လုရွှမ် တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီ
Vol. 38 Ch. 4.84
နတ်ဘုရားအသွင်ပြောင်း ဆေးလုံးသည် လုံးဝ ကျော်ကြားလာခဲ့ပြီး မကြာမီတွင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က ကျင့်ကြံသူ တချို့သည်ပင် ဤနေရာသည် ရိုးရှင်းစွာ လေ့ကျင့်ရန် သန့်ရှင်းသောနေရာ ဖြစ်ကြောင်း တွေ့ရှိလာခဲ့သည်။
ရေကန် ဘေးတွင် ငြိမ်သက်စွာ ထိုင်ခြင်းသည် ကောင်းကင်နှင့်ကမ္ဘာ၏ တောက်ကျင့်စဥ် နိယာမသဘောတရားကို နားလည်ရန် အထောက်အကူ ဖြစ်စေသည်။
ဤနေရာ၌ သူ၏အသွင်ပြောင်းခြင်း နယ်ပယ်ကို ပြီးဆုံးသွားသော ကျင့်ကြံသူ တစ်ဦးမှ တောက်ကျင့်စဥ် နိယာမကို သိရှိနားလည်သွားပြီး သူတော်စင် တစ်ပိုင်းလမ်းကို စတင်လိုက်သည့် အချိန်အထိ ဝိညာဥ်ရေကန်မှာ လုံးဝ မီးလောင်သွားခဲ့သည်။
တဖြည်းဖြည်းနဲ့ပဲ သူတော်စဥ်လမ်းစဥ်က နိယာမသဘော တရားတချို့ကို ရှာတွေ့ခဲ့ရင်တောင် ဒီနေရာလေးမှာ အချိန်အကြာကြီး ထိုင်နေမယ်ဆိုရင် တောက်ဓမ္မကို ပိုပြီး နက်ရှိုင်းစွာ နားလည်လာမှာ ဖြစ်လေသည်။
သူတော်စင် တစ်ပိုင်းကြီးများ၏ ဖိအားအောက်တွင် မြို့ထောင်ချီ မဟာမိတ်တပ်ပေါင်း များစွာသည် မြင့်မြတ်သော ဝိညာဥ်ရေကန်ကို မသိမ်းပိုက်နိုင်တော့ချေ။ ဧကရာဇ် အင်ပါယာကြီးများမှ အရူးအမူး ရောက်ရှိလာသော သူတော်စင်တစ်ပိုင်း များသည် ဝိညာဥ်ရေကန်ကို ကာကွယ်ရန် မဟာမိတ် ဖွဲ့ခဲ့ကြသည်။
မြို့ထောင်ချီ မဟာမိတ်ဖွဲ့ပြီး ဝိညာဥ်ရေကန် တိုက်ပွဲတွင် အင်အားများစွာ ဆုံးရှုံးသွားကြသည်။ ဒီအခြေအနေကို ကြည့်ကာ နတ်ဘုရားအသွင်ပြောင်းဆေး အပေါ် တပ်မက်မှုကို စွန့်လွှတ်လိုက်ရသည်။
ပျောက်ကွယ်သွားသော နတ်ဆေးလုံးသည် မည်သည့်အချိန်ကမှ ပျောက်ကွယ်သွားသည် မသိသော်လည်း မိုးကြိုးဘေးဆိုး အောက်တွင် မြေပြင်မှ စိမ့်ထွက်လာသော စိမ့်စမ်းရေများနှင့် လုံးလုံး ပေါင်းစပ်သွားကာ နတ်ဆေးလုံးရေကန် ပေါ်လာကြောင်း သတင်းများ ပျံ့နေတော့သည်။
ဤအကြောင်းပြချက်သည် ကောင်းမွန်စွာ တည်ရှိနေလို့ နတ်ဝိညာဥ်ရေကန်က အဘယ်ကြောင့် နိယာမစွမ်းအင်အား လူတို့ကို အလွယ်တကူ နားလည်စေနိုင်ကြောင်း အကြောင်းရင်း ရှိသည်ကို ရှင်းပြနိုင်ခဲ့သည်။
အဓိက တပ်ဖွဲ့များသည် ဤကန်တွင် နတ်ဘုရားအသွင်ပြောင်းဆေး ရှိကြောင်း အခိုင်အမာ ပြောဆိုနေကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ မှော်ဆေးလုံးသည် ရေကန်ထဲသို့ အမှန်တကယ် ပေါင်းစပ်သွားသည်ဟု ယုံကြည်ကြသူများ ပို၍ပို၍ များပြားလာခဲ့သည်။
လူတိုင်းရဲ့ နှလုံးသားထဲမှာ လူတွေက နတ်ဆေးလုံးကို ကမ္ဘာမှာ တစ်ဖန် ပြန်မပေါ်စေချင်ကြဘဲ ရေကန်ထဲကို ထာဝရ အရည်ပျော်သွားစေလို၏။ မဟုတ်ရင် နတ်ဘုရားအသွင်ပြောင်းဆေးရဲ့ ကြီးမားတဲ့ စွမ်းအားကြီးတွေက လူတိုင်းအတွက် ကပ်ဘေးကြီးသာ ဖြစ်လာလိမ့်မည်။
သားရဲခန်းမ၊ ထျန်မိသားစု နှင့် လုရွှမ်၏ နောက်လိုက်များ အားလုံးသည် လျှို့ဝှက်ခန်းကို မျှော်တလင့်လင့် ကြည့်နေကြသည်။ မော့ကောင်းရွှမ်းဟာ သခင်လေး နှစ်လနီးပါး တံခါးပိတ် ကျင့်ကြံနေခဲ့ပြီး ယခုသူ ထွက်လာတော့မှာ ဖြစ်ကြောင်း ပြောပြခဲ့သည်။
မွန်းတည့်လွန်နေပြီ ဖြစ်၍ တံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေသူများသည် ဆက်မစောင့်နိုင်တော့ပေ။ နတ်ဆေးလုံးရေကန်သည် ယခင်ကကဲ့သို့ အရေးကြီးသော အရာတစ်ခု ဖြစ်ခဲ့သော်လည်း လုရွှမ်က တံခါးပိတ် ကျင့်ကြံရာက ထွက်မလာခဲ့ချေ။
ထို့ကြောင့် ထိုလူများမှာ တဖြည်းဖြည်း မနေနိုင် မထိုင်နိုင် ဖြစ်လာ၏။ မော့ကောင်းရွှမ်းသာ လူတိုင်းကို တားဖို့ အတတ်နိုင်ဆုံး မကြိုးစားခဲ့ဘူးဆိုရင် လုရွှမ်မှာ မတော်တဆမှု တစ်ခုခု ဖြစ်လာမှာကို စိုးရိမ်ပြီး ပြေးဝင်လာကြလိမ့်မယ်။
လက်ရှိ လုရွှမ်သည် သူတို့၏ ကျောရိုးဖြစ်သည်။ သူ့အတွက် မတော်တဆမှု တစ်ခုခုဖြစ်ခဲ့ပါက ၎င်းတို့သည် အခြေခံအားဖြင့် လူစုခွဲသွားရမည် ဖြစ်သည်။
ဟန်ရွှယ်နှင့် အခြားမိန်းကလေး ငါးဦးသည် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ကြပြီး နောက်ဆုံးတွင် တံခါးသည် ကျယ်လောင်စွာ ပွင့်လာပြီး အဖြူရောင် ဝတ်ထားသော လုရွှမ် ထွက်လာခဲ့သည်။
သူ့မျက်နှာက ဖြူဖွေးနေပြီး မျက်လုံးတွေ စူးစူးဝါးဝါး အကြည့်တွေနဲ့ အင်အားတစ်ခုကို စိုက်ထူနေပုံရသည်။
"သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉?"
တစ်စုံတစ်ယောက်သည် လုရွှမ်၏ နယ်ပယ် ပြောင်းလဲမှုများကို နောက်ဆုံးတွင် မြင်လိုက်ပြီး အံ့သြစွာ အော်လိုက်သည်။
လုရွှမ်၏ အရည်အချင်းသည် အင်မတန် ထူးခြားကြောင်း အားလုံးသိကြပြီးသား ဖြစ်သော်လည်း ကျင့်ကြံမှု အရှိန်သည် လူတိုင်း ခန့်မှန်းထားတာထက် များစွာ ကျော်လွန်နေသေးသည်။
သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇မှ အဆင့်၉အထိ ရောက်ဖို့ နှစ်လခန့်သာ အချိန်ယူခဲ့ရသည်။
လုရွှမ်နှင့် နှိုင်းယှဥ်လိုက်ရင် သူတို့ဟာ လုံးဝကို အလယ်အလတ်တွေ ဖြစ်တယ်လို့ အားလုံးက တွေ့ရှိခဲ့ကြသည်။ လုရွှမ်ဟာ ကောင်းကင်မှာ တောက်ပနေတဲ့ လနဲ့တူပြီး သူတို့ကတော့ မှောင်မိုက်နေတဲ့ အခန်းထဲက ဖယောင်းတိုင်တွေသာ ဖြစ်နေတာကြောင့် နှိုင်းယှဉ်စရာ လုံးဝ မရှိပေ။
တစ်ချိန်က လုရွှမ်ကို ဂုဏ်ယူဝံ့ကြွားစွာ နှိမ့်ချခဲ့ဖူးသော ထျန်မိသားစုမှ လူငယ်လေးများသည် ယခုအချိန်တွင် ခေါင်းငုံ့ထားကြသည်။ နတ်ဆေးလုံး ရေကန်မှာ ဖြစ်ပျက်သွားတာကို ကြည့်ခြင်းအားဖြင့် သူတို့သည် ဧကရာဇ်အင်ပါယာက လာသော်ငြား ရေတွင်းထဲက ဖားသာဖြစ်ကြောင်း နားလည်လာခဲ့၏။
ထျန်ကျွင့်နမ်ကတော့ အရမ်းကို ဝမ်းသာနေပါပြီ။ လုရွှမ် ပိုမိုအားကောင်းလေ ထျန်မိသားစုမှာ သူ့အဆင့်အတန်းက မြင့်မားလေပဲလေ။
သူက ရွှင်မြူးစွာ ပြေးသွားသည်။
"အစ်ကိုကြီး နောက်ဆုံးတော့ တံခါးပိတ် ကျင့်ကြံနေတာကနေ ထွက်လာပြီပေါ့... ဟားဟားဟား ကျွန်တော် အစ်ကိုကြီးကို မင်း အရမ်းလွမ်းနေတာ"
တစ်ချိန်က ထျန်ကျွင့်နမ်မှာ ထိုလျှို့ဝှက်ဆန်းကြယ်သော လူသည် လုရွှမ် ဖြစ်နိုင်ကြောင်း သံသယ ရှိခဲ့သော်လည်း နတ်ဆေးလုံးရေကန် တိုက်ပွဲ၏ အမှန်တရားကို ပြန်လည် ထူထောင်လိုက်ခြင်းဖြင့် ယခင်က ဖြစ်ပျက်ခဲ့သောအရာကို လူများက ရှာဖွေတွေ့ရှိခဲ့သည်။
ထူးထူးခြားခြား အရည်အချင်းရှိသော ထိုလူငယ်သည် နတ်ဆေးလုံးရေကန်တွင် သေဆုံးသွားခဲ့ပြီပဲ ဖြစ်သည်။
အားကောင်းမောင်းသန် မိုးကြိုးကို သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က လူငယ်မပြောနဲ့ သူတော်စင်တစ်ပိုင်းက လူတောင်မှ လုံးဝ မခံနိုင်ပါဘူးလေ။
ဒါပေမဲ့ လုရွှမ်မှာ အာကာသ မှော်လက်နက် ရှိတယ်ဆိုတာ ဘယ်သူမှ မသိချင်ကြဘူး မဟုတ်လား။ မိုးကြိုးပစ်ချ လာတဲ့ အချိန်တုန်းက လုရွှမ် ကျောက်စိမ်းပြားထဲ ဝင်ပုန်းလိုက်ခြင်းသာ ဖြစ်လေသည်။
ထို့နောက် လုရွှမ်သည် တိတ်တိတ်ဆိတ်ဆိတ် ပေါ်လာပြီး ပေါ့ပေါ့တန်တန် စကား အနည်းငယ် ထုတ်ပြောကာ မျက်နီနီများကို အချင်းချင်း သတ်ပစ်စေလိုက်သည်။
သေချာတာပေါ့။ လူအားလုံးနီးပါး သေဆုံးကြပြီး ကျန်နေတဲ့ လူယုတ်မာ အနည်းငယ်ကို လုရွှမ်က လွယ်လွယ်ကူကူပဲ ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သည်။
ဤအရာအားလုံးကို ချောမွေ့စွာ လုပ်ဆောင်ပြီးနောက် သူသည် ရွှေအရှိန်ကို အသုံးပြု၍ ရေကန်ထဲမှ တိတ်တဆိတ် ထွက်ပြေးကာ လူတိုင်း၏အသိနှင့် ဝေးရာ လျှို့ဝှက်ခန်းဆီသို့ ပြန်လာခဲ့သည်။
မော့ကောင်းရွှမ်းသည် လုရွှမ် ထွက်ခွာသွားသည်ကို မြင်လိုက်ရသော တစ်ဦးတည်းသော လူသာ ဖြစ်သည်။ သူစိုးရိမ်နေခဲ့သော်လည်း လုရွှမ် တိတ်တိတ်လေး ပြန်လာတာကို မြင်လိုက်ရသဖြင့် သူသည် အလုံးစုံသော အမူအရာကို နားလည်၍ သဘာဝအတိုင်း လုရွှမ်၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းသူ ဖြစ်လာခဲ့သည်။
သူ့တွင် အမြင့်မားဆုံးသော ခွန်အား ရှိသော်ကြောင့် သူတားဆီးထားတာက အဓိပ္ပာယ် ရှိလှသည်။
"အခုတလော ဘာဖြစ်ခဲ့တာလဲ? မင်းတို့အားလုံးကို ကြည့်ရတာ တစ်ခုခုကို အလောတကြီး စိတ်ပူနေကြတဲ့ပုံနဲ့.... ကောင်းကင်မြေကြီးရဲ့ တောက်စွမ်းအင် အခွင့်အလမ်း မွေးဖွားလာတာလား? ငါ လွတ်သွားတာလား?"
လုရွှမ်က မျက်မှောင်ကြုတ်ကာ မော့ကောင်းရွှမ်းကို စိုက်ကြည့်ရင်း
"အခွင့်အလမ်း ရောက်လာရင် မင်းငါ့ကို သတိပေးရမယ်လို့ ငါပြောထားတာ မဟုတ်ဘူးလား?"
မော့ကောင်းရွှမ်းသည် အပြစ်ရှိကြောင်း ဝန်ခံရန် အလျင်အမြန် ဒူးထောက်လိုက်သော်လည်း ဟန်ရွှယ်နှင့် မိန်းကလေးများက သူ့ကိုဆွဲ၍ နတ်ဆေးလုံးရေကန်တွင် ဖြစ်ပျက်ခဲ့သည်များကို အော်ဟစ် ပြောဆိုလိုက်သည်။
"ဘာ?? နတ်ဆေးလုံးက မွေးဖွားလာတယ်?? မိုးခြိမ်းသံက မြေကြီးပေါ်အထိ ပေါက်ထွက်လာတယ် ဟုတ်လား?? နတ်ဆေးလုံးရေကန်ရဲ့ စွမ်းအင်က သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က လူတွေကို တောက်ကျင့်စဥ်ရဲ့ ဖြစ်တည်မှုကို နားလည်အောင် ကူညီပေးနိုင်တယ်??"
သူ့မျက်နှာပေါ်တွင် နောင်တရသော လုရွှမ်သည် မော့ကောင်းရွှမ်းကို စိုက်ကြည့်ကာ ချက်ချင်း ပြန်တောင်းပန်လိုသော ဆန္ဒများ ပေါ်လာခဲ့သည်။
"မေ့လိုက်ပါ... ဒါက ကံကြမ္မာ အတိုင်းပဲ"
လုရွှမ် ပေါ့ပေါ့ပါးပါး ပြောပြီး ခန်းမထဲကို ၀င်သွားတော့သည်။
မလှမ်းမကမ်း တစ်နေရာ၌ အဘွားကြီးတစ်ယောက် နဲ့ မိန်းကလေးနှစ်ယောက် တိတ်တိတ်ဆိတ်ဆိတ် ပေါ်လာပြီး မိန်းကလေးနှစ်ယောက်ကတော့ ယန်ရှီးနဲ့ ကျိုးကျိုးပဲ ဖြစ်လေသည်။
"ဆရာ ဘာလို့ မဆင်းတာလဲ?"
ယန်ရှီးက မေးလိုက်သည်။ အဘွားအိုက ပြုံးပြီး ခေါင်းခါရင်း
"ဘာမှမဟုတ်ဘူး... ဒီအတိုင်း လာကြည့်တာ ဒီကလေးရဲ့ အရည်အချင်းက အကန့်အသတ် မရှိဘူး.... နောင်မှာ မင်းသူနဲ့ များများ ဆက်သွယ်ရလိမ့်မယ်.... ကျိုးကျိုး သူကမင်းကို အရမ်းသဘောကျတယ် ဆိုတော့ သူနဲ့နီးကပ်အောင် ကြိုးစား....မင်းရဲ့ ကံကြမ္မာက အားကောင်းလာလိမ့်မယ်"
"ကောင်းပြီ... ငါမဆင်းတော့ဘူး မင်းတို့ ဂုဏ်ပြုဖို့ ဆင်းသွားတော့"
အဘွားကြီးက မိန်းကလေး နှစ်ယောက်ကို လှည့်ပြောပြီးနောက် သူ့ခန္ဓာကိုယ်က အလင်းတစ်ချက်နဲ့ အတူ ပျက်ပြယ်သွားခဲ့သည်။
"သူဟုတ်တာလား မဟုတ်တာလား? ယုတ္တိနည်းအရ ပြောရရင်တော့ မဟုတ်နိုင်ဘူး ဒါပေမဲ့ တကယ်ပဲ သူသာဆိုရင် ငါဒီလိုလူမျိုးကို စော်ကားလို့ မရဘူး.... မေ့လိုက်ပါ အရာအားလုံးက ဒီအတိုင်း သိမ်းထားတာလည်း ကောင်းတာပဲ"
အဘွားကြီး ထွက်ခွာသွားသည်နှင့်အမျှ အရိပ်လူသတ်ခန်းမ အပြင်မှ အရိပ်များသည်လည်း တစ်စတစ်စ ပျောက်ကွယ်သွားခဲ့သည်။
လုရွှမ်က သက်ပြင်းတစ်ချက် ချမိသော်လည်း အစမှအဆုံးထိ အနည်းငယ် နောင်တရနေမိသည်။
အလားတူ ကျင့်ကြံမှုအခြေခံ ခိုင်ခံ့မှု၊ အခင်းအကျင်း ဖွဲ့စည်းမှု နည်းပညာနှင့် အဂ္ဂိရတ်ပညာ စသည်ဖြင့် လုရွှမ်သည် အခြားသူများ၏ သံသယကို မလွဲမသွေ နှိုးဆွပေးမည်ကို သိထားသောလည်း ယနေ့ သူ၏အသွင်အပြင်ကြောင့်သာ ဒီလောက်များတဲ့ လူများစွာကို ဆွဲဆောင်မိဖို့ မမျှော်လင့်ထားခဲ့ပေ။
သူခန့်မှန်းထားတာက အနည်းဆုံး သူတော်စင်တစ်ပိုင်း အယောက် ၃၀လောက် ရှိမယ်လို့လေ။ ဒီလူတွေသာ သဲလွန်စ တစ်ခုခုကို သတိထားမိရင် ဒါဟာ စစ်ပွဲကြီးတစ်ခု ဖြစ်လာမှာ သေချာလေသည်။
ဒါပေမဲ့ ကောင်းကောင်း သရုပ်ဆောင်နေလိုက်လည်း မဆိုးပါဘူး။