နတ်ဆေးလုံးမြို့
Vol. 38 Ch. 4.85
မပြည့်စုံတဲ့ နိယာမစွမ်းအင်တွေရှိတဲ့ တိမ်ပင်လယ် နယ်မြေထဲမှာ သူ့မှာ အာကာသ မှော်လက်နက်တစ်ခု ရှိမယ်လို့ ဘယ်သူက ထင်မှာလဲ? သူ ဒုတိယဘဝမှာ အမှန်တကယ် နေထိုင်နိုင်မယ်လို့ရော ဘယ်သူက ထင်မှာလဲ?
သူ့အတွက်ကတော့ သူတို့နဲ့ ကစားရတာ ကြက်ကလေးတွေနဲ့ ကစားနေရတာနဲ့ အတူတူပဲ။ လုရွှမ် သုံးခါလောက် ရယ်ပစ်လိုက်ချင်နေ၏။ မဟုတ်ရင် သူ့စိတ်ထဲက လန်းဆန်းမှုကို ဖော်ပြဖို့ မလုံလောက်ဘူးလေ။
အကြီးအကဲ၆က ခန်းမထဲတွင် စောင့်ဆိုင်းနေခဲ့သည်။ သူသည် သူတော်စင်တစ်ပိုင်း အဆင့်တွင် ရှိနေရဆဲဖြစ်သည်။ လုရွှမ်ရဲ့ ခွန်အားများ တစ်ဖန်ပြန်လည် တိုးတက်ကောင်းမွန်လာသည်ကို မြင်လိုက်ရသဖြင့် သက်ပြင်းချကာ ချီးမွမ်းလိုက်သည်။
ထို့နောက် ထျန်မိသားစုမှ တပည့်များ အားလုံးကို ပြစ်တင် ရှုတ်ချလိုက်သည်။ ထျန်မိသားစု၏ တပည့်များ အားလုံး ယခုအချိန်၌ ၎င်းတို့သည် ယခင်က မောက်မာမှု မရှိတော့ပေ။
တတိယအကြီးအကဲ ကွယ်လွန်သွားပြီးနောက် အကြီးအကဲ၆ သည် ၎င်း၏ယခင် လွယ်ကူသော သဘောထားကို ပြောင်းလဲကာ သူတို့တို့အပေါ် အလွန်တင်းကြပ်စွာ ဆက်ဆံလာခဲ့သည်။ ၎င်းတို့သည်လည်း ငတုံးများ မဟုတ်တာကြောင့် မိမိတို့ အကျိုးအတွက် ဖြစ်ကြောင်း သိကြ၏။
အကြီးအကဲ၆က လုရွှမ်ရှေ့မှာ ဖြစ်ပျက်ခဲ့တာတွေကို အသေးစိတ် ပြောပြပြီး လုရွှမ်ကို စိတ်ခံစားချက် အပြည့်နဲ့ ချီးကျူးလေသည်။
"မြင်းကို ဆုံးရှုံးလိုက်ရရင် ဒါက ကံကောင်းမှုတစ်ခု မဟုတ်ဘူးဆိုတာ မင်းသိပါတယ်.... ငါအရင်က နည်းနည်း နောင်တရခဲ့တယ် ဒါပေမဲ့ အခုတော့ အဲဒါကို တွေးကြည့်လိုက်တော့ ကံကောင်းခြင်း တစ်မျိုးပါပဲ"
လုရွှမ်က ကြောက်ရွံ့သော အကြည့်ဖြင့် ပြောလိုက်သည်။
"ကျွန်တော် ပြီးရင် ဒီလောက် အစွမ်းထက်တဲ့ အဂ္ဂိရတ်ဆရာတစ်ယောက် ရှိနေမယ်လို့ မထင်ထားဘူး... အကြီးအကဲ၆ ခင်ဗျား ချဲ့ကားပြီးတော့များ ပြောနေတာလား? သူက တကယ်ပဲ နတ်ဆေးလုံးကို သန့်စင်နိုင်ခဲ့တာလား?"
လုရွှမ်၏ ပါးစပ်ထောင့်စွန်းတွင် သာမာန်လူ ရှိသင့်သည့် ပုံစံအတိုင်း ထိုအမည်မသိ လူငယ်အား မနှစ်သက်သည့် အကြည့်မျိုး ရှိနေသည်။
"ဒီရက်ပိုင်းမှာ ငါစဉ်းစားကြည့်ပြီးပြီ.... အဲဒီအချိန်တုန်းက အဲဒီမျိုးဆက်သစ်လေးကလည်း သူနတ်ဆေးလုံးကို သန့်စင်နိုင်မယ်လို့ မမျှော်လင့်ထားဘူးတဲ့ ပုံပဲ.... တောက်နိယာမစွမ်းအင်က မြို့ထောင်ချီမဟာမိတ်မှာ ပေါ်ထွက်လာခဲ့လို့ ဖြစ်လိမ့်မယ်....တောက်ကျင့်စဥ် နိယာမစွမ်းအင် ပေါ်ထွက်လာတဲ့ အချိန်နဲ့ တိုက်ဆိုင်သွားလို့ နတ်ဆေးလုံး သန့်စင်မှုက အောင်မြင်သွားတာ ဖြစ်နိုင်တယ်"
"ဒါပေမဲ့ နတ်ဆေးလုံး ဒီလောကမှာ မပေါ်လာသေးဘဲ ကောင်းကင်နဲ့မြေကြီးရဲ့ အတိဒုက္ခ မိုးကြိုးပစ်ခံရတဲ့ နတ်ဆေးလုံးက ပျောက်သွားပြီး လက်ရှိ နတ်ဆေးလုံးရေကန်ကိုပဲ ဖန်တီးနိုင်လိုက်တာတော့ နှမြောစရာပဲ.... ပြီးတော့ အဲဒီလူငယ်ရဲ့ အရည်အချင်းက ကြောက်စရာ ကောင်းလွန်းတယ် နောက်ဆုံးမှာတော့ သူ့ကိုယ်သူကြောင့်ပဲ အသက်ဆုံးရှုံးသွားတာပဲ...."
လုရွှမ်လည်း အထပ်ထပ် အခါခါ ခေါင်းညိတ်ပြပြီး လေးလေးနက်နက် သဘောတူလိုက်သည်။ ထို့နောက် အခြားသူများကလည်း လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက် လုပ်ဆောင်ကြသည်။
သူ့သားအကြောင်း ခဏလောက် ပြောပြီးတဲ့ နောက် အကြီးအကဲ၆လည်း ထွက်သွားလေ၏။ တတိယ အကြီးအကဲ သေဆုံးသွားရခြင်းသည် သူ့အတွက် ကြီးစွာသော ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။
အချိန်သည် နှစ်လသာ ရှိသေးသော်လည်း သူသည် အသက်နှစ်ဆယ်ကျော် အိုသွားပုံရသည်။
"ငါနတ်ဆေးလုံးရေကန်ကို သွားချင်တယ် ဘယ်သူ စိတ်ဝင်စားလဲ?"
အကြီးအကဲ၆ ထွက်သွားတာကို မြင်တော့ လုရွှမ်လည်း စကားပြန်စလိုက်သည်။ ထိုအခါ လူတိုင်းက သဘောတူကြပြီး ထျန်မိသားစု လူငယ်များရဲ့ မျှော်လင့်ချက် မျက်လုံးတွေကိုတောင် မြင်နေရလေသည်။
မိန်းကလေးများသည် ဤနေရာတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ရလို့ ငြီးငွေ့လာခဲ့ကြပြီး ဖြစ်ရာ ခွန်အားကြီးသော လူတစ်စုသည် နတ်ဆေးလုံးရေကန်သို့ အတူတကွ ထွက်ခွာလာခဲ့ကြသည်။
လုရွှမ်သည် လူတိုင်းကို တစ်ချက် အကဲခတ်၍ လွန်ခဲ့သည့် နှစ်လတွင် လူတိုင်း အချိန်မဖြုန်းခဲ့တာကို ခန့်မှန်းမိ၏။ ထျန်ကျွင့်နမ်မှာ သူ့ကိုယ်သူ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်၏ အဆင့် ၉ အထိ လေ့ကျင့်နိုင်ခဲ့ကာ ပြီးပြည့်စုံသော ကာလပင် ရောက်တော့မည် ဖြစ်သည်။
သူတော်စင်လမ်းစဥ် တောက် နိယာမစွမ်းအင်ရဲ့ ခြေရာတွေဟာ သူ့မျက်လုံးတွေထဲ စီးဆင်းနေပြီး ဂုဏ်သိက္ခာရှိတဲ့ ပုံသဏ္ဌာန်နဲ့ တောက်နိယာမကို တဖြည်းဖြည်းနဲ့ အပေါ်ယံ နားလည်မှုတွေပင် ရနေပြီ။ အချိန်ကြာလာတာနဲ့အမျှ အနာဂတ်ကျင့်စဉ် လမ်းကြောင်းကို ရှာတွေ့ဖို့ဆိုတာ မခက်ခဲတော့ပေ။
မော့ကောင်းရွှမ်းမှာ အသက်ကြီးပေမယ့် သူသည် သေမျိုးအသွင်ပြောင်းခြင်ူယး နယ်ပယ်တွင် ရှိနေဆဲ ဖြစ်သည်။ သို့သော် သူသည် အလုပ်ကြိုးစားပြီး သစ္စာရှိသဖြင့် လုရွှမ် ၎င်းကို သူ့နှလုံးသားထဲတွင် မှတ်ထားပါပြီ။
သူ၏ အသိပညာနှင့် အတွေ့အကြုံအရ လူတစ်ဦးအတွက် သူတော်စင်တစ်ပိုင်း ဖြစ်လာရန်မှာ လွယ်ကူနေသေးသည်။
မုယန်ဖုန်းကတော့ ပါရမီရှင် တစ်ဦးဖြစ်ခဲ့သည့် နာမည်နှင့် ထိုက်တန်ပါသည်။ သူပေးသော ဆေးလုံးများဖြင့် ခွန်အားသည် တစ်ဖန် တိုးလာကာ အဆင့်များစွာကို ဖြတ်ကျော်သွားလို ယခု သူ့တွင် အသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ကျင့်ကြံမှု အခြေခံကိုပင် ရရှိနေပြီ ဖြစ်သည်။
သို့သော် ဝင်ရောက်မှုမှာ အနည်းငယ်မြန်ပြီး အခြေခံအုတ်မြစ်ကို ကောင်းစွာ မတည်ဆောက်နိုင်ခဲ့ပေ။ လုရွှမ်သည်လည်း ၎င်းကို စွဲစွဲမြဲမြဲ မှတ်ထားပြီး နောက်ပိုင်းတွင် သူ၏ ကျင့်ကြံမှုကို အားကောင်းစေရန်အတွက် တချို့သော ဆေးလုံးများကို သန့်စင်ပေးရလေသည်။
ဟန်ရောင် နှင့် လျောင်ချင်းတို့သည် အတော်ပင် ညံ့ဖျင်းကြပြီး ၎င်းတို့တွင် တည်ငြိမ်စွာ တိုးတက်လာသည်ဟု ယူဆနိုင်သည့် အဆင့်၅သာ ရှိသည်။
မိန်းကလေးများစွာ၏ ခွန်အားသည်လည်း အဆင့်တစ်ဆင့် တိုးလာကာ ချန်စစ်ယန်သည် ကျင့်ကြံမှုတွင် အလျင်မြန်ဆုံး ဖြစ်ပြီး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ ကျင့်ကြံမှုအခြေခံလည်း ရှိနေပြီ။
ဒုတိယအနေနဲ့ မော့ချုံဟာ အဆင့်၆ကို ရောက်နေပါပြီ။ လော့ရုံ၊ လင်ရှောင်းရှောင်းနဲ့ ဟန်ရွှယ် တို့ဟာ အဆင့်၅ကို ရောက်နေကြပြီး လင်ရှောင်းရှောင်းရဲ့ စိတ်ဝိညာဉ် စွမ်းအားက သိသိသာသာ တိုးတက်လာလို့ သူမမှာ ၁၀ကို ရောက်နေပြီ။
ဒီစံနှုန်းက နည်းနည်း နှေးနေသေး၏။
"မင်းတို့ရဲ့အရှိန်က အရမ်းနှေးနေတယ်.... နောက်မှ မင်းတို့အတွက် ဆေးတချို့ ပြင်ပေးရမလား"
လုရွှမ်က ပြောလိုက်သည်။
ကောင်မလေးများနှင့် လျောက်ချင်းရဲ့ မျက်နှာမှာ အနည်းငယ် နီရဲသွားသည်။ လုရွှမ်၏ အကန့်အသတ်မရှိ ဆေးလုံးများ ပံ့ပိုးပေးမှုကြောင့် ၎င်းတို့၏ ကျင့်ကြံမှုမှာ တဖြည်းဖြည်း တိုးတက်လာခဲ့ရသည်။
မိန်းကလေးများက ပိုပို၍ စိုးရိမ်လာကြသည်။
အစမှအဆုံးထိ လုရွှမ်က သူတို့ကို ဘယ်တော့မှ မလိုက်ခဲ့ဘူးဆိုတာ ကောင်းကောင်း သိပါ၏။ ဒါသူမတို့ရဲ့ စိတ်ကူးယဉ် ဆန်မှုတွေပါပဲ။ ဒါပေမဲ့ အနာဂတ်မှာ ကွာဟချက်က ပိုကြီးလာမယ်ဆိုရင် သူမတို့ကိုယ်တိုင် ဆက်တွဲသွားဖို့ ရှက်လွန်းလို့ ပုန်းနေရလိမ့်မည်။
ဟန်ရောင်က တိုးတိုးလေး သက်ပြင်းချလိုက်သည်။ ဟန်ရွှယ် နဲ့ တခြားသူတွေ တွေးနေတာကို သူသိတာပေါ့။ သခင်လေး သေချာပေါက် သူရဲကောင်းဘွဲ့ အပ်နှင်းထိုက်တဲ့ လူကောင်းတစ်ယောက် ဖြစ်ပေမယ့် သူမတို့နဲ့ မထိုက်တန်ပါဘူး။
ယခု ကွာဟချက်သည် သေးငယ်နေသေးသော်လည်း အနာဂတ်တွင် ကွာဟချက်သည် ပို၍ပို၍ ကြီးမားလာကာ စိတ်ပျက် အားငယ်သွားနိုင်ပြီး အနာဂတ်တွင် မျှော်လင့်ချက်များ ရှိလာမည် မဟုတ်ပေ။
အကြိမ်ပေါင်းများစွာ တွေးတောပြီး တစ်စုံတစ်ခုကို ပြောချင်ပေမယ့် နောက်ဆုံးမှာတော့ ဒီအစီအစဉ်ကို စွန့်လွှတ်မလား ဆိုတာက သူမတို့ရဲ့ စိတ်ဆန္ဒအပေါ်မှာ မူတည်နေလေ၏။
လူများသောကြောင့် သူတို့သည် ဝိညာဥ်သားရဲတစ်ကောင်ကို ငှားကာ တစ်လခွဲကြာ ပျံသန်းခဲ့ကြပြီး နောက်ဆုံးတွင် နတ်ဆေးလုံးရေကန်သို့ ရောက်လာခဲ့သည်။
ဤနေရာသည် တောကန္တာရကြီးလို ဖြစ်နေဆဲ ဖြစ်သော်လည်း နတ်ဆေးလုံးရေကန်ကို ဝန်းရံရန်အတွက် မြို့တစ်မြို့ကို တည်ဆောက်ထားပြီးပြီ ဖြစ်သည်။ ထျန်ကျွင့်နမ်သည် လုရွှမ် ဒီနေရာရဲ့ အခြေအနေကို နားမလည်ကြောင်းသိ၍ ဝိညာဉ်သားရဲပေါ်တွင် ရှင်းပြခဲ့သည်။
"အစ်ကိုကြီး... အခု ဒီနေရာက သူတော်စင်ဌာန ဖြစ်နေပြီ... ဒါပေမဲ့ တောက်ကျင့်စဥ် နိယာမစွမ်းအင်ကို နားလည်ဖို့ နတ်ဆေးလုံးရေကန် ဘက်ကို သွားချင်ရင်တော့ နတ်ဆေးလုံးမြို့ရဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်"
ထျန်ကျွင့်နမ်သည် ယခင်က ဤနေရာတွင်ရှိခဲ့ပြီး လမ်းကို ရင်းနှီးသူ ဖြစ်သည်။ သူသည် လူစုကို မြို့တံခါးဆီသို့ ပို့ဆောင်ရင်း တံဆိပ်ပြား သင်္ကေတကို ဝှေ့ယမ်းပြကာ မြို့တံခါးသို့ ဝင်တော့မှာ ဖြစ်သည်။
"အခု နတ်ဆေးလုံးမြို့ရဲ့ အထက် ကောင်းကင်ယံကို တားမြစ်ထားတဲ့ အခင်းအကျင်း ပုံစံတွေ အများကြီးရှိတယ်.... ဒါကြောင့် မြို့တံခါးကနေပဲ ဝင်လို့ရတယ် ဝင်ချင်ရင် ဖြတ်သန်းခွင့်တံဆိပ်ပြား ဝယ်ရမယ်... တံဆိပ်ပြားက ဝိညာဥ်ကျောက်တုံး ၁၀၀၀၀ ဆယ်ရက်ပဲ နေနိုင်တယ်။ အချိန်ကုန်သွားရင် ပြန်ဝယ်ရမှာပေါ့"
"ဒါပေမဲ့ ကျွန်တော်တို့ ထျန်မိသားစုက နတ်ဆေးလုံးမြို့ကို တည်ထောင်တုန်းက ပါဝင်ခဲ့တာ ဆိုတော့ သူတို့က ကျွန်တော်တို့ကို လွတ်လွတ်လပ်လပ် သွားလာနိုင်အောင် ဒီမြို့တည်ဆောက်ရေး သင်္ကေတကို ပေးခဲ့တာ"
ထျန်ကျွင့်နမ်က သူ့အသံကို ကျေနပ်အားရစွာဖြင့် အော်လိုက်သည်။ မြို့တံခါးစောင့်သူက အဆင့်၉ ကျင့်ကြံသူဖြစ်ကာ လုရွှမ်နှင့် သူ့အဖွဲ့ကို တစ်ချက် ကြည့်လိုက်ပြီး တံဆိပ်ပြားကို ထျန်ကျွင့်နမ်ထံ ပြန်ပေးလိုက်သော်လည်း တားဆီးထားသော အခင်းအကျင်းကို မဖွင့်ပေးခဲ့ပေ။
"မင်းတို့လူတွေက အများကြီးပဲ ပြီးတော့ သူတို့ရဲ့ ခွန်အားက အားနည်းလွန်းတယ်.... အခု နတ်ဆေးလုံးမြို့ရဲ့ အကြီးအကဲတွေက စည်းကမ်း အသစ် ထုတ်ထားတယ်.... မြို့တည်ဆောက်ရေး သင်္ကေတတစ်ခုက အများဆုံး သုံးယောက်ပဲ ဝင်ခိုင်းပြီး ကန့်သတ်ချက်လည်း ရှိတယ်... ဆယ်ရက် အချိန်အတွက် အခကြေးငွေလည်း ရှိတယ်... အချိန်ပြည့်သွားရင်တော့ ပြန်ထွက်ရမယ်"
ထျန်ကျွင့်နမ် အံ့အားသင့်သွားပြီး
"ဒီစည်းကမ်းက ဘယ်တုန်းက ထုတ်လိုက်တာလဲ? ငါက ဘာလို့ မသိရတာလဲ?"
မခံနိုင်တော့ဘဲ အော်မေးလိုက်သည်။ သူ့မျက်နှာက နီမြန်းပြီး ဒေါသမထွက်ဘဲ မနေနိုင်အောင်ပဲ။ နောက်ဆုံးတော့ သူဌေးရှေ့မှာ အစွမ်းထက်တဲ့ လူလို့ ဟန်ဆောင်ခဲ့ပေမယ့် လူမြင်ကွင်းမှာ ပါးရိုက်ခံခဲ့ရတယ်။ အနာဂတ်မှာ ဘယ်လိုမျက်နှာမျိုးနဲ့ ရင်ဆိုင်ရတော့မလဲ။
"ဘယ်တုန်းကလဲ ဟုတ်လား? ဒီနေ့ပဲကွ!!"
မာနကြီးသော အသံတစ်ခု ထွက်ပေါ်လာပြီး လူငယ်တစ်ဦးသည် နူးညံ့သိမ်မွေ့သော အလှလေး သုံးယောက်နှင့်အတူ လမ်းလျှောက်လာရင်း ထျန်ကျွင့်နမ်ကို အထင်အမြင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ဟန်ရွှယ် နှင့် အလှလေးများကို တွေ့သောအခါ သူ့ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားကာ အနီးဆုံး ဟန်ရွှယ်၏ ပါးပြင်ကို လက်ဖဝါးဖြင့် ဆုပ်ကိုင်လိုက်သည်။
"မိန်းကလေးက တော်ဝင်အင်ပါယာက လာတာလား? အရမ်းလှတာပဲ.. ကိုကိုလို့ ခေါ်ပါဦး နားထောင်ကြည့်ရအောင်!"