သက်ရောက်မှု အရေးအကြီးဆုံးက သူ့အပေါ်က တောက်နိယာမ ပုံစံတွေပဲ... ဟားဟားဟား မင်းဉာဏ်ကောင်းတယ် ဆိုတိုင်း တခြားသူကို ငတုံးတွေလို့ မထင်လိုက်နဲ့လေ"

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ရောက်လာကြသူ အားလုံး၏ မျက်နှာများသည် ရွှင်လန်းမှု အပြည့်နှင့် ဖြစ်လာကြသည်။

တောက်ကျင့်စဥ် နိယာမအပေါ် နားလည် သဘောပေါက်ခြင်းသည် အင်ပါယာ တိုးတက်စေရန်အတွက် အထောက်အကူ ဖြစ်စေသည်။

ကျင့်​ကြံမှုအဆင့်ကို မြှင့်တင်လိုက်သည်နှင့် နှိုင်းယှဉ်လျှင် နယ်ပယ်ကို တိုးတက်စေမည့် ဆေးလုံးမှာ အလွန်နည်းပါးလို နတ်ဘုရားအသွင်ပြောင်း ဆေးလုံးကို ကြည့်နေသည့် လူတိုင်း၏ မျက်လုံးများက ပို၍ ပူ​လောင်လာ​တော့သည်။

ယွီခွမ်းသည် ဒေါသတကြီး ဖြစ်လာကာ လူအုပ်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ရင်း ထိုဆိုးယုတ်သော အသံရှင်ကို ရှာဖွေနေသည်။

"ဟေး... လိုက်ရှာမနေနဲ့ ဆရာကြီးယွီခွမ်းရဲ့.... အဆိုးအကောင်းကို မသိတဲ့လူတိုင်းကို သတိပေးချင်တာပါ... "

လုရွှမ်သည် သူ့စိတ်ထဲတွင် သက်ပြင်းချရင်း ပြောလိုက်သည်။ သေချာသည်မှာ ဒီလူတွေက မှန်းဆ၍ မရသော ခွန်အားများ ရှိကြသည်။ သူအလွန်အကျွံလုပ်ရန် မလိုအပ်ပေ။ သူဆင်ခြေလိုက်ရင် တစ်ယောက်ယောက်က လှည့်ကွက် ထောင်ချောက်ကို သဘာဝအတိုင်း ချမှတ်ပြီး အခြားလူများက နာခံမှုဖြင့် ခုန်ဆင်းသွားကြနိုင်သည်။

"ဘာပဲဖြစ်​ဖြစ်​ အပိုစကားတွေ မ​ပြောနဲ့...အခု ​နောက်​ဆုံး မိုးကြိုးအန္တရာယ်​ ရှိ​သေးတယ်​... ဒါ​ကြောင့်​ ​နောက်​ဆုံး မိုးကြိုးဒဏ်​ရာကို အရင်​ဖြတ်​သန်း လိုက်​ကြရ​အောင်​ ပြီးမှ အားလုံး ကိုယ့်​ဘာသာ ရုန်းကန်​ကြရ​အောင်​ ဘယ်​လိုလဲ?"

ဤစကားများကို မည်သူမျှ ငြင်းဆိုခြင်း မပြုဘဲ သဘောတူညီသော စကားသံများ ထွက်ပေါ်လာခဲ့သည်။

ယွီခွမ်း လုရွှမ်ကို စူးစူးရဲရဲ စိုက်ကြည့်နေတော့သည်။ ဒီလူယုတ်မာကြောင့်သာ မဟုတ်ရင် သူအရင်ကတည်းက မှော်ဆေးလုံးကို သူ့လက်ထဲ ရောက်အောင် လိမ်လည် လှည့်ဖြားနိုင်ခဲ့ပြီး ဒီနေ့မှာ ငြင်းခုံစရာ အကြောင်း မရှိတော့ဘူး။

လူတချို့ကို ထိခိုက်မိရင်တောင်မှ မှော်လုံးကို လုယူဖို့ ဖြစ်နိုင်ခြေ ဘယ်လောက် ရှိသလဲဆိုတာ သူ့စိတ်ထဲ တွက်ဆထားပြီးသားပင်။

"ကောင်လေး... နောက်ဆုံး မိုးကြိုးပစ်ချက်ကို သွားခံယူလိုက်... ထွက်ပြေးဖို့တော့ မကြိုးစားနဲ့... မင်း နာခံမှုရှိရင် ငါတို့ မင်းကို အဆုံးစွန်ထိ သတ်ပစ်မယ် ဒါပေမဲ့ မင်း မနာခံဘူး ဆိုရင်တော့ မင်းရဲ့ အရေပြားကို ခွာပြီး မင်းနဲ့ ပေါင်းသင်းဆက်ဆံတဲ့ လူတစ်ယောက်စီကို ရှာပြီး မင်းနဲ့အတူ အားလုံးကို သတ်ပစ်လိုက်မယ်... ဆိုတော့ မင်းအခု ဘာလုပ်ရမယ်ဆိုတာ သိတယ် မဟုတ်လား"

ယွီခွမ်း ကြမ်းတမ်းစွာ ပြောဆိုနေသလို အခြားသူများကလည်း လုရွှမ်ကို စိုက်ကြည့်နေကြသည်။ လုရွှမ်က ပုခုံးတွန့်ပြီး

"ထားပါတော့ ဒါက ငါ့အတွက် အကောင်းဆုံးပါပဲ.... ဒါဆို ငါသွားတော့မယ် နောင်တရ မနေနဲ့... ဒါက နောက်ဆုံး မိုးကြိုးဘေးဒဏ်ကို မင်းတို့သိရမယ် ငါသည်းခံနိုင်ရင် ဒီဆေးက ငါ့အပိုင်ပဲနော်"

"အမ်.... မင်းတို့တွေ ဒီလောက်တော့ မတုံးကြဘူးမလား? တစ်ယောက်ယောက်ကို မင်းကိုယ်တိုင် လွှတ်လိုက်ရုံနဲ့ လုံလောက်ပြီလေ....နောင်မှာလည်း အဂ္ဂိရတ် သန့်စင်ပေးဖို့ ငါကူညီပေးနိုင်ပါတယ်..... ဒီလိုမျိုး အဂ္ဂိရတ်ပညာလောက် မအစွမ်းထက်ပေမယ့် မင်းတို့ ခွန်အားကို တိုးတက်အောင် ကူညီပေးဖို့ လုံလောက်မှာပါ..."

လုရွှမ်က စကားဆက်ပြောပြီး သူ့ပတ်ဝန်းကျင်က လူတွေကို စိုက်ကြည့်ရင်း ခပ်ကြောင်ကြောင် ရယ်မောရင်း ဆိုသော်ငြား သူ့ကို ဘယ်သူမှ လာမတားကြချေ။

ရေကန်အနားသို့ ဖြည်းညှင်းစွာ ရောက်လာသောအခါ ဆေးလုံးက လုရွှမ် ရောက်ရှိလာသည်ကို သတိပြုမိလိုက်သကဲ့သို့ ကောင်းကင်တစ်ခွင် ရောင်ခြည်များ စီးဆင်းလာပြီး တောက်ကျင့်စဥ် နိယာမများ ရောယှက်ကာ ပိုမိုတိကျလာသည်။

ရောင်ခြည်များ စီးဆင်းလာတာကို ဘယ်သူမဆို ထူးထူးခြားခြား မြင်နိုင်ပါ၏။

ဤဆေး အမျိုးအစားသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် လူများအတွက်သာ ထိရောက်သည်ဟု ဆိုပါက အတုသာ ဖြစ်ကြောင်း လူတိုင်း သိကြပါလိမ့်မည်။

All Chapters