← Chapters

အားလုံးသေကုန်ပြီ

Vol. 38 Ch. 4.83

အားလုံးသေကုန်ပြီ

Vol. 38 Ch. 4.83

"ထွက်ပြေးတော့မယ်!"

"တကယ် ထွက်ပြေးတော့မယ်နော်!"

"သေခြင်းတရားက သေခြင်းတရားပါပဲ ဒါပေမဲ့ ငါ့အမြင်အရတော့ မင်းတို့လို လူတွေရဲ့ သေခြင်းတရား အဆုံးသတ်ကောင်း ရှိမှာ မဟုတ်ဘူး!"

လုရွှမ်သည် သေရမည်ဟု ခြိမ်းခြောက်ထားခံရကာ အခြားသူများကို အချည်းနှီး ကျိန်ဆဲနေသည့် လူနှင့်တူသည်။

လူတစ်စုသည် ဟားတိုက် ရယ်မောကာ ကောင်းကင်မှ ကျလာသော မိုးခြိမ်းသံကြောင့် သူတို့ သေဆုံးသွားရမည်ကို စိုးရိမ်သဖြင့် တဖြည်းဖြည်းချင်း ဆုတ်ခွာသွားကြသည်။

"ကောင်လေး... မနှောင့်နှေးနဲ့ မင်း သေချာပေါက် သေလိမ့်မယ်"

လုရွှမ် ရေကန်ထဲသို့ ခုန်ဆင်းကာ နတ်ဘုရားအသွင်ပြောင်းဆေး ရှိရာသို့ ရောက်ရှိလာပြီး ဆေးကို လက်ဖဝါးထဲ ဆုပ်ကိုင်လိုက်သည်။

တခဏချင်းမှာပဲ လုရွှမ်ဟာ သူ့ခန္ဓာကိုယ်ထဲကို ကောင်းကင်နဲ့ မြေကြီးရဲ့ ကြွယ်ဝပြီး ပြည့်စုံတဲ့ နိယာမစွမ်းအင်ကို ခံစားလိုက်ရသည်။ လုရွှမ် သူ့ခန္ဓာကိုယ်ရဲ့ တစ်နေရာရာမှာ ကြိုးတစ်ချောင်း ​ပြတ်သွားသလို ခံစားလိုက်ရသည်။ ပြောင်းလဲသွား​တာ မရှိဘူးလို့ ထင်ရပေမယ့် သူ့ရဲ့အာရုံ ခံစားမှုတွေက လုံးဝကွဲပြားသွား၏။

ကောင်းကင်မှ မိုးကြိုးများ လွင့်လူးလာပြီး ဆယ်မိုင်ကျော် အကွာအဝေးအထိ မိုးကြိုးများ ပြိုကျကာ လုရွှမ်ကို ချက်ချင်း လွှမ်းခြုံသွားသည်။

အလင်းရောင်က ပြိုးပြိုးပြက်ပြက် တောက်ပနေ၏။ အလင်းရောင် ပြန်ပျောက်ကွယ် သွားသောအခါတွင် ယခင်မြစ်ဝှမ်းရှိ ကန်ရေများသည် လုံးဝ အငွေ့ပျံသွားကာ အနီးပတ်ဝန်းကျင်တွင် မြူမှုန်များဖြင့် ပြည့်နေသဖြင့် ရှင်းရှင်းလင်းလင်း မြင်ရခက်စေသည်။

ဒါပေမဲ့ ဒီလို မြူခိုးမျိုးက သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများ အတွက် ဘာမှ မဟုတ်ပေ။ ဧကရာဇ်အင်ပါယာမှ လာသူ သူတော်စင်တစ်ပိုင်းများ လက်ဝေ့ယမ်းလိုက်နှင့် မြူခိုးများ ရှင်းလင်းသွားလေသည်။

အလွန်ကြီးမားသော မြူတွေ ရှင်းလင်းသွားတဲ့အခါ ရေအိုင်သည် တစ်ဖန် ပြန်တက်လာပြီး ရေတွေ ဖြည်းညှင်းစွာ ပြည့်လျှံလာခဲ့သည်။

လူတိုင်းက ရေကန်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။

နတ်ဘုရားအသွင်ပြောင်း ဆေးလုံးဘယ်မှာလဲ??

အရင်ကတော့ သူတို့ပတ်ဝန်းကျင်က အရာအားလုံးကို သူတို့ရဲ့ စိတ်ဝိညာဉ် စွမ်းအားတွေနဲ့ ဖုံးအုပ်ထားလို့ အနှောင့်အယှက် တစ်ခုခု ရှိလာရင် သူတို့ ရှင်းရှင်းလင်းလင်း ခံစားရလိမ့်မယ်။

မိုးကြိုးပစ်ပြီးနောက် မရောက်မီတွင်ပင် လုရွှမ်၏ အငွေ့အသက်များ ချက်ချင်း ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသောကြောင့် လုရွှမ်သည် ကောင်းကင်ယံ မိုးခြိမ်းသံကို အသက် မရှင်နိုင်ခဲ့သည်မှာ ထင်ရှား​လေသည်။

ဒါပေမဲ့ နတ်ဘုရားအသွင်ပြောင်း ဆေးလုံး ပျောက်ကွယ်သွားရမယ့် အကြောင်းပြချက် မရှိဘူးမလား။

ဤဆေးလုံးသည် ကောင်းကင်နှင့် ဆန့်ကျင်ဘက် လွန်ကဲပြီး ကောင်းကင် မိုးခြိမ်းသံကြောင့် လွင့်သွားခြင်း ဖြစ်နိုင်သလော သို့မဟုတ် နတ်ဆေးလုံးသည် ၎င်း၏ ဝိညာဉ်ရေးဉာဏ်ကို အသက်သွင်းပြီးလို သူ့ဘာသာသူ ထွက်ခွာသွားခြင်းများ ဖြစ်နိုင်သလား။

လူတိုင်း မျက်လုံးများ ပြူးကျယ်သွားကာ နှလုံးသားထဲတွင် အံ့သြတကြီး ငေးကြည့်နေကြပြီး တဖြည်းဖြည်း လူတစ်ယောက်က ရုတ်တရက် ရယ်မောလိုက်တာက စလို့ ရယ်မောသံများ ဆက်လက် ထွက်ပေါ်လာကာ လူတိုင်းက ရိုင်းစိုင်းစွာ ရယ်မောလိုက်ကြသည်။

အချိန်အတော်ကြာ ကြိုးစားပြီး အများကြီး ပေးဆပ်ထားတာတောင် ဘာမှမရခဲ့ဘူးတဲ့လား?

"မဖြစ်နိုင်ဘူး.... မှော်ဆေးလုံးက ရှိနေရမယ် ပေသုံးထောင်လောက်အထိ တူးရင်တောင် ဒီမှော်ဆေးလုံးကို ရှာတွေ့ရမယ်"

ယွီခွမ်းက ဒေါသတွေထွက်ပြီး မျက်လုံးတွေ ဝေးဝါးလာသည်။ ယခင်က ထိန်းထားနိုင်ပေမယ့် အခုချိန်မှာတော့ မှော်ဆေးလုံး ပျောက်ကွယ်သွားပြီ။ သူလုပ်ခဲ့တာတွေက ရယ်စရာကြီး ဖြစ်ကုန်ပြီပေါ့။

သားရဲခန်းမမှ လူတိုင်းသည် မနာခံဘဲ မ​နေဝံ့ကြတာကြောင့် အောက်ဘက် ရေအိုင်ထဲသို့ ပြေးဆင်းသွားကြသည်။

"လူတိုင်းလည်း ဆင်းကြ!! မှော်ဆေးလုံးက သူ့ဘာသာသူ ပုန်းနေတာ ဖြစ်နိုင်တယ်... အဲဒါကြောင့် လူတိုင်း မခံစားမိနိုင်တာ ဒါပေမဲ့ မှော်ဆေးလုံး မရှိတော့ဘူးလို့ မဆိုလိုဘူး"

ရုတ်​တရက်​ အသံတစ်​ခု မြည်​လာ​တော့ လူတိုင်းလည်း ကြားလိုက်​ရ​ပြီး သူတို့မျက်​လုံး​တွေ ​တောက်​ပလာခဲ့ပြန်​သည်​။

"မှန်တယ်!! အဲဒါက အံ့ဖွယ်ကောင်းတဲ့ အာနိသင်ရှိတဲ့ နတ်ဆေး တစ်လုံးမို့လို့ အလွယ်တကူ ရှာမတွေ့နိုင်တာ အံ့သြစရာတော့ မဟုတ်ပါဘူး"

ဖက်ထုပ်တွေ ပစ်ချလိုက်သလို လူတစ်စုသည် ရေကန်ထဲသို့ ပြေးဆင်းသွားကြသည်။

"ဟေး... ဒီရေကန်ရဲ့ အငွေ့အသက်က အရမ်းပြင်းထန်တယ် ငါ ခဏခဏ အိပ်ငိုက်နေတာကြာပြီ ဖြစ်တဲ့ အခြေအနေကို ပြေလျော့သွားသလိုတောင် ခံစားရတယ်"

"ဆရာ!! ကျွန်​တော်နယ်ပယ် ထိုးဖောက်သွားပြီ!"

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်မှ လူငယ်များ အားပါးတရ ကြွေးကြော်နေသော အသံများ ထွက်ပေါ်လာသည်။

လူတိုင်းသည် ဤဝိညာဥ်စွမ်းအင်ရှိ ရေကန်၏ ထူးကဲထူးခြားမှုကို ခံစားခဲ့ရသည်။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် တပည့်များ၏ ကျွမ်းကျင်မှုမှာ တိမ်မြုပ်နေသေးပြီး ၎င်းတို့၏ ခွန်အားသည် အလွန်လျင်မြန်စွာ တိုးတက်လာသော်လည်း သူတော်စင်တစ်ပိုင်း အတွက်ကတော့ အနည်းငယ် နှေးကွေးသွားသည်ဟု ခံစားခဲ့ရသည်။

ဒါပေမဲ့ ဒီရေကန်က သူတို့ရဲ့ နယ်ပယ်ကို တိုးတက်လာအောင် ကူညီပေးနိုင်မယ် ဆိုတာ သံသယ ဝင်စရာပင် မရှိလိုပေ။

မကြာခင်မှာ လူတိုင်းက ဒီနေရာဟာ နတ်ဆေးလုံးရဲ့ အတိဒုက္ခကို ဖြတ်ကျော်ပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမတရားတွေနဲ့ ရောယှက်နေတာကြောင့် ဒါဟာ အံ့ဖွယ် အကျိုးသက်ရောက်မှုတွေ ရှိနိုင်တာ သဘာဝပဲ ဖြစ်လေသည်။

လူတိုင်း၏ စိတ်နှလုံးများက ပို၍ပို၍ ပူ​လောင်လာခဲ့သည်။ ထိုနေရာသည် နတ်ဆေးလုံး မိုးကြိုးကပ်ဆိုးကို ဖြတ်ကျော်သည့် နေရာတစ်ခုသာ ဖြစ်ပြီး ၎င်းတို့အတွက် အလွန်အစွမ်းထက်သော အကူအညီလည်း ဖြစ်ပေသည်။

"တွေ့ပြီ!"

ထူးဆန်းသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"အား!"

အော်သံတစ်ခု ထွက်ပေါ်လာပြီး ယခင်အသံက ရုတ်တရက် ရပ်သွားသည်။

"တစ်ယောက်ယောက်က မှော်ဆေးလုံးကို ရသွားပြီ.... သူ့ကို မြန်မြန်ရှာ!"

"ကောင်လေး မင်း ဘယ်သွားမလို့လဲ?"

"အဲဒါကျွန်တော် မဟုတ်ဘူး…"

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်မှ လူငယ်လေး၏ ခေါင်းမှာ နှစ်ခြမ်းကွဲထွက်သွား၏။

"အယုတ်တမာ!! မင်းကငါ့တပည့်ကို သတ်ရဲတယ်ပေါ့!!"

အမျက်ဒေါသကို အချိန်အတော် ကြာအောင် ထိန်းချုပ်ထားပြီးနောက် သည်းမခံနိုင်တော့တဲ့ လူတွေက နောက်ဆုံးမှာ အချင်းချင်း သတ်ဖြတ် ကြတော့သည်။ လက်နက်မျိုးစုံကို စွမ်းအားကြီးတဲ့ ဝိညာဥ် စွမ်းအားတွေနဲ့ အတူ ပစ်ခတ်တိုက်ခိုက်ကြလေ၏။

ဝိညာဥ်ရေကန်က ပြင်းထန်စွာ တုန်ခါသွားပြီး အနီရောင် တောက်တောက် သွေးများ စီးကျလာကာ ချက်ချင်းပင် သွေးဖြင့် ဆေးဆိုးလိုက်သလို ဖြစ်သွားတော့သည်။

"လူယုတ်မာ.... "

သူ​တော်စင်တစ်ပိုင်း ကျင့်​ကြံသူသည် ဝိညာဥ်သားရဲဆီက အကိုက်ခံရပြီး ကျယ်လောင်စွာ အော်ဟစ်ကာ ထိုဝိညာဥ်သားရဲကို ပြန်လည် တိုက်ခိုက်သည်။

ပျားအသိုက်များ ပြန့်ကျဲနေသကဲ့သို့ ရုတ်တရက် ဝိညာဥ်သားရဲများနှင့် ကျင့်ကြံသူများ အားလုံး အရူးအမူး တိုက်ခိုက်ခဲ့ကြသည်။ လက်နက်ကိုင် မဟာမိတ်များသည် နောက်အခိုက်အတန့်တွင် မိမိတို့ဖက်က လူကိုပါ ကြံစည်လာကြသည်။

"အတင့်ရဲလိုက်တာ!! ရေကန်ကို အခင်းအကျင်းနဲ့ တံဆိပ်ခတ်ရဲတယ်ပေါ့?? ကောင်းပြီ နတ်ဆေးလုံးကို လိုချင်တယ်ပေါ့ ဟုတ်လား? ဒီအဘိုးကြီး ဒီနေ့မိစ္ဆာဖြစ်သွားရင်တောင် အကုန်လုံးကို သတ်ပစ်မယ်ကွ!"

တိုက်ပွဲတွေ ပြန်စတော့ ကန်ထဲက ရေတွေ နီရဲလာပြီးရင်း နီရဲလာ၏။ ရေထဲက ထွက်လာတဲ့ လေထုအငွေ့အသက်ကလည်း သွေးညှီနံတွေ လျှံထွက်လာသည်။

ထွက်လာတဲ့ လမ်းကို အလင်းရောင် တစ်ခုက ပိတ်ဆို့လာတဲ့အခါ လူတိုင်းက ကန်ရေထဲမှာ ပိတ်မိသွားခဲ့သည်။

...

နေနှင့်လသည် အရောင်များကို အလှည့်ကျပြောင်းကာ ကြယ်များသည်လည်း ရွေ့လျားနေသည်။

လှိုင်းထန်နေသော ရေကန်သည် ငြိမ်သက်သွားသည်မှာ ကြာပြီဖြစ်ပြီး ဖွဲ့စည်းမှု အပြင်ဘက်တွင် ထောင်နှင့်ချီသော မိသားစု အင်အားကြီးများ ဝိုင်းဖွဲ့ကာ အခင်းအကျင်းကို အားကြိုးမာန်တက် ပစ်ခတ် တိုက်ခိုက်​နေကြသည်။

နောက်ဆုံးတွင် သွေးကန်ကြီးပေါ်ရှိ ကြီးမားသော အခင်းအကျင်းကြီး ကျိုးသွားကာ သွေးစီးကြောင်းများက ကောင်းကင်သို့ ပြန့်ကျဲလာသည်။ သွေးအိုင်တဝိုက်တွင် စုရုံးနေသော မိသားစုကြီးများသည် အလောင်းများကို ထိတ်လန့်တကြားဖြင့် ကြည့်နေကြသည်။

ခဏကြာတော့ ဘယ်သူမှ မလှုပ်ရဲကြတော့ပေ။ တချို့သော အင်အားစုများ ထွက်ခွာသွားပြီးနောက် ဤနေရာ၌ အလောင်းများသာ ကျန်ရစ်ခဲ့၏။

နတ်ဆေးလုံး မွေးဖွားလာပြီး မိုးကြိုး ပစ်ချလာခဲ့ရာ ထိုလျှို့ဝှက်ဆန်းကြယ်သော လူငယ်လေး သေဆုံးသွားခဲ့သည်။

ဇာတ်လမ်းတိုင်းက ဒဏ္ဍာရီလိုပါပဲ။ သွေးအိုင်ထိပ်သို့ သွားလိုက်သော် အောက်ခြေရှိ ဝိညာဉ်ရေကန်ကို တွေ့လိုက်ရသည်။ ငလျင်ကြီး၏ အပြင်ဘက်တွင်ပင် သွေးများနှင့် လူသတ်ချင်သည့် အငွေ့အသက်များက လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်သွားစေခဲ့သည်။

အခင်းအကျင်း ဖွဲ့စည်းခြင်း၏ ခွန်အားသည် လူတိုင်း၏ စိတ်ကူးနိုင်ယဉ်မှုထက် ကျော်လွန်နေပါ​ပြီ။ တစ်ရက် ကြာပြီးနောက်တွင် လူတိုင်းသည် အခင်းအကျင်းကို ဖွင့်ရန် အတူတကွ ပူးပေါင်း လုပ်ဆောင်ခဲ့ကြပြီး အောက်ပါအရာညအားလုံးကို မြင်တွေ့ခဲ့ရသည်။

ရေကန်၏ မျက်နှာပြင်ပေါ်တွင် သစ်ငုတ်များ၊ ကျိုးပဲ့​နေသော လက်နက်များ၊ ဝိညာဥ်သားရဲများနှင့် သူ​တော်စင် တစ်ပိုင်းတို့သည် ရေကန်တစ်ခုလုံးတွင် ပြန့်ကျဲနေပါ၏။

လူငယ်တချို့သည် ရေကန်ထဲက ဆိုးရွားလှသော အခြေအနေကို ကြည့်ပြီး အန်ထွက်လာသည်အထိ အမှန်ပင် ရွံရှာဖွယ် ကောင်းလှသည်။

"တစ်ယောက်ယောက် အသက်ရှင်နေသေးလား?"

ရုတ်တရက် တစ်ယောက်ယောက်က မေးပေမယ့် ဘယ်သူမှ မဖြေကြဘဲ အဆုံးမှာတော့ လူတိုင်းက အားလုံး သေသွားကြပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

နတ်ဆေးလုံးရော??

နောက်ဆုံးတွင် တစ်စုံတစ်ယောက် ပြေးဆင်းသွားပြီးနောက် အားလုံးပါ ပြေးဆင်းသွားကြသည်။ အခင်းအကျင်း ဖွဲ့စည်းမှု မပြိုကွဲဘဲ အပြန်အလှန် သတ်ဖြတ်မှုတွင် လူအားလုံး သေဆုံးခဲ့ကြသောကြောင့် မှော်ဆေးလုံးသည် ထိုနေရာတွင် ရှိနေရမည် ဖြစ်ပြီး မည်သူမဆို ရနိုင်သည်မို့ ၎င်းတို့၏ အခွင့်အရေးပင် ဖြစ်သည်။

ဒီရှာဖွေမှုဟာ ဆယ်ရက်ကျော် ကြာမြင့်လာခဲ့သည်။ တချို့လူတွေက နောက်ဆုံးမှာတော့ သူတို့ရဲ့ ကံကြမ္မာကြောင့် နှုတ်ထွက်ပြီး ထွက်ခွာသွားခဲ့ပေမယ့် တချို့က ဒီနေရာမှာ မှော်ဆေးလုံး ရှိ​နေတယ်လို့ ယုံကြည်ပြီး ထွက်သွားဖို့ကို ငြင်းဆန်ခဲ့ကြသည်။

All Chapters